20/05/2018
Mobile Library ကို မိုးရာသီမာ ယာယီနားထားဖို့ ဖြစ်ပါရေ။
ယေကေလေ့ စာအုပ်ငှားရေ အစီအစိုင်ကို မပျက်အောင် စီစိုင်ပီးထားပါရေ။
စာအုပ် အပ်ချင်ရေ လူတိနန့် ငှားချင်ရေလူတိအတွက် Child Center မာ ထားပီးထားပါရေ။
စနီ တနင်္ဂနွီ ၂ ရက် ပုံမှန်ဖွင့်ပါရေ။ ဝါတွင်းမာတော ဥပုသ်နိ ဖွင့်ပါဖို့။
Child Center ဖွင့်နိတိမာ စာအုပ် အပ်စော် ငှားစော်တိ လုပ်လို့ရကြောင်း ကြေငြာပီးစော်ပါ
လိပ်စာ က မင်းဘာကြီးလမ်း ( kiss mini store ဘေး ) ပါ
စာကြည့်တိုက်မှူး မအေးသီတာထွန်း ၀၉၄၅၄၈၁၅၆၄၃ ကိုလေ့ ဆက်သွယ်နိုင်ပါရေ။
24/02/2018
ကျောင်းတစ်ဖက်နန့် အချိန်ပိုင်း ဝင်ငွေရချင်ပါလာ ?
အလုပ်လေ့လုပ်ရင်း အချေတိကို ပျိုးထောင်ပီးနိုင်ဖို့ အခွင့်အရေး လိုချင်ပါလာ ?
အလုပ်တစ်ဖက်နန့် ရုံးပိတ်ရက်မာ အပိုဝင်ငွေ ရချင်ပါလာ ?
ပရဟိတလူငယ်များ ( စစ်တွေ ) Child Center ကို ဆက်သွယ်လိုက်ပနာ အလုပ်လျှောက်လိုက်ပါ။
တစ်ပတ်ကို စနီ တနင်္ဂနွီ ၂ ရက် ပပေါ့ပပါးချေ လုပ်ပနာ ဝင်ငွေ တစ်ခု ရနိုင်ဖို့ အခွင့်အရေးပါ။
စိတ်ပါဝင်စားကေတော ဖုန်း ၀၉၇၆၇၉၅၄၅၁၈ ကို ဆက်ပနာ ချက်ချင်း စုံစမ်းလိုက်ပါ။
လျှောက်ထားချင်ရေ လူကတော အောက်က အချက်တိနန့် ပြည့်စုံဖို့ လိုပါရေ။
၁။ ပေါင်းသင်းဆက်ဆံရေး ကောင်းရပါဖို့
၂။ ပရဟိတစိတ် ရှိရပါဖို့
၃။ အချေတိကို ချစ်တတ်တေ ပျိုးထောင်ပီးချင်ရေလူ ဖြစ်ရပါဖို့
၎။ အချိန်ကို လေးစားတတ်တေလူ ဖြစ်ရပါဖို့
၅။ အလုပ်ကို တန်ဖိုးထားတတ်ရပါဖို့
17/01/2018
ဒီကြေးစား ၀တ္ထုဟာ ၂၀ ရာစု မျက်မှောက်ခေတ် အာဖရိကတိုက်ရှိ ကွန်ဂိုပြည်ကို အခြေုပြုထားပါတယ်။ ကွန်ဂိုပြည်ရဲ့ ချမ်းသာကြွယ်ဝသော ပြည်နယ် ကတန်ဂါပြည်နယ်ဝန်ကြီးချုပ် ရွှန်ဘေးဟာ လူဖြူကြေးစားစစ်သားများကို ငှားရမ်း စစ်တိုက်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ ယခုအခါ ကုလသမဂ္ဂအဖွဲ့ကြီးက ကြေးစားစစ်သားများမသုံးရန် တားမြစ်သော အဆိုတင်သွင်း ဆုံးဖြတ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာ ကြေးစားလူဖြူစစ်သားလေးဦးတို့ရဲ့ စွန့်စားခန်း၊ လျှို့ဝှက်သည်းဖို ၀တ္ထုတစ်ပုဒ်ဖြစ်ပါတယ်။
တောင်အာဖရိကစစ်ခေါင်းဆောင် လူကြမ်းကြီး ရွှန်ဘေးမှာ ကြေးစားတပ်ဖွဲ့တစ်ခုရှိပါတယ်။ အဲဒီကြေးစားစစ်သားလေးယောက်နဲ့ သူတို့လက်အောက်က အာဖရိကန်နယ်ဖွား စစ်သားများနဲ့ပေါင်းပြီး သူပုန်များ အ၀ိုင်းခံရတဲ့ မြို့လေးတစ်မြို့ကို သွားပြီး လူတွေကို သွားရောက် ကယ်တင်ရတဲ့ ဇာတ်လမ်းပါ။
အများအမြင်မှာတော့ သူပုန်တွေအန္တရာယ်ကို ကျရောက်တော့မယ့်မြို့လေးက လူသားတွေကို သွားရောက်ကယ်တင်ကြခြင်းဆိုတာဟာ နာမည်ခံသာဖြစ်ပြီး အမှန်စင်စစ်ကတော့ အဲဒီနယ်ကထွက်တဲ့ စိန်များကို ရယူချင်လို့ လွှတ်လိုက်တာဖြစ်ပါတယ်။ အဲဒီဇာတ်လမ်းကို ဟောလိဝုဒ် ရုပ်ရှင်လောကမှ မျက်စိကျပြီး ကြေးစား(မေရှင်နရီ)အဖြစ် ခေါင်းဆောင် မင်းသားရော့တေလာနဲ့ ရုပ်ရှင်ရိုက်ကူးခဲ့ရာ ကမ္ဘာကျော်ခဲ့ပါတယ်။
07/01/2018
မော့ဆက်စာအုပ်သည် တိုင်းပြည်နှင့် လူမျိုး၏ လုံခြုံရေးအတွက် စွန့်လွှတ်စွန့်စား ဆောင်ရွက်ခဲ့ကြသော အစ္စရေးနိုင်ငံ၏ ကမ္ဘာကျော် ထိပ်တန်းထောက်လှမ်းရေး အဖွဲ့အကြောင်း ဖြစ်ပါသည်။ ကမ္ဘာကျော်တိုင်းမ်မဂ္ဂဇင်းက မော့ဆက်အဖွဲ့သည် စီအိုင်အေ၊ ကေဂျီပီ၊ အမ်အိုင်-၅ စသည့် မဟာအင်အားကြီးနိုင်ငံများမှ ထောက်လှမ်းရေးအဖွဲ့များနှင့် ပခုံးချင်းယှဉ်နိုင်ပြီး တစ်ခါတစ်ရံ ၎င်းကပင် နှာတစ်ဖျားကျောသွားတတ်ကြောင်း ရေးသားခဲ့ပါသည်။
မော့ဆက်အဖွဲ့ကြီးကို အစပျိုးခဲ့သော အီဆာနှစ်ယောက်အကြောင်းနှင့် ဂျူးခြောက်သန်းကို သုတ်သင်ရာ၌ တာဝန်မကင်းခဲ့သူ အိုက်ခမန်းကို ပြန်ပေးဆွဲကာ တရားဥပဒေကို ရင်ဆိုင်စေခဲ့သည့် အကြောင်းများက စိတ်လှုပ်ရှားစရာ ကောင်းလှ၏။
ရန်သူနိုင်ငံတွင် ဒုတိယကာကွယ်ရေးဝန်ကြီး ဖြစ်လာလုနီးပါး အောင်မြင်ခဲ့သော သူလျှိုထိပ်သီး အလီကိုဟင် အကြောင်းက ဤစာအုပ်၏ ဇာတ်ရှိန်အမြင့်ဆုံးအပိုင်းဖြစ်သည်။
ချာဘိုးဒုံးသင်္ဘောများနှင့် စက္ကူလေယာဉ်များအကြောင်း ဖတ်ရှုရသောအခါ လျှို့ဝှက်သည်းဖို ဇာတ်လမ်းတစ်ပုဒ် ကြည့်ရှုရသလို တရှိုက်မက်မက် ခံစားကြရမည်ဖြစ်၏။
အစ္စရေးဘီးယား ၊ ခေါင်းထဲမှ သူလျှို နှင့် ကိုယ်ပျောက်သူလျှိုများအကြောင်း ဖတ်ရသောအခါ သည်းထိတ်ရင်ဖိုမှုတွေ ဖြစ်ပေါ်လာပါလိမ့်မည်။ယင်းအဖွဲ့ကြီးအမည်ကား မော့ဆက်
သို့မဟုတ် နာမည်အရှည်မှာ ထောက်လှမ်းရေးနှင့် အထူးတာဝန်ရပ်များ အဖွဲ့ကြီးပင် ဖြစ်သည်
07/01/2018
ဤဝတ္ထုကို ဖတ်ဖြစ်ခဲ့မည်ဆိုလျှင် လွန်ခဲ့သောအနှစ် ၂၀ ကျော်ကာလဆီက ပညာသင်ကြားမှု အခြေအနေနှင့် ယခုခေတ်ကာလ ပညာရေးအခြေအနေတို့ကို နှိုင်းယှဉ်နိုင်ကြမည်ဖြစ်သလို ထိုကာလတုန်းဆီက မိန်းကလေးတစ်ယောက်၏ မြို့ပြတွင်ရုန်းကန်ရသော အခက်အခဲများ၊ နာကျင်မှုဝေဒနာများနှင့် ယခုခေတ်ကာလ မိန်းကလေးများ၏ ရပ်တည်ရုန်းကန်ရှင်သန်နေကြရသော ဘဝတို့ကို နှိုင်းယှဉ်နိုင်မည် ဖြစ်ပါသည်။ ထိုရှည်ကြာသော ကာလများအတွင်းမှာ ကျွန်မတို့တိုင်းပြည်၏ ပညာသင်ကြားမှုအခြေအနေနှင့် မိန်းကလေးများ၏ ဘဝရပ်တည်မှု အခြေအနေကရော ပြောင်းလဲခဲ့ပြီလား.... မပြောင်းလဲသေးဘူးလား.....
ကျွန်မကတော့ ကျွန်မ၏ ငယ်ဘဝကို လွမ်းဆွတ်ခြင်းနှင့်အတူ ကျွန်မ၏ ငယ်လက်ရာ ဤဝတ္ထုလေးကို ပရိသတ်များထံသို့ ပို့ဆောင်လိုက်ပြီ ဖြစ်ပါသည်။
ပုညခင်
07/01/2018
ဇာစ်မြစ်၏ မူရင်းဝတ္ထု ROOTS ကို၁၉၇၃ ခုနှစ်က အမေရိကန်တွင် စတင်ထုတ်ဝေခဲ့ရာ အရောင်းရဆုံး နံပါတ်တစ် စာရင်းဝင်ပြီး လူကြိုက်များ၍ ထူးခြားထင်ရှားသည့် အစဉ်အလာကြီးမားသော ဝတ္ထုကြီးအဖြစ် ကမ္ဘာကျော်ခဲ့ပါသည်။ စာအုပ်အရေအတွက် သန်းပေါင်းများစွာ ထုတ်ဝေခဲ့ပြီး ဘာသာပေါင်း ၃၀ ကျော်သို့လည်း ဘာသာပြန်ဆိုထားပြီး ဖြစ်ပါသည်။
ဤဝတ္ထု၏ ဇာတ်ကောင်များသည် အာဖရိကတိုက်သားများ ဖြစ်ကြသည်။ သူတို့သည် ငယ်ခါဓလေ့၊ ကြီးခါဓလေ့ ပျော်မွေ့စွာ နေထိုင်ခဲ့ကြသည်။ သို့သော်လည်း လူလူချင်း အနိုင်အထက် ကျွန်ပြုသည့် စနစ်ဆိုးကြီး အာဖရိကတိုက်သို့ ကျရောက်လွှမ်းခြုံလာသောအခါတွင်မူ ငြိမ်သက်အေးချမ်းသော သူတို့၏ ဘဝများသည် စိတ်ထိခိုက်သွေးပျက်ဖွယ်အတိ မုန်တိုင်းကျခဲ့ရတော့သည်။
ဤစာအုပ်က စာဖတ်သူအား အာဖရိကသားတို့၏ ကြမ်းတမ်းခက်ထန်လှသည့် ဘဝကို ရင်တနင့်နင့် ၊ ရင်တနာနာဖြင့် မျှဝေခံစားစေနိုင်ပါလိမ့်မည်။
04/01/2018
ငှားနေတာ ၅ လ နီးပါးရှိပါပြီ။
စာဖတ်သူတွေအပေါ် စေတနာထားပြီး အိမ်တိုင်ရာရာက် ပို့ဆောင်ပေးတဲ့အတွက် အဆင်ပြေပါတယ်ရှင်။
ဆရာမ ခင်ခင်ထူး၊ ဆရာမ မစန္ဒာ၊ ဆရာ ချစ်ဦးညိုတို့ရဲ့ စာအုပ်တွေ ဖတ်ချင်ပါသေးတယ်။
စာအုပ်တွေ စုံစုံလင်လင်ရှိတဲ့အတွက် စိတ်ကြိုက်ရွေးချယ်နိုင်ပြီး စာပိုဖတ်ဖြစ်ပါတယ်။
ပြောင်းလဲဖို့မလိုလောက်အောင် အဆင်ပြေပါတယ်။
Mobile Library ရှေ့ဆက်ဒီထက် ပိုအောင်မြင်ပြီး တည်တံ့ပါစေ။
04/01/2018
ငှားနေတာ ခုဆိုရင် ၅ လ ရှိပါပြီ။ အရမ်းအဆင်ပြေပါတယ်။
ရသစာအုပ်လေးတွေ အများကြီး ဖြည့်စေချင်ပါတယ်။
စာအုပ်ငှားရတာ အရမ်းအဆင်ပြေပါတယ်။ အိမ်တိုင်ရာရောက် လာပို့၊ ပြန်ယူပေးလို့ ကျေးဇူးတင်ပါတယ်။ လူတွေကို စာအုပ်များများဖတ်စေချင်တဲ့ စေတနာ Charity Youths Library မှာ အထင်အရှားတွေ့နိုင်ပါတယ်။
ပြောင်းလဲစရာမလိုဘူးလို့ ထင်မိပါတယ်။
25/12/2017
ပထမတုန်းကတော့ ကျောင်း Library က ငှားဖတ်ပါတယ်။ ဒီ mobile library မှာက စာအုပ်ကောင်းတွေရှိတာနဲ့ ငှားဖြစ်သွားတာပါ။
စာအုပ်က နည်းသေးတော့ နည်းနည်း အခက်တွေ့ပါတယ်။
စာအုပ်အမျိုးအစားစုံရင် ပိုကောင်းတာပေါ့။
အငှားများတဲ့ စာအုပ်မျိုးဆိုရင်တော့ ၃ အုပ် ၄ အုပ်လောက် ရှိရင် ပိုကောင်းပါမယ်။
25/12/2017
လူသိနည်းပါသေးတယ်။ အနည်းစုသာသိပြီး အများစုက မသိသေးလို့ အားမလိုအားမရ ဖြစ်ရတာ အမှန်ပါ။ Library လုပ်ငန်းကို ဒီထက်ပိုပြီး တွင်တွင်ကျယ်ကျယ် လူသိများအောင် အစီအစဉ်တစ်ခုခု လုပ်သင့်ပါတယ်ရှင့်။ (y)
======================================
သူငယ်ချင်းတွေဆီကတစ်ဆင့် သိခဲ့တာပါ။
အတော်လေးအဆင်ပြေပါတယ်။ စာအုပ်လာပို့တဲ့အကိုတွေက သဘောကောင်းရုံမက ဖော်ရွေပြီး ဆက်ဆံရေးအလွန် ကောင်းကြပါတယ်ရှင့်။ 😁😁
ညီမဖတ်ချင်တဲ့ စာအုပ်တိုင်းကရှိနေလို့ ထပ်ပြီးဘာစာအုပ်တွေ ဖြည့်ခိုင်းရမယ်တောင် မသိတော့ပါဘူး။
လူသိနည်းပါသေးတယ်။ အနည်းစုသာသိပြီး အများစုက မသိသေးလို့ အားမလိုအားမရ ဖြစ်ရတာ အမှန်ပါ။ Library လုပ်ငန်းကို ဒီထက်ပိုပြီး တွင်တွင်ကျယ်ကျယ် လူသိများအောင် အစီအစဉ်တစ်ခုခု လုပ်သင့်ပါတယ်ရှင့်။ (y)