19/07/2026
(၇၉)ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပပြုလုပ်ခြင်း
ယနေ့ (၁၉.၇.၂၀၂၆) တွင်ကျရောက်သော (၇၉)ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားကို ရွှေဘိုခရိုင်အမှတ်(၁၂)တပ်ရင်းတွင် ကျင်ပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် ဒေသတွင်းတော်လှန်ရေးအဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များနှင့် မိမိတို့ ရွှေဘိုခရိုင်အမှတ်(၁၂)တပ်ရင်းမှကျဆုံးခဲ့သော ရဲဘော်များ၏ မိသားစုများ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် ဝမ်းနည်းအောက်မေ့ခြင်းအထိမ်းအမှတ်အဖြစ် ပြည်သူ့ကာကွယ်ရေးတပ်မတော်အလံတော်အား အလံတော်တဝက်ချ၍ အလေးပြုခြင်း၊ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် ခေတ်အဆက်ဆက် ဒီမိုကရေစီအရေးတော်ပုံများတွင် ကျဆုံးခဲ့ရသော အာဇာနည်သူရဲကောင်းများအား သေနတ်မြှောက်အလေးပြုခြင်း၊မိမိတို့ ရွှေဘိုခရိုင်အမှတ်(၁၂)တပ်ရင်းမှကျဆုံးခဲ့သော ရဲဘော်များ၏ မိသားစုများအား အလေးပြုခြင်း၊ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ သစ္စာအဓိဌာန် (၄) ချက်အား တိုင်တည်သစ္စာပြုခြင်းတို့ ပြုလုပ်ခဲ့ကြသည်။
၂၀၂၁ခုနှစ် မတရားအာဏာသိမ်းမှုမှ စတင်ပေါ်ပေါက်ခဲ့သော နွေဦးတော်လှန်ရေးအတွင်း ပြည်သူလူထုအား ကာကွယ်စောင့်ရှောက်ရေးနှင့် စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှ လွတ်မြောက်ရေးအတွက် နယ်မြေအသီးသီးတွင် ရဲဝံ့စွာတိုက်ပွဲဝင်ရင်း မိမိတို့ ရွှေဘိုခရိုင်အမှတ်(၁၂)တပ်ရင်းမှ ရဲဘော်(၁၉)ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရသည်။
မိမိတို့ ရွှေဘိုခရိုင်အမှတ်(၁၂)တပ်ရင်းသည် ခေတ်သမိုင်းအဆက်ဆက် လူထုလွတ်မြောက်ရေး၊တန်းတူညီမျှရေးနှင့် ဒီမိုကရေစီတိုက်ပွဲများတွင် ကျဆုံးခဲ့ရသော အာဇာနည်သူရဲကောင်းများ၏ စွန့်ဝံ့သော စိတ်ဓါတ်နှင့်သတ္တိကို လက်ဆင့်ကမ်းခံယူ၍ ပြည်သူလူထုလိုလားတောင့်တသော ဒီမိုကရေစီအောင်ပွဲရရှိသည်အထိ မဆုတ်မနစ်ကြိုးစားလျှောက်လှမ်းသွားပါမည်။
တော်လှန်ရေးသစ္စာဖြင့်
ရွှေဘိုခရိုင်အမှတ်(၁၂)တပ်ရင်း