တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန - Tachileik District GAD

တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန - Tachileik District GAD

Share

တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန - Tachileik District GAD

Photos from တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန - Tachileik District GAD's post 03/01/2023

တာလေမြို့၊ ခါရှဲကျေးရွာ၌ ကျောင်းဆောင်သစ်၊ သောက်သုံးရေနှင့် အခြေခံစားသောက်ကုန်များလှူဒါန်းပေး

တာလေ ဇန်နဝါရီ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာလေမြို့၊ ခါရှဲကျေးရွာ၌ ကျောင်းဆောင်သစ်၊ ကျေးရွာသောက်သုံးရေနှင့် ဒေသခံ ပြည်သူများအား အဝတ်အထည်၊ ဆန်၊ဆီနှင့် အခြေခံစားသောက်ကုန်များလှူဒါန်းပေးခြင်းကို ဇန်နဝါရီ ၂ ရက်က အဆိုပါကျေးရွာရှိ ထေရဝါဒတောင်တန်းဗုဒ္ဓသာသနာပြုကျောင်းဆောင်သစ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ထေရဝါဒတောင်တန်းဗုဒ္ဓသာသနာပြု ကျောင်းဆောင်သစ်ရေစက်ချခြင်းအခမ်းအနား ကျင်းပပြု လုပ်ရာ တောင်တန်းသာသနာပြုဗဟိုခေါင်းဆောင်ဆရာတော် ဘဒ္ဒန္တဣန္ဒဓမ္မထံမှ ဧည့်ပရိတ်သတ်အပေါင်းက ငါးပါး သီလခံယူဆောက်တည်ပြီး သံဃာ တော်အရှင်သူမြတ်များရွတ်ပွားသရဇ္ဇုာယ်မူသော ပရိတ်တရားတော်များကို နာယူသည်။ ထို့နောက် သံဃာတော် အရှင် သူမြတ်များအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့် အလှူရှင်များက လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းရာ ဆရာတော် ဘဒ္ဒန္တဣန္ဒဓမ္မက ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ပြီး ရေစက်ချအနုမောဒနာတရား ဟောကြား တော်မူ၍ ရေစက်သွန်းချအမျှပေးဝေခဲ့သည်။

အဆိုပါ ခါရှဲကျေးရွာတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၏ ဦးဆောင်လှူဒါန်းမှုဖြင့် အလှူရှင်များက ငွေကျပ် သိန်း (၇၀၀)ကျော်တန်ဘိုးရှိ ပေ(၄၀)ပတ်လည် ထေရဝါဒတောင်တန်းဗုဒ္ဓသာသနာပြုကျောင်းဆောင်သစ်နှင့် အိမ်ခြေ (၆၀)ကျော်အတွက် သောက်သုံးရေရရှိရေးဆောင်ရွက်ပေးခဲ့ပြီး ယနေ့အခမ်းအနားတွင် ဒေသခံပြည်သူအိမ်ထောင်စု (၆၀)ကျော်ကို အဝတ်အထည်၊ ဆန်(၁၂)ပြည်၊ ဆီနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများအား လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
သန်းဇော်(တာချီလိတ်)

Photos from တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန - Tachileik District GAD's post 12/08/2022

မေတ္တာအခါတော်နေ့ နဂါးရုံဓမ္မရိပ်သာကျောင်းတိုက်တွင် စုပေါင်းဝါဆိုသက်န်းနှင့်လှူဖွယ်ဝတ္ထပစ္စည်းများ ဆက်ကပ်လှူဒါန်း

ရှမ်းပြည်နယ်( အရှေ့ပိုင်း)တာချီလိတ်မြို့
လွယ်တော်ခမ်းကျေးရွာအုပ်စု၊နဂါးရုံဓမ္မရိပ်သာကျောင်းတိုက်တွင် ခရိုင်အုပ်ချုပ်ရေးမှူးဦးမြင့်နိုင်နှင့် ဇနီး ဒေါ်ဌေးဌေးမော်တို့ဦးဆောင်၍ မိခင်နှင့်ကလေးစောက်ရှောက်ရေးအသင်း၊အမျိုးသမီးရေးရာအသင်းနှင့်ထွေအုပ်ဝန်ထမ်းများက ဝါဆိုသက်န်းစုပေါင်းဆက်ကပ်လှူဒါန်းခြင်းကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် နမောတဿ( ၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး ဦးစီးပဓာန နာယကဆရာတော်ထံမှ ရှစ်ပါးသီလကိုခံယူဆောက်တည်ခဲ့ကြကာ ပရိတ်တရားတော်များကိုနာယူကြည်ညိုခဲ့ကြပြီး သံဃာတော်အရှင်သူမြတ်( ၃၄)ပါးတို့အား
ဝါဆိုသက်န်းနှင့်လှူဖွယ်ဝတ္ထုတို့ကိုဆက်ကပ်လှူဒါန်းခဲ့ကြကာ ဆရာတော်ဘုရားမှအနုမောဒနာတရားချီးမြင့်ပြီးနောက် လှူဖွယ်ဝတ္ထအစုစုတို့အတွက် ရေစက်သွန်းချအမျှအတမ်းပေးဝေခဲ့ပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု ( ၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။
ထို့နောက်သံဃာတော်အရှင်သူမြတ်တို့အားနေ့ဆွမ်းဆက်ကပ်လှူခဲ့ကြောင်း၊
မေတ္တာအခါတော်နေ့၌ နှစ်ဖက်သောမိဘများကိုရည်စူး၍ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်ဒေါ်ဌေးဌေးမော်တို့က ဝါဆိုသက်န်းဆက်ကပ်လှူဒါန်းခြင်းကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အရှည်( ၉၂ )ပေ၊အကျယ် (၂၅ )ပေရှိ "အာဝေရာ ရာမ" သုံးထပ်ကျောင်းဆောင်ကြီးကိုလည်း ဦးဆောင်ဆောက်လုပ်လှူဒါန်းလျှက်ရှိပါသည်။

Photos from တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန - Tachileik District GAD's post 05/08/2022

ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်ထွေ/အုပ်ဝန်ထမ်းများမှ နောင်ခမ်းအောင်ဆုပန်ပရဟိတကျောင်း သို့ ဗဒ္ဓသိမ်မြေခွင့်ပြုမိန့်အား သွားရောက်ဆပ်ကပ်လှူဒါန်း

တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်အတွင်းရှိ နောင်ခမ်းအောင်ဆုပန်ပရဟိတကျောင်းသို့ ခရိုင်စီမံချုပ်အုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမြင့်နိုင်ဦးဆောင်၍ ခရိုင်စီမံအုပ်ချုပ်ရေးဖွဲ့ဝင် ဦးကျော်စွာလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးတင်ဦးကျော်နှင့် ခရိုင်ထွေ/အုပ် ရုံးအဖွဲ့များမှ အခွန်လွတ်သာသနာ့ဂရန်မြေ ရရှိပြီးသော (၃.၈၆)ဧကအတွင်း ပိုင်းခြားသတ်မှတ်ထားသည့် ဗဒ္ဓသိမ်မြေ (၀.၀၈၃)ဧကမြေနေရာအား ဗဒ္ဓသိမ်အဖြစ် အသုံးပြုရန် အသီးအခြားပေး အမိန့်အား သွားရောက်ဆပ်ကပ်လှူဒန်း ခဲ့ကြပါသည်။

ဓာတ်ပုံ-ဦးအောင်ကျော်ဝင်းစိန်

Photos from တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန - Tachileik District GAD's post 05/08/2022

ခရိုင်/မြို့နယ်စုပေါင်းရုံး ဓမ္မာရုံ၌ ဝါဆိုသင်္ဃာန်းကပ်လှူခြင်းနှင့် ခရိုင်ထွေ/အုပ်ဝန်ထမ်းများအား အခြေခံစားကုန်များ ထောက်ပံ့ပေးခြင်းအခမ်းအနားပြုလုပ်

တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့၊ ခရိုင်/မြို့နယ် စုပေါင်းရုံး ဓမ္မာရုံ၌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်ဦး+ဒေါ်ဌေးဌေးမော်တို့မှ ဦးဆောင်၍ ဆရာတော်သံဃာတော် (၅)ပါးတို့အား ပင့်ဖိတ်ကာ ဝန်ထမ်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များမှ ဝါဆိုသင်္ဃာန်းကပ်လှူပူဇော်ကြပြီး ဆရာတော် သံဃာတော်တို့အား ဆွမ်းများဆပ်ကပ်လှူဒါန်းကာ ဖိတ်ကြားထားသော ဧည့်သည်များအား ဧည့်ခံကျွေးမွေးပါသည်။
ဆက်လက်ပြီး ခရိုင်ထွေ/အုပ်ဝန်ထမ်းများအား အခြေခံစားသောက်ကုန်ဖြစ်သော ဆန်၊ ဆီ၊ ဆား၊ အချိုမှုန့်၊ ကြက်သွန်နီတို့ကို ခရိုင်အုပ်ချုပ်ရေးမှူးဦးမြင့်နိုင်နှင့် ဇနီး ဒေါ်ဌေးဌေးမော်တို့မှ ထောက်ပံ့ပေးအပ် ခဲ့ပါသည်။

ဓာတ်ပုံ-ဦးအောင်ကျော်ဝင်းစိန်

Photos from တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန - Tachileik District GAD's post 04/06/2022

ငွေတောင်ဉီးကမ္မဌာန်းကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တဝိရောစနထံသို့ အခွန်လွှတ်သာသနာ့မြေဂရန်သွားရောက်ဆပ်ကပ်
-----------
တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်ရှိ “ငွေတောင်ဉီးကမ္မဌာန်းကျောင်း” မြေနေရာအဖြစ်အသုံးပြုရန်တွက် အခွန်လွှတ်သာသနာ့မြေဂရန် မြေဧရိယာ ၀.၃၈ ဧကနှင့် မြေဧရိယာ ၁၉.၆၉၂ ဧကအား (၃-၆-၂၀၂၂)ရက်နေ့တွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်ဦးဆောင်၍ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးမင်းမင်းထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်ထွေ/အုပ်ရုံးဝန်ထမ်းများမှ ငွေတောင်ဉီးကမ္မဌာန်းကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တဝိရောစနထံသို့ သွားရောက် ဆပ်ကပ်ခဲ့ပါသည်။

Photos from တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန - Tachileik District GAD's post 03/02/2022

တာချီလိတ်မြို့၌ လက်ပစ်ဗုံးပစ်ခံရ၍ သေဆုံးသူနှင့်ဒဏ်ရာရသူများအား ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌ ဗုံးပေါက်ကွဲပြီး သေဆုံးသူနှင့် ဒဏ်ရာရရှိသူများကို ယနေ့နံနက် ၁၁ နာရီက ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က သွားရောက်ကြည့်ရှုအားပေးစကားပြောကြားပြီး အာဟာရမုန့်နှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။
တာချီလိတ်မြို့တွင် ယမန်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ထောက်ခံကြောင်း ကြွေးကြော်သံ များနှင့်အတူ စီတန်းလှည့်လည်နေသည့် လူအုပ်စုအတွင်းသို့ ဆိုင်ကယ်စီးနှင်းလာသူ အမျိုးသားတစ်ဦးက လက်ပစ်ဗုံး ဖြင့် ပစ်ပေါက်ခဲ့ရာ ဗုံးပေါက်ကွဲပြီး ကျား(၂)ဦးသေဆုံး၍ ကျား(၆)ဦး ပြင်းထန်ဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့ပြီး ကျား(၂၃)ဦးနှင့် မ(၆)ဦးတို့မှာ သာမန်ဒဏ်ရာများရရှိခဲ့ဖြင့် တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တက်ရောက် ဆေးကုသမှုခံယူလျှက်ရှိသည်။
အဆိုပါ သေဆုံးသူ၏မိသားစုဝင်များနှင့် ဆေးရုံတက်ရောက်ဆေးကုသမှုခံယူနေသူများကို ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဉက္ကဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ ဦးတင်ဦးကျော်နှင့်အဖွဲ့ဝင်များက သွား ရောက်ကြည့်ရှုအားပေးစကားပြောကြားပြီး အာဟာရမုန့်နှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။

Photos from တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန - Tachileik District GAD's post 29/12/2021

နဂါးနှစ်ကောင် ကျောင်းတိုက်ဆရာတော် ဘုရားကြီး ၏ သက်တော် (၉၃) နှစ် ပြည့် ဝါတော် (၇၃) ဝိဇာတပူဇာ မွေးနေ့ အလှုပွဲ ကျင်းပ

တာချီလိတ်၊ ဒီဇင်ဘာ ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း ) တာချီလိတ်မြို့၊ ဆန်ဆိုင်း ရပ်ကွက်၊ နဂါးနှစ်ကောင် ကျောင်းတိုက်၌ နဂါးနှစ်ကောင် ဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တဓမ္မသီရိ ၏ သက်တော် (၉၃) နှစ် ဝါတော် (၇၃) ဝိဇာတ ပူဇာမွေးနေ့ အလှုအား ဒီဇင်ဘာလ (၂၈) ရက် နံနက် (၆) နာရီ အချိန်မှ စတင်၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့ နဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော် ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တဓမ္မသီရိ ( အဘိဓဇ မဟာ ရဌဂုရု ၊ အဘိဓ အဂ္ဂမဟာ သဒ္ဒမ္မ ဇောတိက ၊ အဂ္ဂမဟာ ပဏ္ဍိတ ၊ အဂ္ဂမဟာ သဒ္ဒမ္မဇောတိက ဓဇ) အရှင်သူမြတ်ကြီး၏ သက်တော် (၉၃) နှစ် ဝါတော် (၇၃) ဝိဇာတ ပူဇာ မွေးနေ့ သဘင်အား ၁၃၈၃ ခုနှစ် နတ်တောအလပြည့်ကျော် ၁၀ ရက် ၊ ဒီဇင်ဘာလ (၂၈ )ရက်နေ့၌ ကျင်းပ ပြုလုပ်ခဲ့ရာ နံနက် (၆ (နာရီ အချိန်တွင် အာရုဏ်ဆွမ်း ကပ်လှုခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ပြီး နံနက်( ၇ )နာရီ အချိန်တွင် ဆွမ်းဆန်စိမ်း လောင်း လှုခြင်း ၊ နံနက်( ၉) နာရိ အချိန်တွင် ကံဇာမြင့် ပရိတ်တရားများ ချီးမြှင့်ခြင်း ၊ တက်ရောက်လာသော ဧည့်ပရိတ်သတ် အပေါင်းတို့မှ လှုဖွယ် ပစ္စည်းများ ဆက်ကပ်လှုဒါန်းခြင်း ၊ နံနက်('၁၁ )နာရီ အချိန်တွင် သံဃာတော် အရှင်သူမြတ်တို့အား နေ့ဆွမ်း ဆက်ကပ် လှုဒါန်းခြင်း ၊ မွေးနေ့ပွဲသို့ တက်ရောက်ကြသော ဌာနဆိုင်ရာမျယးမှ တာဝန်ရှိသူများနှင့် ဧည့်ပရိတ်သတ် အပေါင်းတို့အား ထမင်း ဟင်းများဖြင့် တည်ခင်း ဧည့်ခံ ကျွေး မွေးခြင်း ၊ နေ့လည် (၁) နာရီ အချိန်တွင် လှူဖွယ် ဝတ္တု အစုစုတို့အတွက် ရေစက်သွန်းချ အမျှအတမ်းပေးဝေခြင်းတို့ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ တာချီလိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင် ဦးဆောင်သောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ များ၊ ခရိုင်ရဲတပ်ဖွဲ့မှုး ရဲမှုးကြီး ကျော်ဝင်းလှိုင် နှင့်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ဦးကျော် ဦးဆောင်သော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဆရာတော်ဘုရားကြီး၏ ဒါယိကာ၊ ဒါယိကာမများ တက်ရောက်ကြကြောင်း သိရသည်။

- 005
#တာချီလိတ်ခရိုင်ထွေ/အုပ်

Photos from တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန - Tachileik District GAD's post 18/11/2021

တာချီလိတ်ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများ စုပေါင်းမဟာဘုံကထိန်သက်န်းဆက်ကပ်လှူဒါန်း

တာချီလိတ်၊ နိုဝင်ဘာ ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများ စုပေါင်းမဟာဘုံကထိန်သက်န်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နိုဝင်ဘာလ (၁၈)ရက်နေ့၊ နံနက်ပိုင်းက လွယ်တော်ခမ်းကျေးရွာအုပ်စုရှိ ရွှေပါရမီပရဟိတကျောင်းတိုက်တွင် ပြုလုပ်ခဲ့ကြပါတယ်။

တာချီလိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင် နှင့်ဇနီး ဒေါ်ဌေးဌေးမော် တို့မှ ဦးဆောင်၍ ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ ဝန်ထမ်းများစုပေါင်းကျင်းပပြုလုပ်သော စုပေါင်းမဟာဘုံကထိန်သက်န်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားတွင် ရွှေပါရမီပရဟိတကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဣန္ဒေါဘာသ (ဓမ္မာစရိယ)ထံမှ ငါးပါးသီလခံယူခြင်း၊ သံဃာတော်အရှင်သူမြတ်များထံမှ သဇ္ဈာယ်တော်မူသော ပရိတ်တရာတော်များနာယူခြင်း၊ ကထိန်သက်န်ဆက်ကပ်လှူဒါန်းခြင်း၊ လောကဓမ္မကျောင်း ဆရာတော် ဘဒ္ဒန္တသြဘာသ ထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချအမျှဝေခြင်း ဆရာတော်အရှင်သူမြတ်များကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းသိရပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင် နှင့် ခရိုင်ထွေအုပ်ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ဦးကျော် နှင့် မြို့နယ်ထွေအုပ်ဝန်ထမ်းများ စုပေါင်းကာ မြန်မာကျပ်ငွေသိန်း (၆၃)သိန်း (၈)သောင်းတန်ဖိုးရှိ ကထိန်သက်န်း နှင့် ဆန်၊ ဆီ ပါအဝင် လှူဖွယ်ပစ္စည်းအစုစုတို့ကိုလှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့အတူ နိုဝင်ဘာလ (၁၃)ရက်နေ့က တာချီလိတ်စစ်ဗျူဟာအဖွဲ့၏ နယ်မြေခံတပ်မတော်သားများ စုပေါင်းမဟာဘုံကထိန်၊ နိုဝင်ဘာလ (၁၇)ရက်နေ့က ခရိုင်ရဲတပ်ဖွဲ့ဝင်များ၏ စုပေါင်းမဟာဘုံကထိန် နှင့် မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတင်လည်း ကျင်းပပြုခဲ့ကြောင်း သိရပြီး ယနေ့သည် တန်ဆောင်မုန်းလပြည့်နေ့ဖြစ်တဲ့အတွက် ဘုရား၊ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်သူလည်ပတ်သူနှင့် စည်ကားကြောင်း သိရသည်။

#စာကလေး

#တာချီလိတ်ခရိုင်ထွေ /အုပ်

Photos from တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန - Tachileik District GAD's post 08/11/2021

(၃၃)နှစ်မြေက် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

တာချီလိတ်၊ နိုဝင်ဘာ ၈

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ ခရိုင်/ မြို့နယ်စုပေါင်းရုံးရှိ ခရိုင်စီမံအုပ်ချုပ်ရေးရုံးတွင် နိုဝင်ဘာလ (၇)ရက်နေ့၊ မွန်းလွဲပိုင်းက (၃၃)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားကိုကျင်းပ ပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် တာချီလိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင် က အဖွင့် အမှာစကားပြောကြားရာ တက်ရောက်လာကြသော ဝန်ထမ်းများအားလုံး အထူးပင်ကျေးဇူးတင်ရှိကြောင်း၊ အစဥ်အလာ ကြီးမားခဲ့သော အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရဲ့ သမိုင်းကြောင်းအား ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းဟောင်းများအား ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန တောင်ကြီးမြို့မှ ပေးပို့လာသော အသင်းဝင် အသိအမှတ်ပြု ကတ် နှင့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်ခြင်း၊ ဝန်ထမ်းဟောင်း အသင်းသို့ ခရိုင် ယစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင် မှ ဂုဏ်ပြု လှုဒါန်းငွေ ကျပ် (၅) သိန်း နှင့် ထွေအုပ်ဝန်ထမ်းဟောင်း ဦးထွန်းနေဦး (ဟိုတယ်တာချီလိတ်နှင့် ဘုရင့်နောင်စျေးပိုင်ရှင်) မှ ဂုဏ်ပြုလှုဒါန်းငွေ ကျပ် (၅)သိန်းအား ပေးအပ်ခြင်း၊ ဝန်ထမ်းဟောင်းများ ကိုယ်စား ဝန်ထမ်းဟောင်း တစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခြင်း၊ ခရိုင်စီမံအုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင်မှ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပြီး ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၇)ရက်နေ့တွင် ကျရောက်သော အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ (၃၃)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အဖြစ် ဝန်ထမ်းများအား ဗလာမပါ ကံစမ်းမဲများ ဖွင့်ဖောက် ပေးအပ်ခြင်းအား ပျော်ရွှင်စွာ ပြုလုပ်ဆောင်ရွက်ကြကြောင်း သိရသည်။

- 005
#တာချီလိတ်ခရိုင်‌ထွေ/အုပ်

Photos from တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန - Tachileik District GAD's post 02/11/2021

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရပ်ကွက်အချို့တွင်း ကျန်ရှိခဲ့သည့် ရွှံ့နွံများကို စုပေါင်းရှင်းလင်းဆောင်ရွက်

တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့တွင် နိုဝင်ဘာလ (၁)ရက်နေ့၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ခြင်းကြောင့် တာလော့ရပ်ကွက်လမ်းများပေါ်တွင် ရွှံ့နွံများတင်ကျန်နေမှုအား ယနေ့ နံနက် (၈)နာရီကစတင်ကာ စုပေါင်းရှင်းလင်းခဲ့ပါသည်။ ကျန်ရှိခဲ့သော ရွှံ့နွှံများအား တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများ နှင့် စက်ယန္တရားများ၊ တာလော့ရပ်ကွက် အုပ်ချုပ်ရေးမှူး နှင့် ရပ်ကွက်နေပြည်သူများ၊ UBL အမှိုက်သိမ်းဆည်းရေး ကုမ္ပဏီမှ အမှိုက်သိမ်းယာဉ်များ ပူးပေါင်း၍ ၎င်းရွှံ့နွံများအား ဖယ်ရှားရှင်းလင်းခြင်း၊ အမှိုက်သရိုက်များသိမ်းဆည်းခြင်းတို့အားဆောင်ရွက်ခဲ့ရာ ခရိုင်စီမံအုပ်ချူပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင် နှင့်အဖွဲ့ဝင်များမှ လိုအပ်သည်များ ဝိုင်းဝန်းကူညီဆောင်ရွက်ကာ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲပါသည်။
- 007
#တာချီလိတ်ခရိုင်ထွေ/အုပ်

Photos from တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန - Tachileik District GAD's post 02/11/2021

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအထူးရန်ပုံငွေစီမံချက်ဖြင့် တာချီလိတ်မြို့တွင်အလိုအလျောက် မိုးရေချိန်စက် ထားရှိရန်အတွက် လုပ်ငန်းညှိုနှိုင်းအစည်းအဝေးကျင်းပ

တာချီလတ်ခရိုင်၊ တာချီလိတ်မြိုတွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေစီမံချက်ဖြင့် အလိုအလျောက် မိုးရေချိန်စက်ထားရှိရန်အတွက် လုပ်ငန်းညှိနှိင်းအစည်းအဝေးအား (၂-၁၁-၂၀၂၁)ရက်နေ့ နံနက် (၉)နာရီခွဲချိန်တွင် ခရိုင်/မြိုနယ်စုပေါင်းရုံး အစည်းအဝေခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် မြန်မာ- ထိုင်း- တရုတ်- လာအိုနိုင်ငံသို ဖြတ်သန်းစီးဆင်းနေသည့် မဲခေါင်မြစ် နဂိုမူလရေချိန်အမှတ်စနစ်နဲ့ မိုးရေကြောင့်ဖြစ်လာသော ရေချိန်အမှတ်စနစ်ကို စောင်ကြည့်မည့်စနစ်အား မြန်မာနိုင်ငံမှာဘက်က မဲခေါင်မြစ်ထဲမှာ ကနဦးရေလွှမ်းမှုကို သတိပေးနိုင်အောင် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအထူးရန်ပုံငွေစီမံချက်ဖြင့် တာချီလိတ်မြိုအတွက် အလိုအလျောက် မိုးရေချိန်တိုင်းတာမည့် Overall Configuration Diagram၊ Visualized Drawing Diagram Of Data Lager Enclosure စက်တိုအား မြန်မာ- ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၁)အနီး၊ ဆန်ဆိုင်းရပ်ကွက်၊ လွယ်တော်ခမ်းကျေးရွာအုပ်စုတိုတွင် ယခုနှစ်ကုန်အပြီးတည်ဆောက်မှာဖြစ်ကြောင်း၊ တည်ဆောက်ပြီးပါက မယ်ခေါင်မြစ်၊ မယ်ဆိုင်မြစ်ရေကြီးရေလျှံ၊ မိုးရေကြီးရေလျှံနိုင်တာတွေအား မိုးလေဝသ နှင့် ဇလဗေသညွှန်ကြားမှုဦးစီးဌာန FaceBook Pageနှင့် မြန်မာ့အသံ၊ မြဝတီရုပ်မြင်သံကြားတိုတွင် တာချီလိတ်မြိုအတွက် တရားဝင်တင်ပြထုတ်လွှင့်နိုင်မှာဖြစ်ကြောင်း အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေး ခဲ့ပါသည်။

007
#တာချီလိတ်ခရိုင်ထွေ/အုပ်

Photos from တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန - Tachileik District GAD's post 02/11/2021

တာချီလိတ်ခရိုင်/မြို့နယ်ကိုဗစ်ကော်မတီမှ အခြေခံပညာကျောင်းများအတွက် ကိုဗစ်ကာကွယ်ရေးသုံးပစ္စည်းများထောက်ပံ့ပေးအပ်

တာချီလိတ်၊ နိုဝင်ဘာ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်/မြို့နယ် ကိုဗစ်- ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီမှ အခြေခံပညာကျောင်းများအတွက် ကိုဗစ်- ရောဂါကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နိုဝင်ဘာလ (၁)ရက်နေ့၊ နံနက် (၁၁)နာရီအချိန်ခန့်က မကာဟိုခမ်းရပ်ကွက်ရှိ အ.ထ.က(တာချီလိတ်)ကျောင်းတွင် ကျင်းပခဲ့ကြသည်။

အဆိုပါထောက်ပံ့ပေးအပ်ပွဲတွင် ခရိုင်ကိုဗစ်- ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင် နှင့်အဖွဲ့ဝင်များဖြစ်ကြသည့် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ကျော်ဝင်းလှိုင်၊ ဒုဗိုလ်မှူးကြီး သိန်းဇော်၊ ဦးကျော်စွာလွင်၊ ကျောင်းအုပ်ဆရာ/ဆရာမများတတ်ရောက်ခဲ့ကြပြီး ကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင် အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက်ကိုဗစ်ရောဂါကာကွယ်ရေးသုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ယခုတာချီလိတ်မြို့နယ်အတွင်းရှိ အခြေခံပညာရေးကျောင်း ( အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း) စုစုပေါင်း (၁၃၀)ကျောင်းများအတွက် ကိုဗစ်- ရောဂါကာကွယ်ရေးသုံးပစ္စည်းများဖြစ်သည့် နှာခေါင်းစည်း(Mask) - (၁၀၀၀၀)ခု၊ လက်ဆေးဂျယ်ဘူးကြီး (၄၀၀)ဗူးတို့အား ပထမအကြိမ်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

- 005
#တာချီလိတ်ခရိုင်ထွေ/အုပ်

Want your business to be the top-listed Government Service in Tachileik?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Tachileik
06271

Opening Hours

Monday 09:30 - 16:30
Tuesday 09:30 - 16:30
Wednesday 09:30 - 16:30
Thursday 09:30 - 16:30
Friday 09:30 - 16:30