YESC Tamwe
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from YESC Tamwe, Government Organization, Pho Sein, Tamwe.
66kV အလုံ- MRTV 3- ကျိုက္ကဆံဓာတ်အားလိုင်းအား (27.4.2026)ရက်နေ့ (17:05)အချိန်တွင် Cable ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်မည်ဖြစ်ပါသဖြင့် အဆိုပါဖီဒါပေါ်မှ ဓာတ်အားရယူထားသော မွန်မြတ်မေတ္တာအိမ်ရာ၊ အား/ကာသိပ္ပံ ၊ တာမွေကြီး(ခ)ရပ်ကွက်၊ မာန်အောင်ရပ်ကွက်၊ တာမွေလေးရပ်ကွက် နှင့် မေတ္တာညွန့်ရပ်ကွက်နေရာတချို့ ယာယီဓာတ်အားပြတ်တောက်မည်ဖြစ်ပါကြောင်း အသိပေးပန်ကြားအပ်ပါသည်။
မိဘပြည်သူများထံသို့ အသိပေးပန်ကြားခြင်း
+++++++++++++++++++++++
ယနေ့ (၂၅.၄.၂၀၂၆) ရက်နေ့၊ (၂၀:၀၄) နာရီအချိန်ခန့်တွင် ဓာတ်အားစနစ်အတွင်း ယာယီအပြစ်ဖြစ်ပွားခဲ့ပါသဖြင့် ဓာတ်အားပြန်လည်ရရှိရေးအချိန်နှင့် တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
မိဘပြည်သူများထံသို့ ၂၃၀ ကေဗွီ ရွှေတောင် - မြောင်းတကာ အမှတ်(၁+၂) ဓာတ်အားလိုင်း ဓာတ်အားပြန်လည်ပို့လွှတ်ပြီးစီးမှု အသိပေးပန်ကြားခြင်း
၁။ ၂၃၀ ကေဗွီ ရွှေတောင် - မြောင်းတကာ အမှတ်(၁+၂) ဓာတ်အားလိုင်း ပြုပြင်ခြင်းလုပ်ငန်းများအား ညွှန်ကြားရေးမှူး(စက်/လျှပ်) ဦးဆောင်သော (၁၀ + ၁၂၅) စုစုပေါင်း (၁၃၅) ဦးပါဝင်သော ပြန်လည်ပြုပြင် ရေးအဖွဲ့များသည် နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များ၏ လုံခြုံရေးစီစဉ်ဆောင်ရွက်မှုဖြင့် (၂၈-၃-၂၀၂၆) ရက်မှ (၃-၄-၂၀၂၆) ရက်အတွင်း တိုင်အမှတ် (၃၁၀နှင့်၃၁၁) တာဝါ(၂)တိုင် ပြိုလဲပျက်စီးမှုများအား ပြန်လည် ပြုပြင်နိုင်ရေး ပျက်စီးတာဝါတိုင်များအားဖြုတ်သိမ်းခြင်းနှင့် တာဝါတိုင်အသစ်(၂)တိုင် ပြန်လည်တည် ဆောက်တပ်ဆင်ခြင်းလုပ်ငန်းများအားလည်းကောင်း၊ တိုင်အမှတ် (၃၀၉ နှင့် ၃၁၂) တာဝါ(၂)တိုင် ယိုင်/ စောင်းမှုအား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများအားလည်းကောင်း၊ တိုင်အမှတ်(၃၀၉ မှ ၃၁၂) အကြား ဓာတ်အားလိုင်းကြိုးပျက်စီးမှုနေရာများအား ပြန်လည်ပြုပြင်ခြင်းနှင့် ဓာတ်အားလိုင်းကြိုး၊ Earth Wire၊ OPGW ကြိုးများ ပြန်လည်ချိတ်ဆွဲတပ်ဆင်ခြင်းလုပ်ငန်းများအားလည်းကောင်း ဆောင်ရွက်ခဲ့ပါသည်။
၂။ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးခဲ့ပါသဖြင့် (၂-၄-၂၀၂၆) ရက်၊ (၂၁:၁၅) နာရီတွင် ၂၃၀ ကေဗွီ ရွှေတောင် - မြောင်းတကာ အမှတ်(၁) ဓာတ်အားလိုင်းအားလည်းကောင်း၊ (၃-၄-၂၀၂၆) ရက်၊ (၁၇:၂၀) နာရီတွင် ၂၃၀ ကေဗွီ ရွှေတောင် - မြောင်းတကာ အမှတ်(၂) ဓာတ်အားလိုင်းအား လည်းကောင်း ပုံမှန်အတိုင်း ဓာတ်အားပြန်လည်ပို့လွှတ်လျက်ရှိပါသည်။
၃။ သို့ဖြစ်ပါ၍ အဆိုပါ အမှတ်(၁+၂) ဓာတ်အားလိုင်းဖြင့် အထက်မြန်မာပြည်မှ ထုတ်လုပ်လျက်ရှိသော လျှပ်စစ်ဓာတ်အား (၃၀၀)မဂ္ဂါဝပ်ခန့်အား ဓာတ်အားစနစ်အတွင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ ဓာတ်အားပို့လွှတ်ထားရှိပါကြောင်းနှင့် ယခုလက်ရှိအခြေအနေတွင် လိုအပ်သော လျှပ်စစ်ဓာတ်အားကိုသာ ချွေတာသုံးစွဲခြင်းပြုလုပ်ပေးပါရန် မိဘပြည်သူများထံသို့ လေးစားစွာ မေတ္တာရပ်ခံ အသိပေးပန်ကြားအပ်ပါသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
မိဘပြည်သူများထံသို့ အသိပေးပန်ကြားခြင်း
+++++++++++++++++++++++++++
ယနေ့ (၂.၄.၂၀၂၆) ရက်နေ့၊ နေ့လည် (၁၂:၄၈) နာရီ အချိန်ခန့်တွင် ဓာတ်အားစနစ်အတွင်း ၂၃၀ကေဗွီ မင်းလှ - မြောင်းတကာလိုင်းအပြစ်ဖြင့် ဓာတ်အားစနစ်ပြတ်တောက်မှု ဖြစ်ပွားခဲ့ပါသဖြင့် ဓာတ်အားပြန်လည်ရရှိရေး အချိန်နှင့် တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါသည်။ ရန်ကုန်တိုင်း၊ အလုံစက်ရုံရှိ Gas Turbine (၁) လုံး သီးခြားမောင်းနှင်၍ ဆေးရုံကြီးများ ဓာတ်အားရရှိရေး ဦးစားပေး ဆောင်ရွက်လျှက်ရှိပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
မိဘပြည်သူများထံသို့ အသိပေးပန်ကြားခြင်း
++++++++++++++++++++++++++++++
ယနေ့ (၁.၄.၂၀၂၆) ရက်နေ့၊ နေ့လည် (၁၄:၄၅) နာရီအချိန်ခန့်တွင် ဓာတ်အားစနစ်အတွင်း ယာယီအပြစ်ဖြစ်ပွားခဲ့ပါသဖြင့် ဓာတ်အားပြန်လည်ရရှိရေး အချိန်နှင့်တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
မီးသုံးစွဲသူမိဘပြည်သူများသို့အသိပေးပန်ကြားခြင်း
(၃၁.၃.၂၀၂၆)ရက်နေ့(၁၀:၀၀)နာရီအချိန်မှ (၁၄:၀၀)နာရီအချိန်ထိ 66kV သာကေတ-ပုသိမ်ညွန့်ဖီဒါနှင့်66kV သာကေတ-တာမွေဈေး(GIS)-ကျိုက္ကဆံဖီဒါတို့အား လိုင်းနှင့်မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းဆောင်ရွက်မည်ဖြစ်ပါသဖြင့် နတ်ချောင်းရပ်ကွက်၊ မေတ္တာညွန့်ရပ်ကွက်၊ မလွှကုန်းဌေးကြွယ်(က)ရပ်ကွက်၊ ပုသိမ်ညွန့်စံပြရပ်ကွက်၊ ကျားကွက်သစ်ရပ်ကွက်၊ ကျောက်မြောင်းရှေ့ရပ်ကွက်၊ကျောက်မြောင်းကြီးရပ်ကွက်၊ကျောက်မြောင်းအထက်ရပ်ကွက်၊ ဘိုးလိန်းအောင်မင်္ဂလာရပ်ကွက်၊ တာမွေကြီး(ခ)ရပ်ကွက်၊ တာမွေကြီး(က+ဂ)ရပ်ကွက်၊ ဗျိုင်းရွာမရပ်ကွက်၊ ဗျိုင်းကွက်သစ်ရပ်ကွက်တို့ယာယီဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း
အသိပေးပန်ကြားအပ်ပါသည်။
မိဘပြည်သူများထံသို့ အသိပေးပန်ကြားခြင်း
+++++++++++++++++++++++++++++
၁။ (၂၇.၃.၂၀၂၆)ရက်နေ့ (၁၁:၄၁)နာရီအချိန်တွင်၂၃၀ကေဗွီ ရွှေတောင်-မင်းလှ-မြောင်းတကာ Double Circuit ဓာတ်အားလိုင်းသည် မင်းလှမြို့နယ်အနီး အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ဖောက်ခွဲဖျက်စီးခဲ့ သဖြင့် တာဝါတိုင် (၂)တိုင် ပြိုလဲခဲ့ပြီး တာဝါတိုင် (၂)တိုင်မှာ တိမ်းစောင်းသွားခဲ့ သဖြင့် ၎င်းဓာတ်အားလိုင်း မှ ပို့လွှတ်လျက်ရှိသော လျှပ်စစ်ဓာတ်အား (၄၀၀) မဂ္ဂါဝပ် ခန့်မှာ ထုတ်လုပ်နိုင်မှု လျော့နည်းလျက်ရှိပါ သည်။
၂။ သို့ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု လျော့နည်းလျက်ရှိပါကြောင်းနှင့် အမြန်ဆုံးပြန်လည် ဖြန့်ဖြူးပေးနိုင်ရေး ပြင်ဆင် ဆောင်ရွက်လျက် ရှိပါ ကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
မိဘပြည်သူများထံသို့ အသိပေးပန်ကြားခြင်း
+++++++++++++++++++++++++
(၂၇.၃.၂၀၂၆)ရက်နေ့ (၁၁:၄၁)နာရီအချိန်တွင်၂၃၀ကေဗွီ ရွှေတောင်-မင်းလှ-မြောင်းတကာ Double Circuit ဓာတ်အားလိုင်းသည် မင်းလှမြို့နယ်အနီး မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် တာဝါတိုင်အမှတ် (၃၁၁)နှင့် (၃၁၂)ပြိုလဲခဲ့ရပြီး တာဝါတိုင်အမှတ် (၃၁၀)နှင့် (၃၁၃)တိမ်းစောင်းခဲ့၍ လိုင်းချို့ယွင်းမှု ဖြစ်ပွားခဲ့ပါသဖြင့် ဓာတ်အားစနစ်အတွင်း မဂ္ဂါဝပ် ၄၀၀ခန့် သယ်ဆောင်ပို့လွှတ်မှု လျော့နည်းသွားခဲ့ပါသည်။ သို့ဖြစ်ပါ၍ မြန်မာ နိုင်ငံတောင်ပိုင်း ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း အချို့အချိန်များနှင့် အချို့သော နေရာများတွင် ဝန်အားထိန်းညှိမှုများ ဆောင်ရွက်နေရပါကြောင်းနှင့် အဆင်မပြေမှုများအတွက် နားလည် သည်းခံပေးပါရန် မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
Click here to claim your Sponsored Listing.
Location
Category
Website
Address
Pho Sein
Tamwe
