National League for Democracy - Shan State

Directions Website Contact the organization

National League for Democracy - Shan State Official page of Information Committee, Shan State, National League for Democracy.

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်ကော်မတီအမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်းဗဟန်းမြို့နယ်၊ ရန်ကုန်မြို့nld.cwc@proto...
05/08/2026

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဗဟိုအလုပ်ကော်မတီ
အမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
[email protected]

ရက်စွဲ - ၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၅ ရက်

သတင်းထုတ်ပြန်ချက်အမှတ် (၀၅ /၂၀၂၆)

၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ကိုယ်စားလှယ် တို့ တွေ့ဆုံခဲ့ကြောင်းသတင်းများကို အလေးထားစောင့်ကြည့်၊ သုံးသပ်လျက်ရှိပြီး အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ၏ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုများကို အသိအမှတ်ပြုပါသည်။

၂။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီး ထိန်းသိမ်းခံထားရသော နိုင်ငံရေးအကျဉ်းသား အားလုံး၏ အသက်အန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးစောင့်ရှောက်မှုရရှိရေး၊ ကျန်းမာရေးအတွက် လုံလောက်သောအစားအသောက်ရရှိရေးတို့အပြင် မိသားစုဝင်များနှင့်လည်းကောင်း၊ ရှေ့နေများနှင့် လည်းကောင်း လွတ်လပ်စွာတွေ့ဆုံဆက်သွယ်ခွင့်ရရှိရေးတို့ကို နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းများ နှင့်အညီ အပြည့်အဝရရှိနိုင်ရေး အာမခံဆောင်ရွက်ပေးရန် အကြံပြုတိုက်တွန်းအပ်ပါသည်။

၃။ ယခုကဲ့သို့တွေ့ဆုံမှုတရပ်တည်းအပေါ်မူတည်၍ မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းသည် အပြုသဘောဆောင်သော အလှည့်အပြောင်းတရပ်ဖြစ်ပေါ်လာပြီဟု ဆောလျင်စွာ ကောက်ချက် ချခြင်းမပြုမိကြရန် သတိချပ်စေအပ်ပါသည်။ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ၏ လုပ်ငန်းတာဝန်များကို အပြည့်အဝ ဆက်လက်ဆောင်ရွက်နိုင်ခွင့်ရှိ၊ မရှိနှင့် လက်တွေ့ကျသော တိုးတက်မှုများကိုသာ ဆက်လက်စောင့်ကြည့်သင့်ပါကြောင်း အလေးအနက်ထား ဖော်ပြအပ်ပါသည်။

၄။ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်မည့်နည်းလမ်းမှာ ပြည်သူလူထု၏ ဒီမိုကရေစီ ဆန္ဒကိုလေးစားခြင်း၊ အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ခြင်း၊ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးခြင်းနှင့် သက်ဆိုင်သူအားလုံးပါဝင်သော အဓိပ္ပာယ်ပြည့်ဝသည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုကို အကောင်အထည်ဖော်ခြင်းသာ ဖြစ်ပါသည်။

၅။ လက်ရှိအခြေအနေတွင် အာဆီယံသည် ၎င်း၏ ဘုံသဘောတူညီချက် (၅) ချက်ကို အခြေခံ၍ အကြမ်းဖက်မှုများရပ်တန့်ရေး၊ သက်ဆိုင်သူများအားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးရေး၊ လူသားချင်း စာနာထောက်ထားရေးအကူအညီများ အတားအဆီးမရှိ ပေးပို့နိုင်ရေးနှင့် အာဆီယံအထူးကိုယ်စားလှယ်၏ အဓိပ္ပာယ်ပြည့်ဝသော ထိတွေ့ဆက်ဆံမှုများ ဖြစ်ပေါ်လာရေးကို ဆက်လက်တိုက်တွန်းလျက်ရှိပါ သည်။

၆။ ထို့ကြောင့်မျှော်မှန်းထားသော အာဆီယံအထူးကိုယ်စားလှယ်၏ ခရီးစဥ်အတွင်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သက်ဆိုင်သူများအားလုံးနှင့် လွတ်လပ်စွာတွေ့ဆုံနိုင်ခွင့်ရရှိရေး၊ အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးမှုများ ပေါ်ပေါက်ဖြစ်ထွန်းရေးတို့မှတဆင့် လက်တွေ့ကျသော ခြေလှမ်းများ ပေါ်ပေါက်လာခြင်းတို့ကိုသာ မြန်မာ့နိုင်ငံရေးအကျပ်အတည်းမှ တိုးတက်လာမှု အညွှန်းကိန်းများအဖြစ် သတ်မှတ်နိုင်ပါသည်။

၇။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ် အရ ပြည်သူလူထု၏ ဆင့်လွှဲအာဏာကို အစဉ်လေးစားလျက် မြန်မာနိုင်ငံ၌ ဒီမိုကရေစီစနစ်ပြန်လည်ထူထောင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ နိုင်ငံရေးအကျဥ်းသားများအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေး နှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိရေးတို့အတွက် ပြည်သူလူထုနှင့်အတူ ဆက်လက်ကြိုးပမ်း သွားမည် ဖြစ်ပါသည်။

ဗဟိုအလုပ်ကော်မတီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရင်း စစ်ကြောရေးတွင် အသက်ပေးဆပ်ခဲ့ရသည့် ကိုသန်းထွန်းဦး (ခ) ကိုမင်းကိုသိန်း (ခ) ကိုဖက်တီးအမည် -...
12/07/2026

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရင်း စစ်ကြောရေးတွင် အသက်ပေးဆပ်ခဲ့ရသည့် ကိုသန်းထွန်းဦး (ခ) ကိုမင်းကိုသိန်း (ခ) ကိုဖက်တီး

အမည် - ကိုသန်းထွန်းဦး (ခ) ကိုမင်းကိုသိန်း (ခ) ကိုဖက်တီး

နေရပ် - မန္တလေးတိုင်း၊ အောင်မြေသာဇံမြို့နယ်

နိုင်ငံရေးလှုပ်ရှားမှု

၁၉၈၈ - ၁၉၈၉ - ၉၀ ဗကသများအဖွဲ့ချုပ် ၊ အကသ ၊ မန္တလေးခရိုင် ၊ ကျောင်းသားသမဂ္ဂများတွင် ပါဝင်ခဲ့သည် ။

ထို့နောက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီသို့ ဝင်ရောက်ခဲ့သည် ။ ၂၀၁၂ / ၂၀၁၃ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီညီလာခံတွင် မန္တလေးခရိုင်ကိုယ်စားပြု မန္တလေးတိုင်း ပါတီညီလာခံကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည် ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂၀၁၄ ပထမအကြိမ် လူငယ်ညီလာခံ မန္တလေးတိုင်း လူငယ်ညီလာခံကျင်းပရေးကော်မရှင် အတွင်းရေးမှူး ၊ ၂၀၁၈ ဒုတိယအကြိမ် လူငယ်ညီလာခံ မန္တလေးတိုင်း လူငယ်ညီလာခံကျင်းပရေးကော်မရှင် အတွင်းရေးမှူး တာဝန်များထမ်းဆောင်ခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲနှင့် ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေးလုပ်ငန်းစဉ်များတွင် တက်ကြွစွာ လုပ်ဆောင်ခဲ့သည်။

ဖမ်းဆီးခံရသည့်နေ့ - ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်

ကျဆုံးရသည့် အကြောင်းရင်း - စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မတရားဖမ်းဆီးခြင်းကို ခံခဲ့ရပြီး၊ စစ်ကြောရေးစခန်းအတွင်း လူမဆန်စွာ ပြင်းထန်စွာ ညှဉ်းပန်းနှိပ်စက်ခံရမှုကြောင့် ဖမ်းဆီးခံရပြီး ၂၄ နာရီအတွင်း ကျဆုံးခဲ့ရသည်။

#ကျဆုံးနိုင်ကျဉ်း #ဂုဏ်ပြုအစီအစဉ် #ကိုဖက်တီး #ဂုဏ်ပြုရက်သတ္တပတ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်ကော်မတီအမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်းဗဟန်းမြို့နယ်၊ ရန်ကုန်မြို့nld.cwc@proto...
08/07/2026

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဗဟိုအလုပ်ကော်မတီ
အမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
[email protected]

ရက်စွဲ - ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၈ ရက်

သတင်းထုတ်ပြန်ချက်အမှတ် (၀၃ /၂၀၂၆)

သခင်အောင်ဆန်း(ခ)ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာ့လွတ်လပ်ရေးအတွက် ပြည်ထောင် စုကို စုစည်းပေးနိုင်ခဲ့သော လွတ်လပ်ရေးဗိသုကာဖြစ်သလို မြန်မာ့တပ်မတော်ကိုတည်ထောင် သည့် တပ်မတော်၏ဖခင်လည်းဖြစ်ပါသည်။ သမိုင်းအစဉ်အလာကောင်းများနှင့်ပြည့်စုံသူ ကိုယ် ကျိုးမဖက်သူ တိုင်းပြည်အကျိုးစီးပွားကိုသာ‌ရှေ့ရှုသည့် ရိုးသားဖြူစင်သူဖြစ်ပါသည်။
ထို့ကြောင့် ပြည်သူလူထုသည် သမိုင်းအစဉ်အလာကောင်းများဖြင့်ပြည့်စုံခြင်း၊ အာဇာနည် ပုဂ္ဂိုလ်ဖြစ်‌ခြင်း၊ ရိုးသားဖြူစင်ခြင်း၊ ကိုယ်ကျိုးမဖက်ခြင်း စသည့် ဂုဏ်ဒြပ်တို့ထုံမွမ်းနေသည့် ဗိုလ် ချုပ်အောင်ဆန်းအား ချစ်ခင်လေးစားဂုဏ်ပြုလိုစိတ်တို့ဖြင့် နောင်လာနောက်သားတို့အတွက် စံပြု ပုဂ္ဂိုလ်ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံလွှာများကို အမျိုးသားရေးသွင်ပြင် လက္ခဏာအဖြစ်၊ မြန်မာ့သမိုင်း၏သင်္ကတအဖြစ် အထွတ်အမြတ်ဆောင်ကြဉ်း ထားရှိကြပါသည်။
ပြည်သူထဲမှပေါက်ဖွားလာသော ပြည်သူ့ပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သည်လည်း ဗိုလ်ချုပ်အောင်ဆန်း၏ဂုဏ်ဒြပ်များကို အလေးဂရုပြု တန်ဖိုးထားသောအားဖြင့် ပြည် သူလူထု၏ဆန္ဒနှင့်အညီ၊ ပြည်သူလူထုတစ်ဦးချင်းစီ၏ ကိုယ်ပိုင်ထည့်ဝင်ငွေများဖြင့် ဗိုလ်ချုပ် အောင်ဆန်းရုပ်ထုများ တည်ဆောက်ရေးလုပ်ငန်းများကို ဥပဒေပါ စည်းမျဉ်းစည်းကမ်း လုပ်ထုံး လုပ်နည်းများနှင့်အညီ ပူးပေါင်းပါဝင်ခဲ့ပါသည်။
ယခုအခါ အကြမ်းဖက်စစ်အာဏာရှင်နှင့်လက်ပါးစေတို့သည် စစ်တပ်၊ ရဲတပ်ဖွဲ့၊ စည်ပင် သာယာရေးဝန်ထမ်းများနှင့် ညအမှောင်ကို အကာအကွယ်ယူ၍ အများပြည်သူပိုင်ဖြစ်သော ဗိုလ် ချုပ်အောင်ဆန်းရုပ်ထုများကို နေရာဒေသအနှံ့အပြားတွင် နေ့စဉ်ဖြိုချဖျက်ဆီးနေပါသည်။
ထို ဖြိုချဖျက်ဆီးမှုများသည် အများပြည်သူပိုင်ပစ္စည်းများကိုဖျက်ဆီးခြင်း၊ မြန်မာနိုင်ငံ၏ အမျိုးသားရေးသွင်ပြင်လက္ခဏာ၊ မြန်မာ့သမိုင်း၏သင်္ကေတနှင့် အထောက်အထားများကို ဖျက် ဆီးနေခြင်းဖြစ်သည်သာမက ပြည်သူလူထု၏ယုံကြည်ချက်နှင့် မျှော်လင့်ချက်များကိုပါ ရည်ရွယ် ချက်ရှိရှိ ရိုက်ချိုးဖျက်ဆီးနေခြင်းပင်ဖြစ်သဖြင့် ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချပါသည်။
ထိုလုပ်ရပ်များ လုပ်ဆောင်ရန်ညွှန်ကြားသူများနှင့် ပူးပေါင်းပါဝင်သူများသည် အများပြည် သူပိုင်ပစ္စည်းများကိုဖျက်ဆီးခြင်း၊ မြန်မာနိုင်ငံ၏အမျိုးသားရေးသွင်ပြင်လက္ခဏာ၊ မြန်မာ့ သမိုင်း၏ သင်္ကေတ၊ အထောက်အထားများနှင့် ပြည်ထောင်စုစိတ်ဓာတ်ကို ဖျက်ဆီးနေခြင်းဖြစ်သဖြင့် ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးထုတ်ပြန်ပါသည်။

ဗဟိုအလုပ်ကော်မတီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

"ဒေါ်အောင်ဆန်းစုကြည် ၏ (၈၁) နှစ်မြောက်မွေးနေ့အခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မည်"၁၉ ဇွန် ၂၀၂၆အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်...
19/06/2026

"ဒေါ်အောင်ဆန်းစုကြည် ၏ (၈၁) နှစ်မြောက်မွေးနေ့အခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မည်"
၁၉ ဇွန် ၂၀၂၆

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ၊ ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၈၁) နှစ်မြောက် မွေးနေ့ပွဲအခမ်းအနားကို နိုင်ငံ​ရေးဦးတည်ချက်သုံးရပ်နှင့်အညီ ၂၀၂၆ ခုနှစ် ဇွန်လ (၁၉)ရက်နေ့ မြန်မာစံတော်ချိန် ၁၃:၃၀ နာရီအချိန်တွင် Zoom မှတဆင့် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
ဦးတည်ချက်သုံးရပ်မှာ
-မတရားဖမ်းဆီးထိန်းသိမ်းခံထားရသော ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရေး
- ပြည်သူလူထု၏ အချုပ်အခြာအာဏာနှင့်ဆန္ဒသဘောထားကို ထင်ဟပ်စေသည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲရလဒ်ကို မြှင့်တင်လျက် နွေဦးတော်လှန်ရေးကို အောင်မြင်သည် အထိ ဆက်လက်ဆင်နွှဲသွားရေး
- စစ်ကောင်စီက ပြုလုပ်သည့်အတုအယောင်ရွေးကောက်ပွဲနှင့်ရလဒ်ကို ပြတ်ပြတ်သားသား ဆန့်ကျင် ပယ်ချပြီး ပြည်သူလူထု၏ဆန္ဒသဘောထား၊ မျှော်မှန်းချက်များနှင့်အတူ အခိုင်အမာရပ်တည်သွားရေး တို့ဖြစ်သည်။
မွေးနေ့ပွဲအခမ်းအနားကို Zoom မှတဆင့်ကျင်းပမည်ဖြစ်ပြီး အောက်ပါ ရုပ်သံများမှလည်းယနေ့မြန်မာစံတော်ချိန် ၁၃:၂၀ နာရီ (ထိုင်းစံတော်ချိန် ၁၃:၅၀) တွင် တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ပါသည်။
တိုက်ရိုက်ထုတ်လွှင့်မည့် ဆိုရှယ်မီဒီယာစာမျက်နှာများ
1.National League for Democracy
2.National League for Democracy - Central Youth
3.Public Voice Television(PVTV)
4.Mizzima
5.DVB
6.Khit Thit
7.People Spring
8.Voice of Spring
9.D Lann
10.D Day
11.Thanlwin Time
12.Red Peacock
13.Red News Agency
14.သံလွင်ခက်


#အရေးတော်ပုံအောင်ရမည်

19/06/2026
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလူငယ်လုပ်ငန်းအဖွဲ့​၏ ပြည်သူသို့ပန်ကြားလွှာ
09/04/2026

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလူငယ်လုပ်ငန်းအဖွဲ့​၏ ပြည်သူသို့ပန်ကြားလွှာ


Address

၅၀/ခ ၊ ချင်းတွင်းလမ်း၊ ကန်ရှေ့ရပ်၊ တောင်ကြီးမြို့
Taunggyi

Alerts

Be the first to know and let us send you an email when National League for Democracy - Shan State posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to National League for Democracy - Shan State:

Shortcuts

Share