ILBC Taunggyi - IGCSE

Call Directions Contact the organization

ILBC Taunggyi - IGCSE ILBC International School
(The Official ILBC Taunggyi page) ILBC International School - Taunggyi

📸 ILBC Sports Together 2026 - အမှတ်တရ ပုံရိပ်များ 🫧✨ ILBC Sports Together 2026 ပွဲကြီးကို August 29, 30 နှစ်ရက်တာမှာ သို...
04/09/2026

📸 ILBC Sports Together 2026 - အမှတ်တရ ပုံရိပ်များ 🫧✨

ILBC Sports Together 2026 ပွဲကြီးကို August 29, 30 နှစ်ရက်တာမှာ သိုက်သိုက်ဝန်းဝန်းနဲ့ ကျင်းပပြီးသွားပြီ ဆိုပေမဲ့ ပါဝင်ခဲ့ကြတဲ့ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ အမှတ်တရ ပုံရိပ်တွေကတော့ မျှဝေပေးဖို့ရာ ကျန်ရှိနေပါသေးတယ်။ အခုမြင်တွေ့နေရတာကတော့ ပြိုင်ပွဲတွေမစတင်ခင်နဲ့ ပြိုင်ပွဲအားလုံး အပြီးမှာ ရိုက်ကူးဖြစ်တဲ့ ပုံရိပ်တချို့ပဲ ဖြစ်ပါတယ်။ ပြိုင်ပွဲမတိုင်ခင် ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ပြင်ဆင်ခဲ့ကြပုံတွေကနေစလို့ ချစ်ခင်စည်းလုံးမှု၊ ရင်းနှီးမှုနဲ့အတူ အားကစားသမားတွေရဲ့ သွက်လက်တက်ကြွတဲ့ ပုံရိပ်တွေကို တပေါင်းတစည်းတည်း မြင်တွေ့ခံစားရစေဖို့ ထပ်မံ မျှဝေပေးလိုက်ပါတယ်။

ILBC Sports Together 2026 was held on August 29 and 30 with the full cheers of the audience and the active participation of ILBC Tiger students. Yet, the treasured memories are still here with us, so ILBC joyfully shares these memorable flashback pictures highlighting deep sportsmanship, energy, friendship, and excitement. 💖

⚽🏆ILBC Sports Together 2026-2027 Academic Year 🐯🤝 │Gallery: Part (2) မနှစ်က နေပြည်တော်မှာ ပြုလုပ်ပေးခဲ့တဲ့ ILBC Sports T...
04/09/2026

⚽🏆ILBC Sports Together 2026-2027 Academic Year 🐯🤝

│Gallery: Part (2)

မနှစ်က နေပြည်တော်မှာ ပြုလုပ်ပေးခဲ့တဲ့ ILBC Sports Together ပွဲကြီးကို အခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှာတော့ မန္တလေးမှာ ပြုလုပ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ILBC ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီးနဲ့ မြိတ်တို့က ILBC ကျောင်းအသီးသီးကို ကိုယ်စားပြုကြတဲ့ ILBC Tigers အဖွဲ့ဝင် ကျောင်းသူ၊ ကျောင်းသားတွေက ပါဝင်ခဲ့ကြတာဖြစ်ပြီး မြို့ (၅) မြို့က ILBC Tigers တွေ စုစည်းလာတဲ့ နှစ်ရက်တာ Sports Together ပွဲကြီးကို စတင်ခဲ့ပါတယ်။ August 29 ရက်နေ့မှာတော့ မြို့အသီးသီးကနေ ရောက်လာတဲ့ ILBC ကျောင်းသူ၊ ကျောင်းသားတွေကို ကြိုဆိုတဲ့ ဖွင့်ပွဲအဖြစ်ရော၊ ပြိုင်ပွဲအုပ်စုခွဲတာ၊ အသင်းခွဲတာတွေကို စနစ်တကျ ပြင်ဆင်ပြုလုပ်ခဲ့ပြီး၊ ဒုတိယမြောက်နေ့မှာတော့ အားကစားပွဲစဥ် အစုံအလင်ကို ကျင်းပပြုလုပ်ပေးခဲ့ပါတယ်။ ILBC ကျောင်းအချင်းချင်းက သူငယ်ချင်းတွေ ရင်းနှီးမှုပိုတိုးအောင် ကစားခဲ့ကြတာဖြစ်လို့ အနိုင်ရရှိရေးထက်၊ အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှု၊ စိတ်ဓာတ်တက်ကြွမှုနဲ့ အားကစားကိုအခြေခံတဲ့ အမှတ်တရကောင်းတွေ ရရှိတာကို ဓာတ်ပုံတွေကနေတစ်ဆင့် မြင်တွေ့ခံစားနိုင်ပါတယ်။ 🏅⚽🏀🏫

This year, ILBC Sports Together was held at ILBC International School Mandalay, bringing together ILBC Tigers from Yangon, Mandalay, Nay Pyi Taw, Taunggyi and Myeik. From the warm welcome and team preparations on August 29 to a vibrant day of football, basketball, swimming and badminton on August 30, students came together to build friendships across schools, strengthen teamwork and embrace the true spirit of sportsmanship. Beyond the scoreboard, it was the shared energy, new friendships and unforgettable memories that made these two days truly meaningful. ❤️

Five cities, one ILBC Tigers spirit, and two days where sport brought everyone closer together. 🐯🏆

⚽🏆ILBC Sports Together 2026-2027 Academic Year 🐯🤝 │Gallery: Part (1)  မနှစ်က နေပြည်တော်မှာ ပြုလုပ်ပေးခဲ့တဲ့ ILBC Sports ...
04/09/2026

⚽🏆ILBC Sports Together 2026-2027 Academic Year 🐯🤝

│Gallery: Part (1)

မနှစ်က နေပြည်တော်မှာ ပြုလုပ်ပေးခဲ့တဲ့ ILBC Sports Together ပွဲကြီးကို အခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှာတော့ မန္တလေးမှာ ပြုလုပ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ILBC ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီးနဲ့ မြိတ်တို့က ILBC ကျောင်းအသီးသီးကို ကိုယ်စားပြုကြတဲ့ ILBC Tigers အဖွဲ့ဝင် ကျောင်းသူ၊ ကျောင်းသားတွေက ပါဝင်ခဲ့ကြတာဖြစ်ပြီး မြို့ (၅) မြို့က ILBC Tigers တွေ စုစည်းလာတဲ့ နှစ်ရက်တာ Sports Together ပွဲကြီးကို စတင်ခဲ့ပါတယ်။ August 29 ရက်နေ့မှာတော့ မြို့အသီးသီးကနေ ရောက်လာတဲ့ ILBC ကျောင်းသူ၊ ကျောင်းသားတွေကို ကြိုဆိုတဲ့ ဖွင့်ပွဲအဖြစ်ရော၊ ပြိုင်ပွဲအုပ်စုခွဲတာ၊ အသင်းခွဲတာတွေကို စနစ်တကျ ပြင်ဆင်ပြုလုပ်ခဲ့ပြီး၊ ဒုတိယမြောက်နေ့မှာတော့ အားကစားပွဲစဥ် အစုံအလင်ကို ကျင်းပပြုလုပ်ပေးခဲ့ပါတယ်။ ILBC ကျောင်းအချင်းချင်းက သူငယ်ချင်းတွေ ရင်းနှီးမှုပိုတိုးအောင် ကစားခဲ့ကြတာဖြစ်လို့ အနိုင်ရရှိရေးထက်၊ အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှု၊ စိတ်ဓာတ်တက်ကြွမှုနဲ့ အားကစားကိုအခြေခံတဲ့ အမှတ်တရကောင်းတွေ ရရှိတာကို ဓာတ်ပုံတွေကနေတစ်ဆင့် မြင်တွေ့ခံစားနိုင်ပါတယ်။ 🏅⚽🏀🏫

This year, ILBC Sports Together was held at ILBC International School Mandalay, bringing together ILBC Tigers from Yangon, Mandalay, Nay Pyi Taw, Taunggyi and Myeik. From the warm welcome and team preparations on August 29 to a vibrant day of football, basketball, swimming and badminton on August 30, students came together to build friendships across schools, strengthen teamwork and embrace the true spirit of sportsmanship. Beyond the scoreboard, it was the shared energy, new friendships and unforgettable memories that made these two days truly meaningful. ❤️

Five cities, one ILBC Tigers spirit, and two days where sport brought everyone closer together. 🐯🏆

🏅 ILBC International School Taunggyi က ကျောင်းသူ၊ ကျောင်းသားတွေရဲ့ (May-June 2026) Pearson Edexcel IGCSE Exam မှာ ရရှိခဲ...
31/08/2026

🏅 ILBC International School Taunggyi က ကျောင်းသူ၊ ကျောင်းသားတွေရဲ့ (May-June 2026) Pearson Edexcel IGCSE Exam မှာ ရရှိခဲ့တဲ့ အောင်မြင်မှုမှတ်တိုင်တွေကို ဂုဏ်ယူစွာနဲ့ မှတ်တမ်းတင် ဖော်ပြပါရစေ။

ကျောင်းသူ၊ ကျောင်းသားတွေရဲ့ မဆုတ်မနစ် ကြိုးစားအားထုတ်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယတွေနဲ့အတူ မိဘတွေရဲ့ ယုံကြည်စွာ ပံ့ပိုးအားဖြည့်ပေးမှု၊ ဆရာ၊ ဆရာမတွေရဲ့ တပည့်တွေအပေါ်ထားရှိတဲ့ စေတနာနဲ့ အစဉ်မပြတ် လမ်းညွှန်ပေးမှု၊ ILBC ကျောင်းကြီးရဲ့ Mission Statement (၄)ရပ်နဲ့အညီ စနစ်တကျ ပျိုးထောင်ပေးမှုတွေ အားလုံးပေါင်းစပ်ပြီး ဖန်တီးခဲ့တဲ့ ဒီအောင်မြင်မှုတွေဟာ ILBC International School ရဲ့ ပညာရေးအရည်အသွေးနဲ့ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ ထူးချွန်မှုတွေကို ထင်ဟပ်စေတဲ့ အောင်မြင်မှုပြယုဂ်တွေ ပဲ ဖြစ်ပါတယ်။

ယခုရရှိထားတဲ့ အောင်မြင်မှုမှတ်တိုင်တွေကို အားအင်အဖြစ်ယူပြီး ကိုယ်စီကိုယ်ငှ ထားရှိကြတဲ့ ရည်မှန်းချက်ပန်းတိုင်တွေဆီ ဆက်လက်လျှောက်လှမ်းနိုင်ကြပါစေကြောင်းလည်း ILBC International School ကနေ ဆုမွန်ကောင်း တောင်းပေးအပ်ပါတယ်။

🏅 We are proud to celebrate the Pearson Edexcel IGCSE Results (May-June 2026) achieved by students from ILBC International School Taunggyi. These achievements reflect the students’ dedication and perseverance, supported by their parents, teachers, and ILBC’s commitment to nurturing students in line with its four Mission Statements. May these achievements inspire our students to move forward with confidence towards their goals. Wishing them continued success from the ILBC International School family.

29/08/2026
🏆ILBC International School ဟာဆိုရင် Holistic Education ကို လက်ကိုင်ကျင့်သုံးပြီး Academic Excellence ရရှိစေဖို့တင်မကဘဲ က...
26/08/2026

🏆ILBC International School ဟာဆိုရင် Holistic Education ကို လက်ကိုင်ကျင့်သုံးပြီး Academic Excellence ရရှိစေဖို့တင်မကဘဲ ကျောင်းရဲ့ Mission Statement (၄) ရပ်နဲ့အညီ ကျောင်းသူ၊ ကျောင်းသားတွေကို ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေဖို့ စနစ်တကျ လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိပါတယ်။ ထိုနည်းတူ ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ကလည်း ကိုယ်စီကိုယ်စီ ရှိကြတဲ့ ရည်မှန်းချက်၊ အိပ်မက်၊ ပန်းတိုင်တွေအတိုင်း ကြိုးစားအားထုတ်ခဲ့ကြသလို၊ မိဘအုပ်ထိန်းသူ၊ မိသားစုတွေအနေနဲ့ကလည်း အဖက်ဖက်ကနေ လိုလေသေး မရှိရအောင် အင်တိုက်အားတိုက် ပံ့ပိုးမှုတွေ များစွာရှိပါတယ်၊ ဆရာ၊ ဆရာမတွေကလည်း ကလေးတစ်ဦးချင်းစီရဲ့ ကိုယ်ရည်ကိုယ်သွေး၊ အရည်အချင်းတွေ ပိုမိုပေါ်လွင်လာအောင် ပုံဖော်ပေးဖို့ အစစအရာရာ လမ်းညွှန်သင်ကြားပေးခဲ့တဲ့အတွက် အားလုံးရဲ့ စုပေါင်းအင်အားနဲ့အတူ အခုဆိုရင် ကလေးတွေမှာ အောင်မြင်မှုအသီးအပွင့်တွေကိုယ်စီ ရရှိလာပြီပဲ ဖြစ်ပါတယ်။

ဇွဲလုံ့လ ဝီရိယနဲ့ နေ့ညမပြတ် ကြိုးစားခဲ့ကြတဲ့ ILBC ကျောင်းသူ၊ ကျောင်းသားတွေရဲ့ Pearson Edexcel IGCSE Exam (May–June 2026) အတွင်းက အောင်မြင်မှု ရလဒ်တွေကို ဂုဏ်ယူစွာနဲ့ ဖော်ပြပေးရင်း အနာဂတ်မှာလည်း ပိုမိုအောင်မြင်တဲ့ ခရီးလမ်းကိုယ်စီကို လျှောက်လှမ်းနိုင်ကြပါစေလို့ ILBC ကနေ ဆုတောင်းပေးလိုက်ပါတယ်။ 🎈🎉

Congratulations to all our outstanding students!

📬 A Special Delivery from Singapore 🇸🇬💙 နိုင်ငံတကာက ကလေးတွေနဲ့ ဆက်သွယ်မှု ရှိပြီး ယဥ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ အတွေးအမြင်တွ...
03/08/2026

📬 A Special Delivery from Singapore 🇸🇬💙

နိုင်ငံတကာက ကလေးတွေနဲ့ ဆက်သွယ်မှု ရှိပြီး ယဥ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ အတွေးအမြင်တွေကို ဖလှယ်နိုင်စေဖို့၊ ဘာသာစကားစွမ်းရည်၊ စကားလုံးဖွဲ့နွဲ့မှု၊ အရေးအသား စွမ်းရည်တွေ တိုးတက်စေဖို့နဲ့ ပိုမိုကျယ်ပြန့်တဲ့ အဆက်သွယ်တွေ ရရှိလာနိုင်စေဖို့ ရည်ရွယ်ပြီး စင်ကာပူနိုင်ငံက SCGS မှာတက်ရောက်နေတဲ့ Primary 4 ကျောင်းသူတွေနဲ့အတူ ILBC International School Taunggyi က Primary 4 ကျောင်းသူ၊ ကျောင်းသားလေးတွေဟာ “Pen Pal Programme" မှာပါဝင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ အခုတစ်ခေါက်မှာတော့ စင်ကာပူ SCGS ကနေ ပေးပို့တဲ့ စာလေးတွေ ရောက်ရှိလာတာမို့ ILBC ကျောင်းသူ၊ ကျောင်းသားလေးတွေက စာအိတ်တွေကို စိတ်လှုပ်ရှားမှုအပြည့်နဲ့ ဖွင့်ဖောက်ခဲ့ကြတာလည်းဖြစ်ပါတယ်။ စာအိတ်တွေ ဖောက်စဥ်တုန်းက ပုံရိပ်တွေကိုတော့ မိဘတွေလည်း ကြည့်ရှုနိုင်စေဖို့အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Our Primary 4 students at ILBC International School Taunggyi recently received letters from their peers at SCGS, Singapore, as part of their Pen Pal Programme. Designed to enhance English communication and writing skills while encouraging cultural exchange and global connections, the programme provided students with a meaningful opportunity to build friendships beyond borders. Their excitement and anticipation while opening each letter made the experience truly memorable, and we are delighted to share these heartwarming moments with our parents. 📬🤝

🥜🐿️ မြေပဲပင်လေး ဘယ်လိုပေါက်၊ ဘယ်လို အရွယ်ရောက်? 🌱┃Gallery: Part 2  ဒီမေးခွန်းလေးရဲ့ အဖြေကို ILBC Taunggyi (Shan Queen Ca...
17/07/2026

🥜🐿️ မြေပဲပင်လေး ဘယ်လိုပေါက်၊ ဘယ်လို အရွယ်ရောက်? 🌱

┃Gallery: Part 2

ဒီမေးခွန်းလေးရဲ့ အဖြေကို ILBC Taunggyi (Shan Queen Campus) မှာတက်ရောက်နေတဲ့ Kindergarten to Secondary 1 ကျောင်းသူ၊ ကျောင်းသားလေးတွေက "Peanuts" Activity မှာ ပါဝင်ရင်းနဲ့ ကိုယ်တိုင်အဖြေရှာ သင်ယူခဲ့ကြပါတယ်။ ကျောင်းဝန်းအတွင်း စိုက်ပျိုးထားတဲ့ မြေပဲပင်လေးတွေကို နုတ်ယူပြသပြီး မြေပဲပင် ဘယ်လိုပေါက်လာတယ်၊ အမြစ်အောက်ခြေမှာ ဘယ်လိုဖွံ့ဖြိုးမှုရှိတယ်၊ အပင်စိုက်ခြင်းကနေ သဘာဝတရားနဲ့ နီးစပ်လာပြီး အပင်တွေရဲ့ ဘဝစက်ဝန်း၊ အခေါ်အဝေါ်လေးတွေအပြင် ရေလောင်း၊ စိုက်ပျိုး၊ ပေါင်းသင် စောင့်ရှောက်ခြင်းကနေတစ်ဆင့် ရရှိလာတဲ့ အကျိုးကျေးဇူး၊ စိတ်ရှည်တတ်မှုနဲ့ တာဝန်ယူမှုတွေကို ရင်းနှီး ထိစပ် ကျွမ်းဝင်လာအောင် လေ့ကျင့်သင်ကြားပေးခဲ့ပါတယ်။ ကိုယ်တိုင်ပါဝင် လုပ်ဆောင်ရတဲ့ Hands-on Learning ဖြစ်တာကြောင့် သင်ခန်းစာတွေကို ပိုမိုနားလည်ပြီး ကြာရှည်မှတ်မိစေမှာ ဖြစ်ပါတယ်။

Learning blossomed beyond the classroom as Taunggyi (Shan Queen Campus) students uncovered the hidden journey of a peanut plant. By harvesting peanuts grown on the school campus, they explored the wonders of nature, discovered the plant life cycle, and learned the value of patience, care, and responsibility through hands-on experience. 🌾🧺🧑‍🌾

🥜🐿️ မြေပဲပင်လေး ဘယ်လိုပေါက်၊ ဘယ်လို အရွယ်ရောက်? 🌱┃Gallery: Part 1  ဒီမေးခွန်းလေးရဲ့ အဖြေကို ILBC Taunggyi (Shan Queen Ca...
17/07/2026

🥜🐿️ မြေပဲပင်လေး ဘယ်လိုပေါက်၊ ဘယ်လို အရွယ်ရောက်? 🌱

┃Gallery: Part 1

ဒီမေးခွန်းလေးရဲ့ အဖြေကို ILBC Taunggyi (Shan Queen Campus) မှာတက်ရောက်နေတဲ့ Kindergarten to Secondary 1 ကျောင်းသူ၊ ကျောင်းသားလေးတွေက "Peanuts" Activity မှာ ပါဝင်ရင်းနဲ့ ကိုယ်တိုင်အဖြေရှာ သင်ယူခဲ့ကြပါတယ်။ ကျောင်းဝန်းအတွင်း စိုက်ပျိုးထားတဲ့ မြေပဲပင်လေးတွေကို နုတ်ယူပြသပြီး မြေပဲပင် ဘယ်လိုပေါက်လာတယ်၊ အမြစ်အောက်ခြေမှာ ဘယ်လိုဖွံ့ဖြိုးမှုရှိတယ်၊ အပင်စိုက်ခြင်းကနေ သဘာဝတရားနဲ့ နီးစပ်လာပြီး အပင်တွေရဲ့ ဘဝစက်ဝန်း၊ အခေါ်အဝေါ်လေးတွေအပြင် ရေလောင်း၊ စိုက်ပျိုး၊ ပေါင်းသင် စောင့်ရှောက်ခြင်းကနေတစ်ဆင့် ရရှိလာတဲ့ အကျိုးကျေးဇူး၊ စိတ်ရှည်တတ်မှုနဲ့ တာဝန်ယူမှုတွေကို ရင်းနှီး ထိစပ် ကျွမ်းဝင်လာအောင် လေ့ကျင့်သင်ကြားပေးခဲ့ပါတယ်။ ကိုယ်တိုင်ပါဝင် လုပ်ဆောင်ရတဲ့ Hands-on Learning ဖြစ်တာကြောင့် သင်ခန်းစာတွေကို ပိုမိုနားလည်ပြီး ကြာရှည်မှတ်မိစေမှာ ဖြစ်ပါတယ်။

Learning blossomed beyond the classroom as Taunggyi (Shan Queen Campus) students uncovered the hidden journey of a peanut plant. By harvesting peanuts grown on the school campus, they explored the wonders of nature, discovered the plant life cycle, and learned the value of patience, care, and responsibility through hands-on experience. 🌾🧺🧑‍🌾

Address

No. 27, Corner Of Yangyiaung Road & Kanbawza Rd, Yay Aye Qwin Qtr
Taunggyi
081-2124885,206644

Opening Hours

Monday 08:00 - 16:00
Tuesday 08:00 - 16:00
Wednesday 08:00 - 16:00
Thursday 08:00 - 16:00
Friday 08:00 - 16:00
Saturday 08:30 - 13:45
Sunday 08:30 - 13:45

Website

Alerts

Be the first to know and let us send you an email when ILBC Taunggyi - IGCSE posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ILBC Taunggyi - IGCSE:

Shortcuts

Share