People's Defence Force - THAYET

Call Directions Website Contact the organization

People's Defence Force - THAYET ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးအတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့။

 #8888
08/08/2026

#8888

"အာဇာနည်တွေကို အလေးပြုကြ""သူရဲကောင်းတွေကိုလည်း ကူညီကြ"
18/07/2026

"အာဇာနည်တွေကို အလေးပြုကြ"
"သူရဲကောင်းတွေကိုလည်း ကူညီကြ"

အမှန်တရားအတွက် ပြည်သူအတွက် တော်လှန်ရေးအတွက် အသက်နှင့် ခန္ဓာ ဘဝများကို ပေးဆပ်ခဲ့သူ ရဲဘော်ရဲဘက်များကို အစဥ်ထာဝရ လေးစား ဦးည...
21/06/2026

အမှန်တရားအတွက်
ပြည်သူအတွက်
တော်လှန်ရေးအတွက်
အသက်နှင့် ခန္ဓာ ဘဝများကို ပေးဆပ်ခဲ့သူ ရဲဘော်ရဲဘက်များကို
အစဥ်ထာဝရ လေးစား ဦးညွှတ် အလေးပြုလျှက်
ပြည်သူ့သစ္စာကို ဆက်လက်ခံယူ ချီတက်ကြမည်

"ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး ချက်ချင်းလွှတ်"
18/06/2026

"ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး ချက်ချင်းလွှတ်"

"People’s Defence Force- THAYET (၅) နှစ်ပြည့်မြောက်ခြင်း အထိမ်းအမှတ် ဂုဏ်ပြုသဝဏ်လွှာ"၂၀၂၆ ခုနှစ်၊ မေလ ၁၂ ရက်ယနေ့သည် ပြည်...
13/05/2026

"People’s Defence Force- THAYET (၅) နှစ်ပြည့်မြောက်ခြင်း အထိမ်းအမှတ် ဂုဏ်ပြုသဝဏ်လွှာ"

၂၀၂၆ ခုနှစ်၊ မေလ ၁၂ ရက်

ယနေ့သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ People’s Defence Force- THAYET (PDF - THAYET) စတင် ဖွဲ့စည်းတည်ထောင်ခဲ့သည့် (၅) နှစ်ပြည့်မြောက်သော နေ့ထူးနေ့မြတ် ဖြစ်ပါသည်။

၂၀၂၁ ခုနှစ်၊ မေလ ၁၂ ရက်နေ့မှ စတင်ကာ အမှန်တရား၊ တရားမျှတမှုနှင့် ဖက်ဒရယ်ဒီမိုကရေစီအတွက် အသက်၊ သွေး၊ ချွေးများစွာ ရင်းနှီးပေးဆပ်ခဲ့ကြသည်မှာ ယခုဆိုလျှင် (၅) နှစ်တာ ခရီးကို အောင်မြင်စွာ ဖြတ်သန်းနိုင်ခဲ့ပြီ ဖြစ်ပါသည်။

(၅) နှစ်တာကာလပတ်လုံး ကြမ်းတမ်းခက်ခဲသော တော်လှန်ရေးခရီးကြမ်းတွင် မဆုတ်မနစ်သော ဇွဲ၊ လုံ့လတို့ဖြင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် တိုက်ပွဲဝင်နေကြသည့် တပ်ဖွဲ့ဝင် ရဲဘော်များအားလုံးကို အလေးအမြတ်ပြု ဂုဏ်ပြုအပ်ပါသည်။

တော်လှန်ရေးခရီးလမ်းတွင် ပြည်သူ့အတွက် အသက်ပေးလှူသွားကြသည့် သူရဲကောင်း ရဲဘော်များအားလုံးကို သစ္စာစောင့်သိလျက် ဦးညွှတ်အလေးပြုပါသည်။ သင်တို့၏ ပေးဆပ်မှုများသည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်၏ အခြေခံအုတ်မြစ်များ ဖြစ်လာမည်မှာ ဧကန်မလွဲပင် ဖြစ်ပါသည်။

PDF - THAYET သည် "ပြည်သူ့ထံမှ ပေါက်ဖွားလာသော ပြည်သူ့တပ်ဖွဲ့" ဖြစ်သည်နှင့်အညီ (၁) နှစ်ပြည့်မှသည် ယနေ့ (၅) နှစ်ပြည့်အထိ ပြည်သူ့သစ္စာကို မြဲမြံစွာ စောင့်သိခဲ့ကြပါသည်။ မိဘပြည်သူများ၏ ထောက်ပံ့မှု၊ ချစ်ခြင်းမေတ္တာနှင့် ယုံကြည်မှုကို အရင်းခံကာ နောင်အနာဂတ်ကာလများတွင်လည်း ပြည်သူနှင့်အတူ လက်တွဲ၍ အာဏာရှင်စနစ်ကို ဆက်လက်တိုက်ထုတ်သွားမည်ဟု ယုံကြည်ပါသည်။

(၅) နှစ်တိုင်တိုင် မယိုင်မလဲ ရပ်တည်ခဲ့သည့် PDF - THAYET အနေဖြင့် မဝေးတော့သော အနာဂတ်တွင် ပြည်သူတို့ မျှော်လင့်တောင့်တသည့် စစ်မှန်သော ငြိမ်းချမ်းရေးနှင့် လွတ်လပ်မှုကို အရယူပေးနိုင်ပါစေကြောင်းနှင့် တပ်ဖွဲ့ဝင် ရဲဘော်များအားလုံး ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် အောင်ပွဲဆီသို့ ချီတက်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

"ပြည်သူတို့၏ အရေးတော်ပုံ မုချအောင်ရမည်"

People's Defence Force - THAYET

ဪ နှစ်သစ်ကူးပြန်ပြီလား။
17/04/2026

ဪ နှစ်သစ်ကူးပြန်ပြီလား။

ဖက်ဆစ်တော်လှန်ရေးအလံတော်ကို လွှင့်ထူကြ။
27/03/2026

ဖက်ဆစ်တော်လှန်ရေးအလံတော်ကို လွှင့်ထူကြ။

ပြည်သူတို့၏ တော်လှန်ရေးကြီးတွင် အမျိုးသမီးများသည်လည်း တာဝန်အသီးသီးကို ပါဝင်ထမ်းဆောင် နေသည်။
08/03/2026

ပြည်သူတို့၏ တော်လှန်ရေးကြီးတွင် အမျိုးသမီးများသည်လည်း တာဝန်အသီးသီးကို ပါဝင်ထမ်းဆောင် နေသည်။

"စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်၊နိုင်ငံဟာ စစ်တပ်ရဲ့ အစေခံမဖြစ်ရဘူး" .......... (အောင်ဆန်း)
13/02/2026

"စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်၊
နိုင်ငံဟာ စစ်တပ်ရဲ့ အစေခံမဖြစ်ရဘူး" ..........
(အောင်ဆန်း)

တော်လှန်ရေးကြီးတွင် ပြည်သူများနှင့်အတူ ဆက်လက်တိုက်ပွဲဝင် ချီတက်လျက် .......... February 2026
02/02/2026

တော်လှန်ရေးကြီးတွင် ပြည်သူများနှင့်အတူ ဆက်လက်တိုက်ပွဲဝင် ချီတက်လျက် ..........

February 2026

Address

Thayetmyo

Alerts

Be the first to know and let us send you an email when People's Defence Force - THAYET posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to People's Defence Force - THAYET:

Shortcuts

Share