Ven AShin Sãramedhã

Call Directions

Ven AShin Sãramedhã ​တရား​ဟော ယဉ်​​ကျေးမှုသင်​တန်းပြ ပ?

"  #လူယုတ်မာသားမိုက်ထဲ👉  #သင်မပါစေနဲ့ 👈 "★★★★★★★★★★★★■ အမေကို ပစ်ထား၊   မယားကို အချစ်ပွား။■ အမေကို မပေးချင်ကောက်၊   မယား...
01/11/2018

" #လူယုတ်မာသားမိုက်ထဲ
👉 #သင်မပါစေနဲ့ 👈 "
★★★★★★★★★★★★

■ အမေကို ပစ်ထား၊
မယားကို အချစ်ပွား။

■ အမေကို မပေးချင်ကောက်၊
မယားကို သူဌေးတင်မြှောက်။

■ အမေကို ဆဲ-ဆို-ညစ်၊
မယားကို ကဲ-ပို-ချစ်။

■ အမေကို ဘု-ဂွ၊
မယားကို ယု-ယ။

■ အမေကို ထင်ရာဆိုး၊
မယားကို ကြင်နာတိုး။

■ အမေကို မထူးဟု ဘေးပုံ၊
မယားကို အထူးကု ဆေးရုံ။

■ အမေကို တမာပေး၊
မယားကို သကာကျွေး။

■ အမေကို ချောင်ထိုးထား၊
မယားကို နှောင်ကြိုးပွား။

■ အမေကို စိမ်းကား၊
မယားကို ထိမ်းထား။

■ အမေကို နေရေးပြန်မကြည့်၊
မယားကို ငွေကြေးလျှံအပြည့်။

■ ဒီလိုသားမိုက် မယားကြိုက်လည်း
ရှင်တော်ဗုဒ္ဓ ဟောညွှန်ပြတာ
လူယုတ်မာတည်း...။

မေတ္တာဖြင့် ပြန်လည်မျှဝေပါသည် အရှင်သာရ​မေဓာ

🙏   အချည်းနှီးမဟုတ်သော အသက်ရှင်ခြင်း.. 🙏🙏            သုပ္ပဗုဒ္ဓ ကြီးသည် သောတပတ္တိမဂ်ဉာဏ်ဖိုလ်ဉာဏ်၌ တည်ပြီးသောအခါ မိမိ ရရှိထ...
31/10/2018

🙏 အချည်းနှီးမဟုတ်သော အသက်ရှင်ခြင်း.. 🙏🙏

သုပ္ပဗုဒ္ဓ ကြီးသည် သောတပတ္တိမဂ်ဉာဏ်ဖိုလ်
ဉာဏ်၌ တည်ပြီးသောအခါ မိမိ ရရှိထားပြီးသည့်
လောကုတ္တရာ တရားထူး တရားမြတ်၊ ဂုဏ်ကျေးဇူးကို ဘုရားရှင်အား တင်ပြလျှောက်ထားလိုခဲ့၏။ သို့သော် မိမိ၏ လက်ရှိဘဝ အခြေအနေက ပရိသတ်အလယ်သို့ ဝင်ရောက်သွားဖို့ရန် မဝံ့မရဲသော အခြေအနေမှာ တည်ရှိနေ၏ ထို့ကြောင့် အလှူရှင် တရားနာပရိသတ် အပေါင်း သူတော်ကောင်းတို့က ဘုရားရှင်အား ရှိခိုးကြပြီးနောက် ဘုရားရှင်က ကျောင်းတော်သို့ ပြန်ကြွတော်မူသောအခါ ဘုရားရှင်၏ နောက်တော်သို့ အတန်ငယ် အစဉ်လိုက်ပါလာကြပြီးနောက် တစ်ဖန် ပြန်လှည့်သွားကြ သောအခါ ဘုရားရှင်သည်လည်း ဝေဠုဝန်ကျောင်းတိုက်တော်သို့ ရဟန်းသံဃာတော်အပေါင်း ခြံရံလျက် ပြန်ကြွတော်မူခဲ့လေသည်၊ ထိုအခါ သုပ္ပဗုဒ္ဓ
သည်လည်း ဘုရားရှင်၏ နောက်တော်မှ ဝေဠုဝန်ကျောင်းတိုက်တော်သို့ လိုက်ပါသွားခဲ့လေသည်။ (ဥဒါန၊ဋ္ဌ၊၂၅ဂ)

ဤအရာတွင်... ဥဒါန်းအဋ္ဌကထာက. ဤသို့ ဆက်လက်ကာ ဖွင့်ဆိုထား လေသည်.......

သုပ္ပဗုဒ္ဓ သည်လည်း ဝေဠုဝန်ကျောင်းတိုက်တော်သို့ ဘုရားရှင်၏ နောက်တော်မှ လိုက်ပါနေသည်ကို နတ်တို့သေဌ်နင်း သိကြားမင်းကြီးကလည်း မြင်သိလေသည် ။ ထိုအခါ သိကြားမင်းကြီးက " ဤ သုပ္ပဗုဒ္ဓ အနူကြီးသည် အရှင်ဘုရား၏ အဆုံးအမ သာသနာတော်၌ မိမိရရှိထားသည့် သောတာပန်ဟူသော ဂုဏ်ကျေးဇူးကို ထင်ရှားပြလိုသည် " ဟု သိရှိသည့်အတွက် " သုပ္ပဗုဒ္ဓ ကြီးကို
ငါစုံစမ်းကြည့်ပေအံ့ " ဟူသော ဦးတည်ချက်ဖြင့် လာရောက်ကာ ကောင်းကင်၌ ရပ်တည်ပြီးလျှင် ဤစကားကို
ပြောကြားလိုက်လေသည် —----

" သုပ္ပဗုဒ္ဓ.. .. သင်ဟာ လူဆင်းရဲတစ်ဦးလည်းဖြစ်တယ် အထီးကျန်သူ တစ်ဦးလည်းဖြစ်တယ် အောက်တန်းစား လူသားတစ်ဦးလည်း ဖြစ်တယ် ၊

ငါဟာ သင့်အား အတိုင်းတတာ ပမာဏရှိသည့်
စည်းစိမ်ဥစ္စာကို ပေးမယ်၊

ဘုရားကို..ဘုရားမဟုတ်....လို့

တရားကို.. တရားမဟုတ်...လို့..

သံဃာကို သံဃာမဟုတ်လို့ ..... ပြောပါ ၊

ငါ့အား ဘုရားဖြင့် အလိုမရှိ

ငါ့အား တရားဖြင့် အလိုမရှိ

ငါအား သံဃာဖြင့် အလိုမရှိ ......လို့ ပြောပါ ။

ဟုတိုက်တွန်းစကား ပြောကြား လိုက်လေသည်။

အမှန်​ပဲ ​သောတာပန် ဆိုတဲ့ ပုဂ္ဂိုလ် မျိုးဟာဘုရားကို မဆိုထားနဲ့ ဘုရားနဲ့ပတ်သက်တဲ့ အရာမှန်သမျှဟာ ကိုးကွယ်ရာ ဆည်းကပ်ရာ ကိုးကွယ်ရာ အရာများချည်းသာ ဖြစ်ပါတယ်... ဖျက်လို ဖျက်ဆီး ကိုယ် နှုတ် စိတ် အားလုံး နဲ့ မသက်ရောက်တော့ပါ....( စကားချပ်)

ထိုအခါ သုပ္ပဗုဒ္ဓ က —-----" ယခု စကားပြောနေတဲ့ သင်ဟာဘယ်သူလဲ....?? "
"ငါဟာနတ်တို့ သေဌ်နင်း သိကြားမင်း ဖြစ်တယ် "
ဟုပြန်ပြောလိုက်သောအခါ —-------

" ဟယ် —----— အရှက်မရှိတဲ့ လူမိုက် သင်ဟာငါနဲ့စကား ပြောဖို မလျော်ကန်သူ ဖြစ်တယ် သင်ဟာ မပြောသင့်တဲ့ စကားကို ပြောဆိုနေတယ် -တကယ်တော့ သင်ဟာ ငါ့ကို ( အထီးကျန် သုဆင်းရဲ ငမွဲပဲ ) လို့ ပြောဆိုနေတယ် သင်က ငါ့ကို ဘာကြောင့် ဒီလို ပြောဆို နိုင်ရသလဲ ?---— ငါဟာ တစ်လောကလုံးရဲ့ ကိုးကွယ်အားထာရာဖြစ်တော်မူတဲ့ ဘုရားရှင်ရဲ့ ရွှေရင်တော်နှစ် သားတော်ရင်းအစစ် ဖြစ်တယ်မဟုတ်ဘူးလား ??
ငါဟာငမွဲလည်း မဟုတ်ဘူး အထီးကျန်သူလည်း မဟုတ်ဘူး အောက်တန်းစားလူသားလည်း မဟုတ်ဘူး တကယ်စင်စစ် မှာတော့ ငါဟာ လွန်မြတ်သော ချမ်းသာသုခဖြင့် ချမ်းသာခြင်းသုခ ကို ရောက်ရှိနေတဲ့ ( သူတော်ကောင်း ဥစ္စာ ဆိုတဲ့ ) ပစ္စည်းဥစ္စာ ပေါများကြွယ်ဝတဲ့ လူချမ်းသာတစ်ဦးသာ ဖြစ်တယ် " ဟု ဤသို့ ပြောဆိုလိုက်လေသည် ။ ဤမျှသာမကသေး ဘုရားရှင် ကိုယ်တော်တိုင် ဟောကြားပြသ ဆိုဆုံး မထားတော်မူသည့် အဂုင်္တ္ထိုရ် ပါဠိတော် သတ္တကနိပါတ် သံခိတ္တဓနသုတ္တန်, ဝိတ္တတဓနသုတ္တန် တို၌ လာရှိသည့် ဂါထာဒေသနာတော်နှစ်ခုတို့ကိုပါ ရွတ်ဆိုပြလိုက်လေသည်။

သဒ္ဓါဓနံ သီလဓနံ၊ ဟိရီ သြတ္တပ္ပိယံ ဓနံ ။
သုတဓနဉ္စ စာဂေါ စ၊ ပညာ ဝေ သတ္တမံ ဓနံ ။
ယဿ ဧတေ ဓနာ အတ္တိ၊ ဣတ္တိယာ ပုရိသဿ ဝါ။
" အဒလိဒ္ဒေါ "တိ တံ အာဟု၊ အမောဃံ တဿ ဇီဝိတံ ။

အပ္ပမာဒေန ၊ သမ္မာဒေထ

သာရ​မေဓာ
ソメイヨシノ

ပညာ​ပေးကြ ဆရာမြတ်​တို့သတိရ​လော့~~~~~~~~~~~~~~~~~~စာ​ပေသင်​ကြား  ​တပည့်​များကိုပညာ​သင်​​ပေး ​အောင်​ပွဲရ​အောင်​ချီး​မြှောက...
10/09/2018

ပညာ​ပေးကြ ဆရာမြတ်​တို့သတိရ​လော့
~~~~~~~~~~~~~~~~~~
စာ​ပေသင်​ကြား ​တပည့်​များကို
ပညာ​သင်​​ပေး ​အောင်​ပွဲရ​အောင်
ချီး​မြှောက်​ခွင့်​ရ ငါ​တော်​စွဟု
အားရ​ကျေနပ်​ မ​နေနှင့်

တို့ဘာသာ​မွေ ​ယဉ်​​ကျေး​မွေကို
စောင့်​​ရှောက်​ထိန်းတတ်​ မြတ်​နိုးတတ်​ဖို့
သင်​ကြားပြသ ​မွေ​ပေးရမည်
ပညာ​ပေးကြ ဆရာမြတ်​တို့
သတိရ​လော့ ထကြ​လော့.....

သာရ​မေဓာ

02/09/2018

အမျိုးဘာသာ သာသနာ သစ္စာရှိရမည်

အရွယ်​သုံးမျိုး ဆုံးမရိုး===========သားသမီးငယ်​ ငါးနှစ်​ရွယ်​ကိုမြူဆွယ်​​ချော့ကာ ဆုံးမရာ၏တဖြာဆယ်​နှစ်​ ​ရောက်​တုံလစ်​မူစ...
20/02/2017

အရွယ်​သုံးမျိုး ဆုံးမရိုး
===========
သားသမီးငယ်​ ငါးနှစ်​ရွယ်​ကို
မြူဆွယ်​​ချော့ကာ ဆုံးမရာ၏
တဖြာဆယ်​နှစ်​ ​ရောက်​တုံလစ်​မူ
စနစ်​တကျ ​ခြောက်​လုပ်​ရ၏
တစ်​ဝပျိုမြစ်​ ဆယ်​​ခြောက်​နှစ်​​ပေ
မိတ်​​ဆွေ​ကောင်းသို့ မ​သွေမှန်​စွာ
ဆုံးမရာသည်​ မှတ်​ပါအကျဉ်း ဤသို့တည်း

ညီ​လေး,ညီမ​လေး ဘယ်​ကလာအိမ်​ကထွက်​လို့လာညီ​လေး,ညီမ​လေး ဘယ်​ကိုသွားဘုန်းဘုန်း​ကျောင်းကိုသွားဘုန်းဘုန်း​တွေက ဘာ​တွေသင်...
29/10/2016

ညီ​လေး,ညီမ​လေး ဘယ်​ကလာ
အိမ်​ကထွက်​လို့လာ
ညီ​လေး,ညီမ​လေး ဘယ်​ကိုသွား
ဘုန်းဘုန်း​ကျောင်းကိုသွား
ဘုန်းဘုန်း​တွေက ဘာ​တွေသင်
ယဉ်​​ကျေးမှုစာ​ပေသင်
ယဉ်​​ကျေးမှုစာ​တွေ ဘာလုပ်​ဖို့
လူမျိုးဘာသာထိမ်းသိမ်းဖို့
လူမျိုးဘာသာထိမ်းသိမ်းရင်
ဘာဖြစ်​မှာလဲဟင်
တို့များ​​မွေး​မြေ ဘာသာတရား
ရောင်​ဝါ​နေသို့ လင်းမှာ​ပေါ့

ဦးသာရ​မေဓာ[​ဝေဠုဝန်​]
29.10.2016-စ​နေ​နေ့

နှစ်​ဖြာမိဘ သတိရ​လော့~~~~~~~~~~~ရင်​နှစ်​သည်းချာ သား,ဓီတာကိုပညာ​သင်​​ပေး ဝတ်​စား​ကျွေးကာချီး​မြှောက်​ခွင့်​ရ ငါ​တော်​စွ...
27/10/2016

နှစ်​ဖြာမိဘ သတိရ​လော့
~~~~~~~~~~~
ရင်​နှစ်​သည်းချာ သား,ဓီတာကို
ပညာ​သင်​​ပေး ဝတ်​စား​ကျွေးကာ
ချီး​မြှောက်​ခွင့်​ရ ငါ​တော်​စွဟု
အားရ​ကျေနပ်​ မ​နေနှင့်

တို့ဘာသာ​မွေ ​ယဉ်​​ကျေး​မွေကို
စောင့်​​ရှောက်​ထိန်းတတ်​ မြတ်​နိုးတတ်​ဖို့
သင်​ကြားပြသ ​မွေ​ပေးရမည်
နှစ်​ဖြာမိဘ သတိရ​လော့

``အမှားနည်း​အောင်​ ကြိုးစားဖို့စိတ်​လှုပ်​ရှားမှု ထိမ်းကြစို့´´
19/10/2016

``အမှားနည်း​အောင်​ ကြိုးစားဖို့
စိတ်​လှုပ်​ရှားမှု ထိမ်းကြစို့´´

ဗုဒ္ဓဝင်​ကဗျာ®®®®®®ကဆုန်​လပြည့်​ ​နေ့​သောကြာဘုရား​မွေးတဲ့ ​နေ့မြတ်​ပါသက္ကရာဇ်​မှာ ​ခြောက်​ဆယ့်​ရှစ်​သု​ဒ္ဓေါ မင်းဖစစ်​မာယာ...
08/10/2016

ဗုဒ္ဓဝင်​ကဗျာ
®®®®®®
ကဆုန်​လပြည့်​ ​နေ့​သောကြာ
ဘုရား​မွေးတဲ့ ​နေ့မြတ်​ပါ
သက္ကရာဇ်​မှာ ​ခြောက်​ဆယ့်​ရှစ်
သု​ဒ္ဓေါ မင်းဖစစ်
မာယာ​ဒေဝီ ​မွေး​မေ​တော်
ကပိလဝတ်​​နေပြည်​​တော်
သာကီမျိုး​နော်​ ထင်​ရှားလှ
နွယ်​​တော်​​ဂေါတမ
သိဒ္ဓတ္ထတဲ့ မည်​နာမံ
ဆယ့်​​ခြောက်​နှစ်​မှာ ထီးနန်းစံ
နှစ်​ဆယ့်​ကိုးမှန်​ ​တောထွက်​သွား
ခြောက်​နှစ်​ ကျင့်​တရား
သုံးဆယ့်​ငါးနှစ်​ ပြည့်​​လေတုံ
တစ်​ရာ့သုံးခုကြုံ
လပြည့်​ကဆုန်​ ဗုဒ္ဓဟူး
ဘုရားဖြစ်​တဲ့​နေ့အထူး
တရားဦးမြတ်​ ဓမ္မစက်​​ပေ
ဝါဆိုလပြည့်​ ​ဟောစ​နေ
သက်​​တော်​ရှစ်​ဆယ်​ တိုင်​​အောင်​ထိ
သတ္တဝါအကျိုး သယ်​ပိုး၏
သောင်းထိုက်​မှူးကြီး တို့မြတ်​စွာ
ဘုံသုံးပါးလုံး ထင်​ရှားပါ
လူနတ်​ဗြဟ္မာ လွန်​​ကျော်​ကြား
ငါတို့ဘုရား တို့ဘုရား။

ကုသိုလ်​​ရေးမို့ ကြိုးစာမည်​®®®®®®®®®®®®®ဗုဒ္ဓမြတ်​စွာ ​လောင်းလျာတုန်းက ​နောက်​ဆုံးအထိ ပါရမီလူနတ်​များစွာ ချမ်းသာ​ရေးမ...
06/10/2016

ကုသိုလ်​​ရေးမို့ ကြိုးစာမည်
®®®®®®®®®®®®®
ဗုဒ္ဓမြတ်​စွာ ​လောင်းလျာတုန်းက 
နောက်​ဆုံးအထိ ပါရမီ
လူနတ်​များစွာ ချမ်းသာ​ရေးမို့
အသက်​​ပေးလို့ ဖြည့်​ခဲ့သည်
ဗုဒ္ဓမြတ်​စွာ သာသနာတွက်​မို့
ငါပါအသက်​ဆုံး​စေမည်
နောက်​မဆုတ်​​ပေါင်​ ကုသိုလ်​​ရေးမို့
ခုလို​တွေးလို့ ကြိုးစားမည်

ဘာသာဋီကာဆရာ​တော်
ီ

ရှိ+ခိုး~~~~~~ညီမ​လေး ညီ​လေးငယ်​ ဘုရားရှိခိုးအိပ်​ပါကွယ်​ဘုရားမှာ ဘာ​တွေရှိဂုဏ်​​တော်​ကိုးပါး (ရှိ) ဂုဏ်​​တော်​ရှိတဲ့ တိ...
06/10/2016

ရှိ+ခိုး
~~~~~~
ညီမ​လေး ညီ​လေးငယ်
ဘုရားရှိခိုးအိပ်​ပါကွယ်
ဘုရားမှာ ဘာ​တွေရှိ
ဂုဏ်​​တော်​ကိုးပါး (ရှိ)
ဂုဏ်​​တော်​ရှိတဲ့ တို့ဘုန်းကြွယ်
ဘာ​တွေဖြည့်​ကျင့်​တယ်
စွန်းခြင်းကြီးငါးသွယ်​ ကျင့်​သုံးပါး
ပါရမီ​တွေ ဖြည့်​ကျင့်​သွား
လောကသားတို့အကျိုးငှါ
ဗုဒ္ဓလမ်းစဉ်​ အတု(ခိုး) ပါ
ဂုဏ်​(ရှိ) တာကို အတု (ခိုး)​ တော့
(ရှိ+ခိုး ) တယ်​လို့ ​ခေါ်တာ​ပေါ့
ှ

မ​မေ့နဲ့@@@အနန္တငါးပါး ဦးထိပ်​ထား ညွတ်​တွားပါကွဲ့ မ​မေ့နဲ့ဆရာမိဘ ဆိုဆုံးမ လိုက်​နာကြကွဲ့ မ​မေ့နဲ့ကိုယ့်​ထက်​ကြီးသူ ​ပြော...
05/10/2016

မ​မေ့နဲ့@@@
အနန္တငါးပါး ဦးထိပ်​ထား ညွတ်​တွားပါကွဲ့ မ​မေ့နဲ့
ဆရာမိဘ ဆိုဆုံးမ လိုက်​နာကြကွဲ့ မ​မေ့နဲ့
ကိုယ့်​ထက်​ကြီးသူ ​ပြောဆိုမူ နင်​ငါဟူ၍ မ​ပြောနဲ့
မိဦးဖဦး ဆရာဦးကို ခူး၍​နော်​ကွဲ့ မစားနဲ့
ဒူး​ထောင်​​ပေါင်း မိဘ(ဆရာ/ဘုန်းဘုန်း)နား
အလျား​မှောက်​ကာ မ​နေနဲ့
့​ဝေယျာဝစ္စာ ​ကျောင်းအိမ်​မှာ ​လျော်​စွာလုပ်​ကွဲ့ မခိုနဲ့
ဘုရားပုထိုး ဦးညွတ်​ကျိုး ရှိခိုးအိပ်​ကွဲ့ မ​မေ့နဲ့
မိခင်​ဖခင်​ ​ကျေးဇူးရှင်​ ​နေ့စဉ်​ရှိခိုးမ​မေ့နဲ့
့ကိုယ့်​​ပေါ်ပြုဖူး သူ့​ကျေးဇူး အထူးသိကွယ့်​ မ​မေ့နဲ့

Address

Yangon-myanmar
Thingangyun
NO

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

09252582397

Website

Alerts

Be the first to know and let us send you an email when Ven AShin Sãramedhã posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category