FSD Thongwa

FSD Thongwa

Share

သင့်အား ကူညီရန် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ အသင့်ရှိနေပါသည်

Photos from FSD Thongwa's post 26/05/2024

၂၅.၅.၂၀၂၄

သုံးခွမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး စုဖွဲ့လေ့ကျင့်မှုနှင့်သရုပ်ပြသခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်အတွင်း သဘာဝဘေး အန္တရာယ်များ ပေါ်ပေါက်လာပါက အချိန်နှင့်တစ်ပြေးညီ ရှာဖွေကူညီကယ်ဆယ်နိုင်ရေးအတွက် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး စုဖွဲ့လေ့ကျင့်မှုနှင့်
သရုပ်ပြသဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈နာရီခွဲအချိန်ကမြို့နယ် မီးသတ်ဦးစီးဌာနတွင် ဆောင်ရွက်ကြောင်းသိရသည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးမင်းအောင်က
သဘာဝဘေးအန္တရာယ်ကျရောက်ပါက ကြိုတင်ပြင်ဆင်ထားရှိရန်နှင့် လျင်မြန်စွာတုန့်ပြန်နိုင်ရေ ပြောကြားပြီး မုန်တိုင်းဘေး၊ ရေကြီးမှုဘေး၊ မြေပြိုဘေးနှင့် အခြားသောသဘာဝဘေးအန္တရာယ်များပေါ်ပေါက်လာပါက ရှာဖွေကူညီ ကယ်ဆယ်ရေးအားအချိန် နှင့် တစ်ပြေးညီ အမြန်ဆောင်ရွက်နိုင်ရန်တပ်ဖွဲ့ဝင်များမှ ဇာတ်တိုက်လေ့ကျင့်ခြင်း၊ စက်ယာဉ်ယန္တရားများ အသင့်ပြင်ဆင်ထားရှိခြင်း၊သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ပါကလျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရေးအသင့်စုဖွဲ့ပြင်ဆင်ထားရှိမှုအခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးမင်းအောင်နှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာများနှင့်ပရဟိတအသင်းဖွဲ့များကကြည့်ရှု့အားပေးခဲ့ကြောင်းသိရသည်။

အဆိုပါ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး စုဖွဲ့လေ့ကျင့်မှုနှင့်
သရုပ်ပြသခြင်းဆောင်ရွက်ရာတွင် မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦး‌တင်မျိုးလွင်ဦးဆောင်၍ သန္ဓေနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များ ပါဝင်သည့် အင်အား ၃၅ဦးတို့ကသရုပ်ပြသခြင်းဆောင်ရွက်ခဲ့သည်။

05/05/2024

၇၈နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုအပ်ပါသည်။

Photos from FSD Thongwa's post 17/04/2024

🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
၁၇-၄-၂၀၂၄ရက်နေ့(မြန်မာနှစ်ဆန်းတစ်ရက်)နေ့(၁၇း၃၀)အချိန်တွင် သုံးခွမြို့နယ်မီးသတ်စခန်းတွင်ဆရာတော်သံဃာ(၅)ပါးပင့်ဖိတ်၍
အန္တရာယ်ကင်းပရိတ်တရားတော်များနာယူပြီး လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခဲ့ပါသည်။

Photos from FSD Thongwa's post 17/04/2024

၁၆.၄.၂၀၂၄ ရက်နေ့၊ ၂၁ ၃၅ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ နံယောကျေးရွာ၊ မြို့ရှောင်လမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သုံးခွမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး ထွက်ခွာလျက်ရှိပါသည်။
Update
၂၁ ၄၃ အချိန် မီးထိန်းပါသည်။
Update
၂၁ ၅၅ အချိန် မီးငြိမ်းပါသည်။

15/03/2024

မိမိနေအိမ်တွင် မီးဘေးအန္တရာယ် ကင်းဝေးစေရန်

၁။ အိမ်နှင့်ခြံဝင်းအတွင်း အမှိုက်သရိုက်များကို ရှင်းလင်းဖယ်ရှားထားပါ။

၂။ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ လှေကားများကို စနစ်တကျထားရှိပါ။

၃။ မီးငြှိမ်းသတ်ရန် သီးသန့်ရေလှောင်ထားပါ။

၄။ မီးသတ်ဆေးဘူးများ လုံလောက်စွာ ဆောင်ထားပါ။

၅။ လောင်စာဆီများ မသိုလှောင်ပါနှင့်။

၆။ လောင်စာဆီအနီး မီးခြစ်ခြင်း၊ ဖယောင်းတိုင်ထွန်းခြင်း မပြုလုပ်ပါနှင့်။

၇။ ခြင်ဆေးခွေ၊ အမွှေးတိုင်၊ ဖယောင်းတိုင်များကို အလွယ်တကူမီးမလောင်နိုင်သော အပူခံခွက်မပါဘဲ အသုံးမပြုပါနှင့်။

၈။ လူစောင့်မရှိဘဲ ဖယောင်းတိုင်၊ မီးခွက် ထွန်းမထားပါနှင့်။

၉။ ဆေးလိပ်တိုများကို မီးငြှိမ်းပြီးမှ စွန့်ပစ်ပါ။

၁၀။ နီးစပ်ရာ မီးသတ်စခန်းဖုန်းနံပါတ်များ၊ အရေးပေါ်ဆက်သွယ်ရန် ဖုန်းနံပါတ်များအား မြင်သာသောနေရာများတွင် ထားရှိပါ။

မီးဖိုအသုံးပြုလျှင်

၁။ လူစောင့်ထားပါ။

၂။ လောင်စာမီးအားကို လိုအပ်သည်ထက်ပိုမသုံးပါနှင့်။

၃။ မီးကြွင်းမီးကျန်များ ငြှိမ်းသတ်ပါ။

၄။ မီးဖိုနှင့် အမိုး၊ နံရံအကြား အပူခံအကာအရံများထားပါ။

ဘုရားမီး၊ အမွှေးတိုင်မီး ပူဇော်လျှင်

၁။ အပူခံခွက်ပြားအတွင်း ခိုင်မြဲအောင်ထွန်းပါ။

၂။ အမိုး၊ နံရံနှင့် မနီးကပ်ပါစေနှင့်။

၃။ ဘုရားပန်းခြောက်များ၊ ပလပ်စတစ်အိပ်အစများနှင့် နီးကပ်စွာမထားပါနှင့်။

လျှပ်စစ်ဓာတ်အားသုံးလျှင်

၁။ ဟောင်းနွမ်းနေသည့် လျှပ်စစ်မီးကြိုးများကို လဲလှယ်ပေးပါ။

၂။ လျှပ်စစ်ဒဏ်ခံကြိုး(Fuse)များကို ခံနိုင်သည်ထက် ပိုမထည့်ပါနှင့်။

၃။ လျှပ်စစ်မီးဖို၊ မီးပူများကို သုံးစွဲပြီးလျှင် (သို့) လျှပ်စစ်မီးပျက်လျှင် မီးခလုတ်ပိတ်ပြီး ပလပ်ခေါင်းဖြုတ်ထားပါ။

၄။ လျှပ်စစ်ဝါယာကြိုးများကို သတ်မှတ်ခံနိုင်ဝန်အားထက် ပိုမသုံးပါနှင့်။

၅။ ချို့ယွင်းနေသော လျှပ်စစ်ပစ္စည်းကိရိယာများကို မသုံးပါနှင့်။

၆။ လျှပ်စစ်ဝါယာရှော့ဖြစ်လျှင် ပင်မခလုတ်(Main)ကိုပိတ်ပြီး DCP မီးသတ်ဆေးဘူး၊ ခြောက်သွေ့သော အဝတ်/ပိတ်စ စသည်တို့ဖြင့် ရိုက်ပုတ်ဖုံးအုပ် ငြှိမ်းသတ်ပါ။

ဓာတ်ဆီဖြည့်လျှင်၊ ဓာတ်ဆီဖလှယ်လျှင်

၁။ စက်နှိုးထားစဉ် ဆီမထည့်ရ။

၂။ ဆီထည့်စဉ် လက်ကိုင်ဖုန်းမသုံးရ။

၃။ ဖယောင်းတိုင်မီးဖြင့်ကြည့်ခြင်း၊ ဆေးလိပ်သောက်ခြင်း မပြုလုပ်ရ။

၄။ ရာသီဥတုပူပြင်းချိန် ပလပ်စတစ်ပုံးသုံးခြင်းရှောင်ပါ။

၅။ လောင်စာဆီကို အင်ဂျင်ပန့်ဖြင့် တွန်းပို့ရွှေ့ပြောင်းခြင်း မပြုလုပ်ရ။

၆။ ပွတ်တိုက်မှု (Friction) မှ သဘာဝတည်ငြိမ်လျှပ်စစ် (Static Electricity) ဖြစ်ပေါ်တတ်မှုကြောင့် မီးလောင်နိုင်သည်။

မီးလောင်မှုဖြစ်၍ မီးခိုးအန္တရာယ်ကြုံတွေ့ရလျှင်

၁။ စိတ်ကို တည်ငြိမ်အောင်ထိန်း၍ ကြမ်းပြင်ပေါ်သို့ မှောက်ချပါ။

၂။ မိသားစုဝင်အားလုံးသိရှိအောင် အော်ဟစ်အကြောင်းကြားပါ။

၃။ တံခါးပေါက်သို့ လေးဘက်ထောက် (သို့) မိချောင်းတက် အနေအထားဖြင့် အမြန်ထွက်ခွာပါ။ မိသားစုအားလုံးအပြင်ရောက်လျှင် တံခါးပြန်ပိတ်ပါ။

၄။ လွတ်မြောက်နေရာသို့ အမြန်ထွက်ခွာရင်း ပတ်ဝန်းကျင်မှသိရှိအောင် အော်ဟစ် အကူအညီတောင်းပါ။ မီးလှန့်အချက်ပေးကိရိယာတပ်ဆင်ထားပါက မီးလှန့်အချက်ပေးခလုတ်အားနှိပ်ပါ။ မီးသတ်တပ်ဖွဲ့သို့ အမြန်ဆုံး အကြောင်းကြားပါ။

၅။ အသက်ရှူကိရိယာမရှိပါက လက်ကိုင်ပဝါ (သို့) အဝတ်ကို ရေစွတ်ပြီး နှာခေါင်းကိုပတ်၍ စည်းထားပါ။

၆။ အထပ်မြင့်အဆောက်အဦပေါ်မှ မီးဘေးလွတ်မြောက်ရန် ခုန်ချခြင်း မပြုလုပ်ရ။

၇။ အရေးပေါ်ထွက်ပောက်၊ အရေးပေါ်လှေကားမှ ဘေးလွတ်ရာသို့ ထွက်ခွာပါ။

MFSD

15/03/2024

🇲🇲 ပြည်သူလူထု၏ မီးဘေးနှင့်သဘာ၀ဘေးအန္တရာယ်များကို ကာကွယ်‌စောင့်ရှောက်နိုင်ရန်နှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကို ဝင်ရောက်ကြဖို့ ဖိတ်ခေါ်အပ်ပါသည်။
🚒🚒🚒

မီးသတ်တပ်သားသစ်(အမျိုးသား)ရာထူးနေရာသို့ လျောက်လွှာများခေါ်ယူနေပါသည်။

👨‍🚒 အသက် ၁၈ နှစ်ပြည့်ပြီး ၃၀နှစ် ထက် မကျော်လွန်သူ။
👨‍🚒 အခြေခံပညာအလယ်တန်းအဆင့် အောင်မြင်ပြီးသူ။
👨‍🚒 မီးသတ်တပ်ဖွဲ့ လုပ်ငန်းများကို စိတ်ပါ၀င်စားသူ။
👨‍🚒 အကျင့်စာရိတ္တကောင်းမွန်သူ။
👨‍🚒 အရပ် ၅' ၃"၊ ကိုယ်အလေးချိန် ၁၁၀ မှ ၁၃၀ ရှိသူ။
👨‍🚒 နိုင်ငံ့၀န်ထမ်းဥပဒေအရ ပြစ်ဒဏ်တစ်ခုခုကြောင့် ၀န်ထမ်းအဖြစ်မှ ထုတ်ပယ်ခံထားရသူ မဖြစ်စေရ။

လိုအပ်သည့် အချက်အလက်တွေကတော့ -

👨‍🚒 ကိုယ်ရေးဖောင် (နီးစပ်ရာမီးသတ်စခန်းများတွင် ရနိုင်ပါသည်။)
👨‍🚒 ရပ်ကွက် အုပ်ချုပ်ရေးမှူး ထောက်ခံချက်
👨‍🚒 ရဲစခန်း ထောက်ခံချက်
👨‍🚒 ဆေးထောက်ခံချက်(ဆေးအဆင့်(က) )
👨‍🚒 A ပိုးBပိုးCပိုး ဆေးစစ်လက်မှတ်
👨‍🚒 အလုပ်သမား မှတ်ပုံတင်
👨‍🚒 မှတ်ပုံတင် မိတ္တူ
👨‍🚒 ကျောင်းထောက်ခံချက်
👨‍🚒 လိုင်စင်ဓာတ်ပုံ ၅ ပုံ

👉နီးစပ်ရာ မြို့နယ်မီးသတ်စခန်းများတွင် လျှောက်ထားနိုင်ပါသည်။

👉မူရင်းလစာ ၁၄၄၀၀ဝိ+ရိက္ခာငွေ တစ်ရက် ၁၅၀ဝိ+ နိုင်ငံတော်မှအပိုဆောင်းထောက်ပံ့ငွေ ၅၀၀ဝဝိ/-
👉စုစုပေါင်း လစာငွေ ၂၄၀၀၀၀ ကျပ် ။
👉နေရာထိုင်ခင်း (လူပျိုဆောင်၊ အိမ်ထောင်သည်ဖြစ်ပါက မိသားစုလိုင်းခန်းပေးပါသည်။)
သုံးခွမြို့နယ်မီးသတ်ဦးစီးမှူးရုံး
☎ ၀၅၆ ၄၀၀၂၈
ဦးစီးအရာရှိ။ ၀၉ ၇၉၁၅၆၆၇၉၁
တပ်ကြပ်ကြီး။ ၀၉ ၇၉၉၃၈၈၇၉၁

Want your business to be the top-listed Government Service in Thongwa?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Maggin Street. 1 Ward
Thongwa
1131001