Shop The Secretariat

Call Directions Website Contact the organization

Shop The Secretariat For those who want to collect all the collections of cultural and historical gifts

🍳၂၀၁၇ ခုနှစ်မှာ မြန်မာနိုင်ငံအတွက် အရေးပါသော သမိုင်းဝင်နေ့ရက်တစ်ရက်ကို လူငယ် တွေရဲ့ မြင်ကွင်းမှတဆင့် ပြန်လည်ဖော်ပြခဲ့ကြပ...
02/10/2026

🍳၂၀၁၇ ခုနှစ်မှာ မြန်မာနိုင်ငံအတွက် အရေးပါသော သမိုင်းဝင်နေ့ရက်တစ်ရက်ကို လူငယ် တွေရဲ့ မြင်ကွင်းမှတဆင့် ပြန်လည်ဖော်ပြခဲ့ကြပါတယ်။

နှစ် (၇၀) ပြည့် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် The Secretariat Yangon မှ ဦးစီးပြီး ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျင်းပခဲ့တဲ့| မမေ့နိုင်သော အာဇာနည်နေ့ | ကလေးပန်းချီပြိုင်ပွဲ မှာ အသက် ၁၀ နှစ်မှ ၁၄ နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများ ပါဝင်ခဲ့ကြပြီး အမျိုးသားခေါင်းဆောင်များနှင့် အာဇာနည်နေ့ရဲ့ သမိုင်းကြောင်းကို လေ့လာမှတ်သားကာ မိမိတို့၏ အမြင်များဖြင့် ပန်းချီရေးဆွဲ ယှဉ်ပြိုင်ဖို့ The Secretariat Yangon မှ ဖိတ်ခေါ်ခဲ့ကြပါတယ်။

မြို့နယ်အသီးသီးမှ ပန်းချီလက်ရာ (၂၈၀) ကို လက်ခံရရှိခဲ့ပြီး အာဇာနည်နေ့ အကြောင်းအရာတွေ နဲ့ အာဇာနည် ခေါင်းဆောင်များအကြောင်းကိုဆီဆေး၊ ရေဆေး၊ ခဲတံ၊ မှင်တွေ နဲ့ ရေးဆွဲ ယှဉ်ပြိုင်ခဲ့ကြရင်း သူတို့တွေရဲ့ ကိုယ်ပိုင်အမြင်တွေနဲ့ ဖော်ပြခဲ့ကြပါသည်။
ဆုရပန်းချီလက်ရာတွေကို ယနေ့ကာလအထိ လာရောက်လည်ပတ်သူတွေ လေ့လာကြည့်ရှုနိုင်ရန် ထိန်းသိမ်းထားရှိပြီး သမိုင်းကြောင်းတွေကို လူငယ်တို့ရဲ့ မျက်လုံးတွေက တစ်ဆင့် ပြန်လည်ပြောပြနေဆဲဖြစ်ပြီး Tower 6, West Wing (အနောက်ဘက်ခြမ်းအဆောင်) The Secretariat Yangon မှာ ပြသထားပါတယ် ခင်ဗျ။

ကျနော်တို့ရဲ့ Guided Heritage Tour တွင် လိုက်ပါရင်း ပန်းချီလက်ရာတွေကို လာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျာ။

🍝The Secretariat Yangon (managed by the private group The Secretariat Conservation Group)  ရန်ကုန်မြို့လယ်ရှိ ကိုလိုနီခေ...
25/09/2026

🍝The Secretariat Yangon (managed by the private group The Secretariat Conservation Group) ရန်ကုန်မြို့လယ်ရှိ ကိုလိုနီခေတ် ဗိသုကာလက်ရာ အမြောက်အမြား တည်ရှိနေတဲ့ နှစ် (၁၃၀) ကျော်သက်တမ်းရှိ U-Shape ပုံစံဖြင့်တည်ဆောက်ထားသော ရှေးဟောင်းအမွေအနှစ်ဆိုင်ရာ နေရာတစ်ခုအဖြစ် သတ်မှတ်ခံထားရတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

The Secretariat Yangon (managed by the private group The Secretariat Conservation Group) တောင်ဘက်အခြမ်းမှာ တည်ရှိနေတဲ့ အဆောက်အဦး( မဟာဗန္ဓုလ လမ်းနှင့်အပြိုင် ) တွေကို ကိုလိုနီခေတ် ၁၈၈၉ ခုနှစ်မှ စတင်တည်ဆောက်ခဲ့ပြီး ၁၈၉၂ ခုနှစ်တွင် ပထမဆုံးသော တည်ဆောက်ပြီးစီးခဲ့တဲ့ အဆောက်အဦးအဖြစ်တည်ရှိနေတာပဲဖြစ်ပါတယ်။

ယခုအခါမှာ အများပြည်သူတွေလာရောက်လေ့လာနိုင်ဖို့ အသစ်ထပ်မံ ဖွင့်လှစ်လိုက်ပြီ ဖြစ်တဲ့ တောင်ဘက်ခြမ်းအဆောင် (South Wing) မဟာဗန္ဓုလ လမ်းနှင့်အပြိုင် ဘက်မှာ ဖွင့်လှစ်ထားတဲ့ ဥယျာဉ်ဝင်္ကပါ (The Maze)၊ ကျောက်တုံးဥယျာဉ် (Stone Garden) နဲ့ Heritage Market ကိုလည်း လာရောက်လေ့လာနိုင်ပါပြီနော်

📍 The Secretariat Yangon
🕘 Open daily, 9:00 AM – 5:00 PM

🎍 ACE Creative Art Program မှ တင်ဆက်ပြသမည့် — Emerging MultiplicityAmerican Center Yangon ရဲ့ ACE Creative Art Program မ...
23/09/2026

🎍 ACE Creative Art Program မှ တင်ဆက်ပြသမည့် — Emerging Multiplicity

American Center Yangon ရဲ့ ACE Creative Art Program မှ ပါဝင်ပြသမယ့် အနုပညာရှင်တွေရဲ့ လက်ရာတွေကို The Secretariat Yangon မှာဖွင့်လှစ်ထားတဲ့ Mula Art Gallery မှာ လာရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

အနုပညာရှင် ၂၄ ဦး ရဲ့ ပန်းချီ၊ Installation Art ၊ Performance Art တွေအပြင် ခေတ်ပြိုင်အနုပညာလက်ရာမျိုးစုံကို တစ်နေရာတည်းမှာ စုစည်းပြသထားမယ့် “Emerging Multiplicity” ပြပွဲမှာ မတူကွဲပြားတဲ့ ရှုမြင်ချက်တွေ နဲ့ ဖန်တီးမှုပုံစံအသစ်တွေကို ခံစားနိုင်မှာဖြစ်တဲ့အတွက်ကြောင့်
အနုပညာချစ်မြတ်နိုးသူများအားလုံးကို လာရောက်ကြည့်ရှုကြဖို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျာ။

📅 စက်တင်ဘာ ၂၅၊ ၂၆ နှင့် ၂၇ ရက်၊ ၂၀၂၆
📍 Mula Art Gallery | The Secretariat Yangon

ဖွင့်ပွဲအခမ်းအနားနှင့် Performance Art တင်ဆက်မှု
📅 စက်တင်ဘာ ၂၅ | နံနက် ၁၁:၀၀ မှ မွန်းလွဲ ၁၂:၃၀ အထိ

Artists’ Talk — အနုပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း
📅 စက်တင်ဘာ ၂၅၊ ၂၆ နှင့် ၂၇ | မွန်းလွဲ ၂:၀၀ နာရီ

🍛နားရက်တွေတိုင်းမှာ ချစ်ခင်နှစ်သက်ရတဲ့သူတွေနဲ့ အနုပညာလက်ရာတွေကို နှစ်နှစ်ခြိုက်ခြိုက် ခံစားချင်တယ်ဆိုရင်တော့ ဒီအပတ်မှာလည...
19/09/2026

🍛နားရက်တွေတိုင်းမှာ ချစ်ခင်နှစ်သက်ရတဲ့သူတွေနဲ့ အနုပညာလက်ရာတွေကို နှစ်နှစ်ခြိုက်ခြိုက် ခံစားချင်တယ်ဆိုရင်တော့ ဒီအပတ်မှာလည်း ရန်ကုန်မြို့လယ်က The Secretariat Yangon မှာ ဖွင့်လှစ်ထားတဲ့ Mula Art Gallery မှာ ပြပွဲအသစ် တင်ဆက်ပြသသွားမှာဖြစ်တဲ့အတွက်ကြောင့် လာရောက်လေ့လာကြည့်ရှုနိုင်ဖို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျ။

🥝နေ့ရက်
စက်တင်ဘာ ၁၉ မှ ၂၁ ရက်

🍏အချိန်
မနက် ၁၀:၀၀ နာရီ မှ နေ့လည် ၅ နာရီ

🫑နေရာ
MULA art gallery
The Secretariat Yangon
အမှတ် (၃၀၀)၊ သိမ်ဖြူလမ်း (အလယ်ဘလောက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်။

🍈ဝိတိုရိယခေတ် ဗိသုကာ လက်ရာတွေနဲ့ ပြည့်နှက်နေတဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ The Secretariat Yangon မှာ ဖွင့်လှစ်ထားတဲ့ သမိုင...
18/09/2026

🍈ဝိတိုရိယခေတ် ဗိသုကာ လက်ရာတွေနဲ့ ပြည့်နှက်နေတဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ The Secretariat Yangon မှာ ဖွင့်လှစ်ထားတဲ့ သမိုင်းဝင် နေရာများလေ့လာရေးခရီးစဉ် (Guided Heritage Renovation Tour) နဲ့ ကြည့်ရှုလေ့လာမယ်ဆိုရင် ဘယ်အကြောင်းအရာတွေကို လေ့လာရပြီး ဘယ်လိုနေရာတွေကို လိုက်လံ ကြည့်ရှုနိုင်မှာလဲ?

(၁) ပထမဦးဆုံးဥပဒေပြုကောင်စီအစည်းအဝေးကျင်းပခဲ့တဲ့ တိုင်းပြုပြည်ပြုလွှတ်တော် (The First Parliament) နဲ့ပတ်သက်တဲ့ စိတ်ဝင်စားဖွယ် သမိုင်းအကြောင်းအရာတွေကို လေ့လာနိုင်မှာဖြစ်ပါတယ်။

(၂) လွှတ်လပ်ရေးပထမဦးဆုံးအခမ်းအနားကျင်းပရာနေရာ နဲ့ ပထမဦးဆုံး အလံလွှင့်ထူခဲ့တဲ့နေရာ

(၃) အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ အထိမ်းအမှတ်ကျောက်တိုင် အကြောင်း

(၄) ဗိုလ်ချုပ်အောင်ဆန်း၏ ရုံးခန်း နှင့် အစည်းအဝေးခန်းမ တည်ရှိရာ သမိုင်းဝင် အနောက်ဘက်ခြမ်းအဆောင် ( West Wing) ရဲ့ အကြောင်းအရာတွေ

(၅) ကိုလိုနီခေတ်လက်ရာအများဆုံးပါဝင်တဲ့ ရှေးအကျဆုံးအပိုင်းဖြစ်တဲ့ တောင်ဘက်ခြမ်းအဆောင် (South Wing) နှင့်အတူ ဝိတိုရိယခေတ်အပြောက်အမွမ်းတွေနဲ့ ဖန်တီးထားတဲ့ နှစ်ထပ်ကြောင်လိမ်လှေကား ကို လေ့လာလည်ပတ်ခွင့်ရမယ့်အပြင်

(၆) လူသိနည်း ကွယ်ပျောက်နေသည့် ခေတ်အဆက်ဆက် သမိုင်းကြောင်းများစွာဖြင့် တည်ရှိနေသည့် အဆောက်အဦးကြီးများ၏ ဖြတ်သန်းခဲ့ရသည့် အစဉ်အလာများ၊ တည်ရှိခဲ့ပုံ တွေကို စုံစုံလင်လင် လေ့လာနိုင်မှာပဲဖြစ်ပါတယ်။

ဒီ သမိုင်းဝင် နေရာများလေ့လာရေးခရီးစဉ် (Guided Heritage Renovation Tour) ရဲ့ ticket counter ကို ပိတ်ရက်မရှိဖွင့်လှစ်ထားပြီး အနော်ရထာလမ်းဘက်အခြမ်း (အလယ်ဘလောက်) ဒါမဟုတ် မဟာဗန္ဓုလလမ်းဘက်အခြမ်း (အလယ်ဘလောက်) မှ လည်း Walk In သို့မဟုတ် ကြိုတင်စာရင်းပေးသွင်းပြီး လေ့လာလို့ ရနိုင်ပါတယ်ခင်ဗျာ။

>>>𝐆𝐮𝐢𝐝𝐞𝐝 𝐇𝐞𝐫𝐢𝐭𝐚𝐠𝐞 𝐓𝐨𝐮𝐫𝐬 Fees

🧊ဒီအပတ်မှာလည်း ရန်ကုန်မြို့လယ် The Secretariat Yangon မှာဖွင့်လှစ်ထားတဲ့ AIA Khit မှာ အေးအေးဆေးဆေး လာရောက်ကြည့်ရှုနိုင်မ...
16/09/2026

🧊ဒီအပတ်မှာလည်း ရန်ကုန်မြို့လယ် The Secretariat Yangon မှာဖွင့်လှစ်ထားတဲ့ AIA Khit မှာ အေးအေးဆေးဆေး လာရောက်ကြည့်ရှုနိုင်မယ့် Artist Co Thiee ရဲ့ “Soul of Life” ပြပွဲရှိနေမှာ ဖြစ်တဲ့အတွက်ကြောင့် အနုပညာလက်ရာတွေကို ကြည့်ရှုခံစားနိုင်ဖို့ ထပ်မံ ဖိတ်ခေါ်လိုက်ပါရစေ ခင်ဗျာ။

📋နေ့ရက်
စက်တင်ဘာ ၁၇ မှ ၁၉ ရက်

⌨️အချိန်
မနက် ၉:၀၀ နာရီ မှ နေ့လည် ၅ နာရီ

နေရာ
AIA Khit
Secretariat Yangon
အမှတ် (၃၀၀)၊ သိမ်ဖြူလမ်း (အလယ်ဘလောက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်။

▶️(သိမ်ဖြူလမ်းဘက်မှ ဝင်ရောက်ပါရန်)

🎋The Secretariat Yangon မှာ စက်တင်ဘာလရဲ့ အထူးပွဲတစ်ခုကို ကြိုဆိုဖို့ အဆင်သင့်ဖြစ်နေပါပြီ။  Daiichi Life Myanmar မှ ကြီးက...
14/09/2026

🎋The Secretariat Yangon မှာ စက်တင်ဘာလရဲ့ အထူးပွဲတစ်ခုကို ကြိုဆိုဖို့ အဆင်သင့်ဖြစ်နေပါပြီ။

Daiichi Life Myanmar မှ ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်မယ့် iki iki Wellness Festival ကို The Secretariat Yangon ရဲ့ Central Courtyard မှာ စက်တင်ဘာလ (၁၉) ရက်နေ့တွင် ကျင်းပသွားမှာ ဖြစ်ပါတယ်။

ကိုယ်ခန္ဓာကျန်းမာရေး၊ စိတ်ကျန်းမာရေးနဲ့ ငွေကြေးကျန်းမာရေးတို့ကို တစ်နေရာတည်းမှာ အတူတကွ လေ့လာခံစားနိုင်မယ့် Wellness Festival မှာ ပျော်ရွှင်စရာ activities တွေ၊ ငွေကြေးဆိုင်ရာ သိကောင်းစရာအစီအစဉ်တွေ၊ ဂိမ်းတွေ၊ Bazaar နဲ့ နာမည်ကြီးအနုပညာရှင်တွေရဲ့ Live Music တို့ကိုလည်း ခံစားနိုင်မှာ ဖြစ်ပါတယ်။

မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ သာယာလှပတဲ့ The Secretariat Yangon ရဲ့ အငွေ့အသက်ထဲမှာ အမှတ်တရကောင်းတွေ ဖန်တီးရင်း Wellness ကို အတူတကွ ဖြတ်သန်းလိုက်ကြရအောင်။ 💙
ပွဲကို အခမဲ့ဝင်ရောက်နိုင်တာမို့ စိတ်ဝင်စားသူတိုင်း လွတ်လပ်စွာ လာရောက်ပါဝင်နိုင်ပါတယ်။

📅 စက်တင်ဘာလ (၁၉) ရက်၊ စနေနေ့
🕰️ ညနေ ၄:၀၀ နာရီမှ ၈:၀၀ နာရီအထိ
📍 The Secretariat Yangon (Central Courtyard)

🐾၁၈၈၀ ပြည့်နှစ် နှောင်းပိုင်းမှာ တည်ဆောက်ခဲ့ပြီး နှစ်(၁၃၀)ကျော် သက်တမ်းရှိ ကိုလိုနီခေတ်လက်ရာတွေနဲ့ ပြည့်နှက်နေတဲ့ The Se...
11/09/2026

🐾၁၈၈၀ ပြည့်နှစ် နှောင်းပိုင်းမှာ တည်ဆောက်ခဲ့ပြီး နှစ်(၁၃၀)ကျော် သက်တမ်းရှိ ကိုလိုနီခေတ်လက်ရာတွေနဲ့ ပြည့်နှက်နေတဲ့ The Secretariat Yangon (Managed by the Secretariat Conservation Group) ကို လာရောက်လည်ပတ်တဲ့အခါ ဘယ်လိုအတွေ့အကြုံတွေကို ရရှိနိုင်မလဲ?

(၁) ၂၀ ရာစု ကိုလိုနီခေတ် ဗိသုကာ လက်ရာတွေနဲ့ ပြည့်နှက်နေတဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အဆောက်အဦးကြီများ၏ သမိုင်းဝင်အကြောင်းအရာများကို အသေးစိတ်လေ့လာနိုင်တဲ့ Guided Heritage Renovation Tour

(၂) အများပြည်သူလာရောက်လေ့လာနိုင်အောင် ဖွင့်လှစ်ပေးထားတဲ့ သိမ်ဖြူဘက်ခြမ်း ရှိ အရှေ့ဘက်အဆောင် (East Wing) မှာ ကော်ဖီသောက်ရင်း၊ ဝန်ကြီးများရုံးအမှတ်တရပစ္စည်းတွေကို ကြည့်ရင်း ခမ်းနားထည်ဝါတဲ့ အဆောက်အဦးကြီးကို နောက်ခံထားရင်း ဓာတ်ပုံရိုက်ကြမယ်

(၃) မဟာဗန္ဓုလဘက်ခြမ်းမှာရှိတဲ့ တောင်ဘက်ခြမ်းအဆောင် (South Wing) ဘက်မှာ ထပ်မံတိုးချဲ့ဖွင့်လှစ်လိုက်တဲ့ ဥယျာဉ်ဝင်္ကပါ (The Maze)၊ ကျောက်တုံးဥယျာဉ် (Stone Garden)၊ Say Cheese Myanmar မှာ ဝတ်စုံအသစ်သစ်တွေနဲ့ ဓာတ်ပုံရိုက်ကြမယ်။ Heritage Market က local made လေးတွေကို တစ်နေရာတည်းမှာလျှောက်ကြည့်ကြမယ်။

(၄) ပြီးရင် အနော်ရထာဘက်ခြမ်းမှာ ရှိတဲ့ မြောက်ဘက်ခြမ်းအဆောင် (North Wing) က စားသောက်ဆိုင်တန်းတွေမှာ အဆာပြေ အနားယူအပန်းဖြေ စားသောက်ကြမယ်။

ဒီလိုတွေ တစ်နေရာတည်းမှာ လေ့လာကြည့်ရှုရမယ့် The Secretariat Yangon (Managed by the Secretariat Conservation Group) ကို ပိတ်ရက်မရှိ မနက် (၉) နာရီ မှ ညနေ (၅) နာရီထိ ဖွင့်လှစ်ထားတာကြောင့် လာရောက်လေ့လာဖို့ကို ဖိတ်ခေါ်လိုက်ပါရစေ ခင်ဗျာ။

🫔ဒီ Weekend မှာလည်း ရန်ကုန်မြို့လယ်က The Secretariat Yangon မှာ စိတ်ဝင်စားဖို့ကောင်းတဲ့ အစီအစဉ်လေးတစ်ခု ရှိပါတယ်ဗျ။ထားဝယ...
10/09/2026

🫔ဒီ Weekend မှာလည်း ရန်ကုန်မြို့လယ်က The Secretariat Yangon မှာ စိတ်ဝင်စားဖို့ကောင်းတဲ့ အစီအစဉ်လေးတစ်ခု ရှိပါတယ်ဗျ။

ထားဝယ်ဒေသရဲ့ အမွေအနှစ်တွေကို စုဆောင်းထားရှိသူများရဲ့ ရက်ကန်းအဆင်တွေ၊ ယနေ့ကာလမှာ ထားဝယ်ဒေသရဲ့ တစ်ဦးတည်း ကျန်ရှိတဲ့ လက်ရက်ကန်းပညာရှင်ရဲ့ လက်ရက်ကန်းအဆင်တွေ အပြင် ရန်ကုန်အခြေစိုက် အထည်အလိပ်ဒီဇိုင်နာတွေ နဲ့ တီထွင်ဖန်တီးသူတို့ရဲ့ လက်ရာတွေကို တစ်နေရာတည်းမှာ ကြည့်ရှုလေ့လာနိုင်မယ့် ရှင်သန်နေသောအမွေအနှစ်များ-ထားဝယ် ပြပွဲကို Mula ပန်းချီပြခန်းမှာ ပြုလုပ်သွားမယ့်အတွက်ကြောင့် လာရောက်ကြည့်ရှုကြဖို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျာ။

ပြပွဲအစီအစဉ်အသေးစိတ်ကတော့ -

🚖၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက် (စနေနေ့) မှ ၁၃ ရက် (တနင်္ဂနွေနေ့)
🛝မနက် ၁၀:၀၀ နာရီ မှ ညနေ ၅း၀၀ နာရီ အထိ
🎠Mula Art Gallery (The Secretariat Yangon)

🪶The Secretariat Yangon (managed by the private group The Secretariat Conservation Group) အဆောက်အဦးကြီးများကို မူလအနေအထာ...
05/09/2026

🪶The Secretariat Yangon (managed by the private group The Secretariat Conservation Group) အဆောက်အဦးကြီးများကို မူလအနေအထားနှင့် အနီးစပ်ဆုံးပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်ရန်အတွက် The Secretariat Conservation Group မှ ပြည်တွင်းပြည်ပမှ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် ပူးပေါင်းပြီး အပိုင်းလိုက် ပြန်လည်ပြုပြင်ထိန်းသိမ်းလျက်ရှိပါတယ်။

မြေဧရိယာအကျယ်အဝန်း (၁၆) ဧကနီးပါး ကျယ်ဝန်းသော မြေနေရာပေါ်တွင် တည်ဆောက်ထားတဲ့ ဗိသုကာလက်ရာများစွာရှိနေတဲ့ အဆောက်အဦးတွေ ဖြစ်တဲ့အတွက်ကြောင့် နဂိုမူလလက်ရာ အတိုင်းပြန်လည် ထိန်းသိမ်းခြင်း လုပ်ငန်းများကို အချိန်ပေးပြီး လုပ်ဆောင်ခဲ့ရပါတယ်။

သမိုင်းတန်ဖိုးကြီးမားတဲ့ ဗိသုကာလက်ရာများတွေ နဲ့ ရှေးဟောင်း အငွေ့အသက်များကို ထိန်းသိမ်းထားရင်း၊ ယနေ့မှာတော့ ဒီအဝင်းအဝိုင်းအတွင်းမှာ အနုပညာ၊ ယဉ်ကျေးမှု၊ ဖန်တီးမှုတွေ ဆုံစည်းရာ နေရာတစ်ခုအဖြစ် တဖြည်းဖြည်း ပုံဖော်လာနေပါတယ်။

ဒါကြောင့် အခွင့်အခါကြုံရင် ချစ်ရတဲ့ မိတ်ဆွေ၊ အပေါင်းအသင်းတွေ နဲ့ လာရောက်လေ့လာကြဖို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျာ။

Address

No. 300 Thein Phyu Road, Botahtaung Township
Yangon

Alerts

Be the first to know and let us send you an email when Shop The Secretariat posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Shop The Secretariat:

Shortcuts

Share