Shop The Secretariat

Shop The Secretariat

Share

For those who want to collect all the collections of cultural and historical gifts
#thesecretariatya

Photos from Shop The Secretariat's post 29/05/2026

🚥The Secretariat Yangon (under management of the private organization, The Secretariat Conservation Group) အဝန်းအဝိုင်းအတွင်းရှိ အဆောက်အဦးတွေကို Load-Bearing System နဲ့ (၂) ထပ်အဆောက်အဦး (၆) ခု နှင့် (၃) ထပ်အဆောက်အဦး (၇) ခုတို့ကို ချိတ်ဆက်တည်ဆောက်ထားခဲ့ပြီး အပြောက်အမွမ်း ဗိသုကာ လက်ရာတွေနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခုဆိုလည်း မမှားပါဘူးဗျ။

ဒီကနေ့မှာ မျှဝေလိုတဲ့ အခန်းကဏ္ဍကတော့ မိုးများတဲ့ ကာလတွေမှာ အဆောက်အဦးကြီးများ အတွက် အရေးကြီးတဲ့ နေရာကနေ ပါဝင်နေတဲ့ Rainwater System အကြောင်းအရာဖြစ်ပါတယ်ခင်ဗျာ။

The Secretariat Yangon ကို ၁၈၈၀ ပြည့်နှစ် နှောင်းပိုင်းမှာ တည်ဆောက်ခဲ့တဲ့အတွက်ကြောင့် ၂၀ ရာစုခေတ် ဗိသုကာလက်ရာတွေနဲ့ ပြည့်နှက်နေပြီး Rainwater System မှာလည်း ယနေ့ခေတ် အဆောက်အဦးတွေရဲ့ တည်ဆောက်ပုံနှင့် မတူပဲ တမူထူးခြားစွာ တည်ရှိနေပါတယ်။ ၂၀ ရာစုခေတ် အဆောက်အဦးတွေရဲ့ Rainwater System ဟာ အဆောက်အဦးရဲ့ ခေါင်မိုးက မိုးရေတွေအားလုံးကို အဆောက်အဦးအောက်ခြေ မြေကြီးအတွင်း စီးဆင်းစေတဲ့ စနစ် ကို အသုံးပြုခဲ့ကြပါတယ်။

ဒီနေ့တွေမှာတော့ The Secretariat Yangon ရဲ့ Rainwater Drainage Systemကို The Secretariat Conservation Group မှ နိုင်ငံခြားပညာရှင်များ၏ အကြံပေးချက်တွေနဲ့ ခေတ်မှီနည်းပညာများ အသုံးပြုပြီး ရန်ကုန်မြို့စည်ပင်သာယာရေးကော်မတီ ရဲ့ ရေမြောင်းများသို့ စီးဆင်းစေသော Drainage System ဖြင့် စနစ်တကျ ပြန်လည်ပြုပြင် ထိန်းသိမ်းထားခဲ့ပါတယ်။

သမိုင်းကြောင်းများစွာဖြင့် တည်ရှိနေသည့် အဆောက်အဦးကြီးများ၏ ဖြတ်သန်းခဲ့ရသည့် အစဉ်အလာများ၊ တည်ရှိခဲ့ပုံ တို့ကို The Secretariat Yangon (under management of the private organization, The Secretariat Conservation Group) အဆောက်အဦးကြီများကို လာရောက်လေ့လာသူများအနေဖြင့် စုံလင်စွာ တိတိကျကျ သိရှိလေ့လာချင်သူများအတွက် The Secretariat Yangon (by the private organization management named The Secretariat Conservation Group) ၏ Asia Tours Myanmar မှ ကျွမ်းကျင် ဝန်ထမ်းများဖြင့် လိုက်လံ ရှင်းပြပေးနေပါပြီခင်ဗျာ….

📍 Secretariat Yangon

>>>𝐆𝐮𝐢𝐝𝐞𝐝 𝐇𝐞𝐫𝐢𝐭𝐚𝐠𝐞 𝐓𝐨𝐮𝐫𝐬

Photos from Shop The Secretariat's post 27/05/2026

🌈ရန်ကုန်မြို့လယ်က The Secretariat Yangon ဟာ သမိုင်းကြောင်းရာတွေ ကိုလေ့လာလည်ပတ်စရာ နေရာတစ်ခုတည်းမဟုတ်ဘဲ ချစ်ရတဲ့ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ တခဏတာ တွေ့ဆုံနိုင်တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်ခင်ဗျာ။

The Secretariat Yangon အဝန်းအဝိုင်းအတွင်းက စားသောက်ဆိုင်တွေ၊ café တွေ နဲ့ dining spaces တွေဟာ မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူတူ အေးအေးဆေးဆေး ဖြတ်သန်းနိုင်တဲ့အတွက်ကြောင့် အခွင့်အခါကြုံရင် လာရောက်လည်ပတ်ကြဖို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျာ။

Photos from Shop The Secretariat's post 22/05/2026

🐚ဒီနေ့မှာတော့ ထုထည်ကြီးမားတဲ့ အဆောက်အဦးတွေ အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခု အနေဖြင့်ပါဝင်နေတဲ့ Dome Roof Structure အကြောင်းကို ပြောပြပေးချင်ပါတယ်ခင်ဗျာ။

The Secretariat Yangon (under management of the private organization, The Secretariat Conservation Group) ကို U-Shape ပုံစံဖြင့်တည်ဆောက်ထားပြီး အဆောင် (၁)ခု နဲ့ (၁)ခုကို Tower (၇) ခု ဖြင့် ဆက်စပ်တည်ဆောက်ထားခဲ့ပါတယ်။ ဒီ Tower တွေရဲ့ ဗဟိုအမိုးခုံး ( The Central Dome ) ကို တည်ဆောက်ပုံကတော့ ယနေ့ခေတ် အဆောက်အဦးတွေရဲ့ တည်ဆောက်ပုံနဲ့ မတူညီပဲ တမူထူးခြားစွာတည်ရှိနေပါတယ်။

ဗဟိုအမိုးခုံး ( The Central Dome ) တွေအားလုံးကို အုတ်ချပ်တွေနဲ့ တည်ဆောက်ထားရှိခဲ့ပေမယ့် ၁၉၃၀ ခုနှစ်မှာ လှုပ်ခတ်ခဲ့တဲ့ ပဲခူးငလျင်ကြောင့် ပြိုကျပျက်စီးခဲ့ပြီး နောက်ပိုင်း Steel, cast-iron, and timber structure တွေနဲ့ ပေါင်းစပ်ပြီးပြန်လည် တည်ဆောက်ထားခဲ့တာဖြစ်ပါတယ်။

လူသိနည်း ကွယ်ပျောက်နေသည့် ခေတ်အဆက်ဆက် သမိုင်းကြောင်းများစွာဖြင့် တည်ရှိနေသည့် အဆောက်အဦးကြီးများ၏ ဖြတ်သန်းခဲ့ရသည့် အစဉ်အလာများ၊ တည်ရှိခဲ့ပုံတို့ကို အသေးစိတ်သိရှိချင်တဲ့ လူကြီးမင်းများအတွက် The Secretariat Yangon (by the private organization management named The Secretariat Conservation Group) ၏ Asia Tours Myanmar မှ ကျွမ်းကျင် ဝန်ထမ်းများဖြင့် လိုက်လံ ရှင်းပြပေးနေပါပြီခင်ဗျာ….
📍 Secretariat Yangon

>>>𝐆𝐮𝐢𝐝𝐞𝐝 𝐇𝐞𝐫𝐢𝐭𝐚𝐠𝐞 𝐓𝐨𝐮𝐫𝐬

Photos from Shop The Secretariat's post 21/05/2026

🍦ရန်ကုန်ရဲ့ မြို့လယ် က The Secretariat Yangon အတွင်းရှိ Victoria Meeting Room 1 မှာတော့ အစည်းအဝေးတွေ၊ ဆွေးနွေးပွဲတွေ၊ workshop တွေနဲ့ လူဦးနေရေကန့်သတ်ထားတဲ့ group sessions တွေအတွက် သင့်တော်ပြီး သက်တောင့်သက်သာရှိတဲ့ နေရာတစ်ခုအဖြစ် တည်ရှိနေပါတယ်။

လိုသလိုကန့်သတ်ရယူနိုင်တဲ့ အကျယ်အဝန်းတွေ နဲ့ တိတ်ဆိတ်ငြိမ်သက်တဲ့အငွေ့အသတ်တွေကြောင့် အတွေးအမြင်တွေ ဖလှယ်ရင်း၊၊ ချိတ်ဆက်ဆွေးနွေးကြရာမှာ အဆင်ပြေစေမယ့် နေရာတစ်ခုဖြစ်ပါတယ်ခင်ဗျာ။

အသေးစိတ်အချက်အလက်များနှင့် booking enquiries များအတွက် ကျနော်တို့ရဲ့ Function & Event Office ကိုဆက်သွယ်ဖို့ဖိတ်ခေါ်ပါရစေခင်ဗျာ။

The Secretariat Yangon
Function & Event Office
9:00 AM To 5:00 PM ( OPEN DAILY )

Cho Cho Myint (Ms.), Catering Director
+95 9 509 5167 | email: [email protected]

Nyein Htet Htet Aung (Ms.), Banquet Sales Manager
+95 9 431 928 37 | email: [email protected]

OFFICE TEL: +95 9 45 111 8212

Photos from Shop The Secretariat's post 17/05/2026

🎋The Secretariat Yangon မှာ အတူလက်တွဲလုပ်ကိုင်နိုင်မယ့် team members တွေကို ရှာဖွေလျက်ရှိပါတယ်ခင်ဗျာ။

လက်ရှိ ခေါ်ယူနေသော position တွေကတော့

• Landscaping Attendants
• Housekeeping Attendants
• Security Guards

The Secretariat Yangon ရဲ့ shared heritage space ကို အတူတကွ ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့အတွက် လျှောက်ထားကြဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

အသေးစိတ်သိရှိလိုပါက Page Messenger မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

Photos from Shop The Secretariat's post 16/05/2026

🎀Some occasions deserve a setting that feels timeless.

သွားလာရလွယ်ကူပြီး ကားရပ်နားဖို့ စိတ်အနှောင့်အယှက်ဖြစ်စရာမလို့တဲ့ ရန်ကုန်မြို့လယ်က The Secretariat Yangon ရဲ့ Victoria Grand Ballroom မှာ အမှတ်တရဖြစ်ရတဲ့ အထိမ်းအမှတ်တွေ၊ တွေ့ဆုံပွဲတွေအတွက် လှပတင့်တယ်တဲ့ နေရာတစ်ခုအဖြစ် တည်ရှိနေပါတယ်။

မူလအငွေ့အသက်လက်ရာတွေဖြစ်တဲ့ ဝိတိုရိယဆန်ဆန် မြင့်မားတဲ့ မျက်နှာကြက်တွေ၊ ဂန္ထဝင်ဗိသုကာဆန် အနုစိတ်လက်ရာတွေ ပျောက်ကွယ်သွားခြင်းမရှိအောင် ပြန်လည်ပြုပြင်ထိန်းသိမ်းထားတဲ့ The Secretariat Yangon မှာ လိုက်လျောညီထွေ အသုံးပြုနိုင်တဲ့ အပြင်အဆင်တွေနဲ့အတူ ပြည့်စုံတဲ့ ဝန်ဆောင်မှုတွေကို ရှာဖွေနေတယ်ဆိုရင်တော့ ကျနော်တို့ရဲ့ Function & Event Office ကိုဆက်သွယ်ဖို့ဖိတ်ခေါ်ပါရစေခင်ဗျာ။

The Secretariat Yangon
Function & Event Office
9:00 AM To 5:00 PM ( OPEN DAILY )
Cho Cho Myint (Ms.), Catering Director
+95 9 509 5167 | email: [email protected]

Nyein Htet Htet Aung (Ms.), Banquet Sales Manager
+95 9 431 928 37 | email: [email protected]

OFFICE TEL: +95 9 45 111 8212

Photos from Shop The Secretariat's post 15/05/2026

🧳The Secretariat Yangon (under management of the private organization, The Secretariat Conservation Group) အဆောက်အဦးကြီးများသည် ၁၈၀၀ ပြည့်နှစ် နှောင်းပိုင်းမှာ တည်ဆောက်ခဲ့ပြီး တည်ဆောက်ရာမှာ အသုံးပြုခဲ့တဲ့ ပစ္စည်းတွေဟာလည်း ယနေ့အချိန်ထိ တမူထူးခြားစွာတည်ရှိနေဆဲ ဖြစ်ပါတယ်။

ထိုခေတ်အခါက အဆောက်အဦးတော်တော်များများရဲ့ ခေါင်မိုးတွေမှာ အုပ်ကြွပ်အမိုးတွေကို အသုံးပြုခဲ့ကြတာကြောင့် The Secretariat Yangon ရဲ့ ခေါင်မိုးတွေကိုလည်း အုပ်ကြွပ်အမိုးများကို အသုံးပြုတည်ဆောက်ခဲ့ပါတယ်။

ဒီခေါင်မိုးတွေကို Marseilles and Mangalore tiles (အုပ်ကြွပ်အမိုး) အမျိုးအစားကို အသုံးပြုခဲ့ကြပြီး ခေါင်မိုးရဲ့ ဧရိယာအကျယ်အဝန်းဟာ ကျယ်ပြန့်လွန်းတဲ့အတွက်ကြောင့် အုပ်ကြွပ်အမိုးတွေကို ပြင်သစ်၊ အင်္ဂလန်၊ ဆွစ်ဇလန် နဲ့ အိန္ဒိယနိုင်ငံတွေက တဆင့် မှာယူတင်သွင်းပြီး တည်ဆောက်ခဲ့ပါတယ်။

လူသိနည်း ကွယ်ပျောက်နေသည့် ခေတ်အဆက်ဆက် သမိုင်းကြောင်းများစွာဖြင့် တည်ရှိနေသည့် အဆောက်အဦးကြီးများ၏ ဖြတ်သန်းခဲ့ရသည့် အစဉ်အလာများ၊ တည်ရှိခဲ့ပုံတို့ကို အသေးစိတ်သိရှိချင်တဲ့ လူကြီးမင်းများအတွက် The Secretariat Yangon (by the private organization management named The Secretariat Conservation Group) ၏ Asia Tours Myanmar မှ ကျွမ်းကျင် ဝန်ထမ်းများဖြင့် လိုက်လံ ရှင်းပြပေးနေပါပြီခင်ဗျာ….

📍 Secretariat Yangon
>>>𝐆𝐮𝐢𝐝𝐞𝐝 𝐇𝐞𝐫𝐢𝐭𝐚𝐠𝐞 𝐓𝐨𝐮𝐫𝐬

Photos from Shop The Secretariat's post 13/05/2026

🧁A new chapter is gradually taking shape at the South Wing of The Secretariat Yangon.

The Secretariat Yangon ရဲ့ South Wing (တောင်ဘက်ခြမ်း) မဟာဗန္ဓုလလမ်းဘက်ခြမ်း ရဲ့ တစ်စိတ်တစ်ဒေသကို လူထုအခြေပြု လှုပ်ရှားမှုတွေ နဲ့ အနုပညာယဉ်ကျေးမှုဆိုင်ရာ အစီအစဉ်မျတွေအတွက် Cultural Wing အဖြစ် တဖြည်းဖြည်း အသက်ဝင်လာနိုင်ဖို့ ပြင်ဆင်နေပါတယ်ခင်ဗျာ။

နောင်ကာလတွေမှာ အများပြည်သူ ပါဝင်ဆက်နွယ်နိုင်မယ် community-based activities တွေ၊ cultural programs တွေ နဲ့ အသစ်သစ်သော အတွေ့အကြုံတွေကို South Wing (တောင်ဘက်ခြမ်း) မှာ ဖန်တီးသွားဖို့ ရည်ရွယ်ထားပြီး The Secretariat Yangon အတွက် စိတ်လှုပ်ရှားဖွယ်ရာ အသစ်များစွာ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်ခင်ဗျာ။

Stay tuned as the South Wing slowly comes to life.

Photos from Shop The Secretariat's post 08/05/2026

🌈 သင့်တော်တဲ့ပတ်ဝန်းကျင်က အဓိပ္ပာယ်ရှိတဲ့အလုပ်တွေကို ပိုမိုထိရောက်စွာ ပံ့ပိုးပေးနိုင်ပါတယ်။

ရန်ကုန်မြို့လယ်က The Secretariat Yangon က ရုံးခန်းနေရာထိုင်ခင်းတွေဟာ အာရုံစူးစိုက်နိုင်ဖို့လိုအပ်တဲ့ ပညာရေးအဖွဲ့အစည်းတွေ၊ အကြံပေးဝန်ဆောင်မှုလုပ်ငန်းတွေ နဲ့ ပရော်ဖက်ရှင်နယ်လုပ်ငန်းအဖွဲ့အစည်းတွေ အတွက် အထူးသင့်လျော်သော ပတ်ဝန်းကျင်တစ်ခုဖြစ်ပါတယ်။

ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ နေရာဖွဲ့စည်းမှုပုံစံတွေကြောင့် လုပ်ငန်းလိုအပ်ချက်တွေ နဲ့ ကိုက်ညီအောင် စိတ်ကြိုက် ပြင်ဆင်အသုံးပြုနိုင်ပါတယ်။

We welcome enquiries from organisations seeking a purposeful working environment.

The Secretariat Yangon
9:00 AM To 5:00 PM ( Monday - Friday )
⇒ RECEPTION TEL: +95 9 45 688 3044
Ngu Kay Khine (Ms.), Chief Operation Officer
+95 9 450 019 849 | email: [email protected]

Photos from Shop The Secretariat's post 08/05/2026

🌺နှစ်ပေါင်း [၁၃၀] ကျော် သက်တမ်းရှိ ရှေးဟောင်းအမွေအနှစ် ဖြစ်တဲ့ The Secretariat Yangon (under management of the private organization, The Secretariat Conservation Group) အဆောက်အဦးတွေကို ဝိတိုရိယခေတ်မှာ တည်ဆောက်ပြီးစီးခဲ့ပါတယ်။ ဒါကြောင့် ဝိတိုရိယဗိသုကာလက်ရာတွေ အမြောက်အမြားပါဝင်ခဲ့ပြီး ထိုခေတ်အခါက တည်ဆောက်မှုအပိုင်းတွေမှာ အသုံးပြုခဲ့ရတဲ့ ပစ္စည်းတွေဟာလည်း ယနေ့တိုင် ထူးခြားစွာ တည်ရှိနေပါတယ်။

ထိုခေတ်ကာလ မှာ The Secretariat Yangon (under management of the private organization, The Secretariat Conservation Group) အဆောက်အဦးတွေကို စတင်ဆောက်လုပ်ရာမှာ အသုံးပြုခဲ့တဲ့ သံအမျိုးအစားကတော့ Cast-Iron တွေပဲဖြစ်ပါတယ်။

ဂိတ်တံခါးတွေ၊ ခြံစည်းရိုးတွေ၊ ခေါင်မိုးသံတိုင်တွေ၊ ပိုက်လိုင်းတွေ၊ ဂိတ်တံခါးတွေရဲ့ သံလမ်းတွေ နဲ့ အခြားသော သံထည်တွေအားလုံးကို Cast-Iron တွေ အသုံးပြုပြီး တည်ဆောက်ခဲ့ပါတယ်။ ဒီသံထည် တွေအားလုံးရဲ့ Design patterns များကိုတော့ England နိုင်ငံအခြေစိုက် WALTER MACFARLANE & Co. မှ မှာယူတည်ဆောက်ထားခြင်းပဲဖြစ်ပါတယ်။

ဒီနေ့ ဒီအချိန်မှာတော့ The Secretariat Conservation Group မှ နိုင်ငံခြား အသိပညာရှင်၊ အတတ်ပညာရှင်တွေရဲ့ အကြံပေးမှုတွေနဲ့အတူ မူလလက်ရာအတိုင်း ထိန်းသိမ်းပြုပြင်ထားတာ ကိုတွေ့ရမှာပဲဖြစ်ပါတယ်။

အဆောက်အဦး၏သမိုင်းကြောင်းများကို ကိုယ်တိုင်လာရောက်လေ့လာနိုင်ပြီဖြစ်ပြီး အသေးစိတ်သိရှိချင်တဲ့ လူကြီးမင်းများအတွက် The Secretariat Yangon (by the private organization management named The Secretariat Conservation Group) ၏ Asia Tours Myanmar မှ ကျွမ်းကျင် ဝန်ထမ်းများဖြင့် လိုက်လံ ရှင်းပြပေးနေပါပြီခင်ဗျာ….

📍 Secretariat Yangon
>>>𝐆𝐮𝐢𝐝𝐞𝐝 𝐇𝐞𝐫𝐢𝐭𝐚𝐠𝐞 𝐓𝐨𝐮𝐫𝐬

Photos from Shop The Secretariat's post 07/05/2026

🐲We’re Hiring! Chief Accountant & HR Manager
We are currently looking for qualified and motivated professionals to join our team for the positions of Chief Accountant and HR Manager.

If you are an experienced individual with a strong professional background in accounting or human resources, excellent communication skills, and a proactive working attitude, we would love to hear from you.

If you are ready to take the next step in your career and join a dynamic and growing organization, please submit your application today.

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address


No. 300 Thein Phyu Road, Botahtaung Township
Yangon