04/05/2020
ရုံးပိတ်ရက် တိုးမြှင့်ကြောင်း ကြေငြာခြင်း။
Covid-19 ပြင်းထန်ကူးစက်ရောဂါ ကာကွယ်ရေးအတွက် ကျွန်တော်တို့ MY WAY Delivery Service အား April 30 ရက်နေ့အထိ ပိတ်ရက်အဖြစ် သတ်မှတ်ထားပါသည်။သို့သော် ယခုအချိန်တွင် ပြည်တွင်းကူးစက်မှု အခြေနေများကြောင့် ရုံးပိတ်ရက်အား May 15 (မေလ ၁၅ရက်) နေ့ထိ တိုးမြှင့်သတ်မှတ်ကြောင်း MY WAY Delivery Service ၏ မိတ်ဖက် စီးပွားရေးလုပ်ငန်းရှင်များအား အသိပေးအကြောင်းကြားအပ်ပါသည်။
18/04/2020
*** ဧပြီလကုန်ထိပိတ်စေချင်ပါတယ်
လိုင်းကားနဲ့ လာရမယ့် သူတွေနေရာက နေကြည့်ရင် ဘယ်လိုမှ ခံစားလို့မရပါဘူး အိမ်ကမိသားစုလဲ စိတ်မချမ်းသာနိုင်ပါဘူး။
( ခဏ ထပ်ပိတ်လို့ ဆုံးရှူံးနစ်နာမှုကို ပြန်လိုက်၍ ရနိုင်ပြီး မပိတ်လိုက်လို့ ရက် အများကြီး ဆွဲဆံ့ သွားရင် မလိုက်နိုင်သော ဆုံးရှူံးမှုဟု ယူဆ၍ သဘောတူ Copy ပြုလုပ်ခြင်း )
ဒီစာသားအတိုင်း သင်ရဲ့ စာမျက်နှာမှာ copy paste လုပ်ပြီး တင်ပေးပါ။
Covid-19 ကူးစက်မှာ ကြောက်လို့ ရန်ကုန်တိုင်းရှိ အစိုးရရုံး ကုမ္ပဏီ စက်ရုံ အလုပ်ရုံတွေကို ခေတ္တ ပိတ်စေချင်ပါတယ်။ ခေတ္တ ပိတ်စေချင်ရင် ဒီစာကို တင်ပေးပါ။
သင်ရဲ့ ဆန္ဒအမှန်ကို ထုတ်ဖော်ပေးပါ။
Like လုပ်ပေးတာ မလိုချင်ပါ။
ဒီစာသားအတိုင်း ပြန်တင်ပေးဖို့ပါ။
ဘာပုံမှ မတင်ဘဲ တောင်းဆိုပါတယ်။
ကိုယ့်ကိစ္စ အတွက် ကိုယ်ကိုယ်တိုင် ဘယ်လောက် အားထုတ်လဲ သိချင်လို့ပါ။
crd #
05/04/2020
Mask တပ်ထားတိုင်းမကူးတော့ဘူးလို့ ယူဆလို့မရဘူးနော်
Coronavirus က ကျွန်တော်တို့နေ့စဉ်သုံးနေတယ့် အသုံးအဆောင်တွေမှာ ပိုမိုတွယ်ကပ်ပြီး အချိန်ကြာမြင့်စွာ နေနိုင်သည့်အတွက် လက်ဆေးဖို့မမေ့ကြပါနဲ့ခင်ဗျာ
အသုံးအဆောင်ပစ္စည်းတွေ ကိုင်ပြီးတိုင်းလဲ လက်ဆေးကြပါခင်ဗျာ
01/04/2020
-ရန်ကုန်မြို့တွင်းကျွမ်းကျင်စွာသွားလာနိုင်ရမည်။
-ပညာအရည်ချင်း အနိမ့်ဆုံး အလယ်တန်းအောင်ဖြစ်ရမည်။
-စကားပြောဆိုလိမ္မာပါးနပ်ရမည်။
-စာရိတ္တအထူးကောင်းမွန်သူဖြစ်ရမည်။
-ကျန်းမာရေးကောငးမွန်သူဖြစ်ရမည်။
-အသက် 18 - 26 နှစ်အတွင်း လျှောက်ထားနိုင်သည်။
-မြောက်ဒဂုံ နှင့်အနီးတဝိုက်အတွင်းနေထိုင်သူများ ဦးစားပေးခန့်ထားမည်။
-ဆက်သွယ်မေးမြန်းလိုပါက 09-453125954 သို့ ဆက်သွယ်နိုင်ပါသည်။
25/03/2020
မြန်မာ့ နှစ်သစ်ကူး အချိန်အခါ သမယ မှာ MY WAY မှ မိတ်ဟောင်း မိတ်သစ် customer များ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေကြောင်း MY WAY မိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် ခင်ဗျာ🙏🙏😊
MY WAY Team မှလဲ systems update လုပ်မှာ ဖြစ်တဲ့ အတွက် မကြာခင်မှာ အကောင်းမွန်ဆုံး service တွေနဲ့ ပြန်လာခဲ့ပါမယ်ခင်ဗျာ☺️
မကြာခင် ပြန်လည်ဆုံတွေ့ကြပါစို့၊
မြန်မာပြည်ကြီး ကျန်းမာပါစေ၊🙏🙏
13/03/2020
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
ကြေညာချက်အမှတ် ၁/ ၂၀၂၀
၁၃၈၁ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက်
( ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၃ ရက် )
ပြည်သူသို့ ပန်ကြားချက်
12/03/2020
ကောလဟာလကြောင့် ပြည်မပျက်ပါစေနဲ့‼‼‼
---------------------------
မနေ့က WHO က Pandemic ကြေညာပီးတဲ့နောက်မှာ တပြည်လုံးမှာ ကိုရိုနာဗိုင်းရပ်အကြောင်း သတင်းတွေ ခေါင်းထောင်လာပါတယ်။ ဒီလို ကြေညာရတဲ့အကြောင်းကို တာ၀န်ရှိသူတွေလဲ ရေးကြပါတယ်။ ကျန်းမာရေး၀န်ကြီးဌာနကလဲ ဇန်နဝါရီ ၅ရက်နေ့ကစပီး ဒီနေ့အထိ မပေါ့မဆပဲ တောက်လျှောက်စောင့်ကြည့် သတင်းထုတ်ပြန်ပေးနေပါတယ်။ လူတွေ သွေးအေးနေချိန်ကော သွေးပူနေချိန်မှာကောပါ။
ဒီနေ့မှာ သတိပေးချင်တာကတော့ အလွန်အရေးကြီးပါတယ်။ ဗိုင်းရပ်ကြောင့် နည်းနည်း ကောလဟာလကြောင့် တိုင်းပြည်ထိခိုက်လာနိုင်လို့ပါ။ လက်ရှိအချိန်ထိ ပိုးကူးစက်သူ လုံး၀မတွေ့ရှိသေးပါ။ အရမ်းကြီး မကြောက်ကြပါနဲ့။ နောက်တခုက အခု အလျင်အမြန်ကူးစက်နေတဲ့ အီရန်ဆို နေ့အပူချိန်က ၂၁ ဒီဂရီက အမြင့်ဆုံးဖြစ်ပီး အီတလီတို့ ကိုရီးယားတို့မှာလဲ ထိုနည်းတူပါပဲ။ မြန်မာပြည်ရဲ့ ဒီနေ့အမြင့်ဆုံးအပူချိန်ဟာ ၄၀ ဒီဂရီနား ကပ်နေပါပီ။ အပူချိန်မြင့်လို့ ပိုးမတွေ့နိုင်တာ မဟုတ်ပေမယ့် ပိုးရဲ့ ရှင်သန်နိုင်တဲ့သက်တမ်းကတော့ အများကြီးတိုသွားပါတယ်။ ဒါကြောင့် စနစ်တကျ ကာကွယ်ပါ။
ဒီလိုာချိန်မှာ အချိန်ကိုက် ကောလဟာလတွေ ထွက်လာတယ်။ Pandemic ဖြစ်လို့ အစိုးရအနေနဲ့လဲ လုပ်သင့်တဲ့ ကာကွယ်မှုစည်းမျဉ်းတွေကို လုပ်ရပါမယ်။ ဒါပေမယ့် လူနေမှုဘ၀ကို ထိခိုက်လာအောင် ချမှတ်မယ့် စည်းမျဉ်းမျိုးတွေ မဟုတ်ပါဘူး။ တအားမကြောက်ကြပါနဲ့။ မနက်ဖြန်မှာ စားစရာမရှိတော့မှာ၊ အိမ်ထဲက အိမ်ပြင်ထွက်ခွင့်မရှိတော့မှာ။ မြို့တွေကို Lock down ချမှာမျိုးတွေ မဟုတ်ပါဘူး။
အခု လူတွေက ကြောက်လန့်ပီး မြို့ကြီးတွေမှာ Panic Buy တွေ စလုပ်နေကြပါပီ။ ကျနော်တို့ နိုင်ငံက အရာရာ Import လုပ်ရတဲ့နိုင်ငံပါ။ Stock Items တွေ လူသန်းချီအတွက် အများကြီး ရှိမနေနိုင်ပါဘူး။ ရန်ကုန်မှာ လူ ၇သန်းရှိပါတယ်။ ပုံမှန်အတိုင်း ၀ယ်ယူသုံးစွဲနေရင် ပုံမှန်အတိုင်းပဲ လည်ပတ်နေမှာပါ။ အားလုံးတပြိုင်နက် အလုအယက် ၀ယ်ကြရင် ပစ္စည်းတွေ ပြတ်ကုန်မယ်။ ပြတ်ကုန်တဲ့အတွက် ပိုလန့်ပီး အလန့်တကြားထပ်၀ယ်ကြမယ်။ စျေးတွေ ပိုကြီးလာမယ်။ ပိုဆိုးတဲ့အနေအထားတွေ ဖြစ်လာပါမယ်။ တိုင်းပြည်က တရားဥပဒေအလွန်စိုးမိုးတဲ့နိုင်ငံလဲ မဟုတ်ပါဘူး။ မတတ်နိုင်တဲ့သူတွေက လုတာ ယက်တာတွေ ဖြစ်လာမယ်။ ဗိုင်းရပ်ထက် ကောလာဟာလက အားလုံးကို ဒုက္ခပေးသွားပါမယ်။
အထူးသဖြင့် ရန်ကုန်လို လူသန်းချီနေထိုင်ပီး အစိုးရိမ်လွန်တတ်ကြသူတွေ အများဆုံးရှိတဲ့နေရာမှာပါ။ အရာရာဟာ Crisis ဖြစ်ပီး ရပ်တန့်သွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်မြို့၊ ကိုယ့်နိုင်ငံကို ကာကွယ်ချင်ရင် အသိတရားနဲ့ ယှဉ်ပီး ၀ယ်ခြမ်းကြပါ။ တပိုင်တနိုင် အသုံးလိုရုံပဲ၀ယ်ပါ။ ကြောက်လန့်တကြားနဲ့ ရှိတာအကုန် သိမ်းကြုံးမ၀ယ်ပါနဲ့။ လက်ရှိအချိန်မှာ အတော်များများက Panic Buy တွေ လုပ်နေကြပါတယ်။ ဘေးလူတွေကလဲ လန့်တော့ သူတို့ပါ ၀ယ်လာကြပါလိမ့်မယ်။ ဒုက္ခရောက်ရင် နယ်ကလူတွေထက် မြို့ပေါ်က လူတွေပဲ အထိမှာပါ။ ဒီတော့ စိတ်အေးအေးထားပါ။ ကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာပါ။ မြန်မာနိုင်ငံမှာ အခုထိ အတည်ပြုလူနာ မရှိသေးတာ သတိရပါ။ သင့်ကြောင့်နဲ့ ကောလဟာလတွေကြောင့် အားလုံး ဒုက္ခမရောက်ကြပါစေနဲ့။
အားလုံး ကျန်းမာချမ်းသာကြပါစေ။
Credit : Nay Thway
09/03/2020
COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၉-၃-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ
COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၉-၃-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။
၂။ ထိုသို့ဆောင်ရွက်ရာတွင် -
(က) မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် နေထိုင်သော အသက် (၁) နှစ် (၂) လ အရွယ် ကလေး (ကျား)တစ်ဦးသည် (၆-၃-၂၀၂၀) ရက်နေ့မှစတင်၍ ဖျားခြင်း၊ မှိန်းခြင်း၊ အသက်ရှူသံ ပုံမှန်မဟုတ်ခြင်း၊ နို့မစို့နိုင်ခြင်းစသည့် လက္ခဏာများခံစားခဲ့ရ သဖြင့် (၈-၃-၂၀၂၀) ရက်နေ့တွင် မကွေးပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြသခဲ့ရာ အဆိုပါကလေးငယ်အား စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ မိခင်နှင့်အတူ မကွေး ပြည်သူ့ဆေးရုံကြီး၊ သီးသန့်ကုသဆောင်တွင် ထားရှိကုသမှုပေးလျက်ရှိပြီး ဓါတ်ခွဲ နမူနာရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ပေးပို့ စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါကလေးငယ်၏ ဖခင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ (၂၉-၂-၂၀၂၀) ရက်နေ့တွင်ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။
(ခ) မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်တွင် နေထိုင်သော အသက် (၃၂) နှစ် အရွယ် အမျိုးသမီးတစ်ဦးသည် လွန်ခဲ့သော (၁)လခန့်မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုး ခြင်း၊ အသက်ရှူကြပ်ခြင်းစသည့်လက္ခဏာများခံစားခဲ့ရပြီး လွန်ခဲ့သော (၂) ပတ်ခန့် တွင် ချောင်းဆိုးသွေးပါခြင်း ဝေဒနာခံစားခဲ့ရသဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လာရောက်ပြသခဲ့ရာ ၎င်းမှာ သံသယလူနာများနှင့် ထိတွေ့ခဲ့သည့် ရာဇဝင်နှင့် လွန်ခဲ့သော (၁၄) ရက်အတွင်း ခရီးသွားရာဇဝင် မရှိသော်လည်း လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါလက္ခဏာများ တွေ့ရှိရ သဖြင့် ကန်တော်နဒီဆေးရုံသို့ ညွှန်းပို့ခဲ့ပါသည်။ ၎င်းအား စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ သီးခြားထားရှိကုသမှုပေးလျက်ရှိပြီး ဓါတ်ခွဲနမူနာရယူ၍ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။
(ဂ) ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ညောင်သုံးပင်ရွာတွင် နေထိုင်သော အသက် (၄၄) နှစ်အရွယ် အမျိုးသားတစ်ဦးသည် (၈-၃-၂၀၂၀) ရက် နေ့မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းနှင့် အသက်ရှူကြပ်ခြင်း စသည့်လက္ခဏာများ စတင်ခံစားခဲ့ရသဖြင့် (၈-၃-၂၀၂၀) ရက်နေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လာရောက်ပြသခဲ့ပါသည်။ လူနာမှာ ရောဂါကူးစက် ဖြစ်ပွားလျက်ရှိသော ဒေသများ သို့ ခရီးသွားရာဇဝင်နှင့် သံသယ လူနာများနှင့် ထိတွေ့ခဲ့သည့် ရာဇဝင်မရှိသော်လည်း လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါလက္ခဏာများ တွေ့ရှိရ သဖြင့် (၈-၃-၂၀၂၀) ရက်နေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ သီးခြားထားရှိကုသမှုပေးလျက်ရှိပြီး ဓါတ်ခွဲနမူနာရယူ၍ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ပေးပို့စစ်ဆေးခဲ့ရာ (၉-၃-၂၀၂၀) ရက် နေ့တွင်ရရှိသောအဖြေအရ COVID-19 ရောဂါပိုးမရှိကြောင်း တွေ့ရှိရပါသည်။ (အောက်စာပိုဒ် (၃) တွင်လည်း ဓာတ်ခွဲအဖြေတွင်လည်း ဖော်ပြထားပါသည်။)
(ဃ) ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်တွင် နေထိုင်သော အသက် (၃၄) နှစ်အရွယ် ကိုယ်ဝန် ဆောင်အမျိုးသမီးသည် (၉-၃-၂၀၂၀) ရက်နေ့တွင် မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး (၈-၃-၂၀၂၀) ရက်နေ့မှစတင်၍ ဖျားနာ ခဲ့ကြောင်းနှင့် (၉-၃-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက် ရောက်ချိန်တွင် အဖျားရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသဖြင့် ဝေဘာဂီ အထူးကုဆေးရုံ ကြီးသို့ ညွန်းပို့ခဲ့ပါသည်။ အဆိုပါလူနာအား စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ သီးခြားထားရှိကုသမှုပေးလျက်ရှိပြီး (၉-၃-၂၀၂၀) ရက်နေ့တွင် ဓါတ်ခွဲ နမူနာရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ပေးပို့စစ်ဆေးရန် စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။
(င) ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်တွင် နေထိုင်သော အသက် (၄၃) နှစ် အရွယ် အမျိုးသားတစ်ဦးသည် လွန်ခဲ့သော (၃) ပတ်ခန့်ကစတင်၍ ဖျားခြင်း၊ ချောင်း ဆိုးခြင်းစသည့် လက္ခဏာများခံစားခဲ့ရသဖြင့် (၈-၃-၂၀၂၀) ရက်နေ့တွင် ကျောက် တံခါးမြို့နယ်ပြည်သူ့ဆေးရုံသို့ သွားရောက်ပြသခဲ့ရာ အဆိုပါလူနာအား စောင့်ကြည့် လူနာအဖြစ် သတ်မှတ်၍ သီးခြား ထားရှိကုသမှုပေးလျက်ရှိပြီး (၉-၃-၂၀၂၀) ရက် နေ့တွင် ဓါတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ၎င်း၌ ပြင်းထန်အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါလက္ခဏာများ မတွေ့ရှိရကြောင်းနှင့် ထိုင်းနိုင်ငံမှ မြန်မာ နိုင်ငံသို့ (၂၆-၂-၂၀၂၀) ရက်နေ့တွင် ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။
(စ) မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်တွင် နေထိုင်သော အသက် (၃၉) နှစ် အရွယ် အမျိုးသားတစ်ဦးသည် (၈-၃-၂၀၂၀) ရက်နေ့မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း စသည့် လက္ခဏာများခံစားခဲ့ရသဖြင့် (၈-၃-၂၀၂၀) ရက်နေ့တွင် ပခုက္ကူပြည်သူ့ ဆေးရုံကြီးသို့ သွားရောက်ပြသခဲ့ရာ အဆိုပါလူနာအား စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ ပခုက္ကူပြည်သူ့ဆေးရုံကြီး၊ သီးသန့်ကုသဆောင်တွင် ထားရှိကုသမှုပေး လျက်ရှိပြီး (၉-၃-၂၀၂၀) ရက်နေ့တွင် ဓါတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ၎င်း၌ ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ မတွေ့ရှိရပါ။ အဆိုပါ လူနာသည် ထိုင်း-မလေးရှားနယ်စပ်တွင် အလုပ်လုပ်ကိုင်လျက်ရှိပြီး (၈-၃-၂၀၂၀) ရက်နေ့၌ မြဝတီနယ်စပ်မှ ပခုက္ကူသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။
(ဆ) ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပင်းတယမြို့နယ်တွင်နေထိုင်သော အသက် (၂၃) နှစ် အရွယ် အမျိုးသားတစ်ဦးသည် (၄-၃-၂၀၂၀) ရက်နေ့၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထွက်ခွာလာပြီး (၈-၃-၂၀၂၀) ရက်နေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့သို့ လည်းကောင်း၊ ထိုမှတစ်ဆင့် (၉-၃-၂၀၂၀) ရက်နေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်းတယမြို့သို့လည်းကောင်း ရောက်ရှိခဲ့ပြီး ဖျားနာခဲ့သဖြင့် ပင်းတယမြို့နယ် ပြည်သူ့ဆေးရုံသို့ သွားရောက်ပြသခဲ့ရာ အဆိုပါလူနာအား စောင့်ကြည့်လူနာ အဖြစ် သတ်မှတ်၍ ကုသမှုပေးလျက်ရှိပြီး ဓါတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ၎င်း၌ ပြင်းထန် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ မတွေ့ရှိရပါ။
၃။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ယနေ့၊ ညနေပိုင်းတွင် ပေးပို့လာသော ဓာတ်ခွဲအဖြေများအရ -
(က) ဝေဘာဂီအထူးကုဆေးရုံတွင် စောင့်ကြည့်ကုသမှုခံယူနေသော ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ် နေထိုင်နေသည့် အမေရိကန်နိုင်ငံသား အသက် (၂၆) နှစ်အရွယ် အမျိုးသားတစ်ဦး၊
(ခ) ဘားအံမြို့နယ်ပြည်သူ့ဆေးရုံတွင် စောင့်ကြည့်ကုသမှုခံယူနေသော ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ပညာသင်ကြားနေသည့် အသက် (၁၈) နှစ်အရွယ် အမျိုးသမီးတစ်ဦး၊
(ဂ) ကန်တော်နဒီဆေးရုံတွင် စောင့်ကြည့်ကုသမှုခံယူနေသော အသက် (၂၅) နှစ်အရွယ် လက်ထောက်ဆရာဝန်အမျိုးသားတစ်ဦး၊
(ဃ) အင်းစိန်အထွေထွေရောဂါကုဆေးရုံကြီးတွင် စောင့်ကြည့်ကုသမှုခံယူနေသော ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် နေထိုင်သည့် အသက် (၂၄) နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး၊
(င) ဝေဘာဂီအထူးကုဆေးရုံတွင် စောင့်ကြည့်ကုသမှုခံယူနေသော ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့တွင် နေထိုင်သည့် ကိုရီးယားသမ္မတနိုင်ငံသား အသက် (၅၂) နှစ်အရွယ် အမျိုးသားတစ်ဦး၊
(စ) ကန်တော်နဒီဆေးရုံတွင် စောင့်ကြည့်ကုသမှုခံယူနေသော မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် နေထိုင်သော အသက် (၃၈) နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့်
(ဆ) ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြည့်ကုသမှုခံယူနေသော ထန်းတပင်မြို့နယ်၊ ညောင်သုံးပင်ရွာတွင် နေထိုင်သော အသက် (၄၄) နှစ်အရွယ် အမျိုးသားတစ်ဦး၊
စုစုပေါင်း (၇) ဦးတို့တွင် COVID-19 ရောဂါပိုးမရှိကြောင်း တွေ့ရှိရပါသည်။
၄။ ယနေ့ (၉-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆း၀၀) နာရီအချိန်အထိ လူနာ (၁၁) ဦးအား သက်ဆိုင် ရာ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိပါသည်။
၅။ (၈-၃-၂၀၂၀) ရက်နေ့၊ ညပိုင်းတွင် ကိုရီးယားသမ္မတနိုင်ငံမှ မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်လာသော လေယာဉ်တစ်စီးပေါ်တွင် COVID-19 ရောဂါဖြစ်ပွားမှု များပြားနေသော ကိုရီးယားသမ္မတနိုင်ငံ၊ ဒယ်ဂူးမြို့မှ မြန်မာနိုင်ငံသား (၂) ဦး လိုက်ပါလာကြောင်း လေယာဉ်မှူးကြီးမှ သတင်းပေးပို့လာပါသည်။ ၎င်းတို့တွင် ဖျားခြင်းနှင့် အခြားအသက်ရှူလမ်း ကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ မတွေ့ရှိရသည့်အပြင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့မှုမရှိကြောင်း သိရှိရပါသည်။ သို့ရာတွင် ရောဂါဖြစ်ပွားမှု မြင့်မားလျက်ရှိသော ကိုရီးယားသမ္မတနိုင်ငံ၊ ဒယ်ဂူးမြို့တွင် နေထိုင်ခဲ့သည့် ရာဇဝင်ရှိသဖြင့် အဆိုပါ မြန်မာနိုင်ငံသား (၂) ဦးအား တောင်ဥက္ကလာပအမျိုးသမီးနှင့် ကလေးဆေးရုံကြီးသို့ ညွှန်းပို့ခဲ့ပြီး (၁၄)ရက် ခွဲခြားထားရှိ၍ အသွားအလာကန့်သတ်ခြင်း (Hospital Quarantine) ပြုလုပ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။
၆။ (၉-၃-၂၀၂၀) ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိသေးသော်လည်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင် ရွက်လျက်ရှိပါသည်။ ယခုအခါ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံအချို့ အပါအဝင် ကမ္ဘာ့နိုင်ငံ (၁၀၁) နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားလျက်ရှိသဖြင့် ပြည်သူလူထုအနေ ဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာပေးအချက်အလက်များအား တိကျစွာလိုက်နာဆောင်ရွက်ရန် နှိုးဆော်အပ်ပါ သည်။
07/03/2020
အားလုံးကို ပုံအပ်ဖို့ စဉ်းစားနေပီလား🤔
ဟုတ်ပါတယ် MY WAY က ၃၆ နာရီ အတွင်း ပို့ဆောင်ပေးမှာ ပေးမှာပါ😊
အိမ်တိုင်ရာရောက်လာယူပီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးမှာ ဖြစ်တဲ့ အတွက် အပြင်ထွက်စရာလဲ မလိုတော့ဘူးလေ😎
ကဲ ဘယ်လောက်တောင် အဆင့်သင့်လိုက်သလဲ😍
မိတ်ဟောင်း မိတ်သစ် Online Shop Business Owner များကို လဲ MY WAY နဲ့ လက်တွဲဖို့ ဖိတ်ခေါ်ပါတယ် ခင်ဗျာ🤗🤗
မိတ်ဟောင်း မိတ်သစ် seller များ အတွက် လဲ မကြာခင်မှာ ထူးခြားတဲ့ အစီအစဉ် လေးတွေ လာမှာ မို့လို့ ရင်ခုန် စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရအောင် Page လေးကို like လုပ်ထားဖို့ လေးစားစွာ ဖိတ်ခေါ် အပ်ပါတယ် ခင်ဗျာ😊😊
MY WAY နဲ့ လက်တွဲဖို့ စိတ်ဝင်စားတယ် ဆိုရင်တော့ အသေးစိတ်မေးမြန်းရန် အတွက် page ရဲ့ message box📨📨
သို့ မဟုတ် 09 970 970 304, 09 4531 25954📲📲ကိုသာ Hello📞📞လိုက်ပါ😉😉
ဟုတ်ကဲ့ 'We are on MY WAY' ပါ😊😊
05/03/2020
Online Shopping ဆိုသည်မှာ
====================
အခုတစ်လော လူငယ်တော်တော်များများက ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း ဟုခေါင်းစဉ်တပ်ပြီး Online Shopping ဆိုသည့်လုပ်ငန်းများ လုပ်ကိုင်မှု များပြားလာကြပါသည်။ အဓိကကတော့ ဖေစ်ဘွတ်ခ်တွင် Page တစ်ခု တည်ဆောက်ပြီး ထိုမှတစ်ဆင့်ရောင်းလို သည့်ကုန်ပစ္စည်းများကို ရောင်းချ ကြခြင်းဖြစ်ပါသည်။ ဒီလိုဆောင်ရွက်ခြင်းကြောင့် Online Shopping ဆိုသည့် စကားရပ်လည်း ခေတ်စားလာသည့်အပြင် အဆိုပါစကားလုံး၏အနက် အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ကောင်းကျိုး၊ ဆိုးကျိုးများကိုစာဖတ်သူများသိရန် လိုအပ် လာပြီဖြစ်ပါသည်။ Online Shopping ဆိုတာက e-tail (electronic retail) ဟုလည်းခေါ်ပြီး e-shopping ဟုလည်း လူသိများခဲ့သည်။ ၎င်းက Electronic Commerce ပုံစံတစ်ခုဖြစ်ပြီး ရောင်းချသူများထဲမှာ ကုန်စည်နှင့်၀န်ဆောင်မှု များကို စားသုံးသူများက အင်တာနက်မှတစ်ဆင့် Web Browser ကိုအသုံးပြုပြီး ၀ယ်ယူသည့်အလုပ်ကိုဆိုလိုခြင်းဖြစ်ပါသည်။ e-web-store ၊ e-Internet Shop၊ Web-shop ၊ Web-store ၊ Online Store၊ Online Storefront၊ Virtual Store စသဖြင့်လည်းခေါ်ကြပါသည်။ မိုဘိုင်းခေတ်ဖြစ်လာ သည့်နောက်တွင် Mobile Commerce (m-commerce) ဆိုပြီး မိုဘိုင်းဖုန်းများ ကိုအသုံးပြုပြီး Online Site များကို ဖုန်းအတွင်း Browser များ၊ App များမှတစ် ဆင့် ၀ယ်ယူကြခြင်းများလည်း ဖြစ်လာကြပါသည်။
Online Shopping ဆိုတိုင်း e-commerce မဖြစ်နိုင်ပါဘူး။ e-commerce ဆိုပါက ရောင်းချသူနှင့်၀ယ်ယူသူကြား စျေးနှုန်းညှိနှိုင်းခြင်းများ၊ Invoice ပေး ပို့ခြင်း၊ Quotation တောင်း ဆိုခြင်း၊ Supplier များကြား Compare လုပ်ခြင်း၊ အကြွေးစနစ် ဖြင့် အရစ်ကျပေးချေခြင်းများ စသည့် Commercial လုပ်ငန်းကြီး များတွင်လုပ်ဆောင်သော အလုပ်အဆင့်ဆင့်များပါ၀င်သည်။ Online Shopping တွင်တော့ ရောင်းချလိုသည့်ပစ္စည်းများကိုတင်ထားပြီး ကြိုက်နှစ် သက်ပါက၀ယ်ယူရန်သာဖြစ်သည်။ Online Shopping ဆိုသည်ကတော့ ပြင်ပ တွင်ရှိနေသည့်စျေး၀ယ်စင်တာများ၊ လက်လီအရောင်းဆိုင်များမှာရောင်းချနေ သည့်ပစ္စည်းများကို ရောင်း၀ယ်သည့်လုပ်ငန်းစဉ်အတိုင်း ပုံစံတူဖြစ်ပြီး အင်တာ နက် အသုံးပြု၍လုပ်ဆောင်ခြင်းသာဖြစ်သည်။ ထိုသို့စီးပွားရေးလုပ်ငန်းများမှ စားသုံးသူများသို့ရောင်းချသည့် Business to Consumer (B2C) လုပ်ငန်းများ ကို လုပ်ဆောင်နိုင်သလို၊ စီးပွားရေးလုပ်ငန်းများအချင်းချင်း ၀ယ်ယူရောင်းချခြင်း များပြုလုပ်နိုင်သည့် Business to Business (B2B) ဟူ၍လည်း Online Shopping လုပ်ငန်းများက တည်ထောင်ထားသည်များ ရှိလာသည်။ အကြီးဆုံး Online Retail လုပ်ငန်းများအနေဖြင့် Alibaba ၊ Amazon ၊ eBay တို့က နာမည်ကြီးပြီး ကမ္ဘာ့အကြီးဆုံးအွန်လိုင်း လက်လီဆိုင်များအနေဖြင့် ရှိနေကြ သည်။
Online Shopping သမိုင်း
-----------------------------
၁၉၈၀ ပြည့်နှစ်များတွင် Michael Aldrich ဆိုသည့်ပုဂ္ဂိုလ်က စတင်တီထွင်ခဲ့ သည်ဟုပြောနိုင်ပါသည်။ ပြည်တွင်းအသုံးပြုနိုင်သည့် တယ်လီဖုန်းလိုင်းမှ တစ် ဆင့်ပြုပြင်ထားသည့် TV နှင့် ကွန်ပျူတာကိုချိတ်ဆက်ပြီး အချိန်နှင့်တစ်ပြေးညီ လုပ်ဆောင်ပေးနိုင်သည့် Real-time Transaction Computer System တစ်ခုကိုတည်ဆောက်ခဲ့ပါသည်။ Videotext ဟုအမည်ပေးထားသည့် အဆိုပါ Modified TV နည်းပညာမှာ Menu အသုံးပြုထားသည့် ရိုးရှင်းသော Human-computer Interface သည် တယ်လီဖုန်းတီထွင်မှု နောက်ပိုင်း နေရာတိုင်း အလွယ်တကူအသုံးပြုနိုင်သည့် စနစ်ဖြစ်လာပြီး လူတိုင်းပူးပေါင်းပါ၀င်နိုင်သည့် ကြားခံ (Participative Medium) တစ်ခုဖြစ်လာပါသည်။ ဒီစနစ်ကတစ်ဆင့် အပိတ်အနေဖြင့်ရှိနေသည့် စီးပွားရေးလုပ်ငန်းများတွင် Information System များသည် အများပြည်သူကို ဖွင့်ပေးလိုက်သည့်စနစ်တစ်ခုဖြစ်လာပါသည်။ အဆိုပါစနစ်က Transaction Processing သက်သက်မဟုတ်ဘဲ Message များ အပြန်အလှန်ပို့နိုင်သည့် e-messaging စနစ်ဖြစ်ပြီး လိုအပ်သည့်အချက် အလက်များသည် ဆွဲထုတ်ရယူခြင်း (Retrieval) နှင့်ဖြန့်ထုတ်ခြင်း (Dissemination) တို့ကိုလည်း ဖြစ်စေနိုင်ပါသည်။ နောက်ပိုင်းတွင် ယင်းစနစ် ကိုစနစ်တကျဖြစ်စေပြီး e-business ဟု ခေါ်တွင်ကြပါသည်။ တိကျသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်အရ အပြန်အလှန်ပြောဆိုဆက်ဆံနိုင်ပြီး တစ်ချိန်တည်းမှာ ပင် တစ်ဦးတည်းအနေဖြင့် လူအများသည် ဆက်သွယ်သည့်စနစ်များ ယခင် အသုံးပြုနေသည့် Mass Communication ၊ Mass Media များနှင့်သဘော သဘာ၀လုံး၀မတူဘဲ ပုံစံအသစ်အနေနှင့်ထွက်ပေါ်လာခြင်းဖြစ်ပါသည်။ နောက် ၂၅ နှစ်အကြာတွင် Social Media ဆိုပြီး ပုံစံသစ်၊ သီအိုရီအသစ်ထွက်ပေါ် လာစေဖို့အတွက် အစပျိုးခဲ့ခြင်းဖြစ်ပါတယ်။
၁၉၈၀ ပြည့်နှစ်၊ မတ်လအတွင်း Redifon Office Revolution ဆိုတာကို စတင်လုပ်ဆောင်ခဲ့ပါသည်။ ၎င်းက စားသုံးသူများ၊ သုံးစွဲသူများ၊ ကိုယ်စား လှယ်အေးဂျင့်များ၊ ပစ္စည်းရောင်းချထောက်ပံ့သူများ၊ ၀န်ဆောင်မှုကုမ္ပဏီများ အားလုံးကို Corporate System များနှင့်အွန်လိုင်းချိတ်ဆက်ပြီး စီးပွားရေး ဆိုင်ရာငွေပေးချေမှုများ၊ အချက်အလက်အပေးအယူများကို အီလက်ထရွန်နစ် နည်းပညာဖြင့် အချိန်နှင့်တစ်ပြေးညီလုပ်ဆောင်ပေးနိုင်ခဲ့သည်။ ၁၉၈၀ ပြည့်နှစ်များအတွင်းတွင် ၎င်းထုတ်လုပ်လိုက်သည့် Videotext နည်းပညာကို Online Shopping စနစ်အသုံးပြုသည့် လုပ်ငန်းများအတွက် ထုတ်လုပ်၊ ရောင်း ချ၊ တပ်ဆင်၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် ပံ့ပိုးခြင်းလုပ်ငန်းများကို လုပ်ဆောင်နိုင်ခဲ့ ပါသည်။ အဆိုပါ စနစ်များသည် ယူကေကလုပ်ငန်းကြီးများတွင် တပ်ဆင်ခဲ့ကြ ပြီး အင်တာနက်၊ World Wide Web ၊IBM PC နှင့် Microsoft MS-DOS တို့ ထက် များစွာခေတ်ရှေ့ပြေးထွက်လာခဲ့ခြင်းဖြစ်သည်။ ၁၉၉၀ ပြည့်နှစ်တွင် Tim Berners-Lee က World Wide Web Server နှင့် Browser ကိုတီထွင်ခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် စီးပွားရေးလုပ်ငန်းသုံးဖြစ်လာခဲ့သည်။ ၁၉၉၄ ခုနှစ်နောက်တွင် အဆိုပါနည်းပညာထပ်ဆင့်တိုးတက်ခဲ့ပြီး Online Banking လုပ်ငန်းများ ဖြစ်ပေါ်လာသည်။ ဆက်လက်၍ Pizza Hut က အစောဆုံး Online Pizza Shop ကိုလည်း ဖွင့်လှစ်နိုင်ခဲ့သည်။ ၁၉၉၅ ခုနှစ်အတွင်းတွင် Amazon.com နှင့် eBay တို့ကလည်း ရှေ့ဆင့်နောက်ဆင့်ပေါ်ထွက်ခဲ့သလို Alibaba Site များဖြစ်ကြသည့် Taobao နှင့် Tamll တို့ကလည်း ၂၀၀၃ နှင့် ၂၀၀၈ ခုနှစ်များ တွင် ပေါ်ထွက်လာခဲ့သည်။
Online Shopping တိုးတက်မှု
---------------------------------
အဆိုပါအချိန်ကတည်းက တိုးတက်လာခဲ့သည့် e-commerce ရောင်းချမှုများ သည် ၂၀၁၂ ခုနှစ်တွင် အာရှပစိဖိတ်ဒေသ၌ အမေရိကန်ဒေါ်လာ ၄၃၃ ဘီလီ ယံအထိရှိလာခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် တစ်ကမ္ဘာလုံး e-commerce အရောင်း ပမာဏ၏ သုံးပုံတစ်ပုံအထိရှိလာမည်ဟု ခန့်မှန်းထားသည်။ စားသုံးသူများ၏ ပညာရေးအဆင့်အတန်းမြင့်မားလာမှုနှင့် တစ်ဦးချင်း၀င်ငွေတိုးတက်လာမှုများ က အွန်လိုင်းမှတစ်ဆင့်စျေး ၀ယ်ယူရန်အတွက် အားသာချက်များဖြစ်လာစေ သည်။ ယခင်ကကဲ့သို့မဟုတ်တော့ဘဲ ၀ယ်ယူနိုင်သည့်လမ်းကြောင်း (Channel) များတိုးတက်လာသလို ငွေပေးချေမှုနည်းလမ်းများကလည်း ပိုမို အဆင်ပြေလွယ်ကူမှုရှိလာသည်။ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလတွင် လေ့လာခဲ့ သည့် Equation Research စစ်တမ်းများအရ ခရစ္စမတ်ကာလအတွင်း အွန် လိုင်းမှစျေး၀ယ်သူ ၁,၅၀၀ တွင် ၈၇ ရာခိုင်နှုန်းက ၎င်းင်းတို့တက်ဘလက်များမှ တစ်ဆင့် ငွေပေးချေမှုပြုလုပ်ခဲ့ကြောင်း တွေ့ရှိရသည်။
ငွေပေးချေမှုစနစ်များ
---------------------
ငွေပေးချေမှုစနစ်များအနေဖြင့် Credit Card အကြွေး၀ယ်ကတ်ကို နိုင်ငံတကာ တွင်တွယ်ကျယ်စွာသုံးနေကြသလို အွန်လိုင်းငွေပေးချေမှုများအတွက်လည်း PayPal ဟုခေါ်သည့်စနစ်တစ်ခုကိုလည်း အဆင်ပြေပြေသုံးနိုင်ကြသည်။ အခြားသော ငွေပေးချေမှုနည်းလမ်းများစွာကိုလည်း အောက်ပါအတိုင်းတွေ့နိုင် ပါသည်။
- မိုဘိုင်းဖုန်း၊ ကြိုးဖုန်းများသို့ ငွေတောင်းခံလွှာပေးပို့ခြင်း၊ ၎င်းတို့ Credit များမှ ငွေဖြတ်တောက်ခြင်း။
- ရောက်ရှိငွေချေ (Cash on Delivery)
- ချက်လက်မှတ်ဖြင့် ငွေချေခြင်း။
- ဘဏ်စာရင်းမှနုတ်သွားသည့် Direct Debit
- အချို့သော အီလက်ထရွန်နစ်ငွေချေစနစ် (Ok Dollar ၊ 664, …)
- Gift Card
- စာတိုက်မှငွေပေးချေသည့် Postal Money Order
- Wire Transfer ၊ TT
- Bitcoin ၊ သို့မဟုတ် ၎င်းင်းကဲ့သို့ အင်တာနက်ပေါ်မှငွေ ကြေးယူနစ် တစ်မျိုးမျိုး
ရန်ကုန်မြို့အတွက်ဆိုလျှင် အထက်ပါငွေပေးချေမှုစနစ် များအပြင် ABC ၊ City Mart ကဲ့သို့သော Convenience Store များတွင် လူကိုယ်တိုင်ငွေသွားပေးပြီး အဆိုပါဆိုင်များမှတစ်ဆင့် အွန်လိုင်းရောင်းချသူထံသို့ငွေလွှဲပေးသည့်စနစ်များ ကိုလည်း အသုံးပြုနိုင်သည်။ အထက်ဖော်ပြပါစနစ်များသည်နိုင်ငံ၊ ဒေသ အလိုက်ကွဲပြားမှုများရှိသည်။ အားသာချက်၊ အားနည်းချက်များလည်း မတူညီကြ ပါ။ ဖြတ်တောက်သွားသည့် ၀န်ဆောင်ခငွေကြေးများလည်းကွဲပြားပါသည်။
Delivery ပုံစံများ
------------------
ထိုသို့၀ယ်ယူပြီးသည့်နောက်တွင် ပစ္စည်းပို့ရန်ဖြစ်လာသည်။ မြန်မာနိုင်ငံတွင် မြို့တွင်း တစ်ပိုင်တစ်နိုင် Delivery လုပ်ငန်း လုပ်ကိုင်သူများပေါများလာသည်။ ပင်စင်စားအချို့ပင်၀င်ရောက်လုပ်ကိုင်လာသည်ကိုတွေ့ရသည်။ တစ်ကမ္ဘာလုံး Online Shopping လုပ်ငန်းများ ၏ပစ္စည်းများပို့ကြရာတွင် သင်္ဘောတင်ပို့ခြင်း၊ လေယာဉ်ဖြင့်တင်ပို့ခြင်းများဖြင့် အများစုပေးပို့ကြသည်။ Package အထုပ် လိုက်ဖြင့် ပေးပို့မှုအတွက် အများပြည်သူသုံး စာပို့စနစ်ဖြင့်ပေးပို့ခြင်း၊ FedEx ၊ UPS ၊DHL၊TNT တို့ကဲ့သို့ လက်လီ Courier ပစ္စည်းပို့ လုပ်ငန်းများလည်း ရှိကြ သည်။ ယခုနောက်ပိုင်း Online Shopping ၊ e-commerce လုပ်ငန်းများ တိုး တက်လာသည့်နောက်တွင် ထုတ်လုပ်သူများက ၎င်းတို့ထုတ်လုပ်သည့် ကုန် ပစ္စည်းများကို သုံးစွဲသူများထံသို့ တိုက်ရိုက်ပေးပို့သည့်စနစ်ကို အသုံးပြုလာကြ သည်။ တစ်နည်းဆိုရသော် လက်လီရောင်းချသူများ၏ဆိုင်များ၊ လုပ်ငန်းများကို တစ်ဆင့်ခံမသုံးတော့ဘဲ အချိန်ကုန်၊ ငွေကုန်၊ နေရာယူသက်သာစေရန် တိုက် ရိုက်ပေးပို့ လုပ်ငန်းစနစ်များကိုကျင့်သုံးလာကြသည်။ နောက်ထပ်နည်းလမ်း တစ်ခုအနေဖြင့် In-store Pick-up စနစ်ရှိသည်။ ပြင်ပတွင် ပုံမှန်အတိုင်းရောင်း ချနေသောဆိုင်များတွင် အွန်လိုင်းမှ၀ယ်ယူမှုအတွက် (စျေးနှုန်းပိုသက်သာသည် များလည်းရှိသည်၊ အချို့သောအွန်လိုင်း သီးသန့်ရောင်းချသည့်ပစ္စည်းများ ကိုသာ) သွားရောက်တောင်းယူရသည့်စနစ်ဖြစ်သည်။ ရန်ကုန်မြို့အနေအထား နှင့်ဆိုလျှင် အထက် တွင်ဖော်ပြထားသည့် Convenience Store များတွင် ငွေချေသည့်စနစ်ကဲ့သို့ပင် In-store Pick-up များအတွက် အဆိုပါ Convenience Store များကိုပင် ကြားခံအသုံးပြုနိုင်ကြသည်။
အားသာချက်၊ အားနည်းချက်များ
-----------------------------------
အားသာချက်များအနေဖြင့် ၂၄ နာရီပတ်လုံး စိတ်ကြိုက်၀ယ်ယူနိုင်သည့်အတွက် အိမ်မှဖြစ်စေ၊ ရုံးမှဖြစ်စေအဆင်ပြေသည်။ အင်တာနက်ချိတ်ဆက်မှုသာလိုအပ် သည်။ ဆိုင်များသို့သွားရောက်ရသည့် ခရီးသွားချိန်၊ ခရီးသွားကုန်ကျစရိတ်များ အတွက်ကိုပါ သက်သာစေသည်။ ကားကျပ်မှုပြဿနာများကိုလည်း ရှောင်ရှားနိုင် သည်။ အားနည်းချက်တစ်ခုအနေဖြင့် မှာယူလိုက်သည့်ပစ္စည်းများ မှားယွင်းမှု၊ စိတ်တိုင်းမကျမှုများဖြစ်ပေါ်ပါက ပြန်ပေးရန်အတွက်အခက်အခဲတစ်ခု ရှိနေခြင်းဖြစ်သည်။ ထိုသို့ပြန်ပေးခြင်းဆိုသည်မှာလည်း ပစ္စည်းအစား ထိုးပြန်တောင်းခြင်းလား၊ ငွေပြန်တောင်းခြင်းလားပေါ်မူတည်ပြီး အခက်အခဲများ ထပ်တွေ့နိုင်သေးသည်။ တစ်ခါတစ်ရံတွင် မိမိမှာယူလိုက်သည်က အကောင်း၊ ဟိုကပို့လိုက်သည်က အဟောင်းဆိုသည်များကိုလည်းတွေ့နိုင်သည်။ အချို့ မိန်းကလေးများ အွန်လိုင်းမှမှာယူသည့်အခါ နှုတ်ခမ်းနီကဲ့သို့ အရောင် အသားပေးသည့်ထုတ်ကုန်များမှာယူရာတွင် ဓာတ်ပုံရိုက်သည့်ကင်မရာများ၏ အရည်အသွေးကြောင့် Color Code အတိအကျမထွက်သည့်အတွက် ပစ္စည်းရောက်ရှိချိန် စိတ်တိုင်းမကျသည်များကိုပါ အခက် အခဲတစ်ခုအနေဖြင့် တွေ့နေရသည်။ လက်ရှိတွင် နိုင်ငံတွင်း၌ Credit Card ၊ Debit Card များဖြင့် တိုက်ရိုက်ငွေချေစနစ်များ သိပ်မထွန်းကားသေးသည့်အတွက် ၎င်းတို့နှင့်ပတ် သက်သည့်ပြဿနာများ မကြားရသေးပါ။ ၎င်းပြင် Phishing ဟုခေါ်သည့် လိမ် လည်မှုများလည်း မကြုံရသေးပါ။ များမကြာမီ ဖြစ်လာခြေများစွာရှိသည်။
နိုင်ငံတကာ Online Shopping များတွင်တော့ မတူညီသည့် ငွေကြေးစနစ်များ ကြား ငွေကြေးဖလှယ်နှုန်းထားများ ကြီးမြင့်မှု၊ ၀န်ဆောင်ခဖြတ်တောက်ခြင်း များကို အမြဲကြုံတွေ့နေရသည်။ အဆိုပါကုန်ကျစရိတ်များကို မည်သည့်အခါမှ ထင်သာမြင်သာမဖော်ပြထားတတ်ပါ။ ၀ယ်ယူပြီးမှ စျေးများနေသည့်အတွက် စစ်ဆေးကြည့်လိုက်သည့်အခါ အဆိုပါ Hidden Cost များကြောင့် ဖြစ်နေ တတ်သည်။ ရန်ကုန်တွင်တော့ Delivery အခကို အများအားဖြင့် ၀ယ်ယူသူမှ ထပ်ပေါင်းပေးရသည့်အတွက် ထောင်ဂဏန်းသာသာ ၀ယ်ယူမှုအတွက် Delivery ခက ပိုများနေသောကြောင့် အချို့လုပ်ငန်းများ မတွင် ကျယ်ဖြစ်နေရ သည်။ မည်သို့ပင်ဖြစ်စေ Online Shopping လုပ်ငန်းများ၊ e-commerce ၊ e-business လုပ်ငန်းများ မကြာမီတွင်တိုးတက်လာမည် သေချာနေသော ကြောင့် pageတွင်ရောင်းချနေသည့် သာမန် Online Shopping အဆင့်မှသည် ၀က်ဘ်ဆိုက်များဖြင့် စနစ်တကျရောင်းချသည့် e-commerce စနစ်များ ပေါ်ထွန်းလာရန် လိုအပ်နေပြီဖြစ်သည်။
မူရင်းရေသားသူ အား Credit ပေးပါတယ် ခင်ဗျာ
Credit:ကိုကောင်းမြတ်ထွဋ်
ဒီစာလေးကိုဖတ်ပြီး မိတ်ဆွေအတွက်အသုံးဝင်ခဲ့မယ်ဆိုရင် တခြားသူတွေလည်းဖတ်ခွင့်ရအောင် Shareပေးသွားပါခင်ဗျာ
04/03/2020
ပို့စရာတွေ ကုန်ပီလား??🤔🤔
My Way ကတော့ မကုန်သေးပါဘူးနော်🥰
ပိတ်ရက်လဲမထား နေ့တိုင်းလဲ မနားဘဲ ကြိုးစားတဲ့ team member တွေကြောင့် seller & Customer တွေ စိတ်ကျေနပ်မှု အမြဲရနေကြတာပေါ့..😘😘
Seller and Customers' feedback တွေလဲကောင်းတော့ မင်မင်တို့လဲ ဝမ်းသာရပါတယ်နော်😊
ရှေ့ဆက်ပီးလဲ အကောင်းဆုံး ဝန်ဆောင်မှု ပေးသွားဦးမှာ ဖြစ်တဲ့အတွက် လက်တွဲနေကြseller တွေလဲ နောက်လှည့် မကြည့်ပဲ အမုန်းသာ ရောင်းလိုက်ပါတော့😅
My Way ကလဲ အကောင်းဆုံး ဝန်ဆောင်မှုပေးမှာပါ💯💯
ခုချိန်ထိ ယုံကြည်စိတ်ချစွာ အပ်တဲ့ seller တွေကို လဲ My Way မှ ကျေးဇူး အထူးတင်ရှိပါကြောင်း🕴🕴🕴
Seller အသစ်တွေကိုလဲ ယုံကြည်စွာ လက်တွဲနိုင်တဲ့ အတွက် နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်🥰🥰
seller မိတ်ဟောင်း မိတ်သစ်တွေအတွက်လဲ စိတ်လှုပ်ရှားဖွယ်ရာ အစီအစဥ်တွေလဲ ရှိတာမို့ page လေးကို like လုပ်ထားဖို့လဲ မမေ့ပါနဲ့နော်☺️☺️
ကဲစိတ်ဝင်စားလို့ အသေးစိတ်မေးမြန်းချင်တဟ် ဆိုရင်တော့ page ရဲ့ message box📨📨
သို့ မဟုတ် 09 970 970 304 📲📲ကိုသာ ဖုန်းလေး ဆက်လိုက်ပါ😉😉
ဟုတ်ကဲ့ 'We are on My Way' ပါ😊😊