Black Rose ဘာသာပြန်နိုတြီလုပ်ငန်း Online Service

Black Rose ဘာသာပြန်နိုတြီလုပ်ငန်း Online Service

Share

Black Rose Notary

22/05/2026

📦 ဒီတစ်ပတ်အတွက် Black Rose Notary မှ ဆောင်ရွက်ပေးဖြစ်သော
📑 လူလွတ်ထောက်ခံချက် အပါအဝင်
🇯🇵 ဂျပန်နိုင်ငံသားအဖြစ်လျှောက်ထားရန်လိုအပ်သော စာရွက်စာတမ်းများကို
✈️ ဒီနေ့ လေယာဉ်ဖြင့်ပို့ဆောင်ပြီး
🏠 မနက်ဖြန် ဂျပန်နိုင်ငံရှိ အိမ်အရောက်အမြန်ဆုံး ပို့ဆောင်ပေးလိုက်ပါပြီရှင်။
🌹 လူကြီးမင်းတို့၏
📄 စာရွက်စာတမ်းကိစ္စအဝဝကို
ယုံကြည်စိတ်ချစွာဖြင့် Black Rose Notary မှ အကောင်းဆုံးဝန်ဆောင်မှု့ပေးလျက်ရှိပါသည်။
📞 Phone / Viber – 095135902

16/05/2026

🇯🇵 Black Rosé Notary Service 🇯🇵
ဂျပန်နိုင်ငံမှာ…
✔️ နိုင်ငံသားလျှောက်ချင်လား
✔️ မှီခိုဗီဇာလျှောက်ချင်လား
✔️ သံရုံး / ရပ်ကွက်ရုံးမှာ လက်ထပ်ချင်လား
✔️ ဂျပန်ယာဉ်မောင်းလိုင်စင် လျှောက်ချင်လား
✔️ ကျောင်းလျှောက်ချင်လား
“ဘယ်ကစလုပ်ရမှန်းမသိဘူး…” “ဘာစာရွက်စာတမ်းတွေလိုလဲမသိဘူး…” ဆိုပြီး စိတ်ပူမနေပါနဲ့ရှင် 🤍
Black Rosé Notary Service မှ
လူကြီးမင်းတို့၏စာရွက်စာတမ်းကိစ္စအဝဝကို
စိတ်ချယုံကြည်စွာ အကုန်ဆောင်ရွက်ပေးနေပါတယ် ✨
📌 ကြိုတင်ငွေ / စရံ လုံးဝပေးစရာမလိုပါ
📌 စာရွက်စာတမ်းပြီးစီးလို့ Soft Copy ပို့ပေးပြီးမှkpayဖြင့်ငွေလွှဲပေးရတာပါရှင်
📌နေ့စဉ်ဝန်ဆောင်မူ့ပေးပြီးအပတ်စဉ်‌လေယာဉ်
ဖြင့်ဂျပန်နိုင်ငံအိမ်အထိ အရောက်ပို့ဆောင်ပေးပါတယ်

🍀အချိန်မအားသူများ
🍀လူကြီးမိဘတွေကို အလုပ်မရှုပ်စေချင်သူများ
🍀စာရွက်စာတမ်းမပြည့်စုံလို့ စိတ်ပူနေသူများအတွက်
အမြန်ဆုံးနဲ့ တိကျသေချာစွာ ဝန်ဆောင်မှု့ပေးနေပါတယ်
💯
လိုအပ်လျှင်အခုပဲဆက်သွယ်လိုက်ပါနော်🤗
📍 Black Rosé Notary Service
📞 Phone / Viber – 095135902

02/05/2026

🇲🇲➡️🇯🇵 မြန်မာနိုင်ငံသားမှ ဂျပန်နိုင်ငံသားဖြစ်ရန် စိတ်ကူးထားသူများအတွက်
ဂျပန်နိုင်ငံသားလျှောက်ထားရန် စတင်ပြင်ဆင်နေပြီဆိုရင်
အရေးကြီးဆုံးလိုအပ်လာမယ့် စာရွက်စာတမ်းတွေကို မဖြစ်မနေ ပြင်ဆင်ထားဖို့လိုပါတယ် 👇
📄 မိဘလက်ထပ်စာချုပ်
📄 မိသားစုအိမ်ထောင်စုစာရင်း
📄 ညီကိုမောင်နှမများ၏ မွေးစာရင်းများ
📄 သေစာရင်း
📄 မှတ်ပုံတင်
📄 ပညာရေးဆိုင်ရာစာရွက်စာတမ်းများ
ဒီစာရွက်စာတမ်းများကို
✨ မြန်မာ / အင်္ဂလိပ် / ဂျပန် ဘာသာပြန်
✨ Notary အတည်ပြုချက်
✨ အမြန်ဆုံးဆောင်ရွက်‌ပေးခြင်း
👉 Black Rose Notary Service မှ ယုံကြည်စိတ်ချစွာ ဝန်ဆောင်မှုပေးနေပါသည်။
📩 Black Rose Page - Messenger
📲 Black Rose Tiktok - Cb
📞 Phone / Viber - 095135902
🚚 နေ့စဉ်ဝန်ဆောင်မှုပေးပြီး
✈️ အပတ်စဉ် လေယာဉ်ဖြင့် ဂျပန်နိုင်ငံအိမ်အထိ ပို့ဆောင်ပေးပါသည်
#နိုတြီဝန်ဆောင်မှု
#ဂျပန်နိုင်ငံသား #စာရွက်စာတမ်း
#ဘာသာပြန် #လက်ထပ်စာချုပ်

30/04/2026

💍 ဂျပန်ရပ်ကွက်ရုံးမှာ လက်ထပ်မည့်စုံတွဲများအတွက် 💍
ဒီတစ်ပတ်အတွင်း စုံတွဲ (20) — လူဦးရေ (40) အတွက်
လိုအပ်သော စာရွက်စာတမ်းများကို ဆောင်ရွက်ပေးပြီး27ရက်‌နေ့လေယာဉ်ဖြင့်ဂျပန်နိူင်ငံအိမ်အထိအရောက်ပို့ဆောင်ပေးလိုက်ပါပြီရှင်✨

📌 ဂျပန်ရပ်ကွက်ရုံးမှာ လက်ထပ်ရန်လိုအပ်သော စာရွက်စာတမ်းများကို

✅ နေ့ချင်းပြီး ဝန်ဆောင်မှု့ဖြင့် ဆောင်ရွက်ပေးပြီး

✅ အပတ်စဉ် လေယာဉ်ဖြင့် မြန်မာနိုင်ငံမှဂျပန်နိူင်ငံအိမ်အထိအရောက်ပို့ဆောင်ပေးပါသည်။

အချိန်မလုံလောက်သူများ၊ လုပ်ထုံးလုပ်နည်း မသိသူများအတွက်
အဆင်ပြေမြန်ဆန်စွာဖြင့်Black Roseမှ ဝန်ဆောင်မှု့ပေးနေပါသည် 🖤

📞 Black Rose Notary Service

Phone / Viber - 095135902

📩 Black Rose Page - Messenger

🎵 Black Rose TikTok - CB
မည်သည့်အချိန်မဆို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

18/04/2026

💞 ဂျပန်ရပ်ကွက်ရုံးမှာလက်ထပ်ဖို့တွက် စာရွက်စာတမ်းတွေလိုနေပြီလား?
💯 မြန်မာကမိဘတွေကို အလုပ်မရှုပ်စေချင်သူများ
💯 ကိုယ်တိုင်လည်း အချိန်မအားသူများ
🇯🇵 ဂျပန်ရပ်ကွက်ရုံးတွင်လက်ထပ်မှတ်ပုံတင်ချင်သူများအတွက်
📩 Page Messenger (သို့) Viber မှတဆင့်
မှတ်ပုံတင် / အိမ်ထောင်စုစာရင်း / Passport
ပို့ပေးယုံဖြင့်…
✔ လူကိုယ်တိုင် မလို
✔ မိဘများ အချိန်မကုန်/မပင်ပန်း
✔ အလုပ်မရှုပ်‌စေဘဲ
✨ Black Rose Notary Service မှလိုအပ်တာများကို
အပြီးအစီး တာဝန်ယူဆောင်ရွက်ပေးပါသည်။
📌 ရပ်ကွက်ရုံးတွင် လက်ထပ်မည်ဆိုပါက
📄 လူလွတ်ဖြစ်ကြောင်း နိုတြီထောက်ခံချက်
(မြန်မာ + အင်္ဂလိပ် + ဂျပန်)
📄 အိမ်ထောင်စုစာရင်း
(မြန်မာ+အင်္ဂလိပ်+ဂျပန်)
(၃ဘာသာဖြင့်)
📌 (လိုအပ်ပါက မွေးစာရင်း Notary / Passport Notary ပါဆောင်ရွက်ပေးပါသည်)

📃 စာကြမ်းများကို အရင်စစ်ဆေးနိုင်ရန်ပို့ပေးပြီး
📲 Notary ပြီးပါက Soft Copy အရင်ပို့ပေးပါသည်။
📦 Hard Copy များကိုလည်း
✈ နိုင်ငံမရွေး
🚛 တိုင်းဒေသမရွေး
🛵 မြို့နယ်မရွေး
အိမ်အထိအ‌ရောက်ပို့ဆောင်ပေးပါသည်
🚀 ဒီနေ့အပ် – ဒီနေ့ရ အမြန်ဝန်ဆောင်မှု့ပေးပြီး
✈ အပတ်စဉ် လေယာဉ်ဖြင့် ဂျပန်သို့ပို့ဆောင်ပေးပါသည်
📞 Viber – 095135902
📩 Black Rose Page Messenger
📧 [email protected]
❌ စရံငွေ မလိုပါ
✔ Soft Copy ရပြီးမှသာ Kpayဖြင့်ငွေလွှဲနိုင်ပါသည်
💎 အမြန်ဆုံး / အမှန်ဆုံး / စျေးနှုန်းအသက်သာဆုံး
တာဝန်ယူဆောင်ရွက်ပေးပါသည်။

13/04/2026

🙋‍♂️Hello
Black Roseဘာသာပြန်နိုတြီနှင့်အထွေထွေအကျိူးဆောင်လုပ်ငန်းမှ Oct Intakeတွက် ဂျပန်နိူင်ငံတွင်‌ကျောင်းလျှောက်မည့်
ကျောင်းသားကျောင်းသူများတွက်
✅မှတ်ပုံတင်မှအိမ်ထောင်စုစာရင်း
✅ဘွဲ့လက်မှတ်
✅အောင်လက်မှတ်
✅အမှတ်စာရင်း
✅ေမွးစာရင်း
✅ေကျာင်းထောက်ခံစာ
✅ Bank Certificate
✅ Bank balance sheet
✅ Bank Statement
✅ Bank Book Transaction
✅ Business License
✅ Income Tax
✅ နိုတြီဘာသာပြန်များအားတိကျမှန်ကန်မြန်ဆန် စွာ
ဖြင့်ဈေးနှုန်းချိုသာစွာ၀န်ဆောင်မှုပေးပါတယ် ။
☎/viber095135902
📠mail [email protected]
Black Rose Page Messenger
Black Rose Tiktok Cb
သို့အချိန်မရွေးဆက်သွယ်မေးမြန်းစုံစမ်းနိူင်ပါသည်။

📄စာကြမ်းများအားအကြမ်းပေးစစ်ပေးပြီး
နိုတြီရရင်softcopyအရင်ပို့ပေးပါသည်။Hard copyအား
လူကြီးမင်းတို့စိတ်တိုင်းကျ

✈မည့်သည့်နိူင်ငံ

🚎မည်သည့်မြို့နယ်

🚛မည်သည့်တိုင်းဒေသကိုမဆိုအရောက်ပို့ဆောင်ပေးပါသည်။

❌❌❌ကြိုတင်ငွေ(စရံ)လုံးဝ လုံးဝမပေးရပါ(softcopyပို့ပေးပြီးမှငွေလွဲပေးရပါမည်)

🏫ဆိုင်- ဘဏ်လမ်း၊စာရင်းရုံးရှေ့၊ကျောက်တံတားမြို့နယ်၊ရန်ကုန်မြို့။

🏘ရုံးခန်းလိပ်စာ-တိုက်10/12/ အခန်း-5/ပထမထပ်/35လမ်းတိုအောက်ဆုံးဘလောက်၊ကျောက်တံတားမြို့နယ်၊ရန်ကုန်မြို့။

⏰အချိန်မရွေးဆက်သွယ်မေးမြန်းစုံစမ်းနိူင်ပါသည်။

05/04/2026

🇯🇵 မြန်မာနိုင်ငံသားမှ ဂျပန်နိုင်ငံသား လျှောက်ထားလိုသူများအတွက် 🇯🇵
မိဘလက်ထပ်စာချုပ် မရှိဘူးလား?
မွေးစာရင်း မရှိဘူးလား?
စာရွက်စာတမ်းတွေ မပြည့်စုံလို့ စိတ်ပူနေပါသလား?
❌ စိတ်မပူပါနဲ့ ❌
✨ Black Rose Notary Service မှ
ဂျပန်နိုင်ငံသား လျှောက်ထားရန်လိုအပ်သော
စာရွက်စာတမ်းများအား အစအဆုံး စီစဉ်ဆောင်ရွက်ပေးပါသည်။
📌 ဘာသာပြန်ခြင်း
📌 Notary လက်မှတ်ထိုးခြင်း
📌 စာရွက်စာတမ်း ပြင်ဆင်ပေးခြင်း
📌 ဂျပန်နိုင်ငံအထိ ပို့ဆောင်ပေးခြင်း
✈️ အပတ်စဉ် လေယာဉ်ဖြင့်
ဂျပန်နိုင်ငံ အိမ်အရောက် ပို့ဆောင်ပေးပါသည်
📞 ဆက်သွယ်ရန်
Phone / Viber ~ 095135902
📩 Black Rose Page ~ Messenger
🎵 Black Rose TikTok ~ CB
👉 လိုအပ်ပါက အမြန်ဆုံး ဆက်သွယ်လိုက်ပါနော်

03/04/2026

🌹 Black Rose Notary Service 🌹
🇯🇵 ဂျပန် Dependent Visa (မှီခိုဗီဇာ) ကို ကိုယ်တိုင်လျှောက်ချင်သူများအတွက် အတွေ့အကြုံမျှဝေခြင်း 🇯🇵
ဂျပန်မှာ မိသားစုမှီခိုဗီဇာလျှောက်ထားချင်ပေမယ့်
ရှေ့နေအပ်ရင် စျေးကြီးပြီး အဆင်မပြေတာတွေကြောင့်
ကိုယ်တိုင်လျှောက်ထားချင်သူများအတွက်
အတွေ့အကြုံအခြေပြု လမ်းညွှန်ချက်များကို မျှဝေပေးလိုက်ပါတယ်ရှင့်။
✨ COE (在留資格認定証明書) ကို ၂လခန့်အတွင်း ရရှိနိုင်ပြီး
၃နှစ်သက်တမ်းထိ ရနိုင်ပါတယ်။
(စာရွက်စာတမ်းထပ်တိုးတောင်းပါက အချိန်ပိုကြာနိုင်ပါသည်)
✨ ကိုယ်ခေါ်မည့်သူမှာ
🎓 ဘွဲ့ရရှိပြီး
🈶 ဂျပန်ဘာသာစကားကျွမ်းကျင်ပါက
Work Visa ပြောင်းလဲလျှောက်ထားနိုင်ပါသည်။
📄 လျှောက်ထားရန် လိုအပ်သော စာရွက်စာတမ်းများ
在留資格認定証明書 (COE Application Form)
Passport Photo (3cm x 4cm)
Passport Copy (၂ဖက်လုံး)
တံဆိပ်ခေါင်းကပ်ထားသော စာအိတ် (COE ပြန်ပို့ရန်)
လက်ထပ်စာချုပ် (Original + Copy + Notary)
在留カード Copy (ရှေ့/နောက်)
在職証明書 (အလုပ်အကိုင်ထောက်ခံစာ)
住民票 (နေထိုင်ကြောင်းစာရင်း)
課税証明書 / 納税証明書
源泉徴収票 (ရှိပါက)
残高証明書 (ဘဏ်လက်ကျန်)
理由書 (လိုအပ်ပါက)
給与明細 / 賃金台帳
✳️ ဂျပန်ရှိ မြို့နယ်တစ်ခုနှင့်တစ်ခုအလိုက်
လိုအပ်သောစာရွက်စာတမ်းများ မတူနိုင်သဖြင့်
ထပ်မံတောင်းခံနိုင်ပါသည်။
မူရင်းရေးသားသူအားCreditပေးပါသည်။
━━━━━━━━━━━━━━━
💼 Black Rose Notary Service 💼
📌 ဂျပန်Dependent ဗီဇာလျှောက်ထားရန် လိုအပ်သော
📄 စာရွက်စာတမ်းများ ဘာသာပြန်ခြင်း
📄 Notary လက်မှတ်ရေးထိုးခြင်း
📄 လျှောက်လွှာပြင်ဆင်ခြင်းများကို
အမြန်ဆုံးနှင့် တိကျစွာ ဝန်ဆောင်မှုပေးနေပါသည်။
📲 ဆက်သွယ်ရန်

Black Rose Page ~ Messenger
Black Rose ~ Tiktok
📞 Phone/Viber ~ 095135902
🌹 တိကျမှန်ကန်မြန်ဆန်စွာဖြင့်တာဝန်ယူဆောင်ရွက်ပေးပါသည် 🌹

01/04/2026

✨ Black Rose Notary Service ✨
ဂျပန်နိုင်ငံရှိ
ရပ်ကွက်ရုံး /( မြို့နယ်ရုံး)တွင်
တရားဝင်လက်ထပ်မှတ်ပုံတင်ရန်အတွက်

📄 လူကြီးမင်းတို့၏
• မှတ်ပုံတင်
• အိမ်ထောင်စုစာရင်းနဲ့
• Passportကို
095135902၏Phone / Viber သို့မဟုတ် Page Messenger မှ
ပို့ပေးရုံဖြင့်လိုအပ်သည့်စာရွက်စာတမ်းများဖြစ်သည့်
လူလွတ်ထောက်ခံစာအပြင် ဘာသာပြန်ခြင်း၊ Notary လက်မှတ်ထိုးခြင်းများအား
နေ့ချင်းအပြီးနေ့စဉ် ဝန်ဆောင်မှု့ပေးပြီး
✈️ အပတ်စဉ် လေယာဉ်ဖြင့်
ဂျပန်နိုင်ငံအိမ်အထိအရောက်
အမြန်ဆုံး ပို့ဆောင်ပေးပါသည်။
📞 Phone / Viber ~ 095135902
📩 Black Rose Page ~ Messenger
🎵 Black Rose ~ TikTok (CB)
🌹 Black Rose Notary Service 🌹
မှန်မှန်နှင့်မြန်မြန်တာဝန်ယူဆောင်ရွက်ပေးပါသည်။

23/03/2026

ဂျပန်နိုင်ငံသား ခံယူပြီးနောက် မြန်မာနိုင်ငံသား ပြန်လျှောက်လို့ ရသလား?
သိထားသင့်တဲ့ အချက်များ

ဂျပန်နိုင်ငံမှာ အခြေချနေထိုင်ရင်း တိုးတက်ရာ တိုးတက်ကြောင်းအတွက် ဂျပန်နိုင်ငံသားအဖြစ် ပြောင်းလဲခံယူလိုက်ကြတဲ့ မြန်မာ့သားကောင်း ရတနာတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ တစ်နေ့နေ့မှာ မိခင်နိုင်ငံကို အပြီးအပိုင် ပြန်လာချင်တဲ့အခါ "ငါ့နိုင်ငံသားအဖြစ် ပြန်လျှောက်လို့ ရပါ့မလား" ဆိုတဲ့ မေးခွန်းက လူတော်တော်များများရဲ့ စိတ်ထဲမှာ ရှိနေတတ်ပါတယ်။
ဒီနေ့မှာတော့ ဂျပန်နိုင်ငံသားအဖြစ်ကနေ မြန်မာနိုင်ငံသား ပြန်လည်လျှောက်ထားခြင်း (Re-instatement) အကြောင်းနဲ့ ပတ်သက်ပြီး သိကောင်းစရာတွေကို မျှဝေပေးချင်ပါတယ်။

၁။ မြန်မာနိုင်ငံသား ပြန်လျှောက်လို့ ရပါသလား?
အဖြေကတော့ "ရပါတယ်"။ မြန်မာနိုင်ငံသားဥပဒေ (၁၉၈၂) အရ နိုင်ငံသားဟောင်းတစ်ဦးဟာ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ နိုင်ငံသားအဖြစ် ပြန်လည်လျှောက်ထားနိုင်ခွင့် ရှိပါတယ်။

၂။ အဓိက အဟန့်အတားက ဘာလဲ?
မြန်မာနိုင်ငံဟာ နိုင်ငံသားနှစ်မျိုး (Dual Citizenship) ကို လက်မခံပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံသား ပြန်ဖြစ်ဖို့ဆိုရင် သင်ခက်ခက်ခဲခဲ ရယူထားရတဲ့ "ဂျပန်နိုင်ငံသား" အဖြစ်ကို တရားဝင် စွန့်လွှတ်ရမှာ ဖြစ်ပါတယ်။ နိုင်ငံကူးလက်မှတ် နှစ်ခုလုံးကို ကိုင်ထားလို့ မရနိုင်တာကို အထူးသတိပြုရပါမယ်။

၃။ နိုင်ငံသားပြန်လျှောက်ရင် ဘာတွေ ကန့်သတ်ချက် ရှိနိုင်သလဲ?
နိုင်ငံသား ပြန်ရလာရင်တောင်မှ အချို့သော အခွင့်အရေးတွေမှာ ကန့်သတ်ချက် ရှိနိုင်ပါတယ် -
• နိုင်ငံရေး: လွှတ်တော်အမတ်လောင်းအဖြစ် အရွေးချယ်ခံဖို့ ခက်ခဲနိုင်ပါတယ်။
• အဆင့်မြင့်ရာထူး: နိုင်ငံတော်အဆင့် အုပ်ချုပ်ရေးပိုင်း ရာထူးတွေအတွက် အရည်အချင်း စစ်ဆေးတဲ့အခါမှာ ကြားထဲမှာ နိုင်ငံခြားသား ခံယူခဲ့ဖူးတာဟာ အားနည်းချက်တစ်ခု ဖြစ်သွားနိုင်ပါတယ်။
• ဝန်ထမ်းဘဝ: အရေးကြီးတဲ့ အစိုးရဌာနအချို့မှာ အလုပ်ခန့်အပ်မှု ဒါမှမဟုတ် ရာထူးတိုးမှုတွေမှာ လုံခြုံရေးအရ စိစစ်မှုတွေ ပိုမို တင်းကျပ်နိုင်ပါတယ်။

၄။ နိုင်ငံသား မစွန့်လွှတ်ဘဲ နေလို့ရတဲ့ အခြားနည်းလမ်း (PR)
ဂျပန်နိုင်ငံသားအဖြစ်ကနေလည်း မစွန့်လွှတ်ချင်ဘူး၊ မြန်မာနိုင်ငံမှာလည်း အခြေချ နေထိုင်ချင်တယ်ဆိုရင်တော့ အမြဲတမ်းနေထိုင်ခွင့် (PR) စနစ်က အကောင်းဆုံးပါ။
• ဂျပန် Passport ကို ဆက်ကိုင်ထားနိုင်တဲ့အတွက် ကမ္ဘာအနှံ့ ဗီဇာအခက်အခဲမရှိ သွားလာနိုင်မယ်။
• မြန်မာနိုင်ငံမှာလည်း ဗီဇာထပ်လျှောက်စရာမလိုဘဲ အပြီးအပိုင် နေထိုင်ခွင့် ရမယ်။
• မြန်မာနိုင်ငံသားဟောင်းများအတွက် သီးသန့် PR အမျိုးအစား ရှိတဲ့အတွက် လျှောက်ထားရတာ ပိုအဆင်ပြေပါတယ်။

အနှစ်ချုပ်
မိမိရဲ့ အနာဂတ် ရည်မှန်းချက်က ဘာလဲဆိုတာပေါ် မူတည်ပြီး ရွေးချယ်သင့်ပါတယ်။ မြန်မာနိုင်ငံမှာပဲ နိုင်ငံရေးလုပ်မယ်၊ မြေယာတွေ အပြည့်အဝ ပိုင်ဆိုင်ချင်တယ်ဆိုရင် နိုင်ငံသား ပြန်လျှောက်တာ ပိုကောင်းပြီး၊ နိုင်ငံတကာ ကူးလူးသွားလာမှုနဲ့ လွတ်လပ်မှုကို ဦးစားပေးချင်တယ်ဆိုရင်တော့ PR က အသင့်တော်ဆုံးပါပဲ။
အသေးစိတ် လုပ်ငန်းစဉ်တွေကိုတော့ တိုကျိုမြို့မှာရှိတဲ့ မြန်မာသံရုံးမှာ စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

Credit

16/03/2026

👉🇯🇵ဂျပန်ရှိ နိုင်ငံခြားသားကျောင်းသားများ
💥အချိန်ပိုင်းအလုပ် (Arubaito) တစ်ပတ် ၂၈ နာရီထက် ပိုလုပ်ပါက
👉My Number ဖြင့် တင်းကျပ်စွာ စစ်ဆေးတော့မည်
‼️‼️‼️‼️
မကြာသေးမီက မတ်လ ၆ ရက်နေ့တွင် ကျင်းပခဲ့သော ဂျပန်လွှတ်တော် အစည်းအဝေး၌ နိုင်ငံခြားသားကျောင်းသားများ သတ်မှတ်ထားသော တစ်ပတ် ၂၈ နာရီထက်ပို၍ အချိန်ပိုင်းအလုပ် (Arubaito) လုပ်နေသည့် ကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံခြားသားရေးရာမူဝါဒဆိုင်ရာ ဝန်ကြီး ခီမိ အိုနိုဒါ (Kimi Onoda) က အောက်ပါအတိုင်း တင်းကျပ်စွာ စစ်ဆေးသွားမည့်အကြောင်း ပြောကြားခဲ့ပါတယ်။
📍 ဘာတွေ ပြောင်းလဲသွားမလဲ?
* My Number စနစ်အသုံးပြုခြင်း: လာမည့် ၂၀၂၇ ခုနှစ် (Reiwa 9) မှစတင်၍ ကျောင်းသားများ၏ "My Number" ကတ်ကို အသုံးပြုပြီး ဝင်ငွေ (Income) နှင့် အခွန်အချက်အလက်များကို ချိတ်ဆက်စစ်ဆေးသွားမည် ဖြစ်သည်။
* ကျောင်းများနှင့် ပူးပေါင်းစစ်ဆေးခြင်း: အလုပ်နေရာ တစ်ခုမက (Multiple jobs) ခွဲလုပ်နေသော ကျောင်းသားများကို ပညာရေးအဖွဲ့အစည်း (ကျောင်း) များနှင့် ပူးပေါင်းပြီး အမှန်တကယ် အလုပ်လုပ်နေသည့် နာရီများကို စောင့်ကြည့်စစ်ဆေးသွားမည် ဖြစ်သည်။
📍 ဝန်ကြီး အိုနိုဒါ (Kimi Onoda) ၏ ပြောကြားချက်:
"အလုပ်လုပ်ဖို့လာတာဆိုရင် အလုပ်သမားဗီဇာ (Working Visa) နဲ့ လာသင့်ပါတယ်။ ကျောင်းသားဗီဇာ (Student Visa) ဆိုတာက ပညာသင်ဖို့လာတာ ဖြစ်တဲ့အတွက် ကျောင်းစာကို မထိခိုက်စေမယ့် အတိုင်းအတာအတွင်းမှာပဲ အလုပ်လုပ်ခွင့်ပြုထားတာပါ။ ဒါကြောင့် ဗီဇာရဲ့ မူလရည်ရွယ်ချက်အတိုင်း ဖြစ်အောင် စည်းမျဉ်းတွေကို သေချာစီမံသွားပါမယ်" ဟု ပြတ်သားစွာ ပြောကြားခဲ့ပါတယ်။
📍 ကျောင်းသားများ၏ အခက်အခဲကိုလည်း ထည့်သွင်းဆွေးနွေးခဲ့:
အဆိုပါ ပြဿနာကို စတင်မေးမြန်းခဲ့သည့် လွှတ်တော်အမတ် ဆာဆာဂါဝါ ကလည်း စည်းကမ်းတင်းကျပ်ရန် လိုအပ်သော်လည်း၊ လက်ရှိ ဂျပန်နိုင်ငံ၏ ကုန်ဈေးနှုန်း ကြီးမြင့်မှုများကြောင့် ကျောင်းသားများအနေဖြင့် နေထိုင်စရိတ် အခက်အခဲဖြစ်နေရသည့် အခြေအနေကို နားလည်ပေးပြီး ကူညီပံ့ပိုးပေးနိုင်မည့် အစီအစဉ်များကိုလည်း စဉ်းစားပေးရန် အစိုးရကို တိုက်တွန်းခဲ့ပါတယ်။
💡
👤 ဝန်ကြီး ခီမိ အိုနိုဒါ (Kimi Onoda) ဆိုတာ ဘယ်သူလဲ?
သူမသည် လက်ရှိ ဂျပန်အစိုးရအဖွဲ့တွင် နိုင်ငံခြားသားရေးရာ မူဝါဒဆိုင်ရာ ဝန်ကြီးအဖြစ် တာဝန်ယူထားသူဖြစ်သည်။ အမေရိကန်-ဂျပန် ကပြားတစ်ဦးဖြစ်သော်လည်း ဂျပန်နိုင်ငံ၏ လုံခြုံရေးနှင့် လူဝင်မှုကြီးကြပ်ရေး ကိစ္စရပ်များတွင် ဥပဒေအတိုင်း တိကျပြတ်သားစွာ ကိုင်တွယ်လေ့ရှိသော ရှေးရိုးစွဲဝါဒီ (Conservative) နိုင်ငံရေးသမားတစ်ဦးအဖြစ် လူသိများသည်။
⚠️ "တစ်ပတ် ၂၈ နာရီ" စည်းမျဉ်းဆိုတာ ဘာလဲ?
ဂျပန်နိုင်ငံတွင် ကျောင်းသားဗီဇာဖြင့် နေထိုင်သူများသည် အချိန်ပိုင်းအလုပ်လုပ်ခွင့် (Shikakugai Katsudo Kyoka - 資格外活動許可) လျှောက်ထားပြီးမှသာ တစ်ပတ်လျှင် အများဆုံး ၂၈ နာရီ အလုပ်လုပ်ခွင့်ရှိသည်။ (ချွင်းချက်အနေဖြင့် - ကျောင်းမှတရားဝင် သတ်မှတ်ထားသော နွေရာသီ/ဆောင်းရာသီ ကျောင်းပိတ်ရက်ရှည်များတွင်သာ တစ်ရက်လျှင် ၈ နာရီအထိ လုပ်ခွင့်ရှိသည်)။
ယခင်က အလုပ်နှစ်ခုခွဲလုပ်ပါက စစ်ဆေးရန် ခက်ခဲခဲ့သော်လည်း၊ ယခု My Number ဖြင့် ချိတ်ဆက်လိုက်ပါက နာရီပိုလုပ်ထားသမျှ ဝင်ငွေအချက်အလက်များ အလွယ်တကူ ပေါ်လွင်သွားမည်ဖြစ်ပြီး ဗီဇာသက်တမ်းတိုးခွင့် မရခြင်း သို့မဟုတ် ပြည်နှင်ဒဏ်ပေးခံရခြင်း စသည့် ပြင်းထန်သော အရေးယူမှုများ ကြုံတွေ့လာနိုင်ပါသည်။
ဂျပန်မှာ ကျောင်းတက်နေတဲ့ သူငယ်ချင်းတွေ သိရှိနိုင်အောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ဗီဇာသက်တမ်းတိုးတဲ့အခါ ပြဿနာမဖြစ်ရအောင် ချင့်ချိန်အလုပ်လုပ်ကြဖို့ တိုက်တွန်းချင်ပါတယ်။

#ဂျပန်
#ဂျပန်ရောက်မြန်မာ

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


ဘဏ်လမ်း
Yangon
Q5C5+7XYANGON