𝐂𝐈𝐓𝐘 𝐍𝐄𝐖𝐒

𝐂𝐈𝐓𝐘 𝐍𝐄𝐖𝐒

Share

Yangon City Development Committee is the administrative body of Yangon, the largest city and former capital of Myanmar.

It consists of 18 departments, with headquarters in the Yangon City Hall. The Committee's Chairman also acts as the City's Mayor. Founded: 1.8.1874

ယခု Page သည် ရန်ကုန်မြို့တော်စည်ပင် ၏ "ပြည်သူ့ဆက်ဆံရေးနှင့်ပြန်ကြားရေးဌာန" တရားဝင်စာမျက်နှာဖြစ်ပါသည်။

This page is the official page of "Public Relations and Information Department" of Yangon City Municipality.


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏

23/10/2025
Practice of Thanakha Culture in Myanmar 09/02/2025

Practice of Thanakha Culture in Myanmar Myanmar Thanakha culture will be submitted to UNESCO's Representative List of the Intangible Cultural Heritage of Humanity. You can also participate in the process of submitting Thanakha culture, which is cherished by the entire Myanmar nation, to UNESCO. We request you to cooperate in UNESCO's reco...

26/01/2025

Chinese New Year 2025 Free Show

ဇန်နဝါရီ ၂၉ ရက် ည ၇ နာရီ

အင်းယားလိတ်ဂါးဒင်း တွင်

အဆိုတော် ကော်နီ နှင့်တေးရေးတေးဆို ဝေကြီး တို့က

Daily Gita Band နှင့်

ပရိတ်သတ်ကြိုက်နှစ်သက်သောသီချင်းများဖြင့်

ဖျော်ဖြေမည်ဖြစ်ပြီး

ဝင်ကြေးအခမဲ့ဖြစ်ကြောင်းသိရှိရပါသည်။

17/12/2024

ညနေခင်းအိမ်ပြန်ချိန်သီချင်းတွေနားထောင်ဖူးပါသလား….?
1970,1980,1990
ငယ်ဘဝမှာ တေးသံသွင်းဆိုင်၊လဘက်ရည်ဆိုင်တွေဆီကပျံ့လွင့်လာတဲ့ စတီရီယိုတေးသီချင်းတွေ ကိုမတ်တပ်ရပ်ရင်း ဒါမှမဟုတ်ခြေလှမ်းနှေးနှေးလှမ်းရင်း၊ နားစိုက်အရသာခံ နားထောင်ခဲ့ကြတာသတိရကြမှာပါ။
အဲဒီအချိန်တွေကို အခုအသက်အရွယ်မှာ ပြန်မြင်ယောင်ရင်း နုပျိုစေမှာက
#ညနေခင်းအိမ်ပြန်ချိန်သီးချင်းတွေပါ
CityFm 88.90Mhz
Monday, Wednesday,Friday
6pm to 7pm

သင့်ရဲ့နာရီလက်တံတွေကိုပြောင်းပြန်လည်စေမဲ့
#ညနေခင်းအိမ်ပြန်ချိန်သီချင်းများ
တခါလောက်အလည်လာခဲ့ပါလို့
ဖိတ်ခေါ်ပါတယ်……….

Photos from 𝐂𝐈𝐓𝐘 𝐍𝐄𝐖𝐒's post 17/12/2024

ဒုတိယမြို့တော်ဝန် ဦးညီညီ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ အခြေခံပညာကျောင်းများရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန် ဒီဇင်ဘာ ၁၇
ရန်ကုန်မြို့တော်စည်ပင်သာယာ‌ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ
(ဒုတိယမြို့တော်ဝန်)ဦးညီညီသည် အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၇၁)ရပ်ကွက်၊ မဏိစည်သူလမ်းရှိ အမှတ်(၆) အခြေခံပညာအလယ်တန်းကျောင်း၊ (၁၀၇) ရပ်ကွက်၊ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်း(ခွဲ) နှင့် အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းများတွင် အင်ဂျင်နီယာဌာန(ရေစီးရေလာစီမံခန့်ခွဲမှု) က ရေဝပ်မှု
မဖြစ်စေရေးနှင့် ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများအား
စက်ယန္တရားများဖြင့် ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာ ဒုတိယမြို့တော်ဝန်က ကျောင်းများအတွင်း ရေဝပ်မှုမဖြစ်စေရေး မြေနိမ့်နေရာများအားမြေဖို့ရန်၊ ကျောင်းများပတ်ဝန်းကျင်တွင် ရေစီးရေလာကောင်းမွန်စေရေး၊ ရေမြောင်းတစ်လျှောက် ပိတ်ဆို့နေသည့် နေရာများအား ဆက်လက်ရှင်းလင်းရန်နှင့် ကျောင်းများသန့်ရှင်းသာယာသပ်ရပ်ရေး ဝိုင်းဝန်းဆောင်ရွက်ရန်မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကြောင်း သိရသည်။

Photos from 𝐂𝐈𝐓𝐘 𝐍𝐄𝐖𝐒's post 05/12/2024

တာမွေမြို့နယ်အတွင်းသန့်ရှင်းသာယာလှပစေရေးဆောင်ရွက်

တာမွေမြို့နယ်အတွင်းသန့်ရှင်းသာယာလှပစေရေးအတွက်ယမန့်​နေ့နံနက်ပိုင်းကမြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏ကြီးကြပ်မှုဖြင့်မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးဝန်ထမ်းများဌာနများမှတွဲ ဖက်ဝန်ထမ်းများပူးပေါင်းအင်အား
ဖြင့်တာမွေကြီး(ခ)ရပ်ကွက်၊(၁၄၆)လမ်း၌လမ်းဘေးဝဲ/ယာစွန့်ပစ်အမှိုက်များရှင်းလင်းခြင်း၊ သစ်ရွက်ကြွေအမှိုက်များလှည်းကျင်းရှင်း လင်းခြင်း၊ လမ်းတစ်လျှောက်လျှပ် စစ်ဓါတ်ကြိုးများနှင့်မလွတ်သောအုပ်မိုးကိုင်းများခုတ်ထွင်ရှင်းလင်းအလင်းဖွင့်ခြင်းထွက်ရှိအမှိုက်များအားမော်တော်
ယာဥ်(၁)စီးဖြင့်ရှင်းလင်းသိမ်းဆည်းခြင်းများဆောင်ရွက်စဥ်။

မလတ်

Photos from 𝐂𝐈𝐓𝐘 𝐍𝐄𝐖𝐒's post 05/12/2024

ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းသန့်ရှင်းသာယာလှပစေရေးဆောင်ရွက်

ရန်ကုန် ဒီဇင်ဘာ ၅

ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းသန့်ရှင်းသာယာလှပစေရေးအတွက်ယမန့်​နေ့နံနက်ပိုင်းကမြို့နယ်စည်ပင်သာယာအုပ် ချုပ်ရေးမှူး၏ကြီးကြပ်မှုဖြင့်မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးဝန်ထမ်းများဌာနများမှတွဲဖက်ဝန် ထမ်းများပူးပေါင်းအင်အား(၁၅)ဦးဖြင့်ကမ္ဘာအေးဘုရားလမ်းဗိုလ်မင်းခေါင်လမ်းနှင့်ဦးထောင်ဘိုအဝိုင်းကြားတွင်ဖြူနီကြားစင်္ကြံကတ်တုံးများရေဆေးချေးချွတ်ခြင်း၊ အထက်ပန်းဆိုးတန်းလမ်းနှင့်ကွမ်းခြံလမ်းထောင့်(တြိဂံချွန်း)တွင်မြက်ပင်ချုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်း၊ ထွက်ရှိအမှိုက်များအားမော်တော်ယာဥ်(၁)စီးဖြင့်သိမ်းဆည်းသယ်ယူ
စွန့်ပစ်ခြင်းများဆောင်ရွက်စဥ်။

မလတ်

02/12/2024

ဒလမြို့နယ်အတွင်းသန့်ရှင်းသာယာလှပစေရေးဆောင်ရွက်

ရန်ကုန် ဒီဇင်ဘာ ၂

ဒလမြို့နယ်အတွင်းသန့်ရှင်းသာယာလှပစေရေးအတွက် ယမန်နေ့နံနက်ပိုင်းကမြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏ကြီးကြပ်မှုဖြင့်မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးဝန်ထမ်းများဌာနများမှတွဲဖက်ဝန်ထမ်းများပူးပေါင်းအင်အား(၉)ဦးဖြင့်ဒလမြို့နယ်ကမာကသွယ်ရပ်ကွက်၊ ကျန်စစ်သားလမ်းရှိအမြင်မတင့်တယ်သောအမှိုက်များသိမ်း ဆည်းရှင်းလင်းခြင်း၊ လမ်းဘေးဝဲယာမြက်ပင်ချုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်း၊ ရေမြောင်းအတွင်းအမှိုက်နှင့်နှုံးများဆယ်ယူရှင်းလင်းခြင်းထွက်ရှိအမှိုက်များအားမော် တော်ယာဥ်(၁) စီး
ဖြင့်သိမ်းဆည်းသယ်ယူစွန့်ပစ်ခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မလတ်

Photos from 𝐂𝐈𝐓𝐘 𝐍𝐄𝐖𝐒's post 02/12/2024

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်းသန့်ရှင်းသာယာသပ်ရပ်ရေးဆောင်ရွက်

ရန်ကုန် ဒီဇင်ဘာ ၂

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်းသန့်ရှင်းသာယာသပ်ရပ်စေရေးအတွက် နိုဝင်ဘာ၃၀ ရက်နေ့ကမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏ကြီး ကြပ်မှုဖြင့်မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးဝန်ထမ်းများ ဌာနများမှတွဲဖက်ဝန်ထမ်းများပူးပေါင်းအင်အားဖြင့်အမှတ်(၈၈) ရပ်ကွက်၊ စိန်ပန်းလမ်း၊ အမှတ်(၂) အခြေခံပညာမှုလတန်းလွန်ကျောင်းဝင်းအတွင်းအပြင်ရှိမြက်ပင်ချုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်း၊ ရေမြောင်းအတွင်းအမှိုက်နှင့်မြောင်းချေးများဆယ်ယူရှင်းလင်းခြင်းသွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက်အဘိတ်ဆေးခတ်ခြင်းထွက်ရှိအမှိုက်များအားမော်တော်ယာဥ်(၂)စီးဖြင့်သိမ်းဆည်းသယ်ယူစွန့်ပစ်ခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မလတ်

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address


မြို့တော်ခန်းမ၊ အမှတ်( ၄၂၀/၄၅၀ )၊ မဟာဗန္ဓုလလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
Yangon

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00