Young Marga - မာဃလုလင်

Young Marga - မာဃလုလင်

Share

ဒေါသ လောဘ မောဟ သောက ရာဂ တွေကင်းစင်ကြပါစေ။

15/05/2025

The Four Noble Truths
1. The truth of suffering
2. The truth of the cause of suffering
3. The truth of the end of suffering
4. The truth of the paths to the end of suffering

သစ္စာလေးပါး
၁။ ဒုက္ခ ၂။ သမုဒယ ၃။ နိရောဓ ၄။ မဂ္ဂ

#မာဃလုလင်

09/08/2020

•••••••••••••••••••••••••••••••••••••••••••
🌐🌐🌐နတ်ပြည်နှင့်အသုရာပြည်🌐🌐🌐
•••••••••••••••••••••••••••••••••••••••••••
နတ်ပြည်

နတ်ပြည်၊ ဗြဟ္မာ့ပြည် ပေါ်ထွန်းလာပုံမှာ ယုဂန္ဓိုရ်တောင်ထိပ်၌ စတုမဟာရာဇ်နတ်ပြည် တည်ရှိ၏။ နေလ၊ နက္ခတ်တို့သည် စတုမဟာရာဇ်နတ်ပြည်၌ ပါဝင်သော ဘုံဗိမာန်များဟု ဆိုသည်။ မြင်းမိုရ်တောင်ထိပ်ပေါ်၌ တာဝတိံသာ နတ်ပြည်တည်ရှိ၏။ ယာမာ၊ တုသိတာ၊ နိမ္မာနရတီ၊ ပရနိမ္မိတဝသဝတ္တီ နတ်ပြည် လေးထပ်ကား မြေကြီးနှင့် လုံးဝမစပ်ဘဲ ကောင်းကင်မှာပင် အဆင့်ဆင့်မြင့်ကာ တည်ရှိလေသည်။ ဗြဟ္မာဘုံများလည်း ထို့အတူပင်ဖြစ်၏။

အသုရာပြည်

မြင်းမိုရ် သတ္တရဗ္ဘန်တောင်အတွင်း၌ အပေါက်လိုဏ်ခေါင်း ယူဇနာ နှစ်သောင်း အကျယ်အပြော ရှိ၏။ မြင်းမိုရ်တောင်မင်း၏အောက်၌ ခုံလောက်သုံးခု ခံလျက်ရှိ၏။ ခုံလောက်တခုသည် တခဲနက် နီရဲသော ပတ္တမြားကျောက်ဖြင့် ပြီး၏။ အခြားတခုမှာ နီလာကျောက်ပြားခဲကဲ့သို့ ရှိ၏။ အခြားတခုမှာ မြရောင်စိမ်းစိမ်းရှိလျက် ထွန်းလင်းတောက်ပ၏။ မြင်းမိုရ်တောင်အောက် မြခုံလောက်အကြား၌ အသုရာပြည် ရှိလေ၏။
--------------------------------
#မာဃလုလင်

Photos from Young Marga - မာဃလုလင်'s post 09/08/2020

_/\_ Mount Meru _/\_
•••••••••••••••••••••••••••••••••••••••••••••
တောင်တကာတို့၏ မင်းဖြစ်သော မြင်းမိုရ်တောင်သည် မဟာသမုဒ္ဒရာ အပေါ်သို့ ယူဇနာ ရှစ်သောင်း လေးထောင် မြင့်၍ မဟာသမုဒ္ဒရာအောက်၏ ယူဇနာ ရှစ်သောင်းလေးထောင် နစ်နေ၏။ မြင်းမိုရ်တောင်ထိပ် မြေအရပ်သည် အလုံးစုံသော မြေအရပ်တို့ မဖြစ်ပေါ်မီ ရှေးဦးပထမ ဖြစ်ပေါ်လာ၍ ယူဇနာ ရှစ်သောင်း လေးထောင် ကျယ်၏။
---------------------------------------------
#မာဃလုလင်

09/08/2020

•••••••••••••••••••••••••••••••••••••••••••••••••
🙏🙏🙏ပဏ္ဍုကမ္ဗလာမြကျောက်ဖျာ🙏🙏🙏
•••••••••••••••••••••••••••••••••••••••••••••••••
သိကြားမင်း ဖြစ်လာမည့် မာဃလုလင်သည် သုဓမ္မာဇရပ်အနီးတွင် ပင်လယ်ကသစ်ပင်တစ်ပင်ကို စိုက်ကာ လှူဒါန်းခဲ့သည်။ ပင်လယ်ကသစ်ပင် အနီးတွင် ကျောက်ဖြာကို လှူဒါန်းခဲ့သည်။ ထိုကုသိုလ်ကောင်းမှု၏ အကျိုးကျေးဇူးကြောင့် တာဝတိံသာနတ်ပြည်တွင် ပဏ္ဍုကမ္ဗလာမြကျောက်ဖျာ သည် ပေါ်ပေါက်လာခဲ့သည်။
တည်နေရာ =>> တာဝတိံသာနတ်ပြည် မဟာသုဒဿနမြို့တော် အရှေ့မြောက်ဘက်ရှိ ပုဏ္ဍရိကဥယျာဉ်ကြီးထဲတွင်ရှိသော ပင်လယ်ကသစ်ပင်ကြီး၏ အနီးတွင် တည်ရှိသည်။
အတိုင်းအတာ =>> အလျားသည် ယူဇနာ ခြောက်ဆယ် ရှိသည်။ အနံသည် ယူဇနာ ငါးဆယ် ရှိသည်။ အထူသည် တစ်ဆယ့်ငါး ယူဇနာရှိသည်။ အရောင်သည် လက်ခေါင်ရန်းပွင့်ကဲ့သို့ နီတွေးသည်။
ကျောက်ဖျာကြီး ပူရခြင်း =>> ပင်ကို အားဖြင့် ကျောက်ဖျာသည် အေး၏။ ထူးခြားသော အကြောင်းအရာများ ဖြစ်ပါ်လာသည့်အခါ တင်းမာကာ ပူလာသည်။
ဤသို့ဖြစ်စေသည့် အကြောင်းများမှာ -

(၁) သီလရှိသော သူတော်ကောင်းတို့အား ကူညီစောင့်ရှောက်ရန်အတွက်လည်း တင်းမာကာပူလာသည်။

(၂) သိကြားမင်း၏ သက်တမ်းကုန်ဆုံးသည့် အခါတွင်လည်း တင်းမာကာ ပူလာသည်။

(၃) သိကြားမင်း၏ နေရာကို လိုချင်သည့် တရားရှိသူ၊ ဘုန်းတန်ခိုးရှိသူတို့၏ သီလကြောင့်တင်းမာကာပူလာသည်။

ထိုသို့ ပူပြင်းလာသည့်အခါ သိကြားမင်းသည် အကြောင်းအရာအလိုက် ဖြေရှင်းသည်။ ထိုကျောက်ဖျာပေါ်တွင် သီတင်းသုံးကာ မြတ်စွာဘုရားသည် အဘိဓမ္မာတရားတော်ကို ဟောကြားတော်မူခဲ့ဖူးလေသည်။
-----------------------------------------------
#မာဃလုလင်

09/08/2020

_/\_ Be like Young Marga _/\_
••••••••••••••••••••••••••••••••••••••••••••••
မာဃလုလင်သည် တည်းခိုနားနေရန် နေရာများ၊ လမ်းများ စသည့် ကောင်းမှုကုသိုလ်တို့အပြင် အောက်ပါ အကျင့်ကောင်း (၇) မျိုးလည်း ရှိသည်။

(၁) မိဘနှစ်ပါးကို အသက်ထက်ဆုံး ရိုသေလေးစားစွာဖြင့် လုပ်ကျွေးပြုစုခြင်း။

(၂) အမိဘက် အဖဘက်တို့မှ မိမိထက် အသက်ကြီးသည့် ဆွေမျိုးများကို အသ်ထက်ဆုံး ရိုသေလေးစားခြင်း။

(၃) အသက်ထက်ဆုံး ချိုသာသော၊ ယဉ်ကျေးသော စကားကို ပြောဆိုခြင်း။

(၄) ချစ်ခင်သူနှစ်ယောက်အား ကွဲပြားအောင် ကုန်းချောစကားတို့ကို အသက်ထက်ဆုံး မပြောဆိုခြင်း။

(၅) အသက်ထက်လုံး နှမြောခြင်းမရှိဘဲ လွတ်လပ်စွာ ရက်ရက်ရောရော ပေးကမ်းစွဲ့ကြဲခြင်း။

(၆) အသက်ထက်ဆုံး မှန်ကန်သော စကားကိုသာ ပြောဆိုခြင်း။

(၇) အသက်ထက်ဆုံးအမျက်ဒေါသ မထွက်ပေါ်အောင် ထိန်းသိမ်းခြင်း။ တစ်ခါတရံ အမျက်ထွက်မိပါက လျင်မြန်စွာ ပယ်ဖျောက်ခြင်း။

နောင်သံသရာအတွက်သာမက ယခုဘဝအတွက်ပါ ကောင်းမွန်သည့် အကျင့်များကို ပြုခဲ့ဖူးသည့်ကံ၏ အကျိုးကြောင့် နတ်ပြည်တွင် သိကြားမင်း ဖြစ်လာ၏။ မာဃလုလင်၏ သူငယ်ချင်း (၃၂) တို့သည်လည်းအခြံအရံနတ်မင်းများဖြစ်လာကြသည်။
----------------------------------------------
#မာဃလုလင်

09/08/2020

Benevolence, Compassion, Empathetic joy, Equanimity
_/\_ _/\_ _/\_ _/\_ _/\_ _/\_ _/\_ _/\_ _/\_ _/\_
loving-kindness or benevolence (maitrī/metta)
ဒေါသကို ပယ်နှုတ်သော မေတ္တာ တရားကိုပိုင်ဆိုင်သူ၊၊ အရာရာတိုင်း၊ လူတိုင်း အပေါ် အတိုင်း အဆမဲ့၊ အပိုင်းအခြားမဲ့၊ ခွဲခြားမှုကင်းစွာ ချစ်မြတ် နိုးတတ်သူ မေတ္တာရှင်၊၊

compassion (karuna)
ဒုက္ခကို ပယ်နှုတ်သော ကရုဏာတရားပိုင်ရှင်၊၊ တပါးသူ ဒုက္ခဆင်းရဲ ရောက်သောအခါ အရာရာ တိုင်း၊ လူတိုင်း အပေါ် အတိုင်းအဆမဲ့၊ အပိုင်းအခြားမဲ့၊ ခွဲခြားမှုကင်းစွာ ချစ်မြတ် နိုးတတ်သူ၊ ကူညီဖြည့်ဆည်းတတ်သူ ကရုဏာရှင်၊၊

empathetic joy (mudita)
ဣဿာကို ပယ်သော မုဒိတာရှင်၊၊ ဘယ်သူ ဘယ်လောက်ဘဲ ချမ်းသာ၊ ကောင်းမွန် တိုးတက် ပါစေ၊ အရာရာတိုင်း၊ လူတိုင်း အပေါ် အတိုင်းအဆမဲ့၊ အပိုင်းအခြားမဲ့၊ ခွဲခြားမှုကင်းစွာ ဝမ်းသာကြည်နူး ဝမ်းမြောက်မှု ဖြစ်နိုင်သော စိတ် စေတနာရှိသူ မုဒိတာရှင်၊၊ မနာလိုမှုကင်းသူ သူတော်ကောင်း၊၊

equanimity (upekṣā/upekkha)
မိမိအပေါ် မိစ္ဆရိယပွါးသူကို လူတိုင်းအပေါ် အတိုင်းအဆမဲ့၊ အပိုင်းအခြားမဲ့၊ ခွဲခြားမှု ကင်းစွာ သည်းညည်းခံ၊ နားလည်ခွင့်လွှတ်နိုင်သူ ဥပေက္ခာရှင်၊၊ မိမိ၌ရှိသော၊ ဥစ္စာစည်းစိမ် ချမ်း သာ သုခ တို့ကို စွန့်လွှတ်နိုင်သူ၊၊ မိမိ၌ပေါ်လာသော နာကျင်မှု၊ သာယာမှုတို့ကို နားလည် စွန့်လွှတ် သည်းခံ နိုင်သူ၊၊ မိမိအတ္တအကျိုးကို အလေးဂရု မပြုသူ၊၊
------------------------------------------------
ပညာသင်ယူလေ့လာရာတွင်
လူသားတယောက် အနေဖြင့် စိတ်နှလုံးဖြူစင် ရိုးသား ဖြောင့်မတ်သူ ဖြစ်လာစေရန် ဓမ္မ ကို ကိုယ်တိုင် လေ့လာဆည်းပူးပြီး ဓမ္မ အတိုင်း တသက်တာလုံး အချိန်မလပ် ကျင့်ကြံအားထုတ် သွားသင့်ပါသည်၊၊
လူသားတယောက် အနေဖြင့် တာဝန်တရပ် ဖြစ်သည့် စားဝတ်နေရေး အတွက် သမ္မာ အာဇီဝ တည်းဟူသော မှန်ကန်သော အသက်မွေးမှု ပြုနိုင်ရန် ခေတ်မှီအတတ်ပညာရပ် တို့ကိုလည်း လေ့လာ သင်ယူ ဖြည့်ဆည်းသင့်ပါသည်၊၊
((အထက်ပါ ဓမ္မ အချက်အလက်များကို တောင်ကြီးတက္ကသိုလ် ကျိုင်းတုံ ခန်းမ၌ ကျင်းပသော ဓမ္မသဘင်တွင် သီတဂူ ဆရာတော် အရှင်ဉာဏိဿရ ဟောကြားခဲ့သော 'ဘဝရည် ရွယ်ချက်' တရားတော်ကို နားလည်ခံယူပြီး ပြန်လည်ရေးသားထားပါသည်၊၊))
🙏🙏🙏🙏🙏
#မာဃလုလင်

09/08/2020

•••••••••••••••••••••••••••••••••••••••••••••••••
🙏🙏🙏🙏🙏သီလ၊ သမာဓိ၊ ပညာ🙏🙏🙏🙏🙏
•••••••••••••••••••••••••••••••••••••••••••••••••
သီလ တည်းဟူသော စောင့်ထိန်းမှု
ကိုယ်နှုတ်ကို ထိန်းရန် စည်းကမ်း တို့ကို သီလဟုဆိုပါသည်၊၊ ကိုယ်ကို ထိန်းရန် ကိုယ် စည်းကမ်း ၃ ပါးတို့မှာ၊ သူ့အသက်မသတ်၊ သူ့ဥစ္စာ မခိုး၊ သူ့အိမ်ယာ မဖေါက်ပြန်ခြင်း တို့ဖြစ် ၏၊၊
နှုတ်ကို ထိန်းရန် စည်းကမ်း ၆ ပါးတို့မှာ ရိုးသားသော စိတ်ဖြင့်ပြောခြင်း၊ အမှန် ကိုဆိုခြင်း၊ ယဉ်ကျေးချိုသာစွာပြောခြင်း၊ မိမိနှင့်တပါးသူ့ အကျိုးရှိသော စကားကိုဆိုခြင်း၊ အချင်းချင်း ညီ ညွတ်မှုရှိအောင် စကားဆိုခြင်း တို့ဖြစ်သည်၊၊ သို့မဟုတ် ကောက်ကျစ်၊ လိမ်လည်၊ ရုန့်ရင်း ကြမ်းတမ်း၊ အကျိုးမဲ့၊ ဂုံးချောပြောခြင်း တို့မှ ရှောင်ကျဉ်ခြင်းတို့ ဖြစ်ကြသည်၊၊ သီလစောင့်ထိန်းခြင်းဖြင့် မိမိကိုယ်ကို လူကောင်း ဖြစ်စေ နိုင်သည်၊၊ လောကီ ကြီးပွါးတိုးတက်မှုကို ဖြစ်ထွန်းစေသည်၊၊

သမာဓိ တည်းဟူသော စိတ်တည်ငြိမ်မှု
စိတ်စည်းကမ်း၊ စိတ်ကို ထိန်းချုပ်သော နည်းလမ်း စည်းကမ်းဖြစ်သည်၊၊ စိတ်ကို တည်ငြိမ်မှု ရရန် တနေရာထဲတွင် စူးစိုက်ထား နိုင်ရန် လေ့ကျင့်မှု ကျင့်စဉ် နှင့် စည်းကမ်းများ ဖြစ်ပါသည်၊၊ မိမိ၏ စိတ်အေးငြိမ်း ချမ်းသာမှုကို ပေးနိုင်ပါသည်၊၊ သမာဓိဖြင့် လူရိုးလူဖြောင့် ဖြစ်စေနိုင်ပါ သည်၊၊

ပညာ တည်းဟူသော မှန်ကန်စေ့စပ်သော သိမှု
ပ = အသေးစိတ်၊ ညာ = မှန်ကန်စွာ သိရှိနားလည်ခြင်း၊ ပညာဆိုသည်မှာ မိမိကိုယ်ထဲ၌ ရှိသောအရှိကို စက္ကန့်နှင့်အမျှ အသေးစိတ် သိမြင်မှုကို ဆိုလိုသည်၊၊ မိမိကိုယ်ထဲ၌ သင်ယူ ရမည်၊၊ လောကကြီးထဲ၌ သင်ယူရမည်၊၊ စိတ် စေတသိက် ရုပ်တို့၏ ဖြစ်ပျက်သမျှ အလုံးစုံကို အချိန်နှင့်အမျှ အသေးစိတ် ထိုးထွင်းသိမြင်ခြင်း တည်းဟူသော ပညာကို ရရှိနိုင်ရန် လေ့ကျင့် သွားရမည်၊၊
---------------------------------------
#မာဃလုလင်

09/08/2020

••••••••••••••••••••••••••••••••••••••••••••••••••
🙏🙏🙏🙏🙏ပရိယတ္တိ နှင့် ပဋိပတ္တိ🙏🙏🙏🙏🙏
••••••••••••••••••••••••••••••••••••••••••••••••••
ပရိယတ္တိ တည်းဟူသော သင်ယူနှလုံးသွင်းခြင်း
ဓမ္မမှ ကိုယ်တိုင် သင်ယူ ရမည့် အရာတို့မှာ လူဘဝ၌ ရှင်သန်နေသမျှ ကာလပတ်လုံး နေထိုင် ကျင့်ကြံ လုပ်ကိုင်သွားရန် 'နည်းလမ်း အသွယ်သွယ် တို့ကို ညွှန်ပြသော သုတ္တန်' 'ကိုယ်၊ နှုတ်စည်းကမ်း တို့ကိုညွှန်ပြသော ဝိနည်း' 'စိတ် စေတသိက် ရုပ် တို့၏ သဘော တရားကို ညွှန်ပြသော အဘိဓမ္မာ' တို့ဖြစ်ကြသည်၊၊ လူသားတယောက်အနေဖြင့် လူ့ဘဝ၌ နေထိုင်ရန် နည်းလမ်း၊ စည်းကမ်း၊ သဘောတရား တို့ကို သိရှိရန် အထူး လိုအပ်ပါသည်၊၊ သို့မဟုတ်ပါက ရှင်သန်လျက် လူဖြစ်ရှုံးနေရသကဲ့သို့ ဖြစ်နေပါသည်၊၊

ပဋိပတ္တိ တည်းဟူသော ကျင့်သုံးရန် ကျင့်စဉ်
ဓမ္မမှ ကိုယ်တိုင် ကျင့်သုံးရန် ကျင့်စဉ်တို့မှာ ကိုယ် စည်းကမ်း ၃ ရပ်၊ နှုတ်စည်းကမ်း ၆ ရပ် ပါဝင်သည့် ကိုယ်ကျင့်တရား တည်းဟူသော သီလ ကျင့်စဉ်၊၊ စိတ်ကို စည်းကမ်းသတ်ပေး သော၊ စိတ်ကို တသမတ်တည်း တည်နေရန် လေ့ကျင့်ပေးသည့် သမာဓိကျင့်စဉ်၊၊ မိမိကိုယ် ထဲ က ဖြစ်မှု ပျက်မှု အလုံးစုံကို စက္ကန့်နှင့်အမျှ အသေးစိတ် ပကတိအတိုင်း သိမြင်မှု ပညာ ဟုအဓိပ္ပာယ်ဖွင့်ဆိုကြပါသည်။
--------------------------------------------
#မာဃလုလင်

09/08/2020

ဗြဟ္မဝိဟာရတရားလေးပါး ဆိုသည်မှာ (၁) မေတ္တာ (၂) ကရုဏာ (၃) မုဒိတာ (၄) ဥပေက္ခာ တို့ပင်ဖြစ်သည်။
••••••••••••••••••••••••••••••••••••••••••••••••
🙏🙏🙏ဓမ္မ တည်းဟူသော တရား🙏🙏🙏
••••••••••••••••••••••••••••••••••••••••••••••••
ဓမ္မသည် သင်ယူရန်၊ လေ့ကျင့်ရန်နှင့် နက်နက်နဲနဲ ထိုးထွင်းသိမြင်ရန် ဖြစ်ပါသည်၊၊ ကိုယ်တိုင် သင်ယူ လေ့ကျင့်ပြီး ဖေါက်ထွင်း သိမြင်ရန် ဖြစ်သည်၊၊ ဓမ္မတွင် အပိုင်း ၃ ပိုင်းရှိပါသည်၊၊ ဘဝ နည်းလမ်း တို့ကို ညွှန်ပြသော 'သုတ္တန်'၊၊ ကိုယ်၊ နှုတ်စည်းကမ်း တို့ကိုညွှန်ပြသော 'ဝိနည်း'၊၊ စိတ်၊ စေတသိက်၊ ရုပ် တို့၏ သဘောတရားကို ညွှန်ပြသော 'အဘိဓမ္မာ' တို့ဖြစ်ကြသည်၊၊ ဓမ္မသည် ယုံ ကြည်ရန်၊ ကိုးကွယ်ရန်၊ ဆုတောင်းရန် မဟုတ်၊၊ လူ့ဘဝ၌ ရှင်သန်နေသ၍ အချိန်နှင့်အမျှ ကိုယ်တိုင် လေ့လာ လက်တွေ့ကျင့်သုံး ဆင်ခြင်ပွါးများသွားရန် ဖြစ်သည်၊၊
-----------------------------------------------
#မာဃလုလင်

09/08/2020

Who is Thagyamin?
Thagyamin is often portrayed as holding a conch shell in one hand, and a yak-tail fly-whisk in the other, and seated or standing atop a three-headed white elephant (similar to the Thai Erawan). He is described as the ruler of the deva plane of existence, called Trāyastriṃśa (တာဝတိံသာ).
He was designated the preeminent of the official pantheon of 37 atet nat (အထက်နတ်) by King Anawrahta in the 11th century, in an effort to streamline animist practices among the populace and merge these practices with Theravada Buddhism. He is the only nat in the official pantheon not to have undergone a sudden and violent death, called a "green" or "raw" death.

>>>>In Burmese

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Tar Wa Tain Thar Street, Myanmar, Burma (Myanmar)
Yangon