ဂျပန်စာလေ့လာကြမယ်

ဂျပန်စာလေ့လာကြမယ်

Share

သင့်အခက်အခဲအား တက်နိုင်သမျှ ကူညီပါ?

14/12/2023

မင်မင်နဲ့ဘဝတူတွေရှိရင် မန့်ခဲ့ 😁

21/10/2023

Photo credit

04/10/2023

မင်မင်ပါ😂😂

05/09/2023

🐦すずめのなみだ
suzume no namida
すずめ = စာကလေး
なみだ = မျက်ရည်

" အရမ်းနည်းပါတယ် "
" ဘာမှမပြောပလောက်ပါဘူးဟယ် " စသဖြင့် အလွန်သေးငယ်တဲ့ပမာဏကို ပြောချင်ရင် "すずめのなみだ " မြန်မာလိုဆို "စာကလေးမျက်ရည်လောက်ပါပဲ "လို့သွယ်ဝိုက်ပြီးပြောကြပါတယ်။

✨ဥပမာလေးတွေ ကြည့်ကြည့်ရအောင်နော်

Eg 1 )
すずめのなみだ ほどの ボーナスに がっかりしました。
- စာကလေးမျက်ရည်လောက်ပဲရှိတဲ့ bonus ကို စိတ်ပျက်တယ်😩

Eg 2 )
みんなが たべてしまったので、おかしの のこりは すずめのなみだほど しか ありませんでした。
- အားလုံးစားပစ်လိုက်ကြတာ ကျန်ခဲ့တဲ့မုန့်က စာကလေးမျက်ရည်လောက်တောင် မရှိတော့ဘူး😭

Eg 3 )
A: きゅうりょう あがったんだって?
မင်းလစာတိုးတယ်ဆို ?
B: いや、ほんのすこし。
အင်းးး တကယ့်ကိုနည်းနည်းလေးပါ။
A: そんな こと ない だろう。
အဲလောက်လေးတော့မဟုတ်လောက်ပါဘူး။
B: あがった ことは あがった けどさ、ほんの すずめのなみだ でねえ。
တက်တာတော့တက်ပေမယ့် တကယ့်ကို စာကလေးမျက်ရည်လောက်ပါဘဲ😢

နောက်ရက်တွေမှာလည်း နောက်ထပ် idiom လေးတွေတင်ပေးသွားမှာမို့ Page လေးမှာ စောင့်ကြည့်ပေးသွားဦးနော် 🥰

Crd:

02/09/2023

ကိုယ့်အလုပ်အကိုင်ရာထူးကို ဂျပန်လိုပြောနိုင်ရန်

事務員 (じむいん) ရုံး၀န်ထမ်း

事務スタッフ (じむスタッフ) ရုံး၀န်ထမ်း

経理者 (けいりしゃ) စာရင်းကိုင်

アカウンタント စာရင်းကိုင်

アシスタント アカウンタント マネージャー လက်ထောက်စာရင်းကိုင်မန်နေဂျာ

財務スタッフ (ざいむスタッフ) ငွေစာရင်းဌာန၀န်ထမ်း

財務課長 (ざいむかちょう) လက်ထောက်မန်နေဂျာ(ငွေစာရင်းဌာန)

ファイナンス スタッフ Finance Staff (ငွေစာရင်း၀န်ထမ်း )

アシスタント ファイナンス マネージャー လက်ထောက်မန်နေဂျာ(ငွေစာရင်းဌာန)

人事スタッフ (じんじスタッフ) ၀န်ထမ်းရေးရာဌာန၀န်ထမ်း

人事部長 (じんじぶちょう) ၀န်ထမ်းရေးရာဌာနမန်နေဂျာ

アドバイザー ကြီးကျပ်ရေးမှုး

プロダクト マネージャー ကုန်ထုတ်လုပ်မှု မန်နေဂျာ

安全管理者 (あんぜんかんりしゃ) အန္တရယ်ကင်းရှင်းရေးဌာနကြီးကျပ်ရေးမှုး

安全責任者 (あんぜんせきにんしゃ) အန္တရယ်ကင်းရှင်းရေးဌာနမန်နေဂျာ

研究者 (けんきゅうしゃ) သုတေသနပညာရှင်

購買スタッフ (こうばいスタッフ) အ၀ယ်တော်၀န်ထမ်း

ドライバー ယာဉ်မောင်းသူ

チーフ ドライバー မော်တော်ယာဉ်မှုး

運転手 (うんてんしゅ) ယာဉ်မောင်းသူ

運転手リーダ (うんてんしゅリーダ) မော်တော်ယာဉ်မှုး

秘書 (ひっしょ) အတွင်းရေးမှုး

総務担当 (そうむたんとう) Administrator

データエントリースタッフ Data Entry ၀န်ထမ်း

コンピューターオペレーター Computer Operator

事務管理者 (じむかんりしゃ) Office Manager

受付スタッフ (うけつけスタッフ) Receptionist

人事コンサルタント (じんじコンサルタント) HR Consultant

人事アナリスト (じんじアナリスト) HR Analyst

給与アナリスト (きゅうよアナリスト) Compensation Analyst

採用担当者 (さいようたんとうしゃ) Staff Recruiter

監査役人 (かんさやくにん) Auditor ( စာရင်းစစ်)

ファイナンシャル・アナリスト Financial Analyst

不動産マネージャー (ふどうさんマネージャー) Real Estate Manager

コントローラ Controller

販売スタッフ (はんばいスタッフ) Sales Associate / Sales Staff

顧客サービス担当 (こきゃくサービスたんとう) Customer Service Representative

メディア担当マネージャー (メディアたんとうマネージャー) Media Relations Manager

ブランドマネージャー Brand Manager

流通担当マネージャー (りゅうつうたんとうマネージャー) Distribution Manager / Logistics Manager ( ဖြန့်ချီရေး မန်နေဂျာ

プロジェクトコーディネーター Project Coordinator

プロモーションマネージャー Promotion Manager

マーケットリサーチャー Market Researcher

ITコンサルタント IT Consultant

ビジネスアナリスト Business Analyst

システムアナリスト System Analyst

システム設計者 (システムせっけいしゃ) System Designer

システム技術者 (システムぎじゅつしゃ) System Technician

ソフトウェア開発者 (ソフトウェアかいはつしゃ) Software Developer

プログラマー Computer Programmer

ソフトウェアエンジニア Software Engineer

データベース管理者 (データベースかんりしゃ) Database Analyst

ネットワークエンジニア Network Engineer

システム管理者 (システムかんりしゃ) System Administrator

ラン管理者 (ランかんりしゃ) LAN Administrator

ウェブコンテンツ管理者 (ウェブコンテンツかんりしゃ) Web Content Administrator

ウェブマスター Webmaster

テクニカルトレーナー Technical Trainer

テクニカルインストラクター Technical Instructor

シニアエンジニア Senior Engineer

ジュニアエンジニア Junior Engineer

建築エンジニア (けんちくエンジニア) ဗိသုကာအင်ဂျင်နီယာ

建設エンジニア (けんせつエンジニア) ဆောက်လုပ်ရေးအင်ဂျင်နီယာ

積算士 (せきさんし) Quantity Surveyor

品質管理者 (ひんしつかんりしゃ) Quality Control

ウェブデザイナー Web Designer

ウェブ開発者 (ウェブかいはつしゃ) Web Developer

02/09/2023

စာစလုပ်ပြီ😂

Photos from ဂျပန်စာလေ့လာကြမယ်'s post 17/08/2023

ဂျပန်ပြည်သို့ မိဘကို အလည်ခေါ်မယ်
❤❤❤❤❤❤❤❤

ဂျပန်နိုင်ငံမှာ ပညာရှင် အလုပ်ဗီဇာနဲ့အလုပ်လုပ်နေတဲ့လူတွေ ကိုယ့်မိဘကို ဂျပန်အလည်အပတ် ခေါ်နိုင်ဖို့ ဒီ post လေးကို ရေးသားပါ့မယ်။
(ဂျပန်နိုင်ငံမှာ ကျောင်းတက်နေတဲ့လူတွေလည်းကျောင်းဆင်းပွဲကို မိဘတွေကို ခေါ်လို့ရပါတယ်။ ဒီ post ရဲ့ နောက်ပိုင်းမှာ ရေးသားပေးပါ့မယ်။)

ကိုယ့်မိဘအပြင် အသိမိတ်ဆွေ၊ မောင်နှမ၊ သူငယ်ချင်း၊ ချစ်သူရည်းစား ကိုယ်နဲ့ပတ်သက်တဲ့လူ အကုန် အလည်ခေါ်လို့ရပါတယ်။ ဒီဗီဇာကို ဂျပန်လိုတော့ 短期滞在(tankitaizai) ဗီဇာလို့ ခေါ်ပါတယ်။

ဒီဗီဇာနဲ့ ဂျပန်သွားလည်ဖို့က မြန်မာနိုင်ငံဘက်က ခရီးသွားမယ့်လူက ကုန်ကျစရိတ်ကျခံမှာလား၊ ဂျပန်ဘက်က အလည်ခေါ်မယ့်လူက ကုန်ကျစရိတ်ကျခံပြီး ခေါ်မှာလားဆိုပြီး ၂မျိုးရှိပါတယ်။ ဒီတစ်ခါ ဂျပန်နိုင်ငံဘက်က sponsor ပေးပြီး ခေါ်မယ့်ပုံစံကို ရေးသားပေးပါ့မယ်။
Sponsor ပေးမယ့်လူက ဂျပန်ဘက်ကနေ လိုအပ်တဲ့စာရွက်စာတမ်းတွေကိုလုပ်ပြီး မြန်မာနိုင်ငံက ဘက်ကVisaလျှောက်မယ့်လူဆီ ပို့ပေးရပါမယ်။

Visaလျှောက်မယ်လူက ဂျပန်ကပို့ပေးလိုက်တဲ့စာရွက်စာတမ်းနဲ့ မြန်မာနိုင်ငံကလိုအပ်တဲ့ စာရွက်စာတမ်းကိုယူသွားပြီးVisaကို မြန်မာနိုင်ငံမှာရှိတဲ့ ဂျပန်သံရုံးမှာ ဂျပန်သွားမယ့်လူကိုယ်တိုင် သွားလျှောက်ရမှာပါ။

မြန်မာနိုင်ငံမှာရှိတဲ့ ဂျပန်သံရုံးမှာ Visaတင်ရင် စာရွက်စာတမ်းပြည့်စုံပါက တစ်ပတ်၊ ၁၀ရက်ဆိုရင်Visaရပါပြီး။

မြန်မာနိုင်ငံကVisaရပြီး ၃လအတွင်း မိမိကြိုက်တဲ့နေ့မှာဂျပန်နိုင်ငံသို့ ထွက်ခွါခွင့်ရှိပါတယ်။

¥¥¥¥¥¥¥¥¥¥&$$$$$$$$$$$$&€€€€€€€
Visaလျှောက်ရန်လိုအပ်သောစာရွက်စာတမ်းများ။

ဂျပန်ဘက်က Sponsor ပေးမယ့်လူကဒါတွေလိုအပ်ပါတယ်။
1). Invitation letter(ဘာကြောင့် ဖိတ်ခေါ်ပါတယ်ဆိုတဲ့စာ)
2). Itinerary in Japan(ဘယ်တွေကို လည်ပတ်မှာလဲဆိုတဲ့ schedule)
3). Letter of guarantee (စပွန်စာပေးကြောင်း အာမခံစာ)
4). bank statement(ဘဏ်ထဲမှာ ငွေရှိကြောင်းထောက်ခံစာ(အလည်လာမည့်လူ၊ ဂျပန်နိုင်ငံမှာ သွားလာ နေထိုင်နိုင်လောက်တဲ့ ငွေပမာဏ)များလေ ကောင်းလေပါပဲ။)
5). ဂျပန်နိုင်ငံမှာ နေထိုင်နေတဲ့ သန်းခေါင်စာရင်း
6). ဂျပန်နိုင်ငံ နေထိုင်ခွင့်ကဒ်ပြားကော်ပီ
7). ဂျပန်နိုင်ငံမှာ အလုပ်လုပ်နေကြောင်း ထောက်ခံစာ
😎. ဝင်ငွေ အထောက်အထား課税・納税(kazei/noūzei)
9). အလည်လာမယ့်လူက တစ်ဦးထက်ပိုပါက List of visa applicants လိုအပ်ပါတယ်။

မြန်မာနိုင်ငံဘက်က Visaလျှောက်မယ့်လူက ဒါတွေလိုအပ်ပါတယ်။
1.passport(သက်တမ်း ၆လအထက် ကျန်ရပါမယ်)
2.visaလျှောက်လွာ
3.ဓါတ်ပုံ တစ်ပုံ(450mm×450mm)
4.air-ticket booking(အသွားအပြန် booking လုပ်ထားတဲ့စာရွက်)
5.မြန်မာနိုင်ငံ သန်းခေါင်စုစာရင်း(ဂျပန်နိုထလီ)
6.မှတ်ပုံတင်(ဂျပန်နိုထလီ)
7.bank statement(ဘဏ်ထဲမှာ လေယာဉ်လက်မှတ် ဝယ်နိုင်လောက်တဲ့ ငွေပမာဏ)
စာရွက်စာတမ်းအားလုံး မူရင်း&ကော်ပီလိုပါသည်။
¥¥¥¥¥¥¥¥¥¥¥&$$$$$$$$$$$$$$$$$$

အထက်ပါ စာရွက်စာတမ်းတွေ စုံပြီဆိုလျှင် မြန်မာနိုင်ငံ ဂျပန်သံရုံးမှာ ဗီဇာသွားတင်ပါ။

သံရုံးမှာ အလည်ဗီဇာတင်မယ်ဆိုရင် ဒီအချက်အလက်တွေကို သေသေချာချာဖတ်ပါ။
(လိုအပ်သည်များ ဖြည့်စွက်ပြီး တင်ပါ။)

https://www.mm.emb-japan.go.jp/profile/PDF%20file/2017relatives.pdf

ဗီဇာ လျှောက်လွှာ ရယူရန်။
(သံရုံးမှာလည်း ယူလို့ ရပါတယ်။)
https://www.mm.emb-japan.go.jp/profile/myanmar/visa.html

မြန်မာနိုင်ငံဘက်ကVisaရပြီးဆိုရင် သွားမယ်နေ့ရွေး၊ လေယာဉ်လက်မှတ်ဝယ်ပြီး ၃လအတွင်းမှာ ဂျပန်ကို သွားလို့ ရပါပြီ။

လေယာဉ်စီးပြီး ဂျပန်နိုင်ငံကိုရောက်ရင် ဂျပန်လဝကက မိမိရဲ့ passport ပေါ်မှာvisaတံဆိပ်တုံးထုပေးပါ့မယ်။ (ဥပမာ။ ။ယနေ့မှစ၍ ၁လ၊ ၃လ .....စသည်ဖြင့်)

ဂျပန်နိုင်ငံထဲဝင်ပြီး Visa မကုန်ခင်ထိ လည်ပတ်ခွင့်ရှိပါသည်။

မေး။ ။ အလည်အပတ်ဗီဇာက ဂျပန်မှာဘယ်လောက်နေလို့ရပါသလဲ။
ဖြေ။ ။ ကိုယ်ရေးတင်တဲ့ schedule အပေါ်မှာ မူတည်ပါလိမ့်မယ်။ တစ်လအောက် schedule ရေးရင် ဗီဇာ တစ်လရရှိပါလိမ့်မယ်။ တစ်လအထက် schedule ဆွဲထားရင် ဗီဇာ ၃လ ရရှိပါလိမ့်မယ်။

မေး။ ။ ၃လနေပြီး သက်တမ်း ထပ်တိုးလို့ ရပါသလား။
ဖြေ။ ။ အကြောင်းပြချက် ခိုင်လုံရင် တိုးလို့ရပါတယ်။ အလုပ်တော့ ရှုပ်ပါတယ်။ ထပ်တိုးဖူးတဲ့လူတွေ နောက်အခါတွေ အလည် ထပ်လာဖို့အတွက် ခက်ခဲကြတယ်လို့ ပြောကြပါတယ်။ ပုံမှန်က တစ်ခါ အများဆုံး ၃လ အထိ နေလို့ရတယ်လို့ မှတ်ထားတာ ကောင်းပါတယ်။
မေး။ ။ မြန်မာနိုင်ငံဘက်က ဗီဇာရပြီး၊ ဂျပန်အဝင်မှာ show money ပြဖို့ လိုပါသေးသလား။
ဖြေ။ ။ ဂျပန်ဘက်က အလည်ခေါ်ရင် show money မလိုအပ်ပါ။

မေး ။ ။ မိဘကို အလည်အပတ် မဟုတ်ဘဲ၊ တောက်လျှောက် ဂျပန်မှာ မှီခိုဗီဇာနဲ့ ခေါ်ထားလို့ မရဘူးလား။
ဖြေ။ ။ ပုံမှန်က မရပါဘူး။ အသက်ကြီးပြီး(၇၀နဲ့အထက်)၊ မြန်မာနိုင်ငံဘက်မှာ ကြည့်ရှုမယ့်လူမရှိတဲ့ မိဘဆိုရင်တော့ လဝကမှာ သွားရောက်ဆွေးနွေး လို့ရပါတယ်။

မေး။ ။ ဂျပန်ဘက်က လိုအပ်တဲ့ လျှောက်လွှာပုံစံတွေ ဘယ်ကယူလို့ရမလဲ။
ဖြေ။ ။ ဒီကနေ ရယူပါ။

https://www.mofa.go.jp/j_info/visit/visa/short/other_visa.html

မေး။ ။ အလည်အပတ်ဗီဇာဖြင့် လာသောလူတွေ အချိန်ပိုင်း အလုပ် လုပ်လို့ရပါသလား။
ဖြေ။ ။ ဥပဒေအရ အလုပ်လုပ်ခွင့် မရှိပါဘူး။

မေး။ ။ အခြား ဘာဗီဇာ ကိုင်ထားတဲ့လူတွေ မိဘ၊ မောင်နှမတွေကို အလည်ခေါ်လို့ ရပါသလဲ။
ဖြေ။ ။ အမြဲတမ်းနေထိုင်ခွင့် ရထားတဲ့လူတွေ၊ တဲဂျူးရထားတဲ့လူတွေ၊ ဂျပန်လူမျိုးနဲ့ လက်ထပ်ထားတဲ့လူတွေ ခေါ်လို့ရပါတယ်။

မေး။ ။ ဂျပန်မှာ ကျောင်းတက်နေပါတယ်။ ဘွဲ့ယူမယ့်ပွဲမှာ မိဘကို ခေါ်ချင်ပါတယ်။ ဘာတွေ လိုအပ်ပါသလဲ။
ဖြေ။ ။ လိုအပ်တဲ့ စာရွက်စာတမ်းကတော့

1). Invitation letter(ဘွဲ့ယူဖို့(လည်ပတ်ဖို့) ဖိတ်ခေါ်ပါတယ်ဆိုတဲ့စာ)
2). Itinerary in Japan(ဘယ်တွေကို လည်ပတ်မှာလဲဆိုတဲ့ schedule၊ ကျောင်းသားဖြစ်တဲ့အတွက် ဘွဲယူမယ့်နေ့ကို schedule မှာ ထည့်ဆွဲဖို့လိုအပ်ပါတယ်။ )
3). ဂျပန်နိုင်ငံမှာ နေထိုင်နေတဲ့ သန်းခေါင်စာရင်း
4). ဂျပန်နိုင်ငံ နေထိုင်ခွင့်ကဒ်ပြားကော်ပီ
5). ကျောင်းကနေ ကျောင်းတက်နေကြောင်း၊ ဘွဲ့ယူမယ့်အကြောင်းထောက်ခံစာ ရယူဖို့လိုအပ်ပါလိမ့်မယ်။

မိမိက အလုပ်လုပ်နေတဲ့လူတစ်ယောက်ဆိုလျှင်၊ မိမိကိုယ်တိုင် guarantee ပေးလို့ ရပေမယ့်၊ ကျောင်းသားဖြစ်တဲ့အတွက် guarantee လုပ်ဖို့ လူရှာဖို့ လိုအပ်ပါလိမ့်မယ်။ မိဘကို ဘွဲ့ယူပွဲ ခေါ်ချင်တယ်လို့ ကျောင်းမှဆရာ၊ ဆရာမတွေကို ပြောပြလျှင် အချို့ဆရာ၊ ဆရာမတွေက guarantee ပေး အဆင်ပြေအောင် ဆောင်ရွက်ပေးပါလိမ့်မယ်။ ဒါမှမဟုတ် မိမိနဲ့သိတဲ့ အလုပ်လုပ်နေတဲ့မြန်မာလူမျိုး၊ ဂျပန်လူမျိုး စတဲ့လူတွေကိုလည်း အာမခံ ပေးခိုင်းလို့ ရပါတယ်။ ဂျပန်လို မိမိကိုထောက်ခံ့ပေးမယ့်လူကို 身元保証人(mimotohoshōnin) လို့ ခေါ်ပါတယ်။အဲ့ဒီလူဆီက ယူရမယ့် စာရွက်စာတမ်းတွေ ကတော့
1). ထောက်ခံစာ 身元保証書 (mimotohoshōsho)
(Letter of guarantee)
2). အလုပ်လုပ်နေကြောင်း ထောက်ခံစာ 在職証明書 (zaishokushōmeisho) (သို့) ဝင်ငွေ အထောက်အထား
3). ရပ်ကွက်နေထိုင်ကြောင်းထောက်ခံစာ 住民票(jūminhyō) ပဲ ဖြစ်ပါတယ်။
လိုအပ်တဲ့ 身元保証書 စာရွက်စာတမ်းပုံစံကို ဒီမှာ ရယူလို့ ရပါတယ်။
(Letter of guarantee)
https://www.mofa.go.jp/j_info/visit/visa/index.html

ဒီနေရာမှာ ကိုယ့်ကို ထောက်ခံပေးမယ့် 身元保証人(mimotohoshōnin) က ကန့်သတ်မှုရှိသလားဆိုတာ မေးစရာ တစ်ခုရှိပါတယ်။ ဂျပန်ဘက်မှာ ကိုယ့်ကို ထောက်ခံပေးမယ့်၊ အာမခံပေးမယ့်လူဟာ ယုံကြည်ရတဲ့လူဖြစ်ဖို့ လိုအပ်ပါတယ်။
ဥပမာ။ ။ အလုပ်အကိုင်ရှိတဲ့ ဂျပန်လူမျိုး၊ ဂျပန်လူမျိုးရဲ့ မီခိုသမား 日本人の配偶者等၊ အမြဲတမ်းနေထိုင်ခွင့်ရထားတဲ့လူ 永住者၊ အမြဲတမ်းနေထိုင်ခွင့်ရသူရဲ့ မီခိုသမား 永住者の配偶者等၊ တဲဂျူးသမား 定住者၊ စတဲ့ အလုပ်အကိုင်ရှိပြီး၊ ဗီဇာ ၃နှစ်နဲ့အထက် ရှိတဲ့လူတွေဆိုလျှင် စိတ်ချရပါတယ်။ အဓိကကတော့ စိတ်ချရတဲ့လူကို ရွေးဖို့၊ အကူအညီတောင်းဖို့ လိုပါတယ်။

မေး။ ။ ၂၀၂၀ အိုလံပစ်ပွဲ သွားကြည့်ချင်ပါတယ်။
ဘယ်လိုသွားလို့ရမလဲ။
ဖြေ။ ။ အထက်ကလိုမျိုး ဂျပန်နိုင်ငံဘက်က အသိ တစ်ယောက်ယောက်ကို စပွန်စာပေးပြီး ခေါ်ခိုင်းပါ။ အဲ့ဒါက ပိုအဆင်ပြေပါလိမ့်မယ်။ ဒါမှမဟုတ်
မြန်မာနိုင်ငံဘက်က မိမိဘာသာ စပွန်စာလုပ်ပြီး အလည်ဗီဇာနဲ့ လာချင်တဲ့လူတွေကတော့ လိုအပ်တဲ့ စာရွက်စာတမ်းကို သံရုံးမှာ မြေးမြန်းပြီး ပြင်ဆင် လျှောက်ထားပါ။

https://www.mm.emb-japan.go.jp/profile/myanmar/visa.html

(ယခင် ဇော်ဂျီဖြင့်ရေးသားခဲ့သော စာများကို Unicode ဖြင့် ပြန်လည်ဖြည့်စွက်၊ ပြင်ဆင်ရေးသားပေးထားပါတယ်။)

ပျော်ရွှင်သော ခရီးများကို ပိုင်ဆိုင်နိုင်ကြပါစေ။
Crd_ အကီ။ (မူရင်းရေးသူ)

04/07/2023

「~ #で作る」と「~ #から作る」

ကုန်ချောကို ကြည့်ရုံမြင်ရုံနဲ့
ဘာကုန်ကြမ်းနဲ့ လုပ်ထားမှန်း
သိသာမြင်သာရင် で ကိုသုံး

「で作る」は、
作られたものを見て、
もとになっている物が
分かる時に使います。

Ex)
この机は木で作られている。
သစ်သား နဲ့ လုပ်ထားတာ

この本は紙で作られている。
စက္ကူ နဲ့ လုပ်ထားတာ

木で椅子を作ります。
သစ်သားနဲ့ ထိုင်ခုံလုပ်တယ်

おにぎりはお米で作られている。
Rice balls are made from rice.
- Weblio Email例文集

この仏像は木で作られている。
That Buddha statue is
made out wood.
- Weblio Email例文集

この橋は石で作られている。
This bridge is built of stone.
- Tanaka Corpus

---------------------------------

ကုန်ချောကို ကြည့်ရုံမြင်ရုံနဲ့
ဘာကုန်ကြမ်းနဲ့ လုပ်ထားမှန်း
မသိသာမမြင်သာရင်からကိုသုံး

一方、「から作る」は、
作られたものを見て、
もとになっている物が
分からない時
(もとになっている物の
状態が変化している時など)
に使います。

Ex)
このワイン🍷は
ブドウ🍇から
作られている。
စပျစ်သီး ကနေ လုပ်ထားတာ

このチーズ🧀は
牛乳🥛から
作られている。
နွားနို့ ကနေ လုပ်ထားတာ

大豆から味噌を作ります。
ပဲပုပ်/ ပဲဗိစပ်ကနေ ပဲငပိလုပ်တယ်

日本酒は米から作られる 
ဂျပန်ခေါင်ရည်က ဆန်ကနေလုပ်တယ်

Crd;

09/06/2023

သိထားသင့်တာလေးတွေပါ

は - သည်
が - က/သော်လဲပဲ
も- လဲပဲ / ကော
と - နှင့် / သော် / လျှင် / ဟု
で - မှာ / ဖြင့်
に - မွာ / ထံသို့
の - ၏ / ဟာ / ဥစျစာ
へ - သို့
を - ကို
や - နှင့်
か - လား / လဲ / သို့မဟုတ်
し - သည့်အပြင်
ば/ら - သော် / လျှင်
ね/わ - နော်
よ - ကွဲ့ / ကွယ် / နော့ / လေ
な - ကွာ / နဲ့
ぞ - ကြ
でも - တောင်မှ / ဖြစ်ဖြစ် / ဒါပေမဲ့
さえ - တောင်မှ /သာ
だの - နှင့်
など - စသည်တို့
きっと - ဧကန်မုချ
から - မှ / သောကြောင့် / ပြီးနောက်
ので - သောကြောင့်
のに - သော်လဲပဲ
まで - အထိ / တောင်
ために - အတွက်ကြောင့်
より - ထက် / မှ / အရ
ほど - လောက် / လောက် ... လေလေ
位kurai - လောက်
ばかり - လောက် / ခါစ / ချည်းပဲ
ばかりでなく - ရုံတွင်မက
ごろ - လောက်
ならびに - ထို့အပြင်
および - နှင့်အတူ
しかし - သို့သော်လဲပဲ
しかしながら - ဒါပေမဲ့
しかるに/それでも/けれども/だが - သို့သော်လဲပဲ
しかれ/ども - သို့သော်ငြားလဲ
しかして - သို့ရာတွင်
ところが - သို့သော်
だから/ですから/そのために/したがって - ထို့ကြောင့်
それで - ဒါဖြင့် / ဒီတော့ / ထို့ကြောင့်
しかるまい - ထို့အတွက်ကြောင့်
しかれば - ထို့ကြောင့်
それらのせいで - ဒါတွေကြောင့်
どうして - ဘာကြောင့်
なぜならば - အဘယ့်ကြောင့်ဆိုသော်
すると - ဒီလိုနှင့် / ဒီလိုဆို
それとも - ဒါမှမဟုတ်လျှင်
すなわち - တစ်နည်းအားဖြင့်
့်もし(も) - အကယ်၍
しかも - ရုံမက...လည်း
その上/それに - ထို့ပြင်
たつ - ရုံသာမက
たとえば - ဥပမာအားဖြင့်
いわゆる - ဆိုသည်မှာ / အခေါ်အားဖြင့်
ついて - ပက်သက်၍
たとえ - စေကာမူ / သော်လည်း
ちょうど - တိတိ
ながら - ရင်း / သော်လဲပဲ / စလုံး
とも - စလုံး
つつ - ရင်း / သော်လဲပဲ
まま - အတိုင်း
だけ - ပဲ/ ရုံပဲ / ရုံသာ / လေလေ/ သလောက်
のみ - ရုံပဲ / ရုံသာ
だけで - ရုံနဲ့
だけでなく - ရုံနဲ့မပြီး
だけではない - ရုံမက
みたい - သကဲ့သို့
それでは - ဒါဖြင့်ရင်
それでこそ - သို့မှသာလျှင်
そこではじめて - ဒီတော့မှ
ここでやっと - ဒီတော့မှ
それよりも - ဒါထက်
ところで - စကားမစပ်
そして/そうして - ရုံသာမက..လည်း/ထို့နောက်
それから - ထို့နောက်
こそ - ...မှသာလျှင်
それこそ - တကယ့်ကို
しか - ...မှလွဲ၍
なり - မဆို/သည်နှင့်/ကတည်းက/သို့မဟုတ်
キリ - ပဲ / ကတည်းက
やら - နှင့် ...နှင့်စသည်တို့
ずつ - စီ
かしら - မည်လား
なお - ထို့ပြင်
あり今、または、もしくは - သို့မဟုတ်
あくる /よく- နောက်
あらわる - အားလုံးသော
きたる - လာမည့်
さる - ပြီးခဲ့သည့်
とんだ - အမှတ်မထင်
ある - တစ်....
あの/あのね - ဒီမှာ/ ဒီမယ်
ただ - ဒါပေမဲ့
ただし - သို့သော်
さて - ကဲ
もう - ..ခဲ့ပြီး / နောက်ထပ်
また - နောက်ထပ်
まだ - သေးဘူး / တုန်း
よし - တော်ပြီ / ကောင်းပြီ
やあ - ဟာ / ဪ
あい - ဟဲ့ / ဟေး
そら/それ - ဟ/ဟေ့
まあ - အို
おう - ဪ/အေး
ふん - ဟင်
ふむ - အင်း
なあ - ကွာ / ကွယ်
ねえ - နော်
ええと - ကဲ
とも - ပေါ့ /ဟ
やい - ဟ
あら - ဟာ

疲れた!
珊瑚
မူရင်းပိုင်ရှင်ကိုလေးစားလျက်ပါ..
crd

24/02/2023

နေ့စဥ်အခြေခံစကားပြော ၅၀ ❤️❤️
1. どうしたんですか =ဘာဖြစ်လို့လဲ
2.これでいいですか=ဒီလောက်ဆိုရပြီလား
3.これでおねがいします=ဒါနဲ့ဆောင်ရွက်ပေးပါ
4.おさきにどうぞ=အရင်ပြန်နှင့်ပါ
5.またこんどおねがいします=နောက်ထပ်ဆုံကြတာပေါ့
6.それはいけませんね=အဲ့ဒါတော့မဖြစ်သင့်ဘူး
7.もうしわけありません=တောင်းပန်ပါတယ်
8.かまいません=ရပါတယ်
9.ああ、よかった=တော်ပါသေးရဲ့
10.あ、いけない=သွားပါပြီပြဿနာပဲ
11.しょうしょうおまちください=ခနလောက်စောင့်ပေးပါ
12.おまたせしました=စောင့်ပေးရတဲ့အတွက်တောင်းပန်ပါတယ်
13.もっとがんばってね=ပိုကြိုးစားနော်
14.おたいじに=ကျန်းမာအောင်နေပါ (လူနာမေးတဲ့အချိန်ပဲသုံးပါတယ်)
15.どうぞ、おしあわせに=ပျော်ရွှင်ပါစေ
16.いってらっしゃい=ကောင်းကောင်းသွားနော်
17.いってきます=သွားပါတော့မယ်
18.ただいま=ပြန်ရောက်ပါပြီ
19.おかえりなさい=ပြန်လာပြီလား
20.たのしみですね=ပျော်စရာကြီးနော်
21.たのしみにしています=ပျော်ရွှင့်စွာစောင့်မျှော်နေပါတယ်
22.いいことですね=ကောင်းတဲ့အရာပဲနော်
23.おつかれさまでした=ပင်ပန်းသွားပြီနော်
24.こころからかんしゃいたします=ရင်ထဲကနေကျေးဇူးတင်ပါတယ်
25.ちょっとおねがいがあるんですが=တစ်စိတ်လောက်တောင်ဆိုစရာရှိလို့ပါ
26.どうですか=ဘယ်လိုလဲ
27.どうなさいますか=ဘယ်လိုလုပ်ချင်ပါသလဲ
28.どちらさまでしょうか=ဘယ်သူပါလဲ
29.おいそがしいですか=အလုပ်များနေလား
30.もうおわった=ပြီးသွားပြီလား
31.いいえ、まだです=ဟင့်အင်းမပြီးသေးဘူး
32.いっしょにいかない=အတူတူသွားကြမလား
33.うん、そうしよう=အွန်း အဲ့လိုပဲလုပ်ကြတာပေါ့
34.どうぞ=လုပ်ပါ။စားပါ။ယူပါ စသဖြင့်ဦးစားပေးတဲ့ကိစ္စတွေမှာသုံးပါတယ်
35.いただきます=စားပါတော့မယ်(ထမင်းမစားခင်ယဥ်ကျေးမှုအရပြောခြင်း)
36.ごちそうさまでした=အခုလိုကျွေးမွေးတဲ့အတွက်ကျေးဇူးတင်ပါတယ်(ထမင်းစားပြီးတဲ့အချိန်ယဥ်ကျေးမှုအရပြောခြင်း)
37.どうぞよろしく=ရင်းရင်းနှီးနှီးပေါ့
38.もういっぱいいかがですか=နောက်တစ်ခွက်လောက်ထပ်ယူဦးမလား
39.いいえ、けっこうです=ဟင့်အင်းတော်ပါပြီ
40.おでかけですか=အပြင်သွားမလို့လား
41.ちょっとあそこまで=ဟိုနားလေးတင်
42.じゃ、またね=ကဲ နောက်မှတွေ့ကြတာပေါ့
43.いらっしゃいませ=ကြိုဆိုပါတယ်
44.いらっしゃい=ကြွပါ
45.ちょっとやすみませんか=ခနလောက်နားကြမလား
46.それもちましょうか=အဲ့ဒါ ကူသယ်ပေးရမလား
47.ええ、おねがいします=အင်း ဆောင်ရွက်ပေးပါ
48.でんわばんごう、しっていますか=ဖုန်းနံပါတ်သိလား
49.おなまえは=နာမည်က?
50.わたしのこと、わすれないくださいね=ငါ့ကိုမေ့မသွားပါနဲ့နော်

どうもありがとうございます。
Crd Note

18/02/2023

❤N4/N3 level လေ့လာဖို့အတွက်
မြည်သံဆွဲ(သို့)နှစ်လုံးတွဲဝေါဟာရလေးတွေ👀
🛫🛫🛫🛫
ペコペコ တဂွီဂွီ
ぴかぴか တလက်လက်
びくびく ရင်တထိပ်ထိပ်
ニャーニャー ညှောင်ညှောင်(ကြောင်အော်သံ)
ぺらぺら သွက်သွက်လက်လက်
いきいき ရွှင်လန်းတက်ကြွခြင်း
がやがや ဆူဆူညံညံ
がらがら ချောင်ချောင်ချိချိ
むしむし အိုက်စပ်စပ်
ふるふる လှုပ်ရမ်း
すらすら ချောချောမွေ့မွေ့
がたがた မညီညာ၍လှုပ်
へなへな ပျော့စိပျော့စိ
ほとほと တကယ်
いきいき ဖျတ်ဖျတ်လတ်လတ်
からから တဟားဟားတဟီးဟီး
きちきち ကျဉ်းကျဉ်းကျပ်ကျပ်
きらきら တဖိတ်ဖိတ်
きりきり တဝီဝီ
ぎりぎり ကပ်သီလေး
くたくた ဟောဟဲဟောဟဲ
ぶらぶら ယောင်လည်လည်လုပ်
どきどき ရင်ခုန်
どんどん တစ်ရှိန်ထိုး
ピカピカ လက်ခနဲ(တောက်ပ)
しくしく တရိူက်ရိူက်ငို
わんわん ကလေးငိုသောအသံ
ぱくぱく ခနခနစား
にこにこ ပြုံးစိစိ
ぶかぶか ပွပွချောင်ချောင်

crd

17/02/2023

𝑷𝒓𝒐𝒑𝒐𝒔𝒆 𝒕𝒐 𝒂 𝒃𝒐𝒚 🤵
#ကိုယ့်ကောင်လေးကိုချစ်စကားဒီလိုဆို😘

1) 結婚(kekkon)しない?
လက်ထပ်ကြတော့မလား။

2) 恋愛(renai)は、あなたで最後(Saigo)にしたい。
အချစ်ရေးကိုတော့ ကိုနဲ့ဘဲ နောက်ဆုံးဖြစ်ချင်တယ်။

3) 毎日「おかえりっ!」って言い(ii)たいな。
နေ့တိုင်း okaeri လို့ပြောချင်လိုက်တာ။
( ကို့ရဲ့အိမ်ပြန်ချိန်ကို စောင့်ကြိုချင်လိုက်တာ )

4) 私(watashi)にはあなたじゃなきゃダメなの。
ကျွန်မအတွက်ကတော့ ကိုမှမဟုတ်ရင် မဖြစ်ဘူး။

5) あなたに似(ni)ている子どもをうみたい。
ကိုနဲ့တူတဲ့ကလေးလေး မွေးပေးချင်တယ်။

6) 私の人生(jinsei)をあなたにあげます。
ငါ့ဘဝကို နင့်ကို ပုံအပ်လိုက်မယ်။

7) これから先(saki)も、ずっとあなたと一緒(issho) にいたい。
အခုကစပီး တောက်လျောက် ကိုယ်နဲ့အတူရှိချင်တယ်။

8)ずっと あなたのそばにいてもいいですか?
တောက်လျောက် ကိုယ့်ဘေးမှာဘဲ ရှိနေလို့ရမလား။

9) 私をあなたのお嫁さん(oyome)に
してください。
ကို့ရဲ့သတိုးသမီးလေး ဖြစ်ပါရစေ။

10) あなたと一緒(isshoni)なら、他に(hokani)何(Nani)もいらないよ。
ကိုယ်နဲ့အတူသာဆို တခြားဘာကိုမှမလိုဘူး။

11) おばあちゃんになっても、あなたと手を
つないでいたい。
အဖွားကြီးဖြစ်သွားလဲဘဲ ကိုနဲ့ဘဲ လက်တွဲသွားချင်တယ်။

12) 初めて(hajimete)会った(atta)ときから、ずっと
あなたと結婚(kekkon)したいと思って(omotte)
いたよ。
စတွေ့ကတည်းက တောက်လျောက် ကိုနဲ့ဘဲ လက်ထပ်ဖို့တွေးထားတာ။

13) 私(watashi)があなたを幸せ(shiawase)にして
あげる!
I will make you happy.
ငါနင့်ကိုပျော်ရွှင်အောင်လုပ်ပေးချင်တယ်။

14) 私以上(ijou)に、あなたを幸せ(shiawase)にしよう.
とする人はいないよ。
ငါကလွဲပီး နင့်ကို ပျော်ရွှင်အောင်လုပ်ပေးနိုင်မဲ့လူ
မရှိတော့ဘူး။

15) 他にも(hokanimo)幸せ(shiawase)になる道(Michi)
はたくさんあるかもしれない。けど、私に必要.
(hitsuyou)なのはあなたなの。
အခြား ပျော်ရွှင်စရာကောင်းတဲ့ နည်းလမ်းတွေအများကြီးရှိမလားမသိဘူး ဒါပေမဲ့ ငါလိုအပ်တာ နင်တစ်ယောက်ဘဲ။

#日本語 #恋愛 #𝒉𝒕𝒂𝒓𝒉𝒕𝒂𝒓
💑 ကိုယ်ချစ်တဲ့သူတွေကို ဂျပန်လို ဖွင့်ပြောကြမယ် 🤟𝑷𝒓𝒐𝒑𝒐𝒔𝒆 𝒕𝒐 𝒂 𝒈𝒊𝒓𝒍 👰
#ကောင်မလေးကိုJapanလိုချစ်စကားဒီလိုဆို♥️

1) 好きです(suki)。結婚(kekkon)してください。
ချစ်တယ်။ကိုယ့်ကိုလက်ထပ်ပါတော့။

2) おれの奥(oku)さんになってほしい。
ကိုယ့်ရဲ့ဇနီးလေး ဖြစ်စေချင်နေပီ။

3) ずっと一緒(issho)にいよう。
အမြဲတူတူနေသွားကြရအောင်။

4) 一生(isshou)幸せ(shiawase)にします。
結婚(kekkon)してください。
တစ်ဘဝလုံး ပျော်ရွှင်အောင်ထားပါမယ်။
ကိုယ့်နဲ့လက်ထပ်တော့။

5) 世界(sekai)で一番(ichiban)、あなたのこと
をあいしています。
ကမ္ဘာမှာ မင်းတစ်ယောက်ထဲကို အချစ်ဆုံးဘဲ။

6) きみを幸せ(shiawase)にできるのはおれだけだ。
မင်းကို ပျော်ရွှင်အောင်ထားနိုင်တာ
ကိုယ်တစ်ယောက်ဘဲရှိတယ်။

7) おれがきみを一生(isshou)守る(mamoru)よ。
ကိုယ်မင်းကို တစ်သက်လုံး ကာကွယ်ပေးမယ်။

8)きみを一生(isshou)愛し(aishi)つづける
自信(jishin)がある。
မင်းကို တစ်ဘဝလုံး ဆက်ချစ်သွားဖို့
ယုံကြည်ချက်ရှိတယ်။

9) 結婚しよう(kekkon)。絶対(zettai)に
後悔(koukai)させないから。
လပ်ထပ်စို့။မင်းကို လုံးဝ နောင်တမရစေရပါဘူး။

10) きみなしの人生(jinsei)は考えられない。
(kangaerarenai).
မင်းမရှိတဲ့ ဘဝကြီးကို တွေးကြည့်လို့တောင်မရ ဘူး။

11) たとえきみがとしをとっても、病気(byouki)になっても、変わらず(kawarazu)きみを愛し続けます(aish*tsudukemasu)。
မင်းအသက်ကြီးသွားလည်းဘဲ နာမကျန်းဖြစ်လည်းဘဲ မပြောင်းမလဲ မင်းကိုဆက်ချစ်နေမယ်။

12) きみと一緒(issho)にとしをとっていきたい。
မင်းနဲ့အတူ အသက်တွေ ကြီးသွားချင်တယ်ကွယ်။

13) 僕(boku)のために、毎朝みそ汁(shiru)をつくってくれませんか?
ကိုယ့်အတွက် မနက်တိုင်း miso ဟင်းချို ချက်ကျွေးလို့ရမလား။( ကိုယ့်ကို လက်ထပ်နိုင်မလား )

#日本語 #愛と結婚

1.おまえに むちゅう なんだ。
O Ma E Ni Mu Chuu Nann Da.
နင့်ကိုအရူးအမူးချစ်တယ်။ 🙇

2.ひとめぼれ だよ。
Hi To Me Ba Re Da Yo.
မြင်မြင်ချင်းချစ်မိတယ်။🤷‍♂️

3. ばんごう を おしえてよ。
Bann Gou Wo O Shi E Te Yo.
ဖုန်းနံပါတ်ကိုပြောပါလား။🤳

4.でんわして も いいの。
Denn Wa Shi Te Mo I I No.
ဖုန်းဆက်လို့ရမလား📲

5.こんなきもち は はじめてだよ。
Konn Na Ki Mo Chi Wa Hajime Te Da Yo.
ဒီလိုခံစားချက်မျိုးကပထမဆုံးဖြစ်တာပါပဲ😁🤥

6.おまえは おれのこのみのたいぷ なんだよ。
O Ma E Wa O Re No Ko No Mi No Tai Pu Nann Da Yo.
မင်းကငါ့ရဲ့အကြိုက်ဆုံးstyleပါ။🤘

7.はつこい なんだ。
Hatt Koi Nann Da.
ရည်းစားဦးဖြစ်တယ်။🤷‍♂️

8.きみ は ぼくの ゆいいつのちから ものだよ。
Kimi Wa BoKu No Yu I Itt No Chi KaRa Mo Da Yo.
မင်းကငါ့အတွက်တစ်ခုထဲသောအဖိုးတန်ရတနာလေးပါ။ 😱🤥

9.きみ が いると たのしいよ。
Kimi Ga I Ru To Ta No Shi I yo.
မင်းရှိရင်ပျှော်ရွှင်တယ်။ 👫

10.こくはくする
Ko Ku Wa Ku Su Ru.
ဖွင့်ပြောခြင်း 👄

11.あなた は ぼくにとって さいこうだ.
A Na Ta Wa Bo Ku Ni Tott Te Sai kou Da.
မင်းကကိုယ့်အတွက်အလှဆုံးပါ👰

12.あなたの こと、だいすき.
A Na Ta No Kou To , Dai Suki.
မင်းကို အရမ်းချစ်တယ်💑

13.あなたを あいしてる
A Na Ta Wo A i Shi te ru.
မင်းကို ချစ်တယ်💑

14.あなたしか あいせないよ.
A Na Ta Shi Ka A I Se Nai Yo.
မင်းကလွဲပြီး ဘယ်သူမှမချစ်နိုင်ဘူး🙅‍♂️🤥

15.あいは あそびじゃない.
A i Wa A So Bi JaNai.
အချစ်ဆိုတာ ကစားစရာမဟုတ်ဘူး🤷‍♂️🙅‍♂️

16.ぼくの こと どうおもう.
BoKu No Koto Dou O Mou.
ကိုယ့်ကို ဘယ်လိုသဘောထားလဲ🤷‍♂️🤷‍♀️

17.ぼくに かんじょうは ないか.
BoKu Ni Kann Jyo Wa NaiKa.
ကိုယ့်အပေါ် ခံစားချက်မရှိဘူးလား🤷‍♂️🤷‍♀️

18.へんじしてよ.
Henn Ji Shi Te Yo.
ပြန်ဖြေပါဦး🙎🙎‍♂️

20.ひてい しないで.
Hi Te I Shi Nai De
မငြင်းလိုက်ပါနဲ့🙅‍♂️🙅

21.しつれんに なるのが いやだ.
Shi Tsu Renn Ni Naru No Ga I Ya Da.
အသည်းကွဲမှာမလိုချင်ဘူး🙅💔🙅‍♂️

22.ぼくのあいは ただ かたおもいですか.
BoKu No A I Wa Ta Da Ka Ta O Mo I Desuka.
ကိုယ့်အချစ်က တစ်ဖက်သတ်အချစ်လား🙇

23.あなたは ぼくにとって はつこいだけではなくて、 さいごのあいだよ.
A Na ta Wa BoKu Ni Tott Te Hatt Ko I DaKe De Wa Naku Te, Sa Go No A I Da Yo.
မင်းက ကိုယ့်အတွက် အချစ်ဦး နဲ့ နောက်ဆုံးအချစ်ပါ။🙆‍♂️🙆

🙏 ကျေးဇူးတင်ပါတယ်ရှင့် 🙏
Crd;

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Yangon
MINDALARDON