12/01/2021
မင်္ဂလာပါခင်ဗျာ
ကျွန်တော်တို့ မဟာသွေး သွေးလှူအသင်းလေးမှ 17.1.2021ရက်နေ့တွင် ဗဟိုအမျိုးသမီးဆေးရုံတွင် (၁၄)ကြိမ်မြောက်သွေးလှူမည်ဖြစ်ပါသဖြင့် ပါဝင်လှူဒါန်းလိုသော ညီအစ်ကိုမောင်နှမများအားဖိတ်ကြားအပ်ပါသည်ခင်ဗျာ။
စုရပ်(၁) လှိုင်သာယာရုံးရှေ့ အကောင်းစားလဖက်ရည်ဆိုင်ရှေ့ မနက်၇နာရီခွဲ ကားထွက်ပါမည်။
စုရပ်(၂)သမိုင်းကုလားကျောင်း ခိုင်ဇော်အိမ်သုတ်ဆေးဆိုင်ရှေ့ မနက်၈နာရီကားထွက်ခွာပါမည်။
ညီအစ်ကိုမောင်နှမအားလုံးအား လေးစားဂုဏ်ယူစွာဖိတ်ကြားအပ်ပါသည်ခင်ဗျာ။
10/11/2020
ဗဟိုအမျိုးသမီးဆေးရုံတွင်လိုအပ်၍အကူအညီတောင်းခံလာသော (A)သွေးနှစ်လုံးအား သွားရောက်လှူဒါန်းပေးပါသော
ကိုဝီလျံစိုးနှင့်ကိုမောင်မောင်ထူးအား ကျွန်တော်တို့
မဟာသွေးအသင်းမှမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
သွေးအလှူရှင်များအားလိုက်ပါကူညီဆောင်ရွက်ပေးပါသော ညီငယ်မျိုးမင်းဝေအားလဲကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။
31/10/2020
ဒီနေ့သွေးလာလှူဒါန်းပေးပါသောညီငယ်နှစ်ယောက်နှင့်
မှတ်တမ်းပုံမရရှိခဲ့သောညီအစ်ကိုမောင်နှမအားလုံးအား
လေးစားဂုဏ်ယူမိပါသည်။
31/10/2020
အင်းစိန်ဆေးရုံတွင်လိုအပ်နေသော
(0)သွေးအားလာရောက်လှူဒါန်းပေးပါသော
ဦးရန်နိုင်ဦး
ဦးကိုကိုကြီး
ညီငယ်စိုင်းမင်းဟန်
ညီငယ်ဇင်မိုး
မအိအိသဲနှင့်
သွေးလှူဒါန်းရန်လိုက်ပို့ပေးပါသော
အဌားယာဉ်မောင်းအစ်ကိုမှလဲပါဝင်လှူဒါန်းပေးခဲ့ပါသည်။
(B)သွေးအားလာရောက်လှူဒါန်းပေးပါသော
ဒေါ်သင်းသင်းမာ
ညီမငယ်ဝိုင်းစိန်
ကိုလှထွန်း
ကိုဖြိုးလင်းအောင်တို့အား
ကျွန်တော်တို့ မဟာသွေးအသင်းမှမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
08/06/2020
မဂ်လာပါ
၇.၆.၂၀၂၀. တနဂ်နွေ နေ့
မွန်မြက်စိတ်ထား
ဘိုးဘွားရိပ်သာ
မဟာသွေးမောင်နှမတွေ
တစ်ပိုင် တစ်နိုင်
အလျှူဒါနလေးပါ
နတ် လူသာဓုခေါ်စေသော်
နောက်နောင်လည်းတက်နိင်သလောက်လှူတန်းမူတွေပြုလုပ်သွားမှာပါ
မဟာသွေးမောင်နှမတွေကိုအားပေးကူညီပါဝင်လှူတန်းပေးကြပါလို့🙏🙏🙏
မဟာသွေးပရဟိတအဖွဲ့🙏🙏🙏
17/05/2020
မဂ်လာပါ
၁၇.၅.၂၀၂၀ တနင်္ဂနွေနေ့
မဟာသွေးမောင်နှမတွေ ဗဟိုအမျိူးသမီး ဆေးရုံး အား
သွေးလှူတန်း ခဲ့ကြပါတယ်
ရှင်
အခုလို ကိုဗာစ်ကာလမှာ
တစ်ပိုင်တစ်နိင် သွေးလှူရတဲအတွက် အတိုင်းမသိဝမ်းသာရပါတယ်ရှင်
လာရောက်အားပေး ဝိုင်းဝန်းလှူကြတဲ့မောင်လေးတွေညီမလေးတွေအားလုံးကို ကျေးဇူးကမ္ဘာပါ လို 🙏🙏🙏🙏🙏
ဖိုက်တင်း😄😄😄😄
မဟာသွေးပရဟိတ 👏👏👏👏👏
16/03/2020
မဂ်လာပါ
၁၅.၃.၂၀၂ဝ. တနဂ်နွေ နေ့
မဟာသွေးအဖွဲ ရဲ့အကြီးအကဲ
ကိုကြီး ရဲဇာနည်ဖြိုး ယခုဦးဇင်း
အိမ်သတိရ(ဦးဇင်းဘွဲ့မဟုက်ပါ)
သေချာဖက်ပါ😁😁😁 အချိန်ကြာကြာဝတ်နိင်ပါစေလို မဟာသွေးမောင်နှများ ဆုတောင်းပေးပါတယ်ဘုရား😇
09/03/2020
မင်္ဂလာဒုံစစ်ဆေးရုံ ကုတင်500တွင် လိုအပ်နေသော(A)အားလာရောက်လှူဒါန်းပေးပါသော
ညီငယ်ပြည့်ဖြိုးမောင်အား ကျွန်တော်တို့ မဟာသွေးအသင်းမှ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
08/03/2020
မဂ်လာပါ
🙏🙏🙏
၈.၃.၂၀၂၀ တနဂ်နွေ တပေါင်းလပြည့်နေ့
မဟာသွေးမောင့်နှမတွေ
အင်းစိန်မြို့ ကံဦးကျောင်းမှာ
နိဗ္ဗာန်ဈေး ပွဲတော်
ပါဝင်လှူတန်းခဲ့ပါတယ်
ပျော်ပျော်ပါးပါး လာရောက်လှူတန်း ပါဝင်ခဲ့တဲ့ မဟာသွေးမောင်နှမတွေအားလုံးကို
ကျေးဇူးတင်ပါတယ်ရှင်
✌✌✌
08/02/2020
ယနေ့ညနေပိုင်း ရွှေလမင်းဆေးရုံလမ်းမတော်တွင်လိုအပ်နေသော (B)သွေးအားလာရောက်လှူဒါန်းပေးပါသောညီငယ် ဇော်ထက်နိုင်ဝင်းအား ကျွန်တော်တို့မဟာသွေးအသင်းမှ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
အသင်းအတွက်လိုအပ်သောနေရာများတွင်အသုံးပြုရန်အတွက် အလှူငွေ(30000)အားပြန်လည်လှူဒါန်းပေးပါသော အလှူရှင်များကိုလဲ မဟာသွေးအသင်းမှကျေးဇူးအထူးပင်တင်ရှိပါကြောင်းမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်ခင်ဗျာ။