12/05/2026
ရန်ကုန်တိုင်းဒေသကြီး၊ ခုတင် (၁၀၀) ဆံ့တိုင်းရင်ဆေးရုံ၊ ရန်ကုန်၌ ၂၀၂၆ခုနှစ်၊တိုင်းရင်းဆေးတက္ကသိုလ်အပတ်စဉ်(၂၀)၊အလုပ်သင်ဆရာ၊ဆရာမများအား(Clinical Teaching) သင်ကြားခြင်း။
၂၀၂၆ခုနှစ် ၊မေလ(၁၂)ရက်နေ့ နေ့လည် (၂:၀၀) နာရီတွင် ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံအုပ်ကြီးမှ ၂၀၂၆ခုနှစ်၊ တိုင်းရင်းဆေးတက္ကသိုလ်၊ အလုပ်သင်ဆရာ၊ဆရာမများအားအား(ClinicalTeaching )လူနာချဉ်းကပ်နည်းစနစ်များသင်ကြားပေးခဲ့ပါသည်။
#ရန်ကုန်တိုင်းရင်းဆေးရုံကြီး
#ပဒေသရာဇာခန်းမ
Teaching
04/05/2026
ရန်ကုန်၊ ခုတင်(၁၀၀)ဆံ့ သင်ကြားရေးတိုင်းရင်းဆေးရုံတွင် တိုင်းရင်းဆေးတက္ကသိုလ်အပတ်စဉ်(၂၀)၊၂၀၂၆ခုနှစ် အလုပ်သင်ဆရာ၊ ဆရာမများအား ကြိုဆိုမိတ် ဆက်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခြင်း
ရန်ကုန်၊ ခုတင် (၁၀၀)ဆံ့ သင်ကြားရေးတိုင်းရင်းဆေးရုံတွင် (၄.၅.၂၀၂၆) ရက်နေ့ နံနက် (၁၀:၀၀) နာရီ ၌ တိုင်းရင်းဆေးတက္ကသိုလ်အပတ်စဉ်(၂၀) ၊၂၀၂၆ခုနှစ်အလုပ်သင်ဆရာ၊ ဆရာမများအား ကြိုဆို မိတ်ဆက်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဆေးရုံအုပ်ကြီးနှင့် ဌာနတာဝန်ခံ ဆရာမများမှ ကြိုဆိုမိတ်ဆက်ကြပြီး ၂၀၂၆ခုနှစ် အလုပ်သင်ဆရာ၊ ဆရာမများမှ အသီးသီး မိတ်ဆက်စကား ပြောကြားခဲ့ပါသည်။
ရန်ကုန်ခုတင်(၁၀၀)ဆံ့သင်ကြားတိုင်းရင်းဆေးရုံတွင် ၂၀၂၆ခုနှစ်အလုပ်သင်ဆရာ၊ဆရာမ(၁၈)ဦးသည်(၁.၅.၂၀၂၆)ရက်နေ့မှ(၃၀.၄.၂၀၂၇)ရက်နေ့ထိ(၁)နှစ်တာ အလုပ်သင်တာဝန်ထမ်းဆောင်ကြမည်ဖြစ်ပါသည်။
အဆိုပါအခမ်းအနားတက်ရောက်လာကြသောဆရာမများ၊အလုပ်သင်ဆရာ၊ဆရာမများအား ဆေးရုံအုပ်ကြီးက ကိတ်မုန့် +ကော်ဖီအေးတို့ဖြင့်ဧည်ခံကျွေးမွေးခဲ့ပါသည်။
#ရန်ကုန်တိုင်းရင်းဆေးရုံ
#ပဒေသရာဇာခန်းမ
#ကြိုဆိုမိတ်ဆက်ခြင်း
02/05/2026
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၊ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပပြုလုပ်သည့် ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားတွင် တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)၏လမ်းညွန်ချက်အရ
ခုတင် (၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီး၊ ရန်ကုန်မှ အကြီးတန်းတိုင်းရင်းဆေးမှူးဒေါ်တင်နွယ်ဦးဆောင်၍ဒေါ်အေးထက်ခိုင်(လထတိုင်းရင်းဆေးမှူး)၊ ဦးမိုးဟိန်းနိုင်(လထတိုင်းရင်းဆေးမှူး)၊ ဦးတေဇာလင်း(အလုပ်သင်ဆရာ)၊ ဦးဇော်မင်းထွန်း(သူနာပြု-၄)တို့ ပါဝင်သောဆေးကုသရေး အဖွဲ့သည် မရမ်းကုန်းမြို့နယ် ကြက်ခြေနီအဖွဲ့၊ သံဃာဆေးရုံအဖွဲ့တို့နှင့် ပူးပေါင်း၍ သံဃာတော်ကြီးများနားနေဆောင်တွင် (၂၈.၄.၂၀၂၆)ရက်နေ့မှ(၂.၅.၂၀၂၆)ရက်နေ့ထိ ကျား(၁၇၅)ဦး၊ မ(၄၁)ဦးစုစုပေါင်းလူနာ(၂၁၆)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါသည်။
ထို့နောက် မှန်ချိုတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး၊ထွန်းရွှေဝါတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး၊မောရိယတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး၊စကြာမင်းတိုင်းရင်းဆေးဝါးထူတ်လုပ်ရေး၊ထာနီတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ဆေးဝါးများလှူဒါန်းပေးအပ်ခဲ့ပါသည်။
#ရန်ကုန်တိုင်းရင်းဆေးရုံကြီး
#ကွင်းဆင်းဆေးကုသခြင်း
22/04/2026
ရန်ကုန်တိုင်းဒေသကြီး၊ ခုတင် (၁၀၀) ဆံ့တိုင်းရင်းဆေးရုံ၊ ရန်ကုန်၌ ၂၀၂၆ခုနှစ်၊တိုင်းရင်းဆေးတက္ကသိုလ်၊အလုပ်သင်စာတမ်းဖတ်ပွဲ (Clinical Meeting) အခမ်းအနား ကျင်းပပြုလုပ်ခြင်း။
၂၀၂၆ ခုနှစ်ဧပြီလ(၂၁)ရက်နေ့ နေ့လည် (၂:၀၀) နာရီတွင် ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ၊ ရန်ကုန်၊ ပဒေသရာဇာခန်းမ၌ ၂၀၂၆ခုနှစ်၊ တိုင်းရင်းဆေးတက္ကသိုလ်၊ အလုပ်သင်ဆရာ၊ဆရာမများ၏ အလုပ်သင်စာတမ်းဖတ်ပွဲ (Clinical Meeting) အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် သဘာပတိအဖြစ် ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ၊ ရန်ကုန်မှ အကြီးတန်းတိုင်းရင်းဆေးမှုး ဒေါ်ချောထက်က ဆောင်ရွက်ခဲ့ပြီး အခမ်းအနားမှူးများအဖြစ် မအေးနန္ဒာအောင်(သင်-၂)၊မသစ်ဖူးဝင့်(သင် -၁၁)တို့မှဆောင်ရွက်ခဲ့ကြသည်။
အဆိုပါအခမ်းအနား၌ ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ၊ရန်ကုန်၊ အကြောအရိုးအဆစ်ရောဂါကုဌာနမှ မသဉ္ဇာစိုး(သင်-၈)မှ Knee Pain Due to Osteoarthritis ခေါင်းစဥ်ဖြင့် ဖတ်ကြားဆွေးနွေးခဲ့ပြီး ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ၊ရန်ကုန်မှ ဆေးရုံအုပ်ကြီးနှင့် ဆရာ၊ ဆရာမ စုစုပေါင်း(၃၈)ဦး တက်ရောက်၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပါသည်။
အခမ်းအနားကို ညနေ (၃:၃၀)နာရီတွင်အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
#ရန်ကုန်တိုင်းရင်းဆေးရုံ
17/04/2026
ခုတင် (၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီး၊ ရန်ကုန်၊ ဝန်ထမ်းများ အန္တရာယ်ကင်းပရိတ်တရားတော်နာကြားခြင်း
ရန်ကုန်တိုင်းဒေသကြီး၊ ခုတင် (၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ ရန်ကုန် ဝန်ထမ်းမိသားစုများ၏ မြန်မာသက္ကရာဇ် ၁၃၈၈ခုနှစ်၊ မြန်မာနှစ် ဆန်း(၁)ရက်နေ့ ၊ (၁၇၊၄၊၂၀၂၆) ညနေ (၅)နာရီတွင် အန္တရာယ်ကင်းပရိတ်တရားတော် နာကြားခြင်းနှင့်ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့ထံ ဆွမ်းဆန်တော်၊ ဆီ၊ တိုင်းရင်းဆေးဝါးများနှင့်တကွ လှူဖွယ်ဝတ္တုအစုစု တို့ကို ဝန်ထမ်းမိသားစုများမှဆက်ကပ်လှူဒါန်းကြပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ပါသည်။
#အန္တရာယ်ကင်းပရိတ်တရားနာကြားခြင်း
03/04/2026
ရန်ကုန်တိုင်းဒေသကြီး၊ ခုတင် (၁၀၀) ဆံ့ တိုင်းရင်းဆေးရုံကြီး(ရန်ကုန်) ၌ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ်( CTME )အခမ်းအနားကျင်းပပြုလုပ်ခြင်း။ (၂၀၂၆) ခုနှစ် ဧပြီလ(၂)ရက်နေ့၊ ကြာသပတေးနေ့ နေ့လယ် (၂:၀၀) နာရီ တွင် တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ် ပညာပေးရေး အစီအစဉ် ( Continuing Traditional Medicine Education (CTME) Programme ) အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် သဘာပတိအဖြစ် ရန်ကုန်တိုင်းဒေသကြီး၊တိုင်းဦးစီးဌာနမှူး ဒေါ်ရီရီစန်း မှသဘာပတိအဖြစ် ဆောင်ရွက်ပီး အခမ်းအနားမှူးများအဖြစ် ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ ရန်ကုန်မှ ဒေါ်မြတ်ဆုနှင်း(ဒုတိုင်းရင်းဆေးမှူး) နှင့် ဒေါ်မြင့်ဇာလီအုန်း(ဒုတိုင်းရင်းဆေးမှူး) တို့မှ ဆောင်ရွက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနား၌ ရန်ကုန် တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊တိုင်းရင်းဆေးကုဌာနမှ စာတမ်းရှင်ဒေါ်စုစုအေး (လက်ထောက်တိုင်းရင်းဆေးမှူး) က "မီးယပ်လာစဉ်နာကျင်ကိုက်ခဲခြင်း” အကြောင်းကို ဖတ်ကြားဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီနှင့် ရန်ကုန်တိုင်းဒေသကြီးတိုင်းရင်းဆေးဆရာအသင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊တိုင်း၊ ခရိုင်၊ မြို့နယ်များ၊ ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီး၊ ရန်ကုန် မှ ဆေးရုံအုပ်ကြီး အပါအဝင် ဆရာ၊ဆရာမ များတိုင်းရင်းဆေးဝါးလုပ်ငန်းရှင်များ၊ စုစုပေါင်း (၇၁)ဦးတက်ရောက်ကာ တိုင်းရင်းဆေးပညာ ဖွံဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပါ သည်။
တင်ပြဆွေးနွေးပေးပါသော စာတမ်းရှင်အားရန်ကုန်တိုင်းဒေသကြီး၊ဦးစီးဌာနမှူး ဒေါ်ရီရီစန်းမှချီးမြှင့်ငွေကျပ်(၁၀၀,၀၀၀)ဆရာဦးမောင်မောင်ဦး ( ဂရိတ်ဝေါ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး) မှ ချီးမြှင့်ငွေကျပ် (၂၀၀,၀၀ဝ)၊ဆရာကြီးဦပေါညိမ်း+ဆရာမဒေါ်ဖြူဖြူအောင်(ကံသာတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး)မှ ချီးမြှင့်ငွေ ကျပ် (၅၀,၀၀၀)၊ဆရာကြီးဦးအောင်မြတ်ကျော် (မဟိဒ္ဓိ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး)မှ ချီးမြှင့်ငွေ ကျပ် (၁၀၀,၀၀ဝ)၊ဆရာကြီးဦးခင်မောင်ဝင်း (ရွှေမန်းတောင် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး)မှ ချီးမြှင့်ငွေ ကျပ် (၁၀၀,၀၀ဝ)၊ဆရာဦးအုန်းမြင့်(ဒို့ရွှေမြန်မာတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှချီးမြှင့်ငွေ(၁၀၀,၀၀၀)၊ဆရာဦးထွန်းရွှေ (ထွန်းရွှေဝါ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး) မှ ချီးမြှင့်ငွေ ကျပ် (၁၀၀,၀၀၀)၊ဒေါ်ခန့်တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှချီးမြှင့်ငွေ(၅၀,၀၀၀)စုစုပေါင်း ချီးမြှင့်ငွေ ကျပ် ရှစ်သိန်း(၈၀၀,၀၀၀) တိတိနှင့်မိမေအေးအေးသန့်(ရွှေရည်ဝင်းမြရတနာဆေးတိုက်)မှဂုဏ်ပြုလက်ဆောင်ပစ္စည်းပေးများအပ်ခဲ့ပါသည်။CTME အခမ်းအနားးအပြီး၌ရန်ကုန်တိုင်းဦးစီးဌာနမှူးမှ ၂၀၂၅ခုနှစ်၏စွမ်းဆောင်ရည်ထူးချွန်ဆုရ ရန်ကုန်တိုင်းဒေသကြီး၊ဒလမြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး၊ဦးတင်ဖြိုးအောင် အားဂုဏ်ပြုလက်ဆောင်ပစ္စည်းပေးအပ်ခဲ့ပါသည်။
အခမ်းအနားဖြစ်မြောက်ရေးအတွက် ဆရာဦးမောင်မောင်ဦး ( ဂရိတ်ဝေါ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး )၊ ဆရာဦးထွန်းရွှေ ( ထွန်းရွှေဝါ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး)နှင့် ဒေါက်တာခင်သူဇာတို့မှ ပံ့ပိုးကူညီပေးခဲ့ကာ အခမ်းအနားကို ညနေ (၄း၀၀) နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
#ရန်ကုန်တိုင်းရင်းဆေးရုံ
31/03/2026
ရန်ကုန်တိုင်းဒေသကြီး၊ ခုတင် (၁၀၀) ဆံ့တိုင်းရင်ဆေးရုံ၊ ရန်ကုန်၌ ၂၀၂၆ခုနှစ်၊တိုင်းရင်းဆေးတက္ကသိုလ်၊အလုပ်သင်ဆရာ၊ဆရာမမျာအား(ClinicalTeaching) သင်ကြားခြင်း။
၂၀၂၆ ခုနှစ်၊မတ်လ(၃၀)နေ့ နေ့လည် (၂:၀၀) နာရီတွင် ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံမှ အကြီးတန်းတိုင်းရင်းဆေးမှုး ဒေါ်ခင်မေလေးမှ ရောဂါနှင့်ကုထုံးကိုစာတွေ့လက်တွေ့နှစ်မျိုးပေါင်းစပ်၍ဆင်ခြင်သုံးသပ်ဆုံးဖြတ်ပုံများအားသင်ကြားပို့ချပေးခဲ့ပါသည်။
#ရန်ကုန်တိုင်းရင်းဆေးရုံကြီး
Teaching
20/03/2026
(၂၀.၃.၂၀၂၆)ရက်နေ့
ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ရန်ကုန်တွင် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ စွမ်းရည်မြင့်မားရေး ပဉ္စကမ္မကုထုံး လက်တွေ့သင်တန်း(၂/၂၀၂၆) ဆင်းပွဲအခမ်းအနား။
နံနက်ပိုင်းတွင် သင်တန်း၌သင်ကြားပေးခဲ့သော ပဉ္စကမ္မကုထုံးများအား ရေးဖြေစစ်ဆေးမေးမြန်းခြင်းကိုနံနက်(၉)နာရီမှ (၁၁)နာရီထိပြုလုပ်ခဲ့ပါသည်။
ညနေပိုင်းတွင် သင်တန်းဆင်းပွဲကိုရန်ကုန်ခုတင်(၁၀၀) ဆံ့ တိုင်းရင်းဆေးရုံကြီး ၊ပဒေသရာဇာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် တိုင်းရင်းဆေးပညာဦးစီးဌာန၊ရန်ကုန်တိုင်းဒေသကြီး၊တိုင်းဦးစီးဌာနမှုးမှသင်တန်းဆင်းအဖွင့် အမှာစကားပြောကြားပြီး သင်တန်းပို့ချပေးခဲ့သည့် ဆရာကြီးဦးတင့်လွင်(စီမံညွှန်မှုးငြိမ်း)မှ နှုတ်ဆက်အမှာစကား ပြောကြားခဲ့ကာ သင်တန်းသား သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦး ကကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။
ထို့နောက် သင်တန်းပို့ချပေးခဲ့သည့် ဆရာကြီး ဆရာမကြီးများအား ဂုဏ်ပြုလက်မှတ်များချီးမြှင့်ကာ ထူးချွန်သင်တန်းသူတစ်ဦးအား ဆုချီးမြှင့်၍ သင်တန်းသား/သင်တန်းသူ(၂၀)ဦးတို့ကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ပါသည်။
အခမ်းအနားကို တိုင်းရင်းဆေးပညာဦးစီးဌာန၊ရန်ကုန်တိုင်းဒေသကြီး၊တိုင်းဦးစီးဌာနမှုးနှင့်အတူ မြန်မာနိူင်ငံတိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့၊ မြန်မာနိူင်ငံတိုင်းရင်းဆေးကောင်စီဝင် ဆရာကြီးများ၊ ခရိုင်တိုင်းရင်းဆေးမှူးများ၊ မြန်မာနိူင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူလုပ်ငန်းရှင်များအသင်း နှင့် တာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီး နှင့်ဆရာ၊ ဆရာမများ၊သင်တန်းနည်းပြဆရာကြီး ၊ဆရာမကြီးများ၊ သင်တန်းသား ၊သင်တန်းသူများ တက်ရောက်ကြခဲ့ပြီး မှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးခဲ့ကြပါသည်။
သင်တန်းသား၊သင်တန်းသူများအား ဂရိတ်ဝေါတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး မှ နေ့လည်စာ (ကြက်ဆီထမင်း+ကော်ဖီ+မုန့်)အဟာရလှူဒါန်းပေးခြင်းအား ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
#တိုင်းရင်းဆေးပညာရပ်ဆိုင်ရာစွမ်းရည်မြင့်သင်တန်းဆင်းပွဲ
#ပဒေသရာဇာခန်းမ
#ရန်ကုန်တိုင်းရင်းဆေးရုံကြီး
19/03/2026
၁၉.၃.၂၀၂၆)ရက်နေ့
ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ရန်ကုန်တွင် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ စွမ်းရည်မြင့်မားရေး ပဉ္စကမ္မကုထုံး လက်တွေ့သင်တန်း(၂/၂၀၂၆)
နံနက်ပိုင်းတွင် သင်တန်း၌လက်တွေ့သင်ကြားပေးခဲ့သော ပဉ္စကမ္မကုထုံးများ၏ procedures,Indications,Contraindications,benefits နှင့်မဖြစ်မနေသိသင့်သည့်အချက်များအားနှုတ်ဖြေစစ်ဆေးမေးမြန်းခြင်းကိုနံနက်(၉)နာရီမှ နေ့လည်(၁)နာရီထိပြုလုပ်ခဲ့ပါသည်။
ညနေပိုင်းတွင် မနက်ရေးဖြေစစ်ဆေးခြင်း အတွက် ခုံတန်းနေရာပြင်ဆင်ခြင်းနှင့် သင်တန်းဆင်းပွဲအတွက်လိုအပ်သည်များပြင်ဆင်ခြင်း။
သင်တန်းသား၊သင်တန်းသူဆရာ၊ဆရာမများအား ရွှေရည်ဝင်း မြရတနာဆေးတိုက် မှ နေ့လည်အဟာရ နတ်သုဒ္ဓါနှင့်မြန်မာ့ဟန်ဆေးတိုက်မှ ဖါလူဒါများလှူဒါန်းပေးခြင်းတို့အားကျေးဇူးအထူးတင်ရှိပါကြောင်းမှတ်တမ်းတင်အပ်ပါသည်။
#ပဒေသရာဇာခန်းမ
#တိုင်းရင်းဆေးပညာရပ်ဆိုင်ရာစွမ်းရည်မြင့်သင်တန်း
19/03/2026
၁၈.၃.၂၀၂၆ရက်နေ့
ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ရန်ကုန်၌ ဆေးရုံတက်ရောက်နေသောလူနာများနှင့်ဝန်ထမ်းများ၊သင်တန်းသားများအား ဆရာကြီးဦးပေါညိမ်း+ဆရာမဒေါ်ဖြူဖြူအောင်မိသားစု(ကံသာဆေးတိုက်)မှအဟာရဒါနအဖြစ် ကြာဇံကြော် လှူဒဒါန်းခြင်း။
စုစုပေါင်းကျပ်တန်ဖိုး (၆)သိန်းခန့်လှူဒါန်းပေးခြင်းအတွက် ကျေးဇူးအထူးတင်ရှိကြောင်းမှတ်တမ်းတင်အပ်ပါသည်။
#အဟာရဒါနလှူဒါန်းခြင်း
19/03/2026
(၁၈.၃.၂၀၂၆)ရက်နေ့
ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ရန်ကုန်တွင် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ စွမ်းရည်မြင့်မားရေး ပဉ္စကမ္မကုထုံး လက်တွေ့သင်တန်း(၂/၂၀၂၆)
နံနက်ပိုင်းတွင် ဆရာကြီးဦးတင့်လွင်(စီမံညွှန်မှူးငြိမ်း)မှRaktamokshana Karma&Shashtikashali(pinda sheds)တို့အားစာတွေ့နှင့် လက်တွေ့သင်ကြားပေးခြင်း၊
ညနေပိုင်းတွင် ဒေါ်ချောထက်(အကြီးတန်းရင်းဆေးမှူး)မှရန်ကုန်တိုင်းရင်းဆေးရုံ၊အထွေထွေ(ပဉ္စကမ္မ)ဌာနတွင်တက်ရောက်ကုသခဲ့သောလူနာများ၏ပဉ္စကမ္မကုထုံးဖြင့်သက်သာပျေက်ကင်းမှုအခြေအနေများကိုData စုစည်းတင်ပြခြင်း
ဒေါ်နန္ဒာအောင်(တိုင်းရင်းဆေးမှူး)မှ Nasaya ဆေးအဆီ (၁)၊ချက်ခြင်းအားလက်စာတွေ့ရှင်းလင်းခြင်း၊လက်တွေ့သင်ကြားခြင်း၊ဆေးငွေ့ရူခြင်း(ထန်းနို့ခြောက်+မရိုးရွက်+အုန်နှဲ)လက်တွေ့ပြခြင်း
သင်တန်းတက်ရောက်နေသော သင်တန်းသား၊သင်တန်းသူဆရာ၊ဆရာမများအား ကံသာဆေးတိုက် မှ နေ့လည်အဟာရ ကြာဇံကြော်နှင့်ဒိန်ချဉ်များလှူဒါန်းပေးခြင်း၊ဆေးရုံအုပ်ကြီးမှ လ္ဘက်သုတ်ဖြင့်ဧည့်ခံကျွေးမွေးခြင်းတို့အားကျေးဇူးအထူးတင်ရှိပါကြောင်းမှတ်တမ်းတင်အပ်ပါသည်။
#ပဒေသရာဇာခန်းမ
#တိုင်းရင်းဆေးပညာရပ်ဆိုင်ရာစွမ်းရည်မြင့်သင်တန်း