Shan & Nationalities Democratic Party - SNDP

Shan & Nationalities Democratic Party - SNDP

Share

Yangon Head Office

04/04/2026

ဂုဏ်ယူဝမ်းမြောက်ကြောင်းသဝဏ်လွှာ

Photos from Shan & Nationalities Democratic Party - SNDP's post 23/01/2026

မိုးနဲမြို့နယ်ကျားဖြူပါတီမဲဆွယ်စည်းရုံး‌ေရးလုပ်ငန်းစဉ် အောင်မြင်စွာပြီးမြောက်
********************************
မိုးနဲမြို့နယ်နှင့်ကျိုင်းတောင်းမြို့တို့တွင်ကျားဖြူပါတီမှပြည်သူ့လွှတ်‌ေတာ်
ကိုယ်စားလှယ်ဦးစိုင်းထွန်းလင်း
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း
ဦးစိုင်း‌‌ေကျာ်ဝင်း(FPTP)
ဦးမင်းထွန်း‌ေအာင်(PR)တို့အပြင်လွှတ်တော်ကိုယ်စားလှယ်‌ေလာင်းများဖြစ်ကြသည့်
မိုင်းပန်မြို့နယ်မှ ဦးစိုင်း‌ေနာင့်
နမ့်စန်မြို့နယ်မှ
ဦးစိုင်း‌ေဟာင်ခမ်း နန်းပိုးနှင်းဖြူတို့မှ
လာရောက်အားဖြည့်ကူညီမဲဆွယ်စည်းရုံး
‌ေပးခဲ့ကြပါသည်

ရှမ်းလူဦး‌ေရအများဆုံးဖြစ်ကြသည့်
မိုင်းပန် တန့်ယန်းနှင့်မိုင်းရယ်မြို့များကဲ့သို့အရှုံးနှင့်ရင်ဆိုင်ရသည့်ဝမ်းနည်းဖွယ်အဖြစ်မျိုးနှင့်ထပ်မံမကြုံ‌ေတွ့လိုကြသဖြင့်မိုးနဲမြို့နယ်နှင့်ကျိုင်း‌ေတာင်းမြို့ မဲဆန္ဒရှင်ပြည်သူ အများစုမှမဲပေးရန်စိတ်အားထက်သန်လျက်ရှိနေသည်ကိုဝမ်း‌ေမြာက်ဘွယ်မြင်‌ေတွ့‌ေနရပါသည်

ဤတတိယအသုတ်တွင် တိုင်းရင်းသား(၁၃၅)
မျိုးကိုကိုယ်စားပြုသည့်(ကျားဖြူပါတီ)ကိုတိုင်းရင်းသား‌ေပါင်းစုံမှစုပြုံမဲ‌ေပးကြမည်ဆိုပါက မိုးနဲ ကျေးသီး မိုင်းရှူး သီပေါ ကျောက်မဲမြို့နယ်တို့တွင်ကျားဖြူပါတီမှ
မဲအပြတ်အသတ်ဖြင့်နိုင်‌ေချမြင့်မား‌ေနပါသည်

သို့ဖြစ်ပါ၍၂၅-၁-၂၀၂၆ရက်‌နေ့တွင်ကျင်းပပြုလုပ်မည့်တတိယအသုတ်‌ေရွး‌ကောက်ပွဲတွင်တိုင်းရင်းသားမဲဆန္ဒရှင်တိုင်းမှကျားဖြူပါတီကိုဝန်းရံမဲ‌ပေးကြပါရန်တိုက်တွန်းနိုး‌ေဆော်လိုက်ရပါသည်

ေပႃးႁဝ်းၽွမ်ႉၵၼ် ႁႅင်းယႂ်ႇ
ေပႃးႁဝ်းတႅၵ်ႇၵၼ် ႁႅင်း ယၢႆႈ

ၸိူဝ်ႉမူင်ႈေၵႃႈမူင်ႈပႅင်း
ၸိူဝ်ႉမႅင်းေၵႃႈမႅင်းႁၵ်ႉ

ေပႃးၵိူင်း ၸွႆႈၵၼ်ပူၵ်း
ေပႃးတူၵ်း ၸွႆႈၵၼ်ဢဝ်

ထိုင်ယၢမ်းလိူတ်ႈထုၵ်ႇလီလၢတ်ႈၵႂၢမ်းယဝ်ႈၶႃႈ

ပိူၼ်ႈ လီ ဢမ်ႇတၢၼ်ႇ ႁဝ်းပီႈၼွင်ႉၽိတ်းၵၼ်

မႃႁိူၼ်းပိူၼ်ႈႄႁ မႃႁိူၼ်းႁဝ်းၶူပ်းၵၼ်
သူၶႂ်ႈႁႂ်ႈ မႃၽႂ် ေပႉ

လုၵ်ႈႁဝ်းႄႁ လုၵ်ႈပိူၼ်ႈၵၼ်ႉၵၼ်
သူၶႂ်ႈႁႂ်ႈၽႂ် ေပႉ

ပႃႇတီႇတႆးႄလႈ ပႃႇတီႈပိူၼ်ႈေၶ့ၵၼ်
သူၶႂ်ႈႁႂ်ႈပႃႇတီႇလႂ် ေပႉ

ဝူၼ်ႉပွင်ႇပၼ် ေသၵမ်းၶႃႈလႃႈပီႈၼွင်ႉတႆး

ႁဝ်းထုၵ်ႇလီၽွမ်ႉၵၼ် ေသတွတ်ႈၶႅပ်းပၼ်
ပႃႇတီႇသိူဝ်ၽိူၵ်ႇယဝ်ႉၶႃႈ

ႁဝ်းထုၵ်ႇလီတႅမ်ႈပိုၼ်းမႂ်ႇယဝ်ႈၶႃႈ

မိူင်းၼၢႆး ၵေးသီး မိူင်းသူႈ သီေပႃ့ ၵျွၵ်ႉမႄး
တီႈႁူဝ်ၵူၼ်းတႆးၼမ်လိူဝ်သုတ်း
သိူဝ်ၽိူၵ်ႇတိုၼ်းေတလႆႈဢွင်ႇေပႉယူႇဢမ်ႇႁၢင်ႉ

ဗဟိုသတင်းနှင့်ပြန်ကြားရေးအဖွဲ့
ရှမ်းနှင့်တိုင်းရင်းသားများဒီကရက်တစ်ပါတီကျားဖြူပါတီ(SNDP)
23-1-2026

21/01/2026

နယ်သာလန်နိုင်ငံသည်ဟိတ်ဂ်မြို့ရှိအပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)နှင့်ပတ်သက်၍
ကျားဖြူပါတီ၏သဘောထားထုတ်ပြန်ချက်

Photos from Shan & Nationalities Democratic Party - SNDP's post 26/11/2025

မန္တလေးတိုင်းဒေသကြီး ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) ကျောက်ပန်းတောင်းမြို့နယ်ရုံးဆိုင်းဘုတ်တင်ပွဲနှင့်ကိုယ်စားလှယ်လောင်းများမိတ်ဆက်ပွဲ အခမ်းအနားကျင်းပပြုလုပ်
******************************************
မန္တလေးတိုင်းဒေသကြီး ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) ကျောက်ပန်းတောင်း မြို့နယ်ရုံးဆိုင်းဘုတ်တင်ပွဲနှင့် ကိုယ်စား လှယ်လောင်းများ မိတ်ဆက်ပွဲ အခမ်း အနားကို #တိုင်းဥက္ကဌဦးသီဟစစ်နိုင် ၏ ကြီးကြပ်ကွပ်ကဲမှု့ ဖြင့် ကျောက်ပန်းတောင်း မြို့နယ် အလုပ်အမှုဆောင်ကော်မတီများဖြစ်သည့် ဦးစိုပြေ၊ ဦးအောင်မြင်ဘွား၊ ဦးလှမျိုးအောင်တို့မှ ဦးဆောင်ကျင်းပပြုလုပ်ခဲ့ပါသည်

အခမ်း အနားသို့ #တိုင်းဥက္ကဌဦးသီဟစစ်နိုင်နှင့်အတူ ဒုတိုင်းဥက္ကဌ (၃) ဦးကျော်မင်းနိုင်၊ တွဲဖက် တိုင်းအတွင်း ရေးမှူး(၁) ဦးမင်းမြတ်နိုး၊တွဲဖက် တိုင်းအတွင်းရေး မှူး (၂) ဦးမျိုးမြင့်၊ တွဲဖက် တိုင်း အတွင်းရေးမှူး(၃) ဦးဇော်မင်း၊ တိုင်း ဘဏ္ဏာရေးမှူး ဦးရန်လင်းအောင်၊ တိုင်း အမှုဆောင် ဦးလှိုင်မျိုးထွန်း၊ မိတ္ထီလာခရိုင်ဥက္ကဌ ဦးရဲနိုင်နှင့် ကျောက်ပန်းတောင်းမြို့နယ်ကိုယ်စားပြု ကိုယ်စား လှယ်လောင်းများ ဖြစ်ကြသည့် ဦးစိုပြေ၊ ဦးအောင်မြင်ဘွား၊ ဦးလှမျိုးအောင်၊ ဒေါ်တင့်တင်ဌေး တို့နှင့်အတူ မြို့နယ်အမှု ဆောင်များ၊ပါတီဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း အင်အား (၁၃၅) ဦးတက်ရောက်ခဲ့ကြပါသည်

မဂ်လာအချိန်၌ ကျားဖြူပါတီဆိုင်းဘုတ်တင်အခမ်း အနားကျင်းပပြုလုပ်ခြင်း၊တက်ရောက်လာကြသော ဧည့်သည်တော်များ၏ မေးမြန်း ဆွေးနွေးချက်များအပေါ် #တိုင်းဥက္ကဦးသီဟစစ်နိုင် နှင့် လွှတ် တော် ကိုယ်စားလှယ်လောင်း များမှ ပြန်လည်ရှင်းလင်း ဖြေ ကြားခဲ့ကြပြီး စားသောက်ဖွယ်ရာတို့ တည့်ခင်းဧည့်ခံကာ ကျားဖြူပါတီ အောင်နိုင်ရေး သီချင်းများ၊ ကြွေးကြော် သံများဖြင့် ဆိုင်းဘုတ်တင်ပွဲ အခမ်း အနားအား အောင်မြင် စွာ ရုတ်သိမ်းခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ #မန္တလေးတိုင်းတာဝန်ခံဦးရဲမြင့်အောင်မှ တက်ရောက် ဖွင့်လှစ် မိန့်ခွန်းပြောကြားကာ ပါတီအောင်နိုင်ရေး ကိစ္စရပ်များ၊ တိုင်း/ မြို့နယ်များ၏ လိုအပ်ချက်များအပေါ် မေးမြန်း ဖြည့်ဆည်းပေးခဲ့ပါသည်။

#တိုင်းပြည်ငြိမ်းချမ်း_တိုးတက်ဖို့_ကျားဖြူပါတီကို_မဲပေးစို့ "

ဗဟိုသတင်းနှင့်ပြန်ကြားရေးတာဝန်ခံ
ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)SNDP

26-11-2025

Photos from Shan & Nationalities Democratic Party - SNDP's post 12/11/2025

မန္တလေးတိုင်းဒေသကြီး ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) သာစည်မြို့နယ်ရုံးဆိုင်းဘုတ်တင်ပွဲနှင့်ကိုယ်စားလှယ်လောင်းများမိတ်ဆက်ပွဲအခမ်းအနားကျင်းပပြုလုပ်
*****************************************
မန္တလေးတိုင်းဒေသကြီး ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)သာစည်မြို့နယ်ရုံး ဆိုင်းဘုတ်တင်ပွဲနှင့်ကိုယ်စားလှယ်လောင်းများ မိတ်ဆက်ပွဲ အခမ်းအနားကို #တိုင်းဥက္ကဌဦးသီဟစစ်နိုင် ၏ ကြီးကြပ်ကွပ်ကဲမှု့ ဖြင့် သာစည်မြို့နယ်ဥက္ကဌ ဦးတင်လှိုင် တို့မှဦးဆောင်ကာကျင်းပပြုလုပ်ခဲ့ပါသည်

အခမ်းအနားသို့ တိုင်းဥက္ကဌ ဦးသီဟစစ်နိုင် တိုင်းတွဲဖက်အတွင်းရေးမှူး(၁) ဦးမင်းမြတ်နိုး တိုင်းတွဲဖက်အတွင်းရေးမှူး(၂) ဦးမျိုးမြင့် တိုင်းအမျိုးသမီးရေးရာ ဥက္ကဌ ဒေါ်ဝင်းဝင်းခိုင် တိုင်း ဘဏ္ဏာရေးမှူး ဦးရန်လင်းအောင် တိုင်းစာရင်းစစ်မှုး ဒေါ်ကြူကြူလှိုင် ကိုယ်စားလှယ်လောင်းများ ဖြစ်ကြသည့် ဦးလှိုင်မျိုးထွန်း ဦးသန်းစိုးဝင်း ဦးလွင်မောင် ဦးဝင်းဇော်ထွန်း ဦးနိုင်ရဲထွဠ် ဦးစန်းဦး ဒေါ်ရွယ်တောင် ဒေါ်ဝတ်ရည်ထူး အစရှိသည့် မြို့နယ်များမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပါတီဝင်များ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ စုစုပေါင်း အင်အား (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်

အခမ်းအနား၌ နိုင်ငံတော်အလံ အား ဦးညွတ် အလေးပြုခြင်း ကျားဖြူပါတီဆိုင်းဘုတ်တင်အခမ်းအနားကျင်းပပြုလုပ်ခြင်း တက်ရောက်လာကြသည့် ဧည့်သည်တော်များ၏ မေးမြန်း ဆွေးနွေးချက်များအပေါ် တိုင်းဥက္ကဌနှင့် လွှတ်တော်ကိုယ်စား လှယ်လောင်း များမှ ပြန်လည်ရှင်းလင်းဖြေကြားခြင်းအစီအစဥ်များထည့်သွင်းကျင်းပခဲ့ကြပြီး စားသောက်ဖွယ်ရာတို့ဖြင့်တည့်ခင်းဧည့်ခံခဲ့ကာ ကျားဖြူပါတီအောင်နိုင်ရေး သီချင်းများကြွေးကြော် သံများဖြင့် သီဆို ကခုန်ခဲ့ကြပြီး သာစည်မြို့နယ်ရုံး ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။

#တိုင်းပြည်ငြိမ်းချမ်း_တိုးတက်ဖို့_ကျားဖြူပါတီကို_မဲပေးစို့ "

ဗဟိုသတင်းနှင့်ပြန်ကြားရေးအဖွဲ့
ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)SNDP
13-11-2025

Photos from Shan & Nationalities Democratic Party - SNDP's post 03/11/2025

မန္တလေးတိုင်းဒေသကြီး၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြုပါတီ) အောင်မြေသာစံမြို့နယ်ရုံး ဆိုင်းဘုတ်တင်ပွဲနှင့်ကိုယ်စားလှယ်လောင်းများ မိတ်ဆက်ပွဲ. အခမ်းအနားကျင်းပပြုလုပ်ခဲ့
************************************
မန္တလေးတိုင်းဒေသကြီး၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြုပါတီ) အောင်မြေသာစံမြို့နယ်ရုံး ဆိုင်းဘုတ်တင်ပွဲနှင့်အောင်မြေသာစံမြို့နယ်၌ ဝင်ရောက်ယှဥ်ပြိုင်ကြမည့်. ကိုယ်စား လှယ်လောင်းများ မိတ်ဆက် ပွဲ အခမ်းအနားအား တိုင်းဥက္ကဌ ဦးသီဟစစ်နိုင် ဦးဆောင်ကာ ကျင်းပ ပြု လုပ်ခဲႉပါသည်

အခမ်းအနားသို့ တိုင်းဒုဥက္ကဌ ဦးအောင်ဇော်မျိုး၊ ဦးကျော်ဆန်းဦး၊ တိုင်းအတွင်း ရေးမှုးများဖြစ်သည့် ဦးထက်ဝေလျံဗိုလ်၊ ဦးမင်းမြတ်နိုး၊ ဦးမျိုးမြင့်၊ တိုင်းအမှု့ဆောင်များဖြစ်ကြသည့် ဦးသက်စုမွန်၊ ဦးသန်းစိုးဝင်း၊ ဒေါ်ဝင်းဝင်းခိုင်၊ ဒေါ်ကြုကြုလှိုင်၊ ဦးရန်လင်းအောင်၊ ဦးလှိုင်မျိုးထွန်း၊ ဒေါ်နေခြည်အောင်ချမ်း၊ ကိုယ်စား လှယ်လောင်းများ ဖြစ်ကြသည့် ဦးစန်းဦး၊ ဦးဝင်းဇော်ထွန်း၊ ဦးလွင်မောင်၊ ဦးနိုင်ရဲထွဠ်၊ ဦးအောင်မျိုးသန့်၊ ဒေါ်ခိုင်စန္ဒာဝင်း၊ ဒေါ်ထက်ထက်နေခြည် ၊ ဒေါ်ရွယ်တောင်၊ ဒေါ်ဝတ်ရည်ထူးတို့နှင်အတူ မြို့နယ် အမှု့ဆောင်များ၊ ပါတီဝင်များ စုစု ပေါင်း အင်အား (၉၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်

အခမ်း အနားတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုခြင်း၊ အောင်မြေ သာစံမြို့နယ်၌ ဝင်ရောက်ယှဥ်ပြိုင်သွားကြမည့် လွှတ်တော် အမတ်လောင်း များ ၁ ဦးချင်း မိတ်ဆက်နှုတ်ဆက်ခြင်း၊ တက်ရောက်လာသူသော ပါတီဝင်များနှင့် ဧည့်သည်တော်များ၏ မေးမြန်း ချက်များအပေါ် တိုင်းဥက္ကဌ ဦးသီဟစစ်နိုင်မှ ပြန်လည်ဆွေးနွေး ရှင်း လင်း ဖြေကြားခြင်းများ ပြုလုပ်ကာ တက်ရောက် လာသော ဧည့်သည်တော်များကို ရေခဲမုန့်နှင့် ကိတ်မုန့်များ တည့်ခင်း ဧည့်ခံကာ ဗလာမပါ ကံစမ်းမဲများ မဲဖောက်ပေးခဲ့ကြပြီး ကြွေးကြော်သံများဖြင့် အခမ်းအနားအား ရုတ်သိမ်း ခဲ့ကြပါသည်။
#တိုင်းပြည်ငြိမ်းချမ်းတိုးတက်ဖို့_ကျားဖြူပါတီ_မဲပေးစို့

ဗဟိုသတင်းနှင့်ပြန်ကြားရေးအဖွဲ့
ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)
3-11-3025

Photos from Shan & Nationalities Democratic Party - SNDP's post 02/11/2025

မန္တလေးတိုင်းဒေသကြီးရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)တည်ထောင်ခြင်း(၁) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ချမ်းမြသာစည်မြို့နယ် #ကျားဖြူပါတီဆိုင်းဘုတ် တင်ပွဲ နှင့် ကထိန်ပဒေသာပင် ကပ်လှူခြင်းအခမ်းအနားကျင်းပပြုလုပ်
******************************************
မန္တလေးတိုင်းဒေသကြီး ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)တည်ထောင်ခြင်း(၁)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ချမ်းမြသာစည်မြို့နယ်(ကျားဖြူပါတီ)ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို #တိုင်းဥက္ကဌ ဦးသီဟစစ်နိုင် ကြီးကြပ်ကွပ်ကဲမှုဖြင့် ချမ်းမြသာစည် မြို့နယ်ဥက္ကဌ / တိုင်းအမှုဆောင် ဒေါ်နေခြည်အောင်ချမ်း တို့မှဦးဆောင်ကာကျင်းပပြုလုပ်ခဲ့ပါသည်

အဆိုပါ အခမ်းအနားသို့ တိုင်းဥက္ကဌ #ဦးသီဟစစ်နိုင်နှင့်အတူ ဒု တိုင်းဥက္ကဌ (၁) ဦးအောင်ဇော်ဇော်မျိုး ဒုတိုင်းဥက္ကဌ (၂) ဦးကျော်စန်းဦး တိုင်းအတွင်းရေးမှူး ဦးထက်ဝေလျံဗိုလ် တိုင်းတွဲဖက် အတွင်းရေးမှူး(၁) ဦးမင်းမြတ်နိုး တိုင်းတွဲဖက် အတွင်းရေးမှူး (၂) ဦးမျိုးမြင့် တိုင်းအမျိုးသမီးရေးရာ ဥက္ကဌ ဒေါ်ဝင်းဝင်းခိုင် တိုင်းဘဏ္ဏာရေးမှူး ဥိးရန်လင်းအောင် တိုင်းစာရင်းစစ်မှုး ဒေါ်ကြူကြူလှိုင် တိုင်းအလုပ်အမှုဆောင်များ ဖြစ်ကြသည့် ဦးသက်စုမွန် ဦးလှိုင်မျိုးထွန်း ဦးသန်းစိုးဝင်း ဦးလွင်မောင် ဦးဝင်းဇော်ထွန်း ဦးနိုင်ရဲထွဠ် ဦးစန်းဦး ဒေါ်ရွယ်တောင် ဒေါ်ခိုင်စန္ဒာဝင်း ဦးကျော်မင်းထွန်း မန္တလေးမြို့နယ်များမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပါတီဝင်များ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ စုစုပေါင်း အင် အား (၇၀) ဦး ခန့်တက်ရောက်ခဲ့ကြပါသည်

ထိုအခမ်းအနားတွင် နိုင်ငံတော်အလံနှင့်ကျားဖြူအလံအားဦးညွတ်အလေးပြုခဲ့ကြပြီးချမ်းမြသာစည်မြို့နယ်(ကျားဖြူပါတီ) ဆိုင်းဘုတ်တင်ခြင်းအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ပါသည်

ထို့နောက် တက်ရောက်လာကြသော ဧည့်သည်တော်များ၏ မေးမြန်း ဆွေးနွေးမှုများကို တိုင်းဥက္ကဌနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းတို့မှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြပါသည်

ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)အနေဖြင့် မန္တလေး တိုင်းဒေသကြီးတွင် စတင်တည်ထောင်ခြင်း(၁) နှစ်ပြည့်အထိမ်းအမှတ်နှင့် ချမ်းမြသာစည်မြို့နယ်ဆိုင်းဘုတ်တင်ပွဲဖွင့်လှစ်ခြင်းအထိမ်းအမှတ်အဖြစ် လက် ဆောင် ပစ္စည်းများ မဲဖောက်ပေးခြင်း ကထိန် ပဒေသာပင်များလှူဒါန်းခြင်းများပြုလုပ်ခဲ့သည့်အပြင် ရွှေမိုးငွေမိုး ရွာသွန်းဖြိုးခြင်းအစီအစဥ်များပြုလုပ်ခဲ့ကြပါသည်

တိုင်းဥက္ကဌ #ဦးသီဟစစ်နိုင်နှင့် တိုင်းတွဲဖက်အတွင်းရေးမှုး ဦးမျိုးမြင့်တို့မှ ချမ်းမြသာစည်မြို့နယ် ဥက္ကဌနှင့် မြို့နယ်အလုပ် အမှုဆောင်များအား ဂုဏ်ပြုအလှူငွေများပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် တက်ရောက် လာကြသူများအား ရေခဲမုန့် ကိတ်မုန့် အစရှိသည့် စားသောက်ဖွယ်ရာတို့ဖြင့် တည့်ခင်းဧည့်ခံခဲ့ကာ ကျားဖြူ ပါတီအောင်နိုင်ရေး သီချင်းများကို ကြွေးကြော်သံများဖြင့် သီဆို ကခုန်ခဲ့ကြပြီး ချမ်းမြသာစည်မြို့နယ်ရုံး ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။

#တိုင်းပြည်ငြိမ်းချမ်း_တိုးတက်ဖို့_ကျားဖြူပါတီကို_မဲပေးစို့ "

ဗဟိုသတင်းနှင့်ပြန်ကြားရေူအဖွဲ့
ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)SNDP
2-11-2025

Photos from Shan & Nationalities Democratic Party - SNDP's post 29/10/2025

မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ) ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကျင်းပပြုလုပ်
******************************************
မန္တလေးတိုင်းဒေသကြီး ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)တိုင်းဥက္ကဌ ဦးသီဟစစ်နိုင် မှဦးဆောင်ကာပျော်ဘွယ်မြို့နယ် ကျားဖြူပါတီရုံး ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို (၂၆-၁၀-၂၀၂၅)ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့ပါသည်

အဆိုပါအခမ်းအနားသို့ တိုင်းဥက္ကဌ ဦးသီဟစစ်နိုင် ဒုတိုင်းဥက္ကဌ(၁)ဦးအောင်ဇော်ဇော်မျိုး ဒုတိုင်းဥက္ကဌ(၂)ဦးကျော်စန်းဦး ဒုတိုင်းဥက္ကဌ(၃)ဦးကျော်မင်းနိုင် တိုင်းအတွင်းရေးမှူး ဦးထက်ဝေလျံဗိုလ် တိုင်းတွဲဖက်အတွင်းရေးမှူး(၁) ဦးမင်းမြတ်နိုး တိုင်းတွဲဖက်အတွင်းရေးမှူး(၂) ဦးမျိုးမြင့် တွဲဖက်အတွင်း ရေးမှူး(၃) ဦးဇော်မင်း တိုင်းအမျိုးသမီးရေးရာဥက္ကဌ ဒေါ်ဝင်းဝင်းခိုင် တိုင်းဘဏ္ဏာရေးမှူး ဦးရန်လင်းအောင် တိုင်းအမှုဆောင်များဖြစ်ကြသည့် ဒေါ်နေခြည်အောင်ချမ်း ဒေါ်လပြည့်ခြူး ဒေါ်အယ်နီဂျိုး ဒေါ်ဂျူးနီဂျိုး ဒေါ်ခိုင်စန္ဒာဝင်း ဒေါ်ဖူးမြတ်သွယ် ပျော်ဘွယ်မြို့နယ်ဥက္ကဌ ဦးကျော်စိုးလွင်နှင့် မြို့နယ်အမှုဆောင်များ ပျော်ဘွယ် မိတ္ထီလာ သာစည် ရမည်းသင်း ဝမ်းတွင်းမြို့နယ်များမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပါတီဝင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များစုစုပေါင်း အင်အား(၇၀)ဦးတက်ရောက်ခဲ့ကြပါသည်

အခမ်းအနားတွင်ဦးစွာ နိုင်ငံတော်အလံနှင့်ကျားဖြူပါတီအလံအား ဦးညွတ်အလေးပြုခဲ့ကြပြီး ကျားဖြူပါတီ၏ "နိုင်ငံတည်ထောင်ချိန်" သီချင်းဖြင့် ရှမ်းပျိုဖြူခလေးငယ်များမှ ကပြဖျော်ဖြေခဲ့ကြပါသည်

တိုင်းဥက္ကဌ ဦးသီဟစစ်နိုင်မှ ပျော်ဘွယ်မြို့နယ်ရုံးဖွင့်လှစ်ပေးနိုင်ခဲ့သည့် မြို့နယ်ဥက္ကဌ ဦးကျော်စိုးလွင်နှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများထဲမှ ပါတီ၏ လုပ်ငန်းစဥ်များတွင် အားကြိုးမာန်တက် လုပ်ကိုင်ဆောင်ရွက်ခဲ့သည့် ဒေါ်ဇာနည်ထက်တို့အားဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကာ ပျော်ဘွယ်မြို့နယ် အလုပ်အမှု့ဆောင်များအား တိုင်းဥက္ကဌမှ ဂုဏ်ပြု အလှုငွေပေးအပ်ခဲ့ပါသည်

ထို့နောက် တက်ရောက်လာကြသော ပါတီဝင်များ နယ်​မြေခံ ဧည့်သည်တော်များအား ပျော်ဘွယ်မြို့နယ်ရုံး ဆိုင်းဘုတ်တင်ပွဲ အထိမ်းအမှတ်လက်ဆောင်ပစ္စည်းများကို မဲဖောက်ပေးခြင်းများပြုလုပ်‌ေပးပြီးနောက် တက်ရောက်လာသူများအား ရေခဲမုန့် ကိတ်မုန့် အစရှိသည်တို့ဖြင့် တည်ခင်းဧည့်ခံခဲ့ကာ ကျားဖြူပါတီအောင်နိုင်ရေး သီချင်း နှင့် ကြွေးကြော်သံများဖြင့် သီဆိုကခုန်ကာ ပျော်ဘွယ်မြို့နယ်ရုံး ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။
#တိုင်းပြည်ငြိမ်းချမ်း_တိုးတက်ဖို့_ကျားဖြူပါတီကို_မဲပေးစို့ "

ဗဟိုသတင်းနှင့်ပြန်ကြားရေးအဖွဲ့
ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)SNDP
29-20-2025

Photos from Shan & Nationalities Democratic Party - SNDP's post 27/10/2025

မန္တလေးတိုင်း‌ေဒသကြီး ဝမ်းတွင်းမြို့နယ် ဆိုင်းဘုတ်တင်ပွဲနှင့်တိုးမြင့်တာဝန်‌ေပးခန့်အပ်ခြင်းအခမ်းအနားကျင်းပပြုလုပ်
****************************************
မန္တလေးတိုင်းဒေသကြီး ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)တိုင်းဥက္ကဌဦးသီဟစစ်နိုင်မှဥိးဆောင်ကာဝမ်းတွင်းမြို့နယ်ရုံးကျားဖြူပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနားအား (၂၆-၁၀-၂၀၂၅)ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့ပါသည်

အဆိုပါ အခမ်းအနားသို့ တိုင်းဥက္ကဌ ဦးသီဟစစ်နိုင်နှင့်အတူ ဒုတိုင်းဥက္ကဌ(၁) ဦးအောင်ဇော်ဇော်မျိုး ဒုတိုင်းဥက္ကဌ(၂)ဦးကျော်စန်းဦး ဒုတိုင်းဥက္ကဌ(၃)ဦးကျော်မင်းနိုင် တိုင်းအတွင်းရေးမှူး ဦးထက်ဝေလျံဗိုလ် တိုင်းတွဲဖက်အတွင်းရေးမှူး (၁) ဦးမင်းမြတ်နိုး တိုင်းတွဲဖက် အတွင်းရေးမှူး (၂) ဦးမျိုးမြင့် တွဲဖက်အတွင်း ရေးမှူး(၃) ဦးဇော်မင်း တိုင်းအမျိုးသမီးရေးရာဥက္ကဌ ဒေါ်ဝင်းဝင်းခိုင် တိုင်းဘဏ္ဏာရေးမှူး ဥိးရန်လင်းအောင် တိုင်းအမှုဆောင်များ ဖြစ်ကြသည့် ဒေါ်နေခြည်အောင်ချမ်း ဒေါ်လပြည့်ခြူး ဒေါ်အယ်နီဂျိုး ဒေါ်ဂျူးနီဂျိုး ဒေါ်ခိုင်စန္ဒာဝင်း ဒေါ်ဖူးမြတ်သွယ်တို့နှင့်အတူ ဝမ်းတွင်းမြို့နယ် ဥက္ကဌဦးဇော်မင်းနှင့်မြို့နယ်အမှုဆောင်များအပြင်ပါတီဝင် စုစုပေါင်းအင်အား (၅၀)ဦးတက်ရောက်ခဲ့ကြပါသည်

အခမ်းအနားတွင်ဝမ်းတွင်းမြို့နယ်ရုံးဖွင့်လှစ်ပေးခဲ့သည့် မြို့နယ် ဥက္ကဌ ဦးဇော်မင်းအား တိုင်းဥက္ကဌ ဦးသီစစ်နိုင်မှ ဂုဏ်ပြု မှတ်တမ်းလွှာချီးမြှင့်ပေးအပ်ခဲ့ကာ မန္တလေးတိုင်း ကျားဖြူပါတီ၏လုပ်ငန်းစဥ်များတွင် စွမ်းစွမ်းတမံ ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည့် ခရိုင်ဥက္ကဌ ဦးကျော်မင်းနိုင်အားဒုတိုင်းဥက္ကဌ (၃) အဖြစ်တိုးမြှင့် တာဝန်ပေးအပ်ခဲ့သည့်အပြင် ပါတီ၏လုပ်ငန်းစဥ်များတွင် အနစ်နာခံကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြသည့် မြို့နယ်ဥက္ကဌဦးဇော်မင်းအား တိုင်း တွဲဖက်အတွင်းရေး(၃) နေရာသို့ တာဝန်‌ေပးတိုးမြှင့်ခန့်အပ်ခဲ့ပါသည်

ထို့နောက် တက်ရောက်လာကြသော ပါတီဝင်များ နယ်​မြေခံဧည့်သည်တော်များ၏တင်ပြဆွေးနွေးချက်များအပေါ် တိုင်းဥက္ကဌ ဦးသီဟစစ်နိုင်မှ ပြန်လည်ဆွေးနွေး ဖြေကြားကာတက်ရောက်လာကြသူများအားဗလာမပါ ကံစမ်းမဲများဖောက်ပေးခဲ့ပြီးအမှတ်တရ လက်ဆောင်များ ပြန်လည် ပေးအပ်ခြင်းများ ပြုလုပ်ခဲ့ပြီးနောက်အခမ်းအနားအားပိုက်ဆံများကြဲခဲ့ကာ ရွှေမိုးငွေမိုးရွာသွန်းဖြိုးခဲ့ပြီးကျားဖြူ့ပါတီ အောင်နိုင်ရေး ကြွေးကြော်သံများဖြင့် အခမ်းအနားကိုအောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်

ဗဟိုသတင်းနှင့်ပြန်ကြားရေးအဖွဲ့
ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ) SNDP
27-10-1025

22/10/2025

နိုင်ငံတည်ထောင်ချိန်
(ကျားဖြူပါတီသီချင်း)
သံစဉ်-လှိုင်းဇော်ဝင်း
စာသား-ဗညားအောင်

တေးဆို- ဗညားအောင် ယိင်း

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Yangon

Opening Hours

Monday 10:00 - 16:00
Tuesday 10:00 - 16:00
Wednesday 10:00 - 16:00
Thursday 10:00 - 16:00
Friday 10:00 - 16:00