Dr. Chit Maung Library

Call Directions

Dr. Chit Maung Library DCML is an organized collection of sources of information and similar resources, made accessible to a defined community for reference or borrowing.

📖"Education is the key that unlocks the golden door to freedom."✨(ပညာရေးဆိုတာ လွတ်လပ်မှုနဲ့ အောင်မြင်မှုဆီ သွားရာ ရွှေတံ...
14/10/2026

📖"Education is the key that unlocks the golden door to freedom."✨

(ပညာရေးဆိုတာ လွတ်လပ်မှုနဲ့ အောင်မြင်မှုဆီ သွားရာ ရွှေတံခါးကြီးကို ဖွင့်ပေးတဲ့ သော့ချက်ဖြစ်ပါတယ်။)

📚ကျောင်းသားကျောင်းသူတိုင်းမှာ မိမိတို့ ဖြစ်ချင်တဲ့ အိမ်မက်တွေနဲ့ သွားချင်တဲ့ ပန်းတိုင်တွေ ကိုယ်စီ ရှိကြပါတယ်။ ဒါပေမဲ့ စာမေးပွဲတွေ နီးလာတဲ့အခါ၊ သင်ခန်းစာတွေ ခက်ခဲလာတဲ့အခါ ဒါမှမဟုတ် စာမေးပွဲရလဒ်တွေ ထင်သလောက် ဖြစ်မလာတဲ့အခါမှာ အရှုံးပေးချင်စိတ်တွေ ဝင်လာတတ်ကြပါတယ်။

💡George Washington Carver ရဲ့ ဘဝကို ကြည့်ရင် သူ့ရဲ့ ငယ်ဘဝဟာ ကျေးကျွန်ဘဝနဲ့ ဒုက္ခပေါင်းစုံကြားက စတင်ခဲ့ရပေမဲ့ "ပညာရေး" ကို ဘဝရဲ့ လွတ်လပ်မှု သော့ချက်အဖြစ် ယုံကြည်ခဲ့ပါတယ်။ အခက်အခဲ ရာပေါင်းများစွာကို ကျော်ဖြတ်ပြီး ပညာကို ဆက်လက် သင်ယူခဲ့တာကြောင့် ကမ္ဘာက လေးစားရတဲ့ သိပ္ပံပညာရှင်နဲ့ တီထွင်သူတစ်ဦး ဖြစ်လာခဲ့ပါတယ်။

📝Education is the Key (ပညာရေးဟာ အရေးပါဆုံး သော့ချက်ဖြစ်တယ်)

📖စာကျက်ရတာ ပင်ပန်းတဲ့အခါ သို့မဟုတ် စာမေးပွဲ ရလဒ်မကောင်းတဲ့အခါ ဒါဟာ သင့်ဘဝရဲ့ အဆုံးသတ် မဟုတ်ပါဘူး။ သင်ယူလေ့လာမှုနဲ့ ကြိုးစားမှုတိုင်းဟာ သင့်ဘဝ ရွှေတံခါးကြီးကို ဖွင့်ပေးမယ့် သော့ချက်တစ်ခုကို ဖြည်းဖြည်းချင်း ပုံဖော်နေတာ ဖြစ်ပါတယ်။

📝Unlock Your Freedom (သင့်အိမ်မက်တွေကို လွတ်လပ်စွာ အကောင်အထည်ဖော်ပါ)

📖အမှတ်ကောင်းကောင်းရချင်တာ၊ တက္ကသိုလ်ကောင်းကောင်း တက်ချင်တာ၊ ကိုယ်ဝါသနာပါတဲ့ အလုပ်တစ်ခုကို အောင်အောင်မြင်မြင် လုပ်ချင်တာဟာ သင့်ရဲ့ အိမ်မက်တွေပါပဲ။ ပညာရေးကတစ်ဆင့် ဒီအိမ်မက်တွေကို အကောင်အထည်ဖော်ခွင့် ရရှိလာမှာ ဖြစ်ပါတယ်။

📝Never Give Up (ဇွဲမလျှော့ပါနဲ့)

📖ဒီနေ့ သင်ကြိုးစားလိုက်တဲ့ စာတစ်ပိုဒ်၊ လေ့ကျင့်လိုက်တဲ့ ပုစ္ဆာတစ်ပုဒ်တိုင်းဟာ သင့်အနာဂတ်အတွက် လိုအပ်တဲ့ သော့ချက်ကို ခိုင်မာအောင် ပြုလုပ်နေတာဖြစ်လို့ ဘယ်တော့မှ အရှုံးမပေးပါနဲ့။
စိန်ခေါ်မှုတွေ ကြုံတိုင်း ဒီစကားလေးကို သတိရပါ။

🎖️"ပညာရေးဟာ ငါ့ရဲ့ လွတ်လပ်မှုနဲ့ အောင်မြင်မှုဆီ သွားရာ သော့ချက်ဖြစ်တယ်။ ဒါကြောင့် ငါ ဘယ်တော့မှ လက်မလျှော့ဘူး။"

⛳ဒီနေ့ကစပြီး မိမိရဲ့ အိမ်မက်တွေအတွက် ပညာရေးနဲ့ ကြိုးစားအားထုတ်ရင်း ရွှေတံခါးကြီးကို ဖွင့်လှစ်နိုင်သူတစ်ယောက် ဖြစ်အောင် လျှောက်လှမ်းလိုက်ကြရအောင်။

High School မပြီးသေးလို့ စိတ်ပူနေပါသလား?ဒါဆိုရင်တော့ အချိန်တိုလေးအတွင်းနဲ့ နိုင်ငံတကာမှာတက္ကသိုလ်တက်ရောက်လို့ရနိုင်မဲ့ G...
13/10/2026

High School မပြီးသေးလို့ စိတ်ပူနေပါသလား?

ဒါဆိုရင်တော့ အချိန်တိုလေးအတွင်းနဲ့ နိုင်ငံတကာမှာတက္ကသိုလ်တက်ရောက်လို့ရနိုင်မဲ့ GED (General Educational Development) ဆိုတဲ့ နိုင်ငံတကာအသိအမှတ်ပြု ပညာရေးလမ်းကြောင်းက သင့်အတွက် အကောင်းဆုံး ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။

GED အကြောင်း တကယ် စိတ်ဝင်စားတယ်ဆိုရင် သိထားရမယ့် အဓိက အချက်တွေကို စနစ်တကျ စုစည်းတင်ပြပေးလိုက်ပါတယ်။

1. GED ဆိုတာ ဘာလဲ?

GED ဆိုတာ အမေရိကန် အထက်တန်းကျောင်းဆင်း လက်မှတ် (High School Equivalency Diploma) နဲ့ ညီမျှကြောင်း တရားဝင် အသိအမှတ်ပြုထားတဲ့ စာမေးပွဲ ဖြစ်ပါတယ်။ ထိုင်း၊ မလေးရှား စတဲ့ ကမ္ဘာတစ်ဝန်းက နိုင်ငံတကာ တက္ကသိုလ်များစွာမှာလဲ GED လက်မှတ်နဲ့ Bachelor Degree ကို တိုက်ရိုက်လျှောက်ထား လို့ရနိုင်ပါတယ်။

2. အသက်ဘယ်လောက်မှဖြေဆိုလို့ရသလဲ?

📝 ၁၆နှစ် ပြည့်ပြီးသူ မည်သူမဆို ဖြေဆိုနိုင်ပါတယ်။

📝(အသက် ၁၆/၁၇ နှစ်ဆိုလျှင် မိဘ သို့မဟုတ် အုပ်ထိန်းသူရဲ့သဘောတူညီချက် ဖောင်ဖြည့်ရန် လိုအပ်ပါတယ်)။

📝အသက် ၁၈ နှစ်ပြည့်ပြီးဆိုရင်တော့ ဖောင်ဖြည့်စရာမလိုဘဲတိုက်ရိုက်ဖြေဆိုလို့ရသွားမှာ ဖြစ်ပါတယ်။

3. ဘာသာရပ် ဘယ်နှစ်ခု ဖြေရမလဲ?

GED မှာ အဓိက ဘာသာရပ် ၄ ခု ပါဝင်ပါတယ်။

📝Mathematical Reasoning (သင်္ချာ): Basic Algebra, Geometry နဲ့ Problem-solving ပုစ္ဆာများ။

📝 RLA - Reasoning Through Language Arts (အင်္ဂလိပ်စာ): Reading, Grammar နဲ့ Essay ရေးသားခြင်း။

📝Science (သိပ္ပံ): Biology, Physics, Chemistry အခြေခံနှင့် Scientific Reasoning (စာပိုဒ်/ဂရပ်ဖတ်ယူခြင်း)။

📝Social Studies (လူမှုရေးသိပ္ပံ): US History, Government နဲ့ Economics အခြေခံများ။

4. အမှတ်ပေးစနစ်နဲ့ အောင်မှတ်

📝၁၄၅ - ၁၆၄ မှတ် (Pass): ဘာသာရပ်တစ်ခုစီမှာ ၁၄၅ မှတ်ရရင် အောင်မြင်ပါတယ်။

📝၁၆၅ - ၁၇၄ မှတ် (College Ready): တက္ကသိုလ်ဝင်ခွင့်အတွက် အဆင်သင့်ဖြစ်ကြောင်း ဖော်ပြနိုင်ပါတယ်။

📝၁၇၅ မှတ် အထက် (College Ready + Credit): တက္ကသိုလ် ပထမနှစ် သင်ရိုးအချို့ ကင်းလွတ်ခွင့် ရရှိနိုင်ပါတယ်။

5. စာမေးပွဲပုံစံနဲ့ ကုန်ကျစရိတ်

📝စာမေးပွဲပုံစံ: ကွန်ပျူတာဖြင့် ဖြေဆိုရသော Computer-based test ဖြစ်ပြီး တရားဝင် အသိအမှတ်ပြုထားသော Testing Center များတွင် သွားရောက်ဖြေဆိုရပါတယ်။

📝စာမေးပွဲကြေး: ဘာသာရပ်တစ်ခုလျှင် $90 ဝန်းကျင် ကျသင့်မှာဖြစ်ပြီး ၄ ဘာသာဆိုရင် $360 ဝန်းကျင် ကျမှာဖြစ်ပါတယ်။

📝စာမေးပွဲရက်: ပုံသေရက် မရှိဘဲ ged.com ဝဘ်ဆိုက်တွင် မိမိအဆင်ပြေသည့် ရက်/အချိန်ကို တစ်နှစ်ပတ်လုံး စိတ်ကြိုက် ရွေးချယ်လို့ရနိုင်ပါတယ်။

6.GEDကိုဘယ်သူတွေဖြေဆိုသင့်လယ်။

📝နိုင်ငံတကာတက္ကသိုလ်တွေမှာသွားရောက်ပညာသင်ယူလိုသူ။

📝အကြောင်းအမျိုးမျိုးကြောင်းအထက်တန်းကျောင်းပညာရေးမပြီး‌စီးသေးသူ။

📝အချိန်တိုအတွင်း အထက်တန်းအောင်လက်မှတ်ကိုရယူချင်သူ။

7. GED အောင်ရင် ဘာတွေ ဆက်လုပ်လို့ရမလဲ?

ထိုင်း၊ မလေးရှား၊ အမေရိကန် စတဲ့ နိုင်ငံအသီးသီးရှိ နိုင်ငံတကာ တက္ကသိုလ်များတွင် Bachelor Degree တိုက်ရိုက် လျှောက်ထားလို့ရနိုင်ပါတယ်။
ပြည်တွင်းရှိ Private University/College များမှာဆိုလဲ Foundation/Degree Program များကို တိုက်ရိုက်တက်ရောက်လို့ရနိုင်မှာဖြစ်ပါတယ်။

အကြံပြုချက်: GED မဖြေဆိုမီ ged.com တရားဝင် Website မှာ GED Ready (Mock Test) ကို အရင်ဖြေကြည့်ပါ။ မိမိ ရမှတ် ဘယ်လောက်ရနိုင်လဲဆိုတာ ကြိုတင် ခန့်မှန်းနိုင်ရုံတင်မကဘဲ ဘာသာရပ်အလိုက် အားနည်းချက်တွေကိုပါ အတိအကျ သိရှိနိုင်မှာ ဖြစ်ပါတယ်။

📌 အချုပ်အားဖြင့်ဆိုရင် GED ဟာ အချိန်နှင့် ငွေကြေးကို အကျိုးရှိရှိ အသုံးပြုပြီး တက္ကသိုလ် တက်ရောက်ချင်သူတွေအတွက် အကောင်းဆုံး လမ်းစတစ်ခု ဖြစ်ပါတယ်။

GED အကြောင်းအသေးစိတ်စုံစမ်းရန်-
Page chat box (or) Phone-09791316878

ENROLL NOW….
24/06/2026

ENROLL NOW….

Dr. Chit Maung Library မှ GED အတန်းများကို လာမယ့် July လ ၁၃ ရက်နေ့တွင် စတင်ဖွင့်လှစ်သွားတော့မှာ ဖြစ်ပါတယ်။GED အတန်းများက...
18/06/2026

Dr. Chit Maung Library မှ GED အတန်းများကို လာမယ့် July လ ၁၃ ရက်နေ့တွင် စတင်ဖွင့်လှစ်သွားတော့မှာ ဖြစ်ပါတယ်။

GED အတန်းများကို Pre GED နှင့် GED, အတန်း ၂ တန်းခွဲကာ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။
Pre GED အတန်းကို အသက် ၁၄ နှစ်အရွယ်မှ စတင်တက်ရောက်နိုင်ပြီး GED အတန်းကိုတော့ အသက် ၁၆ နှစ်ပြည့်ပြီးသူများ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

Pre GED နှင့် GED အတန်းများကို အပတ်စဉ် တနင်္လာနေ့ မှ သောကြာနေ့ ၊ နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီ အထိ တက်ရောက်ရမှာဖြစ်ပါတယ်။

အသေးစိတ်ကို အောက်ပါဖုန်းနံပတ် သို့ မေးမြန်းစုံစမ်း နိုင်ပါတယ်။

09261616149

Regular English Classes Enrollment Date.July လ၌ စတင်ဖွင့်လှစ်မယ့် DCML ရဲ့ Regular English အတန်းများ ကို လာမယ့် အင်္ဂါနေ...
08/06/2026

Regular English Classes Enrollment Date.

July လ၌ စတင်ဖွင့်လှစ်မယ့် DCML ရဲ့ Regular English အတန်းများ ကို လာမယ့် အင်္ဂါနေ့ (16.6.2026) မှာ ကျောင်းအပ်နိုင်ပြီဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါတယ်။

25/05/2026
Dr. Chit Maung LibraryPre-GED & GED coursesပြည်ပနိုင်ငံ (သို့မဟုတ်) နိုင်ငံတကာ အသိအမှတ်ပြု တက္ကသိုလ်တွေမှာ လူငယ်များ ဆက်...
12/05/2026

Dr. Chit Maung Library
Pre-GED & GED courses

ပြည်ပနိုင်ငံ (သို့မဟုတ်) နိုင်ငံတကာ အသိအမှတ်ပြု တက္ကသိုလ်တွေမှာ လူငယ်များ ဆက်လက်ပညာသင်ကြား နိုင်ရန်အတွက်ရည်ရွယ်ပြီး Dr. Chit Maung Library မှ Pre-GED နှင့် GED အတန်းများကို July လ အတွင်း စတင်ဖွင့်လှစ်သွားတော့မှာ ဖြစ်ပါတယ်။

1️⃣ Pre-GED
အသက် ၁၄ အရွယ်မှ စတင်တက်ရောက်နိုင်ပြီး အခြေခံခိုင်မာစေဖို့အတွက် အချိန် (၄) အတွင်း ထိထိရောက်ရောက် လေ့ကျင့်သင်ကြားပေးမယ့် အတန်းဖြစ်ပါတယ်။

2️⃣ GED
အသက် ၁၆ နှစ်အရွယ်မှ စတင်တက်ရောက်နိုင်ပြီး ပြဌာန်းထားသည့် လေ့ကျင့်ခန်းစာအုပ်များအတိုင်း၊ Mock Test, Past Papers အပြည့်အစုံဖြင့် အချိန် (၆) လာကြာ လေ့လာသင်ယူရမယ့် အတန်း ဖြစ်ပါတယ်။

-------------------------------
💬 ကြိုတင်စာရင်းပေးသွင်းရန်
📞 09420145002

Dr. Chit Maung Library မှ GED အတန်းများကို July လ အတွင်း စတင်ဖွင့်လှစ်တော့မှာ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။𝐺𝐸𝐷 ဆို...
06/05/2026

Dr. Chit Maung Library မှ GED အတန်းများကို July လ အတွင်း စတင်ဖွင့်လှစ်တော့မှာ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

𝐺𝐸𝐷 ဆိုတာကတော့ 𝐺𝑒𝑛𝑒𝑟𝑎𝑙 𝐸𝑑𝑢𝑐𝑎𝑡𝑖𝑜𝑛𝑎𝑙 𝐷𝑒𝑣𝑒𝑙𝑜𝑝𝑚𝑒𝑛𝑡 ဖြစ်ပါတယ်။
𝑈𝑆 𝑏𝑎𝑠𝑒𝑑 𝐻𝑖𝑔ℎ 𝑆𝑐ℎ𝑜𝑜𝑙 𝐷𝑖𝑝𝑙𝑜𝑚𝑎 ဖြစ်ပြီး 𝑈𝑆𝐴 မှာ ရှိတဲ့ 𝐶𝑜𝑙𝑙𝑒𝑔𝑒𝑠 တွေအပြင် 𝑈𝑆𝐴 ပြင်ပမှာရှိတဲ့ အာရှနိုင်ငံအများစုက 𝐶𝑜𝑙𝑙𝑒𝑔𝑒 ၊ 𝑈𝑛𝑖𝑣𝑒𝑟𝑠𝑖𝑡𝑖𝑒𝑠 တော်တော်များများမှာလည်း လက်ခံပါတယ်
𝐺𝐸𝐷 ကို အသက်(၁၈)နှစ်ကနေ စတင်ဖြေဆိုလို့ရပြီး 𝑇𝑒𝑠𝑡 𝐶𝑒𝑛𝑡𝑒𝑟𝑠 တွေကနေတစ်ဆင့် 𝑂𝑛𝑙𝑖𝑛𝑒 ကနေ ဖြေဆိုလို့ရပါတယ်။ 𝑆𝑢𝑏𝑗𝑒𝑐𝑡𝑠 (4) ခုရှိပြီး လေးဘာသာပေါင်းဖြေဆိုချိန် (၇) နာရီခွဲလောက်ကြာမှာဖြစ်ပါတယ်။ အမှတ်ကောင်းကောင်းလိုအပ်သူများအတွက် အချိန်ခြောက်လလောက် အချိန်ယူ ပြင်ဆင်ဖို့ 𝑅𝑒𝑐𝑜𝑚𝑚𝑒𝑛𝑑 ပေးပါတယ်။

𝑆𝑢𝑏𝑗𝑒𝑐𝑡𝑠 လေးခုကတော့
𝐼 . 𝑅𝑒𝑠𝑜𝑛𝑖𝑛𝑔 𝑇ℎ𝑟𝑜𝑢𝑔ℎ 𝐿𝑎𝑛𝑔𝑢𝑎𝑔𝑒 𝐴𝑟𝑡𝑠
𝐼𝐼. 𝑆𝑜𝑐𝑖𝑎𝑙 𝑆𝑡𝑢𝑑𝑖𝑒𝑠
𝐼𝐼𝐼. 𝑆𝑐𝑖𝑒𝑛𝑐𝑒
𝐼𝑉. 𝑀𝑎𝑡ℎ𝑒𝑚𝑎𝑡𝑖𝑐𝑎𝑙 𝑅𝑒𝑎𝑠𝑜𝑛𝑖𝑛𝑔 တို့ပဲ ဖြစ်ကြပါတယ်။

𝑰. 𝑹𝒆𝒂𝒔𝒐𝒏𝒊𝒏𝒈 𝑻𝒉𝒓𝒐𝒖𝒈𝒉 𝑳𝒂𝒏𝒈𝒖𝒂𝒈𝒆 𝑨𝒓𝒕𝒔
ဒီဘာသာရပ်မှာ‌တော့ 𝑅𝑒𝑎𝑑𝑖𝑛𝑔 𝑓𝑜𝑟 𝑀𝑒𝑎𝑛𝑖𝑛𝑔, 𝐼𝑑𝑒𝑛𝑡𝑖𝑓𝑦𝑖𝑛𝑔 𝑎𝑛𝑑 𝐶𝑟𝑒𝑎𝑡𝑖𝑛𝑔 𝐴𝑟𝑔𝑢𝑚𝑒𝑛𝑡𝑠 နှင့် 𝐺𝑟𝑎𝑚𝑚𝑎𝑟 𝑎𝑛𝑑 𝐿𝑎𝑛𝑔𝑢𝑎𝑔𝑒 တို့ကို ဖြေဆိုရမှာ ဖြစ်ပြီး ဖြေဆိုချိန် (၁၅၀) မိနစ် ဖြစ်ပါတယ်။

𝑰𝑰. 𝑺𝒐𝒄𝒊𝒂𝒍 𝑺𝒕𝒖𝒅𝒊𝒆𝒔
ဒီဘာသာရပ်မှာ‌တော့ 𝑅𝑒𝑎𝑑𝑖𝑛𝑔 𝑓𝑜𝑟 𝑀𝑒𝑎𝑛𝑖𝑛𝑔 𝑖𝑛 𝑆𝑜𝑐𝑖𝑎𝑙 𝑆𝑡𝑢𝑑𝑖𝑒𝑠, 𝐴𝑛𝑎𝑙𝑦𝑧𝑖𝑛𝑔 𝐻𝑖𝑠𝑡𝑜𝑟𝑖𝑐𝑎𝑙 𝐸𝑣𝑒𝑛𝑡𝑠 𝑎𝑛𝑑 𝐴𝑟𝑔𝑢𝑚𝑒𝑛𝑡𝑠 𝑖𝑛 𝑆𝑜𝑐𝑖𝑎𝑙 𝑆𝑡𝑢𝑑𝑖𝑒𝑠 နှင့် 𝑈𝑠𝑖𝑛𝑔 𝑁𝑢𝑚𝑏𝑒𝑟𝑠 𝑎𝑛𝑑 𝐺𝑟𝑎𝑝ℎ𝑠 𝑖𝑛 𝑆𝑜𝑐𝑖𝑎𝑙 𝑆𝑡𝑢𝑑𝑖𝑒𝑠 တို့ကို ဖြေဆိုရမှာ ဖြစ်ပြီး ဖြေဆိုချိန် (၇၀) မိနစ် ဖြစ်ပါတယ်။

𝑰𝑰𝑰. 𝑺𝒄𝒊𝒆𝒏𝒄𝒆
ဒီဘာသာရပ်မှာ‌တော့ 𝑅𝑒𝑎𝑑𝑖𝑛𝑔 𝑓𝑜𝑟 𝑀𝑒𝑎𝑛𝑖𝑛𝑔 𝑖𝑛 𝑆𝑐𝑖𝑒𝑛𝑐𝑒, 𝐷𝑒𝑠𝑖𝑔𝑛𝑖𝑛𝑔 𝑎𝑛𝑑 𝐼𝑛𝑡𝑒𝑟𝑝𝑟𝑒𝑡𝑖𝑛𝑔 𝑆𝑐𝑖𝑒𝑛𝑐𝑒 𝐸𝑥𝑝𝑒𝑟𝑖𝑚𝑒𝑛𝑡𝑠 နှင့် 𝑈𝑠𝑖𝑛𝑔 𝑁𝑢𝑚𝑏𝑒𝑟𝑠 𝑎𝑛𝑑 𝐺𝑟𝑎𝑝ℎ𝑖𝑐𝑠 𝑖𝑛 𝑆𝑐𝑖𝑒𝑛𝑐𝑒 တို့ကို ဖြေဆိုရမှာ ဖြစ်ပြီး ဖြေဆိုချိန် (၉၀) မိနစ် ဖြစ်ပါတယ်။

𝑰𝑽. 𝑴𝒂𝒕𝒉𝒆𝒎𝒂𝒕𝒊𝒄𝒂𝒍 𝑹𝒆𝒂𝒔𝒐𝒏𝒊𝒏𝒈
ဒီဘာသာရပ်မှာ‌တော့ 𝐵𝑎𝑠𝑖𝑐 𝑀𝑎𝑡ℎ, 𝐺𝑒𝑜𝑚𝑒𝑡𝑟𝑦 နှင့် 𝐵𝑎𝑠𝑖𝑐 𝐴𝑙𝑔𝑒𝑏𝑟𝑎 ,𝐺𝑟𝑎𝑝ℎ𝑠 𝑎𝑛𝑑 𝐹𝑢𝑛𝑐𝑡𝑖𝑜𝑛𝑠 တို့ ကို ဖြေဆိုရမှာ ဖြစ်ပြီး ဖြေဆိုချိန် (၁၁၅) မိနစ် ဖြစ်ပါတယ်။

မေးခွန်းပုံစံကတော့ 𝐶𝑜𝑚𝑝𝑢𝑡𝑒𝑟 𝐵𝑎𝑠𝑒𝑑 ဖြစ်တဲ့အတွက်ကြောင့် 𝐹𝑖𝑙𝑙 𝑖𝑛 𝑡ℎ𝑒 𝑏𝑙𝑎𝑛𝑘, 𝑀𝑢𝑙𝑡𝑖𝑝𝑙𝑒 𝐶ℎ𝑜𝑖𝑐𝑒, 𝐷𝑟𝑎𝑔 𝑎𝑛𝑑 𝐷𝑟𝑜𝑝, 𝐷𝑟𝑜𝑝 𝐷𝑜𝑤𝑛, 𝐻𝑜𝑡 𝑆𝑝𝑜𝑡, 𝑆ℎ𝑜𝑟𝑡 𝐴𝑛𝑠𝑤𝑒𝑟, 𝑊𝑟𝑖𝑡𝑡𝑒𝑛 𝐸𝑠𝑠𝑎𝑦 စသည်ဖြင့်သာ ဖြေဆိုရပါတယ်။

𝑹𝒆𝒄𝒐𝒎𝒎𝒆𝒏𝒅𝒂𝒕𝒊𝒐𝒏 𝑭𝒂𝒄𝒕𝒔
ကုန်ကျစရိတ်ပိုမို သက်သာပြီး ဘာသာရပ်နည်းတဲ့အပြင် ပြင်ဆင်ချိန်လည်း လိုအပ်မှုနည်းပါတယ်။
𝐴𝑠𝑖𝑎 နှင့် 𝑈𝑆 မှာ ပညာသင်ချင်တဲ့သူတွေအတွက် ပိုသင့်လျော်ပါတယ်။
လုပ်ငန်းခွင်ရော ပညာရေးမှာပါ အသုံးဝင်ပြီး 𝐶𝑜𝑙𝑙𝑒𝑔𝑒 တော်တော်များများကလည်း လက်ခံပါတယ်။

DCML Summer English Course ဖွင့်တော့မည်။Cambridge English သင်ရိုး တွေဖြစ်တဲ့- အသက် (၆ နှစ်) မှ (၇ နှစ်) အတွင်းတက်လို့ရတဲ...
24/02/2026

DCML Summer English Course ဖွင့်တော့မည်။

Cambridge English သင်ရိုး တွေဖြစ်တဲ့
- အသက် (၆ နှစ်) မှ (၇ နှစ်) အတွင်းတက်လို့ရတဲ့ Beginners အတန်း၊
- အသက် (၇ နှစ်) မှ (၈ နှစ်) အတွင်းတက်လို့ရတဲ့ Starters အတန်း၊
- အသက် (၈ နှစ်) မှ (၁၀ နှစ်) အတွင်းတက်လို့ရတဲ့ Movers အတန်း၊
- အသက် (၁၀ နှစ်) မှ (၁၂ နှစ်) အတွင်းတက်လို့ရတဲ့ Flyers အတန်း၊
- အသက် (၁၃ နှစ်) နှင့်အထက် တက်လို့ရတဲ့ KET အတန်း၊
- အသက် (၁၄ နှစ်) နှင့်အထက် တက်လို့ရတဲ့ PET အတန်း နှင့် FCE အတန်း

တို့ကို DCML Summer English Courses တွင် လာမယ့် March လ ၂ ရက် (တနင်္လာနေ့) တွင် စတင်ဖွင့်လှစ်သွားမှာဖြစ်လို့ စာရင်းမပေးရသေးဘူးဆိုရင် အမြန်ဆုံး လာရောက်စာရင်းပေးသွင်းဖို့ အသိပေးအကြောင်းကြားပါတယ်။

အသေးစိတ် မေးမြန်စုံစမ်းရန် ;
09261616149

မနက်ဖြန် ကျောင်းအပ်စတင်လက်ခံပါပြီ။Dr. Chit Maung Library တွင်ဖွင့်လှစ်သွားမယ့် Summer English Course အတွက် ကျောင်းအပ်လက်...
02/02/2026

မနက်ဖြန် ကျောင်းအပ်စတင်လက်ခံပါပြီ။

Dr. Chit Maung Library တွင်ဖွင့်လှစ်သွားမယ့် Summer English Course အတွက် ကျောင်းအပ်လက်ခံခြင်းကို မနက်ဖြန် February 3 ရက်နေ့ (အင်္ဂါနေ့) ညနေ ၄ နာရီမှ ၆ နာရီ အထိ စတင်လက်ခံ သွားမှာ ဖြစ်ပါတယ်။

အတန်းတိုင်း အတွက် ကျောင်းသားဦးရေ အကန့်အသတ်ရှိတဲ့ အတွက် အမြန်ဆုံး လာရောက် ကျောင်းအပ်စေလိုပါတယ်။

အသေးစိတ် မေးမြန်စုံစမ်းရန် ;
09261616149

Address

No 298, First Street North, East Gyogone, Insein
Yangon
11011

Opening Hours

Tuesday 16:00 - 20:00
Wednesday 16:00 - 20:00
Thursday 16:00 - 20:00
Friday 16:00 - 20:00
Saturday 16:00 - 20:00

Telephone

+959261616149

Website

Alerts

Be the first to know and let us send you an email when Dr. Chit Maung Library posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category