Student Union Representatives Committee - SURC

Student Union Representatives Committee - SURC

Share

SURC is the student committee of Burma(Myanmar) which represents over 170 student unions nationwide.

Photos from Student Union Representatives Committee - SURC's post 10/03/2026

တော်လှန်ရေးအင်အားစုအချင်းချင်းကြား လက်နက်အင်အား မသုံးဘဲ မဟာမိတ်နည်းလမ်း
ဖြင့်သာ ဖြေရှင်းကြရန် တော်လှန်ရေးအင်အားစုအသီးသီးမှ ထုတ်ပြန်ကြေညာချက်
ရက်စွဲ - မတ်လ (၁၀) ရက်/ ၂၀၂၆ ခုနှစ်

ယခုအချိန်တွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်နေကြသည့် အင်အားစုအသီးသီးအနေဖြင့် လက်နက်ကိုင်တော်လှန်ရေးအဆင့်ထိ တက်လှမ်းနိုင်ခဲ့သည်အထိ တော်လှန်ရေးရေချိန်မှာ မြင့်မားခဲ့ပြီဖြစ်သည်။ အင်အားစုအချင်းချင်းကြား ညီညွတ်မှုကို ရှေ့တန်းတင်ကာ စစ်အာဏာရှင်တပ်များကို တိုက်ထုတ်နိုင်သည့် စစ်ရေးတိုက်ပွဲများကိုလည်း အောင်မြင်စွာ ဆင်နွှဲနိုင်သည်မှာ ဂုဏ်ယူအားတက်ဖွယ် ဖြစ်သည်။

သို့ရာတွင် တော်လှန်ရေးအင်အားစုအချင်းချင်းကြား စစ်အာဏာရှင် အမြစ်ပြတ်ဖြုတ်ချရေးကို မျက်နှာလွှဲ၍ မိမိအဖွဲ့အစည်း၏ ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်ကာ အချင်းချင်းကြား ရန်သူသကဲ့သို့ လက်နက်ကြီးငယ်နှင့် ခြိမ်းခြောက်ဖြေရှင်းခြင်း၊ လူထုအပေါ် လက်နက်အားကိုး အနိုင်ကျင့်ခြင်း စသည့် ရုပ်ဆိုးအကျည်းတန်သည့် လုပ်ရပ်များကိုလည်း တနေ့တခြား ပိုမိုတွေ့မြင်လာရသည်။

ကျွန်ုပ်တို့၏ ဘုံရန်သူမှာ စစ်အာဏာရှင်စနစ်ဖြစ်သည်။ ကျွန်ပ်တို့၏ ဘုံရည်မှန်းချက်မှာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရေး ဖြစ်သည်။ ထိုဘုံရန်သူကို ဆန့်ကျင်နေသည့် တော်လှန်ရေးအင်အားစုများအားလုံးသည် တလှေတည်းစီး တခရီးတည်းသွားနေကြသော မဟာမိတ်များ ဖြစ်သည်။ မည်ကဲ့သို့သော ပဋိပက္ခများရှိစေကာမူ မဟာမိတ်အင်အားစုများ အချင်းချင်းကြား စစ်အင်အားဖြင့် ဖြေရှင်းခြင်းသည် ရန်သူအပေါ်သဘောထားနှင့် ဆင်တူနေသကဲ့သို့ လက်နက်အားကိုးဖြင့် ဖြေရှင်းရေးသည် စစ်ဝါဒီရန်သူ၏ နည်းလမ်းဖြစ်ကြောင်းကို သတိထားရမည်ဖြစ်သည်။ ထိုလုပ်ရပ်များသည် ပြည်သူလူထုနှင့် တော်လှန်ရေးတစုံလုံးအပါအဝင် မည်သည့်တော်လှန်ရေးအင်အားစုအတွက်မှ အကျိုးအမြတ်မရှိဘဲ ရန်သူ အမြတ်ထုတ်နိုင်ရန်သာ ထောက်ပံ့ပေးသည်။

အမှန်မှာ ကျွန်ုပ်တို့တော်လှန်ရေးအင်အားစုများသည် “မဟာမိတ်ကို အားပြု၊ ကြားနေကို စည်းရုံး၊ ရန်သူကို တိုက်” ဆိုသည့် သဘောတရားကို လက်ကိုင်ထားကာ လုပ်ငန်းစဉ်များကို ဖော်ဆောင်ရမည်ဖြစ်သော်လည်း လက်တွေ့အခြေအနေမှာမူ ဆန့်ကျင်ဘက်သာ ဖြစ်နေသည်။ ယခုဆိုလျှင် တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်း စစ်ရေးတိုက်ပွဲများ၊ တဖက်အဖွဲ့အစည်းမှ သူများကို ခိုင်မာသည့် အကြောင်းပြချက် မရှိ ဖမ်းဆီးမှုများ၊ မိတ်ဖက်အင်အားစုအချင်းချင်း နိုင်ငံရေးအရ တန်းတူမဆက်ဆံမှုများ၊ တော်လှန်ရေးအဖွဲ့အစည်းများမှ လူထုအပေါ် လက်နက်အားကိုးနှိပ်စက်မှုများအား ခပ်စိတ်စိတ် တွေ့လာရသည်။

ထို့ကြောင့် ကျွန်ုပ်တို့သည် တော်လှန်အင်အားစုအချင်းချင်းနှင့် ပြည်သူလူထုအပေါ် လက်နက်အားကိုး၊ စစ်ရေးအားကိုး၍ ဖြေရှင်းသည့် လုပ်ရပ်များအားလုံးကို ဆန့်ကျင်သည်။ ရန်ငါစည်းကို တိကျပြတ်သားစွာ သတ်မှတ်ထားပြီး ရန်သူကို တိုက်ချိန်တွင် မဟာမိတ်ချင်း ကျောချင်းကပ် ညှိနှိုင်းတိုင်ပင်ပြီး စုပေါင်းခေါင်းဆောင်မှုဖြင့် မဟာမိတ်များကြားပြဿနာကို အဖြေရှာသင့်သည်။ ပွင့်လင်းမြင်သာမှုနှင့် ညှိနှိုင်းဆောင်ရွက်မှုမရှိသော လုပ်ဟန်များသည် ဘဝတူအဖွဲ့အစည်းများကြား အရေးပါသည့် ယုံကြည်မှုကို ပျက်ပြားစေရာ ရန်သူ့အကြိုက်လည်း ဖြစ်ပေသည်။ ထို့ကြောင့် မဟာမိတ်များကြားပြဿနာကို မဟာမိတ်နည်းလမ်းဖြင့် ဖြေရှင်းရန်နှင့် စည်းရုံးရေးဆန်စွာ ဖြေရှင်းရန် တပါတည်း တိုက်တွန်းလိုသည်။

မည်သည့်အဖွဲ့အစည်းဝင်ဖြစ်နေကာမူ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားစွာစစ်ဆေးတွေ့ရှိသူများကို ထိုက်သင့်သည့် အပြစ်ပေးအရေးယူမှုများ မဖြစ်မနေလုပ်ဆောင်ရမည်။

သို့ရာတွင်လည်း တော်လှန်ရေးပုံရိပ်ကျမည်ကို စိုးရိမ်၍ ဖုံးဖုံးဖိဖိလုပ်ကြသည်ထက် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသည်နှင့်အမျှ အပြစ်ပေးအရေးယူမှုကို အများသူငှာရှေ့တွင် ရဲရဲဝံ့ဝံ့ထုတ်ဖော်ပြောဆို စီရင်ချက်ချသည်မှာ မှန်ကန်နည်းလမ်းနှင့် ဖြေရှင်းခြင်းဖြစ်သည်။ ထို့အပြင် စီရင်ဆုံးဖြတ်ခြင်း လုပ်ငန်းများကို သက်ဆိုင်ရာအဖွဲ့အစည်းများအပြင် ပြည်သူလူထုထံသို့ ထိုက်သင့်သည့်အလျောက် ရှင်းလင်းချပြ အစီရင်ခံမှုပြုမှသာ လွတ်လပ်ပွင့်လင်းပြီး တရားမျှတမှုရှိသည့် တရားစီရင်ရေးစနစ်တခုကို အကောင်အထည်ဖော်နိုင်မည်။တော်လှန်ရေး၏ အရေးပါသော အခန်းကဏ္ဍတွင် ရှိနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကဲ့သို့ အဖွဲ့အစည်းတရပ်အနေနှင့် လည်းကောင်း၊ လူမျိုးစုလက်နက်ကိုင်တော်လှန်ရေး အင်အားစုများသည်လည်းကောင်း မဟာမိတ်ဆက်ဆံရေးဆိုင်ရာ မူဝါဒများကို မှန်ကန်စွာ ချမှတ်ပြီး အခိုင်အမာလိုက်နာရန် ကျွန်ုပ်တို့က ထပ်ဆောင်းတိုက်တွန်းလိုသည်။

တဖက်တွင်လည်း တော်လှန်ရေးအင်အားစုအချင်းချင်းကြား အင်အားကြီးသူ၊ ငယ်သူ ကြီးနိုင်ငယ်ညှင်း ဆက်ဆံရေးများအား ရှုတ်ချပြီး အချင်းချင်းကြား နိုင်ငံရေးအရ တန်းတူသည့် စစ်အာဏာရှင်စနစ်အမြစ်ပြတ်ဖြုတ်ချရေး ဘုံရည်မှန်းချက်အပေါ် အခြေခံသော တပ်ပေါင်းစုတရပ် ပေါ်ထွက်နိုင်ရန် ရည်ရွယ်ချက်ရှိရှိ တည်ဆောက်ရန်လည်း အလျှင်အမြန် လိုအပ်နေပြီ ဖြစ်သည်။ သို့မှသာ ထိုကဲ့သို့ မိတ်ဖက်အဖွဲ့များကြား စစ်ရေးဖြင့် ဖြေရှင်းသည့်လုပ်ဟန်များ၊ ကြီးနိုင်ငယ်ညှင်းလုပ်ရပ်များ ပပျောက်နိုင်မည်ဖြစ်ပြီး ဘုံရန်သူ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းရေးအတွက် အမှန်အကန် ထိရောက်သည့် လုပ်ငန်းစဉ်များ ချမှတ်နိုင်မည် ဖြစ်သည်။

ထို့ကြောင့် ကျွန်ုပ်တို့ တော်လှန်ရေးအင်အားစုများမှ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလမ်းကြောင်းပေါ် လျှောက်လှမ်းနေသည့် အခြားမိတ်ဖက်အဖွဲ့အစည်းများအား ယခုထုတ်ပြန်ချက်မှတဆင့် အချက်(၃)ချက်အား တောင်းဆိုလိုက်သည်။

(၁) တော်လှန်ရေးအင်အားစုအချင်းချင်းကြား စစ်ရေးနည်းမသုံးဘဲ မဟာမိတ်နည်းလမ်းဖြင့်သာ ညှိနှိုင်းဖြေရှင်းရန်
(၂) တော်လှန်ရေးအင်အားစုများကြား နိုင်ငံရေးအရ တန်းတူမှုရှိသည့် ဘုံသဘောထားနှင့် ရှင်းလင်းသည့် မူများအခြေခံပြီး
တပ်ပေါင်းစုတရပ်ကို ရည်ရွယ်ချက်ရှိရှိ တည်ဆောက်ရန်
(၃) ပသုံးလုံးယန္တရား၏ လူထုအပေါ်ထိခိုက်နစ်နာစေသည့် လုပ်ဟန်များအား အမြန်ဆုံးဖြေရှင်းပေးရန်

“တပ်ပေါင်းစု၍ အတူရပ်၊ စစ်သုံးစစ်ကို အမြစ်ဖြတ်”

Arakan Youth Peace Network - AYPN
ASR-ASSOCIATION of SPRING RAINBOW
Chin Students’ Union of Myanmar
Defend Myanmar Democracy
Former ABSDF (Communication & Advisory)
India for Myanmar
Interim Basic Education Federal School Unions' Representative Committee
MyaYar Knowledge Tree
New Generation Force - NGF
Save Myanmar SF
Alliance for Democracy in Myanmar
Anti Dictatorship in Burma DMVPA Area
Sisters2Sisters - S2S
Volunteers in Myanmar
Yangon Deaf Group
ကရင်နီပြည်လူငယ်များသမဂ္ဂ - UKSY
ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များကော်မတီ - SURC
ကျောင်းသားသမဂ္ဂများတပ်ပေါင်းစု - မကွေး
ကျောင်းသားအင်အားစုများကွန်ယက် - NSF
ကျောက်တံတားမြို့နယ်သပိတ်ကော််မတီ - KSC
ကြည့်မြင်တိုင်လူငယ်များသပိတ်ကော်မတီ - KYSC
စီဒီအမ်ပညာရေးဝန်ထမ်းများသမဂ္ဂ - CDMUEW
ဆန်မာတေးအိုရ်ဗမာပြည်ကျောင်းသားများအစည်းအရုံး
စစ်ငြိမ်းပန်းဖောင်ဒေးရှင်း
တိုးတက်သောမွတ်စ်လင်မ်လူငယ်အစည်းအရုံး - PMYA
ပဲခူးတက္ကသိုလ်ကျောင်းသားသမဂ္ဂ
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် - ABFSU
ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် - ABFTU
ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား သမဂ္ဂများ အဖွဲ့ချုပ်
ဗမာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးများသမဂ္ဂ - ABWU
မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
မြန်မာနိုင်ငံ သူနာပြုသားဖွားသင်တန်းကျောင်းများကျောင်းသားသမဂ္ဂအဖွဲ့ချုပ်
ယောလူထုတိုက်ပွဲကော်မတီ
ယိမ်းနွဲ့ပါး - Yain Nweh Par
ရခိုင်ကျောင်းသားများသမဂ္ဂ - ASU
ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ - Y4B
ရန်ကုန်ဖက်ဒရယ်‌ကျောင်း ကျောင်းသားများသမဂ္ဂ - YFSSU
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)
လွတ်လပ်သောလူငယ်များအစည်းအရုံး - IYO
သွေးစွန်း‌ငွေ - BMC
စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ - GSC
အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု - GSCB
အခြားအမည်ဖော်ပြရန် အခက်အခဲရှိသော အဖွဲ့အစည်း (၂)ဖွဲ့

14/08/2025

⬛ သတင်းထုတ်ပြန်ခြင်း

Student Union Representatives Committee (SURC) နှင့်
Higher Education Committee Against Forced Conscription (HECAFC) တို့ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၆ ရက် ဗုဒ္ဓဟူးနေ့တွင် တွေ့ဆုံခဲ့ပါသည်။

အကြမ်းဖက်စစ်ကောင်စီ၏ စစ်မှုထမ်းဥပ‌ဒေကြောင့် ရှောင်တိမ်းလိုသော၊ အရေးပေါ်ရွှေ့ပြောင်းလိုသော CDM ကျောင်းသား/ ကျောင်းသူ/ ဝန်ထမ်းနှင့် ဆရာ/ဆရာမများအား အဓမ္မစစ်သား စုဆောင်းမှုဆန့်ကျင်ရေး (အဆင့်မြင့်ပညာ)ကော်မတီ အနေဖြင့် ကူညီပေးလျက်ရှိသည့် ဆောင်ရွက်ချက်များကို ရှင်းလင်းခဲ့သည်။

ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များကော်မတီအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင် ပြည်သူ့စစ်မှုထမ်းဥပဒေအပေါ် လုံးဝလက်မခံ ဆန့်ကျင်ကြောင်း၊ ပိုမိုကျယ်ပြန့်ထိရောက်သည့် စစ်မှုထမ်းဥပဒေတုံ့ပြန်ရေးကို ပညာရေးဝန်ကြီးဌာနအပါ အစိုးရအဆင့် ဖော်ဆောင်သင့်ကြောင်းနှင့် HECAFC ၏ လုပ်ဆောင်ချက်များအပေါ် အကြံပြုတိုက်တွန်းမှုများပြုလုပ်ခဲ့ပြီး ချိတ်ဆက်ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် တုံ့ပြန်ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

တက္ကသိုလ်/ကောလိပ်များမှ CDM ဆရာ/မ၊ ဝန်ထမ်းနှင့်‌ ကျောင်းသူ/သားများအနေဖြင့် အဓမ္မစစ်မှုထမ်းရန် ခေါ်ယူခိုင်းစေခံရခြင်းမှ အရေးပေါ်တိမ်းရှောင်နိုင်ရန် HECAFC နှင့်ချိတ်ဆက်၍ အကူအညီတောင်းခံနိုင်ကြောင်း နှိုးဆော်တိုက်တွန်းအပ်ပါသည်။


Photos from Student Union Representatives Committee - SURC's post 08/08/2025

( ၃၇ )နှစ်မြောက် ၈၈၈၈ ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်နှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက်

" အရေးတော်ပုံအောင်ရမည်"
"စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းကြ"


#ရှစ်လေးလုံးနှစ်ပတ်လည်
#၃၇နှစ်ပြည့်

Photos from Student Union Representatives Committee - SURC's post 31/07/2025

⬛ သတင်းထုတ်ပြန်ခြင်း

Student Union Representatives Committee (SURC) နှင့် Mindat University Students' Union တို့ ယနေ့ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် ကနဦးတွေ့ဆုံခဲ့ပြီး ပညာရေးဆိုင်ရာကိစ္စရပ်များ၊ ‌တော်လှန်ရေးဆိုင်ရာကိစ္စပ်ရပ်များနှင့် ရှေ့ဆက် ပူးပေါင်းဆောင်ရွက်ကိစ္စရပ်များကို ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

#ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များကော်မတီ
#မင်းတပ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ

Photos from Student Union Representatives Committee - SURC's post 08/07/2025

⬛ဗကသများအဖွဲ့ချုပ်၀င်ကျောင်းသား
ရဲဘော်မြင့်မြတ်ဦး သတ်ဖြတ်ခံရခြင်းနှင့်ပတ်သတ်သော ပူးတွဲသဘောထားထုတ်ပြန်ချက်

07/07/2025

❝ဆဲဗင်း ဂျူလိုင် သွေးကြွေးဆပ်၊ ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်❞

⬛(၆၃)ခုနှစ် ဆဲဗင်းဂျူလိုင် အထိမ်းအမှတ် (ရုပ်/သံ)

၁၉၆၂ ခုနှစ်မှာ တိုင်းပြည်ရဲ့အာဏာကို မတရားအာဏာသိမ်းယူခဲ့တဲ့ ဗိုလ်နေဝင်း စစ်အစိုးရကို ကျောင်းသားတွေက အပြင်းအထန် ဆန့်ကျင်ခဲ့ကြတယ်။ ဒါကို ဗိုလ်နေဝင်း စစ်အစိုးအရက တင်းကြပ်တဲ့ ကျောင်းဆောင်စည်းကမ်းအသစ်တွေ ထုတ်ပြန်လိုက်တဲ့အခါ ကျောင်းသားသမဂ္ဂတွေဦးဆောင်တဲ့ ကျောင်းသားထုကြီးက ဆန့်ကျင်ဆန္ဒပြပါတော့တယ်။

အဲ့ဒီအခါ ဗိုလ်နေဝင်းဦးဆောင်တဲ့ စစ်တပ်က ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့မှာ ရန်ကုန်တက္ကသိုလ်ကျောင်းသား ရာကျော်ကို ရက်ရက်စက်စက် သတ်ဖြတ်လိုက်ပြီး သမဂ္ဂအဆောက်အဦကိုလည်း ဗုံးခွဲဖျက်ဆီးလိုက်ပါတယ်။ ကျောင်းသားလှုပ်ရှားမှုတွေကို ပြင်းပြင်းထန်ထန် ဖိနှိပ်ဖြိုခွင်းတတ်တဲ့ စစ်အုပ်စုရဲ့ သမိုင်းကြောင်းက ဒီကနေ့မှာ အစပျိုးခဲ့တယ်လို့ ဆိုရပါမယ်။

ဗိုလ်နေဝင်းကစလို့ စစ်အာဏာရှင်အဆက်ဆက်က ဘယ်လိုပဲ ဖိနှိပ်ဖိနှိပ် ကျောင်းသားထုကတော့ ၆၃ နှစ်အကြာ ဖက်ဆစ်စစ်တပ်ရဲ့ တကျော့ပြန်အာဏာသိမ်းတဲ့ကာလအထိလည်း ဆန့်ကျင်တော်လှန်နေဆဲပါပဲ။ စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီယန္တရား ဆိုတဲ့ စစ်သုံးစစ်ကို တောင်ပေါ်မြေပြန့် လူမျိုးပေါင်းစုံမကျန် ရဟန်းရှင်လူကျောင်းသားပြည်သူလူထု စုပေါင်းပြီး အမြစ်ဖြတ်သုတ်သင်ကာမှ ဒီစစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းမှာ ဖြစ်တယ်။ တိုင်းပြည် နဲ့ပြည်သူလူထုတရပ်လုံးကြုံတွေ့နေရတဲ့ အထွေထွေအကြပ်အတည်းကြီးကိုလည်း ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။

မိမိရဲ့ အခြေခံ လူမှုလွတ်လပ်ခွင့်၊ ရပိုင်ခွင့်နဲ့ ကျောင်းသားထုအခွင့်အရေးတွေကို ပြည့်ပြည့်ဝဝ ခံစားနိုင်ကြဖို့ စစ်အာဏာရှင်စနစ်ကို ရရာနည်းလမ်းပေါင်းစုံနဲ့ တော်လှန်အံတုရင်း ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးကြီးမှာ ပါဝင်တိုက်ပွဲဝင်ကြဖို့ မိမိတို့ ကျောင်းသားအင်အားစုများက တိုက်တွန်းနှိုးဆော်အပ်ပါတယ် ခင်ဗျာ။

#ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်

Photos from Student Union Representatives Committee - SURC's post 12/05/2025

⬛ ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းကျေးရွာရှိ ပြည်သူ့အခြေပြုပညာရေးဖော်ဆောင်နေသော စာသင်ကျောင်း ဗုံးကြဲတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ ပူးတွဲသဘောထားထုတ်ပြန်ချက်


30/03/2025

ငလျင်ဘေးသင့်ပြည်သူများအတွက် ဖေးမကူညီကြပါရန် တိုက်တွန်းနှိုးဆော်လွှာ

13/03/2025

◾ကိုဖုန်းမော်၊ ကိုစိုးနိုင်ကျဆုံးခြင်း (၃၇)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်သို့ ပေးပို့သောသဝဏ်လွှာ

#ကိုဖုန်းမော် #ကိုစိုးနိုင်

Photos from Student Union Representatives Committee - SURC's post 02/02/2025

⬛ နိုင်ငံလုံးဆိုင်ရာ တော်လှန်လူငယ်တွေ့ဆုံပွဲ - ၂၀၂၅
Nationwide Meeting of Emerging Young Revolutionaries (NMEYR) - 2025
သဘောထား ထုတ်ပြန်ချက်

ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များကော်မတီ (SURC)မှ ကိုယ်စားလှယ် (၃) ဦးတက်‌ရောက်ခဲ့ပြီး အကြံပြုစာပေးပို့ခြင်း နှင့် ဆွေးနွေးတိုက်တွန်းခြင်းများကို ဆောင်ရွက်နိုင်ခဲ့သည်။


Photos from Student Union Representatives Committee - SURC's post 28/01/2025

❝အထွေထွေဖိနှိပ်မှုကို အန်တုကြ ဘုံရန်သူကို ထွက်ပေါက်မပေးနဲ့ ❞═══════

မိဘပြည်သူတို့ခင်ဗျာ...။

ဖိနှိပ်ကျပ်တည်းမှုအလီလီကြားမှာ ကြမ်းတမ်းရက်စက်မှုအချီချီကို ခေါင်းငုံမခံ ရုန်းကန်အန်တုနေရတဲ့ ကျနော်တို့ ပြည်သူလူထုရဲ့ နွေဦးတော်လှန်ရေးဟာ မကြာခင်မှာ ၄ နှစ်တိတိပြည့်ပါတော့မယ်။

၂၀၂၁ စစ်အာဏာသိမ်းမှုခါစ ကာလများနဲ့ယှဥ်ရင် လက်ရှိမှာ ကျနော်တို့ ပြည်သူ့တော်လှန်‌ရေး အင်အားစုများဟာ ရန်သူကို ထိပ်တိုက်ရင်ဆိုင်နိုင်တဲ့ အခြေအနေတခုကို တက်လှမ်းနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ အရှုံးအလီလီနဲ့ရင်ဆိုင်နေရတဲ့ ရန်သူ့စစ်တပ်ဟာ အဘက်ဘက်ကပြိုလဲနေပြီဆိုတာ ဧကံအမှန်တရားတခုပါပဲ။

ကုန်စျေးနှုန်းတက်တာ၊ စီးပွားရေး အဆင်မပြေတာကစလို့ လက်ရှိ လျှပ်စစ်မီး မမှန်တာတွေ၊ အလုပ်အကိုင် အဆင်မပြေတာတွေအထိ နေ့စဥ်လူနေမှုဘဝဟာ ကျပ်တည်းသထက် ကျပ်တည်းလာပါတယ်။ စစ်အင်အား လိုအပ်နေတဲ့အတွက်လည်း အတင်းအဓမ္မ ဖမ်းဆီး စစ်မှုထမ်းခိုင်းတာတွေ တဆင့်ပြီးတဆင့် ရန်သူက ကျူးလွန်လာပါတယ်။ တိုက်ပွဲနီးစပ်ရာ ‌ဒေသတွေမှာလည်း စစ်ဘက်ထက် အရပ်ဘက်ပစ်မှတ်တွေကို ဦးစားပေး တိုက်ခိုက်ပြီး လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေပြုလုပ်နေပါတယ်။ ဒါတွေဟာ ပြည်သူလူထုအပေါ်ရည်ရွယ်ချက်ရှိရှိနဲ့ သူတို့အကျပ်အတည်းကို လူထုအကျပ်အတည်းဖြစ်အောင် အစားထိုးဖြေရှင်းနေတာပါ။

ဒီလိုပဲ စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ နိုင်ငံရေးအခြေအနေအရ ထွက်ပေါက်ရှာဖို့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်လာပြန်တယ်။ တလျှောက်လုံးမှာ စစ်ကောင်စီက သူ့အကျပ်အတည်းဖြစ်တိုင်း စစ်အာဏာရှင်စနစ်သက်ဆိုးရှည်ရေးအတွက် ထွက်ပေါက်တခုကို ပြင်ဆင်လေ့ရှိတယ်။

ကျနော်တို့ ပြည်သူလူထုတရပ်လုံးက စစ်ကောင်စီရဲ့ထွက်ပေါက်မှန်သမျှကို အလွတ်ပေးလို့မရဘူး။ ဒီထွက်ပေါက်တွေဟာ တိုင်းပြည်နဲ့ပြည်သူလူထုကို ဖိနှိပ်သထက် ဖိနှိပ်၊ ရက်စက်သထက် ရက်စက်လာဖို့လမ်းတွေပါပဲ။

ဒီထွက်ပေါက်ကို ဖွင့်မရနိုင်ဖို့အတွက် လူထုကိုယ်တိုင် အုံကြွတွန်းလှန်တိုက်ပွဲဝင်မှ ရပါမယ်။ မတရား ပြဌာန်းထားတဲ့ ဥပဒေ၊ မတရားတဲ့ ရွေးကောက်ပွဲ၊ မတရားသဖြင့်ဖိနှိပ်ရက်စက်ထားတဲ့ အထွေထွေဖိနှိပ်မှုကြီးကို လူထုကိုယ်တိုင် အန်တုတွန်းလှန်မှသာ ပြိုပျက်လိမ့်မယ်။ စစ်ရေးလည်း မသာ၊ နိုင်ငံ‌ရေးလည်း မျက်နှာပန်းမလှဘူး၊ ဒါကိုမှ လူထုကပါ အင်တိုက်အားတိုက် တော်လှန်ကြမယ်ဆိုရင် အနှေးနဲ့အမြန် ရန်သူဟာ ပြိုလဲကျသွားမှာပါပဲ။

ဒီလေးနှစ်တာကာလပတ်လုံး ကြိတ်မှိတ်သည်းခံခဲ့ရတဲ့ ခံစားချက်တွေ၊ မကျေနပ်မှုတွေ၊ ဒုက္ခတွေကို အောက်မေ့ရင်း စစ်အာဏာရှင်စနစ် အလုံးစုံ ပြိုကျပျက်ဆီးသည်အထိ လူထုအနေနဲ့ တော်လှန်အလံတွေအောက်မှာ ရှေ့ကိုဆက်လက်ချီတက်ကြဖို့ တိုက်တွန်း နှိုးဆော်လိုက်ရပါတယ် ခင်ဗျာ...။

#အထွေထွေဖိနှိပ်မှုကိုအန်တုကြ

#ဘုံရန်သူကိုထွက်ပေါက်မပေးနဲ့

#အရေးတော်ပုံအောင်ရမည်။



25/11/2024

"အမျိုးသားနွေဦး"

ငါတို့ "နွေဦး"တွေ ၊ မျက်ကန်းမဟုတ်ဘူး။
ဦးနှောက်မမဲ့ ၊ အသိမပဲ့ဘူး။
နှလုံးသားမရွဲ့ ၊ ခြေလှမ်းမနွဲ့ဘူး။
ဝင်သက်ထွက်သက်တိုင်း ၊ ပစ်မှတ်မပြောင်းဘူး။
ပလ္လင်ပေါ်က"ခွေး"နဲ့ ၊ ခွေးဖင်အောက်က"ယီးတပ်"
ဒင်းတို့ သောက်ကျင့် ၊ သောက်မွှေးတောင်မကျန်စေရ။
ဒါ------- ငါတို့ နွေဦးတွေရဲ့ "အမိန့်"
အမျိုးသားနွေဦး အောင်စေ ပြီးစေ တက်စေ။
တော်လှန်နွေဦး ချီလေ ပြည့်စေ ပြတ်စေ။

ရှင်မြတ်နိုးဦး
(၂၃-၁၁-၂၀၂၄)

#အမျိုးသား‌အောင်ပွဲ‌နေ့အထိမ်းအမှတ်
#ကဗျာတင်ဆက်ခြင်း

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00