24/07/2022
🙏 စိတ်နှင့်တန်သောဘဝ🙏
""""""""""""""""""""""""
ပေးချင်ကမ်းချင်သော စိတ်ကြောင့်ပင်
ပေးနိုင်ကြွေးနိုင်သော ဘဝကို
ရောက်လိမ့်မည်၊
မနာလို ဝန်တိုသော စိတ်ကြောင့်ပင်
တောင်းရမ်းစားသောက်ရသော ဘဝသို့
ရောက်လိမ့်မည်၊
မှန်မှန်ကန်ကန်ပြောတတ်သော စိတ်ကြောင့်ပင်
ဆိုတိုင်းဖြစ်တဲ့ သစ္စာရှင် ဘဝသို့
ဘဝကို ရောက်လိမ့်မည်၊
လိမ်ပြောတတ်သော စိတ်ကြောင့်ပင်
လူတွေ အယုံအကြည်မဲ့သွားသော ဘဝသို့
ရောက်လိမ့်မယ်၊
သူတစ်ပါးကို ကူညီချင်သော စိတ်ကြောင့်ပင်
အကူအညီပေးနိုင်သော ဘဝသို့
ရောက်လိမ့်မည်၊
သူများ အကျိုးစီးပွားကို ဖျက်ဆီးလိုသော
စိတ်ကြောင့်ပင် ပျက်စီးသော ဘဝကို
ရောက်လိမ့်မည်၊
လောကကြီးမှာ ဘာမဆို ဆိုးသည်ဖြစ်စေ
ကောင်းသည်ဖြစ်စေ အကြောင်းမဲ့သက်သက်
ဖြစ်နေတာ မဟုတ်ဘူး၊
စိတ်စေခိုင်းတဲ့ အပြုအမူတွေကြောင့်
အကောင်းအဆိုးတွေ ကွဲနေကြတာ၊
ဒါကြောင့် စိတ်ကောင်းစိတ်မြတ်တွေ မွေးပြီး
စိတ်လှလို့ ဘဝလှတဲ့ ဘဝမျိုးဖြစ်အောင်
ကြိုးစားကြရမယ်၊၊
စေတနာမေတ္တာဖြင့်..
24/07/2022
{လူနှင့်တူသော လူဖြစ်ဖို့တော့ လိုလိမ့်မည် ထင်ပါသည်}
နရဘာဝေ နရံစိတ်တံ ဟိ ပေါသနေန်တု ကမ်မကထာ
လူတိုင်း လူမဖြစ်ကြပါ။
လူစိတ်ရှိသူလောက်သာ လူဖြစ်ကြပါသည်။
လူစိတ်ဆိုသည်မှာ မိမိ ကြံ-ပြော-ပြု ထိုသုံးခု တစ်ခုခု ပြုကျင့်တိုင်း
ဤကား အကျိုးရှိအလုပ်၊ ဤကား အကျိုးမဲ့အလုပ် သရုပ်ကွဲလျက်ကသာ
ဤကား အပြစ်ကင်းအလုပ်၊ ဤကား အပြစ်မဲ့အလုပ် သရုပ်ထုတ် ကြည့်ပြီးသားသာ
ထိုနောက်
ငါသည် လူဖြစ်တုန်းလေး လူစိတ်မွေးသောအားဖြင့်
ကြံလျှင်လည်း အပြစ်မဲ့ အကျိုးရှိကိုသာ ရွေးဆည် ကြံစည်မည်
ပြောလျှင်လည်း အပြစ်မဲ့အကျိုးရှိကိုသာ ရွေးဆည် ပြောကြားမည်
ပြုလုပ်လျှင်လည်း အပြစ်မဲ့ အကျိုးရှိကိုသာ ပြုလုပ်မည်
ဤသို့လည်း ယတိပြတ် မူအမှတ်လိုက်ပါသည်။ ဆိုလိုသည်မှာ
(က) စီးပွားဥစ္စာများနှင့် အင်္ဂါခြေလက်များ. .
ထိုနှစ်စား အပြိုင်အန္တရာယ်ကျရောက်သွားက စီးပွား ဥစ္စာကိုသာ စွန့်လွှတ်အံ့။
အင်္ဂါခြေလက်များကိုကား အဖြစ်မခံ၊ ဘာကြောင့်
အင်္ဂါခြေလက်စုံ ဒါမျိုး ပုံတိုက်ရှာဖွေပေးနိုင်သောကြောင့်၊
(ခ) တဖန် -
ထိုအင်္ဂါ ခြေလက်တို့နှင့်အသက်
ဤနှစ်ချက် အပြိုင်အန္တရာယ်ဖက်လာသော် အင်္ဂါခြေ လက်ကိုသာ စွန့်လွှတ်အံ့။ အသက်ကိုကား အန္တရာယ်အဖြစ်မခံ. .
လူသက်ရှိ၍ လူစိတ်ဝင် ဘဝရွှင် ဖြစ်နေသေးသောကြောင့်။
(ဂ) နောက်တဖန်
အသက်နှင့် လူကျင့် နှစ်ချက်ဆင့် အန္တရာယ်ဝင်နေပါသော် အသက်ကိုသာ စွန့်ပါတော့အံ့။ လူ့အကျင့် လူ့သီလကိုကား မစွန့်တော့ပါ။
ဘာကြောင့်
သီလပျက် လူသတ် မလိုတော့သောကြောင့်. .။
သီလပျက် အကြွေး အတိုးဖြင့် ပေးချေနေရတော့မည် ဖြစ်ခြင်းကြောင့်
ဤမူဝါဒမျိုး လူသွားလမ်းရိုးအဖြစ် ရှေးပြေးတံတား ထိုးခြင်းပင်။
အန္တရာယ်မတွေ့ခင် ကိုယ်ကျင့်ကောင်း တွေ့စောင်း သွားပုံမျိုး မဖြစ်စေရပါ။
အခွင့်ရေးမရခင် ကိုယ်ကျင့်ကောင်းရ ပြောင်းသွားပုံမျိုး မဟုတ်စေရပါ။
ထိုသို့ဖြစ်ရန်မှာ ကိုယ်ပိုင်ယုံကြည်ချက် ပန္နက်ရိုက်ထားပြီး ရှိမှသာ
🔷🔷🔷
(မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး)
🙏မူလရေးသားပူဇော်သူအားဂါရဝပြုပါသည်🙏
24/07/2022
မိဘရှိရာ မွေးမြေရပ်ရွာနဲ့
ဝေးကွာနေသူတိုင်းကို ရည်ရွယ်၍
ကျယ်ပြန့်သော နှလုံးသားဖြင့် ရေးဖွဲ့ထားသည့် ………
👇👇👇👇👇👇👇
🌹 အ မေ့ အိမ် 🌹
■□ ■□ ■□ ■□
🌱 အ မေ့အ ိမ်
တစ်ပြေတစ်ရွာ အနေဝေးသူတိုင်း
ဝေးဝေးကနေ တွေးတွေးပြီး လွမ်းရတဲ့ အိမ် ။
🌱 ရွှေငွေ မရှိပေမယ့်
အဖေ အမေ ရှိတယ်ဆိုတဲ့ အသိနဲ့
ပြေပြီး နေချင်မိတဲ့ အိမ် ။
🌱 သူလိုကိုယ်လို တန်းတူထားပြီး
မထင်မရှား ခရီးသွားနေရတဲ့
ဘဝတွေ ကြားမှ
ကိုယ့်ကို ရှေ့တန်းထားပြီး
ဦးစား ပေးလေတဲ့ အိမ် ။
🌱 ဘယ်ဒေသ ရောက်ရောက်
ဘယ်လောက်ပင် ဝေးဝေး
ဆန်းပြားတဲ့ အာရုံတွေနဲ့
ခမ်းနားစွာ ပြည့်စုံနေလည်း
အဖေအမေရှိတဲ့ နိဗ္ဗာန်ဘုံလေးလောက်
လွမ်းလောက်စရာ မရှိ
ဒီအသိနဲ့ ရင်မချိအောင် လွမ်းမိတဲ့ အိမ် ။
🌱 နေ့ပေါ် လဆင့် / လပေါ် နှစ်ဆင့်
အော်.... အရွယ်တွေ ကြီးရင့်လာခဲ့
ပြောင်းလည်းလာတဲ့ သင်္ခါရနယ်
လည်နေသူ တစ်ယောက်ပေမယ့်
ငယ်မူတွေ မပျောက်စေခဲ့
အသစ်အသစ်တွေနဲ့ ရစ်ရစ်လို့တွယ်တာ
ရောက်လေရာရာ ခရီးကမ္ဘာကနေ
မှန်းစကာ လွမ်းမငြီးစေတဲ့
နှလုံးသည်းခြေထဲကနေ စွဲလေတဲ့ အိမ် ။
🌱 မလိမ်ပါဘူး
မကြင်လို့ ပြစ်ခွါသူ မဟုတ်လေတော့
အရင်လို မင်းကို ချစ်ကာ လွမ်းဆဲပါ အိမ် …… ။ ။
➖➖➖➖➖➖➖➖➖➖
🥀 မေတ္တာများစွာဖြင့် ………
✍ ✍ အရှင်ဥာဏိန္ဒ(ရာမည)
24/07/2022
မင်္ဂလာပါရှင့်..........
ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ
ဓမ်မံ သရဏံ ဂစ်ဆာမိ
သံဃံ သရဏံ ဂစ်ဆာမိ
ဒုတိယမ်ပိ ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ
ဒုတိယမ်ပိ ဓမ်မံ သရဏံ ဂစ်ဆာမိ
ဒုတိယမ်ပိ သံဃံ သရဏံ ဂစ်ဆာမိ
တတိယမ်ပိ ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ
တတိယမ်ပိ ဓမ်မံ သရဏံ ဂစ်ဆာမိ
တတိယမ်ပိ သံဃံ သရဏံ ဂစ်ဆာမိ ပါဘုရား
မြန်မာပြည်သူပြည်သားအားလုံး
ကျန်းမာကြပါစေ ချမ်းသာကြပါစေ
ဘေးရန်ကြောင့်ကြ ဆင်းရဲခြင်းမှကင်းဝေးနိုင်ကြပါစေ
ကမ္ဘာသူ ကမ္ဘာသားအားလုံး
ကျန်းမာကြပါစေ ချမ်းသာကြပါစေ
ဘေးရန်ကြောင့်ကြ ဆင်းရဲခြင်းမှကင်းဝေးနိုင်ကြပါစေ
၃၁ ဘုံအတွင်း၌ ရှိကြကုန်သော
ဝေနေယျသတ္တဝါအားလုံး ကျန်းမာကြပါစေ
ချမ်းသာကြပါစေ ဘေးရန်ကြောင့်ကြ ဆင်းရဲခြင်းမှ ကင်းဝေးနိုင်ကြပါစေ
စကြာဝဠာအနန္တ၌ရှိကြကုန်သော လူ နတ် ဗြဟ္မာ
သတ္တဝါအားလုံး ကျန်းမာကြပါစေချမ်းသာကြပါစေ
ဘေးရန်ကြောင့်ကြဆင်းရဲခြင်းမှ ကင်းဝေးနိုင်ကြပါစေ
crd #
23/07/2022
ဦးပိန်ကနေကို မတက်နိုင်ဘူးလို အပြောမခံနိုင်ဘူးလေ
23/07/2022
ခေါင်းပေါင်းစလေးပဲဖော်ပြီး
ရေငုပ်နေတဲ့ တောင်သမန်မင်းသားကြီး
ပြန်ပေါ်လာပြီဗျို့...📢📣😎
23/07/2022
အမေအိုရင် ကလေးလေးလို
အမေအိုရင် ကလေးလေးလို
စကားများများ ပြောတတ်တယ် !
အမေအိုရင် ကလေးလေး လို
အဖော်မဲ့ အားငယ်စိတ်တွေနဲ့ ငိုနေတတ်တယ် !
အမေအိုရင် ကလေးလေး လို ကျွေးသူ ပံ့ပိုးသူ ကိုမျှော်လင့်နေတတ်တယ် !
အမေအိုရင် ကလေးလေး လို နေရာ မရှောင် ကျင်ကြီး ကျင်ငယ် စွန့်တတ်တယ် !
အမေ အိုရင် ကလေးလေး လို အသွားအလာ အထိုင်အထ မတည်မြဲ တော့ ဘူး !
တစ်ဖန် အသစ် ပြန်လည်ဖြစ်သွားတဲ့ အမေ ရယ် !
ရက်စက်တဲ့ သူတို့အတွေးထဲ မှာတော့........ အမေ့ကို သူငယ်ပြန်သည်တဲ့ လား ?
ရက်စက်လိုက်ကြတာ နော် !!!!!!!!!!!
သားသမီး ငယ်ငယ် ချစ်စဖွယ် တွတ်တီးတွတ်တာ
ဒီရင်မှာ ဆည်းလည်းသံ ပမာ မည်ခဲ့ တာ !
ရင်သွေးမယ်မယ် စိုးရိမ် ဖွယ် အဖော်မဲ့ မထား
ရင်ဝှက်သား
ထွေးပွေ့ခဲ့တာ မိဘ နှစ်ပါး !!!!!
ဆယ်ယောက်ရင်သွေး
မငတ်မွတ်ရေးက ကြီးစွာ တာဝန် အဖေအမေ ထမ်းဆောင်နိုင်၏ ။
မိဘ နှစ်ပါး မငတ်မွတ်ရေး က ဆယ်ယောက်ရင်သွေး တာဝန်လေး၏ ။
ရင်ခွင် ကျင်ကြီး ၊ ကျင်ငယ် စွန့်ပြီး အမေ့ရင်ခွင် စုန်ကန်ခင်က အမေ ပျော်နေခဲ့တယ် ။
အမေ အိုတော့ မထူနိုင် မထနိူင် နေရာမရှောင် ကျင်ကြီး ကျင်ငယ်စွန့်တော့ စိတ်မနှံ့တော့ဘူး သူငယ်ပြန်နေသည် တဲ့လား !!!!
သားတို့ငယ်ငယ် လမ်းလျှောက်သင်စ
အမိနဲ့ အဖက ထူထူထထ စိတ်ရှည်ကြတာမှတ်မိပါလေစ ။
အမေအဖေ အိုတော့ မထူနိုင် မထ နိူင်တော့ဘူး
ပါးရည် နားရည် တွန့်နေတဲ အမေနဲ့ အဖေ့ အနား
ချွေးနံ့ နံတော့ မကပ်ချင်ကြတော့ဘူး !
ပစ်ထားမိတဲ့ ကံတွေကြောင့် ဝဋ်ကြွေးတွေ သံသရာမှာ တစ်ပတ်လည်လာတဲ့ အခါ
သင် ခံနိူင်ရည် ရှိပါစေ !!!!!
အဖေ အမေက ခွင့်လွှတ်ပေမဲ့ လောကကြီးက ခွင့်မလွှတ်လို့ ဒဏ်ခတ် တဲ့အခါ ဆယ်ဆ မက အပြစ်ခံရတတ်ပါတယ် ။
အဲ့ဒီအချိန် အဖေ အမေတွေ အနားမရှိတော့တဲ့အခါ
သင်နောင်တတွေ နဲ့ အရမ်းခံစားနေရပါလိမ့်မယ်
ရှိနေခိုက်လေးမှာ ဂရုစိုက်တတ်ကြပါစေ
🙏🙏🙏🙏🙏🙏🙏🙏🙏
23/07/2022
ဘဝရဲ့_မြေဇာပင်
ယောက်ျား စကားကြမ်းတော့
မိန်းမက ကြိတ်ငို။
မိန်းမ စကားကြမ်းတော့
ယောက်ျားက စိတ် တို။
မိဘစကား ကြမ်းတော့
ကေလးတို့မှာ နှလုံးသွေးယို..တဲ့။
အဆင်မပြေတဲ့ မိဘတွေရဲ့ ကြားက
မွေးဖွားလာတဲ့ သားသမီးတစ်ယောက်ရဲ့
ခံစားချက် ....။
အလုပ်အကိုင်က အဆင်မပြေတော့
မိဘတွေကတစ်ယောက် နဲ့ တစ်ယောက်
အပြစ်လေးတွေ မြင်လာကြတယ် ။
ဖခင်တစ်ယောက်က
အလုပ်ဆင်မပြေ စိတ်ညစ်ပြီး
အလုပ်ကပြန်လာချိန်လေးမှာ
စိတ်ညစ်ပြေအောင်
အရက်ကလေးသောက်တတ်လာတယ် ။
မိခင်တစ်ယောက်က
အဆင်မပြေတဲ့ကြားက
အရက်သောက်လာရမလား ဆိုပြီး
စိတ်ဆိုးမာန်ဆိုးနဲ့ အော်ဟစ်ပြောဆိုတယ် ။
ဖခင်တစ်ယောက်ကလည်း
အရက်ရှိန်လေးကရှိလာတော့
မိန်းမပြောဆိုတဲ့ စကားကို
စိတ်ဆိုးဒေါသထွက်ပြီးရိုက်နက်ပါတော့တယ် ။
မိခင်ဖခင်ရဲ့ ရန်ပွဲလေးကိုကြည့်ပြီး
ကြောက်စိတ် အားငယ်စိတ်တွေက
သားသမီးတွေရဲ့
ရင်ထဲရောက်လာပါတော့တယ် ။
ကြာလာတော့
သားသမီးလေးတွေရဲ့ ရင်ထဲ
အနာတရတွေဖြစ်လာတယ်
ကြောက်စိတ် အားငယ်စိတ်တွေပဲအမြဲကြီးစိုးနေတယ် ။
မိသားစုတစ်ခုမှ
ဘယ်လောက်ပဲ အဆင်မပြေဖြစ်နေပါစေ
သားသမီးလေးတွေရဲ့ ရှေ့မှာ
ဘယ်တော့မှ ရန်မဖြစ်မိပါစေနဲ့ ။
သားသမီးလေးတွေရဲ့ ရင်ထဲဘယ်တော့မှ
အနာတရဖြစ်အောင် မလုပ်မိပါစေနဲ့ ။
ကိုယ်သိပ်ချစ်တဲ့ ကိုယ့်ရဲ့
သားသမီးလေးတွေရဲ့ ဘ၀ကို
အနင်းခံမြေဇာပင်လေးတစ်ပင်ဖြစ်အောင်
ဘယ်တော့မှ မလုပ်မိပါစေနဲ့ ....။
23/07/2022
မငိုပါနဲ့ခလေး
ရိုးသားသူတွေအတွက်
ကြိုးစား မူဆိုတာ မျော်လင့်ချက်ရောင်ခြည်ပါ
မတည်ကြည်တဲ့လောကမှာတော့
ရိုးသားမူရဲ့မျော်လင့်ချက်ဆိုတာ
ဖျက်ခနဲလက်တဲ့ လျပ်စီးလိုပါဘဲ
အောင်မြင်ဖို့ခက်ခဲတတ်ပါတယ်
တစ်ခါလွဲ...နှစ်ခါလွဲ
မာတဲ့အသဲမှာ ဒဏ်ရာပွားလို့
နာကျင်တာများဖြင့် မငိုပါနဲ့
မလိုသူတွေ ပြုံးလိမ့်မယ်
အရှုံး ကိုဖယ်ပြီး ခရီးဆက်ကွယ်
ရောက်ခဲလို့ ခက်ပေမဲ့
လောကဆိုတာ လျောက်ရဲတဲ့သူတွေအတွက်
ဖောက်လွဲတဲ့ အပျက်တွေဟာ
လျောက်ရဲသူကို ဒူးထောက်ရမှာပါကွယ်
မိုးခါးရေမရောက်တဲ့ တနေရာရှိအုန်းမယ်
Crd.လင်းသိုက်ညွှန့်
23/07/2022
ခင်ပွန်းကောင်း "
အိမ်ထောင်တစ်ခုမှ
အပေးအယူမျှတစွာ
ချစ်ကြတယ် ဆိုတာဟာ
အင်မတန်မှကျက်သရေရှိတဲ့
မင်္ဂလာတစ်ပါး ဖြစ်ပါတယ်။
ဒါကို စိတ်ယုတ်တဲ့
မိတ်ဆွေ အပေါင်းအသင်းတစ်ချို့က
မြှောက်ပင့်ပေးတတ်ကြပြီး
သဘောထားမပြည့်တဲ့
ခပ်ဘယညံညံ ဆွေမျိုးတွေကတော့
ကဲ့ရဲ့ပြစ်တင်တတ်ကြပါတယ်။
လင်မယားနှစ်ယောက်ကြား
မခံချိမခံသာ စကားလုံးတွေ
သုံးပြီး သွေးကွဲစေတဲ့
စကားမျိုးတွေကိုလည်း
ပြောတတ်ကြပါတယ်။
တကယ်တာ့
ခင်ပွန်း ကောင်း ဆိုတာ
ဇနီး မယား အပေါ်နိုင်ထက်စီးနင်း
မပြုတဲ့သူပါ။
ဇနီး ကအမြဲတမ်း
လေးစား ချစ်ခင်အောင်လည်း
ပြုမူ နေထိုင်တတ်သူပါ။
အိမ်ထောင်ဦးစီး တာဝန်ကိုလည်း
ကပြည့်အဝ လုပ်ကိုင်ဆောင်ရွက်
နိုင်သူလည်း ဖြစ်ပါတယ်။
ပတ်ဝန်းကျင်မှာ
ခင်ပွန်းသည်က
ကိုယ်ဇနီးအပေါ်
သဲသဲလှုပ် ချစ်တာ မြင်နေရတာ
အပြစ်ဖြစ်နေလား???
ဒီလို ခင်ပွန်းမျိုးကို ဇနီးသည်တိုင်
တောင့်တ လိုချင်ကြပါလိမ့်မယ်။
အိမ်ထောင်ရေး တစ်ခု
ခိုင်မြဲဖို့ ဆိုတာ
ခင်ပွန်း နဲ ဇနီး အပြန်အလှည်
ချစ်ခြင်းမေတ္တာတစ်ခုတော့
ရှိနေသင့်ပါတယ်။
ဇနီး တစ်ယောက်ရဲ့
ပျော်ရွှင်မှုတွေဟာ ခင်ပွန်း ရဲ့
ချစ်ခြင်းမေတ္တာပဲ ဖြစ်ပါတယ်။
ဒါကြောင့်.....
ပျော်ရွှင်နေတဲ့ ဇနီး တစ်ယောက်ရဲ့
ဘဝမှာ သိက္ခာရှိပြီး လေးစား ထိုက်တဲ့
ခင်ပွန်း ကောင်း ရှိနေလို့ပါ။
အမြဲတမ်း မှိုင်တွေနေပြီး
အလိုမကျဖြစ်နေတတ်တဲ့
ဇနီးရဲ့ နောက်ကွယ်မှာ
သိက္ခာမဲ့ပြီး ဖောင်ပြန်တတ်တဲ့
ခင်ပွန်း ရှိနေပါလမ့်မယ်။
ပစ္စည်းဥစ္စာ မပြည့်စုံပေမယ့်
ခင်ပွန်း ကောင်းသာ ရှိနေပါစေ
စိတ်ပျော်ရွှင်စွာ နေထိုင်မှာဖြစ်ပြီး
ပစ္စည်းဥစ္စာ ချမ်းသာပေမယ့်
ခင်ပွန်း ကောင်း မရှိတဲ့အခါ
စိတ်ပျော်ရွှင်နိုင်မှာ မဟုတ်ပါဘူး။
ဒါကြောင့် ခင်ပွန်း က
ကိုယ့်ရဲ့ ဇနီး ကို ချစ်ပြတာဟာ
ရှက်စရာ မဟုတ်ပါဘူး
ဒါဟာ အထင်ကြီးစရာ
လေးစားချီးကျူးဖို့ကောင်းတဲ့
ခင်ပွန်း ကောင်း ရဲ့အပြုမူတွေပါ။
ဒီလို ဇနီး မောင်နံရဲ့
အပြန်အလှန်
ချစ်ခင် ဂရုစိုတ်တတ်မှုတွေဟာ
ပျော်ရွှင်စရာ ကောင်းတဲ့
အိမ်ထောင်ရေး တစ်ခုကို
ပိုင်ဆိုင်ရမှာဖြစ်ပါတယ်။
စစ်မှန်တဲ့ ....
ချစ်ခြင်းမေတ္တာ တွေသာ ရှိပါစေ
သာယာနေမှာ အမှန်ဖြစ်ပါတယ်။
ယောက်ျားတိုင် ခင်ပွန်းကောင်းများ ဖြစ်ကြပြီး
ဇနီးတိုင်း ခင်ပွန်းအပေါ်မှာ လေးစားစွာနဲ့
တန်ဖိုးထား တတ်ကြပါစေ။
တကယ် ချစ်တတ်သော
ခင်ပွန်း ကောင်းများကို
ပိုင်ဆိုင်နိုင်ကြပါစေ။
23/07/2022
အိမ်ထောင်ရေး ကံကောင်းတယ်ဆိုတာ
ငွေကြေးချမ်းသာသူတစ်ယောက် ခင်ပွန်းတော်
ထားရတာမဟုတ်ဘူး
ကို့ယ်ကိုနွေးထွေးကြင်နာ
နားလည်ခွင့်လွှတ်ပေးတတ်သူကို
ပိုင်ဆိုင်ထားရတာပါ
ဂုဏ်ယူဖို့ကောင်းတယ်ဆိုတာ
တင့်တောင်းတင့်တယ် ထားနိုင်တာ
မက်လောက်စရာတွေပေးနိုင်တယ်
တင်တောင်းနိုင်တာ မဟုတ်ပါဘူး
ဘယ်အခြေအနေမဆို
ကိုယ့်ကိုသာအရာရာဦးစားပေးခံရတာ
ညှာသာစာနာ
အလျှော့ပေးလိုက်လျောမှုတွေရတာပါ
လိုက်ဖက်လိုက်တာနော်ဆိုတာ
ဂုဏ်ချင်းထပ် ရွှေချင်းထပ်လို့ မြတ်တာကိုမခေါ်ဘူး
သူရဲ့ ကိုယ်ရဲ့ အားနည်းချက် အားသာချက်တိုင်းကို
နှစ်ဦးနှစ်ဖက်လုံးက ချစ်နိုင်ကြပြီး
တစ်ယောက်ကိုတစ်ယောက်
အပြန်အလှန်ဖေးမနိုင်ကြတာကိုခေါ်တာ
အားက်စရာပဲဆိုတာ
Suprise မျိုးစုံလုပ်ကြ social
network တွေမှာဝက်ဝက်ကွဲချစ်ကြတာကို
ဆိုလိုတာ မဟုတ်ဘူး
ဘယ်အခြေအနေမှာမဆို လက်တွဲမြဲမြဲနဲ့
ရန်တွေ ဘယ်လောက်ဖြစ်ဖြစ်
သစ္စာတစ်ချက်မပြတ်ကြပဲ
သက်ဆုံးတိုင်ချစ်သွားကြတာကိုဆိုလိုတာ
CRD.
လင်းသိုက်ညွှန့်