11/04/2022
You can join if u wanna chill or cry LOL (MUSIC ONLY)
Join Zoom Meeting
https://us04web.zoom.us/j/2023654923?pwd=MWlvZmo5NjN0OGRHUUQ5U2YxQlhpZz09
Meeting ID: 202 365 4923
Passcode: impostar
Join our Cloud HD Video Meeting
Zoom is the leader in modern enterprise video communications, with an easy, reliable cloud platform for video and audio conferencing, chat, and webinars across mobile, desktop, and room systems. Zoom Rooms is the original software-based conference room solution used around the world in board, confer...
10/12/2021
Have You Ever Lost Friends?
သူငယ်ချင်းတွေဆိုတာ ဘဝရဲ့ တစ်စိတ်တစ်ပိုင်းဆိုလဲ မမှားပါဘူး။ ဘဝခရီးကို နှင်နေခိုက်မှာ အကြိုက်တူ Type တူတွေနဲ့ တွေ့တဲ့အခါကျ တစ်ဖွဲ့တည်းကျပြီး ခရီး တူတူဆက်လျှောက်ကြတယ် ဟုတ်?
အခုလိုမျိုး ထင်သလို ဖြစ်မလာနိုင်တဲ့ ဘဝကြီးမှာ ကိုယ့်ဘေးက သူငယ်ချင်းတွေကို အကြောင်းအမျိုးမျိုးကြောင့် ဆုံးရှုံးလိုက်ရတဲ့ သူတွေ ရှိကြမှာဘဲလေ။ တိုက်ဆိုင်တိုင်း သတိမရမိဘူးလား? အဲ့လိုမျိုးတစ်ယောက်တည်း ကြိတ်ခံစားနေမဲ့ အစား ZY-ဇရပ် မှာ ခရီးတစ်ထောက် လာနားရင်း ဘဝတူတွေနဲ့ ရင်ဖွင့်သွားကြရအောင် 🤗
ထူးခြားချက်က ဇရပ် ၂ ဆောင် ရှိမှာဖြစ်ပြီး တစ်ခုက အမေဒီးကားမှာ ဖွင့်ထားတာဖြစ်လို့ လာရောက်သူများက Eng လို ပြောကြားရမှာ ဖြစ်ပါတယ်။ နောက်တစ်ဆောင်က မြစ်ကြီးနားမှာ ဖွင့်ထားတာမို့ ခရီးသွားများဟာ မြန်မာလို ပေါ့ပေါ့ပါးပါး ရင်ဖွင့်လို့ရမှာဖြစ်ပါတယ်။
ဘိုင်သယ်ဝေး ဒီလို ရင်လာဖွင့်ဖို့ကို အခကြေးငွေ ပေးစရာ မလိုပါဘူးနော်❗❗
Free entry ဖြစ်ပြီး Platform ကိုတော့ Zoom သုံးမှာ ဖြစ်ပါတယ်။ မည်သည့်ကန့်သတ်ချက်မျှမရှိပဲ မည်သူမဆို ၀င်ရောက်နိုင်ပါတယ်နော်.
ကဲ...ရင်ဖွင့်မှာလား အမြင်ဖလှယ်မှာလား?
ရင်ဖွင့်ရင်း Eng speaking လေး ကျင့်သွားဦးမလား?
"ဒီ 'ဇရပ်' မှာ လာပါ နားပါ"
📅Date : 11.12.2021 (Saturday)
🕑Time : 8:30pm - 10 pm
💻Platform : Zoom
📌Submit here : https://forms.gle/T8BsaDde8fRW1Cf67
29/11/2021
" u k i y o "
သူ့ရဲ့ အဓိပ္ပါယ်လေးက ဘ၀ရဲ့ ပင်ပန်းလှတဲ့ အနှောင်အဖွဲ့တွေကနေ ခဏတာ လွတ်မြောက်ပြီး လက်ရှိအချိန်မှာ အကောင်းဆုံးနေထိုင်ခြင်းတဲ့။ လက်ရှိဆိုတဲ့ နေရာမှာ မနေ့က၊ မနက်ဖြန်တော့၊ သဘက်ခါကြရင် အစရှိသဖြင့် အာ့လိုမျိုးတွေ မစဉ်းစားဘဲ အခုတကယ် ကိုယ်လက်ရှိရောက်နေတဲ့ နေရာလေးကို ဆိုလိုချင်တာ ဖြစ်ပါတယ်။
လူသားတွေက ပင်ပန်းလွန်းတဲ့အခါမှာ သီချင်းနားထောင်တယ်၊ ဂိမ်းဆော့ကြတယ်၊ စားကောင်းသောက်ဖွယ်လေးတွေ စားကြသောက်ကြတယ်။ ဒါပေမဲ့ အဖော်မင်တတ်တဲ့ အချို့သောသူတွေမှာ အဖော်မရှိလို့ စိတ်ညစ်နေတာမျိုးတွေ၊ ကိုယ်တိုင်က လူတွေနဲ့ ဘယ်လို ပေါင်းရမလဲ မသိလို့ ယောင်လည်လည်ဖြစ်နေတဲ့သူတွေ၊ သူငယ်ချင်းအသစ်တွေ လိုချင်တဲ့သူမျိုးတွေအတွက် ZY - ဇရပ်ကနေပြီး အစီအစဉ်လေးတစ်ခု ဖန်တီးပေးထားပါတယ်။
Title လေးကတော့ "ပြောကြမယ်" တဲ့။ ဘာတွေပြောမလဲဆိုတော့ ကိုယ်ပြောချင်တာ ပြောလို့ရပါတယ်။ အဓိက က ကိုယ်နဲ့မသိတဲ့ သူစိမ်းတွေနဲ့အတူ စကားဝိုင်းလေး ဖန်တီးပေးမှာပါ။ သူစိမ်းဖြစ်တဲ့အတွက် ဘ၀ရဲ့ အချိုးအကွေ့တစ်ခုမှာ အမှတ်မထင်တွေ့ဆုံကြတယ်။ ပြောရင်းဆိုရင်း ရင်းနှီးသွားကြတာလည်း ရှိသလို ဒီမှာတင်ဘဲ တစ်ခန်းရပ်သွားကြတာမျိုးလည်း ရှိကြတာပါဘဲ။ ဘယ်လိုဘဲဖြစ်ပါစေ ကိုယ်နဲ့မသိတဲ့ သူတွေနဲ့အတူ စကားတွေပြောခွင့်ရမယ်ဆိုတာ တစ်ကယ်တော့ ကိုယ်ပြောချင်တာတွေ ပြောခွင့်ရဖိုအတွက် အခွင့်အရေးတစ်ခုပါဘဲ။ ကိုယ့်ရဲ့ လူမြင်မခံနိုင်တဲ့ Dark side thoughts တွေ ထုတ်ပြနိုင်မယ်။ မကျေနပ်ချက်တွေ ထုတ်ပြောလိုရမယ်။ Whyy?? We don't know each other, right? စကားဝိုင်းလေးရဲ့ Purpose က လေးလံနေတဲ့ အတွေးကြီးတွေ သယ်ပြီး ဘ၀ကြီးကို ဖြတ်သန်းနေမဲ့အစား ရင်ထဲမှာ ပေါ့သွားစေချင်တာပါ။ အကူညီလိုအပ်နေတဲ့သူဆိုရင်လည်း ကိုယ်ဖြစ်နေတာလေးကို ပြောပြပြီး တခြားသူတွေက ဝိုင်း၀န်းအကြံပေးကြတဲ့ ပုံစံလေးကို သွားဖို စီစဉ်ထားပါတယ်။
Activity လေးကို စိတ်၀င်စားတယ် ..... ဘယ်လိုပါ၀င်ရမလဲ? တခြား အသေးစိတ်သိချင်တယ်ဆိုရင်တော့ ဒီမှာ ဆက်ဖတ်ပါ။ ဇရပ်စကားဝိုင်းလေးမှာ လူငါးယောက် ပါ၀င်မှာဖြစ်ပြီး Zoom Platform ကို အသုံးပြုသွားမှာဖြစ်ပါတယ်။ ကြာချိန်ကတော့ Maximum 3hrs လောက်ထိ သတ်မှတ်ပေးထားပြီး အချိန်တစ်လျှောက် Admin တွေ ရှိနေမှာဖြစ်ပါတယ်။ တစ်ခုရှိတာက အမြင်မတူတဲ့အခါကြရင် ရန်တော့ ထမဖြစ်ကြနဲ့လေနော် 🥲 စစချင်းကိုတော့ Admin တွေက Initiate လုပ်ပေးမှာဖြစ်လို့ ဘာမှ မကြောက်ကြပါနဲ့။ Zoom နဲ့မလို့ Cam လည်း on စရာမလိုပါဘူး။ စကားလေးတော့ ပြောကိုပြောရပါမယ်။ ပြောစေချင်လို Topic ကအစ "ပြောကြမယ်" ဆိုပြီး ပေးထားတာပါ။ နောက်တစ်ခု ဇရပ်ကနေပြီး မေတ္တာရပ်ခံချင်တာလေး တစ်ခုရှိပါတယ်။ ဒါကတော့ မည်သူတစ်ဦးတစ်ယောက်ကမျှ ဘယ်အကြောင်းကြောင့်နဲ့မှ Discriminate လုပ်ခွင့်မရှိပါ။ လုပ်ခဲ့ပါက စကားဝိုင်းမှ တစ်ခါတည်း Ban မှာ ဖြစ်သလို Page ကနေလည်း ရာသက်ပန် Ban မှာဘဲ ဖြစ်ပါတယ်။
📅Date - 1st Dec,2021
⏰Time - 1pm to 2:30 pm
💻Platform - Zoom
ပင်ပန်းနေလား? မွန်းကြပ်နေလား? အဖော်မရှိဖြစ်နေလား? ကိုယ်ကပြောချင်ပေမဲ့ နားထောင်ပေးမယ့်သူ မရှိလို အထီးကျန်နေလား? ဒီ"ဇရပ်"မှာ လာပါ နားပါ။ ကိုယ်က ဒီ Activity မှာပါ၀င်ချင်တယ်ဆိုရင်တော့ Page Cb ကိုသာ ကြွလှမ်းခဲ့လိုက်ပါနော်။ ZY - ဇရပ်က သင့်ကို စောင့်ကြိုနေပါတယ်။ မင်္ဂလာရှိသော ညချမ်းလေး ဖြစ်ပါစေ 🖤
28/11/2021
ဟိုးရှေးခေတ်တုန်းက လူတွေက သွားရင်းလာရင်း ဇရပ်လေးတွေမှာ ခရီးတစ်ထောက်၀င်နားကြတယ် ဟုတ်? အဲ့မှာ ကိုယ့်လိုနားနေတဲ့သူတွေနဲ့ တွေ့တဲ့အခါ ဘယ်ကို ခရီးဆက်နေတာဖြစ်ကြောင်း၊ လမ်းခရီးမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေ အစရှိသဖြင့် အချင်းချင်း ပြောဆို ဝေမျှတတ်ကြပါတယ်။ အချိန်အတန်ကြာ နားပြီးပြီဆိုရင်တော့ ကျန်ရှိနေတဲ့ ခရီးကို ကိုယ်စီကိုယ်ငှ ဆက်လက်ထွက်ခွာသွားကြတာပေါ့။
ZY - ဇရပ် ကလည်း ထိုနည်းတူပါဘဲ။ ခေတ်တွေပြောင်းလဲလာတာနဲ့အမျှ လူတွေရဲ့ နေ့စဉ်ဘ၀ဟာ Social Media Platform တွေပေါ်မှာ အချိန်ကုန်ဆုံးနေကြတာ များပါတယ်။ ဒ့ါအပြင် အခုအခြေအနေအရ အပြင်လောကနဲ့ အထိအတွေ့နည်းလာပြီး အိမ်တွင်းအောင်းနေရတဲ့ အချိန်တွေ ပိုများလာတယ်ဆိုတာ အားလုံးအသိပါ။ ဒီအကြပ်အတည်းတွေကြား ငွေရေးကြေးရေး ခက်ခဲမှု၊ လူမှုရေးအဆင်မပြေတာတွေ အစရှိသဖြင့် အရင်ကထက် ပိုတဲ့ Stress တွေ ပိလာကြပြီး Depressed Society တစ်ခု ဖြစ်ပေါ်လာနေတာကို ပတ်၀န်းကျင်မှာ အနည်းနဲ့အများ တွေ့မြင်နေရပါတယ်။
"ဇရပ်"မှာတော့ ဘ၀ဆိုတဲ့ ခရီးရှည်တစ်ခုကို လျှောက်လှမ်းရင်း တွေ့ကြုံလာရတဲ့ ဘ၀အမောတွေကို ကိုယ့်လိုဘဲ တခြားခရီးသွားတွေနဲ့အတူ အမောလေးတွေဖြေ၊ စကားစမြည်လေးပြော၊ လက်ဖက်ရည်လေးသောက်၊ အခက်အခဲတွေ ဝေမျှကြပြီး ကိုယ့်အထင်သူ့အမြင်လေးတွေ Sharing လုပ်လို့ရစေမယ့် Community တစ်ခု ဖန်တီးပေးသွားမှာဘဲ ဖြစ်ပါတယ်။
ဘယ်လိုအစီအစဉ်တွေနဲ့ Stress တွေကို Relief ဖြစ်စေမလဲဆိုတာ သိရအောင် Page ကို Follow လုပ်ထားလိုက်ကြပါတော့ 😉
ဒီ"ဇရပ်"မှာ လာပါ နားပါ 🙆♂️🖤🙆♀️
-ဇရပ်