(တစ်မိနစ်အတွင်း သတင်းဂျင်း)
........................................
စစ်အုပ်စုလော်ဘီ တိုက်ပွဲသတင်းစုံ တယ်လီဂရမ်ချန်နယ်က ထန်းတပင်မြို့နယ်အတွင်းက ကျေးရွာတွေမှာ PDF တွေရောက်နေတဲ့အတွက် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ PDF အများအပြား သေဆုံးတယ် ဆိုပြီး ဂျင်းထည့် . . .
လွတ်လပ်ပြီးယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာက ဖြူး နဲ့ ထန်းတပင်မြို့နယ်အတွင်းက ကျေးရွာတွေကို စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူတွေသေဆုံး ဒဏ်ရာရခဲ့တယ် ဆိုပြီးတော့ ရေးသားဖော်ပြခဲ့ကြ . . .
Fact-Check အရကြည့်မယ်ဆိုရင် လှည့်ဖြားမှားယွင်း သော တင်ဆင်ချက် ဖြစ်နေ . . .
(စစ်ကောင်စီရဲ့ ဝါဒဖြန့် လော်ဘီတွေ ပြည်သူကို ဘယ်လို ဂျင်းထည့်နေလဲ ဆိုတာကို သတင်းလား ဂျင်းလား ( https://www.facebook.com/thadinlargynnlar ) ဖေ့စ်ဘွတ်ခ်ပေ့ချ်က အချက်အလက်တွေ စိစစ်ပြီးတော့ ပြန်လည်ဖော်ပြပေးနေတာပါ။)
Public Voice Television
Public Voice is Public Power.
13/05/2026
တကူကျေးရွာအတွင်း က စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်
မေ ၁၃ ၊ ၂၀၂၆
ကရင်အမျိုးသားအစည်းအရုံး(KNU) ၊ မြိတ်ထားဝယ်ခရိုင် ၊ လယ်မူလားမြို့နယ် ၊ တကူကျေးရွာ အုပ်စု ၊ တကူကျေးရွာအတွင်းမှာရှိတဲ့ အထက်တန်းပြစာသင်ကျောင်းကို အကြမ်းဖက်စစ်တပ် က ဒီနေ့ မနက် ၉ နာရီ ၅၀ မိနစ်ခန့်မှာ လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNU မြိတ်ထားဝယ်ခရိုင် က ထုတ်ပြန်ပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် တကူကျေးရွာအတွင်း က အထက်တန်းပြစာသင်ကျောင်း အတွင်း က စာသင်ကျောင်း အဆောက်အအုံ ၂ ခုလုံး ထိခိုက်ပျက်စီးသွားတယ်လို့ KNU မြိတ်ထားဝယ်ခရိုင် က အသိပေးထားပါတယ်။
အာဆီယံအဖွဲ့ဝင် နိုင်ငံတွေ နဲ့ နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ စိုးရိမ်ပူပန်မှုတွေကို ထုတ်ဖော် ပြသခြင်းထက် ပိုပြီးလက်တွေ့ကျတဲ့ အရေးယူဆောင်ရွက်မှုတွေကို ချက်ချင်းအကောင် အထည် ဖော် ဆောင်ရွက်ပြီး အခုလို လေကြောင်းတိုက်ခိုက်မှုတွေကို ရပ်တန့်စေရေး ထိရောက်တဲ့ တားဆီးကာကွယ်မှုတွေ လုပ်ဆောင်ရမယ်လို့ KNU က တိုက်တွန်းထားပါတယ်။
အခုလို ထင်ရှားတဲ့ ဥပဒေချိုးဖောက်မှုတွေကို မတားဆီဘဲ ဆက်လက်ပြီး နုတ်ဆိတ်နေဦးမယ်ဆိုရင် အကြမ်းဖက်စစ်အုပ်စု က အကြမ်းဖက်မှုတွေကို ပြောင်ပြောင်တင်းတင်းနဲ့ ပိုမိုကျူးလွန်လာစေဖို့ အတွက် အားပေးကူညီရာရောက်မယ်လို့လည်း KNU က အသိပေးထားပါတယ်။
ဓါတ်ပုံ - အာဏာသိမ်းအကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးသော တကူကျေးရွာစာသင်ကျောင်း။
Telegram Channel -https://t.me/pvtvmyanmar
PVTV ရုပ်သံအစီအစဉ်များကို https://youtube.com/c/pvtvmyanmar မှာ ဝင်ရောက်ကြည့်ရှုခြင်း ဖြင့်တော်လှန်ရေးတွင် တတပ်တအား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။
(၁၃-၅-၂၀၂၆) ရက်နေ့ ထုတ်လွှင့်မှုကဏ္ဍများ
PVTV Daily News - Zin Zin
တယ်လီကျန်းမာ - ပြင်းထန်စိတ်ဖိစီးမှုဒဏ်သင့်ရောဂါ (သို့) Post Traumatic Stress Disorder (PTSD)
တော်လှန်ရေးအသိပညာ - လူ့အခွင့်အရေးနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာဘာလဲ
လူ့အခွင့်အရေးစကားသံ - MOHR (၅) နှစ်တာ ခရီးစဉ် / ဘာလဲ၊ ဘယ်ကိုလဲ၊ ဘယ်သူ့အတွက်လဲ
Documentary - GIBBON HNIN
ကူကြမယ် လှူကြမယ် - တင်ဆက်သူ-ခြူး
တေးဂီတ - တနေ့ (Music Video)
တစ်မိနစ်အတွင်း သတင်းဂျင်း - Zin Zin
နေ့စဉ်ည (၈:၀၀) အချိန်တွင် စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။ ရုပ်သံသတင်းများ၊ ရုပ်သံစာမူများ၊ သီချင်းများနှင့် အခြားဖန်တီးမှုအနုပညာ လက်ရာများ၊ Video များကို [email protected] သို့ ပေးပို့နိုင်ပါသည်။
PVTV ၏ ရုပ်သံအစီအစဉ်များအား PVTV ၏ Youtube Channel - youtube.com/pvtvmyanmar ကို Subscribe ပြုလုပ်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အားပါဝင်အားဖြည့်နိုင်ပြီဖြစ်ပါတယ်။
13/05/2026
ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နဲ့ မန္တလေးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ အစည်းအဝေး ပြုလုပ်
မေ ၁၃ ၊ ၂၀၂၆
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နဲ့ မန္တလေးတိုင်းမှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေအကြား တွေ့ဆုံ ဆွေးနွေးပွဲ အစည်းအဝေး (၉/၂၀၂၆)ကို မေ ၁၃ ရက်(ဒီနေ့) မွန်းလွဲ ၁ နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။
အစည်းအဝေးမှာ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ တွဲဖက်အတွင်းဝန် ရဲ့ ဆွေးနွေးမှုနဲ့စတင်ခဲ့ပါတယ်။
ဆက်လက်ပြီး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ က အုပ်ချုပ်ရေးဆိုင်ရာ ပေါင်းစပ်လုပ်ငန်းများနဲ့ ပတ်သက်ပြီး သိရှိလိုတာများကို ဆွေးနွေးခဲ့ကြရာ ဝန်ကြီးဌာန အသီးသီးရဲ့ တာဝန်ရှိသူတွေက ပြန်လည်ဆွေးနွေးခဲ့ပါတယ်။
အဆိုပါအစည်းအဝေးကို အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနဲ့ မန္တလေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်လို့ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန က သတင်းထုတ်ပြန် ထားပါတယ်။
Telegram Channel -https://t.me/pvtvmyanmar
PVTV ရုပ်သံအစီအစဉ်များကို https://youtube.com/c/pvtvmyanmar မှာ ဝင်ရောက်ကြည့်ရှုခြင်း ဖြင့်တော်လှန်ရေးတွင် တတပ်တအား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။
PVTV Daily News (13 May 2026)
ဒီနေ့ မေ ၁၃ ရက် ဗုဒ္ဓဟူးနေ့အတွက် တင်ဆက်ပေးမယ့် သတင်းခေါင်းစဉ်တွေကတော့.....
- အမျိုးသားညီညွတ်ရေးအစိုးရ နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရ တို့တွေ့ဆုံပြီး ဖက်ဒရယ်စနစ်နဲ့အညီ လုပ်ပိုင်ခွင့်တာဝန်များခွဲဝေနိုင်ရေး အစည်းအဝေးပြုလုပ်တဲ့ သတင်း၊
- ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အမြဲတမ်းဗဟိုကော်မတီဝင် ခွန်းရီမာန်ထူး ကွယ်လွန်ခြင်းအတွက် အမျိုးသားညီညွတ်ရေးအစိုးရ က ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ တဲ့ သတင်း၊
- မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် မြတ်ဗုဒ္ဓရဲ့အဆုံးအမ တွေကို နာယူကျင့်ကြံအားထုတ်ဖို့ပင် စိန်ခေါ်မှုအလွန့်အလွန် ကြီးမားလာခဲ့ပြီလို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြားလိုက်တဲ့ သတင်း၊
- မင်းတပ်မြို့ကို အကြမ်းဖက်စစ်အုပ်စု က လေကြောင်း တိုက်ခိုက်မှုတွေ အဆက်မပြတ်ပြုလုပ်နေ တဲ့ သတင်း၊
- မွန်ပြည်တော်လှန်ရေးတပ်က တပ်မှူးများအစည်းအဝေး ပြုလုပ်ပြီး တော်လှန်ရေး မဟာမိတ် အင်အားစုတွေနဲ့ စစ်ရေး ၊ နိုင်ငံရေး ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးတဲ့ သတင်းနဲ့ ဒီနေ့အတွက် မြန်မာနိုင်ငံတဝှမ်းက လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ပါဝင်တဲ့ စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြလူထုသပိတ် သတင်းတွေပဲဖြစ်ပါတယ်။
Together We Rise ကမ်ပိန်းဖွင့်ပွဲ အခမ်းအနား
ချင်း၊ကလေး၊ကဘော်၊ဂန့်ဂေါဒေသရှိ CDF-KKG ရဲဘော်များအတွက် ပြုလုပ်သော ကျပ်သိန်း၃၀၀၀ကမ့်ပ်ိန်းဖြစ်ပါတယ်။
ပါဝင်ကူညီရန် ကမ်ပိန်း page link 👇
https://www.facebook.com/share/1Di8aypiAH/?mibextid=wwXIfr
မြန်မာနိုင်ငံ ငြိမ်းချမ်းရေး နဲ့ တည်ငြိမ်ရေးတို့အတွက် ဆုတောင်းပေးဖို့ “ငြိမ်းချမ်းရေး လမ်းလျှောက် ခြင်း” Walk for Peace ဆရာတော်တွေကို သံအမတ်ကြီး ဦးကျော်မိုးထွန်း က တိုက်တွန်းတောင်းဆို လိုက်ပါတယ်။
နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၊ စီးပွားရေးနှင့် လူမှုရေးကောင်စီမှာ မေ ၁၂ ရက် က ပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓနေ့ အထိမ်းအမှတ် အခမ်းအနားမှာ သံအမတ်ကြီးက တောင်းဆိုလိုက်တာပါ။
အဲဒီအခမ်းအနားကို Walk for Peace ခရီးရှည် ကို ဦးဆောင်သူ ဆရာတော် ဘိက္ခုပညာကာရ နဲ့ ခရီးစဉ်မှာ ပါဝင်ခဲ့တဲ့ ဘုန်းတော်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။
သံအမတ်ကြီးဦးကျော်မိုးထွန်း က ”မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ၊ ကမ္ဘာ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတို့အတွက် ဆုတောင်းပေးကြပါရန် တောင်းဆိုတယ်” လို့ ပြောကြားခဲ့တာပါ။
13/05/2026
မလေးရှားနိုင်ငံမှာရှိတဲ့ CRC ရဲ့ ငွေရတုမှာ အဆိုတော် ဖြူဖြူကျော်သိန်း သီဆိုဖျော်ဖြေမှာဖြစ်ပြီး ဂျိုရှုဝါဗန်လည်း တက်ရောက်မယ်
မေ ၁၃ ၊ ၂၀၂၆
မလေးရှားနိုင်ငံမှာရှိတဲ့ Chin Refugee Committee (CRC) အသင်းရဲ့ (၂၅) နှစ်မြောက် ငွေရတု အခမ်းအနားမှာ တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်း သီဆိုဖျော်ဖြေပေးသွားမှာဖြစ်ပြီး၊ မြန်မာ့ကျားသစ် ဂျိုရှုအာဗန်လည်း တက်ရောက်မယ်လို့ သိရပါတယ်။
အဲဒီ ပွဲကို လာမယ့် မေ ၂၇ ရက်မှာ မလေးရှားနိုင်ငံ၊ ကွာလမ်လမ်ပူမြို့၊ Jalan Loke Yew မှာရှိတဲ့ S*K (C) Chung kwo ကျောင်းခန်းမမှာ မနက် ၉ နာရီမှ ည ၁၁ နာရီအထိ ကျင်းပသွားမှာပါ။
ဂျိူရှူဝါဗန်ကလည်း အထူးဧည့်သည်တော်အနေနဲ့ တက်ရောက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
မေလ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့ဟာ Holiday ဖြစ်တဲ့အတွက် မလေးရှားရောက် မြန်မာနိုင်ငံသားတွေ အားလုံး လာရောက်အားပေးကြဖို့ ဖိတ်ခေါ်ထားပါတယ်။
Telegram Channel -https://t.me/pvtvmyanmar
PVTV ရုပ်သံအစီအစဉ်များကို https://youtube.com/c/pvtvmyanmar မှာ ဝင်ရောက်ကြည့်ရှုခြင်း ဖြင့်တော်လှန်ရေးတွင် တတပ်တအား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။
13/05/2026
ဘီးလင်းမြို့နယ်ကို အကြမ်းဖက်စစ်တပ်မှ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၁ လုံး ထိခိုက်ပျက်စီး
မေ ၁၃ ၊ ၂၀၂၆
ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၁)၊ သထုံခရိုင်အတွင်းသို့ အကြမ်းဖက်စစ်တပ်မှ လေကြောင်းကနေ ဗုံး ၂ ကြိမ် ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ့ နေအိမ် ၁ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ KNU ဗဟိုမှ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ဘီးလင်းမြို့နယ်သို့ မေလ ၁၁ ရက်၊ မနက် ၈ နာရီ ၄၇ မိနစ်မှာ ဂျက်ဖိုက်တာနဲ့ ပေါင် ၃၀၀ ဗုံးသီး ၁ လုံးကို ကြဲချခဲ့ပြီး ၈ နာရီ ၅၁ မိနစ်မှာ နောက်ထပ် ပေါင် ၃၀၀ ဗုံးသီးကို ထပ်မံကြဲခဲ့ရာ မြစ်ကျိုးကျေးရွာ အုပ်စု၊ မြစ်ကျိုးကျေးရွာနဲ့ လေးကေကျေးရွာကြား လမ်းမဘေးမှာ နေထိုင်တဲ့ ပြည်သူ့ နေအိမ် အနီးမှာ ကျရောက်ပေါက်ကွဲခဲ့တာပါ။
အဲဒီ ဗုံးကြတိုက်ခိုက်မှုမှာ နေအိမ် ၁ လုံး ဗုံးထိမှန် ပျက်စီးခဲ့ပြီး လူထိခိုက်မှု အခြေအနေကို ဆက်လက်စုံစမ်းဆဲဖြစ်တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာတွေကို လေကြောင်းမှ မကြာခဏ ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် ဒေသခံ ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေရတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
Telegram Channel -https://t.me/pvtvmyanmar
PVTV ရုပ်သံအစီအစဉ်များကို https://youtube.com/c/pvtvmyanmar မှာ ဝင်ရောက်ကြည့်ရှုခြင်း ဖြင့်တော်လှန်ရေးတွင် တတပ်တအား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ကတော့ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်တွေမှာ သက်သေအထောက်အထားတွေရှိရင် ပေးပို့ကြဖို့အတွက် မေ ၁၂ ရက်မှာ တောင်းခံလိုက်ပါတယ်။
IIMM အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်ကတော့ ကလေးငယ်တွေရှိတဲ့ အရပ်သားနေရာတွေကို တိုက်ရိုက်တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှု ဒါမှမဟုတ် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု ဖြစ်နိုင်တာကြောင့် ကျူးလွန်သူတွေကို ဖော်ထုတ်ဖို့အတွက် အကြမ်းဖက်စစ်တပ် လေတပ်ရဲ့ အမိန့်ပေးကွင်းဆက် သက်သေတွေကို စုဆောင်းနေတယ်လို့ ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရ (IMFUG)တို့အကြား ဖက်ဒရယ်စနစ်နဲ့အညီ လုပ်ပိုင်ခွင့်တာဝန်များခွဲဝေရေးအတွက် တွေ့ဆုံဆွေးနွေးမှုကို မေ ၁၂ ရက်၊ မွန်းလွဲ ၅ နာရီမှာ အွန်လိုင်းမှတဆင့် ပြုလုပ်ခဲ့ကြပါတယ်။
အစည်းဝေးမှာ NUG နဲ့ IMFUG တို့အကြား ဖက်ဒရယ်စနစ်နှင့်အညီ လုပ်ပိုင်ခွင့်တာဝန်များ ခွဲဝေရေးအပါအဝင် တာဝန် နဲ့ ဝန်ထမ်းယန္တရားများ မြန်ဆန်ထိရောက်စွာ လွှဲပြောင်းနိုင်ရေးဆိုင်ရာ သဘောတူညီချက်တွေ နဲ့ ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်ခဲ့ကြပါတယ်။
ဒီနေ့ အစည်းအဝေးက အမျိုးသားညီညွတ်ရေးအစိုးရ နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရ တို့အကြား ဖက်ဒရယ်စနစ်နဲ့အညီ လုပ်ပိုင်ခွင့်တာဝန်များခွဲဝေရေး အတွက် စတင် ဆွေးနွေးကြတဲ့ ပထမဆုံး အစည်းအဝေး ဖြစ်တယ်လို့ သိရပါတယ်။
Click here to claim your Sponsored Listing.
Location
Category
Contact the business
Website
Address
Yangon
