09/06/2026
#9.6.2026
နာရေးလမ်းကြောင်းကူညီမှုအမှတ်စဉ်(293)
အမှတ်(148-B)တထပ် ကျောင်းကုန်း(4)လမ်း သံလမ်း လှိုင်မြို့နယ် နေ ကိုအောင်ဇော်လင်းလက် အသက်(37)နှစ် သည် (8.6.2026)ရက်နေ့တွင် ရန်ကုန်ဆေးရုံကြီး ၌ ကွယ်လွန်သွားပါသဖြင့် နာရေးရှင် ဦးထွန်းတင် မှ နာရေးဆောင်ရွက်ပေးပါရန် အသင်းသို့ အကူညီတောင်းခံလာပါသဖြင့်(9.6.2026)ရက်နေ့ တွင် အသင်းနာရေးကားဖြင့် ရန်ကုန်ဆေးရုံကြီးအအေးခန်း မှ ထိန်ပင်သုဿန်အအေးခန်း သို့ အသင်း မှ (အခမဲ့) ကုသိုလ်ပြုကူညီပို့ဆောင်ပေးခဲ့ပါသည်။
နာရေးရှင်မိသားစု မှ အသင်းကားဆီဖြည်ရန်အတွက်အလှူတော်ငွေ 100000/-(တစ်သိန်းကျပ်)တိတိကိုလှူဒါန်းသွားပါသည်။
#အသင်းပြန်ကြားတာဝန်ခံ
09/06/2026
#9.6.2026(ရည်စူးအလှူတော်)
အမှတ်(67-A)ပိုတ်လုံးလမ်း ရွှေနံသာရပ်ကွက် ဗဟန်းမြို့နယ် နေ ကွယ်လွန်သူ ကိုအောင်မျိုးမင်း အသက် (37)နှစ် အားရည်စူး၍ ကျန်ရစ်သူ မိသားစုများ မှ အသင်းလိုအပ်သည်နေရာတွင် အသုံးပြုရန်အတွက် အလှူတော်ငွေ 150000(တစ်သိန်းငါးသောင်းကျပ်တိတိ)ကိုအသင်း သို့ လှူဒါန်းသွားပါသည်။
ဤသို့ ရည်းစူးလှူဒါန်းမှုကို ကွယ်လွန်သူ ကိုအောင်မျိုးမင်း ကြားသိရ၍ရောက်ရာအရပ်ဘုံဌာန မှ သာဓုအနုမောဓနာခေါ်ဆိုနိုင်ပါစေ ရည်စူးလှူဒါန်းသူ မိသားစုဝင်များအားလုံးသည်လည် ကိုယ်ကျန်းမာ စိတ်ချမ်းသာပါစေ စီးပွါးရေးများလည်ဒီရေအလာတိုးတက်ပါစေ ကပ်ကြီးသုံးပါကိုလည်ကျော်လွားနိုင်ပါစေ ဒီထက်မကလှူဒါန်းနိုင်သောပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် များ ဖြစ်ပါစေလို ကျွန်တော်တို့အသင်းသူ/သားများမှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။
အသင်းပြန်ကြားရေးတာဝန်ခံ
08/06/2026
Happy birthday to you 🎉🎂🎉အသင်း ပြန်ကြားရေး နှင့် သွေးတာဝန်ခံ ကိုနေဝင်းထွန်း (9.6.2026)ယနေ့ကျရောက်သောမွေးနေ့ရက်မြတ်မှစ၍ အသက်ရာကျော်ရှည်ပြီး ဘာသာသာနာ့အကျိုးနှင့် ပရဟိတအလုပ်များလဲဒီထက်မကစထက်တစ်ပိုးသယ်ပိုးဆောင်ရွက်နိုင်ပါစေ။ချစ်ရတဲ့မိသားစုနဲ့လည်းထာဝရပျော်ရွှင်စွာနေရပါစေ။အလုပ်အကိုင်များလည်းအဆင်ပြေချောမွေ့ပါစေ မိဘအားကိုးအားထားပြုရတဲ့သားကောင်းရတနာလေးဖြစ်ပါစေလို့ အသင်းဥက္ကဌကြီးနှင့်တကွ အသင်းသူ/သားများမှဆုမွန်ကောင်းတောင်းပေးအပ်ပါသည်။
08/06/2026
#8.6.2026 သွေးလှူဒါန်းကူညီမှုအမှတ်စဥ် (964/965)
ဗဟိုလ်စည်ဆေးရုံ တွင် ဆေးကုသမှုခံယူနေသော ပဲခူးတိုင်း ပုတီးကုန်းမြို့နယ် နေ လူနာ မနိုင်းနိုင်းဝင်း သည် A+သွေး (2)လုံး လိုအပ်ပါသဖြင့် လူနာရှင် ဦးလှသိန်း မှ အသင်းသို့အကူညီတောင်းခံသဖြင့် သွေးအလှူရှင် ကိုလင်းခန့်ကို နှင့် ကိုအောင်ခန့်ဖြိုး တို့မှ(အခမဲ့)သွားရောက်လှူဒါန်းခဲ့ပါသည်။
သွေးလှူဒါန်းပေးမှုကြောင့် မနိုင်းနိုင်းဝင်း သည်လည်းရောဂါများအမြန်ဆုံးသက်သာပျောက်ကင်းပါစေလို့ အသင်းသူ/အသင်းသား များမှ ဆုတောင်း မေတ္တာပို့သလိုက်ပါသည်။
သွေးအလှူရှင် ကိုလင်းခန့်ကို နှင့် ကိုအောင်ခန့်ဖြိုး တို့ သည်လည်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ဘာသာ/သာသနာ အကျိုးနှင့် ပရဟိတအလုပ်များကိုဒီထက်မကဆောင်ရွက်နိုင်ပါစေလို့အသင်းသူ/အသင်းသားများမှဆုတောင်းမေတ္တာပို့လိုက်ပါသည်။
#မေတ္တာစေတနာလူမှုကူညီရေးအသင်း(ဗဟန်း)
#အသင်းမှတ်ပုံတင်အမှတ် ၂/ပြည်တွင်း/၀၀၀၅ (၂၀၂၂)
#အသင်းပြန်ကြားရေးတာဝန်ခံ
07/06/2026
#လူနာလမ်းကြောင်း အမှတ်စဥ် (1211)
7.6.2026
7J/2829 NOAH (အဖြူရောင်)
ကမာ -02
#မြန်မာနိုင်ငံ Rescue လူမှုကယ်ဆယ်ရေးအဖွဲ့
#မေတ္တာစေတနာလူမှုကူညီရေးအသင်း(ဗဟန်း)
တိုက်အမှတ် 797 အခန်း 103/A ဝါးတန်းအိမ်ရာ ဝါတန်းလမ်း လမ်းမတော်မြို့နယ် နေ လူနာ ဦးတင်ဝင်း သည် ဆေးရုံပြရန် အထက်ပါနေအိမ် မှ ဂရမ်းဟန်သာဆေးရုံ သို့ ပို့ဆောင်ပေးပါရန် လူနာရှင် ဦးကျော်ဇေယျဝင်း မှ အသင်းသို့ အကူအညီတောင်းခံသဖြင့်အသင်းလူနာတင်ယာဉ်ဖြင့် (အခမဲ့)ကူညီပို့ဆောင်ပေးခဲ့ပါသည်။
လိုက်ပါဆောင်ရွက်သူများမှာ-
@အသင်းသား ကိုနေဝင်းထွန်း (ယာဥ်မောင်း)
@အသင်းသား ကိုသူရဇော်
@အသင်းသား ကိုဖုန်းမြတ်ဇော်
တို့ဖြစ်ကြပါသည်။
ရုံးမှထွက်ခွာချိန် နေလည် (1:00)နာရီ
ရုံးသို့ပြန်လည်ရောက်ရှိချိန် နေလည် (2:30)နာရီ
07/06/2026
#7.6.2026(အသင်းကားပြုပြင်ရန်အလှူတော်)
ရန်ကုန်မြို့ နေ အသင်းနာယက အသင်းကား ကမာ(4)ကားအလှူရှင် ဦးထွန်းထွန်းဦး+ဒေါ်အိဖြူခင် City Global Mark Services co,Ltd မိသားစု မှ အသင်းကား ကမာ(4) အသင်းကားပြုပြင်ရန်အတွက် အလှူတော်ငွေ 1500000ks (တစ်ဆယ်ငါးသိန်းကျပ်တိတိ)ကိုလှူဒါန်းသွားပါသည်။
ဤသို့ လှူဒါန်းမူအတွက် အလှူရှင် အသင်းနာယက ဦးထွန်ထွန်းဦး+ဒေါ်အိဖြူခင် နှင့် မိသားစုဝင်များအားလုံးကျန်းမာ/ချမ်းသာပြီ ဒီထက်မကလှူဒါန်းနိုင်သော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များ ဖြစ်ပါစေလို အသင်းသူ/သားများမှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။
#သာဓုသာဓုသာဓုပါ
07/06/2026
#7.6.2026(အသင်းလိုအပ်သည်နေရာတွင်အသုံးပြုရန်အလှူတော်)
အ.ထ.က(၁)ဗဟန်း အငြိမ်းစား ဆရာမကြီး ဒေါ်နှင်းနှင်းဝင်း မိသားစု မှ အသင်းလိုအပ်သည်နေရာတွင်အသုံးပြုရန်အတွက် အလှူတော်ငွေ 100000/-(တစ်သိန်းကျပ်တိတိ)ကိုလှူဒါန်းသွားပါသည်။
ဤသို့ လှူဒါန်းမူအတွက် အလှူရှင် အ.ထ.က(၁)ဗဟန်း အငြိမ်းစား ဆရာမကြီး ဒေါ်နှင်းနှင်းဝင်း နှင့် မိသားစုဝင်များအားလုံးကျန်းမာ/ချမ်းသာပြီ ဒီထက်မကလှူဒါန်းနိုင်သော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များ ဖြစ်ပါစေလို အသင်းသူ/သားများမှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။
#သာဓုသာဓုသာဓုပါ
06/06/2026
#လူနာလမ်းကြောင်း အမှတ်စဥ်( 1210)
6.6.2026
7J/2829 NOAH (အဖြူရောင်)
ကမာ -02
#မြန်မာနိုင်ငံ Rescue လူမှုကယ်ဆယ်ရေးအဖွဲ့
#မေတ္တာစေတနာလူမှုကူညီ ရေးအသင်း(ဗဟန်း)
#အသင်းမှတ်ပုံတင်အမှတ် ၂/ပြည်တွင်း/၀၀၀၅(၂၀၂၂)
ဖအောက်ဝဲကျေးရွာ ဒိုက်ဦးမြို့နယ် ပဲခူးတိုင်းဒေသကြီး လူနာ ဒေါ်စုတ် အား အာရှတော်ဝင်ဆေးရုံ မှ အထက်ပါနေအိမ် သို့ပို့ဆောင်ပေးပါရန် လူနာရှင် မှ အကူညီတောင်းခံပါသဖြင့် အသင်းလူနာတင်ယာဉ်ဖြင့် (အခမဲ့)သွားရောက်ကူညီပို့ဆောင်ပေးခဲ့ပါသည်။
လိုက်ပါဆောင်ရွက်သူများမှာ-
@အသင်းသား ကိုနေဝင်းထွန်း (ယာဉ်မောင်း)
@အသင်းသား ကိုဖုန်းမြတ်ဇော်
@ကိုရဲရင့်ထက် (သူနာပြုအကူ)
တို့ဖြစ်ကြပါသည်။
ရုံးမှထွက်ခွါချိန် နံက် (7:30)နာရီ
ရုံးသို့ပြန်ရောက်ချိန် ညနေ (4:00)နာရီ
06/06/2026
#6.6.2026(အသင်းသို့ Oxygen 40-Liter အိုးအလှူတော်)
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် နေ ဦးမျိုးဆွေဦး+ဒေါ်မိုးမိုးအေး မိသားစု မှ အသင်းသို့ Oxygen 40-Liter အိုး(1)လုံးကို လှူဒါန်းသွားပါသည်။
ဤသို့ လှူဒါန်းမူအတွက် အလှူရှင် ဦးမျိုးဆွေဦး+ဒေါ်မိုးမိုးအေး မိသားစုဝင်များအားလုံးကျန်းမာ/ချမ်းသာပြီ ဒီထက်မကလှူဒါန်းနိုင်သော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များ ဖြစ်ပါစေလို အသင်းသူ/သားများမှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။
#သာဓုသာဓုသာဓုပါ
05/06/2026
Oxygen ကူညီမှု အမှတ်စဉ်(571)
5.6.2026
ဗဟန်းမြို့နယ် ကြားတောရရပ်ကွက် ကြားတောရလမ်း အုတ်လှေခါးကျောင်းတိုက်တွင်ခေတ္တ တည်းခိုနေသော လူနာ မောင်ဖုန်းစစ်ဟန် သည် oxygen လိုအပ်ပါသဖြင့် အသင်းသို့အကူညီတောင်းခံလာပါသဖြင့် 20 Liter အိုးတစ်လုံးအား(အခမဲ့)ငှါးရမ်းကုသိုလ်ပြုပေးခဲ့ပါသည်။
#ပို့ဆောင်သူများ
@အသင်းသား ကိုနေဝင်းထွန်း
@အသင်းသား ကိုဖုန်းမြတ်ဇော်