20/06/2024
ကြည့်မြင်တိုင်မြို့နယ်ရှိ လမ်းဘေးစား သောက်ဆိုင်များအား ကျန်းမာရေးအထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်
ရန်ကုန် ဇွန် ၂၀
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ပြည်သူ့ကျန်းမာရေးဌာနသည် ယမန်နေ့နံနက်ပိုင်းက ဈေးများနှင့်ကုန်စည်ပွဲရုံများဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကြည့်မြင်တိုင်မြို့နယ်၊ ဘောဂရပ်ကွက်၊ တော်ဝင်လမ်းရှိ လမ်းဘေးစားသောက်ဆိုင်များအား ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများ ရောင်းချစေနိုင်ရေး အသိ ပညာပေးခြင်း၊ ကျန်းမာရေး အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သွင်မောင်မောင်
20/06/2024
စမ်းချောင်းမြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်
ရန်ကုန် ဇွန် ၂၀
စမ်းချောင်းမြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးနှင့် အင်ဂျင်နီယာဌာန(ရေစီးရေလာစီမံခန့်ခွဲမှု)တို့မှ ဝန်ထမ်းများ ပူးပေါင်းအင်အား (၇)ဦးဖြင့် ကျွန်းတော(မြောက်)ရပ်ကွက်၊ ဟင်္သာတလမ်း၊ ကျွန်းတောလမ်းဝဲဘက်ခြမ်းနှင့် ပြည်တော်အေးလမ်းအကြား ရေမြောင်းအတွင်း အမှိုက်နှင့် မြောင်းချေးများ ဆယ်ယူရှင်းလင်းခြင်း၊ ဖြတ်မြောင်းများအတွင်း အမှိုက်၊ သဲ၊ ခဲများ ရှင်းလင်းခြင်း၊ လမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ခြင်း၊ ထွက်ရှိအမှိုက်များကို မော်တော်ယာဥ်ဖြင့် သိမ်းဆည်းသယ်ယူစွန့်ပစ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သွင်မောင်မောင်
20/06/2024
အလုံမြို့နယ်၊ အလုံဈေးအတွင်း ကျန်းမာရေးအထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်
ရန်ကုန် ဇွန် ၂၀
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ကျန်းမာရေးဌာနသည် ယမန်နေ့နံနက်ပိုင်းက ဈေးများနှင့်ကုန်စည်ပွဲရုံများဌာနမှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ အလုံမြို့နယ်၊ စောရန်ပိုင်တောင်ရပ်ကွက်၊ သစ်တောလမ်းနှင့် ငုဝါလမ်းထောင့်ရှိ အလုံဈေးအတွင်း ကျန်းမာရေးနှင့် ညီညွတ်သောအစားအသောက်များ ရောင်းချစေရေးအတွက် စစ်ဆေးခြင်း၊ ပညာပေးလက်ကမ်းစာစောင်များ ဝေငှခြင်း၊ စားသောက်ကုန်များတွင် ဖော်မလင်ပါဝင်မှု ရှိ/မရှိ Test Kit ဖြင့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သွင်မောင်မောင်
20/06/2024
ကမာရွတ်မြို့နယ်အတွင်း လမ်းဘေးစားသောက်ဆိုင် များအား ကျန်းမာရေးအထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်
ရန်ကုန် ဇွန် ၂၀
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ကျန်းမာရေးဌာနသည် ယမန်နေ့နံနက်ပိုင်းက ကမာရွတ်မြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ လှည်းတန်းလမ်းရှိ လမ်းဘေးစားသောက်ဆိုင်များ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများ ရောင်းချနိုင်ရေး အသိပညာပေးခြင်း၊ ကျန်းမာရေး အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သွင်မောင်မောင်
20/06/2024
တာမွေမြို့နယ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
ရန်ကုန် ဇွန် ၁၉
တာမွေမြို့နယ်အတွင်း ကျောင်း သား၊ ကျောင်းသူလူငယ်လူရွယ်လေးများ အနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကိုကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး ယာဉ်လမ်းအန္တရာယ်ကင်းရှင်း စွာသွားလာတတ်စေရန် ဇွန် ၁၇ရက် ကယာဉ်ထိန်းတပ်ဖွဲ့စု(၂၅)မှ ဒုရဲမှူး အေးသန်း၏ ဦးဆောင်မှုဖြင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်မြို့နယ် ပညာရေးဌာနတို့ ပူးပေါင်းပြီး ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို တာမွေ မြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ပင်လုံခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တာမွေမြို့နယ်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမူက အဖွင့်အမှာစကား ပြောကြားပြီး ယာဉ်ထိန်းတပ်ဖွဲ့စု(၂၅)မှ ဒုရဲမှူးအေးသန်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများနှင့်ပတ် သက်၍ အကျယ်တဝင့် အသိပညာပေး အသေးစိတ်ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ တက်ရောက်လာ ကြသောကျောင်းသား၊ ကျောင်းသူ လေး များက ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းဆိုင်ရာများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန် လည် ဖြေကြားသည်။
ထို့နောက် သက်ဆိုင်ရာ တာဝန် ရှိသူများက တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူလေးများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင် များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်းနှင့်ဟောပြောပွဲအခမ်းအနားသို့ တာမွေ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့စု(၂၅)မှ ဒုရဲမှူးအေးသန်းနှင့်ဝန်ထမ်းများ၊ မြို့နယ်ပညာရေးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆရာ/ ဆရာမများနှင့်ကျောင်းသား၊ ကျောင်း သူများ၊ ဖိတ်ကြားထားသော ဧည့်သည် တော်များ တက်ရောက်ကြသည်။
ယနေ့ကမ္ဘာပေါ်တွင် ယာဉ်တိုက်မှု ကြောင့် တစ်နှစ်လျှင်လူဦးရေ ၁ဒသမ ၃၅သန်းကျော် သေဆုံးနေပြီးတစ်ရက် လျှင် သေဆုံးနှုန်းပျမ်းမျှ ၃၇၀၀ဦး ခန့်ရှိသဖြင့် တာမွေမြို့နယ်အတွင်း ယာဉ်လမ်းအန္တရာယ်ကင်းဝေးစေရေး အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲများကိုအရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိသည်။
နိုင်လင်းအောင်(ပြန်/ဆက်)
19/06/2024
ရွှေပြည်သာမြို့နယ်အတွင်း ကျန်းမာရေး အ ထောက်အကူပြုလုပ်ငန်းများဆောင်ရွက်
ရန်ကုန် ဇွန် ၁၉
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ၊ ပြည်သူ့ကျန်းမာရေးဌာနသည် အများပြည်သူနေရာများတွင် ကျန်းမာရေးအထောက်အ ကူပြုလုပ်ငန်းများကို စဥ်ဆက်မပြတ်ဆောင် ရွက်လျက်ရှိရာယနေ့ နံနက်ပိုင်းက ရွှေပြည်သာမြို့နယ်၊ အမှတ်၉ရပ်ကွက်၊ ငမောက်စျေးအတွင်းစျေးများနှင့်ကုန်စည်ပွဲရုံများဌာနမှဝန်ထမ်းနှင့်ပူးပေါင်း၍ ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများရောင်းချနိုင်ရေးအတွက် ကျန်းမာရေးအသိ ပညာပေးခြင်း၊ ပညာပေးလက်ကမ်းစာစောင်များပေးဝေခြင်းနှင့် စားသောက်ကုန်များတွင် ခွင့်မပြုဆိုးဆေးနှင့် ဖော်မလင်များ သုံးစွဲရောင်းချမှု မရှိစေရေး ပညာပေး လက်ကမ်းစာစောင်များ နံရံကပ်စာစောင်များဝေငှခြင်းတို့ကိုဆောင် ရွက်ခဲ့ကြောင်းသိရသည်။
မလတ်
02/06/2024
ရန်ကုန်စီးတီးတက္ကစီအသင်း ပထမအကြိမ် နှစ်ပတ်လည်အထွေထွေအစည်းအဝေး ကျင်းပ
ရန်ကုန် မေ ၃၁
ရန်ကုန်စီးတီးတက္ကစီအသင်း၏ ပထမအကြိမ် နှစ်ပတ်လည် အထွေထွေအစည်းအဝေးကို ယမန်နေ့က ရန်ကုန်မြို့ရှိ သုမင်္ဂလာ ရာမ လယ်တီဝိပဿနာကျောင်းတိုက်၌ ကျင်းပသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူ ပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ဒုတိယဥက္ကဌ ဦးချစ်ကိုကိုက အဖွင့်အမှာစကားပြောကြားပြီး အစည်းအဝေး သဘာပတိ ရန်ကုန်စီးတီးတက္ကစီအသင်း ဥက္ကဋ္ဌ ဦးငြိမ်းချမ်းက နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက်အသင်း၏ အမှုဆောင်အဖွဲ့ အစီရင်ခံစာနှင့် ဘဏ္ဍာရေး ရှင်းတမ်းတို့ကို ဒုတိယဥက္ကဋ္ဌ-၁ ဦးအောင်ဇော်မိုးနှင့် ၂၀၂၂-၂၃ ဘဏ္ဍာနှစ်အတွက် ပြင်ပစာရင်းစစ် အစီရင်ခံစာကို ဦးဝင်းမြင့် (Win Myint Audit Firm) ပြင်ပစာရင်းစစ်အဖွဲ့က ဖတ်ကြားတင်ပြသည်။
ယင်းနောက် အမှုဆောင်အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်းနှင့် ပြင်ပစာရင်းစစ် အစီရင်ခံစာအရ ဘဏ္ဍာရေးရှင်းတမ်းများကို အခမ်းအနားသို့ တက်ရောက်လာကြသူများက အတည်ပြုကြပြီး ပထမအကြိမ် နှစ်ပတ်လည်အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
အောင်မြင့်ဌေး (မြို့တော်သတင်း)
26/05/2024
ခရီးသည်များသွားလာမှုလွယ်ကူစေရန် YBS ခရီးစဉ်လမ်းကြောင်းပြမြေပုံများ တပ်ဆင်
ရန်ကုန် မေ ၂၄
ရန်ကုန်တိုင်းဒေသကြီး YBS ယာဉ်များတွင် ခရီးစဉ်အလိုက် လမ်းကြောင်းပြ လမ်းညွှန်မြေပုံများကို မေလမှစတင်၍ တပ်ဆင် လျက်ရှိကြောင်း သိရသည်။
အဆိုပါ လမ်းညွှန်မြေပုံများကို ယာဉ်လိုင်းအားလုံးတွင် တပ်ဆင်မည်ဖြစ်ပြီး လက်ရှိတွင် YUPT ကုမ္ပဏီ ယာဉ်လိုင်း ၂၄ လိုင်း၊ YBPC ကုမ္ပဏီ ယာဉ်လိုင်း ၁၄ လိုင်း၊ ဗန္ဓုလကုမ္ပဏီ ယာဉ် လိုင်းကိုးလိုင်းနှင့် လူထုမိတ်ဆွေ ကုမ္ပဏီ ယာဉ်လိုင်းခြောက်လိုင်း တို့၌ တပ်ဆင်လျက်ရှိသည်။
YBS ခရီးစဉ် လမ်းကြောင်းပြလမ်းညွှန်မြေပုံကို App ဖြင့်လည်း အလွယ်တကူကြည့်ရှုနိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
လက်ရှိတွင်ရွှေတောင်ကုမ္ပဏီက ယာဉ်လိုင်း ခြောက်လိုင်း၊ ကုန်းဘောင် ရန်ကုန်ကုမ္ပဏီ ယာဉ်လိုင်းနှစ်လိုင်းနှင့် ပြည်စံသူ ကုမ္ပဏီ ယာဉ်လိုင်း ၁၀ လိုင်းတွင် လမ်းညွှန်မြေပုံများကို ဆက်လက် တပ်ဆင်သွားမည်ဖြစ်သည်။
အောင်မြင့်ဌေး(မြို့တော်သတင်း)
03/05/2024
အမြန်လမ်းသွား အဝေးပြေးခရီးသည်တင်ယာဉ်ကြီးများ တယ်လီမက်တစ်စနစ် တပ်ဆင်ရန်ပျက်ကွက်ပါက အရေးယူမည်
ရန်ကုန် မေ ၃
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် သွားလာနေကြသည့် အဝေးပြေးခရီးသည်တင် ယာဉ်ကြီးများအားလုံး တယ်လီမက်တစ် စနစ် မှတ်ပုံတင်တပ်ဆင်အသုံးပြုရမည်ဖြစ်ပြီး စနစ်တပ်ဆင်ရန် ပျက်ကွက်ခဲ့ပါက မေလမှစတင်ကာ ခရီးသည်တင်ယာဉ်လိုင်း များကို သတိပေးခြင်း၊ တားမြစ်ခြင်းနှင့် အရေးယူခြင်းများကိုပါ အဆင့်ဆင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
တယ်လီမက်တစ်စနစ်ကို အဝေးပြေးခရီးသည်တင်ယာဉ် ကြီးများအားလုံးတွင် တပ်ဆင်မှုကို Myanmar Millennium Group က တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး မေ ၁ ရက် အပြီး မဖြစ်မနေတပ်ဆင် အသုံးပြုကြရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါစနစ်ကို ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် အမှတ် (၀) မိုင်မှ (၃၃၆) မိုင်အတွင်း ဖြတ်သန်းသွားလာနေကြသည့် အဝေးပြေးခရီးသည်တင် ယာဉ်ကြီးများတွင် တပ်ဆင်အသုံးပြုရမည် ဖြစ်ပြီး ၎င်းယာဉ်ကြီးများ သွားလာနေမှုကို Command & Control Center မှ ၂၄ နာရီစောင့်ကြည့်နေမည်ဖြစ်ကာ သတ်မှတ် လမ်းကြောင်း၊ သတ်မှတ်မိုင်နှုန်းအတိုင်း မောင်းနှင်သွားလာမှု ရှိမရှိ စောင့်ကြည့်ခြင်းနှင့် ယာဉ်ကြီးများ အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာပါကလည်း စောင့်ကြည့်အကူအညီပေးမှုများ ပြုလုပ်နိုင်သည့်အတွက် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း စေရန် အထောက်အကူပြုစေမည်ဖြစ်သည်။
ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် ယခင်သွားလာနေသည့်၊ တယ်လီမက်တစ်စနစ်တပ်ဆင်ကုန်တင်ယာဉ်နှင့် အဝေးပြေး ခရီးသည်တင်ယာဉ်အစီးရေ ၆၀၀၀ ကျော်ရှိခဲ့သော်လည်း ယခုနှစ် ဧပြီလ တတိယပတ်အထိ အစီးရေ ၃၈၀၀ ကျော်သာရှိပြီး တယ်လီမက်တစ်စနစ် တပ်ဆင်သော ယာဉ်လျော့နည်းလာ ကြောင်း သိရသည်။
အောင်မြင့်ဌေး (မြို့တော်သတင်း)
29/04/2024
ယာဉ်မောင်းနေစဉ် ဆေးလိပ်သောက်ခြင်းနှင့် ဖုန်းပြောခြင်းပြုလုပ်သည့် YBS ယာဉ်မောင်းများအား တိုင်ကြားနိုင်
ရန်ကုန်၊ ဧပြီ ၂၉
ယာဉ်မောင်းနေစဉ် ဆေးလိပ်သောက်ခြင်းနှင့် ဖုန်းပြောခြင်းများ ပြုလုပ်သည့် YBS ယာဉ်မောင်းများအား တိုင်ကြားနိုင်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) မှသိရသည်။
ဆေးလိပ်သောက်ခြင်းသည် ကိုယ်တိုင်သာမက တစ်ဆင့်ခံရှူရှိုက် သူအထိပါ ကျန်းမာရေးထိခိုက်စေနိုင်သည့်အပြင် ယာဉ်မောင်းနေစဉ် ဖုန်းပြောခြင်းသည်လည်း အန္တရာယ်ဖြစ်လာနိုင်သည့်အတွက် ခရီးသည် များအနေဖြင့် ယင်းကိုတွေ့ရှိပါက ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။
YBS ယာဉ်မောင်းများကို ယာဉ်ပေါ်တွင် ဆေးလိပ်မသောက်ရန် ညွှန်ကြားထားပြီးဖြစ်ရာ ယင်းတို့အနေဖြင့် ဆေးလိပ်သောက်ခြင်း၊ ဖုန်းပြောခြင်းများ တိုင်ကြားခံရပါက သတ်မှတ်ဥပဒေအတိုင်းဒဏ်ကြေး ငွေသုံးသောင်းအထိ ဒဏ်ရိုက်ပေးဆောင်စေမည်ဖြစ်ကြောင်း သိရ သည်။
ဆက်သွယ်တိုင်ကြားရာတွင် ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) call centre 09-448147149 , 09-448147153 စသည့် Viber နံပါတ်များမှတစ်ဆင့် ဓာတ်ပုံနှင့်တကွ တိုင်ကြားနိုင်မည်ဖြစ်ကြောင်း သိရသည်။
(008)
25/01/2024
အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင်ပြေချောမွေ့စေရေးသဘာဝဓာတ်ငွေ့သုံး CNG မော်တော်ယာဉ်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
ရန်ကုန် ဇန်နဝါရီ ၂၄
အများပြည်သူ သယ်ယူ ပို့ဆောင်ရေးကဏ္ဍ ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် ပိုမိုအဆင်ပြေ ချောမွေ့စေရေးအတွက် သဘာဝ ဓာတ်ငွေ့သုံး CNG မော်တော် ယာဉ်များနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယမန် နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပရာ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီက တာဝန် ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီးက စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်၏ စက်သုံး ဆီလိုအပ်ချက်ကို အတတ်နိုင် ဆုံး ဖြည့်ဆည်းပေးနိုင်ရေး အတွက် ကြိုးပမ်းဆောင်ရွက် နေပြီး သဘာဝဓာတ်ငွေ့သုံး CNG မော်တော်ယာဉ်များအတွက် သဘာဝဓာတ်ငွေ့ ပိုမိုဖြည့်ဆည်း ပေးနိုင်ရန် ကုန်းတွင်း သဘာဝ ဓာတ်ငွေ့ တိုးမြှင့်ထုတ်လုပ်နိုင်ရေး စီမံချက်များ ချမှတ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ကုန်းတွင်း သဘာဝဓာတ်ငွေ့ တိုးမြှင့်ထုတ်လုပ် နိုင်လာသည်နှင့်အမျှ သယ်ယူ ပို့ဆောင်ရေးကဏ္ဍတွင် CNG ကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲ နိုင်ရန် စီမံဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယင်းသို့ စီမံ ဆောင်ရွက်ရာတွင် ခရီးသည် များ ဘေးကင်းလုံခြုံမှုရှိစေရေး၊ CNG ကို သက်သာသောဈေးနှုန်း ဖြင့် နိုင်ငံတော်က စီမံဆောင်ရွက် ပေးထားမှုများအပေါ်တွင် ပြည်သူ များ အကျိုးခံစားမှုရှိစေရေး၊ CNG ဝယ်ယူရာတွင် တန်းစီ စောင့်ဆိုင်းဝယ်ယူရမှု လျော့ကျ သွားစေရေး၊ CNG သည် စက်သုံး ဆီများနှင့်နှိုင်းယှဉ်ပါက သန့်ရှင်း သော စွမ်းအင်ဖြစ်ပြီး ပတ်ဝန်းကျင် ထိခိုက်ညစ်ညမ်းမှုကို လျှော့ချ နိုင်ရေးအတွက် နိုင်ငံတကာတွင် ကျယ်ပြန့်စွာ အသုံးပြုနေကြ သကဲ့သို့ မိမိတို့နိုင်ငံတွင်လည်း တိုးမြှင့်သုံးစွဲနိုင်ရေး၊ ယင်းရည်ရွယ် ချက်များကို အကောင်အထည် ဖော်ရာတွင် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် ဆောင်ရွက်နေမှုများ နှင့် သက်ဆိုင်ရာအဖွဲ့အစည်း များနှင့် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ကြစေရန် လိုပါ ကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်က သဘာဝ ဓာတ်ငွေ့ ထပ်မံဖြည့်ဆည်းပေး နိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များ အတိုင်း စနစ်တကျ လိုက်နာ ဆောင်ရွက်ရန် ပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်း ဒေသကြီး ပုဂ္ဂလိကသယ်ယူ ပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ တာဝန်ရှိသူများက အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍ ပိုမိုအဆင်ပြေ ချောမွေ့စေရေး အတွက် သဘာဝဓာတ်ငွေ့သုံး CNG မော်တော်ယာဉ်များ နှင့်ပတ်သက်၍ တင်ပြ ဆွေးနွေးကြရာ ပြည်ထောင်စု ဝန်ကြီးက စနစ်တကျ အကောင် အထည်ဖော်နိုင်ရေးအတွက် သတ်မှတ်စံချိန်စံညွှန်းများ ရေးဆွဲ ဆောင်ရွက်သွားကြရန်လိုကြောင်း နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်း ဖြေရှင်း ဆောင်ရွက်ပေးသည်။
သဘာဝဓာတ်ငွေ့သုံး CNG မော်တော်ယာဉ်များကို သယ်ယူ ပို့ဆောင်ရေးကဏ္ဍတွင် စနစ်ကျ စွာ အသုံးပြုနိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီး တို့ စဉ်ဆက်မပြတ် ထိတွေ့ကာ အောင်မြင်စွာ အကောင်အထည် ဖော် ဆောင်ရွက်မည့် အစီအမံ နှင့် အချိန်ဇယား ရေးဆွဲသွား မည်ဖြစ်သည်။
ဆန်းကျော်ဦး (ပြန်/ဆက်)
22/01/2024
YBS ယာဉ် ညအိပ်ရပ်နားကွင်း ၁၅ ကွင်း တည်ဆောက်သွားမည်
ရန်ကုန် ဇန်နဝါရီ ၂၁
ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသည့် YBS ခရီးသည်တင်ယာဉ် များ ညအိပ်ရပ်နားနိုင်ရန် ယာဉ်ရပ်ကွင်း ၁၅ ကွင်းကို ၂၀၂၄ ခုနှစ် အတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်သည်။
အဆိုပါ YBS ယာဉ် ညအိပ်ရပ်နားကွင်းများကို ၂၀၂၃ ခုနှစ်က မြို့နယ်ရှစ်ခုတွင် စတင်အကောင်အထည်ဖော်ဆောင်ခဲ့ပြီး လက်ရှိ တွင် ကျန်ရှိနေသော ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အိုးအိမ်ဦးစီး ဌာနက ခွင့်ပြုချပေးထားသည့် သုခဒဂုံအိမ်ရာဝင်းရှိ ငါးဧက အကျယ်ရှိသော မြေပေါ်တွင်ဆောက်လုပ်လျက်ရှိသည်။
အဆိုပါ ယာဉ်ရပ်နားကွင်းများကို ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း) ၊ သာကေတ ၊ မြောက်ဥက္ကလာ၊ ရွှေပေါက်ကံ မြို့သစ် ၊ မင်္ဂလာဒုံ ၊ ထောက်ကြန့်နှင့်လှိုင်သာယာမြို့နယ်များတွင် တည်ဆောက်လျက်ရှိကြောင်း သိရသည်။
YBS ကားတွေ ညအိပ်ရပ်နားသည့်အခါ မြို့နယ်အလိုက်ပြေး ဆွဲလျက်ရှိသည့် ဂိတ်ရင်း၊ ဂိတ်ဖျားများရှိသည့် လမ်းပေါ်တွင် ညအိပ်ရပ်နားရသည့်အခါ ကားပစ္စည်းများ ဖြုတ်ခိုးခံရခြင်း ၊လမ်းပိတ် ခြင်းများရှိသည့်အတွက် YBS ယာဉ်များ ရပ်နားရန် ကားကွင်းတည် ဆောက်ရခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီက သိရသည်။
အောင်မြင့်ဌေး(မြို့တော်သတင်း)