Teletecnica / EnerSys - Myanmar

Teletecnica / EnerSys - Myanmar

Share

အရည်အသွေးပြည့်မှီသော ဥရောပထုတ် Battery Ban

•For Battery Charger, we offer
(1) “Teletecnica” Made in Italy.

•For Battery Bank, we offer “EnerSys” batteries as follow. (1) PowerSafe - SBS Eon
PowerSafe - V
(2) DataSafe - NPX
(3) Genesis - NP
(4) GAZ - KL...P
KM...P
KH...P
(5) Hoppecke

11/04/2022

#နှစ်သစ်ဆုမွန်ကောင်း

Photos from Teletecnica / EnerSys - Myanmar's post 12/01/2021

Our pleasure to deliver “EnerSys” PowerSafe V 6V155 Battery Banks.

28/11/2020

မြန်မာနိုင်ငံသူ၊ နိုင်ငံသား အားလုံး ကျန်းမာ၊ ပျော်ရွှင်သော တန်ဆောင်တိုင် ဖြစ်ပါစေကြောင်း Prime Unity Trading Co.,Ltd မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

08/11/2020

လျှပ်စစ်ဓာတ်အားပို့လွှတ်ဖြန့်ဖြူးရေးစနစ်မှာ ဓာတ်အားခွဲရုံကြီးတွေက အရေးအကြီးဆုံးနေရာက အလုပ်လုပ်ပေးနေရပါတယ်..။ သူတို့ရဲ့တာဝန်တွေဖြစ်တဲ့ ဗို့အား အနိမ့်အမြင့်ပြောင်းပေးခြင်း၊ လိုအပ်တဲ့နေရာသို့ လျှပ်စစ်ဓာတ်အားရောက်ရှိအောင် ဖြန့်ခွဲပို့လွှတ်ပေးခြင်း၊ သူတို့တာဝန်ယူထားတဲ့ ဧရိယာအတွက် လုံလောက်တဲ့ ဝန်အားကို သူတို့မှာတတ်ဆင်ပေးထားတဲ့ ထရမ်စဖော်မာက ထမ်းနိုင်တဲ့ဝန်အားအတိုင်းအတာအထိ လက်ခံရယူပေးခြင်း၊ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးရေးစနစ် အတွင်းမှာ အပြစ်ဖြစ်ပါက စနစ်ကျသောဓာတ်အားကာကွယ်ရေးစနစ်အဖြစ် တာဝန်ယူ ဆောင်ရွက်ရခြင်း စတဲ့ အဓိကတာဝန်ပေါင်းများစွာကို ထမ်းဆောင်နေကြရပါတယ်။
သူတို့တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်နိုင်စေရန်အတွက် စနစ်ကျတဲ့ substation protection and control system တစ်ခု ထည့်သွင်းတည်ဆောက်ထားရပါတယ်။ အဲဒီ system အတွက် အဓိက အကျဆုံး အစိတ်အပိုင်းကတော့ battery bank နဲ့ battery charger ပါဝင်တဲ့ DC power supply system လေးပဲ ဖြစ်ပါတယ်...။
သက်ရှိသတ္တဝါတိုင်းမှာ သွေးလှည့်ပတ်မှုကို စည်းချက်မှန်မှန်လှုပ်ရှားပြီး စက္ကန့်မလပ် တာဝန်ယူပေးနေတဲ့ နှလုံးသား တစ်စုံက တာဝန်ယူပေးထားတဲ့အတွက် အသက်ဆက် ရှင်သန်နေသလို ဓာတ်အားခွဲရုံတစ်ခုရဲဲ့ အသုံးဝင်မှုတန်ဘိုးကလည်း အမြဲတမ်း အဆင်သင့်ရှိရမဲ့ DC power supply system လို့ခေါ်တဲ့ အရည်အသွေးကောင်းတဲ့ battery charger နဲ့ battery bank တစ်စုံရှိမှ ပြီးပြည့်စုံမှာ ဖြစ်ပါတယ်...။

03/11/2020

TELETECNICA EnerSys
Battery Charger Battery
Made in Italy
GAZ
Battery
Made in Germany

24/09/2020

Stay Home ကာလအတွင်း
မိမိအိမ်တွင်သာ နေထိုင်ခြင်းဖြင့်
ကမ္ဘာ့ ကပ်ရောဂါ Covid 19 ကို
အတူတစ်ကွ ကာကွယ်တိုက်ထုတ်
ကြပါစို့။

ကမ္ဘာ ကမ္ဘာသားများအားလုံး ကျန်းမာချမ်းသာကြပါစေကြောင်း
Teletecnica / EnerSys Myanmar မိသားစု မှ ဆုမွန်ကောင်း တောင်းပေးအပ်ပါတယ်။

Photos from Teletecnica / EnerSys - Myanmar's post 07/09/2020

ဒီကနေ့တော့ လူကြီးမင်းတို့အတွက် UPS knowledge sharing လေး မျှဝေပေးပါရစေ...

ယနေ့ခေတ်တွင် အချိန်နှင့်တစ်ပြေးညီလုပ်ဆောင်ရသည့် IT အသုံးပြုမှုအလုပ်များ များပြားလာသည် နှင့်အမျှ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု လုံးဝမဖြစ်စေရမည့် Data Center များ၊ Server များ စသည့် IT လုပ်ငန်း နယ်ပယ်များမှာလည်း တဟုန်ထိုးတိုးတက်လာရာ UPS (Uninterruptable Power Supply) ၏အခန်းကဏ္ဍမှာ လည်းအလွန်အရေးပါလှပါသည်။ IT applications များလျှပ်စစ်မပြတ်တောက်ရေး၊ မီးအားမှန်ကန်စွာရရှိရေးနှင့် အခြားအနှောက်အယှက်အတားအဆီးများအား ကာကွယ်ရေးတို့အတွက် UPS ရွေးချယ်ရာတွင်လိုအပ်သော အခြေခံနည်းပညာ (၃) မျိုးအားလူကြီးမင်းတို့ ဗဟုသုတ ရစေရန် မျှဝေပေးလိုက်ပါသည်။

(1) Offline UPS (or) Standby UPS
Offline UPS သည်အရိုးရှင်းဆုံးနည်းပညာြဖစ်ပြီး ယေဘုယျအားဖြင့် အသေးစားအသုံးပြုမှုများ ဥပမာ- ကွန်ပျူတာ backup များ ၊ sensitive မဖြစ်သော လျှပ်စစ်ပစ္စည်းများ ၊ စသည်တို့တွင် အသုံးတည့်သည်။ ဤနည်းပညာတွင် နံပါတ် (၁) မီးပျက်သွားလျှင်သော်လည်းကောင်း၊ နံပါတ် (၂) မီးအားအတက်အကျဖြစ်၍ လုံလောက်သောမီးအား မရရှိလျှင်သော်လည်းကောင်း UPS သည် Normal Supply Mode မှ Battery Supply Mode သို့ ပြောင်းလဲ၍ လုပ်ဆောင်သည်။

(2) Line-interactive UPS
Line-interactive UPS သည် Offline UPS အား မီးအားထိမ်းညှိပေးသောပစ္စည်း (Voltage Regulator) တစ်ခုပို၍ တပ်ဆင်အသုံးပြုထားသောကြောင့် ယုံကြည်အားထားရမှု (Reliability) အဆင့်မြှင့်တင်ထားသော နည်း ပညာဖြစ်သည်။ ထိုသို့တပ်ဆင်ခြင်းအားဖြင့် ဤ UPS သည် မီးအားအတက်အကျ အတိုင်းအတာတစ်ခု ရှိလာလျှင် လည်း ထိန်းညှိပေး၍ မိမိတို့၏လျှပ်စစ်ပစ္စည်းများအား ဆက်လက်ထောက်ပံ့ပေးနေနိုင်သည်။ ထို့ကြောင့် မီးအားအတက်အကျ အကြိမ်ရေများသော နေရာများတွင် ဤနည်းပညာသည် အသုံးပြုရန်သင့်လျှော်ပြီး UPS သည်လည်း Normal Supply Mode မှ Battery Supply Mode သို့မကြာခဏ ပြောင်းလဲလုပ်ဆောင် ရန်မလိုအပ်သောကြောင့် Battery Bank များ၏သက်တမ်းမှာလဲ Offline Mode ထက် ပိုမိုကြာရှည်ခံမည် ဖြစ်ပါသည်။ Line-Interactive UPS များအား Small Server များ၊ Data Storage Center များနှင့် မီးအားအတက်အကျထိန်းညှိလိုသော Network Applicarions များအတွက် ရည်ရွယ်ပါသည်။

(3) Online UPS
Online UPS သည် Protection နှင့် Reliability ပိုင်းတွင် အဆင့်အမြင့်ဆုံးထောက်ပံ့ပေးသောနည်းပညာ ဖြစ်သည်။ Main Power Supply ပျက်တောက်သွားခဲ့လျှင် Normal Supply Mode မှ UPS Supply Mode အကြားပြောင်းလဲရာတွင်လည်း (0~12) millisecond အတွင်းပြောင်းလဲပေးနိုင်သောကြောင့် Sensitive ဖြစ်သော IT applications များအတွက် Backup Power Supply ရွေးချယ်ရာတွင် အထူးသင့်လျှော်သော နည်းပညာပဲဖြစ်ပါ သည်။

26/08/2020

မိဘပြည်သူအားလုံး Covid-19 ကပ်ရောဂါအန္တရာယ်မှ အမြန်ဆုံးကင်းဝေးပါစေကြောင်း Teletecnica / EnerSys - Myanmar မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

Photos from Teletecnica / EnerSys - Myanmar's post 24/08/2020

"Teletecnica" Made in Italy
We proudly supply Uninterruptable Power Supply(UPS) from oversea for your industrial usage as your inquiry.

Photos from Teletecnica / EnerSys - Myanmar's post 19/08/2020

We are proudly supplied 220Vdc, 50A
"Teletecnica" Battery Charger and series GAZ Ni-Cd Battery, "Enersys" to
No.4 Fertilizer Factory (Myaungtagar), under Myanmar Petrolchemical Enterprise (MPE) in Hmawbi Township, Yangon.

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Bdg. A-7, Room No. 002, Ground Floor, Shwe Kabar Housing, Mindama Road, Mayangone Tsp
Yangon
11062

Opening Hours

Monday 08:30 - 17:00
Tuesday 08:30 - 17:00
Wednesday 08:30 - 17:00
Thursday 08:30 - 17:00
Friday 08:30 - 17:00