Moe Thee hospital

Moe Thee hospital

Share

Our mission is to provide a comprehensive cost effective health care delivery system.

For the convenience of our patients, a wide range of services are made easily accessible within the complex, making this a one stop Hospital.

04/11/2025

သာမညဖလ အခါတော်နေ့ 🌕 တန်ဆောင်မုန်းလပြည့်🌕နေ့မှာ ချစ်ရတဲ့သူများနဲ့ မိသားစုအားလုံး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာ ပြီး ချစ်ခြင်းမေတ္တာ၊ နွေးထွေးမှုများ ပြည့်ဝကာ၊ ရောဂါဘယ ကင်းဝေးပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်။ ✨
🙏 🙏 🙏

06/10/2025

🙏 ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယမှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်… 🙏

05/09/2025

✨သွေးတွင်း ကိုလက်စထရောများတာက မကောင်းမှန်းတော့သိတယ်။ ဘယ်လို နောက်ဆက်တွဲကျန်းမာရေးဆိုးကျိုးတွေ ဖြစ်စေသလဲ၊ ဘာတွေက များစေတာလဲ၊ ဘယ်လိုကာကွယ်ရမလဲ .. ဆိုတာရော သိကြပြီလား? 🤔🤔🤔

ကိုလက်စထရောလို့ခေါ်တဲ့ သွေးတွင်းအဆီဓာတ်တွေဟာ ခန္ဓာကိုယ်မှာ ရှိသင့်တဲ့ ပမာဏထက်များလာတဲ့အခါ သွေးကြောနံရံတွေမှာ ပိတ်ဆို့သွေးကြောကျဉ်းစေ၊ ပိတ်စေပြီး သွေးစီးဆင်းမှုကို အနှောင့်အယှက်ပေးတာဖြစ်ပါတယ်။ အထူးသဖြင့် ဦးနှောက်သွေးကြောတွေမှာ ပိတ်ပြီး လေဖြတ်လေဖြန်းခြင်း၊ နှလုံးသွေးကြောတွေမှာ ပိတ်တဲ့အခါ နှလုံးရောဂါတွေဖြစ်ပြီး အသက်အန္တရာယ် ထိခိုက်နိုင်ပါတယ်။

သွေးတွင်း ကိုလက်စထရောပမာဏများခြင်းဟာ ဟော်မုန်းပြဿနာ၊ မွေးရာပါအခြေအနေအချို့မှလွဲပြီး များသောအားဖြင့် အစားအသောက်၊ လူနေမှုဘဝတွေနဲ့ တိုက်ရိုက် ဆက်စပ်နေပါတယ်။
ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း၊ ဆေးလိပ်နဲ့ အရက်သောက်သုံးခြင်း၊ အသင့်စားတာရှည်ခံအစားအစာများ၊ တိရိစ္ဆာန်အဆီ၊ ကလီစာများ၊ ဥအမျိုးမျိုးရဲ့အနှစ်တို့ စားသုံးခြင်းတို့ဟာ ကိုလက်စထရောများစေတဲ့ အဓိက အကြောင်းတွေဖြစ်ပါတယ်...

👉အစားအသောက်ချင့်ချိန်ဆင်ခြင်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ လူနေမှုဘဝပုံစံပြောင်းလဲနေထိုင်ရင်း သွေးတွင်းကိုလက်စထရောလျှော့ချကာ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ကာကွယ်နိုင်ပါတယ်။
နာတာရှည်ရောဂါဆိုးတွေ ကင်းဝေးပြီး စိတ်သွားတိုင်းကိုယ်ပါ ကျန်းမာနေစေဖို့ မိမိကိုယ်ကို ဂရုစိုက်ခြင်းဖြင့် ကြိုတင်ကာကွယ်လိုက်ရအောင်...💚💚💚

08/08/2025

✨📣URGENTLY HIRING 📣✨
မိုးသီးဆေးရုံးမှ Night Duties အတွက် အောက်ပါ position များကို အမြန်ဆုံး ခေါ်ယူလျက်ရှိနေပါတယ်...
✅ Cashier x (2)
✅ Reception x (2)
✅ HCA x (3)
✅ Cleaner x (2)

👉 စိတ်ပါဝင်စားသူများ [email protected],
Viber No: 09420221773 (သို့မဟုတ်)
MoeThee ဆေးရုံ Reception သို့ CV များ ပေးပို့ပြီး အမြန်ဆုံး ဆက်သွယ်လျှောက်ထားနိုင်ပါပြီ...

☎️ 09420221773

05/08/2025

🛎📩HIRING 📩🛎

NURSE AID ကို စိတ်ဝင်စားတဲ့သူတွေအတွက် မိုးသီးဆေးရုံးမှခေါ်ယူနေတဲ့ Vacant Position…📩📩📩

✅NURSE AID x (10) posts (ကျား/မ)

စိတ်ပါဝင်စားသူများ
🔹[email protected],
🔹Viber No: 09895925122
🔹MoeThee ဆေးရုံ Reception သို့ CV များ ပေးပို့ပြီး
အမြန်ဆုံး ဆက်သွယ်လျှောက်ထားနိုင်ပါပြီ... 🥰

☎️09895925122

01/08/2025

🔔မကြာခင်မှာ မိုးသီးဆေးရုံကနေ ထပ်မံမိတ်ဆက်ပေးမယ့် အဆင့်မြင့်နည်းပညာနဲ့ X-ray စက်က ဘယ်လိုဖြစ်မလဲ...⁉️
မိတ်ဆွေတို့ရဲ့ ကျန်းမာရေးအတွက် အကောင်းဆုံးဝန်ဆောင်မှုတွေနဲ့ နိုင်ငံတကာ စံနှုန်းမြင့်နည်းပညာတွေကိုယူဆောင်လာမယ့် .... ✨💫 🤩🤩🤩
➡️ Stay Tuned! ⬅️

🟢COMING SOON🟢

18/07/2025

🛎 နောက်ထပ် အဆင့်မြင့် နည်းပညာတွေ၊ နိုင်ငံတကာစံချိန်စံညွှန်းမြင့် စက်ပစ္စည်းနဲ့အတူ မိုးသီးဆေးရုံကနေ မကြာခင်မှာ ထပ်မံမိတ်ဆက်ကျန်းမာရေးဝန်ဆောင်မှုပေးမယ့်.... ⁉️⁉️⁉️
✨Stay Tuned!✨

🟢COMING SOON🟢

18/07/2025

📣📩WE ARE HIRING📩 📣

မိုးသီးဆေးရုံးမှ အောက်ပါ position များကို ခေါ်ယူလျက်ရှိနေပါတယ်...

✅ Healthcare Assistant x (10)
✅ Cleaner x (5)

စိတ်ပါဝင်စားသူများ [email protected] (သို့မဟုတ်) MoeThee ဆေးရုံ Reception သို့ CV များ ပေးပို့ပြီး အမြန်ဆုံး ဆက်သွယ်လျှောက်ထားနိုင်ပါပြီ...😊
☎️095000948

09/07/2025

✨ဝါဆိုလပြည့် ဓမ္မစကြာအခါတော် နေ့ထူးနေ့မြတ်တွင် တရားဘာဝနာပွားများ ကုသိုလ်ယူနိုင်ကြပြီး ကိုယ်စိတ်နှလုံးအေးချမ်းကာ ဘေးဘယာကင်းဝေးကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်…
🙏🙏🙏

09/06/2025

စိတ်ဖိစီးမှု (Stress) တွေကို ဘယ်လိုလျှော့ချကြမလဲ? 😣🧘‍♀️

လူတိုင်းဟာ 💼အလုပ်ခွင်မှာ၊ 📚ကျောင်းမှာ၊ 🏠နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှုတွေ အနည်းနဲ့အများ ခံစားကြရပါတယ်...
စိတ်ဖိစီးမှုတွေများလာတဲ့အခါ 😫ပင်ပန်းနွမ်းနယ်ခြင်း၊ 😵‍💫အိပ်ရေးပျက်ခြင်း၊ 😡စိတ်တိုလွယ်ခြင်း၊ 🤯အာရုံစူးစိုက်မှုအားနည်းခြင်းတို့နဲ့အတူ မိမိကိုယ်တိုင်ကိုရော ထိတွေ့ဆက်ဆံနေရတဲ့ ပတ်ဝန်းကျင်ကလူတွေအတွက်ပါ 👥ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်...

ဟန်ချက်ညီမျှ ပျော်ရွှင်ရတဲ့ လူနေမှုဘဝရနိုင်ဖို့ စိတ်ဖိစီးမှုတွေကို ကိုင်တွယ်ဖြေရှင်းလို့ရတဲ့ နည်းလမ်းအချို့က...
✅ ကိုယ်ပိုင်အချိန်တစ်ခုသတ်မှတ်ပြီး အနားယူပါ… 🛌🌿
✅ တရားထိုင်ပါ။ စိတ်ကိုစုစည်းပြီး ဝင်လေ ထွက်လေမှတ်ပါ… 🧘‍♂️🌬️
✅ နေ့စဉ် မိနစ် (၃၀)ခန့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ်ပါ… 🏃‍♀️🤸‍♂️
✅ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေကို အစာအုပ်စု စုံလင်စွာ ရွေးချယ်စားသုံးပါ… 🥗🍎🥑
✅ လုံလောက်စွာ အိပ်စက်အနားယူပါ… 😴🛏️
✅ အချိန်နဲ့ လုပ်ငန်းဆောင်တာများကို စနစ်တကျ စီမံခန့်ခွဲပါ … 📅🗂️
✅ ချစ်ခင်ရသူတွေကို အချိန်ပေးပါ… 💕👨‍👩‍👧‍👦
✅ စိတ်ဖိစီးမှုဖြစ်စေတဲ့ ပြဿနာတွေကို ရှောင်လွှဲမယ့်အစား ရင်ဆိုင်ဖြေရှင်းပါ… 💪🧠
✅ စိတ်ဖိစီးမှုကြောင့် ကျန်းမာရေးထိခိုက်လာတယ်ဆိုရင် ကျွမ်းကျင်သူတွေဆီမှာ အကြံယူဆွေးနွေးပါ… 🩺👩‍⚕️🧑‍⚕️

😌 စိတ်ဖိစီးမှုနည်းခြင်းက စိတ်ရော ကိုယ်ပါကျန်းမာစေတာပဲမို့ ကိုယ့်ကိုယ်ကိုချစ်ပေးရင်း စိတ်ဖိစီးရတဲ့ ပြဿနာတွေကို အလေးအနက်ထား ကိုင်တွယ်ဖြေရှင်းဖို့ မမေ့ပါနဲ့နော်…
✨💖 ✨

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address


238/239/240, Yamonenar Road, Zayar Thiri Ward, Daw Pon Township
Yangon
11241