01-02-2021.org

01-02-2021.org

Share

We are from Myanmar,we facing military coup since 01-02-2021. We listed about of military terrorist.

07/09/2021

Breaking News: မန္တလေးတောင်ခြေ စကစတပ်ကို လက်ပစ်ဗုံးပစ်ထဲ့ စစ်သား ၂ဦးသေ ဒဏ်ရာရသူများပြား
----------------------
မန္တလေးတောင်ခြေတွင် တပ်စွဲထားသော အမှတ် (၉၅) တပ်ရင်းမှာ ယနေ့ ည၆နာ ရီအကျော်က လက်ဗစ်ဗုံးနဲ့ဗစ်ခံခဲ့ရပြီး တပ်တွင်းမှာရှိသည့် စစ်သား နှစ်ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများရှိကြောင်းသိရသည်။

စစ်တပ်အတွင်းက ပြန်လည်ပစ်ခတ်မှုကြောင့်လက်ဗစ်ဗုံးနှင့်လာပစ်သူများထဲမှ လူငယ်တစ်ဦးသေနတ်ကျည်ဆံထိမှန်ခဲ့ကြောင်း သိရသည်။

မနေ့ကလည်း အမရပူရမြို့မှာမှာ စစ်တပ်ယာဉ်တန်း မိုင်းဆွဲခံရပြီး စစ်သား များဒဏ်ရာရခဲ့သလို မနော်ရမံဥယျာဉ်ရှေ့ကင်းစောင့်နေသော ရဲတစ်ဦးလည်း လက်ပစ်ဗုံးနဲ့ အပစ်ခံရသောကြောင့်ခြေထောက်တစ်ဖက် အပြင်းအထန်ထိခို က်ဒဏ်ရာရရှိခဲ့သည်။

07/09/2021

ကရင်နီတပ်ဖွဲ့ဝင်များ ဒီးမော့ဆိုရဲစခန်းအား တိုက်သိမ်းဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၇

ကယားပြည်နယ် (ကရင်နီပြည်) ဒီးမော့ဆိုမြို့ရှိ ရဲစခန်းအား ကရင်နီပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ဒေသရင်းမြစ်များထံမှ သိရသည်။

အဆိုပါ ရဲစခန်းအား ကရင်နီပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းရှိ၊ မရှိ ရန်ကုန်ခေတ်သစ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ကရင်နီပြည် လွိုင်ကော်-ဒီးမော့ဆို လမ်းတလျှောက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များ ယနေ့ ညနေပိုင်းမှစတင်၍ တိုက်ပွဲများဖြစ်ပွားနေပြီး ဒေါပိုးစီ၊ စံပြ ၆ မိုင်၊ ဒေါငံခါးရှိ နေအိမ်အချို့ စစ်ကောင်စီမှ ပစ်ခတ်သော လက်နက်ကြီးကျည်ဆံ ထိမှန်ပြီး ပျက်စီးခဲ့သည်။

ယနေ့ ညနေပိုင်းတွင် ဒေါပိုးစီ ကျေးရွာတွင် ဝင်ရောက်တပ်စွဲသော အင်အား ၂၀၀ ခန့်ပါရှိသည့် စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ပြီး ယနေ့ည ၇ နာရီခန့်အထိ တိုက်ပွဲများ တောက်လျှောက်ဖြစ်ပွားနေခဲ့သည်။

Photos from 01-02-2021.org's post 07/09/2021

ပုလောPDFတွေကိုဖမ်းဆီးရန်လာတဲ့ စကစတပ်တွေ ဗိုလ်အဆင့်ရှိအပြင် ၄ဦးကျကာ ၃၀ဦးဒဏ်ရာရပြီး ပြန်လည်ဆုတ်ခွာသွားပြီ

ပုလော၊စက်တင်ဘာ ၇

ပုလောမြို့ရှိ KNUတပ်မဟာ၎တိုက်ပွဲအတွင်း စကစဘက်က ဗိုလ်အဆင့်ရှိ တစ်ဦးအပါအဝင် ၄ဦးကျ၊၃၀ဦးပြင်းစွာဒဏ်ရာရပြီးနောက် စကစတပ်တွေ အပြီးသတ်စွန့်ခွာသွားခဲ့ပြီးဖြစ်ပါတယ်။

ပုလောမြို့ကလူငယ်တွေအများဆုံးပါဝင်တဲ့ ပုလောPDFလူငယ်တွေဖမ်းဆီးဖို့လာတဲ့ စကစတွေဟာ ယနေ့မနက် ၇နာရီကစတင်ပြီး တပ်မဟာ ၄၊တပ်ရင်း၇၊တပ်ခွဲ ၂ကိုဝိုင်းကာ အင်အားပြခြိမ်းခြောက်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဗိုလ်ကြီးဇော်ထွန်း ဦးဆောင်တဲ့ KNUတပ်မဟာ ၄၊တပ်ရင်း ၇၊တပ်ခွဲ ၂၊NUGမူဝါဒနဲ့အညီ သင်တန်းတက်ရောက်ထားသော PDFနဲ့ ပုလောဒေသခံ မဟာမိတ်အဖွဲ့တွေပါဝင်တဲ့ PRDF(Palaw Regional Defence Forces)တို့ နဲ့ အကြမ်းဖက် စကစ တပ်ဖွဲ့ဝင်တို့ ယနေ့မနက် ၈နာရီ ၅မိနစ်ကစတင်ကာ တိုက်ပွဲလေးကြိမ်၊ထိတွေ့မှု ၁၃ကြိမ်ဖြစ်ပွားခဲ့ပြီး ယနေ့ညနေ ၆နာရီမှာ စကစသို့ အထိနာပြီး တပ်ပြန်ဆုတ်သွားခဲ့ပါတယ်။

တပ်ပြန်ဆုတ်ရာမှာ KNUနယ်မြေထဲက အပြီးအပိုင် စွန့်ခွာသွားတာဖြစ်ပြီး NUGမူဝါဒနဲ့ လျောက်လှမ်းနေတဲ့ PDFအဖွဲ့ဝင်တစ်ယောက်သာ ဘယ်ဘက်နားရွက် ကျည်ပွတ်ထိမှုဖြစ်ပွားခဲ့တာက လွဲပြီး ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ကြောင်း WAEမှ အတည်ပြုလိုက်ပါတယ်။

WAE 01
Photo WAE 01

07/09/2021

ကယားပြည်နယ်‌ ဒေါပိုးစီကျေးရွာအနီး KNDF နှင့် စစ်ကောင်စီ တို့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၇

ကယားပြည်နယ် လွိုင်ကော်နှင့် ဒီမော့ဆိုမြို့နယ်ကြားရှိ ‌ဒေါပိုးစီကျေးရွာအနီးတွင် ယနေ့ စက်တင်ဘာလ ၇ ရက်နေ့ ၅နာရီ ဝန်းကျင်တွင် အကြမ်းဖက် စစ်ကောင်စီနှင့် KNDF တို့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ ဦးသေဆုံးကြောင်း KNDF ထုတ်ပြန်ချက်အရ သိရသည်။

" ဒီမော့ဆိုမြို့နယ်၊ (၅) မိုင်နှင့် (၆) မိုင် အကြား၊ (၅း၀၀) နာရီဝန်းကျင်တွင် တိုက်ပွဲထံမှ ဖြစ်ပွားခဲ့ပါသည်။ ထိုတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီဖက်မှ (၄) ဉီးသေဆုံးခဲ့ပါသည်။ KNDF ဖက်မှ တစ်စုံတရာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းမရှိခဲ့ပါ" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်း ဒီမော့ဆိုနှင့် လွိုင်ကော်မြို့နယ်တို့တွင် အကြမ်းဖက် စစ်ကောင်စီတပ်များက စစ်အင်အားများ ဖြန့်ကျက်လျက်ရှိကာ ထို မြို့နယ်များတွင် တိုက်ပွဲများ ပြင်းထန်လာနိုင်ဖွယ်ရှိပြီး ပြည်သူများမှ လုံခြုံရေးအထူးသတိထားကြပါရန် အသိပေးထုတ်ပြန်အပ်ပါသည်ဟု ဖော်ပြထားသည်။

07/09/2021

CDM ဗိုလ်မှူး ၂ ဦး ဦးဆောင်​သော ပြည်သူ့စစ်သားအဖွဲ့က အကြမ်းဖက် စစ်ကောင်စီကို ​မြေပြင်တွင် တိုက်ခိုက်မည်

ရန်ကုန်၊ စက်တင်ဘာ ၇

ပြည်သူ့ဘက်​တော်သား CDM ဗိုလ်မှူး ၂ ဦး ဦးဆောင်သော ပြည်သူ့စစ်သားအဖွဲ့က စစ်ကောင်စီကို တိုက်ခိုက်မည်ဟု CDM စစ်သား / အရာရှိများဖြင့် ဖွဲ့စည်းထားသော ပြည်သူ့စစ်သားအဖွဲ့ ( People’s Soldiers)က ကြေညာသည်။

"ပြည်သူ့ဗိုလ်မှူးများဖြစ်တဲ့ ဗိုလ်မှူး ညွှန့်နိုင် ၊ Major 48 တို့မှ ပြည်သူ့စစ်သားအဖွဲ့ကို ဦးဆောင်ပြီး ပြည်သူနဲ့အတူမြေပြင်တွင် တိုက်ပွဲဝင်သွားမည်" ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

မကွေးနှင့် ချင်း နယ်စပ်တွင် စစ်ကောင်စီနှင့် ဒေသခံ ကာကွယ်ရေးအဖွဲ့များကြား တိုက်ပွဲဖြစ်၊ စ 07/09/2021

မကွေးနှင့် ချင်း နယ်စပ်တွင် စစ်ကောင်စီနှင့် ဒေသခံ ကာကွယ်ရေးအဖွဲ့များကြား တိုက်ပွဲဖြစ်၊ စစ်တပ်ဘက်က အကျအဆုံးများ

မကွေးနှင့် ချင်း နယ်စပ်တွင် စစ်ကောင်စီနှင့် ဒေသခံ ကာကွယ်ရေးအဖွဲ့များကြား တိုက်ပွဲဖြစ်၊ စ မကွေးတိုင်း၊ ဆောမြို့နယ်နှင့် ချင်းပြည်နယ် ကန်ပက်လက်နယ်အစပ်တွင် စစ်ကောင်စီ လက်နက်ကိုင်တပ်များနှင့် ဒေသကာ...

ကရင်နီဒေသတွင်းတိုက်ပွဲများတွင် အကျအဆုံးများနေသော စစ်ကောင်စီမှ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် 07/09/2021

ကရင်နီဒေသတွင်းတိုက်ပွဲများတွင် အကျအဆုံးများနေသော စစ်ကောင်စီမှ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်အား စစ်ဆင်ရေးတာဝန် ပေါ့လျော့မှုဖြင့် ဖမ်းဆီးထားဟုဆို

ကရင်နီဒေသတွင်းတိုက်ပွဲများတွင် အကျအဆုံးများနေသော စစ်ကောင်စီမှ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ကယားပြည်နယ် (ကရင်နီပြည်)အတွင်း အကြမ်းဖက်စစ်ကောင်စီနှင့် ကရင်နီကာကွယ်ရေးတပ်ဖွဲ့များကြားတိုက်ပွဲများတွင် စ...

05/05/2021

ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် ထူ​ထောင်​ပြီဟု NUG အစိုးရက ထုတ်ပြန်​ကြေညာ

ရန်ကုန်၊ ​မေ ၅

အမျိုးသားညီညွတ်​ရေးအစိုးရက ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် ယ​နေ့စတင်ထူ​ထောင်ပြီဟု တရားဝင်​ကြေညာသည်။

ဖက်ဒရယ်တပ်မတော်၏ ​ရှေ့ပြေးအမြူတေအဖြစ် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖွဲ့စည်းကြောင်း NUG အစိုးရ ကြေညာသည်။

အကြမ်းဖက်စစ်ကောင်စီသည် တရားဝင် ပြည်သူ့အစိုးရထံမှ နိုင်ငံတော်အာဏာကို အဓမ္မလုယက်ပြီး အစိုးရခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းထားရုံသာမက၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သော ပြည်သူများအား အကြမ်းဖက် နှိပ်စက်သတ်ဖြတ်ခြင်း၊ ထောင်သွင်းအကျဉ်းချခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီအရေး ကြိုးပမ်းလျက်ရှိသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် ပြည်သူများအပေါ် လေကြောင်းစစ်ဆင်မှု အပါအဝင် အင်အားအလွန်အကျွံအသုံးပြုကာ တိုက်ခိုက်ခြင်းကဲ့သို့သော စစ်ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိသည်ဟု ယနေ့ NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များသည် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် ပြည်သူလူထု၏ လူသားလုံခြုံရေး၊ လူသားဖြစ်တည်မှုအပေါ် တန်ဖိုးထားလေးစားရေးတို့ကို ဆောင်ရွက်ခြင်းမရှိဘဲ၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးနှောင့်ယှက် ဖျက်ဆီးလျက်ရှိသည့်အပြင်၊ တိုင်းပြည်၏ နိုင်ငံရေးဉီးတည်ချက်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကိုလည်း အဟန့်အတား ပြုလုပ်လျက်ရှိကြောင်း၊ ယင်းသို့သော အခြေအနေတွင် အမျိုးသားညီညွတ်ရေးအစိုးရသည် ပြည်သူများအပေါ် စစ်ကောင်စီ၏ အကြမ်းဖက်မှုများ၊ စစ်ရေးအရ ရန်လိုတိုက်ခိုက်မှုများကို ထိန်းချုပ်အဆုံးသတ်ခြင်းဖြင့် နှစ်ပေါင်း ခုနစ်ဆယ်ကျော် ဖြစ်ပွားနေသော ပြည်တွင်းစစ် ချုပ်ငြိမ်းရေး၊ ထိရောက်သော လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းနိုင်ရေးတို့ကို ဆောင်ရွက်ရန် တာဝန်ရှိလာသည်ဟုဆိုသည်။

ယင်းအတွက် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်၏ ရှေ့ပြေးအမြုတေအဖြစ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (People Defence Force) ကို ကာကွယ်ရေးဆိုင်ရာမူဝါဒနှင့်အညီ ၂၀၂၁ ခုနှစ်၊ မေလ ၅ ရက် တွင် တရားဝင် ဖွဲ့စည်းထူထောင်လိုက်သည်ဟုဆိုထားသည်။

23/03/2021
21/03/2021

နစက ကဒေါ်လာ (၂) သန်းနဲ့ငှားထားတဲ့ လော်ဘီသမား Ari Ben Menashe နှင့်
အင်တာဗျူးကိုစိတ်ဝင်စားသူတွေလေ့လာဖို့ ဘာသာပြန်ထားပါတယ်

ABM: တရားမျှတမှုမရှိတဲ့ရွေးကောက်ပွဲကြောင့်အစိုးရကိုဖယ်ရှားခဲ့ပါတယ်။ မြန်မာနိုင်ငံရွေးကောက်ပွဲမှာမသမာမှုတွေရှိခဲ့တယ် ဘာကြောင့်လဲဆိုတော့ လူနည်းစုတိုင်းရင်းသား တော်တော်များများကို DASSK ရဲ့ NLD ပါတီကတင်တဲ့ UEC က မဲပေးခွင့်မပေးခဲ့လို့ ...ပြီးတော့...အင်.....မြန်မာတပ်မတော်ကနိုင်ငံတော်ကိုထိန်းသိမ်းဖို့လိုလာပြီး သင့်တင့် လျောက်ပတ်တဲ့ရွေးကောက်ပွဲလုပ်ပေးဖို့နဲ့သင့်တင့်တဲ့အရပ်သားအစိုးရတင်မြောက်ပေးဖို့ လိုလာတယ်။

BBC : ရွှေးကောက်ပွဲမရှိပဲတင်မှာ?....(ရွေးကောက်ပွဲမရှိရင်) ဒါအာဏာသိမ်းတာမဟုတ်ဘူးလား?
ABM : မဟုတ်ဘူး...အရပ်သားအစိုးရဖွဲ့ပြီး နောက်အရပ်သားအစိုးရတစ်ရပ်ဖော်ဆောင်ပေးတာပါ။

BBC: ဘယ်မှာလဲ အဲ့အရပ်သားအစိုးရက?
ABM: ခုလက်ရှိ ဖွဲ့ထားပြီးပြီလေ....
BBC: အဲ့တာရွေးကောက်ခံလား?
ABM: မဟုတ်ဘူး..ဒါပေမယ့်ရွေးကောက်ခံအစိုးရဆီဦးတည်နေတာ...ရွေးကောက်ပွဲတစ်ခုလုပ်ပေး မှာ....အဲ့ရွေးကောက်ပွဲမှာမြန်မာနိုင်ငံကလူတိုင်းမဲပေးခွင့်ရမယ်..လူနည်းစု (တိုင်းရင်းသားတွေ) လည်းပါမယ်။

BBC: ဒါပဲမဟုတ်လား..ရွေးကောက်ခံမဟုတ်ပဲတပ်ကဖွဲ့လိုက်တဲ့အစိုးရပဲမလား ...ဆိုတော့ တပ်ကအာဏာသိမ်းလိုက်တာပဲပေါ့။
ABM: ဟုတ်တယ်.... မျှတတဲ့ရွေးကောက်ပွဲတစ်ရပ်လုပ်ပေးဖို့ .. သူတို့ကရွေးကောက်ခံမဟုတ်တဲ့ အရပ်သားအစိုးရကိုဖွဲ့လိုက်တာ….မျှတတဲ့ရွေးကောက်ပွဲဖန်တီးပေးဖို့

BBC: အဲ့တာ ပွင့်ပွင့်လင်းလင်းပြောရရင် အိုဝဲလီယန် (Orwellian)ဖြစ်တာပေါ့ ....(လာဝင်ရူပ်နေတာပေါ့) (Orwellian ဆိုသည်မှာ George Owell ၏1984 ၀တုထဲမှ ပေါ်ပေါက်လာ သောစကားလုံးဖြစ်ပြီး အစိုးရကပြည်သူတွေရဲ့နေ့ စဉ်ဘ၀တွေကိုဝင်ရောက်စွပ်ဖက်မှုကိုရည်ညွှန်းသည်)

ABM: မသမာတဲ့ရွေးကောက်ပွဲတစ်ခုဖြစ်ခဲ့တယ်....စစ်တပ်က စစ်မှန်တဲ့ရွေးကောက်ပွဲလုပ် ပေးဖို့ကြိုးစားနေတာ...လူနည်းစု(တိုင်းရင်းသား)တွေအားလုံးပါဝင်တဲ့ရွေးကောက်ပွဲလုပ်ပေးမှာ...(ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ .NLD run UEC က ခွင့်မပြုပေးခဲ့တဲ့အတွက်မဲပေးခွင့်မရခဲ့တဲ့ လူက ၁၀ သန်းလောက်နော်..
BBC: ကောင်းပြီ.... အမေရိကန်အခြေစိုက်ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ ကာတာ စင်တာ...အစရှိတဲ့အဖွဲ့တွေရဲ့ကနဦးအစီရင်ခံစာမှာပြောတာတော့ ပိုပြီး ထိရောက်ဖို့ဆို ပြုပြင်ပြောင်းလဲစရာတွေရှိခဲ့ တယ်...အားလုံးပါဝင်ဖို့လိုအပ်တယ်ဆိုတာပြောထားသလို ...၈၆% သောအမတ်နေရာတွေအတွက်တော့ပြည်သူက NLD ကိုမဲပေးလိုက်တယ်လို့ပြောပါတယ် ....
ခင်ဗျားက ရွေးကောက်ပွဲမှာ စစ်တပ်ရဲ့ပါတီကနိုင်ခဲ့တယ်လို့ပြောချင်တာလား?

ABM: မဟုတ်ဘူး....sorry ...ငါပြောနေတာက..၈၆%ကNLD ကိုမဲပေးလိုက်တာမှန်တယ်.ဒါပေမယ့် ဒီလူတွေကရန်ကုန် တို့မန်းလေးတို့ကလူတွေပဲ လူနည်းစုတိုင်းရင်းသားတွေဟာမဲပေးခွင့်မရခဲ့ဘူး။ ပြည်သူလူထုရဲ့ ၄၀% လောက်မဲပေးခွင့်မရခဲ့တာရှိတယ်။
BBC: ကောင်းပြီ...အရပ်သားအစိုးရဖွဲ့တဲ့အခါ တပ်ကအခုဖွဲ့ထားတဲ့ စစ်အစိုးရထဲကဘယ်သူတွေပြန်ပါလာဦးမှာလဲ?
ABM: ငါလည်း အတိအကျ မသိသေးဘူး....သူတို့အရပ်သားအစိုးရပေါ်လာဖို့လုပ်နေပါတယ်..ဘယ် သူတွေဆက်ပါလာမလဲ သူတို့လည်းမဆုံးဖြတ်ရသေးပါဘူး။ they are trying to put the best people. ရွေးကောက်ပွဲဆက်လုပ်နိုင်ဖို့လည်း အတော်ဆုံးဆိုတဲ့လူ တွေထည့်သွင်းဖို့ကြိုးစားနေပါတယ်။

BBC: လမ်းပေါ်မှာထောင်နဲ့ချီတဲ့...သောင်းနဲ့ချည်တဲ့လူတွေဟာ Feb 1 ရက်နေ့ စစ်တပ်ကအာဏာသိမ်းကတည်းက လမ်းပေါ်ထွက်လာကြတယ်..သေချာတယ်သူတို့ဟာ
ဖြစ်ပျက်ခဲ့တာတွေကိုမကျေနပ်လို့ထွက်လာတာပဲ...သူတို့ကို (တပ်က) မယုံနိုင်လောက်တဲ့ အကြမ်းဖက်မှုမျိုးနဲ့ ကိုင်တွယ်ခဲ့တယ် ....လူ (၂၀၀)လောက်အသတ်ခံရပြီးအဲ့ဒီထဲမှာ..လူငယ်တွေ...အရွယ်ရောက်ပြီးခါစလူတွေနဲ့...ဆယ်ကျော်သက် ကလေးလေးတွေတောင်ပါသေးတယ်။ ဒါဘာကြောင့်လုပ်ရပါတယ်ဆိုတာအကြောင်းပြချက် ကိုမရှိသင့်ဘူးမလား (justified လုပ်လို့မရဘူးမလား...)


ABM: မရှိသင့်ဘူး....လူသတ်ခြင်းအတွက်ဘယ်လိုဖြေရှင်းချက် အကြောင်းပြချက်မှ ပေးလို့မရပါဘူး (ဘာအကြောင်းပြချက်နဲ့မ လူတစ်ဦးတစ်ယောက်ကိုသတ်လို့မရဘူး)...ဒါပေမယ့် ဆန်ဒပြလူအချို့က အကြမ်းဖက်ကြတယ်...လူတစ်ယောက်ကမင်းအိမ်ကိုလာမီးရွိ့ရင် ..မင်းလည်း ပစ် ကောင်းပစ်မိမှာပဲမလား...။

BBC: ခဏနေပါဦး လေးစားစွာနဲ့မေးပါရစေ....မင်းလည်းပုံတွေတွေ့တယ်...ငါတို့လည်းတွေ့တယ်...တစ်ကမာလုံးကိုပျံ့နှံ့လာတဲ့ ဓာတ်ပုံတွေကို တပ်က ကွယ်ဝှက်ဖွက်ထားလို့မရပါဘူး....(ABM ဖြတ်ပြော)
ABM: မဟုတ်ဘူး...မဟုတ်ဘူး.....
BBC: လူငယ်တွေက ငြိမ်းချမ်းစွာနဲ့ လမ်းမပေါ်ထွက်လာတယ် သူတို့အမြင်တွေ ဖော်ပြကြတယ် ..
ABM: ကောင်းပြီ..သူတို့ထဲကတစ်ချို့က.......(BBC ဖြတ်ပြော...)
BBC: (ပုံတွေထဲမှာ)တွေ့နေတာပဲ မီးမရွိ့မတိုက်ခိုက်တဲ့လူတွေကိုလည်း (တပ်က) ပစ်တာပဲလေ

ABM: လူတချို့ငြိမ်းငြိမ်းချမ်းချမ်းဆန်ဒပြကြတယ်ဆိုတာဟုတ်ပါတယ်..မှန်တယ်...ဒါပေမယ့် ရဲဘက်ကအကြမ်းဖက်မှုတွေလည်းရှိခဲ့တယ်...အဲ့တော့ ရဲတွေက...ငါပြန်ပြောမယ် ရဲတွေက ...စစ်တပ်က မဟုတ်ဘူး....တပ်နဲ့ရဲနဲ့မတူဘူး...ငြိမ်ချမ်းမှုနဲ့စိုးမိုးမှုရှိဖို့ထိန်းသိမ်းနေကြတာ...ယေဘုယအားဖြင့် ပြောရရင် အကြမ်းဖက်မှုအနည်းငယ်ပဲရှိခဲ့တာပါ။ မင်းမြင်ခဲ့တဲ့ပုံတွေဆိုတဲ့ အဲ့တာတွေဖြစ်မှာပါ။ အကြမ်းဖက်မှုအနည်းငယ်ပါ အများကြီးမဟုတ်ဘူး...ငါလည်းမြင်ပြီးပါပြီ။

BBC: အနည်းငယ်ပဲ ဆိုရင် ဘာလို့ သေဆုံးတဲ့သူက အနည်းဆုံး (၂၀၀) ကျော်ဖြစ်နေရတာလဲ? လုံခြုံရေးအဖွဲ့တွေရဲ့အသက်ခံရတာတွေက။

ABM: ငါမသိဘူး....အဲ့ကိန်းဂဏန်းက ငါ့အတွက်တော့များလွန်းတယ်ထင်တာပဲ...အတိအကျ လည်းငါမသိဘူး...ငါ တကယ် ကိုမသိဘူး...

BBC: ဒီလိုပြောနေတဲ့ သေဆုံးမှုပမာဏ ကိန်းဂဏန်းတွေကိုမယုံဘူးဆိုရင်လည်း နိုင်ငံတကာက လေ့လာစောင့်ကြည့်မယ့်သူတွေ၊ နိုင်ငံတကာသတင်းထောက်တွေကို ကိုယ်တိုင်ဝင်ကြည့်ခွင့် မပေးတာလဲ။

ABM: ငါတို့နိုင်ငံတကာသတင်းထောက်တွေကိုပြည်တွင်းကိုပေးဝင်ဖို့လုပ်နေပါတယ်။ ငါတို့....(BBC ဖြတ်ပြော)

BBC: အာဏာသိမ်းထားတာ (၆)ပတ်ရှိနေပြီ..လူတွေဝင်ခွင့်ပေးမယ်ဆိုပေးဖို့ ရှေ့မှာ အချိန်အများကြီးရှိခဲ့တာပဲ

ABM: အင်....မင်းသိထားဖို့ပြောရရင် လာမယ့် ရက်အနည်းငယ်အတွင်းပေးဝင်တော့မှာပါ (going to be done in the next few days ..just FYI)

BBC: အဲ့တာဆို နိုင်ငံတကာလေ့လာသူတွေနဲ့ နိုင်ငံတကာသတင်းထောက်တွေမကြာခင်ဝင်လာ ဖို့ ဖြစ်လာတော့မယ်ပေါ့....အဲ့လိုဆို သူတို့ကိုဘာတွေကြည့်ခွင့်လေ့လာခွင့်ပေးမှာလဲ

ABM: ဟ...မြန်မာနိုင်ငံကလမ်းမတွေပေါ့...ရန်ကုန်သွားလို့ရမယ်...သူတို့သွားချင်တဲ့နေရာတိုင်း သွားလို့ရမယ် သွားချင်ရာ လွတ်လွတ်လပ်လပ်သွားခွင့်ရမယ်....

BBC: ဘာတွေဖြစ်ခဲ့လဲဆိုတဲ့ကိစ တွေအပေါ်လူတွေအမြင်ပြောင်းဖို့ဆိုတာ အခုတော်တော်တောင်နောက်ကျနေပြီမဟုတ်လား..။

ABM: မှန်ပါတယ်....အမြင်တွေကတော့ကောင်းတဲ့အမြင်တွေမဟုတ်ဘူး...ဒါပေမယ့် ငါတို့ကတော့ ကမာကြီးကို အမှန်တရားတွေကြိုးစားပြီးလိုက်ရှင်းပြရမှာပဲ....ဒီအစိုးရရဲ့ ပြင်ပဆက်ဆံရေးအရည်အချင်းက အဲ့လောက်မကောင်းဘူးဆိုတာတော့ငါသဘောတူတယ်။

BBC: အေး...အဲ့တာကြောင့်ပဲ ခင်ဗျားကိုငှားထားတာပဲလေ ဟုတ်တယ်မလား..အဲ့တော့ သူတို့နဲ့မတူအောင် ခင်ဗျား ဘာဆက်လုပ်မလဲ (what are you going to do differently?)

ABM: ဘာမှမလုပ်ဘူး....ဘာတွေတကယ်ဖြစ်ခဲ့လဲဆိုတဲ့အမှန်တရားကိုပဲ ကမာကိုရှင်းပြမှာ
(nothing …just trying to explain to the world what really happened)

BBC: ဒါဆိုခင်ဗျားက ရွေးကောက်ပွဲကြီးက မတရားပါဘူး...တရားတဲ့ရွေးကောက်ပွဲမဟုတ်ပါဘူး ဆိုတာ သွားပြောမယ်ပေါ့....အဲ့နောက်ရော....ပြီးခဲ့တဲ့ ခြောက်ပတ် အတွင်းဖြစ်ပျက်ခဲ့တဲ့ အရာတွေရော....ခုဏ ငါပြောခဲ့သလို လူမှုကွန်ယက်မှာ လူတွေအများကြီးပြန် Share လုပ်ခဲ့တဲ့ ဗီဒီယိုမှတ်တမ်းတွေ...ဖြစ်ပျက်ခဲ့တာတွေကိုမကျေနပ်တဲ့အကြောင်းဆန္ဒဖော်ပြနေသူတွေကို အကြမ်းဖက် ကိုင်တွယ်ခဲ့တဲ့ ဇာတ်လမ်းတစ်ခုကိုဖော်ပြနေတယ်...အဲ့တာနဲ့ပတ်သတ်လို့ရော?

ABM: အင်း....ငါ တကယ်...တကယ် တောင်းဆိုပါတယ် လူတိုင်းကိုကြည့်စေချင် နားလည်စေချင် သိစေချင်တယ်...ရဲတွေက ကထိန်းသိမ်းဖို့ကြိုးစားရင်းပစ်ခတ်ခဲ့တာ တွေရှိတယ်...ဒါပေမယ့် ကျွန်တော်တို့က အခြေအနေတွေတည်ငြိမ်သွားအောင်ကြိုးစားပေးနေတာ။ လမ်းပေါ်မှာလူတွေထပ်ပြီးအပစ်မခံရဖို့ ကျွန်တော်လုပ်မှာပါ။

BBC: (ထပ်ပြီးအပစ်မခံရအောင်) ခင်ဗျားကဘယ်လိုလုပ်မှာလဲ?

ABM: အားလုံးကိုဖျော့င့်ဖျမယ် ...အစိုးရကိုဒီလိုပစ်ခက်မှုတွေဆက်မလုပ်ဖို့ တောင်းဆိုမယ် (Asking the government to stop shooting)

BBC: ကောင်းပြီလေ...ဒါဆိုခင်ဗျားရဲ့ PR လုပ်ငန်းရဲ့အလုပ်တစ်ခုက လမ်းပေါ်မှာဆန္ဒပြ နေတဲ့ လူတွေကို သေနက်နဲ့မပစ်ဖို့ ဒီအစိုးရကိုနားချဖို့လည်းပါတယ်ပေါ့...အဲ့လိုလား...

ABM: အခြေအနေတွေ တည်ငြိမ်သထက်တည်ငြိမ်ဖို့လည်းပါသေးတယ်။

BBC:ဒေါ်အောင်ဆန်းစုကြည်ရော...ငါတို့သူ့ကိုမမြင်ရတာတပ်ကအာဏာသိမ်းကတည်းကပဲ..ဒေါ်အောင်ဆန်းစုကြည်ကို ကမာ ကြီးကိုထုတ်ပြမလား

ABM: ဒါကတော့ (ဟိုလူတွေ) ပေါ်မှာပဲမူတည်...အင်...ငါတို့ဒါတော့ခုထိ ဆွေးနွေးထားတာမရှိသေးဘူး

BBC: မင်းတကယ်ကိုသူတို့ရဲ့ပုံရိပ်ကိုမြင့်တင်ပေးချင်ရင်တော့ ဒေါ်စုကိုထုတ်ပြတာ တော်တော် အကျိုးရှိမှာပဲ။ တော်တော်အထောက်အပံ့ဖြစ်မှာပဲ...မဟုတ်ဘူးလား။

ABM: ငါလည်းအဲ့လိုထင်ပါတယ်...လာမယ့်အပတ်တွေမှာ ဒါမှမဟုတ်လာမယ့်ရက်အနည်းငယ်မှာ ဘာတွေဆက်ဖြစ်မလဲကြည့်ကြတာပေါ့ .....

BBC: ဒါဆို ဒါဟာအရေးကြီးတဲ့ PR တစ်ခုဖြစ်သွားမယ်ဆိုတာ ခင်ဗျားသဘောတူတယ်ပေါ့..ဒေါ်စုကိုထုတ်ပြဖို့ ခင်ဗျားစစ်ဗိုလ်တွေကိုနားချ နိုင်မလား

ABM: သဘောတူတာပေါ့....အင်း...သေချာတာပေါ့...

BBC: ၀ေါကီတော်ကီတွေတင်သွင်းမှုဆိုတဲ့စွပ်စွဲချက်ကရော...ဒေါ်လာ (၆)သိန်းနဲ့ ရွှေ (၂၅) ပေါင် ရယူမှုဆိုတာတွေကရော ...အဲ့တာတွေကအခြေအမြစ်မရှိပါဘူး.အထောက်အထားလည်း မရှိဘူး ဟုတ်တယ်မလား...

ABM: ဒါတော့လုံးဝ မမှန်ပါဘူး...သူမ တရုတ်အစိုးရဆီကပိုက်ဆံတွေယူထားတာ တကယ်...သက်သေ အထောက်အထားတွေလည်းရှိတယ်။ သူ့သားလည်း တရုတ်နိုင်ငံအစိုးရ ဆီက ပိုက်ဆံတွေယူထားတယ်။ ဒါတွေကလုပ်ကြံဇာတ်လမ်းတွေမဟုတ်ဘူး။

BBC: ဒါတွေ ခင်ဗျားမှာ မှတ်တမ်းမှတ်ရာ စာရွက်စာတမ်းသက်သေတွေရှိတယ်ပေါ့...

ABM: ရှိတယ်...ဒါပေမယ့် ငါ့ဆီတော့မရှိဘူး အစိုးရဆီမှာရှိတယ်...တရားရုံးကိုတင်ပြလိမ့်မယ်။

BBC: လူတွေ မယုံမှာမဟုတ်ဘူးလေ...ဟုတ်တယ်မလား? ဒါကလုံးဝနိုင်ငံရေးအရလို့ပဲမြင်ကြမှာ..

ABM: ဒါတော့ငါသဘောမတူဘူး...သက်သေအစစ်တွေရှိတယ်..ပြီးတော့ရှင်းရဦးမယ့်အခြားပြသနာ တွေလည်းရှိသေးတယ်။ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေပြေးရတာလည်းသူ့ကြောင့်ပဲ The Hague မှာသွား ပြီးဒီကိစ္စကြီးကိုခုခံခဲ့တာလည်းသူပဲလေ။

BBC: အဲ့တာတွေအားလုံးကိုဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ကိုယ်စားသွားပေးခဲ့တာလေ... သူကိုပဲပုံချလို့မရဘူးလေ အဲ့အချိန်ကသူတို့ကတစ်ဖက်တည်းလေ။

ABM: sorry…သူမက နိုင်ငံတော်အကြီးအကဲလေ...အဲ့ဒီအချိန်က မြေပြင်တပ်မတော်သားတွေကို သူမကိုယ်တိုင်အမိန့်ပေးခဲ့တာ။ ဘာလို့ဒီလို.......(BBC ဖြတ်ပြော)

BBC: နေဦး သူမက နိုင်ငံတော်အကြီးအကဲ ဖြစ်ခွင့်မှ မရှိတာ.....စစ်တပ်ကဆွဲတဲ့အခြေခံဥပဒေအရ (ဒေါ်စု)က နိုင်ငံရဲ့အကြီးအကဲမ မဟုတ်တာ..သူက Defecto ပါ..အခြေခံဥပဒေကဒီလိုပဲပြဌာန်းထား လို့လေ

ABM: (ဒေါ်စုက) (ဒေါ်စု) ပါတီက သမတတစ်ယောက်တင်ခဲ့တာပဲ ..အဲ့သမတက နိုင်ငံတော်အကြီးအကဲ Head of the State ပဲလေ...ဒေါ်စုက သူ့ကိုထိန်းနေတာပဲ

BBC: ရိုဟင်ဂျာတွေကိုသတ်တဲ့ကိစ္စ ဒေါ်စုကိုယ်တိုင်အမိန့်ပေးခဲ့တယ်ဆိုတာ ခင်ဗျားအတည်ပြော နေတာပေါ့..ဒါဆို ဒီကိစ္စမှာစစ်တပ်က အပြစ်ကင်း သန့်ရှင်းတယ်ပေါ့။

ABM: အတည်ပြောနေတာ...ငါတကယ်အတည်ပြောတာ ....ငါတို့ကအစိုးရနဲ့ ၉၀ လောက်ကတည်းက အလုပ်လုပ်ခဲ့ဖူးတယ်...ဒါငါတို့အတွက်ထူးခြားတဲ့ကိစလည်းမဟုတ်ဘူး သိပြီးသားပဲ။ ဒေါ်စုရဲ့အမြင်က လူမျိုးစွဲရှိတယ်။ သူက မူဆလင်မုန်းတယ်။

BBC: ဒေါ်စု ရိုဟင်ဂျာကိစ္စကိုင်တွယ်ဖြေရှင်းပုံကိုဝဖေန်ခံရမှုက လူတိုင်းသိတယ် ၀ဖေန်မှု တွေက မြန်မာနိုင်ငံတင်မကဘူး ပျံ့နှံ့သွားတယ်။ ဒါပေမယ့် ဒီလိုဝဖေန်မှုတွေရှိခဲ့တယ်ဆိုပေမယ့် သူမ တစ်ယောက်တည်းကတော့ ဒီကိစ္စအပေါ်တာဝန်ရှိတာမဟုတ်ဘူးမလား။

ABM: ဒေါ်စုနဲ့သူ့ပါတီမှာပဲတာဝန်ရှိပါတယ်။

BBC: ဗိုလ်ချုပ်တွေရော တာဝန်မရှိဘူးလား။

ABM: ဗိုလ်ချုပ်တွေလည်းတာဝန်ရှိတဲ့ကိစတွေရှိပါတယ် ဒါပေမယ့် ဒီကိစတော့မပါဘူး။ အဓိက ပြသနာက ဒေါ်စုကနိုင်ငံကိုအစိတ်စိတ်ကွဲဖို့လုပ်နေတာ။ သူကလူနည်းစုတွေနဲ့အဆက်အဆံမလုပ် ချင်ဘူး။ လူနည်းစုတွေကိုမဲပေးခွင့်မပေးဘူး။ ရိုဟင်ဂျာတွေကို မောင်းထုတ်တယ်။ တိုင်းပြည် က ကွဲတော့မယ်။ ဒါကြောင့်အခု စစ်အစိုးရ military government က နိုင်ငံမပြိုကွဲဖို့နဲ့ ဒီ
အနရယ်ကနေ ကယ်တင်ဖို့...ရွေးကောက်ပွဲကျင်းပဖို့တွေလုပ်နေတာ။ လူတိုင်းပါဝင်ခွင့်ရှိတဲ့ ရွေးကောက်ပွဲစစ်စစ် လုပ်ဖို့ လုပ်နေတာ။

BBC: အဲ့ရွေးကောက်ပွဲဘယ်တော့ဖြစ်မလဲ?

ABM: တစ်နှစ်အတွင်းဖြစ်မယ်လို့ထင်တာပဲ။

BBC: အဲ့တာပြီးရင် စစ်တပ်ကအာဏာစွန့်မှာလား။

ABM: စွန့်မှာပေါ့....အရပ်သားအစိုးရတစ်ရပ်ပေါ်ထွက်လာဖို့လုပ်မယ်...ပြီးရင်သူတို့အာဏာစွန့်လိမ့်မယ်။ သူတို့နိုင်ငံရေးမှာမပါချင်ဘူး။ အရင်ကလည်းသူတို့အာဏာစွန့်ဖို့ကြိုးစားဖူးပါတယ်။ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အာဏာပေးခဲ့တယ်။

BBC: (လာမယ့်ရွေးကောက်ပွဲမှာ) NLD ပါဝင်ခွင့်ရှိမလား?

ABM: ရှိတဲ့ပါတီမှန်သမျှ ရွေးကောက်ပွဲဝင်ရောက်ခွင့်ရှိမှာပါ။

BBC: ဒါဆို NLD လည်းပါတာပေါ့။

ABM: မှန်ပါတယ်။

BBC: ခင်ဗျားအလုပ်နဲ့ပတ်သတ်လို့သိချင်တာရှိတယ်။ ခင်ဗျားပြောဖူးသလားလို့...ဘယ်လိုမှ လက်ခံလို့မရ ဂုဏ်သိကာမရှိတဲ့လူတွေအတွက်တော့ခင်ဗျားက ကိုယ်စားပြုပြီး အလုပ်လုပ်မပေးနိုင်ဘူး ...လက်ခံပြီး လုပ်ပေးမှာမဟုတ်ဘူးလို့ပြောဖူးတယ်။

ABM: ဟုတ်တယ် လက်ခံမှာမဟုတ်ဘူး ငြင်းမှာပဲ။

BBC: အဲ့လို ခင်ဗျားငြင်းမယ့်လူအမျိုးအစားထဲမှာဘယ်သူပါလဲ?

ABM: အ...အခုအခြေအနေမှာ...ငါတို့အမြင်အရ ဂုဏ်သိကာမရှိတဲ့လူတွေချဉ်းကပ်တာမရှိဘူး...

BBC: ဒါဆိုမင်းငြင်းခဲ့တာ တစ်ယောက်မှ မရှိဖူးဘူးပေါ့။

ABM: မဟုတ်ဘူး..မဟုတ်ဘူး....အဲ့လိုလူတွေငါတို့ကိုချဉ်းကပ်လို့မရဘူးဆိုတာသိတယ်။ လူတွေ နာမည်လည်းမပြောချင်ပါဘူး။

BBC: ကောင်းပါပြီ ..ဒါကိုနားလည်ပေးလို့ရပါတယ်။ ငါနားလည်သလောက်ပြောရရင် မင်းက မြန်မာ နိုင်ငံအတွက်အလုပ်လုပ်ပေးနေခဲ့တာ ဆယ်စုနှစ်များစွာကြာခဲ့ပြီပေါ့.....

ABM: (သူတို့က)ဂုဏ်သိကာမရှိတဲ့လူတွေလို့ငါမထင်ဘူး...သူ့တို့ကအရပ်သားဒီမိုကရေစီစနစ်ကို သွားနေတာ...ဒါက ဒီရာစုနှစ်အစောပိုင်းမှာဖြစ်ခဲ့သင့်တာ...ငါ့တို့အကြံပေးတာကိုလက်မခံပဲ ဒေါ်အောင် ဆန်းစုကြည်ကို အာဏာယူခွင့်ပေးလိုက်ကြတယ်။

BBC: အာဏာယူတယ်လို့ပြောလိုက်သလား.....အာဏာယူတာလား သူ့ကိုလူတွေက ရွေးကောက်တင်မြောက်လိုက်တာမဟုတ်ဘူးလား....။

ABM: သူမကို အာဏာရယူနိုင်ဖို့ခွင့်ပြုပေးခဲ့တာ။ ဒီလိုခွင့်ပြုတယ်ဆိုတာလည်းသူမက နိုင်ငံကို တည်ထောင်ခဲ့တဲ့ ဗိုလ်ချုပ်တစ်ယောက်ရဲ့သမီးဖြစ်နေလို့။ ဒါကြောင့်သူမကို အာဏာရယူခွင့်ပေးခဲ့ တာ။

BBC: သူမကိုထောက်ခံနေတဲ့လမ်းပေါ်က ထောင်နဲ့ချည်တဲ့လူထုကို ခင်ဗျားဘယ်လိုရှင်းပြမလဲ။

ABM: လူအချို့က သူ့ကိုတကယ်ကိုထောက်ခံပါတယ်...ဒါမှန်တာပဲ ...လူတိုင်းရဲ့ခန့်မှန်းချက်က မျှတတဲ့ရွေးကောက်ပွဲသာရှိခဲ့ရင် ဒေါ်စုက ၁၅%နဲ့ ၂၀% ကြားတော့မဲရမှာပါ။ ဒီလောက်ပါပဲ။သေချာတာပေါ့ ထောက်ခံသူတွေရှိတာ။

BBC: ဒီကိန်းဂဏန်းကတော့ အငြင်းပွားစရာပါပဲ...ထားပါတော့အဲ့တာခင်ဗျားမှန်းတဲ့ပမာဏပေါ့...
နောက်ဆုံးမေးခွန်းပါ....

အမေရိကန်နဲ့ စူပါ ပါဝါနိုင်ငံကြီးတွေ မင်းပြောတဲ့ စစ်တပ်ဟာနိုင်ငံတော်ကို ခိုးယူခံလိုက်ရတဲ့ ရွေးကောက်ပွဲကနေ ကယ်တင်လိုက်တာဆိုတဲ့ဇာတ်လမ်းကို
ယုံမယ် လက်ခံမယ်လို့ထင်လား?

ABM: စစ်တပ်ဟာ နိုင်ငံကိုကယ်တင်လိုက်တာ...စစ်တပ်က တရုတ်လက်ထဲရောက်သွားတော့မယ့်နိုင်ငံတစ်ခု ကိုကယ်တင်လိုက်တာ..သူတို့ကဘတ်မလိုက်ဖို့ ကြိုးစားနေခဲ့တာ...စစ်တပ်က အစိတ်စိတ်ကွဲတော့မယ့်တိုင်းပြည်ကိုကယ်တင်လိုက်တာ..စစ်တပ်က ရိုဟင်ဂျာတွေကိုပြန်ခေါ်ဖို့ကြိုးစားနေတာ။ အစီအစဉ်တွေကလည်းစပြီးနေပြီ ..အခြားနိုင်ငံတွေ လက်ခံနိုင်တာ လက်မခံနိုင်တာက နောက်တစ်ပိုင်း....ငါတို့ကတော့ ခုပြောခဲ့တာတွေကဖြစ်ရပ်မှန်တွေ ပါဆိုတာကမာကိုယုံအောင်ပြောရမှာပဲ။

BBC: တရုတ်နဲ့ပတ်သတ်လို့ပေးချင်လို့ပါ....ဒေါ်အောင်ဆန်းစုကြည်က သူ့နိုင်ငံကို တရုတ်ဆီထိုးရောင်းတော့မယ့်အခြေအနေကိုကယ်တင်လိုက်တယ် ဆိုတာ ဘယ်လိုပြောမှာလဲ...တရုတ်က UN မှာ စစ်တပ်ကိုပဲ အမြဲအကာ အကွယ်ပေးနေခဲ့တာပဲ။
ABM: သူတို့(စစ်တပ်)ဟာ ကြားနေဖို့ကြိုးစားနေတာပါ...တရုတ်ကစစ်ဗိုလ်တွေကိုသူတို့ဘက်ပါဖို့ဆွဲ ဆောင်ပေမယ့် တပ်ကတော့ ဘတ်မလိုက်ပဲ ကြားနေပါတယ်။ အခု အစိုးရကို Russia ကလည်း အသိအမှတ်ပြုပါတယ်။ ဒါနဲ့စကားမဆက် စစ်အစိုးရဟာ Israel အစိုးရရဲ့အပြည့်အ၀ ထောက်ခံမှု ကိုလည်းရထားပါတယ်။ လက်အစိုးရအတွက်တောင် အမေရိကန်တွေကိုလော်ဘီလုပ်ပေး ကောင်း လုပ်ပေးနိုင်သေးတယ်။

မူရင်း https://www.bbc.co.uk/sounds/play/p09b17pv

https://m.facebook.com/story.php?story_fbid=4282517295114184&id=100000678661382

Photos from 01-02-2021.org's post 20/03/2021

သာကေတတွင် စစ်တပ်နှင့် ရဲက ရပ်ကွက်ထဲထိဝင်ပစ်၍ ၁၅ နှစ်အရွယ် ကလေးတဦးသေဆုံး

ဧရာဝတီ၊ မတ် ၂၀၊ ၂၀၂၁

ရန်ကုန်မြို့၊ သာကေတမြို့နယ် ၆ ရက်ကွက် ရွှေပြည်သာအရှေ့လမ်းထဲသို့ စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များမှ အကြမ်းဖက် ဝင်ရောက် ပစ်ခတ်ခဲ့သဖြင့် အသက် ၁၅ နှစ်အရွယ် နဝမတန်း ကျောင်းသား မောင်အောင်ကောင်းထက်၏ မျက်နှာ ကျည်ထိမှန်ပြီး သေဆုံးသွားခဲ့ရသည်။

ဓာတ်ပုံ - ဧရာဝတီ


Photos from 01-02-2021.org's post 17/03/2021

Breaking News: ကလေး မြို့တွင် စစ်အာဏာသိမ်းမှုအား ဆန့်ကျင်နေသည့် ဆန္ဒပြသူများအား၊ အကြမ်းဖက် စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲများက ပစ်နေသဖြင့် အနည်းဆုံး ဆန္ဒပြသူ ၃ ဦး သေဆုံးဟု သိရသည်။

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Address


Yangon