29/12/2022
ဆေးလိပ်သောက်တာတွေရပ်ပါတော့ မိတ်ဆွေတို့…
မိတ်ဆွေတို့ ဆေးလိပ်ရဲ့ ဆိုးကျိုး တွေလည်းသိပြီးကြပါပြီ…
💰မိတ်ဆွေတို့ရဲ့ ၆ နှစ်စာဆေးလိပ်ဖိုးသည် ကားတစ်စီးရဲ့ ငွေတန်ဖိုးနဲ.ညီမျှတယ်ဆိုတာမိတ်ဆွေတို့ သိကြပါလား?💰
ဆေးလိပ်ဖြတ်ခြင်းဖြင့်…..ငွေလည်းပိုစုနိုင်သလို မိတ်ဆွေတို့ရဲ့ ကျန်းမာရေကိုလည်းသိသာစွာ တိုးတက်စေမှာဖြစိပါတယ်…..✌🏻
Cold turkey method(ဆေးလိပ်ကိုအလိပ်ရေမလျှော့ဘဲ ဆေးလိပ်သောက်ခြင်းကိုရပ်ပစ်သော method) ဖြင့် သာဖြတ်ကြည့်ပါ….
မနက်တိုင်းချောင်းဆိုးပြီးနိုးမလာတော့ပါဘူး…💪🏻
🏆🫁အားကစားသမားတွေလည်း ကြာရှည်စွာစွမ်းအားတွေထိန်းနိုင်မှုဟာ သိသိတာတာတိုးတက်လာပါလိမ့်မယ်🫁🏆
ကိုယ်နဲ့ကိုယ့် ပတ်၀န်းကျင်ကိုကောင်းကြိုးမပေးတဲ့ ဆေးလိပ်ကိုဖြတ်လိုက်ပါတော့လို့ ထပ်လောင်းခွန်အားပေးလိုက်ပါတယ် မိတ်ဆွေတို့…🤍
26/12/2022
It’s a Quiz Time 💬🌟
အားလုံးပဲမင်္ဂလာပါဗျို့❗ ဒီနေ့မှာ entertainment တစ်ခုအနေနဲ့ Smoking နဲ့ပတ်သတ်တဲ့ဗဟုသုတလေးတွေပေးမဲ့ Quiz လေးတွေစီစဉ်ထားပါတယ်ရှင့် 🤩 အောက်ပါမေးခွန်းများကို တစ်ခုချင်းဖြေကြည့်နိုင်ပါတယ် 🤗 အဖြေလေးတွေကိုတော့ comments မှာ မန့်ပေးကြပါနော်။ အဖြေလေးတွေ မှန်လား မှားလားဆိုတာကို admin က comment section မှာပြန်လည်ပြောပြပေးပါမယ်ရှင့်။ ပထမဆုံးအနေနဲ့ အဖြေအားလုံးမှန်တဲ့သူကို messenger မှတစ်ဆင့်ဆက်သွယ်ပြီးဆုချီးမြှင့်ပေးမှာဖြစ်ပါတယ် 🤩 အခုချက်ချင်းပဲ စိတ်ဝင်စရာကောင်းတဲ့ Quiz လေးတွေဖြေကြည့်ကြစို့နော် 🥰✨
1. How many chemicals does to***co smoke contain ?
a. 842
b. Over 4000
c. Over 3000
d. Over 2000
2. Which one of these is a disease caused by smoking ?
a. Bronchitis
b. Ear Infection
c. Schizophrenia
d. Breast cancer
e. Depression
3. Half of all smoking-related deaths occur between the ages of ?
a. 22 and 40
b. 35 and 69
c. 33 and 45
d. 61 and 78
4. Ni****ne reaches the brain within…..after smoke is inhaled.
a. 4 minutes
b. 8 minutes
c. 22 seconds
d. 10 seconds
5. Most smokers start the habit before age of 18.
a. True
b. False
6. A smoker's life expectancy is shorter to that of a non-smoker by 10 years.
a. True
b. False
7. How long does it take for your sense of taste and smell to start to improve after you quit smoking?
a. 12 hours
b. Two days
c. One Week
d. Two months
GOOD LUCK TO Y’ALL 🥳❤️
23/12/2022
ဆေးလိပ်ဖြတ်ပါ မိတ်ဆွေ 🚬🚬🚬
ဆေးလိပ်နဲ့ပတ်သတ်တဲ့ ဆိုးကျိုးတွေ၊ ဆေးလိပ်ဖြတ်ပြီးရရှိလာနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေအကြောင်းကို ကျွန်တော်တို့ ယခင် ပို့စ်များမှာလည်း ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။
ဆေးလိပ်ဖြတ်ဖို့ နှောင့်နှေးနေသူတွေ ဆေးလိပ်နွံထဲမှရုန်းထွက်ဖို့ ကြိုးစားနေသူတွေအတွက် အချိန်မဆွဲဘဲ အမြန် ရုန်းထွက်ဖို့ထပ်မံတိုက်တွန်း လိုပါတယ်။
ကျွန်ုပ်တို့စိတ်ဟာ စွဲလန်းမှုအားလုံး ကိုဖြတ်တောက်ရန်ခက်ခဲပါတယ်၊ ဒါပေမယ့် စွဲလန်းမှုအသစ် အသစ်တွေကိုတော့ စမ်းသပ် လက်ခံကြည့်ဖို့ အမြဲ အသင့်ရှိနေတတ်စမြဲပါ။
သင်ဟာသင့်ပတ်ဝန်းကျင်ရော သင်ကိုယ်တိုင်အတွက်ရော အကျိုးမဖြစ်ရင်နေပါစေ အကျိုးမဲ့သူမဖြစ်အောင် နေထိုင်လိုက်ပါ။
မိမိစွဲလန်းမှုအကျိုးအပြစ်ကို မိမိသာခံစားရသင့်တယ်ဆိုပေမယ့် ဆေးလိပ်သောက်ခြင်းကြောင့် သင်ကိုယ်တိုင်သာမက သင့်ပတ်ဝန်းကျင်ပါ ထိခိုက်စေပါတယ်၊ second smoker တွေရဲ့ ဘဝတွေကိုစာနာပါ မိတ်ဆွေ....
သင့်အဆုတ်နဲ့ကိုယ်တွင်းအင်္ဂါတွေကို ကယ်တင်ပါ....
သင့်ကိုယ် ကိုကယ်တင်ပါ...
သင့်ပတ်ဝန်းကျင်ကို ကယ်တင်ပါ....ကူညီပါ....
ဆေးလိပ်ဖြတ်ပြီး စက္ကန့်တိုင်းမှာ စိတ်လုံလုံနဲ့အသက်ရှင်ပါ...အသက်ရှူပါ...
သင့်ရဲ့အသက်ရှင်သန်မှုဟာ အဓိပ္ပါယ်ရှိနေပါစေ။
ရောဂါဝယ်သူ၊ရောဂါဖြန့်ဖြူးသူအဖြစ်ကနေရုန်းထွက်ပါ။
ကျန်းမာပျော်ရွှင်မှုဟာ ငွေနဲ့ဝယ်လို့မရနိုင်ပေမယ့် သောကတွေ ရောဂါဝေဒနာတွေကတော့ ငွေ တရာ နှစ်ရာ နဲ့ အလွယ်တကူဝယ်လို့ ရတယ်ဆိုတာကို သတိချပ်ပါ...
တိုတောင်းတဲ့ဒီဘဝမှာ မီးခိုးငွေ့တွေကြားက မွန်းကြပ်မှုတွေကို မစွဲလန်းပါနဲ့.....
စွဲလန်းမှုတွေနောက်လိုက်တဲ့သင်ဟာ လူပီသဖို့ရော စွဲလန်းဖူးပါသလား...ကြိုးစားဖူးပါသလား...
ကျန်းမာပျော်ရွှင်တဲ့ဘဝရဖို့အတွက်ရော သင်ကိုယ်တိုင် စွဲလန်းဖူးပါသလား....ကြိုးစားဖူးပါသလား...
ဒီစွဲလန်းမှုနဲ့ ကြိုးစားမှုတွေဟာ တကယ့် အဓိပ္ပါယ်ရှိမှုတွေပါ....
ဒါကြောင့် ဆေးလိပ် ဖြတ်ပေးပါ မိတ်ဆွေ.......။
13/12/2022
“ကျန်းမာသော အဆုတ်တစ်စုံကို ပိုင်ဆိုင်လိုပါသလား?”🫁
ဒါဆိုရင်တော့ ဆေးလိပ်ကိုရှောင်ကျဉ်ဖို့လိုပါမယ်။ 🚭🚭🚭
🔉အထူးသဖြင့် လူငယ်လူရွယ်တွေနဲ့ ဆေးလိပ်သောက်သုံးလျှက်ရှိတဲ့သူများအနေဖြင့် ဆေးလိပ်ရဲ့ ဆိုးကျိုးတွေကို သိရှိမှသာ ဆေးလိပ်ကိုမသောက်ရဲဘဲ ရှောင်ကျဉ်မှာဖြစ်ပါတယ်။ ဆေးလိပ်ရဲ့ ဆိုးကျိုးတွေကိုလည်း လူအများအပြားသိရှိဖို့ အရှိန်အဟုန်မြင့် လုပ်ဆောင်ဖို့လိုပါတယ်။
ဒါကြောင့် ကျွန်တော်တို့ pageအနေနဲ့ ဆေးလိပ်သောက်သုံးတဲ့လူအရေအတွက် ကျဆင်းသွားဖို့ကိုရည်ရွယ်ပြီး ဆေးလိပ်သောက်သုံးလျှက်ရှိသော လူတွေကို ဆေးလိပ်ဖြတ်နိုင်ဖို့ရန်နဲ့ ဆေးလိပ်မီးစွဲသလို🔥🚬လူငယ်တွေရဲ့ဘဝမီးစွဲခံရပြီး အညွှန့်မတုံးစေဖို့ရန် ရည်ရွယ်ပြီး ဆေးလိပ်ရဲ့ ဆိုးကျိုးတွေနဲ့ ဆေးလိပ်သောက်သုံးခြင်းကို အပြီးအပိုင်ဖြတ်တောက်ပစ်နိုင်ဖို့ အကူအညီဖြစ်စေနိုင်မယ့် အကြောင်းအရာတွေကို တင်ပြပေးသွားမှာဖြစ်ပါတယ်။
အဲ့တာကြောင့် ကျွန်တော်တို့ page ကို like and share လုပ်ပေးပြီး ဆေးလိပ်ရဲ့ဆိုးကျိုးတွေကို လူတွေကျယ်ကျယ်ပြန့်ပြန့်သိသွားနိုင်ဖို့ကို ကူညီပေးပြီး ကုသိုလ်ယူကြဖို့ တိုက်တွန်းချင်ပါတယ်။🙏
နောက်တင်မယ့်postလေးတွေကိုလည်း ဆက်လက်စောင့်ကြည့်ပေးပါဦးလို့ ပြောချင်ပါတယ်။💫
`Save the lungs’ နဲ့အတူ လူတွေရဲ့တန်ဖိုးရှိလှသော အဆုတ်လေးတစ်စုံကို အားလုံးပူးပေါင်းပြီး ကယ်တင်ကြရအောင်🤍🤍🤍🫁🫁🫁