Women's Organization Of Political Prisoners

Women's Organization Of Political Prisoners

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Women's Organization Of Political Prisoners, Political organisation, Yangon.

“နိုင်ငံရေးအကျဉ်းသူများအဖွဲ့-WOPP”သည်အကျဉ်းထောင်အတွင်းရှိနိုင်ငံရေးအကျဉ်းသူများအားကူညီနိုင်ရန်နှင့်ပြန်လည်လွတ်မြောက်လာသောနိုင်ငံရေးအကျဉ်းသူဟောင်းများကိုကူညီနိုင်ရန်အတွက်နိုင်ငံရေးအကျဉ်းသူဟောင်းများဖြင့်ဖွဲ့စည်းထားသည့်အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။

03/05/2026

“ကျေးဇူးတင်ဂုဏ်ပြုခြင်း”

မြန်မာနိုင်ငံအတွင်း အကျဉ်းထောင်အသီးသီးတွင် ကျန်ရှိနေသည့် နိုင်ငံရေးအကျဉ်းသူများ၏ကျန်းမာရေးစောင့်ရှောက်မှုဆေးဝါးနှင့် ထောင်ဝင်စာပါဆယ်များပို့ဆောင်ပေးနိုင်ရန်အတွက် ပံ့ပိုးကူညီပေးပါသော “မကေမိသားစု” အား နိုင်ငံရေးအကျဉ်းသူများအဖွဲ့မှ ကျေးဇူးအထူးတင်အပ်ပါတယ်ရှင်။

နိုင်ငံရေးအကျဉ်းသူများအဖွဲ့
မေလ (၃) ရက်၊ ၂၀၂၆ခုနှစ်။

#နိုင်ငံရေးအကျဉ်းသူ
#အကျဉ်းထောင်


Photos from Women's Organization Of Political Prisoners's post 27/04/2026

“ဧပြီလအတွက် နိုင်ငံရေးအကျဉ်းသူများထံ ပါဆယ်ပို့ဆောင်ခြင်း”

နိုင်ငံရေးအကျဉ်းသူများအဖွဲ့သည် စစ်အာဏာရှင်၏ မတရားဖမ်းဆီးခြင်းခံခဲ့ရပြီး စစ်ကြောရေးနှင့်အကျဉ်းထောင်များအတွင်း နိုင်ငံရေး အကျဉ်းသူများ၏ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို ဖော်ထုတ်တင်ပြနိုင်ရန်၊ အကျဉ်းထောင်၊ အချုပ်ထောင် အသီးသီးရှိ နိုင်ငံရေးအကျဉ်းသူများကို ထောက်ပံ့ကူညီမှုများ ပေးနိုင်ရန်နှင့် စစ်အာဏာရှင်အဆက်ဆက် ဖမ်းဆီးခံခဲ့ရပြီး အကျဉ်းထောင်များမှ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသူဟောင်းများကို ကူညီနိုင်ရန်အတွက် ရည်ရွယ်ကာ ဖွဲ့စည်းထားခြင်းဖြစ်သည့်အတွက် အခက်အခဲအမျိုးမျိုးကြားမှ အကျဥ်းထောင်ကိစ္စများကို တက်စွမ်းသမျှ ကူညီဆောင်ရွက်နိုင်ရေး ကြိုးပမ်းလျှက်ရှိပါသည်။

အကျဉ်းထောင်အသီးသီးတွင် နိုင်ငံရေးအကျဉ်းသူ (၅၀၀၀) ဝန်းကျင် မတရားဖမ်းဆီးခံထားရဆဲဖြစ်ပြီး နိုင်ငံရေးအကျဉ်းသူများသည် အကျဉ်းထောင်အတွင်း နည်းလမ်းမျိုးစုံဖြင့် ဖိနှိပ်ခံနေရသလို မိသားစုများက ပို့ဆောင်လေ့ရှိတဲ့ အစားအစာ၊ ဆေးဝါးနှင့် အခြားတစ်ကိုယ်ရေသုံးပစ္စည်းများ ပါဆယ်ပို့ဆောင်ပေးခြင်းကို အကျဉ်းထောင်များမှ အကြောင်းပြချက်မျိုးစုံဖြင့် တားဆီးပိတ်ပင်ထားခြင်းကြောင့် ထောင်ဝင်စာပါဆယ်ပိတ်ပင်ခံရသူများ၊ မိသားစုများမှ ထောင်ဝင်စာပါဆယ်ပေးပို့ရန် အခက်အခဲရှိနေသူများ၊ ကျန်းမာရေးစောင့်ရှောက်မှုရရှိရန် လိုအပ်နေသူများ၊ ထောင်ဝင်စာတွေ့ခွင့်မရသူများစွာရှိနေပြီး အကျဉ်းထောင်မှကျွေးသော အစားအစာကိုသာ အဓိကစားသောက်ပြီး တောင့်ခံနေကြရပါသည်။

ယခု ဧပြီလတွင် အကျဉ်းထောင် (၉) ထောင်အတွင်း မတရားဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသူများထံ ပါဝင်ထောက်ပံ့သူတစ်ဦးချင်း၊ မိတ်ဖက်အဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုတို့ဖြင့် အဆာပြေမုန့်၊ ဟင်းလျာစသည်တို့ကို နိုင်ငံရေးအကျဉ်းသူများအဖွဲ့မှတဆင့် ပေးပို့ထောက်ပံ့နိုင်ခဲ့ပါသည်။

မိဘပြည်သူများအနေဖြင့်လည်း အကျဥ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဥ်းသူများကို ကူညီထောက်ပံ့ပေးလိုပါက နိုင်ငံရေးအကျဥ်းသူများအဖွဲ့မှတစ်ဆင့် ဆက်သွယ် လှူဒါန်းနိုင်ပါသည်။

နိုင်ငံရေးအကျဉ်းသူများအဖွဲ့
ဧပြီလ (၂၇)ရက်၊ ၂၀၂၆ ခုနှစ်။


#အကျဉ်းထောင်

#နိုင်ငံရေးအကျဉ်းသူများအဖွဲ့

27/04/2026

“မတ်လအတွင်း နိုင်ငံရေးအကျဉ်းသူများအား စောင့်ရှောက်မှုပေးခြင်း”

၂၀၂၆ ခုနှစ်၊ မတ်လတွင် နိုင်ငံရေးအကျဉ်းသူများအဖွဲ့မှ မြန်မာနိုင်ငံတွင်း နိုင်ငံရေးအကျဉ်းသူများ မတရားဖမ်းဆီးချုပ်နှောင်ခံထားရသည့် အကျဉ်းထောင် (၅) ထောင်ရှိ မိသားစုဝင်များမှ ထောင်ဝင်စာပါဆယ်ပေးပို့ရန် အခက်အခဲရှိနေသည့် နိုင်ငံရေးအကျဉ်းသူ (၂၂) ဦးအား တစ်ဦးလျှင် မြန်မာကျပ်ငွေ တစ်သိန်းနှုန်းဖြင့် ထောက်ပံ့နိုင်ခဲ့ပါသည်။

လက်ရှိတွင် မြန်မာနိုင်ငံတဝှမ်း အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသူ ၅၀၀၀ ဝန်းကျင် ဖမ်းဆီးခံထားရဆဲဖြစ်သည်။ အကျဉ်းထောင်များအတွင်းတွင် အမျိုးသမီးများသည် အကျဉ်းထောင်မှပေးသော ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိခြင်း၊ ပြင်ပမှ လိုအပ်သော ဆေးဝါးများအား မရရှိနိုင်ခြင်း၊ သန့်ရှင်းရေးနှင့် သောက်သုံးရေအခက်အခဲများ၊ အမျိုးသမီးကျန်းမာရေးနှင့်ဆိုင်သော ဆေးဝါး/အကူအညီ လုံလောက်စွာမရရှိခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ၊ အကြောင်းအမျိုးမျိုးပြ ခြိမ်းခြောက်ခံရမှုများစသည့် ပြင်းထန်သော အခက်အခဲအမျိုးမျိုးကို ကြုံတွေ့နေရဆဲဖြစ်သည်။

နိုင်ငံရေးအကျဉ်းသူများအဖွဲ့သည် နိုင်ငံရေးအကျဉ်းသူများ၏ စားဝတ်နေရေးအခက်အခဲများ၊ ကျန်းမာရေးအခက်အခဲများနှင့် အကျဉ်း‌ထောင်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှု၊ ဖိနှိပ်ခံရမှုများကို ဖော်ထုတ်ပေးနိုင်ရန် ရည်ရွယ်ကာ ဖွဲ့စည်းထားခြင်းဖြစ်သည့်အတွက် အခက်အခဲအမျိုးမျိုးကြားမှ နိုင်ငံရေးအကျဉ်းသူများအရေးကိစ္စများကို ဆောင်ရွက်လျက်ရှိပါသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် အကြမ်းဖက်စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ ယခုလက်ရှိအချိန်ထိ မြန်မာနိုင်ငံ နေရာအနှံ့အပြားရှိ အကျဉ်းထောင်အသီးသီးတွင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသူများနှင့် ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူဟောင်းများကို အကူအညီပေးလိုပါက နိုင်ငံရေးအကျဉ်းသူများအဖွဲ့မှတစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

ဧပြီလ (၂၇) ရက်နေ့၊ ၂၀၂၆ ခုနှစ်။
နိုင်ငံရေးအကျဉ်းသူများအဖွဲ့။

#နိုင်ငံရေးအကျဉ်းသူ

Photos from Women's Organization Of Political Prisoners's post 21/04/2026

မမေ့ကြနဲ့၊ အကျဉ်းထောင် လူသတ်ကွင်းအတွင်းက
နိုင်ငံရေးအကျဉ်းသူတွေအတွက် မတိတ်ဆိတ်ကြနဲ့။

ယနေ့ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့သည် အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် တစိုက်မတ်မတ် ဆောင်ရွက်ခဲ့သည့် ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း ၁၂ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

ဟံသာဝတီဦးဝင်းတင်၏ စိတ်ဓာတ်နှင့် အမှန်တရားအပေါ် သစ္စာရှိမှုကို ဆက်လက်သယ်ဆောင်ရင်း အကျဉ်းထောင်နံရံများအတွင်းမှ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများကို မတိတ်ဆိတ်စေဘဲ နိုင်ငံရေးအကျဉ်းသူများ လွတ်မြောက်နိုင်ရေးကို ဆောင်ရွက်ကြရမည် ဖြစ်သည်။

ဟံသာဝတီဦးဝင်းတင်၏ တည်မြဲခဲ့သည့် တာဝန်ယူမှုနှင့် လူ့အခွင့်အရေးအတွက် အဆုံးမရှိ အားထုတ်ခဲ့သည့် စိတ်ဓာတ်သည် ယနေ့လအချိန်အထိလှုံဆော်နေဆဲဖြစ်သည်။


တစ်ဦးချင်း၏ အသံများသည် အားနည်းသည်ဟု ထင်ရနိုင်သော်လည်း၊ အားလုံးပေါင်းစည်းလာသောအခါ ကြီးမားသော အပြောင်းအလဲတစ်ရပ်ကို ဖန်တီးနိုင်မည်ဖြစ်သည်။ ထိုကြောင့် မိမိတို့အသံကို မတိတ်ဆိတ်စေဘဲ နိုင်ငံရေးအကျဉ်းသူများအားလုံး ချက်ချင်းနှင့် လုံးဝ လွတ်မြောက်နိုင်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ပါဝင်ဆောင်ရွက်ကြပါစို့။


FREE ALL POLITICAL PRISONERS


နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP)
ဧပြီလ (၂၁) ရက်၊ ၂၀၂၆ ခုနှစ်။

#နိုင်ငံရေးအကျဉ်းသူများအဖွဲ့

17/04/2026

“ကျေးဇူးတင်ဂုဏ်ပြုခြင်း”

မြန်မာနိုင်ငံအတွင်း အကျဉ်းထောင်အသီးသီးတွင် ကျန်ရှိနေသည့် နိုင်ငံရေးအကျဉ်းသူများ၏ကျန်းမာရေးစောင့်ရှောက်မှုဆေးဝါးနှင့် ထောင်ဝင်စာပါဆယ်များပို့ဆောင်ပေးနိုင်ရန်အတွက် ပံ့ပိုးကူညီပေးပါသော “ရန်ကုန်သူ” အား နိုင်ငံရေးအကျဉ်းသူများအဖွဲ့မှ ကျေးဇူးအထူးတင်အပ်ပါတယ်ရှင်။

နိုင်ငံရေးအကျဉ်းသူများအဖွဲ့
ဧပြီလ(၁၇)ရက်၊ ၂၀၂၆ခုနှစ်။

#နိုင်ငံရေးအကျဉ်းသူ
#အကျဉ်းထောင်


17/04/2026

ယနေ့မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊နှစ်ဆန်း ၁ ရက်တွင် ကျရောက်သည့် နှစ်သစ်အခါသမယမှသည် မြန်မာပြည်သူပြည်သားအားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာပျော်ရွှင်ကြပါစေကြောင်း၊ အကျဉ်းထောင်များအတွင်း မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဥ်းသူများအားလုံး အမြန်ဆုံးလွတ်မြောက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

နိုင်ငံရေးအကျဥ်းသူများအဖွဲ့
ဧပြီလ(၁၇)ရက်၊၂၀၂၆ ခုနှစ်။

08/04/2026

“ကျေးဇူးတင်ဂုဏ်ပြုခြင်း”

မြန်မာနိုင်ငံအတွင်း အကျဉ်းထောင်အသီးသီးတွင် ကျန်ရှိနေသည့် နိုင်ငံရေးအကျဉ်းသူများ၏ကျန်းမာရေးစောင့်ရှောက်မှုဆေးဝါးနှင့် ထောင်ဝင်စာပါဆယ်များပို့ဆောင်ပေးနိုင်ရန်အတွက် ပံ့ပိုးကူညီပေးပါသော “UKလစဉ်အလှူရှင်(၂၀)ဦး” အား နိုင်ငံရေးအကျဉ်းသူများအဖွဲ့မှ ကျေးဇူးအထူးတင်အပ်ပါတယ်ရှင်။

နိုင်ငံရေးအကျဉ်းသူများအဖွဲ့
ဧပြီလ(၈)ရက်၊ ၂၀၂၆ခုနှစ်။

#နိုင်ငံရေးအကျဉ်းသူ
#အကျဉ်းထောင်


07/04/2026

"မလွတ်မြောက်နိုင်သေးတဲ့အိမ်ပြန်လမ်း"

လေးဘက်လေးတန် သံတံတိုင်းတွေကြားမှာ
တို့တွေ လေ ဝ ဝ ရှု ခဲ့ကြတယ်။

တစ်ခါသုံး ခွက်ကလေးတွေထဲက
နှစ်‌ယောက်စာလောက်ထမင်းဟင်းတွေက
လူငါးယောက်လောက် ဗိုက်ကို ပြည့်စေခဲ့တယ်။

လွတ်လာကြပြန်တော့လည်း
အသက်တွေသာ ပါလာတာရယ်
ဘယ်မှာလဲ ကိုယ်ပိုင်စိတ်တွေ။

ကျန်ရစ်ခဲ့တဲ့သူတွေကို ချန်ထားပြီး
ထွက်ခွါလာခဲ့ရတဲ့ ငါတို့ရဲ့ စိတ်တွေဟာ
အိမ်ပြန်လာမယ့်လမ်းနဲ့ ကမ်းလှမ်းမယ့်လက်တွေကို
မျှော်လင့်နေကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့အတူတူ
တစ်သားထဲ ရှိနေပါတယ်။

===
ယခုပုံလေးကိုဖြင့် နိုင်ငံရေးအကျဉ်းသူများအဖွဲ့ဝင်တစ်ဦးမှ ရေးဆွဲထားခြင်း ဖြစ်ပါသည်။

နိုင်ငံရေးအကျဉ်းသူများအဖွဲ့
ဧပြီလ (၇) ရက်နေ့၊ ၂၀၂၆ ခုနှစ်။

05/04/2026

“ကျေးဇူးတင်ဂုဏ်ပြုခြင်း”

မြန်မာနိုင်ငံအတွင်း အကျဉ်းထောင်အသီးသီးတွင် ကျန်ရှိနေသည့် နိုင်ငံရေးအကျဉ်းသူများ၏ကျန်းမာရေးစောင့်ရှောက်မှုဆေးဝါးနှင့် ထောင်ဝင်စာပါဆယ်များပို့ဆောင်ပေးနိုင်ရန်အတွက် ပံ့ပိုးကူညီပေးပါသော “မငြိမ်း” အား နိုင်ငံရေးအကျဉ်းသူများအဖွဲ့မှ ကျေးဇူးအထူးတင်အပ်ပါတယ်ရှင်။

နိုင်ငံရေးအကျဉ်းသူများအဖွဲ့
ဧပြီလ(၅)ရက်၊ ၂၀၂၆ခုနှစ်။

#နိုင်ငံရေးအကျဉ်းသူ
#အကျဉ်းထောင်


05/04/2026

“ကျေးဇူးတင်ဂုဏ်ပြုခြင်း”

မြန်မာနိုင်ငံအတွင်း အကျဉ်းထောင်အသီးသီးတွင် ကျန်ရှိနေသည့် နိုင်ငံရေးအကျဉ်းသူများ၏ကျန်းမာရေးစောင့်ရှောက်မှုဆေးဝါးနှင့် ထောင်ဝင်စာပါဆယ်များပို့ဆောင်ပေးနိုင်ရန်အတွက် ပံ့ပိုးကူညီပေးပါသော “မခိုင်ခိုင်ထွန်းတင်” အား နိုင်ငံရေးအကျဉ်းသူများအဖွဲ့မှ ကျေးဇူးအထူးတင်အပ်ပါတယ်ရှင်။

နိုင်ငံရေးအကျဉ်းသူများအဖွဲ့
ဧပြီလ(၅)ရက်၊ ၂၀၂၆ခုနှစ်။

#နိုင်ငံရေးအကျဉ်းသူ
#အကျဉ်းထောင်


31/03/2026

“ကျေးဇူးတင်ဂုဏ်ပြုခြင်း”

မြန်မာနိုင်ငံအတွင်း အကျဉ်းထောင်အသီးသီးတွင် ကျန်ရှိနေသည့် နိုင်ငံရေးအကျဉ်းသူများ၏ကျန်းမာရေးစောင့်ရှောက်မှုဆေးဝါးနှင့် ထောင်ဝင်စာပါဆယ်များပို့ဆောင်ပေးနိုင်ရန်အတွက် ပံ့ပိုးကူညီပေးပါသော “မတွယ်တာခင်” အား နိုင်ငံရေးအကျဉ်းသူများအဖွဲ့မှ ကျေးဇူးအထူးတင်အပ်ပါတယ်ရှင်။

နိုင်ငံရေးအကျဉ်းသူများအဖွဲ့
မတ်လ(၃၁)ရက်၊ ၂၀၂၆ခုနှစ်။

#နိုင်ငံရေးအကျဉ်းသူ
#အကျဉ်းထောင်


Photos from Women's Organization Of Political Prisoners's post 27/03/2026

“မတ်လအတွက် နိုင်ငံရေးအကျဉ်းသူများထံ ပါဆယ်ပို့ဆောင်ခြင်း”

နိုင်ငံရေးအကျဉ်းသူများအဖွဲ့သည် စစ်အာဏာရှင်၏ မတရားဖမ်းဆီးခြင်းခံခဲ့ရပြီး စစ်ကြောရေးနှင့်အကျဉ်းထောင်များအတွင်း နိုင်ငံရေး အကျဉ်းသူများ၏ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို ဖော်ထုတ်တင်ပြနိုင်ရန်၊ အကျဉ်းထောင်၊ အချုပ်ထောင် အသီးသီးရှိ နိုင်ငံရေးအကျဉ်းသူများကို ထောက်ပံ့ကူညီမှုများ ပေးနိုင်ရန်နှင့် စစ်အာဏာရှင်အဆက်ဆက် ဖမ်းဆီးခံခဲ့ရပြီး အကျဉ်းထောင်များမှ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသူဟောင်းများကို ကူညီနိုင်ရန်အတွက် ရည်ရွယ်ကာ ဖွဲ့စည်းထားခြင်းဖြစ်သည့်အတွက် အခက်အခဲအမျိုးမျိုးကြားမှ အကျဥ်းထောင်ကိစ္စများကို တက်စွမ်းသမျှ ကူညီဆောင်ရွက်နိုင်ရေး ကြိုးပမ်းလျှက်ရှိပါသည်။

အကျဉ်းထောင်အသီးသီးတွင် နိုင်ငံရေးအကျဉ်းသူ (၅၀၀၀) ကျော် မတရားဖမ်းဆီးခံထားရဆဲဖြစ်ပြီး နိုင်ငံရေးအကျဉ်းသူများသည် အကျဉ်းထောင်အတွင်း နည်းလမ်းမျိုးစုံဖြင့် ဖိနှိပ်ခံနေရသလို မိသားစုများက ပို့ဆောင်လေ့ရှိတဲ့ အစားအစာ၊ ဆေးဝါးနှင့် အခြားတစ်ကိုယ်ရေသုံးပစ္စည်းများ ပါဆယ်ပို့ဆောင်ပေးခြင်းကို အကျဉ်းထောင်များမှ အကြောင်းပြချက်မျိုးစုံဖြင့် တားဆီးပိတ်ပင်ထားခြင်းကြောင့် ထောင်ဝင်စာပါဆယ်ပိတ်ပင်ခံရသူများ၊ မိသားစုများမှ ထောင်ဝင်စာပါဆယ်ပေးပို့ရန် အခက်အခဲရှိနေသူများ၊ ကျန်းမာရေးစောင့်ရှောက်မှုရရှိရန် လိုအပ်နေသူများ၊ ထောင်ဝင်စာတွေ့ခွင့်မရသူများစွာရှိနေပြီး အကျဉ်းထောင်မှကျွေးသော အစားအစာကိုသာ အဓိကစားသောက်ပြီး တောင့်ခံနေကြရပါသည်။

ယခု ဖေဖော်ဝါရီလတွင် အကျဉ်းထောင် (၅) ထောင်အတွင်း မတရားဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသူများထံ ပါဝင်ထောက်ပံ့သူတစ်ဦးချင်း၊ မိတ်ဖက်အဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုတို့ဖြင့် အဆာပြေမုန့်၊ ဟင်းလျာစသည်တို့ကို နိုင်ငံရေးအကျဉ်းသူများအဖွဲ့မှတဆင့် ပေးပို့ထောက်ပံ့နိုင်ခဲ့ပါသည်။

မိဘပြည်သူများအနေဖြင့်လည်း အကျဥ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဥ်းသူများကို ကူညီထောက်ပံ့ပေးလိုပါက နိုင်ငံရေးအကျဥ်းသူများအဖွဲ့မှတစ်ဆင့် ဆက်သွယ် လှူဒါန်းနိုင်ပါသည်။

နိုင်ငံရေးအကျဉ်းသူများအဖွဲ့
မတ်လ (၂၇)ရက်၊ ၂၀၂၆ ခုနှစ်။


#အကျဉ်းထောင်

#နိုင်ငံရေးအကျဉ်းသူများအဖွဲ့

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


Yangon
2361993