26/05/2026
25 ဆိုတာ ဘဝရဲ့ အရေးကြီးဆုံး turning point တစ်ခုပါ။
တချို့က အလုပ်တည်ငြိမ်နေပြီ၊ တချို့က လမ်းပျောက်နေတုန်း၊ တချို့က “ဘာလုပ်ရမလဲ” ဆိုပြီး စိတ်ရှုပ်နေတတ်ပါတယ်။ ဒါပေမယ့် အရေးကြီးတာက “အခုကစပြီး တိုးတက်ဖို့ အချိန်မှီနေသေးတယ်” လို့ဆိုလိုတာပါ
1. Salary တစ်ခုတည်းမကြည့်ပါနဲ့
လစာက အရေးကြီးပေမယ့်
Skill ရမယ့်အလုပ်၊ Experience ရမယ့်အလုပ်ကို ပိုရွေးချယ်သင့်ပါတယ်
ဒီနေ့ ၃ သိန်းရပြီး မတိုးတက်တဲ့အလုပ်ထက်
၂ သိန်းခွဲရပေမယ့် Skill တက်မယ့်အလုပ်က နောင်မှာ ပိုတန်ဖိုးရှိပါတယ်
2. Skill တစ်ခုတော့ ကျွမ်းကျင်အောင်လုပ်ပါ
အလုပ်ဈေးကွက်မှာ Demand ရှိတဲ့ skill တွေ
* Digital Marketing
* Video Editing
* Graphic Design
* Sales & Communication
* English Speaking
* Coding / IT
* Content Creation
ဒါကိုပဲတက်ရမယ်မဆိုလိုပါဘူး အနည်းဆုံး skill တစ်ခုကို professional level ထိတက်အောင် လေ့လာထားပါ လေ့ကျင့်ပါ
3. Facebook သုံးတာကို Income ဖြစ်အောင်ပြောင်းပါ
Scroll ပဲလုပ်မနေဘဲ
* Content တင်
* Knowledge Sharing လုပ်
* Personal Branding တည်ဆောက်
* Small Business စလုပ်
25 မှာ audience build လုပ်ထားရင် 30 ရောက်ချိန် ကြိုးစားရကျိုးနပ်တာခံစားရပါလိမ့်မယ်
4. Networking က Degree ထက်တောင် အရေးကြီးတတ်တယ်
လူကောင်းတွေနဲ့ပေါင်းပါ။
Positive mindset ရှိတဲ့သူတွေ၊ ကြိုးစားတဲ့သူတွေနဲ့ နီးစပ်အောင်နေပါ။
Opportunity တွေက connection ကနေလာတာများပါတယ်။
5. Saving Habit လုပ်ပါ
လစာနည်းနည်းရရင်တောင်
* 10% စု
* 10% Skill အတွက် invest
* 10% Family/support
ဒီ habit က နောက်နောင် သင့် ဘဝကို ပြောင်းလဲနိုင်ပါတယ်။
6. Failure ကို မကြောက်ပါနဲ့
25 မှာ fail ဖြစ်တာ သာမန် ပါပဲ
အလုပ်ပြုတ်တာ၊ business ရှုံးတာ၊ လမ်းပျောက်တာ အားလုံးက ဘဝကပေးတဲ့ သင်ခန်းစာပါ
Fail မဖြစ်ဖူးတဲ့သူထက်
Fail ဖြစ်ပြီး ပြန်ထတဲ့သူက ပိုအောင်မြင်တတ်ပါတယ်
နောက်ဆုံး ပြောချင်တာကတော့
“Slow progress is still progress.”
25 မှာ အရာအားလုံး perfect မဖြစ်သေးတာ ပုံမှန်ပါ။
ဒါပေမယ့် နေ့တိုင်း 1% တိုးတက်နေမယ်ဆိုရင်
နောင် 5 နှစ်အတွင်း ဘဝက တစ်ဟုန်ထိုးတိုးတက်ပြောင်းလဲသွားပါ လိမ့်မယ် ကျွန်ုတော်ပြောတာမယုံရင်လိုက်လုပ်ကြည့်ပါ
ကြိုးစားနေတဲ့လူငယ်တိုင်းကိုလေးစားလျတ်ပါ
21/05/2026
👉 Facebook Ads ကို ကိုယ်တိုင် runပြီး Sales တက်ချင်လား?
Boost လုပ်တာနဲ့ပဲ ငွေကုန်ပြီး Result မထွက်တာတွေကြုံနေရလား?
Audience မမှန်လို့ Order မဝင်တာလား?
ဒီ 3 ရက် Zoom Class မှာ
👉 Ads Manager ကို Laptop နဲ့ Step-by-Step သင်ပေးမယ်
👉 Target Audience ကို တိတိကျကျ ချနည်း
👉 Budget မဖြုန်းဘဲ Sales ထွက်အောင် Campaign Strategy
👉 Real Practice နဲ့ ကိုယ်တိုင် run လုပ်ကြည့်ခိုင်းမယ် မသိတာတွေရှိရင်လည်းအသေးစိတ်ရှင်းပြပေးမယ်
💻 Zoom Live Class
🗓 3 ရက် | 1 Hour per day
🎯 Beginner Friendly
ဒီ Class ပြီးသွားရင်
✅ Ads ကို confident ရှိရှိနဲ့ run လုပ်နိုင်မယ်
✅ Sales တက်ဖို့ Strategy သိလာမယ်
❌ ခန့်မှန်းပြီး မလုပ်တော့ဘူး
✅ Result ထွက်အောင် run တတ်သွားမယ်
💬 Join ချင်ရင်
“Ads Class” လို့ Messenger မှာ ပို့ပြီး စာရင်းပေးသွင်းလိုက်ပါ
19/05/2026
စျေးလျော့လိုက်တာနဲ့ ရောင်းရမယ်လို့ ထင်နေတာလား?🤔
Business တော်တော်များများက
စျေးလျှော့ တာနဲ့→ customer ဝယ်မယ်လို့ထင်နေကြတယ်
ဒါပေမယ့် တကယ်တော့…
Customer က စျေးမဝယ်ဘူး — Value ကိုဝယ်တာပါ
⸻
Example
❌ “ဒီအဝတ် 10,000 ks တည်းပဲနော်”
Cheap (ဈေးနည်း)တယ်လို့မြင်ပေမယ့် မဝယ်နိုင်သေးပါဘူး
✅ “Soft fabric, comfortable, daily wear အတွက် perfect”
Benefit မြင်ပြီး ဝယ်ချင်လာလိုက်မယ်
⸻
Marketing Rule 3 ချက်
Feature မဟုတ် — Benefit ပြောပါ
Product ဘာလုပ်ပေးနိုင်လဲ?
Customer Point of View နဲ့ရေးပါ
“ငါရောင်းချင်တာ” မဟုတ်ပါ
“သူလိုချင်တာ”ကို ပြောပါ
Feeling ထည့်ပါ
“ဝတ်ရင် confidence တက်မယ်”
“ကလေးလေးတွေ comfortable ဖြစ်မယ်”
⸻
Common Mistake
“Quality ကောင်းပါတယ်” လို့ပဲရေးနေရင်
လူတွေကမခံစားနိုင်ပါဘူး
⸻
နောက်ဆုံးပြောပြချင်တာက
Marketing က= စျေးမဟုတ်ပါ
Value ကိုပြောနိုင်မှုပါ
⸻
မင်း product ကို
Feature နဲ့ပဲရောင်းနေလား?
ဒါမှမဟုတ် Value ပြောနိုင်ပြီလား? Comment မှာရေးခဲ့ပေးနော်
14/05/2026
“Ads Run တာမှာ Budget နည်းနည်းနဲ့ Result ရချင်ရင် ဒီအချက်ကို မဖြစ်မနေသိထားပါ”
Ads run လုပ်တဲ့သူအများစုက —
👉 “Budget မများလို့ Sales မရဘူး” လို့ထင်တတ်ကြပါတယ်
ဒါပေမယ့် တကယ့် Problem က —
Budget မဟုတ်ဘူး
Budget ကို ဘယ်လိုသုံးလဲ ဆိုတာပါ
Budget နည်းတာက Problem မဟုတ်ဘူး
တချို့လူတွေ —
$5 နဲ့ run လုပ်ပြီး Result မလာဘူးဆိုရင်
Budget နည်းလို့ မရဘူး” လို့ ပဲ ဆုံးဖြတ်လိုက်ကြတယ်
ဒါပေမယ့်…
$50 ထည့်လည်း Strategy မမှန်ရင် မရပါဘူး
🔍 တကယ်ပြသာနာက (လူအများစုမသိတာ)
👉 Testing မလုပ်ဘူး
Ads တစ်ခု run လုပ်ပြီး
👉 “ဒီ ad ကမရဘူး” လို့ ဆုံးဖြတ်လိုက်တယ်
ဒါက အမှားကြီးပါ
Testing Strategy ကအရေးကြီးဆုံးပါ
Budget နည်းတဲ့အချိန်မှာ —
👉 Smart Testing လုပ်ရမယ်
✔️ Step 1 — Multiple Creatives
Image / Video 2–3 မျိုး
Caption 2–3 မျိုး
မတူတာတွေ စမ်းပါ
✔️ Step 2 — Audience Test
Interest A
Interest B
ဘယ် audience က response ပိုကောင်းလဲ ကြည့်ပါ
✔️ Step 3 — Kill & Scale
Performance မကောင်းတဲ့ ad = Stop ပါ
Performance ကောင်းတဲ့ ad = Budget တိုး ပါ
❌ လူအများစုလုပ်တဲ့အမှား
Ad တစ်ခုတည်းနဲ့ Result မျှော်တာ
Testing မလုပ်
Data မကြည့်
အဲ့လိုဆို Resultအနေနဲ့ = Budget ကုန် / Sales မရပါဘူး
✔️ Correct Mindset
Ads = Experiment
“Guess” မဟုတ်
“Test & Learn” ဖြစ်ရမယ်
Budget နည်းတဲ့သူတစ်ယောက်က —
Testing မှန်ရင် Profit ရနိုင်တယ်
Budget များတဲ့သူတစ်ယောက်က —
Strategy မှားရင် ပိုဆုံးရှုံးမယ်
Budget နည်းနည်းနဲ့ စတင်ပါ
Data ကြည့်ပြီး Optimize လုပ်ပါ
Winning ad ကိုပဲ Scale လုပ်ပါ
Remember This
“Budget က အရေးကြီးပေမယ့်
👉 Strategy က ပိုအရေးကြီးတယ်”
“Ads မှာ ပိုက်ဆံမရှုံးချင်ရင်
👉 မခန့်မှန်းပါနဲ့ — စမ်းသပ်ပါ”
စကားမဆက် ကျွန်ုတော်ဆီမှာ Facebook ads run တာနဲ့ပတ်သတ်ပြီး အသေးစိတ်သင်ပေးတဲ့ 1:1 zoom class လေးရှိပါတယ်
အသေးစိတ်ကို chat box မှာ လာရောက်မေးမြန်းလို့ရပါတယ်
11/05/2026
Facebook Reach ကောင်းချင်ရင် နေ့တိုင်း Post တင်ရမလား? မတင်ရင် ဘာဖြစ်မလဲ?”
Digital Marketing လုပ်နေတဲ့သူတော်တော်များများမှာ
👉 ဒီ Question ကို အမြဲမေးတတ်ကြပါတယ် —
“နေ့တိုင်း post မတင်ရင် reach ကျသွားမလား?” 🤔
အမှန်တရားကို ပြောရမယ်ဆိုရင် —
👉 “နေ့တိုင်းတင်မှ reach ကောင်းမယ်” ဆိုတာ မဟုတ်ပါဘူး။
ဒါပေမယ့်…
👉 လုံးဝမတင်ဘဲနေလိုက်ရင်လည်း မကောင်းပါဘူး။
🔍 Facebook Reach က ဘာပေါ်မှာ မူတည်လဲ?
Facebook Algorithm က
👉 “Active + Valuable Content” ကိုပဲ Promote လုပ်တတ်ပါတယ်
ဒါကြောင့် Reach ကောင်းဖို့အတွက် —
Quantity (အရေအတွက်) မဟုတ်
Quality (အရည်အသွေး) ပဲ အရေးကြီးပါတယ်
နေ့တိုင်း Post တင်ရင် ဘာဖြစ်မလဲ?
✔️ Page Active ဖြစ်နေမယ်
✔️ Audience နဲ့ ဆက်သွယ်မှု မပြတ်ဘူး
✔️ Algorithm က “ဒီ page က active” ဖြစ်တာကိုသိမယ်
ဒါပေမယ့်…
Content quality မကောင်းရင်
Reach မတက်ဘူး
Engagement မရပါဘူး
အဆုံဆိုးဆိုရင်တော့
Low quality post တွေများလာရင်တော့Page reach လျော့သွားနိုင်ပါတယ်တယ်
⏸️ မတင်ဘဲနေလိုက်ရင် ကော ဘာဖြစ်မလဲ?
2–3 ရက် မတင်တာ တော့OKပါတယ်
1 ပတ်လောက် မတင်တာ = Reach နည်းနည်းကျမယ်
ဒါပေမယ့် —
Long time (2–4 weeks) မတင်ဘူးဆိုရင်
•Audience တွေ မေ့သွားမယ်
•Engagement down
•New post တင်ရင် reach ပြန်တက်ဖို့ ခက်မယ်
⚖️ Best Strategy (အမှန်တကယ်လုပ်သင့်တာကတော့)
👉 “နေ့တိုင်းတင်” တာတော့မဟုတ်ပါဘူး
👉 “Consistency + Quality” ဖြစ်ရမယ်
✔️ 1 week ကို 3–5 posts
✔️ Value ပါတဲ့ content (knowledge / entertainment / problem solving)
✔️ Random မတင်ဘဲ plan နဲ့တင်ပါ
💡 Content Idea Mix
👉 Knowledge sharing
👉 Behind the scenes
👉 Customer review
👉 Selling post
👉 Mix လုပ်ပြီးတင်မှ Audience bored မဖြစ်အောင်ပါ
နေ့တိုင်းတင်ပြီး —
Like 5 ခု
Comment 0
ဒါထက်
👉 3 ရက်တစ်ခါ တင်ပြီး
✔️ Engagement ကောင်း
✔️ Share ရ
တာက ပိုတန်ဖိုးရှိပါတယ်
👉 Facebook က spam page မကြိုက်ဘူး
👉 Audience ကလည်း useless content မကြိုက်ဘူး
ဒါကြောင့် —
📌 Post နည်းနည်းတင်ပါ
ဒါပေမယ့် တန်ဖိုးရှိအောင်တင်ပါ
📌 Remember This
“နေ့တိုင်းတင်တာက Strategy မဟုတ်ဘူး
👉 လူတွေစိတ်ဝင်စားအောင်တင်နိုင်တာက Strategyပါ
09/05/2026
“Ads Run တာမှာ လူအများစု မသိသေးတဲ့ ‘Customer Journey’”
Ads run လုပ်တဲ့အခါ လူတော်တော်များများက
“Ad တစ်ခု run လိုက်တယ်→ လူတွေမြင်တယ် → ပြီးရင်ဝယ်မယ်” လို့ထင်ကြပါတယ်
အဲ့လောက်မရိုးရှင်းပါဘူး
တကယ်က —
👉 အဲ့လောက်မလွယ်ပါဘူး။
Customer Journey ဆိုတာဘာလဲ?
Customer Journey ဆိုတာက
👉 Customer တစ်ယောက် “မသိတဲ့အခြေအနေကနေ ဝယ်တဲ့အထိ” သွားတဲ့ လမ်းကြောင်းပါ
ဒီ journey ကို နားမလည်ဘဲ Ads run လုပ်ရင်
👉 Budget ကုန်ပြီး Result မရတာ သဘာဝပါပဲ။
Step 1 — Awareness (သိလာခြင်း)
ဒီအဆင့်မှာ Customer က —
👉 သင့် product / brand ကို မသိသေးပါဘူး
ဒါကြောင့် Ads က —
👉 “Sell” မလုပ်ရသေးဘူး
👉 “Attention ဖမ်း” ပဲလုပ်ရမယ်
Content idea -
•Problem highlight
•Educational content
•Short video / scroll stopper တွေဖန်တီးဖို့ လုပ်တက်ဖို့ ရေးတက်ဖို့ လိုပါတယ်
ဒါမှပဲ customer က ငါ ဒီ product ကို သိလာပြီဖြစ်မှာပါ”
အဆင့် 2 — Consideration (စဉ်းစားခြင်း)
ဒီအဆင့်မှာ Customer က —
👉 “ဒီဟာက ငါ့အတွက် အသုံးဝင်မလား?” ဆိုပြီး စဉ်းစားနေပြီ
ဒီမှာတော့ —
👉 Trust build လုပ်ဖို့ အရေးကြီးတယ်
✔️ Content idea အနေနဲ့
Review / Testimonial
Before & After
Product explanation
ပန်းတိုင်က = “ဒီဟာကကောင်းမယ်ထင်တယ်”လို့ စတွေးလာပါပြီ
အဆင့်3 — Conversion (ဝယ်ခြင်း)
ဒီအဆင့်မှာ Customer က —
👉 ဝယ်ဖို့ Almost ready ဖြစ်နေပြီ
ဒါကြောင့် —
👉 Push လေးပေးဖို့လိုတယ်
Content idea အနေနဲ့
Limited offer ပေးပါ
Discount ပေးပါ
Urgency (Today only, Limited stock)
ပန်းတိုင်ကတော့= “အခုဝယ်မယ်”
❌ လူအများစုလုပ်တဲ့အမှားအနေနဲ့
Awareness မရှိတဲ့လူကို တန်း Sell လုပ်တာ
ဥပမာ —
Customer က brand မသိသေးဘူး
ဒါပေမယ့် Ad မှာ “Buy now!!!” တန်းပြောနေတယ်
အဲ့လိုဆိုရလဒ်က= Ignore / Skip ပါ
✔️ Correct Strategy ကတော့
Step by Step သွားပါ
Awareness Ads
Retarget (Consideration)
Conversion Ads
Funnel လို စနစ်တကျလုပ်ရမယ်
“Ads တစ်ခုတည်းနဲ့ လူတွေ ဝယ်မယ်” ဆိုတာ
👉 Beginner mindset ပါ
တကယ့် Marketing က —
👉 Process ပါ
👉 Relationship build လုပ်တာပါ
Final Tip အနေနဲ့
👉 Customer ကို အမြဲမေးပါ
“သူအခု ဘယ် stage မှာရှိလဲ?”
အဲ့ဒီအဖြေကို သိရင်
👉 Ads ဘယ်လို run ရမလဲ ဆိုတာ ရှင်းသွားမယ်
Remember This:
“မသိတဲ့သူကို မရောင်းနိုင်ပါဘူး
customer တွေက ယုံကြည်မှ ဝယ်ပါတယ်”
08/05/2026
ဒီနေ့ နေ့လည် သင်တန်းလာအပ်ကျတာလေးတွေ မင်မင် ကတော့ ခုထိမနားရသေးဘူး သင်တန်းသား သင်တန်းသူလေးတွေ မသိတာ နားမလည်တာတွေလည်းရှင်းပြရင်းနဲ့ အခုမှ ခဏ နား 😘❤️ ယုံကြည်စွာလာရောက်တက်ရောက်သူများအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ် နော်
05/05/2026
“Ads run တာတောင် sale မရတာ ဘာကြောင့်လဲ?” 🤔
လူအများစုက sales မရ ရင်
-Audience မှားတယ်
-Budget နည်းတယ် လို့ပဲထင်ကြတယ်
ဒါပေမယ့် တကယ်တော့
80% problem က “Offer” မှာပါပဲ
⸻
🔑 Offer မကောင်းရင် Ads မကောင်းဘူး
လူတွေက
“Boost လုပ်ထား” လို့မဝယ်ဘူး
“Value ရတယ်” ဆိုမှ ဝယ်တက်ကျတယ်
Example (မရောင်းရနိုင်တဲ့ပုံစံ)
👉 “Digital Marketing Class ရှိပါတယ်” ပြီးပြီဒါပဲလား အဲ့လိုဆိုရင်တော့ သေချာပါတယ်
လူတွေစိတ်မဝင်စားပါဘူး
⸻
Example (ရောင်းရနိုင်တဲ့ပုံစံ)
👉 “18,000ks နဲ့ Facebook Ads ကို ကိုယ်တိုင် run တတ်ပြီး
Service ပြန်ပေးနိုင်အောင် သင်ပေးမယ့် Classလေးတစ်ခုပါ”
ဒီလိုဆိုရင် “Benefit” တွေမြင်ရတယ် ရောင်းရနိုင်တယ်
⸻
💡 3 Things to Fix Today
(1) Clear Result ပြ
•တက်ပြီးရင်ဘာရမလဲ?
(2) Specific ဖြစ်အောင်ရေးပါ
•General မရေးပါနဲ့
(3) Simple Offer
•ဖတ်လိုက် ကြည့်လိုက်တာနဲ့ လူတွေချက်ချင်းနားလည်ရပါမယ်
⸻
🎯 Final Tip ကတော့
Ads က traffic ပဲပို့တာပါ
Sale ဖြစ်တာက “Offer + Message” ပေါ်မှာပဲ မူတည်ပါတယ်နော်
⸻
မင်း ads run တာတောင် result မရသေးဘူးဆိုရင်
offer ကိုပြန်စစ်ကြည့်ပါ
⸻
🔥 Facebook Ads ကို professional ကျကျ လေ့လာချင်သူများအတွက်
Zoom One-by-One Class လည်းရှိပါတယ်နော်
အသေးစိတ်ကို cb မှာလာမေးနိုင်ပါတယ် 📩
05/05/2026
Part-3
📌 Customer Psychology (ဝယ်သူစိတ်ထား) ၃ မျိုး — Marketing မှာ ဘယ်လိုသုံးမလဲ? ⚡ 3. Impulse Buyer (ချက်ချင်းဝယ်သူ)
💡 သူတို့ရဲ့ behavior
ဒီ type က
• အချိန်ကြာကြာစဉ်းစားမနေဘူး
• အရေးပေါ်အခြေအနေ (အချိန်ကန့်သတ်မှု) ရှိရင် ချက်ချင်းဆုံးဖြတ်ပြီး လုပ်ဆောင်တတ်တယ်
• လျှော့ဈေး၊ ပရိုမိုးရှင်း၊ အရေအတွက်ကန့်သတ်ထားတဲ့ ကမ်းလှမ်းချက်တွေကို လျင်မြန်စွာတုံ့ပြန်တတ်တယ်
⸻
🎯 သူတို့ကို ရောင်းချချင်ရင်
👉 “အချိန်ကန့်သတ်မှု + မလွတ်ချင်စိတ် (လက်လွတ်မခံချင်စိတ်)” ဖန်တီးပါ
(FOMO = မလွတ်ချင်စိတ် / အခွင့်အရေးလက်လွတ်မသွားချင်စိတ်ရှိကျပါတယ် )
✅ Content Type
• အချိန်တိုအတွင်းပဲ လျှော့ဈေးပေးတဲ့ ပရိုမိုးရှင်း
• အရေအတွက်ကန့်သတ်ထားတဲ့ ပစ္စည်းများ
• အချိန်နာရီနဲ့တွက်ပြတဲ့ Countdown ပို့စ်များ
• အထူးကမ်းလှမ်းချက်များ
⸻
✍️ Example Content
👉 “ဒီနေ့တစ်နေ့ပဲ 🔥 ၃၀% လျှော့ဈေး”
👉 “ပစ္စည်း ၁၀ ခုသာကျန်!”
👉 “ကမ်းလှမ်းချက် ၃ နာရီအတွင်း ပြီးဆုံးမည် ⏳”
👉 ဒီလိုမျိုး message တွေက
ချက်ချင်းဝယ်ယူဖို့ လုပ်ဆောင်စေတယ်
⸻
❌ Common Mistake
• အမြဲတမ်း လျှော့ဈေးပေးနေခြင်း (Brand တန်ဖိုးကျနိုင်တယ်)
• အတုအယောင် အရေးပေါ်ခံစားချက်ဖန်တီးခြင်း (ယုံကြည်မှု ပျက်နိုင်တယ်)
⸻
🧩 Summary (အရေးကြီးဆုံးအချက်)
👉 Customer ၃မျိုး —
1. Logical Buyer → အကြောင်းပြချက် လိုတယ်
2. Emotional Buyer → ခံစားချက် လိုတယ်
3. Impulse Buyer → အရေးပေါ်ခံစားချက် (Urgency) လိုတယ်
⸻
🎯 Marketing Strategy Tip
👉 Content တစ်မျိုးတည်းနဲ့ မလုံလောက်ပါဘူး
အကောင်းဆုံးနည်းလမ်းက👇
• တနင်္လာ → ပညာပေးအကြောင်းအရာ (Logical)
• ဗုဒ္ဓဟူး → ဇာတ်လမ်းပုံစံအကြောင်းအရာ (Emotional)
• သောကြာ → ပရိုမိုးရှင်းအကြောင်းအရာ (Impulse)
👉 ဒီလိုမျိုး ပေါင်းစပ်တင်ဆက်တာက ရောင်းအားတက်စေပါတယ်
⸻
👉 “သင့်လုပ်ငန်းမှာ ဘယ်လို customer အမျိုးအစားတွေ များနေပါသလဲ?”
Comment မှာရေးခဲ့ပေးပါ
နေ့စဉ် Marketing knowledge များ sharing လုပ်ပေးသွားပါမယ်