Spring Ranger - နွေဦးရိန်းဂျား

Spring Ranger - နွေဦးရိန်းဂျား

Share

အာဏာရှင်ကို ရရာနည်းနဲ့ တော်လှန်ကြမ?

05/10/2022

ကျွန်တော်တို့ Spring Ranger - နွေဦးရိန်းဂျားတပ်ဖွဲ့မှ Cobra စစ်ကြောင်းသို့ ကူညီထောက်ပံ့ပေးခဲ့ပါသည်။

ဆက်သွယ်ရန် - Page Chatbox



03/08/2022







~~~~~~~~~~~~~~

ကျွန်တော်တို့ Spring Ranger - နွေဦးရိန်းဂျားတပ်ဖွဲ့မှ Venom စစ်ကြောင်းသို့ ကူညီထောက်ပံ့ပေးခဲ့ပါသည်။

ဆက်သွယ်ရန် - Page Chatbox



27/07/2022

🗣 ကျွန်တော်တို့ Spring Ranger အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦး ပြောပြတဲ့ UG ဘဝ၊ UG အခက်အခဲ။

Photos from Spring Ranger - နွေဦးရိန်းဂျား's post 19/07/2022

အရေးပေါ်အခြေအနေများအတွက်

Crd

18/07/2022

Kaung For You Education မှ ဆရာမနှင့် သားဖြစ်သူကို နွေဦးရိန်းဂျားအဖွဲ့က လွတ်မြောက်နယ်မြေသို့ ကယ်ထုတ်
======================

Kaung For You Education မှ ဆရာမနှင့် ၎င်း၏ သားဖြစ်သူတို့ကို လွတ်မြောက်နယ်မြေတစ်နေရာသို့ ကယ်ထုတ်ကာ စောင့်ရှောက်ပေးထားကြောင်း နွေဦးရိန်းဂျားအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

“ဆရာမက ပိတ်မိနေတဲ့ အခြေအနေဖြစ်နေတယ်၊ ဘယ်သွားလို့ သွားရမှန်းမသိ၊ ဘာလုပ်လို့ လုပ်ရမှန်းမသိနဲ့ ကိုယ့်ကိုယ်ကို သတ်သေချင်စိတ်တွေပါ ဖြစ်လာတယ်ဆိုတာ သူ ကျွန်တော်တို့ကို ရင်ဖွင့်တယ်။ ကျွန်တော်တို့ကို အကူအညီတောင်းလာလို့ စကစလက်ထဲမပါသွားအောင် ချိတ်ဆက်ပြီး မနေ့က အချိန်မီကယ်ထုတ်နိုင်ခဲ့တာပါ” ဟု ၎င်းက ပြောသည်။

အဆိုပါ ဆရာမနှင့်ပတ်သက်သည့် အခြားအချက်အလက်များကိုမူ လုံခြုံရေးအရ သတင်းမီဒီယာတွင် ထုတ်ဖော်ပြောဆိုနိုင်ခြင်းမရှိသေးဘဲ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာနကို တင်ပြထားကြောင်း နွေဦးရိန်းဂျားအဖွဲ့၏ တာဝန်ရှိသူက ဆက်ပြောသည်။

“သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ ဝန်ကြီးတွေကို ကျွန်တော်တို့ တင်ပြထားတာရှိတယ်ဗျ။ သူရဲ့ ရာထူး၊ နာမည်၊ သူ့ရဲ့ ဆောင်ရွက်မှုတွေကို တင်ပြထားတယ်ဗျ။ သူက CDM ကျောင်းဆရာမပါပဲ။ သူတို့ကို ကယ်ထုတ်ထားပေမယ့် ဆက်လက်နေထိုင်ရေးအတွက်ကိုတော့ သက်ဆိုင်ရာဝန်ကြီးဌာနကို တင်ပြပြီး အကူအညီတောင်းထားပါတယ်” ဟု ဆိုသည်။

Kaung for You Education ကျောင်းတည်ထောင်သူ CDM လက်ထောက်မြို့နယ် ပညာရေးမှူး ဦးကောင်းသိုက်စိုးနှင့် CDM ကျောင်းဆရာနှစ်ဦးကို ဇူလိုင်လ ၁၆ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့် ရုပ်သံလိုင်းမှ ကြေညာခဲ့သည်။

၎င်းတို့အပြင် Kaung For You Education မှ အချက်အလက်များ ပေါက်ကြားမှုဖြစ်ပြီးနောက် ကျောင်းမှ ကျောင်းသားကျောင်းသူနှင့် ဆရာဆရာမ စုစုပေါင်း ၂၀ နီးပါးလည်း စစ်ကောင်စီတပ်၏ ဖမ်းဆီးခံထားရကြောင်း သတင်းမီဒီယာများက ဖော်ပြချက်များအရ သိရသည်။

စစ်ကောင်စီတပ်၏ ယင်းသို့ ပစ်မှတ်ထားဖမ်းဆီးမှုများကြောင့် Kaung For You Education မှ ဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများ၊ ကျောင်းသားမိဘများနှင့် ဆက်စပ်သူများမှာ လုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်နေကြရခြင်း ဖြစ်သည်။

ဆရာ၊ ဆရာမ၊ ကျောင်းသူ၊ ကျောင်းသားများအပါအဝင် ဆက်စပ်သူများပါ စစ်ကောင်စီတပ်၏ ပစ်မှတ်ထားဖမ်းဆီးခံနေရသည့် Kaung For You Education မှ ဆရာမတစ်ဦးနှင့် ၎င်း၏သားဖြစ်သူတို့ကို ဇူလိုင်လ ၁၇ ရက်တွင် ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်ပြီး ကျန်ရှိနေသူများကို ဆက်လက်ကယ်ထုတ်နိုင်ရေး ကြိုးပမ်းနေကြောင်း နွေဦးရိန်းဂျားအဖွဲ့က ထုတ်ပြန်ထားသည်။

“ကျွန်တော်တို့ အာဏာသိမ်းတော့ လမ်းပေါ်ထွက်ဆန္ဒပြတယ်၊ အဲ့ကနေ ဖြိုခွင်းမှုတွေ ဖြစ်လာတော့ UG ပြန်ကစားကြတယ်၊ နောက်ဆုံးအခြေအနေအရ သက်ဆိုင်ရာဒေသမှာ ရပ်တည်လို့ မရတော့ လွတ်မြောက်နယ်မြေကို ရောက်လာပြီး ဒီညီအကိုတွေ ဆုံကြပြီး ဒီအဖွဲ့လေးဖွဲ့ဖြစ်တာပါ။ ရန်ကုန်မှာ UG ကစားဖို့ လုပ်ဖြစ်တယ်။ လေးကေ့ကော်တိုက်ပွဲဖြစ်တော့ စစ်ဘေးရှောင်စခန်းတစ်ခုမတည်တယ်။ လူအင်အား ငွေအင်အားထည့်ဝင်တယ်။ သက်ဆိုင်ရာ CDM ဆရာ၊ ဆရာမ၊ အရာရှိ၊ လူပုဂ္ဂိုလ်တွေ၊ UG တွေကို ခေါ်ထုတ်စောင့်ရှောက်ထားတာရှိတယ်။ တဖက်မှာလည်း EAO၊ PDF တွေကို ထောက်ပို့လုပ်တာရှိတယ်၊ ရှေ့တန်းကို လက်နက်ခဲယမ်းပါ ထောက်ပံ့တာရှိပါတယ်” ဟု နွေဦးရိန်းဂျားအဖွဲ့၏ တာဝန်ရှိသူက ၎င်းတို့အဖွဲ့နှင့်ပတ်သက်ပြီး ပြောပြသည်။


#ပစ်မှတ်ထားဖမ်းဆီးခံ
#နွေဦးရိန်းဂျား
#လွတ်မြောက်နယ်မြေ
#ကယ်ထုတ်


------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

18/07/2022

အကြမ်းဖက်စစ်ကောင်စီက လိုက်လံဖမ်းဆီးနေတဲ့ K4U မှ ဆရာမတစ်ဦးအပါဝင်CDM ၅၀ ကျော်ကယ်ထုတ်ထား

DTV, July-18-2022

အကြမ်းဖက်စစ်ကောင်စီက လိုက်လံဖမ်းဆီးနေတဲ့ K4U မှ ဆရာမတစ်ဦးအပါဝင်CDM ၅၀ ကျော်ကယ်ထုတ်ထားတယ်လို့ နွေဦးရိန်းဂျားအဖွဲ့ တာဝန်ရှိသူက
Democratic TV ကို ပြောပါတယ်။

လိုက်လံဖမ်းဆီးခံနေရသည့် Kaung For You Education ဖက်ဒရယ်ကျောင်းမှ ကျောင်းဆရာနဲ့ ဆရာမတချို့ကို ဆက်လက်ကယ်ထုတ်ပေးဖို့ကြိုးပမ်းနေတယ်လို့ တာဝန်ရှိသူကဆိုပါတယ်။

"ကျွန်တော်တို့ကို ဒီဆရာမကိုယ်စား လာပြီးတော့ အကူညီတောင်းလာတာရှိတော့ ဒီဆရာမကို ကျွန်တော်တို့ ချိတ်ဆက်ပြီး ဆက်သွယ်တယ်၊ဆက်သွယ်ပြီးတော့ ဒီဆရာမရှိတဲ့နေရာတွေကို ကျွန်တော်တို့ ကယ်ထုတ်ခဲ့တယ်ပေါ့လေ။ ကယ်ထုတ်တဲ့နေရာမှာလည်း အခက်အခဲတော့ မရှိပါဘူး"လို့ ဆိုပါတယ်။

လုံခြုံရေး အချက်အလက် ချိုးဖောက်ခံရပြီးနောက် Kaung For You Education ဖက်ဒရယ်ကျောင်းမှ ဆရာ၊ ဆရာမနဲ့ကျောင်းသား၊ ကျောင်သူတချို့ ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လိုက်လံဖမ်းဆီးနေပြီး ဆရာ၊ ဆရာမ တချို့ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

"ကျွန်တော်တို့က အခုမှ ကယ်ထုတ်ခဲ့တာမဟုတ်ဘူး။ ကျွန်တော်တို့ CDMဆရာ၊ ဆရာမတွေ CDMအရာရှိတွေ ဟို UG PDFတွေ တော်လှန်ရေးအင်အားစုတွေကို ကျွန်တော်တို့ ရှေ့မှာကတည်းကနေ တောက်လျှောက် ကယ်ထုတ်ခဲ့တာ အယောက် ၅၀ ကျော်ပြီ"လို့ နွေဦးရိန်းဂျားအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဆက်လက်ကယ်ထုတ်ကူညီပေးရန် ချိတ်ဆက်ထားတဲ့ ဆရာ၊ ဆရာမများလည်းရှိနေပြီး လက်ရှိအချိန် တွင် NUG ပညာရေးဝန်ကြီးဌာနကိုလည်း ချိတ်ဆက်တင်ပြထားတယ်လို့ အဲအဖွဲ့က ဆက်ပြောပါတယ်။

18/07/2022

လိုက်လံဖမ်းဆီးခံနေရသည့် K4U မှ ဆရာမတစ်ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး အခြားသူများကိုလည်း ဆက်လက်ကယ် ထုတ်နိုင်ရန်ကြိုးပမ်းနေဟုဆို

ရန်ကုန်၊ ဇူလိုင် ၁၈
လူငယ့်ခေတ်

လိုက်လံဖမ်းဆီးခံနေရသည့် Kaung For You Education ဖက်ဒရယ်ကျောင်းမှ ကျောင်းဆရာနှင့် ဆရာမတချို့ကို ကယ်ထုတ်ပေးရန် ကြိုးပမ်းနေကြောင်း နွေဦးရိန်းဂျားအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက လူငယ့်ခေတ်သတင်းဌာနသို့ ပြောသည်။

လုံခြုံရေး အချက်အလက် ကျိုးပေါက်ခံရပြီးနောက် Kaung For You Education ဖက်ဒရယ်ကျောင်းမှ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်သူတချို့ ကို စစ်ကောင်စီတပ်ဖွဲ့ဝင် များက လိုက်လံဖမ်းဆီးနေပြီး ဆရာ၊ ဆရာမ တချို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ထိုသို့ထွက်ပြေးတိမ်းရှောင်နေရသည့် ဆရာ၊ ဆရာမများထဲမှ ဆရာမတစ်ဦးကို နွေဦးရိန်းဂျားအဖွဲ့က လွတ်မြောက်အောင် ကယ်ထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်း နွေဦးရိန်းဂျားအဖွဲ့ကသတင်းထုတ်ပြန်ထားသည်။

“ဆရာမဘက်က ကျွန်တော်တို့ဆီကို ဆက်သွယ်လာတယ်။ ဘယ်နေရာ ဘယ်ဒေသကနေ ကယ်ထုတ်ပေးခဲ့တာလည်းဆိုတာတော့ လုံခြုံရေးအရပြောလို့မရဘူး။ အခု ဆရာမလုံခြုံတဲ့ နေရာမှာရှိပါတယ်” ဟု အထက်ပါတာဝန် ရှိသူက ပြောသည်။

ထို့အပြင် ဆက်လက်ကယ်ထုတ်ကူညီပေးရန် ချိတ်ဆက်ထားသည့် ဆရာ၊ ဆရာမများလည်းရှိနေပြီး လက်ရှိအချိန် တွင် NUG ပညာရေးဝန်ကြီးဌာနကိုလည်း ချိတ်ဆက်တင်ပြထားကြောင်းလည်း ယင်းအဖွဲ့ထံမှ သိရသည်။

“NUG ကို တင်ပြထားတယ် ဆရာဆရာမတွေ ဆက်လက်ရပ်တည်ရေးနဲ့ ပတ်သက်ပြီး သူတို့ဘယ်လိုဆောင်ရွက် ပေးမလဲပေါ့”ဟု နွေဦးရိန်းဂျားအဖွတာဝန်ရှိသူက ထပ်မံပြောသည်။

နွေဦးရိန်းဂျားအဖွဲ့အနေဖြင့် စစ်ကောင်စီမှဖမ်းဆီးရန် ကြိုးပမ်းခံရသူများ၊ CDMဝန်ထမ်းများကို လွတ်မြောက်နယ်မြေသို့ ရောက်ရှိနိုင် ရေးကြိုးပမ်းခဲ့ရာ လက်ရှိအချိန်ထိကယ်ထုတ်ပေးနိုင်ခဲ့သူ (၅၀) ကျော်ရှိပြီဖြစ်ကြောင်း ယင်းအ ဖွဲ့က ဆိုသည်။

Kaung For You Education ဖက်ဒရယ်ကျောင်းမှ ဆရာ၊ ဆရာမ အယောက် (၂၀)ဝန်ကျင်ခန့်သည် စစ်ကောင်စီ ၏ ဖမ်းဆီးခြင်းခံထားရကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။


17/07/2022







~~~~~~~~~~~~~~

K4U က ဆရာမတစ်ဦးကို ဒီကနေ့ ဘေးကင်းလုံခြုံစွာ ကျွန်တော်တို့တွေ ကယ်ထုတ်နိုင်ခဲ့ပါတယ်။ ကျန်သူများကိုလည်း ဆက်လက်ကယ်ထုတ်နိုင်ရေး ချိတ်ဆက်ကြိုးစားလျက်ရှိပါတယ်။

ဆက်သွယ်ရန် - Page Chatbox



15/07/2022







~~~~~~~~~~~~~~

ကျွန်တော်တို့ Spring Ranger - နွေဦးရိန်းဂျားတပ်ဖွဲ့မှ ဗိုလ်ကြီးစောအယ်စေးဝါး(KNDO အထူးကွန်မန်ဒိုတပ်ဖွဲ့)သို့ ကူညီထောက်ပံ့ပေးခဲ့ပါသည်။

ဆက်သွယ်ရန် - Page Chatbox



10/07/2022







~~~~~~~~~~~~~~

🗣 ကျွန်တော်တို့ Spring Ranger အဖွဲ့နာမည်နဲ့ NUG Pay ရရှိပါပြီ။ ထောက်ပို့ကိစ္စတွေအပြင် အခြားတော်လှန်ရေးကိစ္စတွေအတွက် လက်တွဲပါဝင်ကူချင်သူတွေအနေနဲ့ NUG Pay / Wave / Kpay / ထိုင်းဘဏ်အကောင့်သို့ ထည့်ဝင်ကူနိုင်ပါတယ်။ အရေးတော်ပုံ မုချအောင်ရမယ်✊

ဆက်သွယ်ရန် - Page Chatbox



08/07/2022







~~~~~~~~~~~~~~

ကျွန်တော်တို့ Spring Ranger - နွေဦးရိန်းဂျားတပ်ဖွဲ့မှ Cobra စစ်ကြောင်းသို့ ကူညီထောက်ပံ့ပေးခဲ့ပါသည်။

ဆက်သွယ်ရန် - Page Chatbox



01/07/2022







~~~~~~~~~~~~~

Spring Ranger - နွေဦးရိန်းဂျားတပ်ဖွဲ့မှ MG6 -ပြောက်ကျားတပ်သို့ ကူညီထောက်ပံ့ပေးမှု။

ဆက်သွယ်ရန် - Page Chatbox



Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Yangon