Neonatal Intensive Care Unit, CWH Yangon

Neonatal Intensive Care Unit, CWH Yangon

Share

Neonatal Intensive Care Unit, Central Women Hospital, Yangon

29/01/2025

2020 ကတည်းက အလှူရှင်များ လှူဒါန်းထားတဲ့ digital XRay ကိုယနေ့အထိ ကောင်းမွန်စွာ အသုံးပြုနေပါတယ်
အရည်အသွေး ကောင်းမွန်တဲ့ image များကြောင့် ကုသမှုများကို ကောင်းကောင်းအထောက်အကူပြုပါတယ်

01/11/2024

Admin အနေနဲ့ ဒီpost ကိုစီစစ်ပြီးမှတင်သင့်ပါတယ်
ကလေးကြပ်မတ်ဆောင်ကနေ ပျောက်သွားတာမဟုတ်ပါ
ကလေးနေကောင်းသွားလို့ မိခင်ဆီပြန်ရောက်ပြီး သူတို့နဲ့တနေ့လုံးတညလုံးအတူရှိနေတဲ့ အမျိုးသမီးတယောက်ကယူသွားတာပါ

19/10/2024

Celebrating my 6th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

Photos from Neonatal Intensive Care Unit, CWH Yangon's post 19/11/2023

World Prematurity Day (17th November 2023)

မိခင်နို့တိုက်ကျွေးခြင်းဆိုင်ရာ ဗဟုသုတများ 07/05/2023

မေမေတို့ရေ... တချို့နေရာတွေမှာ အမေတွေဟာ နို့မှုန့်ဖိုးကာမိအောင် မီးဖွားခွင့်ရတဲ့အချိန်အတွင်းမှာ အချိန်ပိုင်းအလုပ် ထွက်လုပ်ကြတာရှိပါတယ်။ တကယ်လို့ မိခင်နို့သာ တိုက်မယ်ဆိုရင် မေမေတို့ဝင်ငွေရဲ့ ၁၂ ရာခိုင်နှုန်းကို စုဆောင်းမိစေပါတယ်လို့ လေ့လာမှုတွေအရ သိထားရပါတယ်။ အချိန်ပိုင်းအလုပ် လုပ်စရာမလိုပဲ ကလေးကို အချိန်ပေးလို့ရပါတယ်။
ခုတစ်လော အဖက်ဖက်က ခက်ခဲ အကြပ်အတည်းနေကြတဲ့ ကာလမှာ နို့မှုန့်တိုက်တဲ့မိခင်တွေ ငွေကြေးအကြပ်အတည်းကြောင့် နို့မှုန့်ဖိုး အလှူခံနေကြရတာကို Facebook Group တွေမှာတွေ့ ဝမ်းနည်းစွာနဲ့ပဲ မကြာခဏတွေ့နေရပါတယ်။
မိခင်နို့တိုက်ခြင်းက အချိန်နဲ့ ငွေကို သက်သာစေရုံသာမက အချိန်မရွေးလည်း တိုက်လို့ရပါတယ်။ ငွေပိုတာကို မိသားစု ပညာရေး ကျန်းမာရေးနဲ့ အခြားအသုံးစရိတ်တွေမှာ ပြန်သုံးလို့ရပါတယ်။
ဒါ့ကြောင့် မိခင်နို့ကို တတ်နိုင်သလောက်များများတိုက်ဖို့နဲ့ ကြာကြာတိုက်ပေးဖို့ တိုက်တွန်းလိုပါတယ်။ မိခင်နို့တိုက်ကျွေးဖို့ အခက်အခဲရှိပြီး မလွှဲသာလို့ နို့မှုန့်တိုက်ရတဲ့ မေမေတွေရဲ့ အခြေအနေနဲ့ ခံစားချက်တွေကိုလည်း စာနာနားလည် ကြပါတယ်။
မိခင်နို့တိုက်ကျွေးတဲ့ အကြိမ်တိုင်းဟာ အကျိုးကျေးဇူးရရှိစေပါတယ်။ ဒါကြောင့်မို့ မိခင်နို့ကို တစ်ကြိမ်ပဲ တိုးပြီးတိုက်နိုင်တယ်ဆိုရင်ပဲ မေမေတို့နဲ့ ဘေဘီလေးတွေအတွက် အကျိုးကျေးဇူးတွေ များစေနိုင်တာမို့ ကြိုးစားပြီးတိုက်နေတဲ့ မေမေတွေကို ဂုဏ်ပြုပါတယ်။
မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့ အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့ မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member တင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကို ဖြေပေးဖို့ မမေ့ပါနဲ့နော်။
မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho

07/03/2022

Covid ရောဂါခံစားရပြီးကျန်းမာလာတဲ့မိခင် တွေရဲ့နို့ရည်ကို စမ်းသပ်ကြညိ့တဲ့အခါမှာ Covid Virus RNA ကိုမတွေ့ရဘဲ Covid ရောဂါခုခံအား Antibody ကိုသာတွေ့ရတယ်လို့ Spain နိုင်ငံက 2020 မှာ ပြုလုပ်ထားတဲ့ Study တစ်ခုမှာဖော်ပြထားပါတယ်.​​ Breastmilk is the best for newborn babies

22/07/2021

ကူးစက် မြန်ပြီးသေးဆုံးမှုများရှိနေတဲ့အတွက် Covid ရောဂါကို မဖြစ်ခင်က ကြိုတင် ကာကွယ်နိုင်အောင် ကမအဝ ရဲ့ သတိပေးနှိုးဆော်ချက်များကို အထူးဂရုစိုက်ရျ် လိုက်နာကြပါ

​ပြည်သူသို့ အသိပေးပန်ကြားချက် (၁၆ - ၇ - ၂၀၂၁)
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ပြည်သူတို့အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကူးစက်ဖြစ်ပွားမှုကို ထိရောက်စွာကာကွယ်ထိန်းချုပ်ကုသနိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ တွင် ပြည်သူများအနေဖြင့်ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ အဆိုပါလုပ်ငန်းများသည် အချိန်တိုအတွင်း ထိ ရောက်အောင်မြင်၍ယခုဖြစ်ပေါ်လျက်ရှိသောရောဂါတတိယလှိုင်းကို ထိခိုက်မှုအနည်းဆုံးဖြင့်ကျော်ဖြတ် နိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အောက်ဖော်ပြပါအချက်များကို အားလုံးကိုယ်စီလိုက်နာဆောင်ရွက်၍ ပူးပေါင်းပါဝင်ပံ့ပိုးဆောင်ရွက်ပေးကြပါရန် အသိပေးပန်ကြားအပ်ပါသည်-
(၁) တတ်နိုင်သမျှ အိမ်တွင်း၌သာနေထိုင်ပါ၊ အိမ်တွင်နေထိုင်ခြင်းသည် မိမိကိုယ်တိုင်နှင့်အတူနေ မိသားစုဝင်တို့အားရောဂါကူးစက်မှုအန္တရာယ်မှကာကွယ်ပေးခြင်း၊ ရောဂါကွင်းဆက်များကိုအချိန် တိုအတွင်း ပြတ်တောက်စေခြင်းနှင့် ဒေသတွင်း ရောဂါကိုအမြန်ဆုံးထိန်းချုပ်နိုင်ခြင်းရလဒ်တို့ကို ရရှိစေပါသည်၊
(၂) အိမ်တွင်ဧည့်သည်လက်ခံခြင်း လုံးဝမပြုပါနှင့်၊ မိမိကိုယ်တိုင်လည်း ဧည့်သည်အဖြစ် သွားရောက်ခြင်း လုံးဝ မပြုပါနှင့်၊
(၃) မဖြစ်မနေအပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းည်း(Mask) ကို မဖြစ်မနေ တပ်ဆင်ပါ၊ လက်ကို အနည်းဆုံး စက္ကန့်(၂၀)ကြာအောင် စနစ်တကျဆေးကြောပါ၊ အခြားသူများနှင့် (၆)ပေအကွာ ခပ်ခွာခွာနေပါ၊ လေဝင်လေထွက် မကောင်းသောအခန်းများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ပါ၊
(၄) လူစုလူဝေး လုံးဝ ရှောင်ကြဉ်ပါ၊
(၅) ဖြစ်နိုင်ပါက တစ်ပတ်လျှင်တစ်ကြိမ်ခန့်သာ စျေးဝယ်ယူပါ၊ ပါးစပ်နှင့်နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ထားခြင်း မရှိသော စျေးရောင်းသူများထံမှ စျေးမဝယ်ပါနှင့်၊
(၆) အပြင်ထွက်ရာမှအိမ်ပြန်ရောက်သောအခါတွင် အိမ်သို့ ရောဂါပိုးများသယ်ဆောင်လာခြင်းမရှိ စေရန် သတိပြုပါ၊ အသုံးပြုပြီးသော ပါးစပ်နှင့်နှာခေါင်းစည်း (Mask) နှင့် တစ်ခါသုံးပစ္စည်းများကို အိမ်အပြင်တွင် စနစ်တကျစွန့်ပစ်ပါ၊ အဝတ်အစားမလဲမီ/ကိုယ်လက်သန့်စင်ခြင်းမပြုမီ အိမ်သား များနှင့် အနီးကပ်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ၊
(၇) ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် တတ်နိုင်သည့်ဘက်မှ လူအင်အား၊ ငွေကြေး၊ ပစ္စည်း၊ ကျွမ်းကျင်မှုပညာရပ်များဖြင့် စနစ်တကျပါဝင်ပူးပေါင်းပံ့ပိုးပေးကြပါရန် ဖြစ်ပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

14/07/2021

ကိုရိုနာ ကာလနာရောဂါ တတိယလှိုင်းပြန်ဖြစ်ပြီးအသေအပျောက်တွေများတဲ့အချိန်မှာ ဆေးခန်းတချို့ပိတ်ထားကြလို့ လူနာတွေကဆရာဝန်နဲ့မတွေ့ကြရတဲ့အချိန်မှာစိုးရိမ်စိတ်များပြီး ကိုယ်ကောင်းမယ်ထင်လို့လုပ်မိကြတဲ့အမှားလေးတခုကို ပြောပြပါရစေ

မိခင်- ဆရာမရေ နယ်ကပါ ကလေးကတနှစ်ကိုးလပါတစ်ကိုယ်လုံးအေးစက်နေပြီးခြေဆီလေးတွေလဲ ထွက်နေလို့ဘာဆေးတိုက်ရမလဲသိချင်လို့ပါ
ဆရာဝန်- ကလေးဖျားခဲ့သေးလား လန်းဆန်းလား ဆီးကောင်းကောင်းသွားလား အစားဝင်လား
မိခင်-အစာနဲနဲဘဲစားတယ် ဆီးကောင်းကောင်းသွားတယ် မျက်ကြောနဲနဲစင်းတယ်ဆရာမ သူ့ကိုပြုစုတဲ့အမေရော အဖွားရောဖျားနေတာပါ အရှင်းတော့မပျောက်သေးတာပါဆရာမ
(ဆရာဝန် အတွေးက ဒီအချိန်လူကြီးတွေဖျားရင် Covid ဖြစ်နိုင်တယ် ကလေးကအဖျားကူးရင် တုပ်ကွေးလား covid လားခြေလက်အေးတယ်ဆိုတော့ သွေးလွန်တုပ်ကွေး shock သွေးလန့်တာလားပေါ့)
ဆရာဝန်- ဖျားတာဘယ်နှစ်ရက်ရှိပြီလဲ
မိခင်-3ရက်ဆရာမ အဖွားကချောင်းဆိုးကျန်ခဲ့တယ် အမေကနှာပိတ်နေတယ် ကိုယ်ပူကမရှိတော့ဘူး
(ကိုယ်ပူမရှိတော့ဘူး ခြေလက်အေးပြီးမျက်ကြောစင်းတယ်ဆိုတော့ဘုရားဘုရား သွေးလန့်တာမဖြစ်ပါစေနဲ့ပေါ့)
ဆရာဝန်- စဖျားတာဘယ်နေ့ကလဲ ရက်စွဲနဲ့ပြောပါ
မိခင်-12/07/2021 ကပါဆရာမ
ဆရာဝန်-စဖျားတဲ့နေ့ကနေ3 ရက်ကနေ5 ရက်အတွင်းအဖျားကျသော်လည်းမလန်းရင် သွေးလွန်တုပ်ကွေး shock ရတတ်တယ် ခြေလက်အေးရင်ပိုဆိုးတယ် အဲဒီ က ကလေးဆရာဝန်နှင့်အမြန်ပြပါ)

(အထက်ပါ ပြောဆိုချက်များသည် ဆရာဝန်နှင့်မိခင်messenger မှ ဆက်သွယ် နေခြင်းဖြစ်သည်
ဒီနေ့ကလဲသုံးရက်မြောက်နေ့ဆိုတော့ဆရာဝန်စိတ်ပူပါပြီ
-
-
-
အချိန်အတော်ကြာအထိ စကားပြန်မရ ညမထွက်ရ အမိန့်ကလဲရှိနေတော့ နောက်ကျသွားမှာ စိုးရိမ်ပြီ စိတ်ပူသော စိတ်မရှည်တော့သော ဆရာဝန်မှ ဖုံးကောက်ဆက်လိုက်ပါတော့သည်
ဆရာဝန် - ဟယ်လို
မိခင်-ဟယ်လိုဆရာမ
ဆရာဝန်- ကလေးဖျားပြီး အဖျားကျတဲ့အချိန်မလန်းရင် စိုးရိမ်ရတဲ့သွေးလွန်တုပ်ကွေးဖြစ်တတ်တယ်
မိခင်-သူ့အဖွားထိန်းတာဆရာမ ကျမကရုံးသွားနေတော့ သူ့ကိုမေးပါဆရာမ
(လှည့်ရျ်မေးပုံရသည် ခဏအကြာ)
ကလေးကမဖျားဘူးဆရာမ
အဖွားကဖျားနေတော့ ကလေးကိုကူးမှာစိုးလို့ paracetamol ကြိုတိုက်ထားတယ်လို့ပြောတယ်ဆရာမ

ပြသနာအားလုံးရဲ့အဖြေကတော့ဒါပါဘဲ
စိုးရိမ်စိတ်တွေများပြီး ကိုယ်မပူဘဲ ကိုယ်ပူကျဆေးတိုက်
ဆေးပမာဏလဲ များချင်များနေနိုင်တယ်လေ
ကလေးချွေးထွက်များပြီး ကိုယ်လက်အေးစက်သွားခြင်းဖြစ်ပါတယ်
ဆေးကြောင့်လေးသွားရပြီး ဘေးဖြစ်နိုင်ပါတယ်

နိဂုံးချုပ်ရရင်
ကလေးရှိရင် အိမ်မှာကိုယ်ပူကျဆေးရှိရမည်
သို့သော်ကိုယ်ပူမှတိုက်ပါ
မိိမိရဲ့ဆရာဝန်ပေးထားသောအညွှန်းအတိုင်းတိုက်ပါ
အပူမကျသေးလျင် ရိုးရိုးရေဖြင့် မကြာခဏ ရေပတ်တိုက်ခြင်းဖြင့်ကိုယ်ပူကျပါမည်
ကလေးကိုယ်မပူဘဲကိုယ်ပူကျဆေးကို ဘယ်သောအခါမျှ ကြိုတင်ရျ်မတိုက်ပါနှင့်

အားလုံးကျန်းမာအောင်နေထိုင်နိုင်ကြပြီး စိ​တ်သောကများကင်းဝေးကြပါစေ

Photos from Neonatal Intensive Care Unit, CWH Yangon's post 09/07/2021

Covid တတိယလှိုင်းဆိုးဝါးစွာဖြစ်နေတဲ့ကာလကြီးမှာ မွေးကင်းစလေးတို့ရဲ့မေမေများအတွက် တိုက်တွန်းစရာလေးတွေရှိပါတယ်
မွေးကင်းစကလေးတွေအတွက် ရောဂါကာကွယ်မှုပေးနိုင်တဲ့ မိခင်နို့ကိုကြိုးစားပြီးတိုက်ကြပါ
လမစေ့ ကိုယ်အလေးချိန်မပြည့်မွေးလာတဲ့ကလေးများကနို့စို့ အားနဲနိုင်သေးတဲ့အတွက်လိုအပ်ရင် မိခင်နို့ကိုညှစ်ပြီး သန့်ရှင်းတဲ့ဇွန်းသို့မဟုတ် ခွက်နဲ့အပိုဆောင်းတိုက်ပေးနိုင်ပါတယ်
အချိန်မရွေးရရှိနိုင်ပြီး လတ်ဆတ်သန့်ရှင်းတဲ့ မိခင်နို့ကို ဘယ်လို စီမံရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်
ကျန်းမာရေးဝန်ကြီးဌာနနဲ့ UNICEF တို့မှ ပူးပေါင်းပြုစုထားတဲ့ မိခင်နို့စနစ်တကျတိုက်ကျွေးရေးစီမံချက်မှ ကူးယူဖော်ပြပါတယ်
မိခင်ရောကလေးများပါကျန်းမာဖွံ့ဖြိုးကြပါစေ

11/02/2021

မိဘများသိလိုကြတဲ့မွေးကင်းစကလေးများနဲ့ပတ်သက်တဲ့ မေးခွန်းလေးများကို message ပို့ပြီးမေးနိုင်ပါတယ် အမြန်ဆုံးဖြေနိုင်အောင်ကြိုးစားပါ့မယ်

20/01/2021

ကျန်းမာရေး နဲ့အားကစားဝန်ကြီးဌာနရဲ့ထုတ်ပြန်ထားသောCovid 19 ကာကွယ်ဆေးနှင့်ပတ်သက်သောအမေးအဖြေများ

27/12/2020

ဒီတခေါက်မိခင်ဖခင်တွေကို အရေးကြီးတဲ့ကိစ္စပြောစရာတစ်ခုရှိနေပါတယ်
ပီးခဲ့တဲ့ရက်က ဆေးခန်းကနေ ဖုံးဆက်ပြီးမိခင်တယောက်က ကလေး ကာကွယ်ဆေးထိုးပြီး ငိုလို့ ဆေးဆိုင်ကိုမေးပြီး paracetamol တိုက်ပါတယ် ကလေးကအရမ်းဘဲဆက်ငိုနေလို့ စိတ်ပူပြီးဆေးခန်းရောက်လာတာပါ
​တိုက်ထားတဲ့ဆေးကို စစ်ဆေးကြညိတော့ paracetamol 5 ml 120 mg ကို 3.5 ml ဆေးဆိုင်က ညွှန်းတဲ့အတိုင်းတိုက်ပါတယ်တဲ့
ကလေးက နှစ်လသားလေးပါ
အဲဒီတော့ကာကွယ်ဆေးထိုးရင် သိထားသင့်တဲ့လိုက်နာရမဲ့ အချက်တွေကို ပြောပြချင်ပါတယ်
ကာကွယ်ဆေးက အသားဆေး ပေါင်နှစ်ဖက်အထိုးခံရတာမို့ နာကျင်မှုတော့ ရှိပါတယ်
နာကျင်တာကိုခံနိုရည်ရှိမှု (Pain Threshold) က ကလေးတယောက်နဲ့တယောက်မတူပါဘူး
အချို့ကလေးကခဏဘဲငိုပြီး တချို့ကျတော့ အတော်ကြာအောင်ငိုပါတယ်
ကာကွယ်ဆေးထိုးပြီးကိုယ်ပူတာကလဲ တယောက်နဲ့တယောက်မတူပြန်ပါဘူး
တချို့ ကလေးတွေ လုံးဝကိုယ်မပူဘဲ တချို့ ကနေ့ဝက်လောက်ပူပြီးတချို့လဲ တရက်လောက်ကြာပါတယ်
ကလေးငိုရင် မိခင်နို့တိုက်ပြီး မိခင်ရင်ခွင်မှာချော့သိပ်ပါ
နို့တိုက်ရင်း ကလေးကိုယ်ပါပူလာတာကို သိရင် အနာသက်သာဘို့နဲ့ ကိုယ်ပူကျဘို့ paracetamol တိုက်လို့ ရပါတယ်
၆ လအောက်အရွယ်ကတော့ Drop (အစက်ချ) တိုက်ရင်ပိုအဆင်ပြေပါတယ်
မြန်မာပြည်က်ိုဝင်တဲ့ paracetamol အမျိုးပေါင်းများစွာရှိတဲ့အတွက် ဆေး အညွှန်းမှားနိုင်ပါတယ်
ဆေးရုံမှာ ဆေးခန်းမှာ ကာကွယ်ဆေးထိုးရင် သက်ဆိုင်ရာဆရာဝန်ဆရာမတွေကကလေးကိုယ်အလေးချိန်နဲ့တွက်ပြီးလိုအပ်ရင်ညွန်းပေးပါမယ်
နောက်တချက်က နောက်ထပ်အလေ့အကျင့်အမှားတစ်ခုပါ
ကလးဖျားမှာစိုးလို့ ကာကွယ်ဆေး မထိုးခင်ကတည်းကကြိုတင်ပြီး ဆေးတိုက်ထားကြတာပါ
အပေါ်မှာပြောခဲ့သလို တချို့ကလေးများမှာ ဆေးတိုက်စရာလုံးဝမလိုပါဘူး
မိခင်နို့တိုက်တာတခုတည်းနဲ့တင်အဆင်ပြေပါတယ်
( ကာကွယ်ဆေးထိုးလို့ကလေးကိုယ်ပူလာရင် paracetamol ကို ဆေးပမာဏကို ကလေးကိုယ်အလေးချိန်နဲ့ တွက်ပြီးပေးရပါတယ်)
နောက်ထပ် အရေးကြီးတဲ့ အချက်တစ်ခုက
မွေးကင်းစကလေးတွေမှာကိုယ်ပူရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန် ဆရာမများနဲ့ပြသရပါတယ် ကိုယ်ကူကျဆေး ကိုအလွယ်တကူမတိုက်ရပါဘူး
ကလေးဘာကြောင့်ကိုယ်ပူရသလဲဆိုတဲ့အကြောင်းရင်းကိုရှာဖွေရပါတယ် မွေးကင်းစ
ကလေးကိုယ်ပူတာရောဂါပိုးဝင်နေတာပြောင့်လဲဖြစ်နိုင်ပါတယ်
ဆေးတိုက်ထားလို့ ကိုယ်ပူကျသွားရင် ရောဂါပိုးရဲ့လက္ခဏာမပြတော့ဘဲ ကုသမှုနောက်ကျသွားနိုကင်ပါတယ်
မိဘများမိမိတို့ကလေးများကိုမှန်ကန်စွာစောင့်ရှောက်နိုင်ပါစေ

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


Min Ye Kyaw Swar
Yangon