DD-5705 Toyota Caldina (Taxi)ပိုင်ရှင်ရှိရင်
ဆက်သွယ်ပေးပါခမျာ
မနေ့ည (၇:၃၀)ဝန်းကျင်ခန့်က စိန်ဂေဟာကနေ ဆူးလေမီးပွိုင့်ထိ Taxiစီးခဲ့ တဲ့ ညီမလေးက
ကားပေါ်မှာ Iph 12 လေးကျန်ခဲ့တာ
ဆက်သွယ်လို့မရတာမို့
အကူညီတောင်းပိုစ့်တင်လိုက်ပါတယ်ခမျာ
ကညနဝန်ဆောင်မှုလုပ်ငန်း - 𝐌𝐚𝐭𝐞 𝐒𝐰𝐞
ဝန်ဆောင်မှုအားလုံး ရပ်နားလိုက်ပါပြီခမျ
Mate Swe - က.ည.န ဝန်ဆောင်မှုလုပ်ငန်းဆိုသည်မှာ က.ည.နနှင့် ယာဉ်ပိုင်ရှင်များအကြား ရုံးလုပ်ငန်းဆောင်တာများအား ပိုမိုလွယ်ကူလျင်မြန်စေရန် ရည်ရွယ်၍ (၂၂.၁၁.၂၀၁၉) ကတည်းက ရုံးခန်းဖြင့် သပ်ရပ်ထည်၀ါစွာဖွင့်လှစ်၍ ဝန်ဆောင်မှုပေးနေသော ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်ပါသည်။
Mate Swe- က.ည.န ဝန်ဆောင်မှုလုပ်ငန်းတွင်
(၁) ကားလိုင်စင်ဝန်ဆောင်မှုနှင့်
(၂) ယာဉ်မောင်းလိုင်စင် ဝန်ဆောင်မှု ဆိုပြီး
အပိုင်း(၂) ပိုင်းခွဲ ဝန်ဆော
20/08/2025
ဘယ်ကားပဲစီးစီး မိန်းမမှန်ရင် နားငြီးမှာပါ
ူများစာသားကူးပြီးတင်ယုံပါပဲခမျာ🤭😝
ရန်ကုန်မှာ taxi ဌားစီးမယ်ဆိုဂရုစိုက်ကြပါ
အထူးသဖြင့် ခရေပင်လမ်းခွဲထိပ်က ကားမှန်ကို အမဲကပ်ထားတဲ့ ကားကို ရှောင်စီးကြပါ။
ကားနံပါတ်တော့ မသိလိုက်လို့ပါ
အဖြူရောင် pro box ကားပါပဲ...
#သတိထားဖို့ပါ
ရန်ကုန်နဲ့ပြည်ဆိုတာ
အိမ်ဦးနဲ့ကြမ်းပြင်လို လွန်းပြန်အောင်
သွားနေတဲ့ ကျွန်တော်အတွက်တော့ ပထမဆုံးပဲ
အခုခေတ်မှာ ဘယ်သူကိုမှမယုံပါနဲ့
ရန်ကုန်ပြန်ရောက်တော့
ခရေပင်လမ်းခွဲမှာဆင်းတယ်
ဆင်းဆင်းချင်း ဝိုင်းခေါ်တဲ့taxiသမားများလို့
သူတို့နဲ့လွတ်ရာလျောက်ရင်း
လမ်းထိပ်က လူတယောက်က
လာမေးတယ် ဘယ်သွားမလဲ ပေါ့
Taxi ခ ညှိ တယ် အဆင်ပြေတော့
ကားဆီသွားပြီး မောင်းတဲ့သူနဲ့ သူတို့ချင်း
စကားတီးတိုးပြောကြတယ်
ပြီးလည်းပီးယော အကို လာတက်ဆိုပီး
ရှေ့တံခါးဖွင့်ပေးတယ်
ကိုတက်ထိုင်ပီး ကားထွက်ခါနီးမှ
နောက်ကနေ ခုန လာမေးတဲ့ပွဲစားလိုလို
အကောင်က တက်လာတယ်
တယောက်ထဲစီးဖို့ပြောထားတာလေညီဆိုတော့
ဒီနားတင်လိုက်မှာပါတဲ့
ကားထွက်ပြီး ပုံမှန်သွားနေကြ
လမ်းအတိုင်းမဟုတ်ပဲ
မြောက်ဥကလာလေဆိပ်ဖြတ်လမ်းကြားက
ခေါ်သွားပါတယ်
လူလုံးဝပြတ်တဲ့လမ်းပါ
လမ်းထဲစဝင်တာနဲ့ ကားdriver က နောက်ဘက်က
ကားမှန်ကို တင်လိုက်တာသိလိုက်ပါတယ်
Back မှန်က မြင်လိုက်တာ့ လုံးဝအမဲပါ
အပြင်က လုံးဝမမြင်ရတဲ့အနေအထားပါ
နောက်ကမှန်တင်နေတုန်း ခေါင်းက ဆတ်ကနဲ
ဆက်ကနဲ အချက်ပြသလို ၃ခါ၄ခါလောက်ဖြစ်
ပါတယ်
ကိုယ်မြင်လိုက်တဲ့အနေအထား မမှန်တာသိတော့
ကို့မှန်ပေါက်ပေါ် မှန်တင်မရအောင်
လက်တင်ထားပြီး မှန်ပိတ်ရင်
မူးပီးအန်တက်လို့ပါဆိုပီး
Driverနဲ့နောက်ကလူကို တည့်တည့်မြင်ရအောင်
လှည့်ထိုင်လိုကိပြီးခြေထောက်ပါ
သူတို့ဘက်လှည့်ပီး တခုခုဆိုစောင့်ကန်လို့ရအောင်
အနေအထားပြောင်းထားလိုက်တယ်
အာ့ချိန်သုတို့နှစ်ယောက်လည်း မူပျက်ပြီး
ကျွန်တော်အန်ချင်နေလို့ အိတ်ကျွတ်ပေးပါ
ပြောလိုက်တယ်မရှိဘူးပြောတော့ အန်ချင်နေပီ
အန်ချမိလိုကိတော့မယ်ထင်တယ်
ကားရပ်ပေးပါဆိုတာမရပ်ဘူး အတင်း
တံခါးဘောင်ကို ရိုက်ပြီး ချက်ဆွဲဖွင့်လိုက်မှ
ရပ်ပေးတယ်
ကိုလည်း ချက်ခြင်းဆင်းပြီးတဖက်က
လမ်းဘေးမုန့်ဆိုင်ပြေးဝင်သွားတယ်
သူတို့လည်း ချက်ခြင်းမောင်းပြေးသွားတယ်
နံပါတ်အနက်ပါ
ကားမငှါးခင်မှာ မှန်အကုန်ချထားပါတယ်
ကားပေါ်တက်ပီး မှန်တင်မှ အနက်မှန်းသိတာပါ
ကိုနဲ့သိတဲ့taxiကို လာကြိုခိုင်းတာမျိုးပဲ
အဆင်ပြေပါတယ်
ကိုနားတဲ့မုန့်ဆိုင်က အန်တီကပြောတယ်
ပြီးခဲ့တဲ့အပတ်ကပဲ ကောင်မလေးနှစ်ယောက်
ကားပေါ်မှာပိုက်ဆံအိတ်တောင်းပြီး
အာ့လမ်းထဲချခဲ့တာတဲ့
အသက်ကို ဥာဏ်ပဲစောင့်တာပါ
ကံမစောင့်ပါဘူး
Crd
15/08/2025
ဒလ တံတားပေါ်က ရိုက်ထားတဲ့ပုံတဲ့
နည်းနည်းတော့ ကြက်သီးထစရာကောင်းတယ်မလား🥵
10/08/2025
"ကျွန်တော်က အတော်ဆုံးတော့မဟုတ်ဘူးဗျ.. အချမ်းသာဆုံးလည်း မဟုတ်ပြန်ဘူး.. ဒါပေမဲ့ လမ်းခရီးက ဆက်သွားဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေမှာတောင် ကားဘီးလက်ကိုင်ကို လွှတ်မချဘဲ ဆက်ကိုင်ထားခဲ့တဲ့ တစ်ဦးတည်းသောသူကတော့ ကျွန်တော်ပဲဖြစ်ပါတယ်"
ကျွန်တော့်နာမည်က ကီအီချီရို တိုယိုဒါပါ။
ကျွန်တော့်ရဲ့ ရှေ့နာမည်မသိရင်တောင် နောက်က နာမည်တော့ ခင်ဗျားတို့တော်တော်များများ သိကောင်းသိနိုင်ပါတယ်။
အခုဆိုရင် ကမ္ဘာတစ်ဝန်းက ကားတွေဟာ သန်းနဲ့ချီပြီး ဒီနာမည်ကို သုံးနေကြလို့ပါ။
ဒါပေမဲ့ ကျွန်တော့်ရဲ့ဇာတ်လမ်းက ကားစက်ရုံတစ်ခုမှာ စတင်ခဲ့တာ မဟုတ်ပါဘူး။ အပ်ချုပ်စက်တွေ၊ ရက်ကန်းစင်တွေနဲ့ ဝိုင်းရံထားတဲ့ အလုပ်ရုံလေးတစ်ခုကနေ စတင်ခဲ့တာပါ။
ကျွန်တော့်အဖေက အထည်အလိပ်လုပ်ငန်းကြီး တစ်ခုကို တည်ထောင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ချည်မျှင်တွေအကြောင်း စိတ်မဝင်စားဘဲ အင်ဂျင်တွေအကြောင်းပဲ စိတ်ကူးနေခဲ့တာပါ။
ပြီးတော့ ဂျပန်ကားတစ်စီး တည်ဆောက်ကြည့်ချင်တယ်လို့ လူတွေကို ပြောပြတဲ့အခါ သူတို့က ရယ်ကြပါတယ်။
အဲဒီအချိန်တုန်းက ဂျပန်က ကားတွေကို ပြည်ပကနေ တင်သွင်းနေရတာပါ။
သူတို့ တွေးသလိုပါပဲ အမေရိကန် ကားလုပ်ငန်းကြီးတွေနဲ့ ယှဉ်ပြိုင်ဖို့ဆိုတာကတော့ ပြက်လုံးတစ်ခုပါပဲ။
လွယ်လွယ်နဲ့ မြင်သာအောင်ပြောရရင် ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့ အလုပ်တစ်ခုလိုပါပဲ။
အဲဒီတုန်းက တိုယိုတာ မော်တာ ကော်ပိုရေးရှင်း လုပ်ငန်းကို စတင်ဖို့ ကျွန်တော့်အဖေရဲ့ ကုမ္ပဏီကနေ ပိုက်ဆံယူခဲ့ပါတယ်။ အဲဒီအတွက် ကျွန်တော့်ကို သစ္စာဖောက်လို့တောင် အပြောခံခဲ့ရပါတယ်။
ပြီးတော့ ကမ္ဘာစစ် ဖြစ်လာတယ်။
အကြောင်းအမျိုးမျိုးနဲ့ အရင်းအနှီးတွေ ပျောက်ဆုံးသွားတယ်။
စက်ရုံအပေါ်တည့်တည့်ကို ဗုံတစ်လုံးကျတယ်။ ကျွန်တော်တို့စက်ရုံရဲ့ အစိတ်အပိုင်း အတော်များများကို ဖျက်ဆီးခဲ့တယ်။
ကျွန်တော်တို့ အလုပ်သမားတွေ၊ သူငယ်ချင်းတွေနဲ့ မျှော်လင့်ချက်တွေကို ဆုံးရှုံးခဲ့ရတယ်။
ဒါပေမဲ့ ကျွန်တော်တို့ကတော့ ရပ်မသွားခဲ့ဘူး။
ကျွန်တော်တို့ဟာ ပျက်စီးနေတဲ့စက်ရုံရဲ့ ကြမ်းပြင်မှာ အိပ်ခဲ့ကြရတယ်။
စားဖို့အတွက် ထမင်းတွေ၊ အလုပ်အတွက် သတ္တုအပိုင်းအစတွေနဲ့ မဖျက်ဆီးနိုင်တဲ့ ဖန်တီးလိုစိတ်တွေကို မျှဝေခဲ့ကြရတယ်။
ကျွန်တော်တို့ဆီမှာ ကားတွေအတွက် သုတ်ဆေးတောင် မရှိခဲ့ပါဘူး။ ရနိုင်သမျှကိုပဲ သုံးခဲ့ကြရတယ်။
ဒါပေမဲ့လည်း.. ကျွန်တော်တို့ ကားတွေတည်ဆောက်ခဲ့ကြတယ်။
ကြောက်ရွံ့မှုတွေ၊ ဆာလောင်မှုတွေ ရင်ဆိုင်ရင်း သင်ပေးလို့မရနိုင်တဲ့ ရဲစွမ်းသတ္တိမျိုးနဲ့ ရှေ့ဆက်တက်ခဲ့တယ်။
အချိန်တစ်ခုရောက်တဲ့အခါ တိုယိုတာဟာ အကြမ်းပတမ်း ခံနိုင်ရည်၊ ကျင့်ဝတ်နဲ့ ဆန်းသစ်တီထွင်မှုတွေရဲ့ ပြယုဂ်တစ်ခု ဖြစ်လာခဲ့ပါတယ်။
ဒါပေမဲ့ ကျွန်တော်တို့ ထုတ်လုပ်ခဲ့တဲ့ ကားတိုင်းမှာ မမြင်ရတဲ့ အမာရွတ်တွေ ကျန်နေပါသေးတယ်။
"တိုယိုတာက ဘုတ်အဖွဲ့က ဝိုင်းထိုင်ပြီး စဥ်းစားကြတဲ့ အစည်းအဝေးခန်းထဲမှာ မွေးဖွားလာတာ မဟုတ်ပါဘူး။ ပျက်စီးနေတဲ့ စက်ရုံတစ်ခုရဲ့ နှလုံးသားထဲမှာ ရပ်တန့်ဖို့ ငြင်းဆန်ခဲ့တဲ့ လက်တွေကနေ မွေးဖွားလာခဲ့တာပါ"
ခင်ဗျားရဲ့ပတ်ဝန်းကျင်ကလူတွေက
ခင်ဗျားကို အားလုံးရပ်တန့်နေတယ်လို့ ထင်နေရင်တောင်
ခင်ဗျား မလုပ်နိူင်တော့ပါဘူး ထင်နေရင်တောင်..
ခင်ဗျားရဲ့ အတွင်းစိတ်အင်ဂျင်ကို ဆက်နိူးပါ။
ရှေ့ဆက်ပါ။ လုပ်စရာရှိတာ ဆက်လုပ်သွားပါ။
— ကီအီချီရို တိုယိုဒါ
𝘾𝙧𝙚𝙙𝙞𝙩 𝙩𝙤 Saya U Khin Zaw with respect.
‘လူငယ်များအတွက်စာကြည့်တိုက်’
29/07/2025
Nissan ရဲ့ ဂျပန်နိုင်ငံမှာ လည်ပတ်နေသော စက်ရုံတချို့ကို ရပ်ဆိုင်းမည်။
ဂျပန်ကားထုတ်လုပ်သူ Nissan မှ ဂျပန်နိုင်ငံမှာရှိတဲ့ Oppama plant နဲ့ Shonan production facility စက်ရုံတို့ကို လာမယ့် 2028 မှာ ရပ်ဆိုင်းသွားတော့မယ်လို့ သိရပါတယ်။ Nissan ဟာ ဘဏ္ဍာရေးအကြပ်အတည်းနဲ့ ရင်ဆိုင်နေရပြီး အခက်အခဲများပြေလည်စေဖို့အတွက် နည်းလမ်းများကိုရှာဖွေ ဖြေရှင်းနေရတာဖြစ်ပါတယ်။ လက်ရှိမှာတော့ Oppama plantမှာ ဂျပန်ပြည်တွင်းဈေးကွက်အတွက် Note နဲ့ Note Aura ကားများကိုထုတ်လုပ်လျက်ရှိပြီး Shonan production facility စက်ရုံမှာတော့ NV200 နဲ့ AD Van ကဲ့သို့သော ကားများကို ထုတ်လုပ်နေလျက်ရှိပါတယ်။ အဆိုပါစက်ရုံများမှ ထုတ်လုပ်မှုကို လာမယ့် 2028Marchလ (2027-2028 ဂျပန် ဘဏ္ဍာရေးနှစ်ပြီးဆုံးချိန်) အထိ ထုတ်လုပ်သွားမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ Nissan ရဲ့Kyushu plant မှာ ပြောင်းလဲထုတ်လုပ်သွားဖို့စီစဉ်ထားပါတယ်။ Oppama plantမှာ research centre နဲ့ crash test facility တို့ လည်းတည်ရှိနေတာဖြစ်ပြီးအဆိုပါ ဌာနများကတော့ စက်ရုံရပ်ဆိုင်းမှုကြောင့် သက်ရောက်မှုရှိမှာ မဟုတ်ပဲ ဆက်လက်ပြီးတော့တည်ရှိလည်ပတ်ဆောင်ရွက် နေအုံးမယ်လို့ဆိုပါတယ်။ သို့ပေမယ့်လည်း အဆိုပါ စက်ရုံများမှာ လုပ်ကိုင်ဆောင်ရွက်နေကြတဲ့ ဝန်ထမ်းအင်အား ၂၄၀၀ ကျော်ကတော့ စက်ရုံရပ်ဆိုင်းတဲ့အခါမှာ လျှော့ချခံရဖွယ်ရှိနေတယ်လို့ သိရပါကြောင်း။
post
ယာဉ်စည်းကမ်း/လမ်းစည်းကမ်းဆိုင်းဘုတ်တွေကို
မဖြစ်မနေ လိုက်နာတတ်အောင်လေ့ကျင့်ပါ
Video
26/07/2025
ကညန ခေါ်ရာမှ
ပစန ဟုပြောင်းခေါ်ပါရန်🥰
နာမည်ပြောင်းဘီဆိုတော့
စားရိတ်တွေလဲပြောင်းတော့မယ်ထင်တယ်😁
Credit
25/07/2025
ယာဉ်မတော်တဆဖြစ်၍သေဆုံးသွားပြီးနောက်ကားမောင်းလိုင်စင်၊ ဆိုင်ကယ်မောင်းလိုင်စင်ရှိလျင် မြန်မာ့အာမခံတွင် လျော်ကြေးထုတ်ယူနိုင်
*********************************************
ယာဉ်မောင်းလိုင်စင်ရှိသော
ယာဉ်မောင်းတစ်ယောက်သည်
ယာဉ်မတော်တဆဖြစ်၍ သေဆုံးသွားလျှင်
ကျန်ရစ်သူမိသားစုဝင်များမှ
မြန်မာ့အာမခံထံတွင် လျော်ကြေးငွေ
(၃၀) သိန်းအထိတောင်းခံပိုင်ခွင့်ရှိသည်။
လိုင်စင်ရှိကား (သို့) ဆိုင်ကယ်တော့ဖြစ်ရမည်
ယာဉ်မောင်းလိုင်စင်ပြုလုပ်ချိန်တွင်
မြန်မာ့အာမခံတွင် အာမခံကြေးသွင်းပြီး
ဖြစ်ပါသည်။
လိုအပ်သော အချက်အလက်များမှာ
(၁) ရဲစခန်း (သို့) ယာဉ်ထိန်းထောက်ခံချက်
(၂) ဆေးရုံမှာ သေဆုံးကြောင်းထောက်ခံစာ
(၃) ကား၊ ဆိုင်ကယ်၏ လိုင်စင်ရှိကြောင်း
အထောက်အထား
(၄) သေဆုံးသူ၏ သက်တမ်းရှိ
ယာဉ်မောင်းလိုင်စင်
(၅) လျော်ကြေးထုတ်ယူမည့်သူ၏ မှတ်ပုံတင်တို့
ဖြစ်ပါသည်။
ယာဉ်မတော်တဆမှုဖြစ်ရာ ဒေသရှိ
မြန်မာ့အာမခံရုံးသို့ သွားရောက်ကာ လိုအပ်သည့် အချက်အလက်များဖြည့်စွပ်ကာ ဖေါင်တင်ရပါမည်
ဆက်လက်ဆောင်ရွက်ရမည်တို့ကို အာမခံရုံးမှ
ပြောပြပေးပါလိမ့်မည်။
စက်တပ်ယာဉ်ထိခိုက်မှုကြောင့်
နစ်နာသူများအတွက် သူတစ်ပါးထိခိုက်မှုအာမခံ နစ်နာကြေးများကိုအကျိုးခံစားခွင့်ရှိသူများအား
မြန်မာ့အာမခံလုပ်ငန်းမှ
နေ့ချင်းပြီး ထုတ်ပေးလျက် ရှိပါသည်။
၁.၄.၂၀၂၂ ရက်နေ့မှစပြီး
ယခင် နစ်နာကြေး ကျပ် ၁၀ သိန်းအစား
စက်တပ်ယာဉ်ထိခိုက်မှုကြောင့်
သေဆုံးလျှင်ကျပ် သိန်း (၃၀)
ဒဏ်ရာရလျှင်အများဆုံး ကျပ် (၂၄)သိန်းထိ
မြန်မာ့အာမခံလုပ်ငန်းတွင် ထုတ်ယူနိုင်ပါသည်။
အသေးစိတ် သိရှိလိုပါက
၀၁၈-၃၈၄၈၇၃ ၀၁၈-၃၈၄၈၇၅ သို့
ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။
မြန်မာနိုင်ငံမှာ
သူတစ်ပါးထိခိုက်မှုအာမခံအကြောင်းကို
မသိကြသေးတဲ့သူ အများကြီးရှိနေပါသည်။
သူတစ်ပါးထိခိုက်မှုအာမခံ
ပရီမီယံပေးသွင်းမှု မှတ်တမ်းစာအုပ်ဖြစ်တဲ့
စာအုပ်အစိမ်းကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှာ ယာဉ်လိုင်စင် သက်တမ်းတိုးချိန်မှာ လိုအပ်တဲ့ မော်တော်ယာဉ်ပရီမီယံစာအုပ်ဟုသာ အလွယ်တကူ သိထားကြပါတသည်။
သူတစ်ပါးထိခိုက်မှုအာမခံဆိုတာ
မိမိ၏စက်တပ်ယာဉ်ကြောင့်
သူတစ်ပါးသေဆုံးခဲ့လျှင်၊ ဒဏ်ရာရခဲ့လျှင် နစ်နာကြေးငွေ ပေးချေနိုင်မယ့်
အာမခံအမျိုးအစား ဖြစ်ပါသည်။
၁-၇-၁၉၇၆ ခုနှစ် “သူတစ်ပါးထိခိုက်မှုအာမခံနည်းဥပဒေ”အရ နိုင်ငံတကာနည်းတူ
မထား မနေရ ထားရှိရခြင်း ဖြစ်ပါသည်။
စက်တပ်ယာဉ်ဖြင့် မတော်တဆထိခိုက်မှုကြောင့် သေဆုံးသူ၊ ဒဏ်ရာရသူ၊ ပစ္စည်း ဆုံးရှုံးခြင်းခံရတဲ့ နစ်နာသူများအတွက် စက်တပ်ယာဉ်ပိုင်ရှင်မှ ပေးလျော်ရန်တာဝန် ရှိပါသည်။
ထိုပေးလျော်ရန်တာဝန်ကို မြန်မာ့အာမခံလုပ်ငန်းက ပုခုံးလွှဲပြောင်းတာဝန် ယူတဲ့စနစ် ဖြစ်ပါသည်။
နေမျိုးသူရ
25.7.2025
23/07/2025
သမိုင်းဝင် ဓာတ်ပုံတစ်ပုံပါ
ကလေးတွေနဲ့ ဗဟုသုတနည်းသူတွေကတော့ သိမယ်မထင်ဘူး ။
19/07/2025
❤️❤️
Click here to claim your Sponsored Listing.
Location
Category
Contact the business
Telephone
Website
Address
No. 84 NanTha Street, Near Sin Min Street, Ahlone Township
Yangon
11011
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 16:30 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
