02/03/2026
👨🌾တောင်သူလယ်သမားနေ့
ယနေ့ မတ်လ (၂)ရက်နေ့မှာ ကျရောက်ပါသော တောင်သူလယ်သမားနေ့မှစတင်ပြီး ကျေးဇူးရှင်တောင်သူဦးကြီးများအားလုံး စိုက်ပျိုးသမျှအကုန် ဖြစ်ထွန်းအောင်မြင်ပြီး စီးပွားဥစ္စာများ ဒီရေအလားတိုးတက်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်။
#တောင်သူလယ်သမားနေ့
02/03/2026
တပေါင်းလပြည့် သြဝါဒပါတိမောက် အခါတော်နေ့မှာ စိတ်နှလုံးအေးချမ်းကြပါစေ 🙏
မြတ်စွာဘုရားရှင် သြဝါဒပါတိမောက် ဒေသနာတော်မြတ်ကို ဟောကြားတော်မူခဲ့တဲ့ ဒီနေ့ထူးနေ့
မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ စိတ်ကိုဖြူစင်အောင်ထားလို့...
ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ၍ အေးချမ်းကြပါစေ။
ပြုသမျှကုသိုလ် အစုစုတို့ကြောင့် လိုအင်ဆန္ဒများ ပြည့်ဝကြပါစေ။
#တပေါင်းလပြည့် #သြဝါဒပါတိမောက်အခါတော်နေ့
15/02/2026
🏮 Cornell Electronics မှ ချစ်ခင်ရပါသော Customer များအားလုံး တရုတ်နှစ်သစ်ကူးမှာ စိတ်သစ်၊ လူသစ်နဲ့အတူ လာဘ်လာဘများ ဒီရေအလား တိုးတက်ပြီး အိမ်ထောင်စုတိုင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
🧧 Gong Xi Fa Cai! (စီးပွားတက် အောင်မြင်ပါစေ)
🧧 Xin Nian Kuai Le! (နှစ်သစ်မှာ ပျော်ရွှင်ပါစေ)"
12/02/2026
🇲🇲 " ပြည်ထောင်စုနေ့အား ရုံးပိတ်ရက်အဖြစ် ကြေငြာခြင်း " 🇲🇲
၂၀၂၆ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၂ ရက် တွင် ကျရောက်သော (၇၉)ကြိမ်မြောက်ပြည်ထောင်စုနေ့ သည်အများပြည်သူရုံးပိတ်ရက်ဖြစ်ပါသဖြင့် အဆိုပါနေ့တွင် ရုံးတစ်ရက်ပိတ်မည်ဖြစ်ကြောင်း လေးစားစွာဖြင့် ကြိုတင်အသိပေးအကြောင်းကြားအပ်ပါသည်။
#ပြည်ထောင်စုနေ့
04/01/2026
“လွတ်လပ်ရေးနေ့ တို့မမေ့"
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်သော (၇၈ )နှစ်မြောက်
မြန်မာ့ လွတ်လပ်ရေးနေ့ကို မြန်မာပြည်သူ၊ ပြည်သားများ အားလုံးနှင့်အတူ ကြိုဆို ဂုဏ်ပြုအပ်ပါသည်။
(4.1.2026) လွတ်လပ်ရေးနေ့တွင် အရောင်းဆိုင်များပိတ်ထားမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါတယ်။
#လွတ်လပ်ရေးနေ့
31/12/2025
🍾Happy New Year
ကမ္ဘာပေါ်မှာရှိတဲ့ လူသားအားလုံး ပျော်ရွှင်ခြင်း၊ ကျန်းမာခြင်း၊ ကံကောင်းခြင်း တို့နှင့်အတူ မင်္ဂလာရှိသော နှစ်ကူးဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
ကျွန်တော်တို့ရဲ့ Service Centre နှင့် အရောင်းဆိုင်များအား (1.1.2026)ပိတ်ထားမည်ဖြစ်ပြီး (2.1.2026)တွင်ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း လေးစားစွာအသိပေးအပ်ပါတယ်။
25/12/2025
"Merry Christmas to everyone! ❤️
ဒီခရစ္စမတ်မှာ လူတိုင်းရဲ့နှလုံးသားထဲမှာ ချစ်ခြင်းမေတ္တာတွေ ကိန်းဝပ်နိုင်ပါစေ။ ခက်ခဲတဲ့အရာတွေအားလုံး နောက်မှာကျန်ခဲ့ပြီး လာမယ့်နှစ်သစ်မှာ အောင်မြင်မှုအသစ်တွေနဲ့ ရှေ့ဆက်နိုင်ပါစေ။ အားလုံးကို ချစ်ခင်လေးစားလျက်... 🌟🕯️"
18/12/2025
ကရင်နှစ်သစ်ကူးနေ့ 🙏🙏🙏
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက် နေ့တွင် ကျရောက်သော ကရင်နှစ်သစ် နေ့ထူးနေ့မြတ်မှာ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်🙏🙏
#ကရင်နှစ်သစ်ကူးနေ့
#ကရင်အမျိုးသားနှစ်သစ်ကူးနေ့
13/11/2025
၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်
======================
( တန်ဆောင်မုန်းလပြည့်ကျော် 10ရက်)နေ့မှာကျရောက်မည့်''အမျိုးသားနေ့''အား လေးစားစွာဂုဏ်ပြုကြိုဆိုလိုက်ပါတယ်။
#အမျိုးသားနေ့တို့မမေ့
04/11/2025
🪔တန်ဆောင်မုန်းလပြည့် သာမညဖလ အခါတော်နေ့မှာ ချစ်ခင်ရသော မိတ်ဆွေ customer များအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း နှင့် ပြည့်စုံပြီး စီးပွားဥစ္စာများ တိုးတက်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။
#တန်ဆောင်တိုင်လပြည့်
#မေတ္တာအခါတော်နေ့
#တန်ဆောင်မုန်း