အသင်းတော်၏အရေးပေါ်လူမှုကူညီရေးသာသနာ(Emergency Social Response Mission)သည် မန္တလေးတိုင်းဒေသကြီး၊စဥ့်ကိုင်မြို့နယ်၊ သည်တည်းကျေးရွာ ရှိအိမ်ခြေ (၁၀၅) အိမ်နှင့် မန္တလေးမြို့ တွင်းနေ နာဂမိသားစု (၅)စုထံကိုယ်တိုင်သွားရောက်အားပေး၊ဆုတောင်းခြင်း၊အလှူငွေ၊အသုံးဆောင်ပစ္စည်းပေးကမ်းခြင်း အပြင် အဝေးရောက်နာဂမိသားစုအချို့တို့ထံဖုန်းခေါ်အားပေးဆုတောင်းခြင်းနှင့်အတူ အလှူငွေပေးပို့ခြင်းဖြင့် လူသားချင်းစာနာမှုနှင့်ဖန်ဆင်းရှင်ထာဝရဘုရားသခင်၏ချစ်ခြင်းမေတ္တာသည်လူသားတိုင်းအပေါ်၌တည်ရှိနေကြောင်းသက်သေခံခဲ့ပါသည်။
#အလှူငွေ၊ #ပစ္စည်းများဖြင့်ပါဝင်ပေးကြသောသူများအားလုံးကိုအထူးကျေးဇူးတင်ပါသည်။
#ဆက်သွယ်ကူညီဆောင်ရွက်ပေးသောဆရာမ Htwe Htwe အားအထူးကျေးဇူးတင်ပါသည်။
NBCY Emergency Social Response
Emergency social response mission for those who are in need of health and mental supports due to Covid19 pandemic.
31/03/2025
💥📣"ငလျင်ဘေးသင့်ပြည်သူများအား ကူညီပေးနိုင်ရေးအတွက် အလှူငွေများ ပါဝင်နိုင်ကြောင်း အသိပေးနှိုးဆော်ခြင်း"📣💥
ချစ်သောညီအစ်ကိုမောင်နှမများခင်ဗျား...
ယနေ့ မြန်မာနိုင်ငံတွင် သဘာဝဘေးရင်ဆိုင်ကြုံတွေ့နေရသော ငလျင်ဘေးသင့်ပြည်သူများကို တတ်အားသရွေ့ကူညီထောက်ပံ့ပေးနိုင်ရန် နာဂနှစ်ခြင်းခရစ်ယာန်အသင်းတော် (ရန်ကုန်)က အလှူငွေများ ဆက်လက်လက်ခံလျက်ရှိပါသည်။ စာနာစိတ်ထားလျက် ဆုတောင်းပေးခြင်း၊ အလှူငွေများပေးပို့ခြင်းဖြင့် ကူညီနိုင်ကြောင်း ဖိတ်ခေါ်ပါသည်။
🟦သို့ဖြစ်ပါ၍ ငလျင်ဘေးသင့်ပြည်သူများကို မိမိမိသားစုဝင်သဖွယ်မေတ္တာထားလျက် သဒ္ဓါတရားနည်းများမဆို ထည့်ဝင်လှူဒါန်းနိုင်ပါကြောင်း အထူးအသိပေး မေတ္တာရပ်ခံတိုက်တွန်းနိုးဆော်အပ်ပါသည်။
📞💸ဆက်သွယ်လှူဒါန်းလိုပါက
===============================
အရေးပေါ်လူမှုကူညီရေးသာသနာ
နာဂနှစ်ခြင်းခရစ်ယာန်အသင်းတော်(ရန်ကုန်)
- ဘဏ္ဍာထိန်း
ဒေါ်ဧလိဇေး (Daw Eli Zay)
KBZ Pay - 09 2622 60050
Wave Pay - 09 2622 60050
KBZ ACC - 22530 1225 0012 7801
ဒေါ်ဧလိဇေး - 09 2622 60050
"သင်တို့သည် ဤသူတည်းဟူသော ငါ့ညီတို့တွင် အငယ်ဆုံးသောသူ တစ်ယောက်အား ပြုကြသမျှတို့ကို ငါ့အားပြုကြပြီ~" (မဿဲ ၂၅:၄၀)
"မွတ်သိပ်သော သူနှင့် ဆင်းရဲခံရသော သူကို သနားသောစိတ်နှင့်ချမ်းသာပေးလျှင်၊ မရှင်းလင်းသော အရာမှာ သင်၏အလင်းသည် ပေါ်ထွန်း၍၊ သင်၏ မှောင်မိုက်သည် မွန်းတည့်အလင်းကဲ့သို့ ဖြစ်လိမ့်မည်။" (ဟေ ရှာ ယ ၅၈:၁၀)
🙏
14/09/2024
📣"အသိပေးနှိုးဆော်ခြင်း"📣
Emergency Social Response Mission
အရေးပေါ်လူမှုကူညီရေးသာသနာ
ယနေ့ မြန်မာနိုင်ငံတွင် ရင်ဆိုင်ကြုံတွေ့နေရသော နယ်မြေဒေသအခြေအနေနှင့် အခက်အခဲအကျပ်အတည်း အမျိုးမျိုးကြောင့်
- မိမိနေရပ်ဒေသကိုစွန့်ခွာ၍ ရန်ကုန်သို့ မိသားစုလိုက်ဖြစ်စေ၊ တစ်ဦးချင်းလိုက်ဖြစ်စေ ရောက်ရှိလာကြသော နာဂလူမျိုးများ၊
- မိမိတို့နှင့်သက်ဆိုင်သည့် နေအိမ်စွန့်ခွာလာရသော နီးစပ်ရာမိသားစုများ (လူမျိုး၊ ဘာသာ၊ ဒေသမရွေး)နှင့်
- သဘာဝဘေးသင့်(ရေဘေးသင့်) ပြည်သူများအား
တတ်အားသရွေ့ကူညီထောက်ပံ့ပေးရန် ရည်ရွယ်၍ နာဂနှစ်ခြင်းခရစ်ယာန်အသင်းတော် (ရန်ကုန်)က ဤ "အရေးပေါ်လူမှုကူညီရေးသာသနာ" ကို ဖွဲ့စည်းခဲ့ပါသည်။
❇️လက်ရှိတွင်လည်း နယ်မြေဒေသအခြေအနေနှင့် အခက်အခဲအကျပ်အတည်း အမျိုးမျိုးကြောင့် မိမိနေရပ်ဒေသကိုစွန့်ခွာ၍ ရန်ကုန်သို့ရောက်ရှိလာသည့်နာဂလူမျိုးများအား အခြေခံစားသောက်ကုန်များ ပေးလှူကာ ကူညီထောက်ပံ့လျက်ရှိပါသည်။
🟦သို့ဖြစ်ပါ၍ ထိုသို့အကူအညီလိုအပ်သူများအား ယခုထက်ပို၍ ကူညီထောက်ပံ့ပေးနိုင်ရန် သဒ္ဓါတရားနည်းများမဆို ထည့်ဝင်လှူဒါန်းနိုင်ပါကြောင်း အထူးအသိပေးတိုက်တွန်းနိုးဆော်အပ်ပါသည်။
📞💸ဆက်သွယ်လှူဒါန်းလိုပါက
===============================
အရေးပေါ်လူမှုကူညီရေးသာသနာ
နာဂနှစ်ခြင်းခရစ်ယာန်အသင်းတော်(ရန်ကုန်)
- ဘဏ္ဍာထိန်း
ဒေါ်ဧလိဇေး (Daw Eli Zay)
KBZ Pay - 09 2622 60050
Wave Pay - 09 2622 60050
KBZ ACC - 22530 1225 0012 7801
-သင်းအုပ်ဆရာဒေါက်တာဉီးစိုးဆိုင်
ဖုန်း - 09 262071471
ဒေါ်ဧလိဇေး - 09 2622 60050
"သင်တို့သည် ဤသူတည်းဟူသော ငါ့ညီတို့တွင် အငယ်ဆုံးသောသူ တစ်ယောက်အား ပြုကြသမျှတို့ကို ငါ့အားပြုကြပြီ~" (မဿဲ ၂၅:၄၀)
စွန့်ကြဲတတ်သောသူသည် ကြွယ်ဝလိမ့်မည်။ သူတစ်ပါးကို ရေလောင်းသောသူသည် ကိုယ်တိုင်ရေလောင်းခြင်းအကျိုးကို ခံရလိမ့်မည်။
(သုတ္တံကျမ်း ၁၁:၂၅)
🙏
02/09/2022
ကိုဗစ်လှိုင်းသစ် ဂရုစိုက်ကြပါစို့
#ကိုဗစ်တွေပြန်တွေ့လာနေရပါတယ်
#ကာကွယ်ဆေးထိုးထားရက်နဲ့_ပြန်ဖြစ်နေကြတယ်
ကာကွယ်ဆေးထိုးထားကြပေမယ့် ကိုဗစ်က မျိုးကွဲတွေ အရမ်းခွဲတော့ တချို့မျိုးကွဲတွေက ကာကွယ်ဆေးရဲ့ Antibody လက်ကနေ လွတ်ထွက်သွားတတ်ပါတယ်။
ခန္ဓာကိုယ်ထဲ ဝင်ရောက်လာတော့ မျိုးကွဲဟာ ကိုဗစ်ပဲမို့ ကိုယ်ခံအားနဲ့ တိုက်ပွဲဖြစ်ရာကနေ
- ဖျားပါတယ် ( ကာကွယ်ဆေးထိုးထားကြတာမို့ ကိုယ်ခံအားက အရမ်းအားကောင်းနေတော့ #အဖျားကြီးတတ်ပါတယ်)
- တိုက်ပွဲပြင်းထန်တဲ့အတွက် အရမ်းနုံးချိနေပါတယ်
- ကိုယ်တွေလက်တွေကိုက်ပါတယ် ၊ ခေါင်းကိုက်ပါတယ်
- နှာစေး ချောင်းဆိုးဖြစ်ပါတယ်
- ***လည်ချောင်းအရမ်းနာပါတယ် (အခု အတွေ့များတဲ့ လက္ခဏာပါ)
ဝမ်းသာစရာကတော့
👉 အဆုတ်ပျက်ဆီးပြီး သွေးတွင်း Oxygen ကျတာ
👉 ဆေးရုံတက်ရတာ
👉 အထူးကြပ်မတ်ဆောင်ရောက်တာ
👉 အသက်သေဆုံးရတာတွေ ခုထိ သိပ်မကြားရသေးပါဘူး
ကိုဗစ်ဟာ Virus မို့ Antibiotic သောက်ဖို့ မလိုဘူးဆိုတာ ကျွန်တော်တို့ သိကြပါပြီ။
Virus မို့ အကိုက်အခဲပျောက်ဆေးတွေ ထိုးရာက ကျောက်ကပ်ပျက်တာ၊ အစာအိမ်သွေးကြောပေါက်တာတွေ ဖြစ်နိုင်လို့ 💉 #အသားဆေးမထိုးသင့်ပါဘူး
ွက်ပြီ_ဘာလုပ်ရမလဲ ❓
👨 ရောဂါအခံမရှိသူ လူလတ်ပိုင်းတွေအတွက်
အရေးကြီးဆုံးက #သီးသန့်နေပါ
အလုပ်မှအနားယူပါ
(အိမ်တွင်လည်း သီးသန့်နေပါ၊ Mask တပ်ထားပါ)
- ရေအများကြီးသောက်ပါ (တစ်နေ့ ၃ လီတာသောက်ပါ)
- အားရှိအောင် အစားစားပေးပါ
- အိပ်ပါ (ကောင်းကောင်းအနားယူပါ)
လည်ချောင်းအရမ်းနာတဲ့အတွက် - ရေအများကြီးသောက်ပါ
ရေနွေးနွေးနဲ့ ပါးလုတ် ခဏ ခဏ ကျင်းပါ။
ငုံဆေး အဆင်ပြေရာ ငုံလို့ရပါတယ်။
အဖျားအတွက် - ရေပတ်တိုက်ပါ
- အဖျားကျဆေး (Paracetamol 500mg ) ၆ နာရီခြား တစ်နေ့ (၄) ကြိမ်ထိသောက်လို့ရပါတယ်
ချောင်းဆိုးတာအတွက် - ရေနွေးနွေးသောက်ပါ
- ချောင်းဆိုးပျောက်ဆေး တစ်နေ့ (၃) ကြိမ် အထိသောက်လို့ရပါတယ်
(Chericof, Detussin) ဝယ်လို့ရတာသောက်ပါ
နှာစေး နှာမွှန် နှာချေတာအတွက် - နွေးနွေးထွေးထွေးနေပါ
- Cetrizine/Loratidine ဝယ်လို့ရတာ သောက်ပါ
အဓိကက
👉 အာဟာရမပြတ်ဖို့
👉 ကောင်းကောင်းနားဖို့
👉 ရေ/အရည်များများသောက်ဖို့
👉 သက်ကြီးရွယ်အိုတွေဆီ မကူးစေဖို့ပါ
---------
👨🦳 ရောဂါအခံရှိသူ/သက်ကြီးရွယ်အို/ကာကွယ်ဆေးထိုးမထားတဲ့သူတွေကတော့ #မိသားစုဆရာဝန် နဲ့ တိုင်ပင်ပြီး ညွှန်ကြားချက်တွေ လိုက်နာကြပါ။
----------
ရောဂါမဖြစ်သေးတဲ့
#ကျွန်တော်တို့_တတွေ_ဘယ်လိုရင်ဆိုင်ကြမလဲ ❓
✳️ မလိုအပ်ပဲ အိမ်ပြင် မထွက်ကြ ပါနဲ့
✳️ လူထူထပ်နိုင်မယ့်နေရာတွေ (ပွဲလမ်းသဘင်၊ Bar၊ Club) ရှောင်ကြပေါ့ဗျာ
✳️ မလွှဲသာလို့ ထွက်ရရင်လဲ Mask သေသေချာချာ စနစ်တကျ တပ်ကြပါ
✳️ လက်ကို စနစ်တကျ ခဏ ခဏ ဆေးကြမယ်ဗျာ
✳️ (အာဟာရပြည့်ဝအောင်) အစားကောင်းကောင်းစားကြမယ်ဗျာ (တူတူ ပြန် ဝကြတာပေါ့ 😅)
✳️ နံနက်စောစော နေရောင်လေးခံပြီး ကိုယ်လက်လှုပ်ရှားမှုတွေ နေ့စဉ်လုပ်ကြမယ်
✳️ အိပ်ချိန်မှန်မှန် နဲ့ အိပ်ရေးဝ ဝ အိပ်ကြမယ်ဗျာ
✳️ #ကာကွယ်ဆေး ကို အနည်းဆုံးတော့ (၂) ကြိမ်ပြည့်အောင် ထိုးကို ထိုးထားသင့်ပါတယ် ဒုတိယအကြိမ်ကနေ (၆ လ) ပြည့်ပြီးရင်လည်း တတိယအကြိမ် Booster ထိုးကြရအောင်ဗျာ
ကိုဗစ်ရန်ကင်းဝေးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ
Dr. ဘုန်းစည်သူလွင်
08:00 pm/01.09.2022
(ကျန်းမာရေးဆောင်းပါးများ နေ့စဉ်တင်ပေးနေသောကြောင့် #ကျွန်တော့_Pageကို_Like လုပ်ထားခြင်းဖြင့် ကျန်းမာရေးဗဟုသုတတိုးပွား လာပါလိမ့်မယ် 💕💕💕 )
13/06/2022
နှစ်ဘက်လှသော ခရစ်ယာန်အသက်တာ
**************************************
စားဝတ်နေရေးအတွက် ဘုရားသခင်ထံ ကျနော်ဆုတောင်းတယ်။
အလုပ်လည်း တတ်နိုင်သလောက်ကြိုးစားပြီး လုပ်တယ်။
အဲဒါ ဘုရားသခင်ကို အားမကိုးလို့ အလုပ်လုပ်တာ မဟုတ်ပါဘူး။
ဉာဏ်ပညာရရှိနိုင်ဖို့ ဘုရားသခင်ထံ ကျနော်ဆုတောင်းတယ်။
အချိန်ကုန် ငွေကုန်ခံပြီး တတ်နိုင်သလောက် ပညာသင်ယူနေရတယ်။
အဲလို ပညာသင်ယူနေရတာ ဘုရားသခင်ကို အားမကိုးလို့ မဟုတ်ပါဘူး။
ကျန်းကျန်းမာမာနေနိုင်ဖို့နှင့် အနာရောဂါပျောက်ကင်းနိုင်ဖို့ ဘုရားသခင်ထံ ကျနော်ဆုတောင်းတယ်။ အစားအသောက်သတိထားလျက် လေ့ကျင့်ခန်းလည်းလုပ်တယ်၊ ဖျားနာနေရင်
ဆေးဝါးတွေလည်း သောက်ရတယ်။
အဲလို အစားအသောက်သတိထား၊ လေ့ကျင့်ခန်းတွေလုပ်ပြီး၊ ဆေးသောက်နေရတာ
ဘုရားသခင်ကို အားမကိုးလို့ မဟုတ်ပါဘူး။
အသက်တာမှာ လိုအပ်တဲ့အရာတွေရရှိနိုင်ဖို့ ဘုရားသခင်ထံ ကျနော်ဆုတောင်းတယ်။ ကိုယ်ကိုယ်တိုင်ကလည်း အစွမ်းရှိသမျှနဲ့ အလုပ်ကြိုးစားနေရတယ်။
အဲလို ကြိုးကြိုးစားစားအလုပ်လုပ်နေရတာ ဘုရားသခင်ကို အားမကိုးလို့ မဟုတ်ပါဘူး။
အနာဂတ်အတွက် ပန်းတိုင်နှင့် ရူပါရုံတွေအတွက် ဘုရားသခင်ထံ ကျနော်ဆုတောင်းတယ်။ စည်းကမ်းရှိရှိ၊ နည်းမှန်မှန်နဲ့ ကြိုးစားအားထုတ်နေရတယ်။
အဲလို စည်းကမ်းရှိရှိ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေရတာ ဘုရားသခင်ကို အားမကိုးလို့ မဟုတ်ပါဘူး။
ပျောက်သောဝိညာဉ်များ ကယ်တင်ခြင်းရရှိနိုင်ဖို့ ဘုရားသခင်ထံ ကျနော်ဆုတောင်းတယ်။ ဧဝံဂေလိတရားလည်း တတ်နိုင်သလောက်ဟောရတယ်။
အဲဒါ ဘုရားသခင်ကို အားမကိုးလို့ ဟောနေရတာ မဟုတ်ပါဘူး။
မိမိနေထိုင်တဲ့ နိုင်ငံငြိမ်းငြိမ်းချမ်းချမ်းဖြစ်ဖို့နှင့် တရားဥပဒေစိုးမိုးနိုင်ဖို့ ဘုရားသခင်ထံ ကျနော်ဆုတောင်းတယ်။ နိုင်ငံ့တာဝန်နှင့် အစိုးရတောင်းဆိုထားတဲ့အရာတွေကို တတ်နိုင်သလောက် ဆောင်ရတယ်။ အဲလို နိုင်ငံ့အရေးမှာ အုတ်တစ်ချက်သဲတစ်ပွင့် ပါဝင်ဆောင်ရွက်ရတာ ဘုရားသခင်ကို အားမကိုးလို့ မဟုတ်ပါဘူး။
ဘုရားသခင်ကို အားကိုးခြင်း(ယုံကြည်ခြင်း)ဆိုတာ လက်ပိုက်ထိုင်နေခြင်း မဟုတ်ဘူး။
ဘုရားသခင်ကို အားကိုးခြင်း(ယုံကြည်ခြင်း)ဆိုတာ အရာရာဘုရားသခင်ရဲ့ အလိုတော်အတိုင်းပြည့်စုံစေဖို့ ဆုတောင်းလက်ဆက်ခြင်းနဲ့အတူ ကိုယ့်ဘက်ကလုပ်သင့်လုပ်ထိုက်သောအမှုကို တာဝန်ကျေပွန်စွာ ထမ်းရွက်ခြင်းဖြစ်သလို၊ နောက်ဆုံးဖြစ်ပေါ်လာတဲ့ ရလဒ်ပေါ်မှာ ကျေနပ်အားရစွာ ဘုရားသခင်ကို ချီမွမ်းခြင်းပါပဲ။
#နောဧ
ဘုရားသခင်ကနောဧကို ရေလွှမ်းမိုးခြင်းမှ ကယ်တင်ဖို့ကတိပေးတယ်ဆိုပေမဲ့၊ တောင်ပေါ်မှာ သဘော်ဆောက်ဖို့က နောဧတို့ မိသားစုမှာ တာဝန်ရှိတယ်...မဟုတ်လား။
#အာဗွဟံ
ဘုရားသခင်ကအာဗြဟံဆီ သားသမီးများစွာကောင်းကြီးပေးဖို့ကတိပေးထားတယ်ဆိုပေမဲ့၊ ဆာရနှင့်အတူပေါင်းသင်းဖို့က အာဗြဟံမှာ တာဝန်ရှိတယ်....မဟုတ်လား။
#မောရှေ
ဘုရားသခင်က မောရှေဆီမှာ နိမိတ်လက္ခဏာများစွာနဲ့အတူ ဣသရေမျိုးတွေကို ဦးဆောင်ဖို့ ကတိပေးထားတယ်ဆိုပေမဲ့၊ ရက်ပေါင်းများစွာခရီးဆက်ပြီး သူ့လှံတံအသုံးပြုဖို့က မောရှေမှာတာဝန်ရှိတယ်...မဟုတ်လား။
#ဣသရေလလူတွေ
ဘုရားသခင်က ဣသရေလလူတွေဆီမှာ ယေရခေါမြို့သိမ်းပိုက်အနိုင်ယူဖို့ကတိပေးထားတယ်ဆိုပေမဲ့၊ တစ်ရက်တစ်ကြိမ်မြို့ရိုးကြီးကို ပတ်ပတ်လည်လှည့်ပတ်ဖို့က ဣသရေလလူတွေဆီမှာ တာဝန်ရှိတယ်...မဟုတ်လား။
#ဂိဒေါင်နှင့်သူ့အဖွဲ့
ဘုရားသခင်က ဂိဒေါင်နဲ့သူ့အဖွဲ့တွေဆီမှာ ရန်သူတွေအနိုင်ယူဖို့ ကတိပေးထားတယ်ဆိုပေမဲ့၊ မြေအိုးနှင့် သိုးဦးချိုကိုင်ရင်း စစ်မြေပြင်မှာချီတက်ဖို့က သူတို့မှာတာဝန်ရှိတယ်...မဟုတ်လား။
#ရေမှစပျစ်ရေသို့ပြောင်းလဲခြင်း
ကာနမြို့က မင်္ဂလာပွဲမှာ ရေကနေစပျစ်ရေသို့ ယေရှုခရစ်တော်က ပြောင်းလဲစေတဲ့အချိန်မှာ မြေအိုးထဲမှာရေအပြည့်ထည့်ဖို့ရန် အစေခံတွေမှာ တာဝန်ပေးထားတယ်....မဟုတ်လား။
#ခြေမသန်စွမ်းသူ
ပြည့်ကျပ်နေတဲ့ အိမ်ခန်းထဲမှာ ခြေမစွမ်းသူတစ်ယောက် သခင်ယေရှုက ကျန်းမာစေ တဲ့အချိန်မှာ အဲဒီလူနာကို သခင်ဆီသို့သယ်ဆောင်လာဖို့ရန် လူလေးယောက်က သူတို့ဝတ္တရားကျေပွန်ခဲ့တယ်...မဟုတ်လား။
#ရေနက်ထဲကငါး
တစ်ညလုံးငါးမမိနိုင်တဲ့ ပေတရုက သူ့လှေအပြည့် ငါးပေါင်းများစွာပြန်ဖမ်းနိုင်အောင် သခင်ယေရှုကကောင်းကြီးပေးတဲ့အချိန်မှာ ပေတရုကမငြီးမတွား ပေတရုကရေနက်ရာသို့ သူ့ပိုက်ကွန်ကိုပြန်ချဖို့ လိုအပ်တယ်...မဟုတ်လား။
#လေးရက်ပြီးမှထမြောက်တဲ့လာဇရု
င်္သချိုင်းတွင်းထဲမှာ သဂြိုလ်ထားတဲ့ လူသေလာဇရုကို အသက်ပေးပြီး ပြန်လည်ထမြောက်စေတဲ့အခါမှာ လူတွေက အုတ်ဂူကျောက်တုံးကြီးကို ရွေ့ဖို့ရန် လူတွေဆီယေရှုခရစ်က တာဝန်ပေးထားတယ်...မဟုတ်လား။
ဒါကြောင့်....အရာရာ၌ ဘုရားသခင်ဆီဆုတောင်းပြီး၊ လူအနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့အရာကို တာဝန်ကျေပွန်စွာ သစ္စာရှိရှိလုပ်လိုက်စမ်းပါ။ ပြီးတော့...ဖြစ်ပေါ်လာတဲ့အရာမှာ ဘုရားသခင်ရဲ့အလိုတော်ကို ဝန်ခံရင်းဂုဏ်တော်နှင့်ကျေးဇူးတော်ချီးမွမ်းဖို့ပါပဲ။
အဲဒါကို ခရစ်ယာန်အသက်တာရဲ့တမူခြားနားချက်လို့ခေါ်ပါတယ်။
ယေရှုခရစ်၏ကျွန်
လင်းထွန်း
မူရင်းပုံရေးဆွဲသူကို ခရီဒိတ်ပေးပါ၏။
05/03/2022
! သတိ ! ခုချိန်မှာ ဖျားနေတယ် ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဆေးလည်းမစစ်နိုင်ဘူး ဆေးခန်းလည်းမပြနိုင်ဘူးဆိုရင် ဒီစာလေးကို အဆုံးထိ သေချာဖတ်ကြည့်ပါ။
အခုချိန်မှာ နှာပဲစေးစေး၊ ချောင်းပဲဆိုးဆိုး၊ အသံပဲဝင်ဝင် တရားခံကတော့ Omicron ပဲဖြစ်နိုင်ပါတယ်။
🔅 omicron မှန်း ဘယ်လိုသိနိုင်မလဲဆိုရင်
➢ ဖျားမယ်၊
➢ ချမ်းတုန်မယ်၊
➢ နှာစေးမယ်၊ နှာပိတ်မယ်၊
➢ လည်ချောင်းနာမယ်၊ ချောင်းဆိုးမယ်၊
➢ ခေါင်းကိုက်မယ်၊ ကိုယ်လက်တွေကိုက်ခဲမယ် စတဲ့ လက္ခဏာတွေထဲက အနည်းဆုံး၂ခုလောက်ခံစားနေရပြီဆိုရင် omicron ကူးစက်ခံရတာသေချာသလောက်ရှိပါပြီ။ အချို့ကတော့ အစားအသောက်ပျက်တာ၊ ဝမ်းလျှောဝမ်းပျက်တာတွေလည်းခံစားရနိုင်ပါတယ်။ Omicron မှာ အနံ့အရသာပျောက်တာမျိုးက အတွေ့ရနည်းပါတယ်။
🔅 ဘာဆေးတွေသောက်ရမလဲ။
ဆေးကတော့ မိမိခံစားရတဲ့လက္ခဏာတွေအလိုက် သောက်ပေးရမှာဖြစ်ပါတယ်။
အဖျားကျစေဖို့အတွက်ဆိုရင် paracetamol 500mg ပါဝင်တဲ့ Biogesic တို့ Paracap တို့သောက်ပေးလို့ရပါတယ်။ အဖျားမကျမချင်း တစ်နေ့ ၃ကြိမ်မှ ၄ကြိမ်ထိ အစားစားပြီး သောက်သုံးပေးရပါမယ်။
နှာစေးနှာပိတ်ဖြစ်နေပြီဆိုရင် Cetrine သို့မဟုတ် Burmeton ကိုတစ်နေ့ ၂ကြိမ်ထိသောက်ပေးနိုင်ပါတယ်။
ချောင်းဆိုးနေပြီဆိုရင်တော့ သလိပ်သံပါမပါ သိဖို့လိုပါတယ်။ Musol လိုဆေးမျိုးကို သလိပ်ပါတဲ့ချောင်းမှ သောက်ပေးရမှာဖြစ်ပါတယ်။ Musol လိုဆေးမျိုးကတော့ ပထမဦးဆုံး သလိပ်ကိုပျော်အောင်လုပ်တာဖြစ်တဲ့အတွက် ချောင်းကို ပိုဆိုးစေမှာဖြစ်ပါတယ်။ ဒါကြောင့် ချောင်းခြောက်ဆိုးတဲ့သူတွေက Musol သွားသောက်လို့မရပါဘူး။ ချောင်းခြောက်ဆိုးနေရင် atussin လိုဆေးမျိုးသောက်ပေးရမှာဖြစ်ပါတယ်။ Brochest လိုဆေးမျိုးဆိုရင်တော့ ချောင်းခြောက်ဆိုးသူရော၊ သလိပ်ချောင်းဆိုးသူတွေအတွက်ရောသင့်တော်ပါတယ်။
Omicron ဖြစ်ရင် လည်ချောင်းနာအသံဝင်တာတော်တော်ဆိုးလွန်းလို့ ဇော်ဝင်းထွဋ်အသံတွေ ၊ ပပဝင်းခင်အသံတွေဖြစ်ကုန်ကြပြီလို့ပြောကြပါတယ်။ လည်ချောင်းတွေနာရင် mybacin သို့မဟုတ် strepsils ကိုတစ်နေ့ ၄ကြိမ်ငုံပေးနိုင်ပါတယ်။ ဆားရည်နဲ့ပလုတ်ကျင်းပေးဖို့လည်း မမေ့ကြပါနဲ့နော်။
ကိုယ်လက်တွေကိုက်ခဲနေပြီ၊ ခေါင်းတွေလည်းကိုက်နေပြီဆိုရင်တော့ ibuprofen 200mg or 400mg ကိုတစ်နေ့၃ကြိမ်သောက်သုံးပေးနိုင်ပါတယ်။ Ibuprofen ဟာ paracetamol ထက်ပြင်းတဲ့ အကိုက်အခဲပျောက်ဆေးဖြစ်တဲ့အတွက် ဆေးမသောက်ခင် အစားကိုသေချာစားပြီးမှ သောက်ပေးရမှာဖြစ်ပါတယ်။ အစာအိမ်ကိုမထိခိုက်ရအောင် ပိုစိတ်ချချင်တယ်ဆိုရင်တော့ Omeprazole သို့မဟုတ် ranitidine တစ်နေ့နှစ်ကြိမ်နဲ့ တွဲသောက်ပေးလို့ ရပါတယ်။
ဝမ်းပျက်နေပြီဆိုရင်တော့ Nova-lact သို့မဟုတ် Bioflor သောက်သုံးပေးလို့ရပါတယ်။
အန်ပါအန်နေပြီဆိုရင်တော့ metoclopramide ပါဝင်တဲ့ အအန်ပျောက်ဆေးတွေ သောက်သုံးပေးနိုင်ပါတယ်။
ခုခံအားကောင်းဖို့အတွက်တော့ တစ်နေ့ကို Vitamin C 500mg သောက်သုံးပေးပါ။ Vitamin D သောက်သုံးမယ်ဆိုရင်တော့ တစ်နေ့ကို 1000mg ထက်မကျော်သင့်ပါ။ Vitamin D ကို လိုအပ်တာထက်ပိုသောက်မိရင် ကျောက်ကပ်ပျက်စီးစေနိုင်ပါတယ်။
🔅 Antibiotics သောက်ဖို့လိုလား။
မလိုပါ။ Antibiotics ဆိုတာ ဘက်တီးရီးယားတွေကိုသာ သတ်နိုင်ပါတယ်။ Omicron က ဗိုင်းရပ်စ်ပိုးဖြစ်တဲ့အတွက် antibiotics သောက်ရင် အနာတခြားဆေးတခြားလိုဖြစ်ပြီး အကျိုးမရှိနိုင်ပါဘူး။
🔅 အခုအတွေ့ရများနေတဲ့ Molnupiravir ဆိုတာကရောဘာဆေးလဲ။ အဲ့တာရော သောက်ဖို့လိုလား။
Molnupiravir ဆိုတာဟာ ဗိုင်းရပ်စ်သတ်ဆေးတစ်မျိုးဖြစ်ပါတယ်။ ရောဂါမပြင်းထန်သူ လူငယ်တွေကတော့ မသောက်လည်းရပါတယ်, အောက်စီဂျင်ကျနိုင်ခြေရှိတဲ့ အသက်အရွယ်ကြီးပြီးရောဂါအခံရှိတဲ့သူတွေသာ သောက်ဖို့ လိုအပ်တာဖြစ်ပါတယ်။ သောက်တဲ့အခါမှာလည်း မိမိသဘောနဲ့မိမိသောက်လို့ မရပါဘူး။ ဆရာဝန်နဲ့တိုင်ပင်ပြီး ဆရာဝန်ညွန်ကြားချက်နဲ့မှ Molnupiravir ကို သောက်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီဆေးဟာ လက္ခဏာစပြပြချင်း ၅ရက်အတွင်းဘဲ စပေးရမှာဖြစ်ပါတယ်။ နောက်ပိုင်းမှပေးမိရင် ထိရောက်မှာမဟုတ်ပါဘူး
🔅 မိမိက အရင်ကလည်း covid တစ်ခါဖြစ်ဖူးတယ်၊ ကာကွယ်ဆေးလည်း ၂ကြိမ်ထိုးထားတယ်ဆိုရင်တော့ ဒီတစ်ကြိမ် ထပ်ဖြစ်ရင်လည်း ရောဂါလက္ခဏာအနည်းငယ်သာခံစားရပြီး သက်သာသွားမှာဖြစ်ပါတယ်။ စဖြစ်ဖြစ်ချင်း ၂ရက်ခန့်ကတော့ ပိုမိုခံစားရနိုင်ပါတယ်။ Covid လည်းမဖြစ်ဖူး၊ ကာကွယ်ဆေးလည်းမထိုးဖူးသူတွေကတော့ ရောဂါလက္ခဏာတွေကို ပိုမိုခံစားရနိုင်ပါတယ်။ သို့သော်လည်း အောက်စီဂျင်ကျတာမျိုးတော့ အလွန်ရှားပါးပါးတယ်။ 3rd wave မှာ အောက်စီဂျင်ကျပြီး လူတော်တော်များများကို သေစေခဲ့တဲ့ delta variant ဟာ အဆုတ်ကို အဓိကတိုက်ခိုက်တာဖြစ်ပြီး ယခု omicron variant ကတော့ အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းကိုသာ အဓိကတိုက်ခိုက်တာဖြစ်ပါတယ်။ ဒါကြောင့် နှာစေး၊ နှာပိတ်၊ လည်ချောင်းနာခြင်းတွေကို ပိုမိုခံစားကြရတာဖြစ်ပါတယ်။
🔅 မည်သို့ပင်ဖြစ်စေ အသက်ကြီးသူတွေ၊ ရောဂါအခံရှိသူတွေအနေနဲ့ကတော့ SpO2 level ကို မကြာခဏတိုင်းပေးထားရင် အကောင်းဆုံးဖြစ်ပါတယ်။ ပုံမှန် SpO2 99/100 ရှိနေကြလူက 95 အောက်ရောက်သွားပြီဆိုတာနဲ့ ဆရာဝန်ဆီ မြန်မြန်ပြသသင့်ပါတယ်။
🔅 Omicron ကအရသာလုံးဝပျက်တာမျိုး ရှားပေမယ့် အစားအသောက်ပျက်တာမျိုးတွေဖြစ်တတ်ပါတယ်။ Ibuprofen လိုဆေးမျိုး သောက်ထားပြီးရင်လည်း လျှာခါးနေပြီး အရသာမမှန်တာမျိုးတွေဖြစ်တတ်ပါတယ်။ Covid ဆိုရင် အစားနဲ့စိတ်နဲ့အဓိကနိုင်အောင် တိုက်ရတာဖြစ်လို့ အာဟာရပြည့်ဝစွာရရှိအောင် အစားကို မဖြစ်မနေဝင်အောင်စားပေးရမှာဖြစ်ပါတယ်။
🔅 Omicron ဖြစ်နေချိန် မိမိအတွက်ရော၊ သူများတွေမကူးစက်ဖို့အတွက် အိမ်မှာဘဲ သီးသန့်ခွဲနေပြီး အနားယူနေထိုင်သင့်ပါတယ်။
ရောဂါလက္ခဏာကလည်း မပြင်းထန်ဘူး၊ ဖျားတာလည်း မရှိဘူးဆိုရင် သီးသန့်ခွဲနေခြင်း(ကွာရန်တင်း)ကို (၅)ရက်နဲ့ ထွက်လို့ရပါတယ်, ဒါပေမဲ့ အိမ်မှာရော အပြင်မှာရော နောက်ထပ်(၅) ရက်ခန့် Mask သေချာတပ်ပြီး လူအများနဲ့ နီးကပ်လွန်းတဲ့ အခြေအနေတွေကို ရှောင်ကြဥ်ပေးပါ။
( သတင်းကောင်းလို့ ဆိုရမှာကတော့ Omicron ကူးစက်ခံရပြီးလို့ ထွက်လာတဲ့ကိုယ်ခံအားဟာ delta variant ကိုကာကွယ်နိုင်သလို နောင်အသစ်ပေါ်လာနိုင်တဲ့ covid variant အတွက်လည်း ကာကွယ်နိုင်စွမ်း ရှိနေမှာဖြစ်ပါတယ်။ ဒါကြောင့် Omicron ဖြစ်ပြီး antibody လဲထွက်ပြီဆိုရင် နောင်လာမယ့်လှိုင်းတွေကို ကြောက်စရာမလိုတော့ပါဘူး။ )
08/02/2022
Omicron COVID
အိုမီခရွန် ကိုဗစ်ဖြစ်ရင် ဘာတွေ စားမလဲ?
ကိုယ်ခံအားကောင်းအောင်စားနိုင်တာတွေများများစားပါ။ နေမကောင်းလို့ ထမင်းလည်းဖြတ်စရာမလိုပါဘူး။ လူနာ စားနိုင်ရင်စားလို့ရပါတယ်။
✅ ရေတစ်နေ့ ၂-၃ လီတာသောက်ပါ။
✅ ကယ်လိုရီကို လိုတာထက်ပိုစားပါ။
✅ တစ်နေ့ကို ၄-၅ ခါလောက် ခဏ ခဏ စားပါ။
✅ပူပူနွေးနွေးစားပါ။
✅ အသားဓါတ်များများစားပါ။
✅အသီးအရွက်တွေ စားဖို့မမေ့ပါနဲ့။
✅အိပ်ရေးဝအောင်အိပ်ပါ။
✅လေ့ကျင့်ခန်းအပျော့စားလေးတွေလုပ်ပါ။
❌အငန်တွေ၊ ဆီတွေ၊ အချိုတွေ လျှော့စားပါ။
❌အသုတ်တွေ၊ အပြင်စာတွေ မစားပါနဲ့။
ငှက်သိုက်၊ကြက်ပေါင်း၊အာဟာရမှုန့်တွေကတော့ လုံးဝမစားနိုင်မှ သောက်စေချင်ပါတယ်။
အခြားရောဂါအခံရှိရင်တော့ အာဟာရဆရာဝန်နဲ့တိုင်ပင်ပါ။
👩🏻⚕️အောက်ပါ ပုံလေးကတော့ ပုံမှန်ကိုဗစ်လူနာတစ်ယောက်စားနိုင်မယ့် Diet Sample လေးဆွဲပေးထားတာပါ။ အသားဓါတ်များပြီး2000-2500 ကယ်လိုရီရှိပါတယ်။ကိုယ်တိုင်ဖြစ်ခဲ့တုန်းကလည်း ဒီလိုပုံစံဝင်အောင်စားပါတယ်။ အားလုံးပဲ နေမကောင်းရင်လည်းမြန်မြန်နာလံထူနိုင်ပြီး အဆင်ပြေကြပါစေရှင်။
ကျန်းမာစွာလှပဖို့
ဒေါက်တာအိအိမင်း
(အာဟာရဆိုင်ရာအထူးပြု)
You Tube Channel - https://youtube.com/channel/UCPixRdRzPStaV5pg351y6xg
05/02/2022
https://burma.irrawaddy.com/news/2022/02/05/249620.html
မြန်မာပြည်မှာ ကိုဗစ် စတုတ္ထလှိုင်း စပြီလား ကိုဗစ်စတုတ္ထလှိုင်း စတင်နေပြီလားဟု မေးခွန်းထုတ်နေကြသည်။
11/12/2021
❤️ သွေးတိုးတတ်သူတွေ
သိထားသင့်တဲ့ အချက် ။❤️❤️💕
ယခုနောက်ဆုံး..
WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ကြီးရဲ့..
သတ်မှတ်ချက်အရ..
Blood Pressure..သွေးပေါင်ချိန်သည်..
120/80mmHg..ကိုသာအမှန်လို့..
သတ်မှတ်ထားပါတယ်..။
140/90mmHg..ဆိုရင်တောင်..
သွေးတက်နေပြီလို့သတ်မှတ်နေရပါပြီ..။
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
©သွေးပေါင်တက်..။
သွေးဖိအားတက်..။
သွေးတိုးနေရင်..။
သွေးကျဆေးကို..
အမြဲစွဲစွဲမြဲမြဲသောက်ရပါမယ်..
သွေးတက်နေမှ..
တက်နေတုန်း..
သောက်ရမှာမဟုတ်ပါ..။
©သွေးကျဆေးသောက်ရင်..
ရှိနေတဲ့သွေးတွေနည်းမသွားပါ..။
©သွေးကျဆေးသောက်တာကြာလာရင်..
ကျောက်ကပ်ပျက်တတ်တယ်ဆိုတာ..
လုံဝမှားယွင်းနေပါတယ်..။
****************************
Blood Pressure..
သွေးပေါင်ချိန်သွေးဖိအားအကြောင်းကို..
နားလည်အောင်ပြောပြပါမယ်..
သွေးပေါင်ချိန်အကြောင်းသိရှိသဘောပေါက်ပါမှ..
အမှန်မြင်နိုင်ကြမှာပါ..။
**************************
အဆုပ်များမှသန့်စင်ပေးလိုက်သော..
အောက်စီဂျင်ဓာတ်ပြည့်ဝတဲ့..
သွေးအသစ်တွေကို..
နှလုံးရဲ့ဘယ်ဘက်သွေးဝင်ခန်းက..
လက်ခံရယူပြီး..
နှလုံးရဲ့ဘယ်ဘက်သွေးလွှတ်ခန်းကနေ..
သွေးလွှတ်ကြောမကြီးမှတဆင့်..
ခန္ဓာကိုယ်အနှံ့သွေးအသစ်များ..
ရောက်ရှိအောင်..
ညှစ်ထုတ်ပေးလိုက်ပါတယ်..။
©နှလုံးညှစ်လိုက်တဲ့အချိန်..
ခန္ဓာကိုယ်တကိုယ်လုံးမှာရှိတဲ့..
သွေးကြောနံရံမှာ..
ဖြစ်ပေါ်လာတဲ့..
တင်းအားတွန်းအားကို..
Systolic Blood Pressure..
နှလုံးညှစ်ချိန်ဖြစ်လာတဲ့တွန်းအား..
လို့ခေါ်ပါတယ်..။
သွေးပေါင်ချိန်တိုင်းရင်..
ကိန်းဂဏန်းကို..
အပေါ်မှာအမြဲရေးသားမှတ်သားရတဲ့အတွက်..
အပေါ်သွေးလို့..လွယ်လွယ်ခေါ်ပါတယ်..။
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
နှလုံး..တချက်ညှစ်ပြီးရင်..
နှလုံးနားနေပါတယ်..
Diastolic phase..လို့ခေါ်ပါတယ်..။
နှလုံးနားနေချိန်မှာ..
ခန္ဓာကိုယ်တကိုယ်လုံးမှ..
အသုံးပြုပြီးသားသွေးအဟောင်း..
ကာဗွန်ဒိုင်အောက်ဆိုဒ်များစွာပါဝင်တဲ့..
သွေးအဟောင်းများသည်..
သွေးပြန်ကြော..သေး..လတ်..
ကြီး..များမှတဆင့်..
နှလုံးရဲ့..ညာဘက်သွေးဝင်ခန်းသို့..
ပြန်လည်ဝင်ရောက်လာကြပါတယ်..။
တနည်းအားဖြင့်..
နှလုံးနားနေချိန်မှာ..
ခန္ဓာကိုယ်အနှံ့က..
ပြန်ရောက်လာတဲ့..
သွေးအဟောင်းတွေကို..
နှလုံးမှ..ပြန်လည်လက်ခံနေပါတယ်..
အဲဒီအခိုက်အတန့်မှာ..
©သွေးကြောများအတွင်း..
ဖြစ်ပေါ်နေတဲ့..
တင်းအား..တွန်းအားကိုတော့..
Diastolic Blood Pressure..
နှလုံးနားနေချိန်ဖြစ်လာတဲ့တင်းအား..
လို့ခေါ်ပါတယ်..
သွေးပေါင်ချိန်တိုင်းရင်..
ကိန်းဂဏန်းကို..
အောက်မှာအမြဲရေးသားမှတ်သားရတဲ့အတွက်..
အောက်သွေးလို့..
လွယ်လွယ်ခေါ်ပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
©အသက်အရွယ်ကြီးလာလေလေ..
သွေးကြောတွေ..မာကြောလာကြတယ်..
သွေးကြောနံရံများရဲ့..
Elasticity..ဆန့်ထွက်အား..
လျော့ကျသွားကြတယ်..
ထို့မှတဆင့်ကျဉ်းကျုံ့သွားကြတယ်..
ဒီအခါ..
နှလုံးညှစ်လိုက်တဲ့အခါတိုင်း..
သွေးကြောများအလိုက်အထိုက်..
ပျော့ပြောင်းကျယ်ပြန့်မလာနိုင်တဲ့အတွက်..
သွေးကြောနံရံရဲ့တင်းအား..
မြင့်တက်သွားပါတယ်..
သွေးပေါင်ချိန်တိုင်းကိရိယာနဲ့..
တိုင်းတာလိုက်တဲ့အခါ..
Systolic Blood Pressure..
နှလုံးညှစ်ချိန်..သွေးဖိအားတွန်းအား..
မြင့်တက်နေပါတယ်..
အပေါ်သွေးတက်နေတယ်လို့..
လွယ်လွယ်ခေါ်ကြပါတယ်..
******ခန္ဓာကိုယ်အပေါ်ပိုင်း..
သွေးတွေများနေတာမဟုတ်ပါ..
******သွေးကြောဖိအားတွန်းအား..
များနေတာပါ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
နှလုံးတချက်ညှစ်ပြီးချိန်..
အလိုက်သင့်လေး..
သွေးဟောင်းများကိုပြန်လက်ခံချိန်မှာ..
ခန္ဓာကိုယ်အနှံ့က..
သွေးကြောတွေမှာလည်း..
နှလုံးဆီကိုသွေးပြန်ပို့ပေးနိုင်ဖို့..
တွန်းအားတင်းအားရှိရပါတယ်..
အသက်အရွယ်ကြီးလာတာနဲ့အမျှ..
သွေးကြောနံရံတွေ..
ဆန့်ထွက်အားလျော့..
မာကြော..ကျဉ်းကျုံ့လာကြတဲ့အတွက်..
နှလုံးဆီကိုပြန်တွန်းပို့တဲ့အားလည်း..
လိုအပ်သည်ထက်..
မြင့်တက်နေပါတယ်..
သွေးပေါင်ချိန်တိုင်းကိရိယာနဲ့..
တိုင်းတာတဲ့အခါမှာ..
သွေးပေါင်သွေးဖိအားတက်နေပါတယ်..
ဒီသွေးပေါင်ချိန်ကတော့..
နှလုံးနားချိန်..တနည်းအားဖြင့်..
နှလုံးကသွေးဟောင်းလက်ခံချိန်..
သွေးကြောတွေမှာ..
ဖြစ်နေရှိနေတဲ့သွေးပေါင်ချိန်မို့လို့..
Diastolic Blood Pressure..
လို့ခေါ်ပါတယ်..
အောက်သွေးတက်နေတယ်..လို့လွယ်လွယ်ခေါ်ပါတယ်..
*****ခန္ဓာကိုယ်အောက်ပိုင်းကသွေးတွေများနေတယ်လို့အယူအဆမမှားလိုက်ပါနဲ့..
******သွေးများနေတာမဟုတ်..
သွေးဖိအားတင်းအားများနေတာပါ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
©သွေးကြောများအတွင်း..
သွေးအချိုဓာတ်များ..
လွန်ကဲများပြားလာရင်..
သွေးကြောနံရံများ..
တတိတိနဲ့ပျက်စီးတတ်ပါတယ်..
ထိုမှတဆင့်..
သွေးကြောများ..
ကျဉ်းကျုံ့ကုန်တဲ့အတွက်..
သွေးချိုဆီးချို ရောဂါကိုစံနစ်တကျ..
ကုသမှုမပြုရင်..
သွေးပေါင်သွေးဖိအားတက်နေတတ်ပါတယ်..
©သွေးအချိုဓါတ်..
လွန်ကဲများပြားနေတဲ့အခါ..
သွေးစီးလမ်းကြောင်းကို..
ပိတ်ဆို့ထားတဲ့အတွက်..
နှလုံးညှစ်လိုက်တိုင်း..
နှလုံးသွေးလက်ခံတိုင်း..
သွေးစီးလမ်းကြောင်းဟာ..
ချောမွေ့မှုမရှိ..ဆန့်ကျင်အားတွေ..
ဖြစ်ဖြစ်နေတာကြောင့်..
သွေးကြောနံရံရဲ့တင်းအားမြင့်ပြီး..
သွေးတက်တတ်ပါတယ်..
©သွေးအဆီဓာတ်များပြားလာရင်လည်း..
သွေးကြောနံရံများမှာ..
သွေးခဲစုစည်းမှု..
Platelet aggregation..
တွေဖြစ်ပေါ်စေပါတယ်..
ထိုမှတဆင့်..
သွေးခဲပိတ်ဆို့မှု..
Clot..တွေဖြစ်စေပါတယ်..
သွေးလည်ပတ်မှုချောမွေ့မှုမရှိတဲ့အတွက်..
သွေးကြောဖိအားတင်းအား..
မြင့်နေပါမယ်..
ဒီလိုအခြေအနေမျိုးမှာလည်း..
သွေးပေါင်ချိန်တိုင်းလိုက်တိုင်း..
သွေးပေါင်တက်သွေးတိုးနေမှာပါ..
©နှလုံးရဲ့ဘယ်ဘက်ခန်းကနေ..
သွေးအသစ်တွေ..ခန္ဓာကိုယ်အနှံ့..
သွေးရောက်ရှိအောင်..
ညှစ်ထုတ်ပေးနေတဲ့အချိန်မှာ..
သွေးကြောတွေရဲ့..
တင်းအားဖိအားတွေ..
ရှိသင့်တာထက်များနေရင်..
နှလုံးဟာ..
ပိုပိုပြီး..အားစိုက်..
ပိုပိုပြီး..ညှစ်အားများများ
ထုတ်ထုတ်သုံးရပါတယ်..
ထုတ်သင့်တဲ့ညှစ်အားထက်..
ညှစ်ထုတ်အားစိုက်နေရတဲ့..
အချိန်ကာလကြာလာတာနဲ့အမျှ..
ဘယ်ဘက်နှလုံးရဲ့ကြွက်သားတွေ..
ထူထဲလာကြပါတယ်..
နှလုံးအရွယ်အစားကြီးမားလာပါတယ်..
Left Ventricular Hypertrophy..
ဘယ်ဘက်နှလုံးအရွယ်ကြီးခြင်း..
နှလုံးကြီးခြင်း..လို့ခေါ်ပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
*****သွေးတက်လို့တက်မှန်းမသိသူ..
*****သွေးတက်နေမှန်းသိလျက်နဲ့..
ဆေးမှန်မှန်မသောက်သူ..
*****သွေးကျဆေးမှန်မှန်သောက်ရင်..
ရှိနေတဲ့သွေးကုန်သွားမှာစိုးရိမ်တဲ့..
အယူအဆမှားသူ..
*****သွေးကျဆေး..
ကြာကြာသောက်ရင်..
ကျောက်ကပ်ပျက်တတ်တယ်ဆိုတဲ့..
အယူအဆမှားကြောင့်..
ဆေးမှန်မှန်မသောက်သူ..
ထိုသူများအားလုံး..
©နှလုံးအရွယ်အစားကြီးမားလာကြပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
©နှလုံးအရွယ်အစားကြီးမားတာ..
တာရှည်လာရင်..
မနိုင်ဝန်ထမ်းရတဲ့...နှလုံးညှစ်အား..
လျော့ကျသွားတဲ့အခါ..
©Heart Failure..
နှလုံးအားနည်းရောဂါဝင်ပြီး..
မျက်ခွံမို့..
ခြေထောက်ရောင်..
အဆုပ်ထဲရေဝင်..
မောပမ်းလွယ်..
လူဖြစ်ရှုံးတဲ့ဘဝရောက်ရပါတယ်..
°°°°°°°°°°°°°°°°°°°°°•°°°°°°°°°°
သွေးပေါင်ချိန်တိုင်းကိရိယာမှာ..
သတ်မှတ်ထားတဲ့..
Pressure..ဖိအားတင်းအားထက်များနေလို့..
သွေးတက်တယ်လို့..
လွယ်လွယ်ပြောကြရာကနေ..
သွေးများနေတယ်လို့..
သဘောပေါက်မှားယွင်းသွားကြပါတယ်..
သွေးကျဆေးသည်..
©တင်းမာနေသော..
သွေးကြောနံရံများကို..
အလိုက်သင့်ပျော့ပြောင်းနူးညံ့စေပါတယ်..
©ကျဉ်းကျုံ့နေသော..
သွေးကြောများကို..
အလိုက်သင့်..
ပွင့်ကျယ်လာစေပါတယ်..
သွေးကျဆေးသောက်လိုက်တဲ့အခါ..
သွေးကြောများပျော့ပြောင်းလာပြီး..
သွေးကြောများပွင့်ကျယ်လာတဲ့အတွက်..
သွေးဖိအားများပုံမှန်..
ရောက်ရှိသွားပါတယ်..
နှလုံးကလည်း..
တအားညှစ်ထုတ်စရာမလိုတော့ပဲ..
သက်သာရာရသွားပါတယ်..
သွေးစီးလမ်းကြောင်းလည်း..
ချောမွေ့သွားတဲ့အတွက်..
ခန္ဓာကိုယ်အစိပ်အပိုင်းများ..
လုံလောက်မျှတတဲ့သွေးများ..
ရရှိနေပါတယ်..
ကျန်းမာတဲ့ခန္ဓာကိုယ်ကို..
ဖြစ်ပေါ်စေပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
©ကျောက်ကပ်သည်..
သွေးကြောငယ်ကလေးများ..
မြောက်များစွာဖြင့်ဖွဲ့စည်းထားပါတယ်..
သွေးတိုးရောဂါရှိနေသူများ..
သွေးကျဆေးမသောက်ရင်..
ကျောက်ကပ်သွေးကြောငယ်များအတွင်း..
ဖိအားတင်းအားများနေတဲ့အတွက်..
သွေးကြောငယ်များပျက်စီးလွယ်ပါတယ်..
ထိုမှတဆင့်.
ကျောက်ကပ်ပျက်စီးသွားပါမယ်..
သွေးတိုးရောဂါရှိသူ..
သွေးကျဆေးမှန်မှန်သောက်နေရင်..
ကျောက်ကပ်သွေးကြောငယ်များအတွင်း..
ဖိအားတင်းအားလျော့ကျစေတဲ့အတွက်..
ကျောက်ကပ်ပျက်စီးခြင်းမှ..
ကာကွယ်ပြီးသားဖြစ်သွားပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
©အားဆေးဆိုတာ..
ဗီတာမင်ဓာတ်..
သတ္ထု ဓာတ်..
အသားဓာတ်..
ခန္ဓာကိုယ်တည်ဆောက်ပြုပြင်ဖို့..
လိုအပ်တဲ့ဓာတ်..
စတဲ့ဓာတ်အစုအပေါင်းသာဖြစ်ပါတယ်..
ထမင်းဟင်းစားသောက်တဲ့အခါမှာလည်း..
ပါဝင်ပြီးသားဖြစ်ပါတယ်..
အားဆေးဆိုတာ..
ခန္ဓာကိုယ်အတွက်..
လိုအပ်မည့်..
အာဟာရဓာတ်ကို..
ဖြည့်စွက်ပေးတာပါ..
သွေးတိုးသွေးတက်တာနဲ့..
လားလားမှမဆိုင်ပါ..
အားဆေးသောက်ခြင်းဖြင့်..
သွေးမတက်ပါ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
©အားဆေးသောက်ခြင်းသည်..
သွေးမတက်စေပါ..
ဘာမှမဆိုင်ပါ..
သို့သော်..
အဆီများသောအစာ..
အငန်များသောအစာ..
စားရင်တော့..
သွေးတက်စေပါတယ်..
အဆီဓာတ်...အငန်ဓာတ်များသည်..
သွေးကြောများကို..
ကျဉ်းကျုံ့စေပြီး..
ဖိအားတင်းအားတက်လာစေပါတယ်..။
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
အမှားကင်းစင်၍..
အမှန်မြင်နိုင်ကြပါစေ..။❤️❤️💕
ဒေါက်တာဦးစိုင်းဟန်ကျော်စိန်❤️❤️💕
27/08/2021
Oxygen Concentrator များ အခမဲ့ငှားရမ်းနိုင်ပါသည်။ 📣📣📣
------------------------------------------------------------------
💮ကိုရိုနာဗိုင်းရပ်ကူးစက်ကပ်ရောဂါ ကူးစက်ပျံ့ပွားမှုကြောင့် နာမကျန်းဖြစ်ပြီး ပြင်ပအောက်စီဂျင်အကူ လိုအပ်သူများအတွက် အထောက်အကူပြုနိုင်ရန် Oxygen Concentrator Medical Grade (5L/Min) များကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူမျိုး၊ဘာသာမရွေးအား သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ အခမဲ့ ငှားရမ်းပေးသွားမည်ဖြစ်ပါသည်။
📲ငှားရမ်းလိုပါက ဆက်သွယ်ရန်
======================
အရေးပေါ်လူမှုကူညီရေးကော်မတီ
နာဂနှစ်ခြင်းခရစ်ယာန်အသင်းတော်(ရန်ကုန်)
ဦးအိုင်ဝမ် (ဥက္ကဌ)
ဖုန်း - 09 44883 4535
ဒေါ် ဇူလိုင်မိုးမိုး(အတွင်းရေးမှုး)
ဖုန်း- 09 42170 6870
ဒေါ် လှိုင်းသီးရှီး (တွဲဖက်အတွင်းရေးမှူး)
ဖုန်း- 09 8992 13481
ဒေါ်ဧလိဇေး(ဘဏ္ဍာထိန်း)
ဖုန်း- 09 2622 60050
-----------------------------------------------------------------------
" ~သင်တို့သည် ဤသူတည်းဟူသော ငါ့ညီတို့တွင် အငယ်ဆုံးသောသူ တစ်ယောက်အား ပြုကြသမျှတို့ကို ငါ့အားပြုကြပြီ~" (မဿဲ 25:40)
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
Click here to claim your Sponsored Listing.
Location
Category
Telephone
Website
Address
Yangon
