26/09/2023
Page မှာ အဆုံးထိ ဘာသာပြန်ပြီး သွားတဲ့ စာစဥ်များ နဲ့အတူ ဆက်လက် တင်ပေးနေတဲ့ စာစဥ်တွေကို စာဖတ်သူများ အလွယ်တကူ ဖတ်ရှူနိုင်အောင် လင့်လုပ်ပေးလိုက်ပါတယ်။
1. I'm Actually Cultivation Bigshot
ကျုပ်ကဆရာကြီး ( လီနင်းဖန်) ( အပိုင်း ၉၉၇ Completed)
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အကျဥ်းချုပ်...
အင်မော်တယ် တာအို ဆိုသည်မှာ ထာဝရ တည်ရှိသော်လည်း အင်မော်တယ် များအား ရှာရအလွန်ခက်ခဲပေသည်။
လီနင်းဖန် သည် သေမျိုးကမ္ဘာ မှ ကျင့်ကြံခြင်း ကမ္ဘာဆီသို့ ကူးပြောင်းရောက်ရှိလာလေသည်။ သို့သော် သူ့ထံ ကျင့်ကြံရန် မျှော်လင့်ချက် မရှိကြောင်း သိပြီးသည့် အနောက်တွင်တော့ ငြိမ်းငြိမ်းချမ်းချမ်းသာ နေထိုင်သွားရန် ဆန္ဒရှိတော့သည်။
သို့ပေငြါးလည်း....
သူ မွေးစားခဲ့သည့် ခွေးတစ်ကောင်က သူ၏ ပန်းချီ ကဗျာတွေ မြင်ပြီးနောက် နတ်ဆိုးဘုရင်မျိုးဆက် ဖြစ်လာကာ ကမ္ဘာတစ်ခုလုံးကို လွှမ်းမိုးနိုင်စွမ်း ရှိခဲ့သည်။
သူ့ အိမ်အနောက်တွင် စိုက်ပျိုးထားသည့် သစ်ပင်က သူ၏ ဂီတသံစဉ်များ နားဆင်ခဲ့ပြီး ကမ္ဘာသစ်ပင် အဖြစ် ကြီးထွားလာခဲ့ကာ ကောင်းကင် နှင့် မြေပြင်ကြား တံတားတစ်စင်း ဖြစ်တည်သည်။
လမ်း၌ တွေ့ပြီး သူ ဉာဏ်အလင်းပွင့်စေခဲ့သည့် ခရီးသွားက မျိုးဆက်တစ်ခုလုံး ဦးဆောင်နိုင်သော အင်မော်တယ်သူတော်စင် ဖြစ်လာလေသည်။
ထပ်ပေါင်းပြောရမည်ဆိုသော်...
သူ့ထံ ကြုံကြိုက်တုန်း စစ်တုရင်ပညာ၊ ပန်းချီ ပညာ သင်ကြားနေသည့် တစ်ယောက်က အင်မော်တယ်လောက မှ စစ်တုရင်သူတော်စင်ကြီး တစ်ယောက် ဖြစ်နေသလို ညတိုင်းလိုလို သူ၏ ဂီတသံစဉ် လာရောက်နားဆင်နေတဲ့ မိန်းမလှလေးသည်လည်း အင်မော်တယ်လောက၏ နံပါတ်တစ် အလှဆုံး မိန်းကလေး ဖြစ်နေပြန်သည်။
စာစဥ် ၅၄ အထိ ဖတ်ရန် Link
https://m.facebook.com/story.php?story_fbid=262263616324846&id=100076236278657&mibextid=Nif5oz
*****
2.King Of Gods
နတ်ဘုရားတို့၏ဘုရင် (ဇောင်ဖန်) ( အပိုင်း ၁၅၇၅ completed)
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
to hero
Synopsis
ဇောင်ဖန် ဆိုတဲ့ ကောင်လေးတစ်ယောက်…
သူ့စိတ်ဆန္ဒ က ထက်ရှပြီး သာမန်ဘဝ တစ်ခုဖြင့် မဖြတ်သန်းချင်သူ…
သို့ရာတွင် မိသားစုငယ်လေး တစ်ခု၌သာ မွေးဖွားစတင်ခဲ့သူမို့ ဘဝတစ်ခုပြောင်းလဲစေရန် အခွင့်မသာခဲ့ပေ။ တစ်နေ့တွင် သူ၏ ဘယ်ဘက်မျက်လုံးက ရှေးနတ်ဘုရားတစ်ပါး၏ မျက်လုံး နှင့် မတော်တဆ ပေါင်းစပ်သွားခဲ့သည်။ ထိုအချိန်မှစတင်၍ နဂါး တံခါး ဖြတ်ကျော်နိုင်သည့် ငါးတစ်ကောင်အလား ဘဝ တစ်ဆစ်ချိုး ပြောင်းလဲသွားတော့၏။
သူသည် ကြယ်တစ်ပွင့်ကဲ့သို့ တောက်ပလာကာ ဒဏ္ဍာရီလာ ကျင့်ကြံသူ တစ်ယောက်၏ လမ်းစဉ်အား ကိုယ်ပိုင် ခွန်အားဖြင့် လျှောက်လှမ်းတော့သည်။
လောက၏ အောက်ခြေ ပုရွတ်ဆိတ်လေး တစ်ကောင်သာသာ အဆင့်မှ တစ်ဆင့်ပြီး တစ်ဆင့် လှမ်းတက်ကာ အစွမ်းထက်ဆုံးသော ဂိုဏ်းကြီးများ ၊ ရှေးဟောင်းမိသားစုကြီးများ နှင့် မရေမတွက်နိုင်သည့် ပါရမီရှင်များကိုပင် နင်းချေခဲ့၏။
ထိုသို့နှင့် အံသြစရာကောင်းသည့် ဒဏ္ဍာရီ တစ်ပုဒ် စတင်လာတော့သည်။
စာစဥ် အစအဆုံး ဖတ်ရန် Link
https://m.facebook.com/story.php?story_fbid=736379178501481&id=100063882162615&mibextid=Nif5oz
****
3. Swallowed Star
စွန့်စားသူနှင့်ကြယ်ပင်လယ် ( လျူဖုန်း) ( ongoing)
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အကျဥ်းချုပ်...
၂၀၅၆ ခုနှစ် ယွမ်ကျန်းဆုဂျင် ရှိ မြို့လေးတစ်မြို့ ၌ ….
ပြိုကျ ပျက်စီးနေခဲ့ပြီ ဖြစ်သော လူနေ ခြောက်ထပ် တိုက် တစ်ခုတွင် စစ်ဘက်ဆိုင်ရာ ချပ်ဝတ် အပြည့် ဝတ်ဆင်ထားသည့် လူငယ်လေး တစ်ဦး ထိုင်နေသည်။ သူ့ ကျောပြင်တွင် ဆဠဂံ ပုံစံ ဒိုင်းကာ တစ်ခု ရှိနေပြီး သွေးအရိပ်ဓား ဟု အမည်ရသော ဓားတစ်စင်းအား ကိုင်ဆွဲထားသည်။ ကောင်းကင်ယံ က အလင်းပြပြ ရှိနေသော်လည်း ပျက်စီးနေသော မြို့လေး မှာ တစ်စပြင်အလား တိတ်ဆိတ်ငြိမ်သက်နေလေကာ ရံဖန်ရံခါ ထွက်ပေါ်လာသည့် အော်ဟစ်သံများက ကြားရသူအဖို့ သွေးပျက်သွားစေနိုင်ပေသည်။
ဒီစာစဥ်လေးက Animation မှာလည်း အလွန်အောင်မြင်ကျော်ကြားနေတဲ့ စာစဥ်လေး ဖြစ်ပါတယ်။ Animation က စဖတ်ချင်သူများ စာစဥ် ၁၉ အပိုင်း ၂၅၇ မှ စဖတ်လို့ ရပါပြီ။
စာစဥ် ၄၃ အထိ ဖတ်ရန် Link
https://fb.watch/kF0W-w1Lyn/?mibextid=Nif5oz
*****
4. Dragon Emperor Martial God
ကမ္ဘာသစ်နတ်ဘုရား (လင်းရန်) (ongoing)
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အကျဥ်းချုပ်...
လင်းရန်ရဲ့ခန္ဓာကိုယ် က နတ်ဘုရားအဆင့် တတ်ခြင်းမှာ ကျရှူံးခဲ့ပြီး သူ့ ကမ္ဘာကြီးရဲ့ အဆုံးသတ်ဟာလည်း နီးကပ်လို့လာနေပါပြီ. ..။
သူက ဘဝကို နှစ်လိုစွာ ဖြတ်သန်းခဲ့သူ တစ်ယောက်ပါ ။ ပြန်လည် ဝင်စားပြီးနောက် မြို့လေးတစ်မြို့မှ စတင်၍ ကျင့်ကြံလာကာ ကောင်းကင်ကို ဆန့်ကျင့်ဖို့ ခြေတစ်လှမ်းအလိုထိပါပဲ...။
လင်းရန်က ဗုဒ္ဓတာအိုနဲ့ နတ်မိစ္ဆာ လမ်းစဉ် နှစ်မျိုးလုံး ကျင့်ကြံခဲ့ပြီး..သူ့ဒျန်တန်မှာလည်း စစ်မှန်တဲ့ နဂါးပေါင်းများစွာကို ချုပ်နှောင်လို့ထားခဲ့ပါတယ်...
နဂါးနတ်ဘုရားရဲ့ မျိုးဆက်သွေးပိုင်ဆိုင်ပြီး...ရှေးဧကရာဇ် ၃ပါးရဲ့ အမွေအနှစ် ဆက်ခံသူ တစ်ယောက် ဖြစ်လာခဲ့တယ်..
လင်းရန်ဟာ ကောင်းကင်နဲ့မြေကြီးကို စစ်ပြိုင်ခဲ့၍ နတ်မိစ္ဆာတွေကို ကွပ်မျက်ခဲ့ပြီး..မကောင်းဆိုးဝါး အပေါင်းတို့ကိုလည်း သတ်ဖြတ်ခဲ့တယ်..
ကောင်းကင်အလိုကို ဆန့်ကျင်၍ကျင့်ကြံခဲ့သည်မှစ၍ သူ့ရှေ့မှာ သိုင်း နှင့် တာအို လမ်းစဉ်ဆိုတာ လည်းမရှိပဲ အားလုံးကို ဖိနိုပ်ကာ အကုန်ဖယ်ရှားပစ်ခဲ့ပါတယ်..
ပထမပိုင်းအကျဉ်းချုပ်...
ကျန်းနန်ပြည်နယ် သန့်စင်ရေမြို့နယ် ရှိ ညသန်းခေါင် အချိန်အခါတွင်....
“ အုန်း ” ဆိုသည့် အသံကျယ်ကြီး တစ်ချက် နှင့်အတူ စက်ဘီးလေး မောင်းနှင်လာသည့် ဝတုတ်လေး လင်းရန်မှာ အနောက်က ကုန်တင်ကားကြီး၏ ဝင်တိုက်မှုကြောင့် လွှင့်ထွက်သွားခဲ့သည်။ မြေပြင်ထက်သို့ ကျဆင်းချိန်တွင် ထို ဝတုတ်လေး လင်းရန် မှာ အသက် ယဲ့ယဲ့မျှသာ ကျန်ရှိနေတော့သည်။ သူ့ ခန္ဓာကိုယ်တစ်ခုလုံး မှာ အရိုးတို့ ကျိုးကြေကုန်ပြီး လှုပ်ရှားနိုင်ခြင်းပင် မရှိတော့ချေ။
ကုန်တင်ကား မောင်းနှင်လာသူသည်တော့ ကျိုးပဲ့ပျက်ဆီးနေသည့် လင်းရန်အား တစ်ချက်မျှသာ ကြည့်လိုက်ပြီး မောင်းနှင်ကာ ထွက်သွားခဲ့လေသည်။
၎င်းမှာ လုပ်ကြံမှု … ရည်ရွယ်ချက် ရှိရှိ လုပ်ကြံမှု တစ်ခုသာ ဖြစ်သည်။
ထိုစဉ် ဝတုတ်လေး လင်းရန် က သေခြင်းရှင်ခြင်း အခိုက်အတန့် ကြုံနေရပြီး သေခါနီးဆဲဆဲ အချိန်တွင် ကောင်းကင်ထက်မှ အလင်းတစ်ချက်နှင့်အတူ ဝိညာဉ်တစ်ခုမှာ ကျဆင်းလာခဲ့ပြီး လင်းရန်၏ ဝိညာဉ် နှင့် ပေါင်းစပ်သွားလေသည်။
ထိုသို့နှင့် ဒဏ္ဍာရီတစ်ခု၏ အစ ဖြစ်လာခဲ့လေသည်။
ဖတ်ရန် Link
https://m.facebook.com/story.php?story_fbid=246309057495986&id=100063506808887&mibextid=Nif5oz
****
5. Awakening The Weakest Talent: Only I Level Up
နိူးထလာသော ပါရမီ ( လုယု) (ongoing)
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အကျဉ်းချုပ်
လုယု တစ်ယောက် ပါရမီစွမ်းအားတို့ နိူးထနိုင်သည့် အပြိုင်ကမ္ဘာတစ်ခုသို့ ကူးပြောင်းလာမိသည်။ သားရဲတို့၏ တိုက်ခိုက်ခြင်း ခံရပြီးနောက် လူသားတို့မှာ စွမ်းအားတို့ နိူးထလာနိုင်ခဲ့သည်။ သက်ရှိ တို့သည်လည်း ဆင့်ကဲပြောင်းလဲလာလေပြီး စွမ်းအားကြီးလာကြ၏။
လိုအပ်သည့် ပါဝင်ပစ္စည်းများ ရှာဖွေနိုင်သရွေ့ များစွာသော ပါရမီစွမ်းအားတို့အား ဆင့်ကဲပြောင်းလဲစေနိုင်သည်။ သို့သော် စွမ်းအား အမျိုးမျိုး ရှိကြပြီး အလွန် ဆန်းကြယ်ကြသည့်အတွက် မည်သို့ ဆင့်ကဲပြောင်းလဲရမည်အား အတော်များများ မသိကြ။
နိူးထခြင်း ဖြစ်စဉ် တွင် လုယု သည် အားအနည်းဆုံး ဖြစ်သည့် “ လက်သည်း တိုက်ကွက် ” ဟူသည် စွမ်းအား နိူးထလာခဲ့သည်ကြောင့် အားလုံးက သူ့အား လှောင်ရယ်ခဲ့လေသည်။
ကံကောင်းစွာ နှင့်ပင် သူ၏ စနစ်က အသက်ဝင်လာခဲ့ပြီး များစွာသော အသိပေးစာများ မြင်လိုက်ရ၏။
“ ( လက်သည်း တိုက်ကွက် ) ပါရမီစွမ်းအား ကို အာရုံခံမိသည်။”
“ အောက်ပါ ဆင့်ကဲ ပြောင်းလဲခြင်း လမ်းစဉ် အား ရွေးချယ်နိုင်သည်။
( ကြောင်လက်သည်း လမ်းစဉ် ) ( ဝက်ဝံလက်သည်း လမ်းစဉ် ) ( သိမ်းငှက် လက်သည်း လမ်းစဉ် ) ( မြွေအဆိပ်စွယ် လမ်းစဉ် ) ( နဂါးလက်သည်း လမ်းစဉ် ) ”
“ကျေးဇူးပြု၍ ဆင့်ကဲပြောင်းလဲမည့် လမ်းစဉ် အား ဆက်လက် ရွေးချယ်ပါ ။
(မီးနဂါး လက်သည်း ) ( ရေနဂါးလက်သည်း ) ( ကျောက်နဂါး လက်သည်း ) ( အလင်းနဂါး လက်သည်း ) ( အမှောင်ထု နဂါးလက်သည်း ) ”
ထိုသို့နှင့် လုယု တစ်ယောက် သူ့ အားသာချက် ဖြစ်သည့် စနစ် အား အသုံးချကာ စွမ်းအားကို အဆင့်တက်ပြီး အဆုံးမဲ့ခွန်အားကို ရယူဖမ်းဆုပ်တော့သည်။
Link
https://m.facebook.com/story.php?story_fbid=257180416833166&id=100076236278657&mibextid=Nif5oz
*****
6. I don't Want To Defy The Heaven
ကောင်းကင်အလိုအတိုင်းသာ ( လင်းဖန်)(completed)
ဘာသာပြန်စာရေးဆရာ - သွယ်အိဇင်
အကျဥ်းချုပ်...
ငါက ချမ်းသာတဲ့ သခင်လေးဖြစ်လာတဲ့အခါ ငါ့ဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းမှာပေါ့...
လေ့ကျင့်ရမှာလား...
"ဟင့်အင်း၊ အဲ့တာကပျင်းစရာကောင်းတယ်"
"ငါ့မှာ စနစ်တစ်ခုရှိပြီးသား ၊ ငါလေ့ကျင့်စရာမလိုဘူးလေ"
"မင်းဗိုက်ဆာလား။ ငါ့ဆီလာခဲ့။ ငါမင်းကို ဈေးကြီးတဲ့စားသောက်ဆိုင်မှာ စားစရာတွေနဲ့ဧည့်ခံမယ်"
"သနားစရာ အိမ်ယာမဲ့လေးပါလား။ ငါ့ဆီလာခဲ့။ ငါမင်းကိုအိမ်တစ်လုံးပေးမယ်"
"လင်းဖန်ဆိုတဲ့ ငါက အရမ်းသဘောကောင်းတဲ့လူလေ"
.....
လင်းဖန် သူနှင့်အတူ စနစ်တစ်ခုပါလာပြီး အခြားသူတို့ကို ဒေါသထွက်အောင်လုပ်၍ အမှတ်တို့ယူကာ ကျင့်ကြံခြင်းတို့ အဆင့်မြင့်လို့ရသည်ကို သိသွားသောအခါ တွေ့သမျှလူ တွေ့သမျှအဖွဲ့အစည်းကို ရန်လိုက်စလေတော့သည်။ မိမိတို့ကမ္ဘာတွင် သယံဇာတတို့ မရှိတော့၍ နှစ်ပေါင်း၂၀လျှင် တစ်ခါလာတိုက်ခိုက်၍
နေထိုင်ရာလာလုတတ်သော မဟာမိတ်တပ်ဆိုသည့်လူတို့နှင့် မတိုးစေချင်၍ ဖခင်ဖြစ်သူမှ သူ့ကို အဝေးပို့သော်လည်း သူကတော့ ထိုအရှုပ်ထုပ်ထဲသို့ ရအောင် ဝင်ပါပြန်သည်။ လင်းဖန် မည်သည့်အဆင့်ထိ တက်သွားနိုင်မလဲ။ ရန်စရာမှ မနိုင်၍ မည်သို့ ခွေးပြေး၀က်ပြေးထွက်ပြေးရမလဲ။ ကိုယ်ပိုင်အုပ်စုတည်ထောင်မည့်အကြံကော အောင်မြင်မလား။ မဟာမိတ်တပ်တို့ကိုကော အဝေးသို့ ပြန်မောင်းထုတ်နိုင်ပါ့မလား စသည်တို့ကို ကောင်းကင်အလိုအတိုင်းသာ(လင်းဖန်)ဆိုသော comedy type ၀တ္ထုထဲတွင် ဖတ်ရှူနိုင်မည်ဖြစ်ပါသည်။
စာစဥြ ၃၀ အထိ link
https://m.facebook.com/story.php?story_fbid=262246902993184&id=100076236278657&mibextid=Nif5oz
***
7. Stealing The Heaven
သူခိုးတစ်ယောက်ရဲ့ဒဏ္ဍာရီ (ဝူကျိ) (ongoing)
ဘာသာပြန်စာရေးဆရာ - အေးငြိမ်းကျော်
အကျဥ်းချုပ်...
တခြားသူမှာ ပိုနေတာကို ယူပြီး ကိုယ့်အတွက် လိုနေတာကို ဖြည့်မယ်။ စောရဂိုဏ်းရဲ့ ပါရမီရှင် တစ်ယောက်ဟာ စကြာဝဠာရဲ့ သူခိုးကျမ်းစာကို ရရှိသွားတဲ့ အခါ၊ သွေးစွမ်းအင် ချီစွမ်းအင်တွေကို သာမက တာအို ကိုပါ ခိုးယူနိုင်လာတဲ့ နောက် ဘာတွေ ဆက်ဖြစ်မလဲ၊ ဘယ်လိုမျိုး သူခိုးကျင့် သူခိုးကြံ နဲ့ ဉာဏ်နီ ဉာဏ်နက် တွေ သုံးမလဲ။
သာမန် ဖန်တရာထပ် နေတဲ့ ဇာတ်လမ်းတွေကနေ ကွဲထွက်နေတဲ့ ကောင်းကင်ဘုံ ကိုပါ ခိုးယူမယ့် သူခိုးတစ်ယောက်ရဲ့ ဒဏ္ဍာရီ ကို ရောင်းရင်းတို့ ဖတ်ရှုဖို့အတွက် တင်ဆက် လိုက်ပါပြီ။
စာစဥ်ဖတ်ရန် Link
https://m.facebook.com/story.php?story_fbid=259595643258310&id=100076236278657&mibextid=Nif5oz
8. God-Like Extraction
ဘာသာပြန်-သွယ်အိဇင်
အကျဉ်းချုပ်
“သာမန်လူသားတစ်ယောက်၏ အလောင်းကို ရှာတွေ့ထားသည်… စူပါခွန်အားဆေးတောင့်ကို ထုတ်ယူချင်ပါသလား…”
“ထုတ်ယူမယ်…”
“နှစ်ရာချီသတ်တမ်းရှိသော မူလသက်ရှိအလောင်းကို ရှာတွေ့ထားသည်… ရွှေရောင်အဖျက်စွမ်းအားခန္ဓာကိုယ်အား ထုတ်ယူချင်ပါသလား…”
“ထုတ်ယူမယ်….”
“ဆိုးယုတ်သည့် အုပ်စိုးသူဧကရာဇ်၏အလောင်းကို ရှာတွေ့ထားသည်… နေဝါးမြိုခြင်းငရဲခွေးအား ထုတ်ယူချင်ပါသလား…”
“ထုတ်ယူမယ်..”
စုကျင့်ရှင်း “ ခင်ဗျားတို့ ကျုပ်ပြောတာကို ယုံမှာမဟုတ်ဘူး… ဒီပြိုင်ဘက်ကင်းစွမ်းအားတွေက အလုပ်ကြမ်းလုပ်ရင်း ရလာတာတွေဗျ…”
စုကျင့်ရှင်းတစ်ယောက် မိမိကမ္ဘာကနေ ကြယ်ကမ္ဘာဆိုသည့် နည်းပညာနှင့် ကျင့်ကြံခြင်းတို့ ရောစပ်နေသည့် ကမ္ဘာသို့ ကူးပြောင်းလာခဲ့သည်။ ကြယ်ကမ္ဘာ၌ သာမန်လူသား၊ ကျင့်ကြံခြင်းပညာရှင်တို့နှင့်အတူ ခွန်အားအလွန်ကြီးမားသည့် လူရိုင်းတို့ပါ တည်ရှိသည်။ သူတို့၏ သွေးဆာခြင်း၊ ရက်စက်ကြမ်းကြုပ်ခြင်း၊ ခွန်အားကြီးမားခြင်း စသည့်ဗီဇတို့ကြောင့် သူတို့အား အဝေးသို့ မောင်းထုတ်ကာ အရံအတားတို့ တည်ဆောက်ခဲ့ရသည်။ ကြယ်ကမ္ဘာရှိ မူလစုကျင့်ရှင်းက မိဘမဲ့တစ်ယောက်ဖြစ်သလို အလောင်းကောက်သူအလုပ်ကို လုပ်ကိုင်သည်။
ထိုကဲသို့သော ကမ္ဘာအား စုကျင့်ရှင်း ကူးပြောင်းသွားပြီးနောက် အလောင်းတို့ထံမှ ဆေးတောင့်၊ ကျင့်ကြံခြင်းပညာရပ်၊ အတွင်းစွမ်းအားတို့ ထုတ်ယူနိုင်သည့် စနစ်ကို ရရှိခဲ့သည်။ ထိုစနစ်ထံမှ ထုတ်ယူရရှိသည့်အရာတို့ဖြင့် စုကျင့်ရှင်းတစ်ယောက် ကျင့်ကြံရင်း မည်မျှအထိသန်မာလာမလဲ၊ မူလစုကျင့်ရှင်း၏ ကျေးဇူးရှင်မိသားစုကို သတ်သွားသည့် ကျင့်ကြံခြင်းပညာရှင်ကိုကော မူလ စုကျင့်ရှင်းအစား လက်စားချေပေးနိုင်မလား၊ လူသားတို့နှင့် လူရိုင်းတို့ကြား တိုက်ပွဲတို့ကကော မည်ကဲသို့ ဆက်ဖြစ်မလဲ စသည်စသည် စိတ်ဝင်စားဖွယ်မျိုးစုံအား 'God-Like Extraction’၌ ဖတ်ရှုနိုင်ပေမည်။
စာစဥ် ဖတ်ရန် လင့်
https://m.facebook.com/story.php?story_fbid=268774809007060&id=100076236278657&mibextid=Nif5oz

08/05/2023
19/01/2023