19/12/2022
Young Defence Power Force
" မှတ်တမ်းတင် ဂုဏ်ပြုလွှာ "
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် စစ်အာဏာရှင် အပြီးတိုင် ကျရှုံးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ စနစ် ပေါ်ထွန်းလာစေရန်အတွက် " 22222 Revolution " မှ အထောက်အပံ့ ဖြစ်စေရန်ရည်၍ ထောက်ပံ့ငွေ " တစ်သိန်းကျပ် "တိတိ အား ပါဝင်အားဖြည့်ကူညီပေး ခြင်းအတွက် ကျွန်ုပ်တို့ YDPF-MGDN မှ အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုသဝဏ်လွှာ ဖြင့် ဂုဏ်ပြုအပ်ပါသည်။
✍✍✍ SKPN
YDPF-MGDN
19/12/2022
* အသိပေးပန်ကြားချက် *
" လေးစားအပ်ပါသော တော်လှန်ရဲဘော်များနှင့် မိဘပြည်သူများခင်ဗျာ ကျနော်တို့ Young Defence Power Force ( YDPF-MGDN ) အနေဖြင့် လတ်တလော အခြေနေလေး အနည်းငယ် ရှုပ်ထွေးသွားခဲ့ခြင်းကြောင့် လက်ရှိ Mission များကို ခေတ္တရပ်နားထားပါမည် ဖြစ်ကြောင်း အသိပေးတင်ပြအပ်ပါတယ်ခင်ဗျာ "
( အမြဲမပြတ်ကြိုးစားသွားပါမည် မိဘပြည်သူများခင်ဗျာ...
အရေးတော်ပုံအောင်နေပြီ )
16/12/2022
Young Defence Power Force
" မှတ်တမ်းတင်ဂုဏ်ပြုလွှာ "
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် စစ်အာဏာရှင်စနစ်အပြီးတိုင်ကျရှုံးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပေါ်ထွန်းလာရေးအတွက် မစ်ရှင်ဖော်ဆောင်ခြင်းများ အထောက်အပံ့ဖြစ်စေရန် ( Nurhad မုဆိုး ) မှ ထောက်ပံ့ကူညီငွေ တစ်သိန်း ကျပ် တိတိအား ပါဝင်အားဖြည့်ကူညီမှု့အတွက် ကျွန်ုပ်တို့ YDPF-MGDN မှ အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည် ။
SKPN
YDPF-MGDN
09/12/2022
PDF တွေအလှူခံတယ်။ တို,က်လဲမတိုက်ဘဲ အလှူတွေချည်းခနခနခံနေတယ်လို့ ပြောလို့ စကားနဲနဲပြောပါမယ် ။
PDF တွေမှာ LOCAL PDF နဲ့ NUG လက်အောက်ခံ PDF နှစ်မျိုးကွဲနေပါတယ် ။ NUGလက်အောက်ခံ PDF တွေတောင်
NUGရဲ့ထောက်ပံမှုကိုအပြည့်အဝမရဘူး ။
PDF တွေမှာ
ကျောင်းသား
အလုပ်သမား
ကုန်သည်ပွဲစား
ဆရာဝန်
ပန်းရံသမား
မော်ဒယ်
လူတန်းစားပေါင်းစုံပါဝင်ပါတယ် ။
ချမ်းသာတဲ့ သူတွေကတော့
မိသားစုရဲ့ပံပိုးမှုနဲ့ အဆင်ပြေပေမဲ့
ချမ်းသာတယ်ဆိုရင်တောင်
ရေရှည်အတွက်မလွယ်ကူလှပါဘူး ။
အသင်းအဖွဲ့တစ်ခုလုံးအတွကိလဲမထောက်ပံနိုင်ပါဘူး
တော်လှန်ရေးကပါးစပ်ကအော်နေလို့မပြီးပါဘူး
တိုက်ချင်တိုင်းလဲတိုက်မရပါဘူး
မြန်မာ့ GDP Rate ကျလာတာနဲ့ အမျှ
ကုန်စျေးနှုန်းတွေတန်ဖိုးမြင့်တက်လာပါတယ် ။
ကျနော်တို့လိုနယ်စပ်ဘက်တွေမှာဆို
ကြက်ဥ 3 လုံး 500 ပေးဝယ်နေရပါတယ် ။
ဒီအခြေမျိုးတွေမှာ
စီးပွားရေးမရှိတဲ့ PDF/UG တွေအနေနဲ့
စားနပ်ရိက္ခာအတွက်ငွေကြေးလိုအပ်ပါတယ် ။
အလှူခံကိုခံရမဲ့အခြေနေပါ ။
PDF တွေရပ်တည်နိုင်ဖို့အတွက်
ပထမအချက်အနေနဲ့ နေရာထိုင်ခင်းလိုပါတယ် ။
အဲ့နောက်မှာ စားနပ်ရိက္ခာတွေ လိုက်ပါတယ် ။
စားနပ်ရိက္ခာတွေ
နောက်မှာဆေးဝါး
ဆေးဝါးနောက်မှ
စစ်လက်,နက်တစ်ဆင့်ချင်းသွားပါတယ် ။မတို,က်သေးဘူးလားမပြောနဲ့
လက်,နက်တွေမစုံသေးပါဘူး
ဒီလောက်ကြာနေပြီ
လက်,နက်မစုံသေးဘူးလားမေးရင်
သေ,နတ် တစ်လက်ရဖို့
ကျောက်ကပ်ထုတ်ရောင်းတောင်
သေ,နတ် စျေးကိုတိုးမပေါက်ပါဘူး ။
ခင်ဗျားတို့မြို့ပေါ်မှာ ဖုန်းလေးကိုင်
တော်လှန်ရေးလို့ထိုင်အော်နေရအောင်မလွယ်ကူလှဘူး ။
အစားအသောက်
အနေအထိုင်
အဝတ်အစားအကုန်ခက်ခဲပါတယ် ။
ပိုက်ဆံရှိရင်တောင်ရှိတိုင်းဝယ်လို့မရပါဘူး ။
ကျနော်တို့ တွေက
ဘဝ အနာဂတ်
မိသားစု
ပညာရေး
ချစ်သူ
သူငယ်ချင်း အကုန်လုံးကိုပေးဆပ်ထားတာပါ ။
ဒါတောင် စာရေးချပြီးထုတ်ပြောလို့ မရတဲ့ အခက်အခဲပေါင်းများစွာ ရှိပါသေးတယ် ကိုယ်ချင်းစာကြည့်ကြပါအုန်းဗျာ
ဘယ်အထိ
ဆက်ပြီးပေးဆပ်ရအုံးမလဲကျနော်တို့မသိပါဘူး
ဘယ်သူကလုပ်ခိုင်းလို့လဲမေးရင်တော့
မင်းဟာ စော,က်ဂျ_ပုနဲ့မထူးခြားနားသူတစ်ယောက်ပါဘဲ ။
ကျနော်တို့လုပ်နေတာ လူငယ်တာဝန်ကျေချင်လို့ပါ ။
ကျနော်တို့နောင်လာနောက်သားတွေအတွက်ပါ ။
ကျနော်တို့ရဲ့
မဟုတ်ရင်မခံချင်တဲ့စိတ်ကြောင့်ပါ ။
ခင်ဗျား တို့ကိုယ်တိုင်လာနေကြည့်ပါ
ခုဆိုကျနော်တို့မှာ
အလှူငွေ တောင်းဖို့တောင်အားနာလာပြီ ............
..JMPDF
03/12/2022
◾ဒဂုံတက္ကသိုလ်ကျောင်းသား (၇) ဦးအပါအဝင် ယုံကြည်ချက်ကြောင့် သေဒဏ်ချမှတ်ခံထားရသော ကျောင်းသားပြည်သူများနှင့်အတူ တသားတည်းရပ်တည်သည် - Profile Photo Campaign
အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စုက ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃၀ရက်နေ့မှာ ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးဖြစ်တဲ့ ကိုခန့်ဇင်ဝင်း၊ ကိုသူရမောင်မောင်၊ ကိုဇော်လင်းနိုင်၊ ကိုသီဟထက်ဇော်၊ ကိုဟိန်းထက်၊ ကိုသက်ပိုင်ဦးနှင့် ကိုခန့်လင်းမောင်မောင် တို့ကို သေဒဏ်ချမှတ်ခဲ့ပါတယ်။
သေဒဏ်ချမှတ်တာ၊ စီရင်တာတွေဟာ လူ့အခွင့်ရေးစံနှုန်းအရ ဘယ်လိုမှ မကိုက်ညီသလို နိုင်ငံတကာမှာလည်း သေဒဏ်နဲ့ပတ်သတ်ပြီး တားဆီးကန့်သတ်ထားတာတွေရှိပါတယ်။ ဒီလိုတွေရှိပါလျက်နဲ့ လူငယ်လူရွယ်ကျောင်းသားတွေကို စစ်အုပ်စုက အဓမ္မသေဒဏ်ချမှတ်နေတာဟာ သူတို့ကိုဆန့်ကျင်တဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကို အလုံးစုံပျက်သုဉ်းတဲ့အထိ လက်စားချေမယ်ဆိုတဲ့ စစ်အုပ်စုရဲ့ ယုတ်မာရိုင်းစိုင်းတဲ့ ဖက်ဆစ်သရုပ်ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ သေဒဏ်ချမှတ်ခံထားရသူ ၁၄၀ ကျော်ရှိနေပြီး ယင်းတို့အနက်မှ ထင်ရှားသူ (၄) ဦးကို ရက်စက်စွာစီရင်ကွပ်မျက်ခဲ့ပြီးဖြစ်ပါတယ်။ ဒဂုံတက္ကသိုလ်ကျောင်းသား ၇ဦးအပါအဝင် ဒီမိုကရေစီအရေးအတွက်လှုပ်ရှားရင်း သေဒဏ်ချမှတ်ခံရတဲ့ ကျောင်းသားပြည်သူများနဲ့အတူ တသားတည်း ရပ်တည်ရင်း စစ်ကောင်စီရဲ့ အဓမ္မသေဒဏ်ချမှတ်နေမှု၊ စီရင်နေမှုတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။
ကျောင်းသားပြည်သူများအနေဖြင့်လည်း စစ်အုပ်စုရဲ့လုပ်ရပ်ကို ချွင်းချက်မရှိဆန့်ကျင်ပြီး သေဒဏ်ချမှတ်ခံထားရတဲ့ ကျောင်းသားပြည်သူများနဲ့ တစ်သားတည်းရပ်တည်ကြောင်းကို အောက်ပါ Profile photo ကို ချိန်းပြီး ပြသကြဖို့တိုက်တွန်းပါတယ်။ ဆက်လက်ပြီးတော့လည်း ဒီဖြစ်ရပ်တွေရဲ့ အဓိကတရားခံဖြစ်တဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်နိုင်ဖို့အတွက် တော်လှန်ရေးကိုအရှိန်မြှင့်ကြဖို့ အလေးအနက်တိုက်တွန်းလိုက်ပါတယ်။
(Profile Photo ပြောင်းတဲ့အခါ အထက်ပါစာများနဲ့ ( #) များကို ကူးယူဖော်ပြပေးဖို့ တိုက်တွန်းပါတယ်)
03/12/2022
Young Defence Power Force
" မှတ်တမ်းတင်ဂုဏ်ပြုလွှာ "
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် စစ်အာဏာရှင်စနစ်အပြီးတိုင်ကျရှုံးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပေါ်ထွန်းလာရေးအတွက် မစ်ရှင်ဖော်ဆောင်ခြင်းများ အထောက်အပံ့ဖြစ်စေရန် ( Dr. Nyein Chan + Ma Aye Chan Moe ) မှ ထောက်ပံ့ကူညီငွေ သုံးသိန်း ကျပ် တိတိအား ပါဝင်အားဖြည့်ကူညီမှု့အတွက် ကျွန်ုပ်တို့ YDPF-MGDN မှ အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည် ။
" Join us our telegram channel "
( YDPF info https://t.me/ydpinfo )
SKPN
YDPF-MGDN
03/12/2022
Young Defence Power Force
" မှတ်တမ်းတင်ဂုဏ်ပြုလွှာ "
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် စစ်အာဏာရှင်စနစ်အပြီးတိုင်ကျရှုံးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပေါ်ထွန်းလာရေးအတွက် မစ်ရှင်ဖော်ဆောင်ခြင်းများ အထောက်အပံ့ဖြစ်စေရန် " K.M.D 18 " မှ ထောက်ပံ့ကူညီငွေ သုံးသောင်း ကျပ်တိတိအား ပါဝင်အားဖြည့်ကူညီမှု့အတွက် ကျွန်ုပ်တို့ YDPF-MGDN မှ အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည် ။
" Join us our telegram channel "
( YDPF info https://t.me/ydpinfo )
SKPN
YDPF-MGDN
03/12/2022
Young Defence Power Force
" မှတ်တမ်းတင်ဂုဏ်ပြုလွှာ "
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် စစ်အာဏာရှင်စနစ်အပြီးတိုင်ကျရှုံးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပေါ်ထွန်းလာရေးအတွက် မစ်ရှင်ဖော်ဆောင်ခြင်းများ အထောက်အပံ့ဖြစ်စေရန် Yangon Underground Supporters YUGS မှ ထောက်ပံ့ကူညီငွေ တစ်သိန်း ကျပ်တိတိအား ပါဝင်အားဖြည့်ကူညီမှု့အတွက် ကျွန်ုပ်တို့ YDPF-MGDN မှ အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည် ။
" Join us our telegram channel "
( YDPF info https://t.me/ydpinfo )
SKPN
YDPF-MGDN