14/06/2024
ချစ်ခြင်းတရားဆိုတဲ့
မျက်ကန်းမှုအောက်မှာ
တစ်စုံတစ်ယောက် တွက် ….
ကိုယ့်ဖြစ်တည်မှုဟာ
စည်းဘောင်တွေ အပြင်ဘက်မှာ
အရာရာ ကျဆုံး ပျက်သုန်း သွားရမြဲပါ…🥀
Soul for u who will be with you forever🤍🌷
14/06/2024
ချစ်ခြင်းတရားဆိုတဲ့
မျက်ကန်းမှုအောက်မှာ
တစ်စုံတစ်ယောက် တွက် ….
ကိုယ့်ဖြစ်တည်မှုဟာ
စည်းဘောင်တွေ အပြင်ဘက်မှာ
အရာရာ ကျဆုံး ပျက်သုန်း သွားရမြဲပါ…🥀
13/02/2024
အချစ်က Theory လွယ်သလောက်
Practical ခက်တဲ့ Major တစ်ခု… 💭
23/09/2023
Work Hard & Stay Busy👩💻📚
ပြီးခဲ့တဲ့အချိန်ကာလတစ်ခုထိ ကျွန်မဒီ phrase လေးကိုသိပ်ပြီး သတိမထားမိဖြစ်ဘူး…
တစ်လောကမှ အသိအစ်မတစ်ယောက်နဲ့ စကားပြောဖြစ်ရင်း ဒီအကြောင်းလေးပါလာတော့မှ ကျွန်မ page လေးမှာ ပြန်ပြီး sharing လုပ်ပေးမယ်ဆိုပြီး စဉ်းစားမိတယ်ရှင်….
အစ်မကပြောတယ် “ ညီမလေး ရယ်ပျောက်လိုက်တာ၊ တွေ့ချင်လို့မနည်းချိန်းရတယ်ရတယ် အလုပ်ကိစ္စဆိုမှပဲ တွေ့လို့ ရတော့တယ်၊ ဘာလို့ဒီလောက်ကြိုးစားနေရတာလဲ” တဲ့လေ…
“ယောကျာ်း တင်တောင်းဖို့လေ အစ်မရဲ့ “ ဆိုပြီးကျွန်မနောက်ပြီးပြန်ပြောလိုက်သေးတယ်..😅
အရှင်းဆုံးပြောရရင် ကျွန်မက emotional သမားမို့ မအားအောင်ပဲနေတယ်.
အခုနောက်ပိုင်းဆို အချိန်တော်တော်များများကို အလုပ်တွေလုပ်ရင်း ဘာကိုမှ သိပ်ပြီး မစဉ်းစားမိအောင်ပဲနေတော့တယ်
ကျွန်မအထင်တော့ အသက်အရွယ်အလိုက် စိတ်ခံစားချက်တွေကွားခြားပြောင်းလဲသွားတယ်လို့ပဲထင်တယ်
ကျွန်မတို့ ကိုယ့်ကိုယ်နဲ့ပဲနှိုင်းယှဥ်ကြည့်လိုက်ရအောင်..
ဆယ်ကျော်သက် အသက်အရွယ်တုန်းကတော့ အရမ်းကို လန်းဆန်းပြီး အရာရာတိုင်းက လှပနေတာပေါ့🌷🌈🍂
လွတ်လွတ်လပ်လပ် စိတ်ပေါ့ပေါ့ပါးပါးနဲ့ နေထိုင်ဖြတ်သန်းလာရင်း ထိပ်စီးတွေပြောင်းတဲ့ အသက်အရွယ်လေးတစ်ခုစီကို ရောက်လာတဲ့အခါ ….⏳
ဘရေဘ ၀ရေ၀ ဆိုတဲ့ ဘ၀ ကိုအဲ့အခါမှစတင်ရသလိုပဲ ဘယ်အရာမှ မလွယ်ခဲ့ဘူး
မိသားစုကိစ္စတွေ ..
အချစ်ရေးတွေ ..
လူတွေအကြောင်း ..
စိတ်ဖိစီးမှုတွေ ..
စိတ်ဒဏ်ရာတွေ ..
အို!... အစုံအလင်ပါပဲ emotional သမားလေးနလန်တောင်မထူနိုင်ခဲ့ဘူး😔
အချိန်ကြာလာတော့ တွေးမိတာတစ်ခုက အဲ့ဒါတွေကို လိုက်ခံစားနေပြီး ကိုယ့်ကိုယ်ကို စိတ်အပင်ပန်းခံပြီး ရုန်းမထွက်နိုင်ရင် ဘ၀က ဒီလိုပဲလုံးလည် ချာလည်လိုက်ပြီး ပြီးဆုံးသွားမှာပဲဆိုတာပဲ..
ကျွန်မသာ အဲ့လိုတွေမတွေးမိအောင် ရုန်းထွက်နိုင်အောင် အားတဲ့ချိန်မရှိရအောင် ကျွန်မကိုယ်တိုင် ကြိုးစားယူတယ်
အားအောင်မနေဘူးဆိုပြီး အနားယူမယ့် အချိန်အနားယူတယ်
တစ်နေ့တာ လုပ်စရာရှိတာတွေကို To Do List ထားပြီးလုပ်တယ်📝
အလုပ်တွေအားလုံးပြီးလို့ ကိုယ့်ရဲ့ နားချိန်လေးမှာ စိတ်ကြည်လင်စေမယ့်အရာလေးတွေပိုလုပ်ဖြစ်တယ်
အချိန်ကြာလာတော့ အကျိုးသက်ရောက်မှုကိုတွေ့ရတယ်
အဲ့ဒါကြောင့်ကျွန်မ ခံယူလိုက်တာက ကိစ္စတိုင်းကို emotional ဖြစ်ပြီးလိုက်ခံစားနေမယ့်အစား ကိုယ်ပိုင်ဆိုင်တဲ့ ကိုယ့်ရဲ့စိတ်ခံစားချက်တွေကို တစ်ခြားအရာတွေတွက် သူများတွေတွက် လိုက်ပြီးခံစားပေးမနေပဲ အလုပ်တွေကြိုးစားပါ မအားအောင်နေပါ စိတ်ကြည်လင်စေမယ့်အရာလေးတွေလုပ်ပြီး လှလှပပ တောက်တောက်ပပလေးနေရင်း ဘ၀ကိုယ်အေးအေးချမ်းချမ်းလေးဖြတ်သန်းပါ….✨🍃
20/07/2023
Rewrite The Stars ✨🌟🌌
အကြိုက်ဆုံးသီချင်း… အကြိုက်ဆုံးသီချင်းစာသားလေး
ကျွန်မတို့ တစ်စုံတစ်ယောက်ကို စစ်မှန်တဲ့မေတ္တာတွေနဲ့ချစ်မိရင်
သူ့ရဲ့ အားနည်းချက် အားသာချက်ဖြစ်တည်မှုတိုင်းကို လက်ခံပေးပြီးချစ်နိုင်ကြတယ်…
တစ်စုံတစ်ယောက်ဆီက ပြန်လည်ရယူလိုမှုတွေ ကိုယ့်အတွက်ဆိုပြီး ပြောင်းလဲပေးမှုတွေကို မျှော်လင့်တကြီး
မလ်ိုချင်မိပါဘူး…
ကိုယ်ချစ်ရတဲ့မင်းကိုမပြောင်းလဲ ခိုင်းပဲ ကံကြမ္မာ က်ိုပဲပြောင်းလဲလိုက်ချင်တယ် အချစ်ရယ်…
22/05/2023
လက်ခံလိုက်ပါ…
ကျွန်မရဲ့ဘ၀ကကို အရာရာလက်ခံခြင်း နဲ့ပဲ concept တည်ထားတယ် …
အရှင်းဆုံးပြောပြရရင် "အော်၊ ရှိပါစေတော့…” ပေါ့
အဲ့လ်ိုပြောလို့အရာရာကိုအရှုံးပေးတာ၊ သည်းခံပေးလိုက်တာမျိုးကိုဆိုလိုတာမဟုတ်ဘူးနော်..
လက်ခံလိုက်ခြင်းမှာ ခံစားချက်တွေအစုံအလင်ပါနေတာပေါ့..
လက်ခံခြင်းတွေ ကျွန်မအနားမှာမရှိခင်အချိန်တုန်းက ပူလောင်မှုတွေ ၊ နာကျင်မှုတွေ၊ ၀မ်းနည်းမှုတွေ၊ ရှုံးဆုံးမှုတွေအပြည့်…
အချိန်ကာလတစ်ခုရောက်တော့ လက်ခံခြင်းကနေ စိတ်ရဲ့ အေးချမ်းမှု ကိုကျွန်မတွေ့ခဲ့တယ်..
ကိုယ်တိုင်ဖန်တီးယူလို့မရနိုင်တဲ့
စွန့်ပစ်ထားခံရတာတွေ
လျှစ်လျှူရှုခံရတာတွေ
မပြည့်စုံတာတွေ
အချစ်မခံရတာတွေ
ကိုယ်ကစိတ်ရင်းနဲ့ဆက်ဆံပြီး
ပြန်ပြီသက်ရောက်မှုတွေမရှိတာတွေ
အဲ့လိုစိတ်ပန်းပင်မှုတွေအားလုံးကို "လက်ခံခြင်း"ဆိုတဲ့အရာတစ်ခုထဲကပဲ ပယ်ဖျောက်ပေးနိုင်တယ်…
ကိုယ်ကကြိုးစားထားသမျှ မျှော်လင့်ထားသလိုဖြစ်မလာတဲ့အခါ အရာရာဟာပူလောင်နေရမယ်မဟုတ်လား…
အရာရာကိုလက်ခံပြီး ဘာလိုရှေ့ဆက်သင့်လဲဆိုတာကိုကျွန်မတို့မှာ ရွေးချယ်ခွင့်တွေရှိတယ်…
က်ိုယ်တိုင်ကဖန်ဆင်းရှင်မှမဟုတ်တာ လောကကြီးကအမြဲတမ်းက်ိုယ့်ဘက်အမြဲရှိမနေနိုင်ဘူးလေ..
မျှော်လင့်ချက်တွေအများကြီးထားပြီး ဖြစ်ချင်တာတွေဖြစ်မလာတဲ့အခါ အရာရာကို လက်မခံနိုင်ရင်
မင်းပဲပူလောင်နေရမှာမဟုတ်လား….
25/08/2022
တစ်ချို့တွေက ချစ်ဖို့ပဲ
ကံပါလာကြတယ်
နောက်ဆုံးချိန်ထိ တူတူရှိသွားဖို့ကတော့
ကံပါမလာကြဘူးကွယ်
အချင်းချင်းလဲသိကြတယ်
နှုတ်ဆက်ခြင်းတွေကအရေးကြီးတယ်........💔
19/07/2022
ရှေ့ဆက်ရင်ကိုယ်နာကျင်ရမှန်းသိသိကြီးနဲ့
ကိုယ့်အတ္တတွေကိုပဲရှေ့တန်းတင်မိတာကတစ်ချက်......
ကိုယ့်ရဲ့အားနည်းချက် အားသာချက်တွေနဲ့ ကိုယ့်အကြောင်းစုံကိုတစ်ခြားနောက်ထပ်တစ်ယောက်ကိုအစကပြန်မပြောပြချင်တော့တာကတစ်ချက်......
ဒီလိုနဲ့ပဲမင်းကိုထပ်ပြီးဖက်တွယ်နေမိပြန်တယ်ကွယ်💔
photo
12/07/2022
Life is walking on the strings…〰️〰️
Must be balanced
Must be strong 💪🏻
09/07/2022
Sometime,
we're waiting someone who don't come back...💔
😌🥺
07/07/2022
Love is simple..........
အဖြူ အမဲ pysical မရွေးဘူး
ယောကျ်ား မိန်းမ gender မခွဲဘူး
ချစ်တတ်ရင် မေတ္တာ
မချစ်တတ်ရင် အတ္တ
အချစ်ကသိပ်ကိုရိုးရှင်းပါတယ်💗
Photo crd