04/12/2021
Hana Medic At Malaysia Ayatha. Junction City
မလေးရှားမှထုတ် လုပ်သော ဆေးရုံသုံးအ?
04/12/2021
Hana Medic At Malaysia Ayatha. Junction City
Hana Medic Hand Sanitiser at Malaysia Ayatha. Junction City
06/08/2021
အဖျားအကြောင်း သိကောင်းစရာ —
အပိုင်း ၂
လူအများစုဟာ ခေါင်းကိုက်/ ကိုယ်လက်နာကျင်ကိုက်ခဲ/ခါးနာ/ အဆစ်တွေနာ / အဖျားရှိတဲ့အခါမှာ အကိုက်အခဲပျောက်ဆေး/ အဖျားကျဆေး တစ်မျိုးမျိုးကိုလက်လှမ်းယူတတ်ကြပါတယ်။
Non steroidal anti inflammatory drugs (NSAIDS) တွေဟာ နာမည်မျိုးစုံနဲ့ ရှိနေပါတယ်။
လွယ်လွယ်ကူကူနဲ့ ဝယ်လို့ရတဲ့အမျိုးအစားတွေရှိသလို ၊ ဆရာဝန်လက်မှတ်နဲ့မှ ရတာမျိုးတွေလဲ ရှိနေပါတယ်။ သောက်ဆေးလဲရှိ ထိုးဆေးလဲ ရှိပါတယ်။
ရောင်ကိုင်းနာကျင်နေတာကို ခေတ္တခဏ သက်သာစေပေမဲ့ ရောင်ကိုင်းစေတတ်တဲ့ အကြောင်းတရားက ရှိနေသေးတော့ ပြန်ဖြစ်တာပါပဲ။ အခြေအနေကို ပိုဆိုးသွားစေတတ်ပါတယ်။
ဒီစာရင်းထဲမှာ လူသုံးများတဲ့ aspirin လဲ ပါနေပါတယ်။
Ibuprofen, Naproxen စသည်ဖြင့်ပေါ့။
နောက်အမျိုးအစားတစ်ခုက လူအသုံးများတဲ့ Paracetamol ပါပဲ။
သူကလဲ သူ့ပြဿနာနဲ့သူရှိပါတယ်။ မကြာသေးခင်ကပဲ သူ့အကြောင်းကို စုံစုံစေ့စေ့ ရေးပေးပြီးသွားပါပြီ။ ပြန်ရှာပြီး ဖတ်ကြည့်လို့ရပါတယ်။
“NAPQI, also known as NAPBQI or N-acetyl-p-benzoquinone imine, is a toxic byproduct produced during the xenobiotic metabolism of the analgesic paracetamol (acetaminophen )
အသည်းကလပ်စည်းတွေကို ဥပါဒ်ပေးတတ်ပါတယ်။
၂၄နာရီအတွင်း (500mgကို ၄ ကြိမ် ထက်ပိုသောက်ရင် ) ဖြစ်တတ်ပါတယ်။
လောကမှာ အကောင်းနဲ့အဆိုးဆိုတာ အမြဲဒွန်တွဲပြီးနေတတ်ပါတယ်။
မှန်ပါပေတယ်။
အကောင်းဖက်ကကြည့်မယ်ဆိုရင် အဖျားချပေးတယ်။
အကိုက်အခဲက သက်သာလာတယ်။ နေသာထိုင်သာ ပိုရှိလာပါတယ်။
သို့ပါသော်လည်း ခေတ္တပါပဲ။
“အဖျားသိပ်ကြီးနေရင်တော့လဲ သောက်သင့်ရင် သောက်ရမှာဖြစ်ပါတယ်”
အဖျားသိပ်မကြီးဘူးဆိုရင်ဖြစ်စေ၊ မဖျားသေးပဲ ကြိုသောက်တာမျိုးဖြစ်စေ ဆိုရင်တော့ မသင့်တော်ဘူးလို့ ထင်ပါတယ်။
ဘာကြောင့်လဲဆိုတော့ သူ့ကို သောက်ရင် ဆိုးကျိုးတွေကလဲ ရှိနေလို့ပါ။
ဒါဆိုရင် ဘယ်လိုမျိုး ဆိုးကျိုးတွေရှိသလဲဆိုတာ သိဖို့လိုလာပြီ ဖြစ်ပါတယ်။
Paracetamol ရဲ့ ဆိုးကျိုးကို ပြောပြီးပြီဖြစ်လို့ ထပ်ပြီး မပြောတော့ပါ။
NAC အကြောင်းရေးပေးထားတဲ့အထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။
ပြန်ရှာပြီးဖတ်ကြည့်စေချင်ပါတယ်။
Paracetamol သောက်ဖို့လိုလာပြီဆိုရင် NAC နဲ့တွဲ ပြီး သောက်သင့်ပါတယ်။
NSAIDs တွေ ကို ကြည့်ကြပါမယ်။
Aspirin, Ibuprofen, Naproxen စသည်ဖြင့်ပေါ့။
ဒီအုပ်စုကတော့ အစာလမ်းကြောင်း/ အူလမ်းကြောင်းကို ဒုက္ခပေးတတ်ပါတယ်။
အားလုံးသိကြတဲ့အတိုင်း ကမ္ဘာကပ်ရောဂါအချိန်မှာ ခုခံအားကောင်းနေဖို့ အလွန်အရေးကြီးပါတယ်။
ခုခံအားရဲ့ ၈၀% ကလဲ အူလမ်းကြောင်းမှာ ရှိနေတယ်ဆိုတာကိုလဲ မကြခဏ ပြောထားပြီး ဖြစ်ပါတယ်။
ဒီတော့ကာ အူလမ်းကြောင်းကို ပြဿနာတက်စေမဲ့ကိစ္စကို ရှောင်သင့်တယ်ဆိုတာ
ပြောစရာတောင် မလိုတော့ဘူးလို့ ထင်ပါတယ်။
NASAIDs တွေက အူလမ်းကြောင်းကို ဘယ်လို ပြဿနာတွေ ပေးနိုင်သလဲဆိုတော့ —-
၁.အူလမ်းကြောင်းမှာရှိတဲ့ ပိုးတွေ ဟန်ချက်ပျက်စေပါတယ်။
ဆေးပညာဝေါဟာရနဲ့ဆိုရင် dysbiosis လို့ခေါ်ပါတယ်။
၂.အစာမကျေ ဖြစ်တတ်ပါတယ်။
လေပွမယ်/ရင်ခံနေတ်တယ်/လေတက်တယ်/ ဗိုက်နာတတ်တယ်/ဝမ်းချုပ်တတ်တယ်/ဝမ်းလျောတတ်တယ်။
“ဆေးရပ်ပြီးနောက် ၆ရက်လောက်ဆက်ပြီးဝမ်းလျောနေတတ်ပါတယ်”
ဝမ်းလျောနေရခြင်းရဲ့အကြောင်းတစ်ပါးလဲ ဖြစ်နေပါတယ်။
၃.ရင်ပူတတ်ပါတယ်။
၄.အစာလမ်းကြောင်းမှာာအနာ ဖြစ်တတ်ပြီး သွေးယိုစိမ့်တတ်ပါတယ်။
၅.Leaky gut လို့ခေါ်တဲ့ အူအတွင်းနံရံ ယိုစိမ့်ခြင်း
၆.အူသိမ်/ အူမ ရောင်ကိုင်းခြင်းနဲ့အတူ autoimmune ရောဂါတွေပါ နောက်ဆက်တွဲ ပါလာတတ်ပါတယ်။
အဓိကအနေနဲ့ ပြောချင်တာ အဖျားကြီးပြီး နေထိုင်မကောင်းလို့ သောက်ဖို့လိုရင်လဲ သောက်ရမှာပါပဲ။
အနည်းအကျဉ်းဖြစ်တာလောက်နဲ့တော့ သောက်ဖို့ဆိုတာကတော့ စဉ်းစားရပါလိမ့်မယ်။
မဖြစ်သေးခင်က ကြိုတင်ပြီး သောက်တာကတော့ မသင့်တော်ဘူးလို့ ထင်ပါတယ်။
စဉ်းစားတတ်အောင် ထောက်ပြနေခြင်းသာ ဖြစ်ပါတယ်။
ရောဂါပိုးကို ပြင်းပြင်းထန်ထန် ခန္ဓာကိုယ်ခုခံအားတွေက ဘက်ပေါင်းစုံမှ ခုခံတိုက်ခိုက်ကြရတဲ့အခါ ——-
၁.ခုခံအားကျဆင်းစေမဲ့အလုပ်မျိုးကို မလုပ်မိစေရန် (အူကျန်းမာရေးဂရုစိုက်ပါ)
၂.ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို မလိုအပ်ဘဲ ပြဿနာမဖြစ်မိစေရန် အထူးသဖြင့်
အသည်း/ ကျောက်ကပ် စသည်ဖြင့် ဖြစ်ပါတယ်။
အနှစ်ချုပ် ဆိုလိုချင်တာကတော့ အဖျားကျဆေးများကို အမှန်တကယ်လိုအပ်မှ
သောက်ကြရင် အဓိပ္ပါယ် ပိုရှိပါတယ်။
မလိုအပ်သေးဘဲ သောက်ကြတာမျိုး မလုပ်ရပါ/ မလုပ်သင့်ပါ။
“စစ်မဖြစ်ခင် မျှားမကုန်မိကြပါစေနဲ့လို့”
Dr Daw Khin Nwe Win
31/07/2021
Credit
ဖြည့်စွက်စာတွေဝယ်မသောက်နိုင်လျှင်
သော်လည်းကောင်း/ကျောက်ကပ်ထိမှာစိုး၍
ဆေးအများကြီးမသောက်ချင်လျှင်သော်လည်းကောင်း…
ဆရာမကြီး ဒေါက်တာ ဒေါ်ခင်နွယ်ဝင်းက
(To A Better Health)
သဘာဝနည်းလေးတွေကို ဒီလို ပြောပြထားပါတယ်။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
📍၁. Vitamin D အတွက် မနက်ခင်း နေရောင်ခြည်
ခံပေးပါ။ နေပူထဲမှာ နာရီဝက်လောက်နေပါ။
အိမ်အပြင်ထွက်ရမှာဖြစ်ပါတယ်။
အိမ်ထဲမှာနေပြီး လှမ်းမရပါ။
အိမ်ပြင်မှာUltra violet B ray
ရနိုင်လို့ ဖြစ်ပါတယ်။
Vitamin D ရဖို့ B ray လိုပါတယ်။
အိမ်ထဲမှာ ပြတင်းပေါက်ကနေတဆင့် ရသော
နေရောင်ခြည်မှာ A ray သာ ဖြစ်ပါတယ်။
B ray က ပြတင်းပေါက်ကို မဖောက်နိုင်ပါ။
A ray က Vitamin D မလုပ်နိုင်ပါ။
📍၂. အပြင်ထွက်ရင်း တလက်စတည်း မြေကြီးဓာတ်ကိုပါ
ယူလိုက်ပါ။ မြေကြီးမှာ electron ဓာတ်တွေ
အများကြီးရှိတာကတစ်ကြောင်း၊ သူတို့တွေက
ဝါယောဓာတ်တွေ ဖြစ်တာမို့ ရွေ့လျားနိုင်ပါတယ်။
များတဲ့နေရာကနေ နည်းတဲ့နေရာကို
ရွေ့လျားတတ်တာကြောင့် မြေကြီးကနေ
ခန္ဓာကိုယ်ထဲကိုဝင်နိုင်ပါတယ်။
စိုနေတဲ့မြက်ခင်းဆိုရင် အင်မတန်
သင့်တော်ပါတယ်။
အစိုဓာတ်ရှိရင် စီးဝင်ခြင်းဟာ ပိုပြီး
ထိရောက်ပါတယ်။
ဖိနပ် မစီးရပါ။ ဒီ electron ဓာတ်ဟာ ခန္ဓာကိုယ်
ယောင်ကိုင်းခြင်းကို သက်သာစေနိုင်ပါတယ်။
သဘာဝ antioxidants တွေ ဖြစ်ပြီး
သွေးကိုလည်းကျဲစေတတ်တာကြောင့်
လေဖြတ်ထားသူများ၊
နှလုံးသွေးကြောပိတ်သူများ အတွက်
အလွန်သင့်တော်ပါတယ်။
📍၃. D3 နဲ့ အတူသောက်ခိုင်းတဲ့ Vitamin K2 ကို
သဘာဝနည်းနဲ့ အရယူကြရအောင်။
- ရှမ်းတို့ဖူး (Natto)(Plant based MK7)
- ကလီစာဟင်း (Animal based MK4 )
- ကြက်ဥအနှစ် (Animal Based MK4)
📍၄. Probiotics အလှမ်း မမှီနိုင်ရင်
- ချဉ်ဖတ် စားပါ။
- ဒိန်ချဉ် စားပါ။
- ဗမာအချဉ်ရော၊ ရှမ်းချဉ်ရော အလွန်
ကောင်းပါတယ်။
📍၅. နနွင်းကို ( အုန်းဆီ/သံလွင်ဆီ ) နဲ့ သောက်ပါ။
📍၆. အသီးအနှံနှင့်အစိမ်းရောင်အရွက်များများစားပါ။
📍၇. အရိုးပြုတ်ရည် သောက်ပါ။
( ကြက်ရိုး၊ အမဲရိုး၊ ဆိတ်ရိုး..)
📍၈. ရှားစောင်းလက်ပတ် စားပါ။
အူလမ်းကြောင်းပြုပြင်ရေးအတွက်
ကောင်းပါတယ်။
📍၉. အုန်းရည် သောက်ပါ။
သတ္တုဓာတ်မျိုးစုံရမှာဖြစ်ပါတယ်။
📍၁၀. နွယ်ချိုက အူကျန်းမာရေးအတွက်
ကောင်းပါတယ်။
📍၁၁. ဆားခါးရေ စိမ်ပါ။ Magnesium
အလှမ်းမမှီသူများအတွက်ပါ။
📍၁၂. သစ်ကြားသီး စားပါ။
Plant based Omega3 ရပါတယ်။
📍၁၃. တတ်နိုင်ရင် တစ်ခါတရံ
အဆီများသော ငါး စားပါ။
📍၁၄. အချဉ်ဓာတ် VitaminC ရစေရန် ငရုတ်ပွသီး၊
သံပုရာသီး၊ ရှောက်သီး၊ ဆီးဖြူသီး၊ လိမ္မော်သီး၊
ကျွဲကောသီး၊ မာလကာသီး၊ ကီဝီသီး၊
ဘယ်ရီသီးအမျိုးမျိုး၊ပန်းဂေါ်ဖီစိမ်း၊
ကင်ပွန်း ချဉ်ချဉ်ပေါင်ရွက် အစရှိသည်
တို့ကို စားသုံအာလူးနဲ့ကန်စွန်းဥတို့မှာလည်း ဓာတ်တွေပါဝင်ပါတယ် )
📍၁၅. Zinc ဇင့်ဓာတ်ရရှိစေရန် ပင်လယ်စာနဲ့
အနီရောင်အသားများ၊ ကြက်ဥ၊ နို့နှင့်နို့ထွက်
ပစ္စည်းများ၊ အုတ်ဂျုံ၊ ပဲအမျိုးမျိုး၊ မှို၊ ကညွတ်၊
ကိုက်လန်၊ ရုံးပတီသီး၊ ပန်းပွင့်စိမ်း၊ ဟင်းနုနယ်၊
ပြောင်းဖူးစသောဟင်းသီးအရွက်များနှင့်ကွာစေ့၊
ဖရုံစေ့ ကဲ့သို့သော အစေ့အဆန်များ စားသုံးပါ။
📍၁၆. Anti-viral အနေဖြင့် ဂျင်း၊ ကြက်သွန်နီ၊
ကြက်သွန်ဖြူ၊ နနွင်း၊သစ်ကြံပိုးများစားသုံးပေး၍
ရေနွေးကြမ်း green teaသောက်ပါ။
ရေများများသောက်ပါ။
ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ နေ့စဉ်
အနည်းဆုံး ၁၅မိနစ် ပုံမှန် ပြုလုပ်ပါ။
မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်။
မေသံစဥ်(အလင်းစေတမန်)
ကောင်းကျိုးကိုယ်၌တည်ပါစေ။🙏🙏🙏
31/07/2021
ကပ်ရောဂါမှ လွတ်မြောက်နိုင်ရေးအတွက် လိုအပ်သည့်အချက်များမှာ —-
ခံတွင်းကျန်းမာရေးကောင်းနေသူ
အူကျန်းမာရေးကောင်းနေသူ
Autoimmune ရောဂါမရှိသူ/ ရှိနေရင်လဲ ထိန်းထားနိုင်သူ
Thyroid ရောဂါမရှိသူ/ ရှိနေရင်လည်း ကောင်းစွာထိန်းထားနိုင်သူ
Vitamin D3 level 70-100 ng/ mL ရှိနေသူ/ သူနဲ့အတူ ကူဖော်လောင်ဖက် Magnesium / Zinc မှီဝဲနေကြသူ
Antioxidants “မှန်မှန်မှီဝဲ”လာသူများ
ဆီးချိုရောဂါ နှင့်အတူ နောက်ဆက်တွဲရောဂါများ မရှိသူများ / ရှိနေရင်လဲ ကောင်းစွာထိန်းထားနိုင်သူများ
ခုခံအားချဆေးများ မမှီဝဲနေသူများ
မလိုအပ်သည့်အချိန်မှာ/ မလိုအပ်သေးဘဲ အဖျားကျဆေး/ ပိုးသတ်ဆေးတွေ မသောက်သေးသူများ
အကုသိုလ်စေတနာတွေ လျော့နိုင်သမျှလျောအောင် ကြိုးစားပြီး ကာယ/ ဝစီ/ မနောကံ တွေကို စောင့်ထိန်းသူများ
အကြောက်မလွန်ဘဲ သုတနဲ့ပညာကို သုံးပြီး လက်ရှိအခြေအနေကို ကောင်းစွာရင်ဆိုင်နိုင်စွမ်းရှိသူများလို့ ကျွန်မ မြင်မိပါတယ်။
ဖော်ပြပါအချက်တွေကို ကြည့်လိုက်မယ်ဆိုရင် ပိုးရလာတာထက် ကိုယ်ရော စိတ်ပါ
ကျန်းမာအောင် နေထိုင်ရမယ်ဆိုတာ ရှင်းနေတာပါပဲ။
ပိုးဆိုတာမျိုးက ပတ်ဝန်းကျင်မှာ အမျိုးမျိုးအစားစား ရှိနေပါတယ်။ တချိန်ချိန်မှာတော့ တွေ့ရမှာပါပဲ။
အထက်ပါအကြောင်းတွေကိုလဲ သင်ပေး ညွှန်ပြပေးခဲ့တာ ၄/၅ နှစ်ရှိသွားခဲ့ပါပြီ။
အရေးအကြောင်းဖြစ်လာတဲ့အခါ ဟုတ်/ မဟုတ်ဆိုတာ ရှင်းနေပြီ ဖြစ်ပါတယ်။
အရင်က မသိသေးလို့ မလိုက်နာပေခဲ့မဲ အခု သေသေချာချာ သိသွားတဲ့အခါ မိမိကိုယ်ကို စတင်ပြီး စောင့်ရှောက်ကြပါလို့ တိုက်တွန်းလိုပါတယ်။
ကိုယ့်ကိုယ်ကို အားကိုးရမယ်ဆိုတာ ကမ္ဘာကပ်ရောဂါက မျက်လုံးဖွင့်ပေးလိုက်တာ
ဖြစ်ပါတယ်။
မြင်အောင်ကြည့်ဖို့ဆိုတာကတော့ မိမိတို့အလုပ် ဖြစ်ပါတယ်။
ကြည့်နေပေမဲ့လဲ နှလုံးသွင်းမှုမရှိရင် မမြင်တတ်ပါ။
သေဆုံးရတဲ့ အဓိက အကြောင်းရင်းက
ရောင်လွန်စွာကိုင်းခြင်းမုန်တိုင်း cytokine storm
ခန္ဓာကိုယ်အစိတ်အပိုင်းများ လုပ်ဆောင်မှုစွမ်းအားကျဆုံးသွားခြင်း
multi organ failure
သွေးခဲခြင်း( ရောင်ကိုင်းခြင်းရဲ့ နောက်ဆက်တွဲ ပြဿနာ ) ဖြစ်ပါတယ်။
Dr Daw Khin Nwe Win
31/07/2021
ရေမလို လက် သတိ့ဆေး ရည် ဆေး ရုံ သုံး Grade များ လို အပ် ခဲ့ ပါ က မလေးရှားမှတင် ပို့ တဲ့ 500ML လက် သန့်ဆေး ရေ များ ဖုန် 09791332268နှင့် 09421015008သို့ဆက် သွယ် မှာယူနိုင် ပါတယ်။
အထက် ပါ ဖုန်း ၂ လုံးအား ခေါ် ဆို ၍မရပါ က 09765112086သို့လည်း ခေါ် ဆို ရ နိုငိ ပါတယိ
30/07/2021
အကြောင်းကို ရှာကြပါမယ်။
အပိုင်း၃
Thyroid hormone အကြောင်းကတော့ မကြာခဏ ဆိုသလို အထပ်ထပ် ပြောပြပြီးနေပါပြီ။
သို့ပါသော်လည်း ——
ကမ္ဘာကပ်အချိန်မှာ ဒီပြဿနာဟာ ပိုပြီးထင်ရှားလာနေတာက တစ်ကြောင်း၊
ပိုပြီးနားလည်ဖို့ လိုအပ်လာတာက တစ်ကြောင်း
ဆေးရုံ ဆေးခန်း/ ဆရာဝန်ကုသမှုခံယူဖို့ ယခုအချိန်မှာ အခက်အခဲတွေ ရှိနေတာက
တကြောင်း
မိတ်ဆွေအပေါင်းကိုကပ်ဘေးမှ တတ်နိုင်သမျှ လွတ်စေလိုတာက တစ်ကြောင်း
အခုလို ကျန်းမာရေးစောင့်ရှောက်မှု အလွန်လိုအပ်နေချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်အားကိုယ်ကိုးနေရတဲ့ အခါသမယလဲ ဖြစ်နေတာက တကြောင်း
အကြောင်းအမျိုးမျိုးကြောင့် အပ်ကြောင်းထပ်နေပေမဲ့လဲ ရေးပေးရပြန်ပါတယ်။
ဟော်မုန်းဆိုတာ ဘာပါလဲဆိုတာ သိကြပါတယ်နော်။
အရင်ကလဲ မကြာခဏ ပြောပြခဲ့ပြီးပါပြီ။
ဟော်မုန်းဆိုတာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ဆိုင်ရာဆိုင်ရာလုပ်ငန်းမျိုးစုံကို ကောင်းမွန်စွာ လုပ်နိုင်ဖို့ အချက်ပြပေးတဲ့ဓာတ် ဖြစ်ပါတယ်။
Chemical messengers တွေပါ။
ဟော်မုန်းမျိုးစုံ ရှိကြတဲ့အထဲမှာ အရေးအကြီးဆုံးဟော်မုန်းကတော့ Thyroid hormone ဖြစ်ပါတယ်။
သူက အသက်ရှင်သန်နေဖို့ အလွန်အရေးကြီးတဲ့ ဇီဝဖြစ်စဉ်ရဲ့ အချုပ် ဖြစ်နေလို့ပါပဲ။
ခန္ဓာကိုယ်တည်းဟူသောတီဝိုင်း ညီညီညာညာ သံစုံ မြိုင်မြိုင်ဆိုင်ဆိုင်ထွက်လာစေဖို့အတွက် အချက်ပြဆရာကြီးပါ။
ဇီဝဖြစ်စဉ်ကနေ ——-
ကလာပ်စည်းစွမ်းအင် ATP တွေ ထွက်တယ်။
ကလာပ်စည်းစွမ်းအင် လုံလောက်မှသာ ဆိုင်ရာဆိုင်ရာလုပ်ငန်းတွေကို တွင်ကျယ်စွာ
ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
နှလုံး/ အဆုပ်/ ဦးနှောက်/ ကျောက်ကပ် စသည်တို့ ဖြစ်ပါတယ်။ တကိုယ်လုံးပါပဲ။
အရင်ကဆိုရင် Thyroid hormone ပြဿနာဟာ လူကြီးတွေနဲ့ တောင်ပေါ်သူ/သားများမှာ အဖြစ်များလေ့ရှိပါသော်လည်း ပတ်ဝန်းကျင် ပြောင်းလဲလာတာနဲ့အမျှ အစားအသောက်အနေအထိုင် ခေတ်မီလာတာနဲ့အတူ ယခုခေတ်အခါမှာ လူကြီးတွေတွင်သာမက လူရွယ် လူငယ်ပိုင်း/ကလေးတွေ အပါအဝင် အတော်လေး အဖြစ်များလာနေတာကို တွေ့နေရပါတယ်။
ရောဂါဖြစ်နေကြပါသော်လည်း ဖြစ်မှန်းမသိသူတွေက အများစု ဖြစ်နေပြန်ပါတယ်။
ရောဂါရှိနေသူတွေကြတော့ လိုအပ်သော ဆေးဝါးများမှီဝဲနေကြပါသော်လည်း မလုံလောက်သည်ဖြစ်စေ/ ခန္ဓာကိုယ်က လိုအပ်သည့် ပုံစံ မပြောင်းပေးနိုင်သည်ဖြစ်စေ ပြဿနာတွေက ဆက်ပြီး ဖြစ်နေပြန်ပါတယ်။
စေ့စေ့စပ်စပ် နားလည်ပြီး ကုသဖို့ဆိုတာကလဲ သိပ်မလွယ်လှတဲ့ကိစ္စ ဖြစ်နေပါတယ်။
“သွေးအဖြေတစ်မျိုးတည်း ကြည့်ပြီး ဆုံးဖြတ်လို့ မရနိုင်တာ” လဲ ပါနေပါတယ်။
Thyroid hormone ပြဿနာရှိရင် တကိုယ်လုံးမှာ ပြဿနာတွေ တက်ပြီ ဖြစ်ပါတယ်။
သူက တကိုယ်လုံးရဲ့ အချုပ်အချာ ဖြစ်နေလို့ပါပဲ။
“ရုပ်ကို ဖြစ်စေနိုင်သော တေဇောဓာတ်ကား အားလုံးဖောက်ပြန်မှု၌ ပါဝင်၏”
(ဋီကာကျော်)
ကမ္ဘာကပ်ရောဂါကာလမှာ အသက်ရှူမဝ/ အောက်စီဂျင်ပမာဏ ကျဆင်းလာတဲ့ ပြဿနာဟာ ထင်ရှားလှတာကြောင့် အဆုပ် နဲ့ thyroid hormone ဆက်စပ်မှုကို စတင်လေ့လာကြပါမယ်။
HYPOTHYROIDISM ဖြစ်နေသူများမှာ
“ရောဂါပိုး မရခင်တည်းက” အသက်ရှူဖို့အရေးမှာ ရွက်ဆောင်မှု ကျဆင်းနေပါတယ်။
၁.Depressed ventilatory drive
အခြေအနေ ဆိုးရွားနေသူများမှာ အသက်ရှူဖို့အချက်ပေးမှု ကျဆင်းနေတာကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်းမှာ လိုအပ်တဲ့ အောက်စီဂျင်ပမာဏ ကျဆင်းနေတတ်ပါတယ်။
သုတေသနတွေမှာ thyroid hormone replacement ပေးလိုက်တဲ့အခါ အသက်ရှူဖို့ ရွက်ဆောင်မှု ပြန်တက်လာတာကို တွေ့ရပါတယ်။
၂.နောက်တစ်ချက်က hypothyroid လူနာတွေမှာ အသက်ရှူသွင်း/ ရှူထုတ်ရာမှာ အသုံးပြုတဲ့ ကြွက်သားများ ရဲ့ အင်အားဟာ ယုတ်လျော့နေတတ်ပါ
muscle myopathy occurs with hypothyroidism involving diaphragm and intercostal muscles
ရှူချင်ပေမဲ့ ထိရောက်စွာ ရှူနိုင်စွမ်း/ပြန်ထုတ်နိုင်စွမ်း ခွန်အားတွေကျဆင်းနေတတ်ပါတယ်။
၃.Pulmonary function — အဆုပ်ရဲ့ ဝန်ဆောင်မှုတွေလဲ ကျဆင်းနေတတ်ပါတယ်။
ရောဂါပိုးနဲ့ မထိတွေ့ခင်တည်းက အဆုပ်ပြဿနာတွေရှိနေပြီး ဖြစ်ပါတယ်။
ရောဂါပိုးနဲ့ ကူးစက်ခံရတဲ့အခါ လေပြွန်တွေ ရောင်ကိုင်းခြင်း/ အဆုပ်ရောင်ကိုင်းခြင်း တွေပါ ရလာတော့ ပြဿနာ ပိုပြီးတက်ပြီ ဖြစ်ပါတယ်။
၄.hypothyroid လူနာတွေမှာ လေပြွန်/ အဆုပ် ရောင်ကိုင်းခြင်းဖြစ်ဖို့ လွယ်ကူလှပါတယ်။
ဒီလူနာများဟာ ခုခံအားမကောင်းသူများ/ ခုခံအားကျဆင်းနေသူများ ဖြစ်နေကြပါတယ်။
အဆုပ်ရောင်လွယ်/ လေပြွန်ကြောင်းတွေ ရောင်ကိုင်းလွယ်လှတာ ဖြစ်ပါတယ်။
Prone to pneumonia/ bronchitis
၅.Rhino-sinusitis
Hypothyroid သမားတွေဟာ နှာခေါင်းနဲ့ sinuses တွေ အမြဲလိုလို ရောင်ကိုင်းနေတတ်ပါတယ်။
နှာခေါင်းပိတ်နေတတ်တယ်/ မျက်နှာ နာကျင်နေတတ်တယ်/ နှာရည်ပြစ်ပြစ်တွေ ထွက်နေတတ်ပါတယ်။ ခေါင်းပါကိုက်တတ်တယ်/ ချောင်းဆိုး/ လည်ချောင်းနာ/ အဖျားငွေ့ငွေ့ရှိတတ် ပြီး အနံ့ကောင်းကောင်းမရတတ်ကြပါ။
၆.Depressed immune function
ဒီလူနာတွေမှာ ခုခံအားက လဲ ကျဆင်းနေပြန်ပါတယ်။
“ရောဂါပိုး ကူးစက်မခံရခင်တည်းက အခုလို ရောဂါလက္ခဏာတွေက ရှိနေပြီးသား”
ဖြစ်တာကြောင့် ပိုးနဲ့ကူးစက်ခံရတဲ့အခါ အခြေအနေ ပိုဆိုးသွားတာ ဖြစ်ပါတယ်။
အောက်စီဂျင်ပေးနေ ရှူနေပေမဲ့ လေရှူနိုင်ဖို့ ဝန်ဆောင်မှု respiratory drive က ကျဆင်းနေတာက တစ်ကြောင်း
လေရှူသွင်း/ ရှူထုတ်ဖို့ ကြွက်သားတွေဟာ အားယုတ်နေတာက တစ်ကြောင်း
အဆုပ်ရဲ့ ဝန်ဆောင်မှုတွေ ကျဆင်းနေတာက တစ်ကြောင်း
နှာခေါင်း / sinuses ပိတ်နေတာက တကြောင်း
လေပြွန်တွေရောင်ကိုင်း/ အဆုပ်တွေ ရောင်ကိုင်းနေတာက တစ်ကြောင်း
ခုခံအား ကျဆင်းနေတာက တကြောင်း ဆိုတော့
အောက်စီဂျင်ရှူနေပေမဲ့ ထိရောက်မှုစွမ်းအား ကျဆင်းနေတာ ဖြစ်ပါတယ်။
“အောက်စီဂျင် ရှူနေပေမဲ့ မသက်သာတဲ့အပြင် အခြေအနေပိုဆိုးလာတဲ့ လူနာတွေမှာထည့်သွင်းစဉ်းစားရမဲ့အချက်ဖြစ်ပါတယ်”
ရောင်ကိုင်းခြင်းတွေကိုပါ ကုစားရင်းနဲ့ပေါ့။
Hypothyroid ဖြစ်နေသူများဟာလည်း တစ်ယောက်နဲ့ တစ်ယောက် ရောဂါကြီးမားပုံ အတိုင်းအတာခြင်းဟာ မတူကြပါ။
ဗဟုသုတအနေနဲ့ မြင်အောင်ကြည့်စေချင်လို့ တင်ပြပေးလိုက်တာ ဖြစ်ပါတယ်။
အောက်စီဂျင်ရှူနေပေမဲ့ အဆုပ်ဆိုင်ရာ လေပြွန်ချောင်းတွေ ဝန်ဆောင်မှုလုပ်ငန်း
ကျဆင်းနေတာ ဖြစ်လို့ မသက်သာပဲ ပိုဆိုးလာတာဟာ အဓိက အကြောင်းတစ်ခု ဖြစ်ပါတယ်။
Hypothyroid ဟာ အဆုပ်နဲ့ လေပြွန်လမ်းကြောင်းတွေသာမက တကိုယ်လုံးကို ထိခိုက်စေတာမို့ အထူးသတိပြုရန် တင်ပြလိုက်ခြင်းဖြစ်ပါတယ်။
“Hypothyroid ပြဿနာဟာ ကမ္ဘာတဝှမ်းလုံးမှာ လူအတော်များများ ဖြစ်နေကြတာကြောင့် ကမ္ဘာကပ်ရောဂါပိုးနဲ့တွေ့တဲ့အခါ အသေအပျောက်များပြီး ရောဂါဒဏ်ကို အတော်လေးခံကြရပါတယ်”
Hypothyroid မှာ အဆုပ်နဲ့ လေပြွန်ချောင်းတွေသာ အားနည်းပြီး ချို့နေတာတင် မဟုတ်ပါ။
တကိုယ်လုံးမှာ ပြဿနာတက်နေတာ ဖြစ်ပါတယ်။
“အနာသိရင် ဆေးရှိတယ်” ဆိုတဲ့စကားကို သတိရမိပါတယ်။
(စိတ်ဝင်စားလို့ ဖတ်ကြည့်ချင်တယ်ဆိုရင် စာတမ်းတွေအများကြီးရှိပါတယ်)
Ref:
Respiratory Manifestations of Hypothyroidism: A Systematic ...
https://www.liebertpub.com › doi › thy.2015.0642
Nov 1, 2016
Pulmonary consequences of hypothyroidism - NCBI - NIH
https://www.ncbi.nlm.nih.gov> articles>PMC 5541969
Dr Daw Khin Nwe Win
27/07/2021
အကြောင်းရှာကြမယ်။
အပိုင်း ၄
အသက်ရှင်နေဖို့အတွက် တကိုယ်လုံးဟာ ဆက်စပ်နေတာမို့ အဆုပ်အကြောင်းလေ့လာပြီးတဲ့အခါ နှလုံးအကြောင်းကို ဆက်ပြီးလေ့လာကြပါမယ်။
နှလုံးဟာလဲ အရေးကြီးတဲ့အခန်းကနေ ပါဝင်နေပါတယ်။
Hypothyroid လူနာတွေရဲ့ နှလုံးမှာ ဖြစ်တတ်တဲ့ ပြောင်းလဲမှုတွေကို လေ့လာကြပါမယ်။
Hypo = ရှိသင့်တာထက် နည်းနေတာ
Thyroid = thyroid hormone
နှလုံးကြွက်သားဟာ thyroid hormone နည်းနေတဲ့အခါ အထင်ကရ ပြောင်းလဲမှုတွေ ရှိနေပါတယ်။
နှလုံးကြွက်သားထဲကို mucin အချွဲဓာတ် ( အာပေါဓာတ် ) တွေ ကြားတိုးဝင်လာတာကြောင့် infiltrate နှလုံးကြွက်သားဟာ ညှစ်အား ဆုတ်ယုတ်လာပါတယ်။
နှလုံးအိမ်တွင်းရှိသွေးတွေကို ညှစ်ထုတ်ပေးဖို့အင်အားယုတ်လာတာဖြစ်ပါတယ်။ (myxedema heart disease )
( ဓာတ်ကြီးလေးပါး ဟန်ချက်ပျက်တာ )
အခြေအနေ အတော်ဆိုးတဲ့လူနာတွေမှာဆိုရင် Congestive heart failure လို့ ခေါ်ပါတယ်။
Cardiac output နှလုံးညှစ်အား ကျလာတာနဲ့အမျှ နှလုံးရဲ့လုပ်ဆောင်ချက်ဟာလည်း
ကျဆင်းလာပါတယ်။
နှလုံးထဲမှ ညှစ်ထုတ်နိုင်အား stroke volume ကလဲကျလာပါတယ်။
နှလုံးခုန်နှုံးလဲ pulse rate နှေးလာပါတယ်။
ဆိုလိုချင်တာကတော့ နှလုံးရဲ့ ဝန်ဆောင်မှုစွမ်းအားတွေ ကျဆင်းလာတယ်ပေါ့။
နှလုံးအတွင်းရှိ လျှပ်စစ်ဓာတ်လမ်းကြောင်း conduction fibers တွေ မှာလည်း အချွဲဓာတ်များ mucin နဲ့ ပိတ်ဆို့နေတတ်တာကြောင့် လျှပ်စစ်ဓာတ်ဖြတ်သန်းရာ အခက်အခဲတွေ့ပြီး နှလုံးခုန် မမှန်တာတွေပါ နောက်ဆက်တွဲ ပါလာပါတော့တယ်။
Conduction difficulties and Arrhythmias မျိုးစုံပါပဲ။
PVC ( premature ventricular contraction ) တွေ အပါအဝင်ပေါ့။
နှလုံးအိမ်အမြှေးကြားထဲမှာ ရေဝင်လာတာကိုလဲ တွေ့ရတတ်ပါတယ်
peri-cardial effusions.
“The clinical syndrome of “myxedema heart” consists of an enlarged sluggish heart with low electrical voltages and flattened or inverted T waves on the electrocardiogram”
နှလုံး ပြဿနာနဲ့အတူ ဖြစ်လာတတ်တာကတော့ သွေးလွှတ်ကြောတွေ တောင့်တင်းပြီး ကျစ်မာလာခြင်း ဖြစ်ပါတယ်။ increased peripheral resistance.
သွေးတိုးရောဂါ hypertension ပါပဲ။
Hypothyroid လူနာများဟာ အထူးသဖြင့် ရောဂါအခြေအနေ အတော်လေးဆိုးနေသူများဟာ အဆုပ်နဲ့အတူ နှလုံးပါ အားနည်းနေတတ်ပါတယ်။
အဆုပ်က ထိရောက်စွာအလုပ်မလုပ်နိုင်ချိန်မှာ နှလုံးကလဲ ပြဿနာနဲ့
ဒီကြားထဲမှာ ရောဂါပိုးကို ရလိုက်တယ်ဆိုရင် စဉ်းစားသာ ကြည့်ပါတော့။
ခံနိုင်ရည် ရှိကြရအောင် ကျန်းမာရေးကောင်းနေဖို့ စောင့်ရှောက်ထားဖို့လိုပါတယ်။
လွန်ခဲ့တဲ့ ၄/၅ နှစ်တည်းက ပြောပြနေတာပါနော်။
အချိန်တွေ အများကြီး ရခဲ့ကြပါတယ်။
Ref:
Myxedema Heart Disease | Radiology
https://pubs.rsna.org
Hypothyroidism and the Heart - NCBI - NIH
https://www.ncbi.nlm.nih.gov › articles › PMC5512679
Credit .Dr Daw Khin Nwe Win
အကြောင်းကို ရှာကြပါမယ်။
အပိုင်း၁
ကမ္ဘာကပ်ရောဂါကို ပြန်လည်သုံးသပ်ကြည့်ကြရအောင်ပါ။
သေဆုံးသူ လူအများဟာ နာတာရှည်ရောဂါတွေနဲ့ ဖြစ်ကြတယ်။
အဓိက က ဆီးချိုရောဂါ ဖြစ်ပါတယ်။
ဆီးချိုနဲ့အတူ သူ့ရဲ့နောက်ဆက်တွဲ ရောဂါတွေ ဖြစ်တဲ့
သွေးတိုး/ နှလုံးရောဂါ/ လေဖြတ်/ ကင်ဆာရောဂါတွေ အပါအဝင်ပေါ့။
ဆီးချိုရှိနေမှန်းသိလို့ ဆေးမျိုးစုံသောက်/ ဆေးထိုးနေသူတွေကလဲ အများအပြား ရှိနေပါတယ်။
ဆီးချိုရှိနေပေမဲ့ မသိသူတွေကလဲ အများကြီးပါ။ အထူးသဖြင့် ကျေးလက်တောရွာမှာ အများအပြားရှိပါတယ်။ ဆီးချို ဖြစ်နေကြမှန်းမသိကြပါ။
စစ်ကြည့်လိုက်ရင် 500/600 စသည်ဖြင့် ရှိနေကြတာကို တွေ့နေရပါတယ်။
ဆီးချို ဖြစ်ခါနီးသူတွေ Pre diabetes တွေကလဲ ရှိနေပြန်ပါတယ်။
မစစ်ကြည့်ရင် မသိနိုင်ဘူးပေါ့။
ဒီလိုတွေမှာ Fasting blood sugar က ပုံမှန်ထဲမှာ ဝင်နေတတ်တယ်။
( upper limit of normal )
Hba1c စပြီး တက်နေတတ်တယ်။
အသေချာဆုံးက Fasting insulin များနေခြင်းပါပဲ။
Pre diabetes ဆီးချို ဖြစ်ခါနီးလို့ဆိုရပေမဲ့ ခန္ဓာကိုယ်ထဲမှာတော့ ပြောင်ရလဲခြင်းတွေ
စဖြစ်နေပြီ ဖြစ်ပါတယ်။
(Pathological process )
ဆီးချိုကို ကိုင်တွယ်လိုက်မယ်ဆိုရင် ကျန်တဲ့ရောဂါတွေ အလိုအလျောက်သက်သာလာမှာ ဖြစ်တယ်။
ဆီးချိုရောဂါဟာ metabolic disease ပြဿနာဖြစ်နေတယ်။
အသက်ရှင်နေဖို့ လွန်စွာမှ အရေးကြီးတဲ့ ဇီဝဖြစ်စဉ်ပြဿနာဖြစ်ပါတယ်။
နောက်တဆင့် စဉ်းစားရမှာက ဇီဝဖြစ်စဉ်ကို ချုပ်ကိုင်ထားတာ ဘာပါလိမ့်?
Thyroid hormone ဖြစ်ပါတယ်။
ခန္ဓာကိုယ်ကြီး ကောင်းမွန်စွာ အလုပ်လုပ်နိုင်ဖို့ Master conductor ကြီးပါ။
ခန္ဓာကိုယ်ကြီး ညီညီညာညာ အလုပ်လုပ်နိုင်ဖို့ အဓိက အချက်ပြပေးနေတဲ့ ဟော်မုန်း
ဖြစ်ပါတယ်။
အစားအသောက်နဲ့ ဘယ်လိုပဲ ထိန်းထားထိန်းထား thyroid hormone ပြဿနာ ဖြစ်နေရင် ရောဂါကို ထိန်းထားနိုင်ဖို့ ခက်ပါတယ်။
ဇီဝဖြစ်စဉ် ရဲ့ အချုပ်သာမက အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေအပေါ် ဘယ်လို အကျိုးသက်ရောက်မှု ရှိနေတယ်ဆိုတာကို ပါ နားလည်သွားမယ်ဆိုရင် အဖြေထွက်လာပါလိမ့်မယ်။
နှလုံး/ အဆုပ်/ အသည်း/ ကျောက်ကပ်စသည်ဖြင့်တို့ဟာ အခုလိုအချိန်မှာ ကောင်းစွာ ဆိုင်ရာဆိုင်ရာ အလုပ်လုပ်တွေ လုပ်နိုင်ဖို့ လွန်စွာမှ အရေးကြီးလှပါတယ်။
ကပ်ရောဂါမှာ အဆုပ်ပြဿနာ/ အောက်စီဂျင်ကျတဲ့ ပြဿနာ/ ရှူနေပေမဲ့ ထိရောက်မှုမရှိလှတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေကြရတာကို နေ့စဉ်တွေ့နေရပါတယ်။
လူတွေလဲ ထိတ်လန့်ကြောက်ရွံ့နေကြပြီး နေ့စဉ်လိုလို အောက်စီဂျင်အိုးကြီးတွေကို Facebook ပေါ်မှာ ပုံစံအမျိုးမျိုးနဲ့ တွေ့နေရပါတယ်။
အခြေခံသဘောတရားကို နားလည်ရအောင် အကြောင်းတရားကနေ စတင်ပြီး ရှုထောင့်တစ်မျိုးကနေ လေ့လာသုံးသပ်ကြပါမယ်။
လက်ရှိ ကမ္ဘာကပ်ပိုးကလဲ ဘယ်လောက်ကြာကြာ ဆက်ပြီးဒုက္ခပေးနေမယ်မသိပါ။
သူပြီးသွားပြန်ရင်လဲ ပိုးမျိုးစုံနဲ့ ခြံရံပြီးနေကြရတာမို့ နားလည်ဖို့ အရေးကြီးပါတယ်။
Dr Daw Khin Nwe Win .USA
24/07/2021
အခုလို အချိန်မျိုးမှာ Cholesterolကိုလဲ မကြောက်ကြပါနဲ့နော်။
သူဟာ ခန္ဓာကိုယ်အတွက် အလွန်အရေးကြီးတဲ့ဓာတ်တွေ ထုတ်လုပ်ဖို့အရေးအတွက်
ကုန်ကြမ်းဖြစ်နေလို့ပါ။
Vitamin D
အဆီကို အစာချေဖို့ အသည်းကထုတ်ပေးတဲ့ Bile salts
ခန္ဓာကိုယ်ထဲမှာ ဆိုင်ရာ အလုပ်တွေ ကောင်းမွန်စွာလုပ်နိုင်အောင် အချက်ပြဟော်မုန်း
၅ မျိုးရဲ့ ကုန်ကြမ်းလဲ ဖြစ်နေလို့ပါ။
progestagens, glucocorticoids, mineralocorticoids, androgens, and estrogens
ရှောင်သင့်တာက ——-
သကြားမျိုးစုံ/ အချိုလွန်ကဲသောအသီးများ/ အချိုရည်ဗူးများ/
အာဟာရအရည်များ/ စက်ရုံထွက် ပြုပြင်ပြီးအစားအသောက်များ/ ဆီကြော်အစားအသောက်များ စသည်ဖြင့် ဖြစ်ပါတယ်။
အိမ်မှာ ချက်ပြီး ရိုးရိုးရှင်းရှင်း လပ်လပ်ဆပ်ဆပ်လေးစား
ဗိုက်ကို ခပ်ချောင်ချောင်လေးထား
အစာကျေလွယ်မည့်အစာစား
ကဆီဓာတ်တွေလျော့
ကွကျဥစား
ထောပတ်သီးစားပါ။
အခုလိုအချိန်မှာ မိမိသာလျှင်အားကိုးရာပါ။
Dr Daw Khin Nwe Win
24/07/2021
ကမ္ဘာကပ်ရောဂါ ဗိုင်းရပ်စ်ပိုးကြောင့် သေရခြင်းအကြောင်းတွေဟာ
Hyper inflammation ခန္ဓာကိုယ် အလွန်အမင်းရောင်ကိုင်းခြင်း
( Cytokine storm )
Hyper coagulation သွေးခဲလွန်ခြင်း
Hypoxia tissue တွေထဲမှာ အောက်စီဂျင် ကျဆင်းလာခြင်း တို့ ဖြစ်ပါတယ်။
အရေးပေါ်အချိန်မှာ ဒီအချက်သုံးချက်ကို ဦးတည်ပြီး ကုသမယ်ဆိုရင် ခံသာနိုင်ပါတယ်။
Dr Daw Khin Nwe Win
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |