တိုက်ကြီးမြို့နယ်-အခြေခံပညာ CDM ဆရာ/မ များ

တိုက်ကြီးမြို့နယ်-အခြေခံပညာ CDM ဆရာ/မ များ

Share

Never Give up!�

06/07/2022

https://www.facebook.com/100446442122984/posts/408152588019033/

ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုစိုးသူရကျော် (ခ) ကဗျာဆရာသာသျှား ထောင်ဒဏ် (၈)နှစ် ချမှတ်ခံရ

ဇူလိုင် ၆၊ ၂၀၂၂

၂၀၂၁ခုနှစ် စက်တင်ဘာလ ၂၄ ရက်ကဖမ်းဆီးခံခဲ့ရရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ(ဗကသများအဖွဲ့ချုပ်) ဥက္ကဋ္ဌဟောင်း ကိုစိုးသူရကျော် (ခ) ကဗျာဆရာသာသျှားကို ဇွန်လ ၂၇ရက်နေ့တွင် ၅၂(က) ၅နှစ်၊ ၅၀၅(က) ၃နှစ်နဲ့ စုစုပေါင်း ထောင်ဒဏ် (၈)နှစ် ချမှတ်ခံထားရတယ် ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ က ထုတ်ပြန်ပါတယ်။

ယခုအမှုတွေကိုမန္တလေး၊အိုးဘိုထောင်တွင်းမှာ ချမှတ်ခဲ့တာဖြစ်ပြီး ရန်ကုန်မှာချမှတ်မဲ့ အမှုတွေလည်းကျန်ရှိနေသေးတယ်လို့သိရပါတယ်။

ကိုစိုးသူရကျော် (ခ) ကဗျာဆရာသာသျှားသည် ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၏ ဥက္ကဋ္ဌဟောင်း တစ်ဦးဖြစ်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ပညာရေးသပိတ်စစ်ကြောင်းတွေကိုလည်း ဦးဆောင်ခဲ့သူဖြစ်ပါတယ်။ အခြေခံပညာ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီ(BEGSC)ရဲ့ အလုပ်အမှုဆောင်ကော်မတီဝင်အဖြစ်လည်းတာဝန်ထမ်းဆောင်ခဲ့ပါတယ်။

26/05/2022

အသက် ၁၄နှစ်အောက်ကလေး(၂)ဦးရှိသူ ပညာရေးCDM ဆရာ/ဆရာမများ သိရှိစေရန်

https://www.facebook.com/100163915814555/posts/165932922570987/

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနအတွင်းရှိ အသက် (၁၄) နှစ်အောက်ကလေးနှစ်ဦးနှင့်အထက်ရှိမိခင်စာရင်း ကောက်ယူခြင်း ။

အကြုံးဝင်သူများ
#အသက် (၁၄) နှစ်အောက် ကလေး နှစ်ဦးရှိသော မိခင်
၂၀၂၂ခုနှစ်၊ မေလ(၇) ရက် အထိသာ
၁၄နှစ်ပြည့်သော ကလေး ။
သက်မှတ်ရက်ကျော်လျှင် ၁၄ နှစ်ကျော်သူကလေးမရ။

Support: Batch 1,2,3 တွင် အထောက်အပံ့မရခဲ့ဖူးသူ။
ကိုယ်ဝန်သည်နှင့်၊ (၂)နှစ်အောက် မိခင်စာရင်း
တွင် အထောက်ပံ့ရပြီးသူ စာရင်းပေးရန်မလိုပါ။

အမျိုးသမီးဆရာမ သို့မဟုတ် CDM အမျိုးသားဆရာ၏ ဇနီး

#အကြုံးမဝင်သူများ
မိခင် C ဖခင် N (သို့) ဖခင် C မိခင် N

#သတိပြုရန်>> ၂၀၂၂ ခုနှစ်၊ မေလ (၂၇) ရက်၊ မြန်မာစံတော်ချိန် ည (၉) နာရီ နောက်ဆုံးထားပြီး
page messengerတွင် စာရင်းပေးကြပါရန်

#လိုအပ်သည့်အချက်အလတ်များ

(၁) မိခင်အမည်

(၂) ကလေးအရေအတွက်

(၃) CDM ဟုတ်၊ မဟုတ်

( ၄)ဖခင်အမည်
(ဝန်ထမ်းဖြစ်ပါက)
(၅)ဦးစီးဌာန/ဌာနခွဲအမည်

(၆) ရာထူး

(၇) တာဝန်ကျသည့်ကျောင်း/ဌာန

(၈) တိုင်း/ပြည်နယ်

(၉) ပထမကလေးအသက်၊ ဒုတိယကလေးအသက်၊တတိယကလေး၏အသက် (ဥပမာ- ၃နှစ် ၊ ၁၁နှစ် စသည်ဖြင့်

(၁၀) ကလေးများ၏အထောက်အထား(ဥပမာ (မှတ်ပုံတင်၊ကျောင်းသားကတ်၊မွေးစာရင်း၊ အိမ်ထောင်စုစာရင်း၊ repord card၊ဌာနထောက်ခံစာ၊ ဆေးလက်မှတ်မှတ်တမ်းပုံ )
အထက်ပါစာရင်းထဲမှာ တခုခုပြနိုင်လျှင်အဆင်ပြေသည်။

(၁၁) အမြဲသုံးစွဲသောဖုန်းနံပါတ်

(၁၁) Email ရှိလျှင် Email

Photos from တိုက်ကြီးမြို့နယ်-အခြေခံပညာ CDM ဆရာ/မ များ's post 28/02/2022

"ကျွန်မတို့ ဆရာမတွေမှရှေ့ကနေ ရဲရဲဝံ့ဝံ့ မရပ်တည်
ပေးရင်ကျွန်မတို့ကလေးတွေ အာဏာရှင်စနစ်အောက်မှာ အကြောက်တရားနဲ့တစ်သက်လုံးနေထိုင်သွားရမှာပေါ့"

ဆရာမဒေါ်တင်နွဲ့ရီ (အလယ်တန်းပြ)သည်
ကြည့်မြင့်တိုင် (ရန်ကုန်တိုင်းပညာရေးမှူးရုံး)ရှေ့မှာ လက်မောင်းကျည်ထိမှန်ကာ (28.2.2021)နေ့တွင် ကျဆုံးသည်။

ဆရာမကြီးဒေါ်တင်နွဲ့ရီဟာ စစ်အာဏာသိမ်းမှု ကိုဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာဆန္ဒပြနေစဥ် အကြမ်းဖက်ဖြိုခွင်းခံရပြီး နွေဦးတော်လှန်ရေးမှာကျဆုံးခဲ့ရတဲ့ ပထမဆုံးပညာရေးဝန်ထမ်းတစ်ဦးပါ။

ဆရာမတစ်ယောက်
အေးချမ်းရာနေရာသစ်တစ်ခုမှာ
စိတ်အေးချမ်းသာရှင်သန်နေနိုင်ပါစေကြောင်း
ဆန္ဒပြုဆုတောင်ပေးလိုက်ပါတယ် 🙏🙏🙏

18/02/2022

CDM အခုအထိမဝင်တဲ့ စစ်ကောင်စီတပ်သား
တွေနဲ့ ရဲတွေကို ကျွန်တော် သိပ်မေးချင်တဲ့
မေးခွန်း တစ်ချို့ရှိပါတယ်။

ခင်ဗျားတိုု့ ဘာလို့အခုအထိ CDM မဝင်တာ
လဲ။ အမှန်တရားကို မသိလို့လား။ အမှန်တရား
ကိုမသိရင်တော့ ခင်ဗျားတို့အားလုံးရဲ့ သမိုင်း
ကရိုင်းနေပြီ။ မိသားစုကိုငဲ့လို ဘာညာဆိုရင်
အဲ့ဒီ မိသားစုတွေကိုယ်တိုင် စုပေါင်းပြီး CDM
လုပ်သင့်တဲ့အချိန်ဟာအခုအချိန်လို့ခင်ဗျား
တို့ မထင်သေးဘူးလား။ ခင်ဗျားတို့ မိသားစု
ဘဝတွေ အားလုံး မင်းအောင်လှိုင်အတွက်ပေး ဆပ်လိုက်ပြီးမှ ခင်ဗျားတို့ နောင်တရမှာလား။
ခင်ဗျားတို့သေမှာ ကြောက်နေတာလား။ 😎
ဒါဆိုရင်...
"ငါ့နိုင်ငံတော်... ငါ့နိုင်ငံသား.....ငါ့တပ်မတော်
အတွက် ငါ၏အသက်ကိုစွန့်လွှတ်ရန် အဓိဌာန်
ပြုပါသည်။" လို့...
ခင်ဗျားတို့ဆိုခဲ့တဲ့ သစ္စာတွေ အခုဆို လှလှ
ပပကြီး စူးနေပြီဆိုတာကို ခင်ဗျားတို့ သိကြ
ပါရဲ့လား။
ခင်ဗျားတို့အလုပ်က နိုင်ငံသားတွေအတွက်
တပ်မတော်ထဲ စဝင်ကတည်းက အသက်ပေး
ထားရတာမင်းအောင်လှိုင်နဲ့သူ့မိသားစုအတွက်
မဟုတ်ဘူးဆိုတာကို သိပါရဲ့လား။

ခင်ဗျားတို့ ကျုပ်စာကိုဖတ်မိရင် သေချာစဉ်း
စားပါ။ ခင်ဗျားတို့ နေ့စဉ် သေနေတာကို ပြည်
သူတွေha ha တွေပေးပြီးထိုင်ပျော်နေတဲ့ အသု
ဘ စာရင်းထဲမှာ ခင်ဗျား နာမည်အပါခံမလား။
PDF တွေ ကျဆုံးတဲ့အခါ ပြည်သူတွေအလေး
ပြုကြသလို သေဆုံးခဲ့ရင်တောင် အကျိုးရှိတဲ့
ပြည်သူ ဂုဏ်ပြုတဲ့သေဆုံးမှုမျိုးကို ခင်ဗျားတို့
မတပ်မက်ဘူးလား။

ခင်ဗျားတို့အားလုံး သေသွားခဲ့ရင်တောင် မင်း
အောင်လှိူူင် ဒီပွဲမှာ မနိုင်ဘူးဆိုတာကို ခင်ဗျား
တို့သိပါရဲ့လား။

ခင်ဗျားတို့ရဲ့ရင်မှုက အချိန်တိုအတွင်း မြန်မာ
ပြည်တွင်းကစစ်ပွဲတွေကိုရပ်ပစ်နိုင်တယ်ဆိုတာ
ခင်ဗျားတို့ မသိကြတာလား။

ခင်ဗျားတို့ ရဲရင့်ကြပါ။ ခင်ဗျားတို့ CDMလုပ်
ကြပါ။ ဒါဆိုရင် မြန်မာပြည်ကြီး ငြိမ်းချမ်းပြီ။
မနက်ဖြန်တိုင်းမှာ သေဆုံးကြရမယ့် မိမိအပါ
အဝင် မိမိရဲဘော်ရဲဘက်တွေ အားလုံးနဲ့ ပြည်
သူတွေရဲ့ အသက်ဟာ ခင်ဗျားတို့သာ CDM
လုပ်လိုက်ရင် တကယ်ပဲ ကယ်တင်နိုင်မှာပါ။

အခုဖြစ်နေတဲ့ ပြသနာအားလုံးရဲ့ တရားခံဟာ
မင်းအောင်လှိုင် ဆိုတာကို ခင်ဗျားအခုပဲသိ
မြင်ပြီး မြန်မာပြည်ကြီးကို ခင်ဗျားတို့ အလျင်
အမြန်ကယ်တင်ပါ။

သံဇဉ်လင်း(18.2.2022)

16/02/2022

"ပို၍ လေးစားသင့်သော CDM များ"

၂၀၂၁ ခုနှစ်...
ဖေဖော်ဝါရီလ ၁ ရက်တွင် စစ်အာဏာသိမ်းအပြီး
စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှူပ်ရှားမှူများ
စတင်လာချိန်တွင် လူထုကြား၌ CDM ဟူသော
စကားလုံးတစ်လုံး ရေပန်းစားလာသည်။ Civil
Disobedience Movementဟူသည်မိမိ၏အလုပ် ကို စစ်အာဏာရှင်လက်အောက်တွင်ဆက်လက်
တာဝန်မထမ်းဆောင်ဘဲ အကြမ်းမဖက်သောနည်း
ဖြင့် စစ်အာဏာရှင်ကို အန်တုသော အာဏာရှင်ကို
အစိုးရအဖြစ် ရပ်တည်ခွင့်မပေးသော ထိရောက်
သော တော်လှန်ရေးတစ်ခုဖြစ်သည်။

CDM လှုပ်ရှားမှု၏ ရည်ရွယ်ချက်သည် ငြိမ်းချမ်းစွာ
ဖြင့် အဏာရှင်ယန္တရားကို အောက်ခြေမှဖြိုလှဲရန်
ဖြစ်သည်။ ထိခိုက်မှုအနည်းဆုံးဖြင့် အချိန်တို အတွင်းအာဏာရှင်ကို တိုက်ထုတ်ရန်ပင်ဖြစ်သည်။
တော်လှန်ရေး၏ ပင်မဒေါက်တိုင်တစ်ခုလည်း ဖြစ်သည်။

ထို့ကြောင့်...
နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ အသိအမြင်ခံယူ
ချက်ခိုင်မာရဲရင့်သော ဌာနဆိုင်ရာအသီးသီးမှ ဝန်
ထမ်းများ၊ တက္ကသိုလ်အသီးသီးမှကျောင်းသား
သမဂ္ဂများ၊ ဆရာသမဂ္ဂများ၊ အလုပ်သမား
သမဂ္ဂများ၊ နိုင်ငံ့အကျိုးပြုလူမှုရေး အသင်း အဖွဲ့များ အသီးသီးမှဦးဆောင်၍ ဝန်ထမ်းများ အားလုံး CDM လှုပ်ရှားမှုတွင်ပါဝင်ရန်
"ရုံးမတက်နဲ့ ရုန်းထွက်။"
"ဖိနပ်ထမ်းပြီး ရုံးကိုသွား အာဏာရှင်ရဲ့ကျေးကျွန်
များ။"
"ရုံးမတက်လည်း ဘာအရေးလဲ...
ပြည်သူတွေက ကျွေးမယ်ကျွေးမယ်။" စသော
ဆောင်ပုဒ်အမျိုးမျိုးဖြင့် သပိတ်စစ်ကြောင်းများ ပြုလုပ်စဉ်တစ်လျှောက်တွင်တိုက်တွန်းနိှုးဆော်ခဲ့
ကြသည်။

ထိုနှိုးဆော်မှုနှင့် နိုင်ငံရေးအသိအမြင်ကြွယ်သော ဝန်ထမ်းထု၏ တက်ကြွသော ပေါင်းစည်းမှုသည်
နိုင်ငံတစ်ဝှန်းလုံးတွင် အရှိန်အဟုန်ကောင်းသော
အရပ်ဘက် ဝန်ထမ်းများCDM လှုပ်ရှားမှုသည်
အကြမ်းဖက် ဖြိုခွင်းမှုများရှိနေသည့် ကြားမှပင်
ဖေဖော်ဝါရီလနှင့် မတ်လအတွင်း အားကောင်းစွာ
ပေါ်ပေါက်ခဲ့သည်။
သို့သော်...
စစ်အာဏာရှင် တိုက်ရိုက်ချုပ်ကိုင်သော
ပြည်ထဲရေးလက်အောက်ခံ ဌာနဆိုင်ရာများနှင့်
စစ်တပ်၊ ရဲတပ်ဖွဲ့၊ ကြက်ခြေနီ ၊မီးသတ် စသည့်
တပ်ဖွဲ့များမှ အနည်းငယ်သော ဝန်ထမ်းများမှ
တပါး အများစုသည် CDM တွင်ပါဝင်နိုင်ခြင်း
မရှိခဲ့ကြ။

မြန်မာလူထု၏ ယုံကြည်မှုသည် ဝန်ထမ်းအားလုံး
အထူးသဖြင့် စစ်တပ်၊ ရဲတပ်ဖွဲ့နှင့် ထွေအုပ်ကဲ့သို့
သော ဝန်ထမ်းများမြိုင်မြိုင်ဆိုင်ဆိုင်CDM လုပ်
ကြလျှင် Czechoslovakia (ချက်ကိုစလိုဗေး ကီးယား)နိုင်ငံတွင် (၁၉၈၉ )ခုနှစ်ကဖြစ်ပွားခဲ့သော
Velvet Revolution တွင် ၄င်းပြည်သူများက
ကွ န်မြူနစ်အာဏာရှင်စနစ်ကို Civil Disobedience Movement ဖြင့် တစ်လအတွင်းဖြုတ်ချခဲ့သလို မင်းအောင် လှိုင်စစ်တပ်၏အာဏာ သိမ်းမှုကို မအောင်မမြင် ဖြစ်စေရန် မျှော်လင််မိခြင်း
ဖြစ်သည်။ ခြားနားချက်သည် မြန်မာပြည်စစ်တပ်
သည် အကျင့်ပျက်မှု လွန်စွာလှိုက်စား၍ စီးပွားရေး
သားရဲမရဲစီးနေသော အဖွဲ့အစည်းတစ်ခုဖြစ်နေ
ခြင်းကြောင့် အားလုံး CDM ပါဝင်နိုင်မှူအားနည်း နေခဲ့ခြင်းဖြစ်သည် ဟူသောအချက်ဖြစ်သည်။

အခြားတစ်ဘက်တွင် CDM ၏အရှိန်အဟုန်ကို
ရပ်တန့်ရန် အာဏာရှင်လက်ကိုင်တုတ်များ၏
အပျော့စား ဖြားယောင်းခြိမ်းခြောက်ဖြိုခွဲမှုက
၂၀၂၁ ခုနှစ်ဧပြီလကုန်ခန့်တွင် CDM အင်အားကို ယိုင်နဲ့စေရန်ကြိုးစားလာသည်။ ထို့အပြင် ဌာနဆိုင်ရာဝန်ထမ်းများအကြား မိသားစုရေးရာ ဆက်နွယ်မှုများက CDM ကိုထိုးနှက်ခဲ့သည်။
ဥပမာ ...စစ်ဗိုလ်များ၏ ဇနီးသည်
များသည် ပညာရေး၊ကျန်းမာရေး ဝန်ထမ်းကဲ့သို့
ဝန်ထမ်းများဖြစ်နေ၍ CDM တွင် မပါဝင်နိုင်ခြင်း။
ဝန်ထမ်းများ၏ ဌာနတွင်းကြွေးမြီ ထောင်ခြောက်
များက ဝန်ထမ်းများ၏ CDM လှုပ်ရှားမှုကို တုံ့
ဆိုင်းစေသည်။ဥပမာ GEC ချေးငွေများ၊ဝန်ထမ်း
များကို ဂုတ်သွေးစုပ်နေသည့် ဘဏ်လုပ်ငန်းများ
နှင့်ဌာနတွင်း အတိုးပေးစားနေသူများ၏ချေးငွေ
များနှင့် ရာထူးတိုးအပြောင်းအရွှေ့ဆိုင်ရာ ဆွဲဆောင်မှုနှင့် မက်လုံးများကCDMကို
တိုက်ခိုက်ခဲ့သည်။
ဥပမာ ပညာရေးဌာနဖြင့် နမူနာပြရလျှင် "နင်က
B.Ed စာမေးပွဲဖြေရတော့မှာလေ၊(....)ရာထူး တိုး
တော့မှာလေ ဘာလို့ နံရံကိုခေါင်းနဲ့တိုက်မှာလဲ...
စသည်ဖြင့်။
စကစထောက်ခံသော အကြီးအကဲဆိုသူများမှ
အောက်ခြေဝန်ထမ်းများအပေါ်လူမှုရေးဆိုင်ရာ ချည်နှောင်မှုများ သည်စစ်အာဏာရှင်ကို ကျားကန် ပေးသည်။
ဥပမာ...
မင်းက မကြာခင်(.....)ဖြစ်မှာ။မင်းကိုငါက အကြီး
တစ်ယောက်အနေနဲ့ စေတနာနဲ့ပြောတာ။ မင်းရဲ့
မိသားစု ေရှ့ရေးကိုငါကပူပန်လို့ပြောတာ(တကယ်
တော့ ကိုယ့်မိသားစုဆိုတာကိုသူကသိ တောင်မသိ)။
ပင်စင်ကဲ့သို့သော အနာဂတ်မျှော်မှန်းချက်များ
ကိုတစ်ကိုယ်ကောင်းဆန်စွာ အလွန်အကျွံအာရုံ
စိုက်စေရန် ထိုသူတို့၏အသိဉာဏ်တွင် တစ်ဖို့တည်း ကြည့်ကြစေရန် သူတို့အချင်းချင်း အပြန်အလှန်အား
ပြုခဲ့ကြသည်။
ဥပမာ...နင်ကပင်စင်နီးပြီ ကိုယ့်ဘဝ ကိုယ်ကြည့်
နိုင်ငံရေးသမားဆိုသူတွေက နင်တို့ဘဝကိုအသုံး
ချနေတာ။ ကိုယ်ဖြစ်ကိုယ်ခံပဲနော် ။စသည်ဖြင့်...
တစ်ဖုံ။ ဝန်ထမ်းမိသားစုတစ်ဦးချင်းစီ၏ ပုဂ္ဂလိက
အခက်အခဲများနှင့် နည်းပါးလှသောလစာအပေါ်
အခြေခံထားသော ဝန်ထမ်းမိသားစုဘဝများက
CDM အဖြစ်ရပ်တည်ရန် ကြီးမားသော စိန်ခေါ်
မှုများအဖြစ် ရင်ဆိုင်ကြရသည်။ အခြားတစ်ဖက်
တွင် CDM ဝန်ထမ်းများအား အကြမ်းဖက်နှိမ်နင်း
မှုကြောင့် CDM အဖြစ်ရပ်တည်ရခြင်းသည် အင်မတန်မှခက်ခဲသည့့် တော်လှန်ရေးအခြေအနေ တစ်ရပ်ဖြစ်လာခဲ့သည်။

သို့သော်...
ထိုအခြင်းအရာများနှင့်ဆန့်ကျင်စွာ မိမိတို့ယုံ
ကြည်ချက်အတိုင်းရပ်တည်သည့် CDMဝန်ထမ်း လူတန်းစားသည် ယနေ့တော်လှန်ရေးကို မောင်းနှင်သည့်Driving Force တစ်ခုဖြစ် သည်ဆိုသည်ကို ငြင်းချက်ထုတ်ရန်လိုမည်
မထင်ပေ။
ထိုသူများတွင်မှ လေးလေးနက်နက် စဉ်းစား၍
ေကျးဇူးတင်စရာ လေးစားအားကျစရာ CDM လုပ်သူများကို ကျတော်တို့ အလေးပေးဂုဏ်ပြု
ရန် သတိမမူမိဖြစ်နေကြသည်။

မိမိကိုယ်တိုင်နှင့် မိမိခင်ပွန်း သို့မဟုတ်ဇနီးသည်က စစ်တပ်အသိုင်းအဝိုင်းဖြစ်နေသော်လည်း မိသားစု
တစ်ကွဲတစ်ပြားစီဖြစ်၍ အချို့ အိမ်ထောင်များပြို
ကွဲ၍ အချို့အသက်သေဆုံးသည့်တိုင်အောင်
CDM ပါဝင်သူများ၏ သတ္တိကို အားကျရသည်။
မိမိအသက်အရွယ်အရ ပင်စင်နီးသူဖြစ်၍ မိမိဘဝ
အာမခံချက်ကို ဆုပ်ကိုင်ထား၍ရနိုင်သည့်တိုင်
အောင် CDM တွင်ပါဝင်၍ မိမိတို့ မျိုးဆက်သစ်
အတွက် အနစ်နာခံဝံ့သည့် နာယကဂုဏ်ပြည့်ဝသူ
များသည် ဒီမိုကရေစီ အရေးတော်ပုံ၏ စံပြ
ပုဂ္ဂိုလ်များဖြစ်သည်။ ဥပမာအားဖြင့် ဖော်ပြရ လျှင်ကျတော်သိသော ကျတော်တို့တိုက်ကြီးမြိုမှ ပင်စင်နီး မူလတန်း ကျောင်းအုပ်ဆရာမကြီး တစ်ဦးဆိုလျှင် သူနေသည့်တော်လတီနယ်မြေ
သည် မြို့နှင့်အနည်းငယ်ဝေးကွာသည့်တိုင်အောင် စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်စစ်ကြောင်း ကာလတစ်လျှောက် နေ့တိုင်းလမ်းလျှောက် ပါဝင်၍သူ၏ ယုံကြည်မှုကို သက်သေပြသလို
CDMအဖြစ်ဆက်လက်ရပ်တည်၍ စစ်အာဏာရှင်
အောက်ကို ဒူးမထောက်ခဲ့ပေ။
"ငါတို့ကပင်စင်နီးပြီ" ဆိုပြီး KTV မှာအပမ်း ဖြေ နေသူပင်စင်နီး Non CDMပုဂ္ဂိုလ်ကြီးများကို အရှက်ရစေအောင် ရဲရင့်လှသည့် အထက်ဖော်ပြ
ပါပင်စင်နီး CDM ဝန်ထမ်းကြီးများ၏ သတ္တိနှင့် ယုံကြည်မှုကိုလေးစား ဦးညွှတ်ရပါသည်။

CDM တိုင်းသည် စစ်အာဏာသိမ်းကာလတွင်
ဘဝရပ်တည်မှုခက်ခဲကြသည်။မိမိတို့မိသားစုနှင့်
မိမိပိုင်ဆိုင်မှူစည်းစိမ်ချမ်းသာအားလုံးကို စွန့်လွှတ်
၍ မိမိယုံကြည်ရာကို ရဲဝံ့စွာလုပ်ဆောင်သူများ
ဖြစ်၍ CDM အားလုံးသည် တော်လှန်ရေး၏
အရေးကြီးသော အစိတ်အပိုင်းဖြစ်သည်။

သို့သော် အထက်ပါ ပင်စင်နီး ပုဂ္ဂိုလ်များနှင့်
စကစနှင့် မိသားစုအရပတ်သက်ကြရသော်လည်း
CDM လုပ်သူတို့သည်ပို၍ ဂုဏ်ပြုထိုက်သည်ဟု အဆိုပြုလျှင် မှားမည်မထင်ပေ။

ထို့ထက်ပို၍ လေးစားဂုဏ်ပြုသင့်သော CDM
လုပ်သူများ ရှိနေပါသည်။ ထိုသူတို့သည် CDM
ဟူ၍ အမည်မခံကြ ။ သို့သော် သူတို့နိုင်သည့်
ဘက်မှ CDM အလုပ် ကိုလုပ်၍ စကစ၏ အတွင်းစည်းမှ စကစကို အနီးကပ် တော်လှန်နေ သူများပင် ဖြစ်သည်။
ထိုသို့သော CDM များပိုများလာသည့်နှင့်အမျှ
ပြည်သူ့အာဏာကို အကြမ်းဖက်လုယူထားသော
စစ်အာဏာသိမ်း အုပ်စုအလျှင်အမြန်ပြိုလဲမည်
ဖြစ်သည်။

အရေးတော်ပုံ မုချအောင်ရမည်။

(ကျတော်လေးစားရသော ကျတော်တို့မြို့မှ
ပင်စင်နီးဆရာမကြီး ကဲ့သို့ အခြားသော
ပင်စင်နီး CDM ဆရာကြီး၊
ဆရာမကြီးများနှင့် အခြားဌာနဆိုင်ရာ
များမှ ပင်စင်နီး CDM အရာထမ်းအမှုထမ်းများ
အားလုံးကို ဤဆောင်းပါးဖြင့် လေးစားဦးညွှတ်
ဂုဏ်ပြု ပါသည်။🙏🙏🙏)

ဇင်လင်းမြင့် (16.2.2022)

06/02/2022

https://www.facebook.com/385165108587508/posts/1419127421857933/

ပြည်ထောင်စု သီချင်းဆိုပြိုင်ပွဲတွင် တိုင်း/ပြည်နယ်ကိုယ်စားပြု အဆိုရှင်များကို ဝန်ထမ်းတိုင်း မဲပေးရမည်ဟု စစ်ကောင်စီက အမိန့်ထုတ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

စစ်ကောင်စီက စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျင်းပသော သီချင်း ဆိုပြိုင်ပွဲတွင် တိုင်းနှင့်ပြည်နယ်ကိုယ်စားပြု ယှဉ်ပြိုင်သူ အဆိုရှင်များကို သက်ဆိုင်ရာ တိုင်း/ပြည်နယ်များမှ ဝန်ထမ်းတိုင်းက မဖြစ်မနေ မဲပေးရမည်ဟု အမိန့် ထုတ်ထားကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်းကိုယ်စားပြု၍ ယှဉ်ပြိုင်သော ဝါသနာရှင် မခင်သက်တင်(ရေဂျီးနား)ကို စစ်ကိုင်းတိုင်းအတွင်းမှ ဝန်ထမ်းများအားလုံးက မဖြစ်မနေ မဲပေးရမည်ဟု စစ်ကောင်စီဘက်က အမိန့်ထုတ်ထားကြောင်း။ အလားတူ အခြားသော ပြည်နယ်တိုင်းများတွင်လည်း ကိုယ်စားပြု ယှဉ်ပြိုင်သူများကို မဲပေးရန် အမိန့်ထုတ်ထားကြောင်း သိရှိရသည်။

"ဌာနဆိုင်ရာတွေကို မဖြစ်မနေ Vote လုပ်ရမယ့်သဘောနဲ့ ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ပြန်လည်တင်ပြပါဆိုပြီး ခိုင်းတာတွေက တကယ်တော့ ဆိုးလွန်းပါတယ်။ အဆိုပြိုင်ပွဲတစ်ခုမှာ ဒီလိုနည်းလမ်းနဲ့ အနိုင်ရအောင် လုပ်တာဟာ မတရားဘူးလို့ မြင်ပါတယ်။ စစ်ကောင်စီအောက်မှာ ပြည်သူ့အတွက် တာဝန်ထမ်းဖို့ ကျန်ခဲ့တာပါဆိုပြီး အခုတော့ ထွေ/အုပ်ခိုင်းတာကို ဖုန်းဘေလ်အကုန်ခံပြီး သီချင်းဆိုပြိုင်ပွဲမှာ မဲပေးခိုင်းတယ်။ မဲမသမာလို့ အာဏာသိမ်းတဲ့ စစ်ကောင်စီက သီချင်းဆိုပြိုင်ပွဲတောင် ဒီလူပဲ မဲပေးပါဆိုပြီး လုပ်နေတာဟာသပဲ" ဟု ဝန်ထမ်းတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီသည် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားကို ငွေကျပ် ဘီလီယံချီအကုန်အကျခံ၍ ဗိုလ်ရှုခံဖြင့် မင်းအောင်လှိုင်ကို အလေးပြုရန် ပြင်ဆင်လျက်ရှိသည်။

04/02/2022

https://www.facebook.com/109386154653912/posts/267250738867452/

သမိုင်းလှကြသူများ
*

နွေဦး၌ ပန်းချိုးသူတို့သည် မြေဆီလွှာကို အဆိပ်ခတ်၍ ပန်းမပွင့်ရကောင်းလားဟူသော စွပ်စွဲချက်ဖြင့် ဉယျာဉ်မှူးကို ဖမ်းဆီး ချုပ်နှောင်လိုက်ကြသည်။ ပန်းတို့ကို အကျဉ်းချပြီးမှ လွတ်လပ်ခွင့်ကြောင်း မိန့်ဆိုနေကြသူတို့က မိမိကိုယ်ကို ပန်းပျိုးသူဟု အရှက်မဲ့စွာ ကင်ပွန်းတပ်လိုက်ကြသည်။ မည်သို့ဆိုစေ ပန်းများကမူ ပန်းပျိုးသောလက်နှင့် ပန်းချိုးသောလက်ကို ကောင်းစွာ ပိုင်းခြားနိုင်ခဲ့ကြသည်။ ဤသို့ဖြင့် နိုင်ငံတော်ဉယျာဉ်အတွင်း မိဘမဲ့သွားသော ပန်းတို့သည် ပန်းချိုးသောလက်များကို အတိအလင်း ဆန့်ကျင်လာခဲ့ကြသည်မှာ တစ်နှစ်တာ ကာလသို့ ရောက်ရှိလာခဲ့ပြီလည်း ဖြစ်ပါသည်။

လွတ်လပ်မှုကို မြတ်နိုးသော၊ လောကကို အလှဆင်လိုသော ပန်းတို့သည် အဆိပ်သင့်သွားသောမြေလွှာကို သန့်စင်ဖို့ အားထုတ်လာခဲ့ကြသည်။ အဆိပ်သင့်သောလက်၊ ပန်းချိုးသောလက်တို့ကို ခိုင်မြဲသောလက်များဖြင့် ဆန့်ကျင်လာကြသည်။ လမ်းဖျောက်သူကို လမ်းဖောက်၍ လမ်းလျှောက်လျက် ဆန့်ကျင်လာကြသည်။ အလှကို ဖန်တီးလိုသော ပန်းတို့သည် အလှတရားကို ခံစားမျှဝေ‌တတ်သော နှလုံးသားများဖြင့် အဓမ္မဖုံးလွှမ်းခြင်းခံထားရသော အမှန်တရားကို ပြန်လည် ဖော်ဆောင်လာနေကြသည်။

မကြာမီ အကြင်ပန်းတို့သည် အမှန်တရားကို ဖူးပွင့်ပေးကြပေလိမ့်မည်။ လွတ်လပ်မှုရနံ့ သင်းစေကြလိမ့်မည်။ နွေဥဩ၏ တွန်သံသာကို ခံစားတတ်လာစေလိမ့်မည်။ ရိုးတံပြိုင်းပြိုင်းထက်မှ တစ်ဖန် နိုးထရှင်သန်လာသော ပုရစ်ဖူးနုများကို အလှဆင်လာကြလိမ့်မည်။ ပန်းချိုးသော လက်အပေါင်းတို့၏ အန္တရာယ် ရန်စွယ်ဟူသမျှကို ချိုးဖျက်ပေးကြလိမ့်မည်။ ပန်းဈေးခင်း၌ အရောင်အသွေးစုံသော ပန်းတို့ဖြင့် ပွဲလယ်တင့်လာစေလိမ့်မည်။ ပေးဆပ်ခြင်း၊ စွန့်လွှတ်အနစ်နာခံခြင်းတို့ဖြင့် လှပသော အနာဂတ်ကို ပုံဖော်လာကြလိမ့်မည်။

ပန်းတို့သမိုင်း မရိုင်းခဲ့တကား။
*

သမိုင်းဆိုတာ လွယ်လွယ်နှင့် လက်မလျော့တတ်သူတွေအကြောင်းကိုပဲ တခုတ်တရ ပြန်ပြောင်း ပြောတတ်ကြခြင်းဟု မိတ်ဆွေတစ်ယောက် ပြောတာ သတိရမိသည်။ ကျွန်တော်သည်လည်း နွေဦးတော်လှန်ရေး၌ လွယ်လွယ်နှင့် နောက်မဆုတ်တတ်သူတွေကို နှလုံးသားထဲမှာ မှတ်တမ်းတင်မိပါသည်။ အလုပ်စွန့်သွားကြသူများ၊ ဘဝစွန့်သွားကြသူများ၊ ဥစ္စာစွန့်သွားကြသူများဖြင့် နွေဦးတော်လှန်ရေးသည် အရှိန်အဟုန်ဖြင့် ဆက်လက်စီးဆင်းနေဆဲ ဖြစ်သည်။ ရယူခြင်းထက် ပေးဆပ်ခြင်း၌ မွေ့လျော်သော နှလုံးသားများကို နွေဦးမှာ အထင်အရှား တွေ့မြင်နေရသည်။ အနှစ်နှစ်အလလက မမြင်မတွေ့ခဲ့ရသော 'မျှဝေခံစားတတ်ခြင်း'အလှတရားတို့ နှလုံးသားတိုင်းမှာ လှိုင်လှိုင်ဖူးပွင့်လာခဲ့ကြပြီလဲ ဖြစ်ပါသည်။ ထိုသို့သော သမိုင်းရေးထိုးကြသူများကို ကျွန်တော် လေးစားဦးညွှတ်နေမိပါသည်။ နွေဦးသည် လွယ်လွယ်နှင့် နောက်မဆုတ်တတ်သူတို့၏ သမိုင်းစာမျက်နှာများဖြင့် တင့်တည်နေသည်ဟု ကျွန်တော် ယုံကြည်နေမိသည်။

"တို့က အဖြူနဲ့အစိမ်း ဝတ်သွားတယ်လေ။ သူတို့ ဒီလိုလုပ်မှာ မဟုတ်ပါဘူး" (ဆရာမကြီးဒေါ်တင်နွဲ့ရီ)

"မိန်းမ ငါ့လို မသွားတဲ့သူတွေများလာရင် ဒီမိုကရေစီ မရဘဲနေမယ်" (ကိုချစ်မင်းသူ)

"အကောင်းတိုင်း ပြန်လာမယ်လို့ အာမ မခံနိုင်တဲ့ လမ်းကို သွားတဲ့အခါ နှောင်ကြိုးတွေက ခွင့်လွှတ်ပေးပါ" (မသဉ္ဇာဟိန်း)

"ဆန္ဒ ထွက်ပြတာ အမေ မသိစေနဲ့နော်" (ကိုဟိန်းသန့်)

သူတို့သည်ကား သဘာဝတရားအရ ကြွေခဲ့ကြရခြင်း မဟုတ်။ သူတို့သည် လူ့နှလုံးသားမရှိ‌သူတို့၏ ရက်ရက်စက်စက် ခြွေချခံလိုက်ရခြင်းသာ ဖြစ်၏။ သူတို့သည် အမှန်တရားအတွက် အသက်ကို ရင်းပြီး တိုက်ပွဲဝင်ခဲ့ကြသော နွေဦးသူရဲကောင်းများ ဖြစ်၏။ သူတို့သည် အာဏာရှင်လက်အောက် ဒူးမထောက် လက်မမြှောက်ခဲ့ကြသူများ ဖြစ်၏။ သူတို့သည် ကမ္ဘာမြေပေါ်မှ ကြွေလွင့်သွားခဲ့ကြသော်လည်း ကမ္ဘာမြေတလွှား ထာဝရရှင်သန်ခြင်းမှတ်တိုင်ကို ရေးထိုးစိုက်ထူခဲ့ကြသူများ ဖြစ်၏။ သူတို့သည် မိမိအနာဂတ်ထက် တိုင်းပြည်အနာဂတ်ကို ဦးထိပ်ပန်ဆင်ထားသူများ ဖြစ်၏။

မြန်မာ့နွေဦးတော်လှန်ရေးခရီးကြမ်းမှာ ‌ရိက္ခာရဖို့ထက် လိပ်ပြာလှဖို့ကို အလေးထားကြသူများ၊ ရယူခြင်း သင်ခန်းစာထက် ပေးဆပ်ခြင်း သင်ခန်းစာကို ခင်တွယ်ထားကြသူများ၊ ကြွေမှာမကြောက်သလို ခြေရာလဲ မဖျောက်ခဲ့ကြသူများက သမိုင်းသစ်ရေးထိုးလျက် ရှိနေကြသည်။ မဝေးတော့သောအနာဂတ်မှာ လမ်းဖောက်သူဖောက်၊ လမ်းလျှောက်သူလျှောက်ရင်း လမ်းပေါက်၍ ပန်းတိုင် ရောက်လာတော့မည်လည်း ဖြစ်ပါသည်။

ပေးဆပ်သူတို့ လျှောက်သောလမ်း၌ အောင်ပန်းတို့ ဆင့်ကြိုနေပေလိမ့်မည်။ ရောင်နီမှာ အောင်စည်သံတွေ ရွမ်းနိုင်ပေလိမ့်မည်။ သို့သော် ကျွန်တော်တို့ နှလုံးသားချင်း ကျောချင်းကပ်ထားကြဖို့တော့ လိုပေလိမ့်မည်။ ကျွန်တော်တို့ ရင်ဘတ်တွေ ထပ်တူကျနေဖို့တော့ လိုပေလိမ့်မည်။
*

လူတို့သည် ကိုယ့်သမိုင်း ကိုယ်ရေးကြရပါသည်။ သို့သော် ကိုယ်ရေးသည့်သမိုင်းသည် လူ့သမိုင်းမှာ မရိုင်းစေဖို့တော့ လိုပါလိမ့်မည်။ ဤတွင် အချိန်အခါမရွေး ကိုယ်တိုင် ပြန်ဖတ်ချင်‌စေသော သမိုင်းစာမျက်နှာများကို ရေးထိုးနိုင်ခဲ့ဖို့တော့ လိုမည်ဟု ကျွန်တော် ထင်မြင်မိပါသည်။

သေချာသည်က ကျွန်တော်တို့ လူ့အသိုင်းအဝိုင်းသည် သမိုင်းကောင်းခဲ့ကြသူတွေကိုသာ အောက်မေ့တသလေ့ရှိကြခြင်းပဲ ဖြစ်ပါသည်။ ။

ကလောင် - နွေဦးမောင်

#ပညာရေးဆောင်းပါးကဏ္ဍ

စစ်ကောင်စီလက်ကိုင်တုတ် Non CDM ဝန်ထမ်းများအား အပြစ်ပေးအရေးယူမည်ဟု NUG ထုတ်ပြန် 04/02/2022

https://www.facebook.com/191574990881009/posts/5229337253771399/

စစ်ကောင်စီလက်ကိုင်တုတ် Non CDM ဝန်ထမ်းများအား အပြစ်ပေးအရေးယူမည်ဟု NUG ထုတ်ပြန် စစ်ကောင်စီလက်ကိုင်တုတ် ပညာရေး Non CDM ဝန်ထမ်းတွေရဲ့ CDM ဆရာ၊ ဆရာမ ဝန် ထမ်းတွေအပေါ် ကျူးလွန်မှုတွေကို စာသက်သေ၊ အသံဖ...

19/01/2022

https://www.facebook.com/103993475075125/posts/314905543983916/

" အရေးပေါ်ကြေညာချက် "

စာအမှတ် - ၀၀၁ /BEWU-SC/ BEGSC/၂၀၂၂ ရက်စွဲ။ ။ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၁၇)ရက်


ကျွန်ုပ်တို့ အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ(BEGSC)၏ ဗဟိုကော်မတီ ဝင်များဖြစ်ကြသော ဆရာဦးနောင်ထက်အောင်၊ ဆရာမဒေါ်သက်ဆုလှိုင်နှင့် ဆရာဦးနိုင်းသီဟကျော် အပါအဝင် မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကိုရန်ပိုင်စိုးတို့သည် ၂၀၂၁ခုနှစ် ၊ အောက်တိုဘာလ(၃၁)ရက်နေ့ ည(၁၀) နာရီခန့်တွင် အကြမ်းဖက်စစ်တပ်၏ မတရားဖမ်းဆီးခြင်းခံခဲ့ရသည်။ ထို့နောက် မန္တလေးနန်းတွင်း စစ်ကြောရေးတွင်စစ်ဆေးနေသည်ဟု နောက်ဆုံးကြားသိရပြီး ယနေ့အချိန်ထိ အဆက်အသွယ်မရ ၊ သတင်း မကြားရသည်မှာ ရက်ပေါင်း (၇၇)ရက် ရှိနေပြီဖြစ်သည်။

ယခုအခါတွင် နန်းတွင်းစစ်ကြောရေးတွင် မတရားဖမ်းဆီးခံ ခေါင်းဆောင်တစ်ဦး၏ စအိုကို တံကျဉ်လျှို၍ ညှင်းပန်းနှိပ်စက်နေသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိပြီး ကျွန်ုပ်တို့ အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီနှင့် အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများ တိုက်ပွဲဦးဆောင်ကော်မတီအနေဖြင့် ရဲဘော်များ၏ အသက်အန္တရာယ်အတွက် လွန်စွာစိုးရိမ်ပူပန်လျက်ရှိပါသည်။

အကြမ်းဖက်စစ်တပ်သည် လူ့အခွင့်အရေးချိုးဖောက်မှုများစွာကို မြန်မာနိုင်ငံတဝန်းလုံးတွင် ပြောင်ပြောင် တင်းတင်း ကျူးလွန်လုပ်ဆောင်လျက်ရှိနေပြီး အဆိုပါလုပ်ရပ်များနှင့် အကျဉ်းထောင် ၊ စစ်ကြောရေးများတွင် လူမဆန်သော လူ့အခွင့်အရေး ချိုးဖောက်စစ်ဆေးမှုများကို ကျွန်ုပ်တို့အနေဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချလိုက်သည်။

သို့ဖြစ်၍ လူ့အခွင့်အရေးဆိုင်ရာ အစုအဖွဲ့များ ၊ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် စစ်ကြောရေးနှင့် အကျဉ်းထောင်တွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုများအတွက် ထိရောက်သော တုန့်ပြန်ဆောင်ရွက်မှုများ အမြန်ဆုံး လုပ်ဆောင်ပေးပါရန် တိုက်တွန်းအပ်ပါသည်။

အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများ တိုက်ပွဲဦးဆောင်ကော်မတီ

09/01/2022

https://www.facebook.com/216265185075061/posts/5178882995479897/

CDM စာရင်းကောက်မည်ဟု ပျံ့နှံ့နေသည့် ညွှန်ကြားစာများ ပဟေဠိဖြစ်နေ
--------------------
CDM ပြုလုပ်ထားသူများ နှင့် CDMပြုလုပ်၍ အလုပ်မှထုတ်ပယ်ခြင်း ခံရသူများ၏ ကိုယ်ရေးအချက်အလက်များ ကောက်ခံရန် ညွှန်ကြားသည် ဆိုသောစာများ လူမှုကွန်ရက်တွင် ပျံ့နှံ့နေပြီး ထိုစာသည် ဝန်ထမ်းများအကြား ပဟေဠိဖြစ်နေသည်။

CDM ပြုလုပ်ခဲ့၍ ထုတ်ပယ်ခဲ့သူများ၏ ကိုယ်ရေးအကျဉ်းများ၊ CDM ပြုလုပ်ဆဲ ဝန်ထမ်းများ၏ ကိုယ်ရေးအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီးရုံးသို့ ဇန်နဝါရီလ ၉ ရက်နေ့ နောက်ဆုံးထားတင်ပြရန်ဟု ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်း လက်မှက်ထိုးထားသည့်
ဇန်နဝါရီလ ၇ ရက် ရက်စွဲပါ စာတွင် ဖော်ပြထားသည်။

သို့သော် အဆိုပါ ညွှန်ကြားရေးမှူး လက်အောက်တွင် အလုပ်လုပ်ကိုင်နေဆဲဖြစ်သည့် ဆရာဝန်တစ်ဦးက ယင်းညွှန်ကြားထုတ်ပြန်စာမျိုး ၎င်းတို့၏ရုံးမှာပင် မမြင်၊ မတွေ့ဖူးကြောင်းနှင့် ကြားသိခြင်းမရှိဟုဆိုသည်။

သို့သော်လည်း ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ CDMပြုလုပ်နေဆဲဖြစ်သည့် ပညာရေးဝန်ထမ်းများ၏ ကိုယ်ရေးအချက်အလက် များကို ဇန်နဝါရီလ ၁၀ရက် နောက်ဆုံးထားကာ တိုင်းပညာရေးမှူးရုံးသို့ ပြန်လည်တင်ပြပေးရန် မြို့နယ်ပညာရေးမှူးရုံး အသီးသီးသို့ စာထုတ်တောင်းခံထားသည်ကိုလည်း လူမှုကွန်ရက်တွင် တွေ့ရသည်။

တိုင်းပညာရေးမှူးရုံး၏ ဇန်နဝါရီလ ၇ ရက် ရက်စွဲပါ အကြောင်းကြားစာတွင် မြို့နယ်အသီးသီးမှ CDMပြုလုပ်နေဆဲ သင်ကြားရေးဝန်ထမ်းများ၊ ရုံးဝန်ထမ်းများနှင့် တာဝန်မှ ယာယီရပ်ဆိုင်း ထုတ်ပယ်ထားသည့် ဝန်ထမ်းများ၏ ကိုယ်ရေးအချက်အလက်များ စုစည်းပေးပို့ရန် ညွှန်ကြားထားခြင်းဖြစ်သည်။

အလားတူ ရှမ်းပြည်နယ်၊ တောင်ကြီးတက္ကသိုလ်တွင်လည်း ထိုကဲ့သို့ ကိုယ်ရေးကိုယ်တာ အချက်အလက်များကောက်ယူရန်အတွက် တောင်းခံထားကြောင်းကိုလည်း မဇ္ဈိမက စုံစမ်းသိရသည်။

တောင်ကြီးတက္ကသိုလ်က CDM ပြုလုပ်နေဆဲ ဆရာ၊ ဆရာမများနှင့် တာဝန်မှ ယာယီရပ်ဆိုင်း ထုတ်ပယ်ထားသည့် ဝန်ထမ်းများ၏ ကိုယ်ရေးအချက်အလက်များ စုစည်းပေးပို့ရန် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်က ညွှန်ကြားထားခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများ၏ စာရင်းကို ဇန်နဝါရီလ ၁၀ ရက် နောက်ဆုံးထားကာ တောင်းခံနေကြောင်း တောင်ကြီးတက္ကသိုလ် စီမံဌာနထံမှ သိရသည်။

''ဆရာ၊ ဆရာမတွေရဲ့လိပ်စာနဲ့တကွ ပြုစုပြီး ၁၀ ရက်နေ့ ပို့နိုင်ဖို့ ပြင်ဆင်နေတာပါ။ လိုက်ဖမ်းပြီး အရေးယူဖို့ သက်ဆိုင်ရာ တပ်နယ်တွေကို ညွှန်ကြားမယ်ထင်ပါတယ်။ CDM ဆရာ၊ ဆရာမတွေကတော့ရှောင်နိုင်ရင်ကောင်းမယ် ။ လိပ်စာမှာ နီးတဲ့တပ်တွေကို ဖြန့်လိုက်ရင် ရှာရလွယ်တယ်လေ ''ဟု အမည်မဖော်လိုသည့် တက္ကသိုလ် အ၀န်းအဝိုင်းနှင့်နီးစပ်သူ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

တောင်ကြီးတက္ကသိုလ်တွင် လက်ရှိ CDM ဆရာ၊ ဆရာမ ဦးရေ ၂၀၀ ကျော်ရှိပြီး အများစုမှာ အိမ်ပြန်ကောက်စိုက်ခြင်း၊ ခြံလုပ်ငန်းလုပ်ကိုင်ခြင်းနှင့် အချို့မှာလည်း ပြင်ပတွင် ရရာအလုပ်များ ထွက်လုပ်ကြကြောင်း၊ လက်ရှိတောင်ကြီးတက္ကသိုလ်မှာ ဖွင့်ထားသော်လည်း တတ်ရောက်သူ ဦးရေ အင်မတန်နည်းပါးကြောင်း အဆိုပါ သတင်းရင်းမြစ်က ထပ်လောင်းပြောဆိုသည်။

ပညာရေးဌာနတွင် CDM ပြုလုပ်၍ အလုပ်ထုတ်ပယ်ခံထားရသည့် ဆရာမတစ်ဦးက '' အသံတွေ ဟိုလို ဒီလို ကြားတော့ မက်ဆင်ဂျာ ကျောင်းဂရုတွေထဲကနေ ထွက်တာတို့ ပို့ထားတဲ့စာတွေ ပြန်ဖျက်တာတို့ လုပ်ထားရတာပေါ့။ ရှောင်တာရှားတာတွေလည်း လုပ်မှ မလုပ်နိုင်တာ ဖြစ်လာတော့လည်း ဘယ်တတ်နိုင်မလဲ။ အခုက သတင်းကြားတယ်ဆိုတာကလည်း အွန်လိုင်းကပဲ ဟိုလူပြော ဒီလူပြော တွေ့တာပေါ့။ ရပ်ကွက်ထဲ လမ်းထဲမှာ ကြုံရတာ ဘာမှမရှိပါဘူး''ဟု ပြောသည်။

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


Yangon