Behs2-tggso

Behs2-tggso

Share

B.E.H.S (2) Thingangyun Students' Union

08/08/2023

“မပြီးဆုံးသေးတဲ့ ၈ လေးလုံး
လူထုလွတ်မြောက်ရေး ဒို့အတူရုန်း”

ဗကသများအဖွဲ့ချုပ်
#ဗကသ #8888 #၈၈၈၈

16/01/2023

"သင်္ဃန်းကျွန်းမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) မှ အမှုဆောင်အသစ်များ ပြန်လည်ဖွဲ့စည်းခန့်အပ်ကြောင်းကြေညာခြင်း"

20/11/2022

မိဘပြည်သူများခင်ဗျာ

ကျွန်တော်တို့ ဗကသများအဖွဲ့ချုပ်၀င် ကျောင်းသားသမဂ္ဂရဲဘော်‌တွေအနေနဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းချိန်မှစ၍ ယနေ့အချိန်အထိ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလုပ်ငန်းများနဲ့ စစ်အာဏာရှင်စနစ်ကြောင့် ဒုက္ခရောက်ရတဲ့ ပြည်သူများရဲ့ အခက်အခဲများကို ကူညီပေးတဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို နည်းမျိုးစုံနဲ့ လုပ်ကိုင်လျက်ရှိကြပါတယ်။

ယခုအခါ အကြမ်းဖက်စစ်တပ်က ဦးပိုင်ကုမ္ပဏီနဲ့ အကျိုးစီးပွားတူပူးပေါင်းပြီး မရမ်းကုန်းမြို့နယ် (၃)ရပ်ကွက်၊ ကံသာဇေယျုံလမ်းရှိ အိမ်ခြေ ၁၀၀ ကျော်ကို ကျူးကျော်လို့ အကြောင်းမဲ့စွပ်စွဲကာ အင်အားသုံးဖျက်ဆီးခဲ့တာ‌ကြောင့် အပြစ်မဲ့ပြည်သူများစွာ အိုးမဲ့အိမ်မဲ့ဘ၀ကို ရောက်ရှိခဲ့ရပါတယ်။

မိမိတို့ ဗကသများအဖွဲ့ချုပ်၀င် ကျောင်းသားသမဂ္ဂရဲဘော်တွေအနေနဲ့ ဖက်ဆစ်စစ်တပ်ရဲ့လုပ်ရပ်ကို ဆန့်ကျင်ပြီး အိုးမဲ့အိမ်မဲ့ဖြစ်သွားရတဲ့ ပြည်သူများကို ထောက်ပံ့ကူညီဖို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနဲ့ ချိတ်ဆက်လုပ်ဆောင်သွားမှာဖြစ်တာကြောင့် ရန်ပုံငွေနည်း/များမဆို သမဂ္ဂပြန်ကြားရေးစာမျက်နှာသို့ ဆက်သွယ်ပြီး ပါ၀င်လှူဒါန်းနိုင်ရန် နှိုးဆော်လိုက်ရပါတယ်။



#ရန်ပုံငွေကောက်ခံခြင်း

Photos from Behs2-tggso's post 16/11/2022

ရန်ကုန်တွင် "အမျိုးသားခွပ်ဒေါင်းအလံတော်အားအမြင့်မားဆုံးလွှင့်ထူကြစစ်အာဏာရှင်စနစ်ကိုအမြစ်ပြတ်ခြေမှုန်းကြ" ပါဘန်နာစာသားကိုင်ဆောင်ကာ သပိတ်အင်အားစုများချီတက် ဆန္ဒပြ

ရန်ကုန်၊ နိုဝင်ဘာ ၁၆

ရန်ကုန်တွင် "အမျိုးသားခွပ်ဒေါင်းအလံတော်အားအမြင့်မားဆုံးလွှင့်ထူကြစစ်အာဏာရှင်စနစ်ကိုအမြစ်ပြတ်ခြေမှုန်းကြ" ပါဘန်နာစာသားကိုင်ဆောင်ကာ မရမ်းကုန်းမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) ၊ရန်ကုန်ရဲ့သူပုန်များသပိတ်ကော်မတီ-YRSC၊ပုဇွန်တောင်ဗိုလ်တထောင်လူငယ်များသပိတ်ကော်မတီ(PBYSC)၊သင်္ဃန်းကျွန်းမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ လှိုင်သာယာမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ(လသယအကသ)၊Burma Youth Revolutinory Force (BYRF)၊ဗမာ့လူငယ်ကွန်ရက်(ဗ.လ.က) သပိတ်အင်အားစုများပူးပေါင်း၍ရန်ကုန်မြို့တစ်နေရာတွင်သပိတ်မှောက် ချီတတ်ဆန္ဒပြခဲ့ကြသည်။


#သတင်းနှင့်ပြန်ကြားရေး

Photos from Behs2-tggso's post 31/10/2022

အကြောင်းအရာ။ ။လှူဒါန်းငွေများအားရှင်းလင်းတင်ပြခြင်း။

ဩဂုတ်လ ၁ ရက်နေ့မှစ၍ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုများအဓွန့်ရှည်တည်တံ့ရေးအတွက်ပြည်သူအပေါင်း ပါဝင်လှူဒါန်းခဲ့သော အလှူငွေများအနက်မှ အ.ထ.က(၂)သင်္ဃန်းကျွန်းကျောင်းသားသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)အနေဖြင့် "208,000" ကျပ်၊ သင်္ဃန်းကျွန်းမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)အနေဖြင့် မြေပြင်လှုပ်ရှားမှုများနှင့် ထောက်ပို့လုပ်ငန်းစဉ်များတွင် "359,000" ကျပ်ဖြင့် စုစုပေါင်း "567,000" ကျပ်တို့အားလိုအပ်ရာနေရာများသို့ ပံ့ပိုးကူညီနိုင်ခဲ့ပါသည်။

▪️Certificate မရရှိသော လှူဒါန်းငွေများမှာ မြေပြင်သမားများ နှင့် ဖုန်းဘေလှူဒါန်းခြင်းတို့တွင် ထောက်ပံ့ခဲ့ခြင်း ဖြစ်ပါသည်။
ထိုလှူဒါန်းငွေကိစ္စနှင့် စပ်လျဉ်း၍ ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်ခဲ့ပါက သင်္ဃန်းကျွန်းမြို့နယ်ကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ တာဝန်ယူ၍ ဖြေရှင်းပေးသွားမည်ဖြစ်သည်။

အ.ထ.က(၂)သင်္ဃန်းကျွန်းအလုပ်အမှုဆောင်အဖွဲ့

29/10/2022

ထောင်ဝင်စာ ပြန်ဖွင့်ပြီ

အောက်တိုဘာ ၂၉၊ အိုးဝေ

အကျဉ်းထောင်တွေမှာ ထောင်ဝင်စာပို့ခွင့်တွေ နှစ်ပတ်အကြာ ပိတ်ထားပြီးနောက် အောက်တိုဘာ ၃၁ ရက်နေ့မှာ အကျဉ်းဦးစီးဌာနက ထောင်ဝင်စာပို့ခွင့်တွေ ပြန်လည်ခွင့်ပြုပေးမယ်လို့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ဝင်စာပို့ပေးနေသူတွေထံက သိရပါတယ်။

"၃၁ ရက်နေ့ ထောင်ဝင်စာပြန်ဖွင့်မယ်လို့ သာယာဝတီက ဖုန်းဆက်လှမ်းပြောတယ်။" လို့ သာယာဝတီထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတဦးရဲ့ မိခင်က အိုးဝေကို ပြောပါတယ်။

ရန်ကုန်မြို့ အင်းစိန်ထောင်မှာလည်း ထောင်ဝင်စာပို့ခွင့်တွေ ပြန်ဖွင့်ပေးပြီလို့ ကျောင်းသားသမဂ္ဂအသိုင်းအဝိုင်းက နိုင်ငံရေးအကျဉ်းသားတဦးရဲ့ မိသားစုဝင်တဦးက အတည်ပြုပါတယ်။

အိုးဘိုထောင်နဲ့ ကျိုက်မရောထောင် အပါအဝင် အခြား အကျဉ်းထောင်တွေမှာလည်း အထူးတရားရုံးနဲ့ ထောင်ဝင်စာပို့ခွင့်တွေ ပြန်ဖွင့်ပေးလိုက်ပြီလို့ ရှေ့နေသတင်းရပ်ကွက်က သိရပါတယ်။

အောက်တိုဘာ ၁၉ ရက်နေ့က အင်းစိန်ထောင် ထောင်ဝင်စာ ပါဆယ်ဌာနမှာ ပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေဖြစ်ပွားပြီးတဲ့နောက် အကျဉ်းဦးစီးဌာနက ထောင်ဝင်စာပို့ခွင့်နဲ့ ရုံးထုတ်စစ်ဆေးမှုတွေကို ရပ်ဆိုင်းခဲ့တာပါ။

Photos from Behs2-tggso's post 24/10/2022

ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်နှင့်မဟာမိတ်များမှ
စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

၂၀၂၂ အောက်တိုဘာ၂၄၊ ဗကသ

ရန်ကုန်တွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၀င် ကျောင်းသားသမဂ္ဂများ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) နှင့် လူ့ဘောင်သစ်လူငယ်(YNS)တို့မှ ယနေ့ အောက်တိုဘာ ၂၄ ရက်နေ့တွင် "ဖိနှိပ်ခံတို့ ညီညွတ်ကြ၊စစ်သုံးစစ်ကို အမြစ်ဖြတ်ကြ" စာသားပါဘန်နာအားကိုင်စွဲ၍ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတခုပြုလုပ်ခဲ့သည်။

#ဗကသများအဖွဲ့ချုပ်

15/10/2022

ABFSU Fundraising မှ မေတ္တာလက်ဆောင်ပေးအပ်မည့် ပစ္စည်းများ မိတ်ဆက်ပေးခြင်း

ဒီနေ့မှာ မိဘပြည်သူတွေကို မိတ်ဆက်ပေးသွားမယ့် ပစ္စည်းတွေထဲကတော့ စာအုပ်လေးတအုပ်ဖြစ်ပြီး ဆရာမင်းသုဝဏ် ရဲ့ကဗျာစာအုပ်လေးပါ ။

မောင်ခွေးနှင့် မထွေးဖို့ ကဗျာများ

စာအုပ်အမည် - မောင်ခွေးနှင့် မထွေးဖို့ ကဗျာများ
စာရေးဆရာ - မင်းသုဝဏ်
ထုတ်ဝေသည့်တိုက် - အားမာန်သစ်စာပေ
ထုတ်ဝေသည့်ကာလ - ၁၉၉၅
ထုတ်ဝေသည့်အကြိမ် - ပထမအကြိမ်
မျက်နှာဖုံးဒီဇိုင်း - ယဥ်မင်းပိုက်

ဆရာမင်းသုဝဏ်ဆိုတာ မြန်မာစာပေနဲ့ကဗျာလောကမယ်မသိသူမရှိတဲ့ ကဗျာဆရာတယောက်ပါ။’ သပြေညို” ကဗျာနဲ့ တိုင်းပြည်လွတ်လပ်ရေးအတွက် သူ့ရဲ့ စိတ်ခံစားချက်တွေကိုရေးဖွဲ့ခဲ့သလို ‘ပျဉ်းမငုတ်တို”ကဗျာဆိုရင် ခုထက်ထိ လူတွေအမှတ်ရ ရွတ်ဆိုနေရဆဲ့ကဗျာတပုဒ်ဖြစ်တယ်။ ဆရာဟာ ကလေးစာပေတွေအပေါ်အတော် အလေးထားသလို ဆရာရဲ့ကလေးကဗျာတွေဟာလဲ ယနေ့ထိအောင် ပါးစပ်ထဲစွဲနေရတဲ့ကဗျာတွေပဲဖြစ်တယ်. .ကလေးတွေအပေါ်ဆရာရဲ့အမြင်မယ်ဆိုလည်း “ဆရာ ငယ်စဉ်က ပျော်ရွှင်ခဲ့သလို ကလေး တွေလည်း ပျော်ရွှင် ကစား ရရတာကို နှစ်သက် လိမ့်မယ်လို့ ထင်လို့ ဆရာ ငယ်စဉ်က အကြောင်းလေး တွေကိုပဲ ကလေးတွေ အတွက် ကလေး ကဗျာ ဖြစ်အောင် ကဗျာ ရေးဖွဲ့ ပေးခဲ့တယ် “ပြောဆိုခဲ့ဖူးတယ်။ ခုစာအုပ်မယ်လဲ ကလေးများအတွက်ဆရာ့ရဲ့ စေတနာကိုမြင်တွေ့ရတယ် ..လို့ဆိုချင်ပါတယ်။

မေတ္တာ လက်ဆောင်အဖြစ် ပေးအပ်သွားဦးမယ့် ပစ္စည်းအမျိုးအစားများစွာ ကျန်ရှိနေသေးတာဖြစ်တဲ့အတွက် ABFSU Fundraising Page ကို Like and See First လေး လုပ်ပေးကြပါဦးခင်ဗျာ…။

01/10/2022

◾ သင်္ဃန်းကျွန်းမြို့နယ်ကျောင်းသားသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) နှင့် အ.ထ.က(၂)သင်္ဃန်းကျွန်း ကျောင်းသားသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) ၏ စက်တင်ဘာလအတွင်း လက်ခံရရှိခဲ့သော လှူဒါန်းငွေများအားရှင်းလင်းတင်ပြခြင်း။

16/09/2022

ABFSU Fundraising
(English version provided below)

▪️ABFSU Fundraising ဆိုတာဘာလဲ?

▫️ဗကသများအဖွဲ့ချုပ်ကနေ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးအတွက် ရံပုံငွေရှာဖွေဖို့ တရား၀င်ဖွင့်လှစ်ထားတဲ့ ပြန်ကြားရေးစာမျက်နှာဖြစ်ပါတယ်။ ဗကသများအဖွဲ့ချုပ်ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ တက်တက်ကြွကြွ ထဲထဲ၀င်၀င် ပါ၀င်လှုပ်ရှားနေတဲ့ အဖွဲ့အစည်းဖြစ်ပြီး မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ဒေသအသီးသီးမှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်နေတဲ့ ရဲဘော်တွေအတွက် တစုံတရာအထောက်အကူပြုနိုင်ဖို့ ရည်ရွယ်ပါတယ်။ ဒီစာမျက်နှာကတဆင့် ဗကသများအဖွဲ့ချုပ်ကို တဦးချင်းဖြစ်စေ အစုအဖွဲ့လိုက်ဖြစ်စေ ဆက်သွယ်လှူဒါန်းနိုင်မှာဖြစ်ပါတယ်။ လိုအပ်ချက်ရှိတဲ့အခါမျိုးတွေမှာ ရံပုံငွေရှာဖွေရေးလှုပ်ရှားမှုတွေကိုလည်း ဝိုင်း၀န်းလုပ်ကိုင်ကြဖို့ရှိပါတယ်။ မိဘပြည်သူအပေါင်းအနေနဲ့ ပါဝင်ကူညီနိုင်ကြဖို့ နှိုးဆော်တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။

ABFSU Fundraising

Who are we?

This is an official social media page of ABFSU Fundraising Team. ABFSU actively participates in the fight for democracy and freedom. We stand in solidarity with other organizations and activists that oppose military dictatorship. ABFSU Fundraising Team aims to support our partners and those who are in need during the struggle for democracy. You can ,either individually or as group/organization, donate and support the struggle. We also aim to launch fundraising activities from social media.

14/09/2022

အ.ထ.က(၂)သင်္ဃန်းကျွန်း ကျောင်းသားသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)မှ ဦးစီးပြုလုပ်သော Raffle Tickets မဲများကို ၅ ရက်အတွင်းရောင်းချနိုင်ခဲ့ပါသည်။ မဲ ၁၅၀ နှင့်အတူ ထပ်စောင်း ၇ မဲဖြင့် စုစုပေါင်း ၁၅၇ မဲ ရောင်းချနိုင်ခဲ့သည့်အတွက် ပါဝင်အားဖြည့်ပေးသူတစ်ဦးချင်းစီအား ကျေးဇူးအထူးတင်ရှိအပ်ပါသည်။
‌ပေါက်မဲများအားယနေ့တွင် Google Number Generator ဖြင့် မဲ‌ဖောက်ပြီးဖြစ်ပါသည်။
📌 Set သုံးခုအတွက် မဲပေါက်‌သူ 3 ဦးရှိပြီးကံထူးရှင်များမှာ -

Set1- 116
Set2- 100
Set3- 83 တို့ဖြစ်ပါသည် ❤️

ဤမဲအစီအစဉ်မှ ရရှိခဲ့သော အကျိုးအမြတ်များအား စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် အကျိုးရှိရှိအသုံးချသွားမည်ဖြစ်ပါသည်။

အ.ထ.က(၂)သင်္ဃန်းကျွန်းအလုပ်အမှုဆောင်အဖွဲ့

https://www.facebook.com/106422720872809/posts/634684084713334/

Photos from Behs2-tggso's post 02/09/2022

ကျွန်တော်တို့ အ.ထ.က (၂) သင်္ဃန်းကျွန်း ကျောင်းသားသမဂ္ဂမှမြေပြင်ရဲဘော်များနှင့် ထောက်ပို့လုပ်ငန်းစဉ်များအား ‌ဆက်လက်ထောက်ပံ့နိုင်ရေးအတွက် Raffle ticket project များရောင်းချပြီး ရန်ပုံငွေရှာရန်စီစဉ်ထားပါသည်။ဤမဲအစီအစဉ်တွင် ပါဝင်သည့် မဲပစ္စည်းများ၊ မဲအစောင်အရေတွက်အသေးစိတ်တို့အား အောက်တွင်ဆက်လက်ဖတ်ရှုနိုင်ပါသည်။

စုစုပေါင်း Set 3ခုကိုမဲဖောက်ပေးသွားမည်ဖြစ်ပြီး တစ်မဲလျှင် ၂၀၀၀ ကျပ်နှင့် မဲအစောင်ရေ ၁၅၀ တိတိကို
ရောင်းချပေးသွားမည်ဖြစ်ပါသည်။

📌Set 1တွင်
P47 wireless headphones

📌Set 2တွင်
Butterfly Necklace 1ခုနှင့် Crochet Bandana 1ခုစီ ပါဝင်မည်ဖြစ်ပါသည်။
Bandana ကိုမိမိနှစ်သက်သောအရောင်ကိုရွေး၍ရပါသည်။
Bandana available colours -
Pink,Yellow,Blue,Purple,Green

📌Set 3တွင်
ခက်ဇော်၏ "Guys from Mandalay"
နွေသစ်ငြိမ်း၏ "မျက်ရည်ဆိုင်"
မိုးမိုး(အင်းလျား)၏ "ညီမလေးကအချစ်ကိုကိုးကွယ်သတဲ့လား"
ဇဏ်ခီ၏ "ကိုယ်တိုင်သိရှိသွားမှု"(စတုတ္ထအကြိမ်)
J.K.Rowling ၏
"ဟယ်ရီပေါ်တာနှင့် မိစ္ဆာခန်းဆောင်
(မင်းခိုက်စိုးစံ ဘာသာပြန်)"နှင့်
"ဟော့ဂ်ဝေါ့မှော်ကျောင်းတော်၏ စာကြည့်တိုက်မှတ်တမ်း
(မြန်မာဘာသာပြန်)"
အာဏာအလွဲသုံးစားသူများ၏ အတွင်းရေးအဖြစ်မှန်များ (၁)
အာဏာအလွဲသုံးစားသူများ၏ အတွင်းရေးအဖြစ်မှန်များ (၂)
စုစုပေါင်း စာအုပ်ရှစ်အုပ်ပါဝင်မည်ဖြစ်ပါသည်။

မဲများအားဝယ်ယူလိုပါက Page Messenger မှတစ်ဆင့်ဝယ်ယူနိုင်ပါသည်။ ပါဝင်လှူဒါန်းသောမိဘပြည်သူတစ်ယောက်ချင်းစီအား ကျေးဇူးအထူးတင်ရှိပါသည်။

အ.ထ.က(၂)သင်္ဃန်းကျွန်းကျောင်းသားသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)အလုပ်အမှုဆောင်အဖွဲ့

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


Yangon