Yangon Car Licence & Driving Licence Services

Yangon Car Licence & Driving Licence Services

Share

​မော်​​တော်ယာဥ် သက်တမ်းတိုး နှင့် ယာဥ်မောင်းလိုင်စင် ဝန်ဆောင်မှု
09 4000 44 701 &Viber
09 250 691 693

Photos from Yangon Car Licence & Driving Licence Services's post 04/03/2026

စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်

လက်ရှိကမ္ဘာ့နိုင်ငံရေးအခြေအနေများအရ အရှေ့အလယ်ပိုင်းဒေသအတွင်း၌ စစ်ရေး ပဋိပက္ခများကြောင့် လောင်စာဆီတင်သွင်းသည့်သင်္ဘောများဖြင့် သယ်ယူပို့ဆောင်ရာ ရေလမ်းကြောင်း တစ်လျှောက်တွင် အတားအဆီး၊ အဟန့်အတားပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိပါသည်။

၂။ အထက်ပါအခြေအနေများကြောင့် စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးအတွက် ၂၀၂၆ ခုနှစ်၊ မတ်လ ၇ ရက်မှစတင်၍ ပုဂ္ဂလိကယာဉ်များ၊ လုပ်ငန်းသုံးယာဉ်များနှင့် သယ်ယူ ပို့ဆောင်ရေးယာဉ်များသည် အောက်ပါစည်းကမ်းသတ်မှတ်ချက်များနှင့်အညီ မောင်းနှင်အသုံးပြုရန် ဖြစ်ပါသည်-

၃။
(က) လစဉ် "စုံ" ရက်များတွင် စုံနံပါတ်အက္ခရာပါသောယာဉ်များ (ဥပမာ- 2A/---- ----- စသည်ဖြင့်)၊ “မ” ရက်များတွင် မနံပါတ်အက္ခရာပါသောယာဉ်များ (ဥပမာ-1A/----၊ 3A/---- စသည်ဖြင့်) စသည့် ပုဂ္ဂလိကပိုင်ယာဉ်များသာ မောင်းနှင်အသုံးပြုရန် ဖြစ်ပါ သည်။ (EV မော်တော်ယာဉ်/EV မော်တော်ဆိုင်ကယ်များ နေ့စဉ်မောင်းနှင်နိုင်သည်။)
( ခ ) နေ့စဉ် အများပြည်သူသယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်များ၊ အငှားယာဉ်များ (Taxi)၊ စက်သုံးဆီသယ်ယူပို့ဆောင်သည့်ယာဉ်များ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်များ၊ ကုန်စည်ပို့ဆောင်ရေးယာဉ်များ၊ လူနာတင်ယာဉ်/နိဗ္ဗာန်ယာဉ်များနှင့် စည်ပင်အမှိုက်သိမ်း ယာဉ်များ အသုံးပြုနိုင်သည်။
(ဂ) စက်သုံးဆီလုပ်ငန်းရှင်များသာမက အများပြည်သူအနေဖြင့် စက်သုံးဆီများ ဝယ်ယူ စုဆောင်းခြင်းနှင့် ဈေးနှုန်းမြှင့်တင်၍ ရောင်းချခြင်းများ လုံးဝမပြုလုပ်ရန် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ အထက်ပါစည်းကမ်းသတ်မှတ်ချက်များသည် ထပ်မံ၍ တစ်စုံတစ်ရာ ထုတ်ပြန်မှု မရှိသည့်အချိန်အထိ အတည်ဖြစ်ကြောင်းနှင့် အဆိုပါစည်းကမ်းသတ်မှတ်ချက်များအား ဖောက်ဖျက် ကျူးလွန်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။
-Photo

27/01/2026

Online Booking System ဖြင့်ဝန်ဆောင်မှုလုပ်ငန်းများပြန်လည်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း
အသိပေးကြေညာခြင်း

၁။ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် Online Booking System ပြင်ဆင်ရန်ရှိပါ သောကြောင့် ၁-၁ဝ-၂ဝ၂၅ ရက်နေ့မှစ၍ ခေတ္တရပ်ဆိုင်းခဲ့သည့် မော်တော်ယာဉ်စစ်ဆေးခြင်း၊ ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးသင်တန်း၊ ယာဉ်မောင်းလိုင်စင် ဖြေဆိုစစ်ဆေးခြင်းတို့၏ Online Booking System အား ၂-၂-၂၀၂၆ရက်(တနင်္လာနေ့) မှစတင်၍ ပြန်လည်ဆောင်ရွက် သွားမည်ဖြစ်ပါသဖြင့် ၃၀ - ၁ - ၂ဝ၂၆ ရက် (သောကြာနေ့) မှစတင်၍ Online Booking ရယူခြင်းအား www.rtad.gov.mm Website တွင်အနည်းဆုံး(၁)ရက်မှအများဆုံး(၁၀)ရက်အထိ ကြိုတင်ရယူနိုင် မည်ဖြစ်သည်။
၂။
-
Online Booking ကိစ္စနှင့်စပ်လျဉ်း၍ မရှင်းလင်းသည်များရှိပါကအောက်ပါဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်-
နေပြည်တော်
ရုံးချုပ် (နေပြည်တော်)
၀၆၇-၃၄၀၅၀၉၉
ရန်ကုန်တိုင်းဒေသကြီး
တိုင်းဒေသကြီးရုံး (ရန်ကုန်)
၀၉-၄၂၁၇၅၁၆၇၁
တိုင်းဒေသကြီးရုံးခွဲ(ရွာသာကြီး)
၀၉-၉၆၀၆၃၁၄၃၇
၀၉-၉၇၈၄၂၂၈၇၂
D
ခရိုင်ရုံး (ရန်ကုန်အရှေ့ပိုင်း)
ခရိုင်ရုံး(ရန်ကုန်အနောက်ပိုင်း)
၀၉-၅၄၁၇၅၂၄
၀၉-၄၂၁၀၉၅၆၁၁
၀၉-၂၆၀၁၉၂၉၄၉
၀၉-၄၂၀ဝ၉၉၄၇၁
ခရိုင်ရုံး(ရန်ကုန်တောင်ပိုင်း)
ခရိုင်ရုံး(ရန်ကုန်မြောက်ပိုင်း)
မန္တလေးတိုင်းဒေသကြီး
* တိုင်းဒေသကြီးရုံး(မန္တလေး)
ခရိုင်ရုံး( မန္တလေးတောင်ပိုင်း) ခရိုင်ရုံး( မန္တလေးမြောက်ပိုင်း)
၀၉ - ၉၇ဝ၅၁၅၆၄၃
၁၉-၆၇၅၅၇၅၄၆၈
၀၉-၉၆၄၅၁၀၁၂၀
#ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

Photos from Yangon Car Licence & Driving Licence Services's post 22/01/2026

International Driving Permit - (IDP)(ခေါ်)အပြည်ပြည်ဆိုင်ရာ မောင်းနှင်ခွင့်လက်မှတ်ဆိုတာ ဘာလဲ။
*******************************
ပြည်ပနိုင်ငံအသီးသီးမှာ
အလည်သော်လည်းကောင်း၊ဌာနတာဝန်၊
ကုမ္ပဏီလုပ်ငန်းတာဝန်နဲ့သော်လည်းကောင်း
သွားရလို့ ယာဉ်မောင်းရမယ်ဆိုရင်
အဆိုပါနိုင်ငံတွေမှာမောင်းလို့ရ(or)သက်ဆိုင်ရာနိုင်ငံလိုင်စင် ပြောင်းလဲလို့ရတဲ့
ယာဉ်မောင်းလိုင်စင်အကြောင်းကို
ဒီနေ့ပြောပြချင်ပါတယ်။

သူကတော့ အပြည်ပြည်ဆိုင်ရာယာဉ်မောင်းလိုင်စင်
(INTERNATIONAL DRIVING PERMIT)ပါ
ဘယ်မှာလုပ်ရတာလဲဆိုရင်
နေပြည်တော် ရုံးအမှတ်(၂၉)မှာပါ
အခြားမြို့တွေမှာလုပ်လို့မရပါဘူး
ကုန်ကျစရိတ် (၁၅၀၀၀၀)ပါ
ဒီနေ့လုပ် ဒီနေ့ရပါတယ် တစ်ရက်ပါပဲ။
မှတ်ချက်။ တရားဝင် ရုံးသွင်းငွေသည်သာ 150000 ဖြစ်ပါသည်ခင်ဗျာ။
အမေးအများဆုံးက‌ေတာ့ပြည်ပနိုင်ငံကိုရာက်သွားတဲ့အခါ IDP ကိုကိုင်ပြီးမောင်းနှင်လို့ရလား၊သက်ဆိုင်ရာနိုင်ငံရုံးမှာသွား‌ဖြေရ‌သေးလား ဖြေတဲ့အခါမှာလူကိုယ်တိုင်ဖြေရလား စသည်ဖြင့်အ‌‌ေမးများတတ်ကြပါတယ်။
ကျွန်‌တော်တို့‌ေပြာရရင်‌တော့ နိုင်ငံတိုင်းမှာ သူတို့ဥပဒအတိုင်းလိုက်လံဆောင်ရွက်ရပါလိမ့်မယ်ဗျာ။
တချို့နိုင်ငံ‌‌တွေက‌တော့ IDP ကို ယာယီ 3လ/6လ/1နှစ် ဆိုပြီးတော့ ကိုင်‌ေဆာင်‌ေမာင်းနှင်ခွင့်ပေးကြပါတယ်။တစ်ချို့နိုင်ငံကျ‌ေတော့လည်း IDP ကို ကိုင်‌ေဆာင်မောင်းနှင်ခွင့်မပေးပဲ သူနိုင်ငံလိုင်စင်ကိုပြောင်းလဲပြီး‌ေမာင်းနှင်ခိုင်းပါတယ်။အလည်အပတ်နှင့် ခေတ္တအလုပ်နဲ့လာသူတွေအတွက်ကတာ့ IDPကို ယာယီမောင်းနှင်လို့အဆင်‌ေပြပေမဲ့ အနေကြာသူများအတွက်ကတော့ သက်ဆိုင်ရာနိုင်ငံလိုင်စင်ကို ပြောင်းလဲယူလိုက်တာကအဆင်‌ေပြပါမယ်။
ပြီး‌ေတော့ သက်ဆိုင်ရာလိုင်စင်ပြောင်းတဲ့အခါကျရင် လူလိုက်ပြီးပြန်ဖြေစရာလိုပါသလားဆိုတာကိုဖြေပေးရပါလိမ့်မယ် ။
အဲဒါ‌ေတေွေကလည်း နိုင်ငံအလိုက်ဥပဒေတွက ကွဲပြားသွားပါလိမ့်မယ်။
**ဥပမာ‌ေပြာပြရရင် ကျွန်တာ်တို့မြန်မာနိုင်ငံကတော့ ပြည်ပနိုင်ငံက‌ေန သူတို့နိုင်ငံရဲ့သက်တမ်းရှိယာဉ်မောင်းလိုင်စင်၊သက်တမ်းရှိ IDP လိုင်စင်၊ပတ်စပို့၊ဗီဇာ သက်တမ်းရှိရင် လူလိုက်စရာမလိုအပ်ပဲ မြန်မာလိုင်စင်ကို ပြောင်းလဲထုတ်ယူလို့ရကြပါတယ်ဗျာ။
(IDP) မပါခဲ့ရင်တာ့ လူလာစာ‌ေတွ့ဖြေဆိုရပြီး လက်တွေ့ကတော့ဖြစရာမလိုအပ်ပဲ လိုင်စင်ထုတ်ယူလို့ရပါတယ်ဗျာ။***
ခုလောက်ဆိုရင်တော့ IDP ရဲ့အရေးပါပုံနှင့်ဘယ်လိုအသုံးပြုလို့ရ‌ေကြာင်း၊လူလိုက်ပြီးပြန်‌ဖြေစရာလိုအပ်၊မလိုအပ်‌‌ကြောင်း‌ေလေး‌တွေကို နားလည်သ‌ေဘာ‌ေပါက်‌ေလာက်ပြီထင်ပါတယ်‌ေနာ်။
မှတ်ချက်။
မြန်မာနိုင်ငံကလိုင်စင်ကို‌ေတော့ နိုင်ငံအများစုက လိုင်စင်မှန်ကန်‌ေကြာင်းထောက်ခံစာတောင်းကြပါတယ်ဗျာ။ဘာ‌ကြောင့်လဲဆို‌ေတော့အတုအပ‌ေတွ‌ရှိတဲ့အတွက်‌ကြောင့်ပါခင်ဗျာ။
ပုံလေးတွေနမူနာပြထားပေးပါမည်။
မိတ်ဆွေများအားလုံးကိုကျးဇူးတင်ပါသည်။
(IDP) လုပ်ရန်လိုအပ်တာတွေကတော့
အနဲဆုံး မိမိမှာ "ခ" ယာဉ်မောင်းလိုင်စင်ကိုင်ဆောင်ထားရှိသူဖြစ်ရပါ့မယ် "ဃ"တို့ "င"တို့ဆိုလဲရပါတယ်

သက်တမ်းရှိ Passport မိတ္ထူ

နိုင်ငံသားမှတ်ပုံတင် မိတ်တူ

ယာဥ်မောင်းလိုင်စင် မူရင်း/မိတ်တူ

နောက်ခံအပြာရောင်ပက်စပို့ပုံ(၃) ပုံ တို့ လိုအပ်ပါတယ်

မိမိမလာရောက်နိုင်ခဲ့ရင်လည်း
ကိုယ်စားလှယ်နဲ့လုပ်လို့ရပါတယ်
ဒီအခါကိုယ်စားလှယ်ရဲ့
ကိုယ်စားကိုင်ဆောင်ခွင့်လျှောက်လွှာ
ကိုယ်စားလှယ်ရဲ့ မှတ်ပုံတင်မိတ္ထူ(၁)စောင်
လိုပါတယ်။

အပြည်ပြည်ဆိုင်ရာယာဉ်မောင်းနှင်ခွင့်လက်မှတ်ရဲ့
သက်တမ်းကတော့ တစ်နှစ်ပါ
ပုံပါလိုင်စင်ပါပဲ စမက်ကဒ်မဟုတ်ပါဘူး
မောင်းနှင်ခွင့်ပြုထားတာက ပုံထဲကအတိုင်း
A နဲ့ B ပါ။

A ကတော့ မော်တော်ဆိုင်ကယ်ဖြစ်ပြီး
B ကတော့
အမျိုးအစားA အမျိုးအစားများမှလွဲ၍ မော်တော်ယာဉ်များ၊ ခွင့်ပြုထားသောအများဆုံးအလေးချိန်မှာ ၃၅၀၀ ကီလိုဂရမ် (၇၇၀၀ ပေါင်) နှင့်ယာဉ်မောင်းသူထိုင်ခုံအပြင်
ထိုင်ခုံရှစ်ခုထက်မပိုသောယာဉ်များဖြစ်သည်လို့ ဆိုထားပါတယ်ခင်ဗျာ။
ကျွန်တော်တို့ Yangon Car Licence & Driving Licence Service ဝန်‌ေဆာင်မှု့မှ
International Driving Permit ။
ယာဉ်မောင်းလိုင်စင် မှန်ကန်ကြောင်းထာက်ခံစာ။
သက်ဆိုင်ရာသွားမည့်နိုင်ငံရဲ့ ဘာသာပြန်နိုတြိပြန်‌ေပးခြင်း တို့ကို တာဝန်ယူ‌ေဆာင်ရွက်ပးပါတယ်ခင်ဗျာ။
(INTERNATIONAL DRIVING PERMIT) ကို ယုံကြည်စိတ်ချစွာ အလုပ်အပ်နှံပေးသွားတဲ့ မိတ်ဆွေတစ်ဦးတစ်ယောက်ချင်းစီတိုင်းကို
(Yangon Car Licence & Driving Licence Services) မှ ကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ။

မိတ်ဆွေများ အားလုံးကို ကျေးဇူးတင်ပါသည်။
Yangon Car Licence & Driving Licence Services
Ph:09 4000 44 701 & (viber)
Ph:09 250 691 693 & (viber)

ကျေးဇူးပါ ဆရာ

18/01/2026

ယာဉ်ပိုင်ရှင်များအား
အသိပေးကြေငြာခြင်း
******************
မော်တော်ယာဉ်များ မီးလောင်ကျွမ်းမှုကြောင့် လူသေဆုံးမှု၊ ယာဉ်နှင့်ပစ္စည်းများ ဆုံးရှုံးမှုမဖြစ်ပေါ် စေရေးအတွက် အောက်ပါ မော်တော်ယာဉ်အမျိုးအစားအလိုက် အနည်းဆုံး ဓာတုဗေဒ ပေါင်ဒါမှုန့်ခြောက် (Dry Chemical Powder) မီးသတ်ဆေးဗူးများ တပ်ဆင်ထားရန်နှင့် မော်တော်ယာဉ်စစ်ဆေးသည့်အချိန်တွင် မီးသတ်ဆေးဗူးများတပ်ဆင်ထားခြင်း ရှိ/မရှိ စစ်ဆေးမည်ဖြစ် ကြောင်း အသိပေးကြေငြာအပ်ပါသည်။

ယာဉ်အမျိုးအစားအလိုက် အနည်းဆုံးတပ်ဆင်ရမည့်
မီးသတ်ဆေးဗူး များမှာ -
(က)Saloon, Jeep, Pick up, Station Wagon, Micro Bus - 1Kg (၁)လုံး
)Mini Bus, Light Truck, Light Van
- 2 Kg(၁)လုံး
(ဂ )Truck, Van, Container Carrier, Other
- 3 Kg(၁)လုံး
(ဃ)Tanker
- 3 Kg(၂)လုံး
(င )City Bus, Express Bus
-3 Kg (၂)လုံး
#ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန

13/01/2026

မီနီအိုးဝေနဲ့သုံးဘီးတပ်ယာဉ်ကို ဘယ်လိုကြောင့်
"ခ" ယာဉ်မောင်းလိုင်စင်နဲ့ မောင်းခွင့်မရှိတာလဲ....?
*********************************************
အိုးဝေမှာ နံပါတ် နီနီ နက်နက်
နီရင်ဘာ နက်ရင်ဘာရယ်လို့ အဆင့်ခွဲခြားထားတဲ့
ယာဉ်မောင်းလိုင်စင်ရယ်လို့ မရှိပါဘူး။
အနီ‌ရော အနက်ရော မောင်းခွင့်ရှိသည့်
ယာဉ်မောင်းလိုင်စင်များလို့သာရှိပါတယ်။

ပထမဆုံးပြောချင်တာက
"ဟ" ယာဉ်မောင်းလိုင်စင်ပါ
သူကတော့
အိုးဝေအတွက် သီးခြားလို့ကိုဆိုရမလိုပါ
မော်တော်ဆိုင်ကယ်လည်း မောင်းခွင့်ရှိတာပေါ့လေ
အိုးဝေနဲ့သုံးဘီးတပ်ယာဉ်တွေအတွက်တော့
"ဟ" ရှိရင် ပြီးပြီပေါ့။

လူတစ်ယောက်က "ဟ" ရှိတယ်
ဒါပေမဲ့ သူ့မှာ အိမ်စီးကားလေးဝယ်လိုက်တော့
"ခ" ယာဉ်မောင်းလိုင်စင်နဲ့မှ အဆင်ပြေမှာမို့လို့
"ဟ"ကို "ခ" ပြောင်းလိုက်တယ်ပေါ့
ဒီနေရာမှာ "ခ"ဟာ "ဟ"ကနေတစ်ဆင့်တက်ပြီးမှ
ရလာတာမို့ "ခ"က မြင့်တယ်ပေါ့ ဆိုလို့ရပါတယ်
ဒါဆို ယာဉ်မောင်းလိုင်စင်တွေရဲ့ ထုံးတမ်းအရ
မိမိအောက်မှာရှိတဲ့
ယာဉ်မောင်းလိုင်စင်တွေနဲ့မောင်းခွင့်ရှိတဲ့
ယာဉ်အားလုံးကို
အထက်ကဖြစ်တဲ့ ယာဉ်မောင်းလိုင်စင်က
မောင်းခွင့်ရှိရမှာပါ
အခုက ဘာလို့မရတာလည်းပေါ့
တကယ်တော့ ဘာလို့မရတာလဲဆိုရင်
ကားရဲ့သဘောသဘာဝနဲ့
အိုးဝေ/သုံးဘီးတပ်ယာဉ်တို့ရဲ့
သဘောသဘာဝချင်း မတူညီလို့ပဲဖြစ်ပါတယ်
"ခ" တိုင်းဟာ
"ဟ" က ပြောင်းလာတာမဟုတ်ပါဘူး
"သ"၊ "က"၊ "ဂ"၊ "ဌ" စတဲ့
ယာဉ်မောင်းလိုင်စင်တွေကနေလည်း
ပြောင်းလဲလာကြလို့ပါ။
အဲ့ဒီတော့
အိုဝေရော ကိုယ်ပိုင်ကားလေးရော
နှစ်မျိုးလုံး မောင်းလို့ရအောင်
"ဟ" ရော "ခ" ရော နှစ်ခုကိုင်ထားလိုက်ပါ။
( နည်း ၂၀၂၂၊ ၁၉၅ အပိုဒ်ခွဲ(ခ) )

နောက်တစ်ခုက
အိုးဝေကို "ဃ" ယာဉ်မောင်းလိုင်စင်နဲ့
မောင်းလို့မရဘူးလို့ ထင်နေသူများအတွက်ပါ။

"ဃ" ယာဉ်မောင်းလိုင်စင်ဆိုတာ
Taxi နှင့် "ခ"၊ "ဌ"၊ "ဟ" ယာဉ်မောင်းလိုင်စင်တို့ဖြင့်
မောင်းခွင့်ရှိသောမော်တော်ယာဉ်များကို
မောင်းနှင်ခွင့်ပြုသည့်
ယာဉ်မောင်းလိုင်စင်ဖြစ်ပါတယ်။

ဒါကြောင့်
အိုးဝေနဲ့သုံးဘီးတပ်ယာဉ်များကို
"ဟ" နဲ့လည်း မောင်းနှင်ခွင့်ရှိတယ်
"ဃ" နဲ့လည်း မောင်းနှင်ခွင့်ရှိတယ်
"င" နဲ့လည်း မောင်းနှင်ခွင့်ရှိပါတယ်။

လေးစားစွာဖြင့်
#ဆရာနေမျိုးသူရ 12-1-2026

05/01/2026

ဖောင်းကြွနံပါတ်ပြားဈေးနှုန်းပြောင်းလဲကောက်ခံခြင်းအား အများပြည်သူသို့
အသိပေးကြေညာချက်
*****************
ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနသည် မော်တော်ယာဉ် ဖောင်းကြွနံပါတ်ပြားများအား တပ်ဆင်ဆောင်ရွက်ပေးလျက်ရှိရာ လက်ရှိကောက်ခံနေသော နှုန်းထားများသည် ၂၀၂၀ ပြည့်နှစ်က သတ်မှတ်ထားသော နှုန်းထားများဖြစ်သောကြောင့် လက်ရှိငွေကြေးဈေးကွက်နှင့် လျော်ညီမှုရှိစေရန် အတွက် (၁- ၁-၂၀၂၆) ရက်မှစ၍ မော်တော်ယာဉ် ဖောင်းကြွနံပါတ်ပြားဈေးနှုန်းအားအောက်ပါအတိုင်း ပြောင်းလဲကောက်ခံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

(က) မော်တော်ယာဉ် -၄၀၀၀၀/
(ခ) ထရော်လာဂျီ
၄ဝဝဝဝိ/-
(ဂ) မော်တော်ဆိုင်ကယ်
၇၀၀၀/-
(ဃ) သုံးဘီးတပ်ယာဉ်
၁ဝဝဝဝိ/-
(င) နောက်တွဲယာဉ်
၂ဝဝဝဝိ/

#ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
မော်တော်ယာဥ် သက်တမ်းတိုးနှင့်
ယာဥ်မောင်း လိုင်စင်ဝန်ဆောင်မှု့
Yangon Car Licence & Driving Licence Services
Ph ; 09 4000 44 701
09 250 691 693
မိတ်ဆွေများ အားလုံးကို ကျေးဇူးတင်ပါသည်။

04/01/2026

မော်တော်ယာဉ်ဖောင်းကြွနံပါတ်ပြားဈေးနှုန်းပြောင်းလဲကောက်ခံခြင်းအား အများပြည်သူသို့
အသိပေးကြေညာချက်
*****************
ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနသည် မော်တော်ယာဉ် ဖောင်းကြွနံပါတ်ပြားများအား တပ်ဆင်ဆောင်ရွက်ပေးလျက်ရှိရာ လက်ရှိကောက်ခံနေသော နှုန်းထားများသည် ၂၀၂၀ ပြည့်နှစ်က သတ်မှတ်ထားသော နှုန်းထားများဖြစ်သောကြောင့် လက်ရှိငွေကြေးဈေးကွက်နှင့် လျော်ညီမှုရှိစေရန် အတွက် (၁- ၁-၂၀၂၆) ရက်မှစ၍ မော်တော်ယာဉ် ဖောင်းကြွနံပါတ်ပြားဈေးနှုန်းအားအောက်ပါအတိုင်း ပြောင်းလဲကောက်ခံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

(က) မော်တော်ယာဉ် -၄၀၀၀၀/
(ခ) ထရော်လာဂျီ
၄ဝဝဝဝိ/-
(ဂ) မော်တော်ဆိုင်ကယ်
၇၀၀၀/-
(ဃ) သုံးဘီးတပ်ယာဉ်
၁ဝဝဝဝိ/-
(င) နောက်တွဲယာဉ်
၂ဝဝဝဝိ/

#ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
မော်တော်ယာဥ် သက်တမ်းတိုးနှင့်
ယာဥ်မောင်း လိုင်စင်ဝန်ဆောင်မှု့
Yangon Car Licence & Driving Licence Services
Ph ; 09 4000 44 701
09 250 691 693
မိတ်ဆွေများ အားလုံးကို ကျေးဇူးတင်ပါသည်။

03/12/2025

မှတ်ပုံတင်သက်တမ်းတိုးဆက်လက်ဆောင်ရွက်ခြင်းမရှိသည့်အတွက်မှတ်ပုံတင် ဖျက်သိမ်းပြီးသောရှေးဟောင်း Classic မော်တော်ယာဉ်များပြန်လည်မှတ်ပုံတင်ပေးခြင်းဆိုင်ရာ အသိပေးကြေညာခြင်း
+++++++++++++++++++++++

၁။ မြန်မာနိုင်ငံအနေဖြင့် ရှေးဟောင်း Classic အား တန်ဖိုးထားထိန်းသိမ်းနိုင်‌ရေး၊သမိုင်းဝင်ယာဥ်များအဖြစ် တရားဝင်မှတ်တမ်းတင်ခွင့်ပြုနိုင်ရေးအတွက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု့ဦးစီးဌာနတွင် ယခင်ကမှတ်ပုံတင်ထားရှိပြီး သက်တမ်းတိုးဆက်လက်ဆောင်ရွက်ခြင်းမရှိသည့်အတွက် မှတ်ပုံတင်ဖျက်သိမ်းပြီးဖြစ်သည့် 1980model နှင့် ၎င်းမတိုင်မှီယာဉ်များအား ရှေးဟောင်း Classic မော်တော်ယာဉ်အဖြစ် သတ်မှတ်ဒဏ်ကြေးဖြင့် ပြန်လည်မှတ်ပုံတင်ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

၂။မှတ်ပုံတင်ဆောင်ရွက်ရာတွင် မူလမှတ်ပုံတင်ထားရှိခဲ့သော ယာဉ်များကိုသာ ပြန်လည်မှတ်ပုံတင်ဆောင်ရွက်ပေးမည်ဖြစ်ပြီး ရောက်ရှိယာဉ်အမှတ်အသစ်ဖြင့် သတ်မှတ် ပေးမည်ဖြစ်ပါသည်။မော်တော်ယာဉ်များအား တန်ဖိုးထားထိန်းသိမ်းနိုင် ပေးမည်ဖြစ်ပါသည်။
ယခင် မှတ်ပုံတင်ထားခြင်းမရှိသောရှေးဟောင်းယာဉ်များအား မှတ်ပုံတင်ပေးမည်မဟုတ်ပါ။

၃။ ရှေးဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင်ဆောင်ရွက်ခြင်းအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ရုံးများတွင် ရှေးဟောင်း Classic . မော်တော်ယာဉ်အဖြစ် (၁-၁၂-၂၀၂၅) ရက်မှ (၃၁-၃-၂၀၂၆) ရက်အထိ သသတ်မှတ်ဒဏ်ကြေးဖြင့်
ပြန်လည်မှတ်ပုံတင်
ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်းနှင့် အသေး စိတ်အချက်အလက်များအား www.motc.gov.mm,www.myanmarrtad.com တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း အအသိပေးကြေညာအပ်ပါသည်။

#ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

23/11/2025

#‌‌အသိပေးနှိုးဆော်ချက်
**************
(၁) ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူသွားလာသည့် လမ်းများပေါ်တွင် ပါဝါအိတ်ဇော တပ်ဆင်ထားသည့် အိမ်စီးကား၊ ပြိုင်ကားများနှင့် မော်တော်ဆိုင်ကယ်များအား မောင်းနှင် သွားလာနေကြောင်း စစ်ဆေးတွေ့ ရှိပါက တည်ဆဲဥပဒေအရ အဆိုပါပြစ်မှုကျူးလွန်သူကို တစ်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ၊ နောက်တစ်ကြိမ် ထပ်မံကျူးလွန်ပါက ထိုသူကို သုံးလထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်းထက်မပိုသောငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေပြစ်ဒဏ်ချမှတ်ခံရမည်ဖြစ်ပါသည်။

(၂) ယာဉ်စည်းကမ်းထိန်းသိမ်းကြီးကြပ်ရေးပူးပေါင်းအဖွဲ့များက၂ဝ၂၅ခုနှစ်၊ဇွန်လမှ နိုဝင်ဘာလလယ် အထိ ပါဝါအိတ်ဇောတပ်ဆင်ထားသော ပြိုင်ကား (၇)စီး၊ လူစီး ယာဉ်(၇၁) စီး၊ မော်တော် ဆိုင်ကယ်(၂)စီး၊ စုစုပေါင်း(၈၀)စီးကို ဖမ်းဆီး၊ ဒဏ်ရိုက်၊ လိုင်စင်ပိတ်သိမ်းပညာပေးခဲ့ပြီး ဖြစ်ပါသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ဖမ်းဆီရမိသော ပါဝါအိတ်ဇောတပ်မော်တော်ယာဉ် များကို ဥပဒေအတိုင်း ထောင်ဒဏ်၊ ငွေဒဏ်ချမှတ်၍ပြင်းထန်စွာအရေးယူအပြစ်ပေးသွားမည် ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

(၃) ထို့အပြင် ပါဝါအိတ်ဇောရောင်းချသည့်ဆိုင်များ၊ ... ပါဝါအိတ်ဇောတပ်ဆင်ပေးသည့် ဝပ်ရှော့ များကို သက်ဆိုင်ရာဌာနများ၏ဥပဒေအရပြင်းထန်စွာ အရေးယူခံရမည်ဖြစ်ပါသည်။

(၄) အထက်ဖော်ပြပါအချက်များအား ... လိုက်နာမှုမရှိဘဲ ဖောက်ဖျက်ကျူးလွန်ပါက ဥပဒေအရ ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြိုတင်အသိပေးနှိုးဆော်အပ်ပါသည်။

#ရန်ကုန်တိုင်းဒေသကြီးယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ

Photos from Yangon Car Licence & Driving Licence Services's post 12/10/2025

"ခ"ယာဉ်မောင်းလိုင်စင် လာရောက်ဖြေဆိုမည့်နေ့တွင် စာရွက်စာတမ်းများ ဘာတွေယူဆောင်လာကြရမလဲ....?

ဟုတ်ကဲ့ပါ။
Onlinebooking System Error ဖြစ်နေချိန်အတွင်းမှာ ဖုန်း (သို့မဟုတ်)ရုံးကိုကိုယ်တိုင်လာယူစနစ်ဖြင့် ရယူရမည်ဖြစ်ပါသည် ခင်ဗျာ။
"ခ၊ဃ၊င "လိုင်စင်ဖြေဆိုရက်ချိန်းရယူပြီးသူများအနေဖြင့် ဖြေဆိုရမည့်နေ့တွင် အောက်ပါအချက်အလက် များအားယူဆောင်လာကြရန် အသိပေးလိုက်ပါတယ်ခင်ဗျာ။

(၁) သင်မောင်းလိုင်စင် (မူရင်းနှင့်မိတ္တူ)

(၂) နိုင်ငံသားစိစစ်ရေးကတ် (မူရင်းနှင့်မိတ္တူ)

(၃) ယာဉ်မောင်းသင်တန်းတက်ရောက်ပြီးသည့်သင်တန်းဆင်းလက်မှတ် (မူရင်းနှင့်မိတ္တူ)။

သင်တန်းတက်ထားခြင်းမရှိပါက (က.ည.န)ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း သင်တန်းတက်ရောက်ရပါမည်။

(၄)ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း သင်တန်းကြေး(၅၀၀၀ကျပ်)

(၅) ရေးဖြေတစ်ကြိမ်စစ်ဆေးခ (၂၀၀၀ ကျပ်)

"ခ"လိုင်စင်ဖြေဆိုခြင်းများကို ယုံကြည်စွာအပ်နှံပေးကြပါသော မိတ်ဆွေ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါသည်ခင်ဗျာ🙏။

မော်တော်ယာဥ် သက်တမ်းတိုးနှင့်
ယာဥ်မောင်း လိုင်စင်ဝန်ဆောင်မှု့
Yangon Car Licence & Driving Licence Services
Ph ; 09 4000 44 701
09 250 691 693
မိတ်ဆွေများ အားလုံးကို ကျေးဇူးတင်ပါသည်။

28/09/2025

အသိပေးကြေညာခြင်း
------------------------
(၂၉.၉.၂၀၂၅)ရက်မှစ၍ Online Booking စနစ် ရယူနိုင်ခြင်းမရှိသည့်ကာလအတွင်း သက်တမ်းတိုးဆောင်ရွက် မည်ယာဉ်များနှင့် ယာဉ်မောင်းလိုင်စင်များကို Online Booking ရယူရန်မလိုဘဲ သက်တမ်းတိုး ဆောင်ရွက်ပေးပါ မည်။ သက်တမ်းတိုး ယာဉ်များအနေဖြင့် ရုံးဝန်းအတွင်းသို့ နေ့လည်(၃း၀၀)နာရီအတွင်း ရောက်ရှိယာဉ်များကိုသာ ဆောင် ရွက်ပေးပါမည်။

ယာဉ်မှန် / မမှန်စစ်ဆေးခြင်းနှင့် ပြောင်းလဲခြင်းယာဉ် များကို Online Booking စနစ် ရယူနိုင်ခြင်းမရှိသည့် ကာလအတွင်း ယာဉ်မှတ်ပုံတင်ထားသူ၏(မှတ်ပုံတင်+ကမ-၃) မူရင်းအား ခရိုင်ဦးစီးမှူးထံတင်ပြ၍ ကြိုတင်ရက်ချိန်း ရယူ ဆောင်ရွက်ရပါမည်။

တိုင်းဒေသကြီးဦးစီးမှူးရုံး(ရန်ကုန်)
-Photo

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address


Thathumar Street, Thingangyun
Yangon
11071