11/03/2025
လွတ်လပ်စွာလေ့လာဝယ်ယူနိုင်ပါတယ်
အသေးစားစက်မှုလက်မှုလုပ်ငန်းများပေါ်ထွန်းလာစေရန်
11/03/2025
လွတ်လပ်စွာလေ့လာဝယ်ယူနိုင်ပါတယ်
29/01/2023
ဥက္ကံမြို့နယ် ဂေါ့ကျေးရွာတွင် ဖွင့်လှစ်ခဲ့သော အခြေခံ စက်ချုပ်သင်တန်း ဆင်းပွဲ မြင်ကွင်းများ
25/12/2022
ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် အသေးစားစက်မှုလက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်အတွက် နည်းပညာအကူအညီပေးခြင်းနှင့် နည်းပညာလွဲပြောင်း သင်တန်းများဖွင့်လှစ်လျက်ရှိပါတယ်။ တနိုင်တပိုင် စီးပွားရေးလုပ်ငန်းမှသည် စျေးကွက်ဝင် တန်ဖိုးမြှင့် ထုတ်ကုန်များထုတ်လုပ်နိုင်ရန် ရည်ရွယ်ထားရှိပါသည်။ ပြည်ပမှ တင်သွင်းလာသည့် လူသုံးကုန်ပစ္စည်းများအား သွင်းကုန်အစားထိုး ထုတ်လုပ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် (၂၆.၁၂.၀၂၂) မှ( ၃၀.၁၂.၂၀၂၂)ရက်နေ့ထိ ဖွင့်လှစ်မည့် လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု နည်းပညာ သင်တန်းသို့ တက်ရောက်လိုပါက. အောက်ပါ လိပ်စာများသို့ ဆက်သွယ်နိုင်ပါသည်... သင်တန်းကြေးမှာ အခမဲ့ ဖြစ်ပြီး၊ သင်တန်းချိန်ပြည့်မီအောင်တက်ရောက်နိုင်မှသာစာရင်းပေးစေလိုပါတယ်။သင်တန်းချိန်မှာ နံနက်၉နာရီ မှ ညနေ ၄း ၃၀အထိဖြစ်ပြီး၊သင်တန်း၌ဆပ်ပြာရည်အမျိုးမျိုး ခေါင်းလျော်ရည်အမျိုး ကြမ်းတိုက်ဆေး မှန်ကြည်ဆေး လက်ဆေးဆပ်ပြာအမျိုးမျိုး ဖယောင်းတိုင်ထုပ်လုပ်နည်းများနင့်စျေးကွက်အခြေအနေများ ဆွေးနွေးသင်ကြားသွား မည်ဖြစ်ပါသည်။ အမှတ်၁၃၇ (ခ) OSCဆေးရုံအနီ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး သုဓမ္မာလမ်းမကြီးပေါ် မြောက်ဥက္ကာပ ဖြစ်ပါတယ်။ရုံးဖုန်း 018665806သို့လည်းကောင်း ၊သင်တန်းရေးရာဌာန ၀၉၇၉၇၂၁၉၃၉၆သို့လည်ကောင်း ဆက်သွယ် စာရင်းပေးနိုင်ပါတယ်
07/12/2022
ဖျော်ယမကာ ရေခဲမုန့်နှင့် ဝိုင်မျိုးစုံထုတ်လုပ်မှုနည်းပညာသင်တန်း ဆင်းပွဲ အခမ်းအနား
07/12/2022
နုပျိုခြင်းကို ပေးစွမ်းနိုင်သော သဘာဝ သီးနှံထုတ်ကုန်များ ဖြစ်သည့် ဝိုင် ဖျော်ရည်နှင့်ရေခဲမုန့်သင်တန်း ပုံရိပ်များ
01/12/2022
အဖျော်ယမကာ၊ရေခဲမုန့်နှင့် အအေးအမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနား ယနေ့ပြုလုပ်စဥ် ... အဆိုပါသင်တန်းတွင် သင်တန်းသား သင်တန်းသူ၂၀ ဦးတက်ရောက်ပြီး သင်တန်းကာလမှာ တပတ်ကြာမြင့်မည် ဖြစ်ပါသည်။
30/11/2022
လူပြည့်မှီကျော်လွန်သွားပြီ ဖြစ်သည့်အတွက် စာရင်းပိတ်ပါပြီ။မနေ့က cbတွင် စာရင်းပေးထားသူများမှအပ နောက်တစ်ခေါက်မှ တက်ပေးကြပါနော်
29/11/2022
အဖျော်ယမကာ၊ရေခဲမုန့်နှင့်အအေး အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်း ကို ၁.၁၂.၂၀၂၂ ရက်နေ့ မှ ၇.၁၂ .၂၀၂၂ ထိ သင်တန်းစရိတ် အခမဲ့ ဖြင့် ဖွင့်လှစ်ပို့ချပေးပါမည် ။သင်တန်းချိန်မှာမနက်၉း၀၀မှ ညနေ၄း၃၀ထိ ဖြစ်ပါသည်...မိမိ မှတ်ချင်တာများမှတ်နိုင်ရန် စာအုပ်နှင့်ဘောပင်ယူခဲ့ပါ။ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဒေသခံပြည်သူများ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်ချက်ဖြင့် အဆိုပါ သင်တန်းကို ဖွင့်လှစ်မည် ဖြစ်ပြီး သင်တန်းတွင် ဝိုင်အမျိုးမျိုး ရေခဲမုန့်အမျိုးမျိုးနှင့် ဖျော်ရည်အမျိုးမျိုး တို့ကို စီးပွားဖြစ် ထုတ်လုပ်နိုင်သည်အထိ သင်ကြားပေးသွားမည်ဖြစ်ပါသည်။သင်တန်းတက်ရောက်လိုပါက အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပ မြို့နယ် osc ဆေးရုံအနီး သို့ လာရောက်စုံစမ်း နိုင်ပါသည်။ ဆက်သွယ်နိုင်သည့် phနံပတ်မှာ 018665806 နှင့် 018661353 ဖြစ်ပါသည်
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |