Mahn Than Win Oo

Mahn Than Win Oo

Share

ကရင့်အသံ လွှတ်တော်ရောက်ရန်

Photos from Mahn Than Win Oo's post 15/03/2024

ယ​နေ့တွင် ကျ​​ရောက်သည့် ​မွေး​နေ့ ( )နှစ်ကို ​မှန်ကန်စွာ ဖော်ပြနိုင်သူ ၂၀ ဦးကို ​မွေး​နေ့ လက်​ဆောင် ကရင်အဝတ်အစား​ပေးပါမည်။

Photos from Mahn Than Win Oo's post 06/03/2024

ကရင်စာ​ပေသင်ရိုးပြုစု​ရေး​ကော်မတီ
၂၀၁၃ခုနစ်တိုင်းရင်းသား​စာ​ပေသင်ကြားခွင့်အားအစိုးရ​ကျောင်းများတွင် မူလတန်း​အောက်အဆင့်ရရှိခဲ့ပြီး​နောက် ၂၀၁၅ခုနှစ်တွင်KGဖတ်စာအုပ်အား ပညာ​ရေး၀န်ကြီးဌာန UNICEF နှင့်တိုင်းရင်းသားစာ​ပေပညာရှင်များ​ကျောင်းသားဗဟိုပြုသင်ရိုးဖြင့်ပြုစုခဲ့ပါသည်။
KGဖတ်စာအုပ်အား ဧရာ၀တီတိုင်းတွင် ၂၀၁၆ခုနှစ်၊ရန်ကုန်တိုင်းတွင် ၂၀၁၇ခုနစ်တွင် သင်ကြားခဲ့ပါသည်။KGဖတ်စာအုပ်နှင့်ချိတ်ဆက်မည့် G 1သင်ရိုးစာအုပ် မရှိသဖြင့် ကရင်စာ​ပေသင်ရိုးဖြစ်​မြောက်​ရေး​ကော်မတီကို ရန်ကုန်တိုင်း​ဒေသကြီး ကရင်စာ​ပေယဥ်​ကျေးမူ​ကော်မတီ အတွင်း​ရေးမှူးအ​နေဖြင့်ဦး​ဆောင်၍ ကရင်စာ​ပေသင်ရိုးဖြစ်​မြောက်​ရေး​ကော်မတီကို ဖွဲ့စည်းရာတွင် အတွင်း​ရေးမှူး​နေရာတာ၀န်ယူပြီး​ဆောင်ရွက်ခဲ့ပါသည်။
စ​ကောကရင်အ​နောက်ပိုးကရင် G1သင်ရိုးအား​ကျောင်းသားဗဟိုပြုသင်ရိုးညွန်း​ဘောင်အတိုင်း ၂၀၁၈ခုနစ်စတင်ပြုစုရာ၂၀၁၉ခုနှစ်တွင်ပြီးစီးခဲ့ပါသည်။
စ​ကောကရင်အ​နောက်ပိုးကရင် G2သင်ရိုးအား​ကျောင်းသားဗဟိုပြုသင်ရိုးညွန်း​ဘောင်အတိုင်း ၂၀၁၉ခုနစ်စတင်ပြုစုရာ၂၀၂၀ခုနှစ်တွင်ပြီးစီးခဲ့ပါသည်။
စ​ကောကရင်အ​နောက်ပိုးကရင် G3သင်ရိုးအား​ကျောင်းသားဗဟိုပြုသင်ရိုးညွန်း​ဘောင်အတိုင်း ၂၀၂၀ခုနစ်စတင်ပြုစုရာကိုဗစ်နှင့်အ​ပြောင်းအလဲအ​ကြောင့်၂၀၂၂ခုနှစ်တွင်ပြီးစီးခဲ့ပါသည်။
စ​ကောကရင်အ​နောက်ပိုးကရင် G1.G2.G3သင်ရိုးစာအုပ်များ
အစိုးရ​ကျောင်းများတွင်သင်ကြားခွင့်နှင့်ပူံနိပ်ခွင့်အား အဆင့်ဆင့်တင်ပြခဲ့ပါသည်။
ပညာ​ရေး၀န်ကြီးဌာနမှ ၂၀ဝ၄ /၂၀၂၅ပညာသင်နှစ်အတွက် စ​ကောကရင်အ​နောက်ပိုးကရင် G1.G2.G3 သင်ရိုးဖတ်စာအုပ်များပုံနှိပ်​ပေးပြီးမြို့နယ်ကရင်စာ​ပေယဥ်​​ကျေးမူ​ကော်မတီများသို့ ဖြန့်​​ဝေထားပြီးဖြစ်၍
ကရင်စာ​ပေအား အတန်းသင်ပညာ​ရေးသင်ကြားနိုင်ရန်အတွက် G1.G2.G3 ဖတ်စာအုပ်များအားအစိုးရ​ကျောင်းများတွင် တရားဝင်သင်ကြားခွင့်နှင့်ပုံနှိပ်ထုတ်​ဝေသည့်အတွက် သမိုင်း​ပေးတာဝန်တစ်ခုကို အတိုင်းအတာတစ်ခုထိထမ်း​ဆောင်ခဲ့ပြီးဖြစ်ပါသည်။
စ​​ကောကရင်အ​နောက်ပိုးကရင်
စာ​ပေပညာရှင်၊နည်းပညာရှင် များကရင်စာ​ပေယဥ်​ကျေးမှုမှ အကြီးအကဲများ နှစ်စဥ်အဓိကအလှူရှင်များနှင့် အားဖြည့်အလှူရှင်များအား မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

19/01/2024

ကရင်အမျိုးသားနှစ်သစ်ကူးကျင်းပ​ရေးဗဟို​ကော်မတီမှ ထုတ်​​ဝေသည့်၂၇၆၃ ခုနှစ်ကရင့်​ကြေးမုံထွက်ပါပြီး။
ကရင်ရိုးရာဒုံးအက ကကြိုးကဟန်အ​ကြောင်း
မြန်မာနိုင်ငံကရင့်ပညာ​ရေး
ကရင်သမိုင်းဆိုင်ရာယဥ်​ကျေးမှုဓ​လေ့သုခုမအ​ကြောင်းများအား စာမျက်နာ၃၀၀​ကျော်ဖြင့်​ေ၀​ေ၀ဆာဆာပါရှိပါသည်။
နှစ်၍မပြတ်ထုတ်​ဝေနိုင်ရန်အထူး​ကြိုးစားထားပါသည်။အယ်ဒီတာချူပ်မန်း​နောင်မင်းနှင့်အဖွဲ့အားလည်း​ကျေးဇူးအထူးတင်ပါသည်။

ဆက်သွယ်ဝယ်ယူရန်
095152629

Photos from Mahn Than Win Oo's post 08/01/2024

နံနက်၆နာရီအလံတင်အခမ်းအနားနှင့်​​ကရင်ရိုးရာယဥ်​ကျေးမူ ဒုံးအက၊ဝါးညုပ်၊​တောင်ယာစူယာထိုးအက၊ကြိုးကျစ်အက
အထူးအစီအစဥ်
ကရင်ရိုးရာပျားဖွတ်ပြိုင်ပွဲနှင့်မွန်းလွဲ၁နာရီတွင်ရိုးရာလက်​​ဝှေ့ပြိုင်ပွဲ ၄ချီစိန်​ခေါ်ပွဲဖြစ်ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

Photos from Mahn Than Win Oo's post 17/04/2023
Photos from Mahn Than Win Oo's post 08/01/2021

ကရင်အမျိူးသားနှစ်သစ်ကူးကျင်းပရေးဗဟိုကော်မတီ၏အမှတ်သညာဖြစ်သည့်နှစ်အလိုက်ထုတ်ဝေထားသောကရင့်ကြေးမုံစာအုပ်များနှင့်
၂၇၆၀ခု နှစ် ကရင်အမျိူးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် ကရင့်ကြေးမုံစာအုပ်မျက်နှာဖုံးကို ကရင်အမျိုးသားအလံတော်အားအတည်ပြုရေးဆွဲသူ
မန်းဘခင်ပုံဖြင့် ထုတ်ဝေပြီး
12 .1.2021တွင်စတင်ဖြန့်ဝေပါမည်။

ကရင်နှစ်သစ်ကူးကျင်းပရေးဗဟိုကော်မတီက ၂၇၆၀ခုနစ်ကရင့်ကြေးမုံစာအုပ်အား ကိုဗစ် ၁၉ ကပ်ရောဂါကာလတွင် အစဥ်အလာမပျက် ထုတ်ဝေနိုင်အောင်နှင့်ကရင်သမိုင်း၊ကရင်နိုင်ငံရေး၊ကရင်စာပေယဥ်ကျေးမှု ၊ဓလေ့ထုံးတမ်းစသည်ကဏ္ဍစုံအောင် စီစဥ်ဆောင်ရွက်ပေးသည့် ကရင်ကြေးမုံအယ်ဒီတာချုပ်
မန်းနောင်မင်း(ထီမန်)နှင့်အဖွဲ့သားအားလုံးကို အထူးကျေးဇူးတင်ကြောင်းဖော်ပြအပ်ပါသည်။
၂၇၆၀ကရင့်ကြေးမုံစာအုပ်ကို
အောက်ပါဖုန်းနံပါတ်များဖြင့်
ဆက်သွယ်ဝယ်ယူနိုင်ပါသည်။

095152629
095132637
09776841973
09420154062

Photos from Mahn Than Win Oo's post 22/12/2020

ကရင်အမျိုးသားနှစ်သစ်ကူးကျင်းပရေးဗဟိုကော်မတီကကကြီးမှူးသောကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အထိမ်းအမှတ်ဓာတ်ပုံပြိုင်ပွဲကိုဝင်ရောက်ယှဥ်ပြိုင်ပါရန်ဖိတ်ခေါ်ပါသည်။

Photos from Mahn Than Win Oo's post 11/12/2020

ကိုဗစ်ကာလကြိုးစားခဲ့ကြ
===================
ကရင်နှစ်သစ်ကူးကျင်းပရေးဗဟိုကောမတီ၏နှစ်သစ်ကူးအထိမ်းအမှတ်
ပြက္ခဒိန် ယခုလ(15)ရက်နေ့တွင်ထွက်ပါမည်။
ပြက္ခဒိန်၏ပထမစာရွက်တွင် မုတ္တိမြောင်ကျေးရွားနေ မော်နေပွာမျိုးနွယ်စုမှကရင်ရှေးဟောင်းဖားစည်(77)လုံးထိန်းသိမ်းထားသည်ကိုဂုဏ်ပြုဖော်ပြခြင်း။
ပြက္ခဒိန်၏ဒုတိယစာမျက်နှာတွင်ပဲခူးတိုင်းဒေသကြီးပဲခူးအနောက်ခြမ်းပဲခူးရိုးမတောင်ပေါ်နှင့်တောင်ခြေတွင်နေသောစကောကရင်မျိုးနွယ်စု၏ယနေ့ထိတိုင်ကရင်ရိုးရာဝတ်စုံကိုကိုယ်တိုင် လက်ယက်ကန်းနှင့်ရက်လုပ်ပြီးဝတ်စားဆင်ယင်ခြင်းကိုဂုဏ်ပြုဖော်ပြခြင်း။
ပြက္ခဒိန်တတိယစာမျက်နှာတွင်ပဲခူးရိုးမတောင်ပေါ်တောင်ခြေနေစကောကရင်မျိုးနွယ်စု၏ကရင်အိုးစည်အကကိုဂုဏ်ပြုဖော်ပြခြင်း။
ပြက္ခဒိန်နောက်ဆုံးစာမျက်နှာတွင်ကရင်ရိုးရာကိုအခြေခံသော လူငယ်စုံတွဲဝတ်စုံများဖြင့် Karen Celeများကဝတ်ဆင်ပြီးသရုပ်ပြတင်ပြခြင်း။
ယခုနှစ်ကရင်နှစ်ကူး ပြက္ခဒိန်ကို095152629ကိုဆက်သွယ်မှာယူနိုင်ပါသည်။

Photos from Mahn Than Win Oo's post 09/12/2020

ရန်ကုန်တိုင်းဒေသကြီးကရင်စာပေနှင့်ယဥ်ကျေးမှုကော်မတီ၏ဖွဲ့စည်းပုံစည်းမျဥ်းရေးဆွဲခြင်းအခမ်းအနားကိုမြောက်ပိုင်းခရိုင် ထန်းတပင်မြို့ မြောကျလှှတျကုနျးရှာတှငျကငြျးပရာအဖှဲ့မြားနှငျ့အတူတကျရောကျဆှေးနှေးခဲ့။

10/11/2020

2020 ရွေးကောက်ပွဲ အောင်မြင်စွာ ပြီးဆုံးသွားတဲ့ အတွက် ကျေးဇူးတင်သင့်တင်ထိုက်သူ အားလုံးကို ကျေးဇူးတင်ပါတယ်။
2020 ရွေးကောက်ပွဲ မှာ အနိုင်ရရှိသူ အားလုံးကို Congratulation ပါ။
2020 ရွေးကောက်ပွဲ မှာ ရန်ကုန်တိုင်းအတွင်း ရောက်ရှိခဲ့တဲ့ နေရာတိုင်းမှာ ရှိတဲ့ ကရင်လူမျိုးများ ရဲ့ လိုအပ်ချက်တွေကို ချိတ်ဆက်ပြီး ဆက်လက်ဆောင်ရွက်သွားပါမယ်။
မြန်မာနိုင်ငံ တစ်ဝန်း မှာ ရှိနေတဲ့ ကရင်လူမျိုးတွေ ရဲ့ လူမျိုး​​ရေး၊ နိုင်ငံရေး၊ ပညာရေး၊ စိုက်ပျိုးမွေးမြူရေး၊ စာပေ ယဉ်ကျေးမှု စသည်တို့ကို ကရင်လူမျိုးများ နှင့်အတူ ဆက်လက် ဆောင်ရွက်မည်။
2020 ရွေးကောက်ပွဲ တလျှောက်
နေပူ မိုးရွာ မိုးချုပ် တဲ့အထိ အောင်နိုင်ရေးအတွက်ဆောင်ရွက်ပေးခဲ့သူ အားလုံးကို မှတ်တမ်းတင် အထူး ကျေးဇူးတင်ပါတယ်။

09/11/2020

ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးလောင်း မန်းသန်းဝင်းဦးနဲ့ တွေ့ဆုံမေးမြန်းချက်
~~~~~
■ ရန်ကုန်တိုင်းထဲက မြို့နယ်တချို့မှာ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးလောင်းတွေအတွက် မဲပေးခွင့် မရဖြစ်နေပါတယ်။

ကရင်ပြည်သူ့ပါတီကနေ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးအဖြစ် ဝင်ရောက်ယှဉ်ပြိုင်တဲ့ မန်းသန်းဝင်းဦးကို RFA သတင်းထောက် မဇာဏီထွဏ်း တွေ့ဆုံမေးမြန်းထားပါတယ်။
- Unicode
~~~~~~~~~~~~~~~

ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးလောင်း မန်းသန်းဝင်းဦးနဲ့ တွေ့ဆုံမေးမြန်းချက်
~~~~~
■ ရန်ကုန်တိုင်းထဲက မြို့နယ်တချို့မှာ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးလောင်းတွေအတွက် မဲပေးခွင့် မရဖြစ်နေပါတယ်။

ကရင်ပြည်သူ့ပါတီကနေ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးအဖြစ် ဝင်ရောက်ယှဉ်ပြိုင်တဲ့ မန်းသန်းဝင်းဦးကို RFA သတင်းထောက် မဇာဏီထွဏ်း တွေ့ဆုံမေးမြန်းထားပါတယ်။
- Zawgyi
~~~~~~~~~~~~~~~

Photos from Mahn Than Win Oo's post 04/11/2020

.တာပလု သရာမူ

တိုင်းရင်းသားဘာသာစကားအခြေပြုပညာရေးနှင့်မန်းသန်း၀င်းဦး (MTBMLE and MTWO)
တိုင်းရင်းသားဘာသာစကား၊အရည်အချင်းပြည့်ပညာရေးနှင့် မန်းသန်း၀င်းဉီးကိုဆက်စပ်ပေးပါမယ်။
မိမိတို့တိုင်းရင်းသားဘာစကား (မိခင်ဘာသာစကား)တွေကိုပြောဆိုတဲ့တိုင်း ရင်းသားကလေးငယ်တွေဟာ မိမိဘာသာစကားနဲ့အရည်အချင်းပြည့်ပ ညာ ရေးပန်းတိုင်ကိုလက်လှမ်းမှီ‌ရောက်ရှိနိုင်တယ်၊ ဒီMTBMLE စနစ်နဲ့သွားရင်တိုင်း ရင်းသားတွေဟာ မိမိဘာသာစကား၊ယဥ်ကျေးမှု၊တန်ဖိုးတွေ ကိုဆက် လက် ထိန်းသိန်းနိုင်သလိုအခြားနိုင်ငံသုံးစကားနဲ့အပြည်ပြည်ဆိုင်ရာစကားတွေမှာလည်း ကျွမ်းကျင်ပြီး အထူးသဖြင့်ကတော့ အရည်အသွေး၊အရည်အချင်းပြည့် ၊မိမိကိုယ်ကိုယုံကြည်မှုအပြည်အ၀ရှိတဲ့တိုင်းရင်းသားတွေဖြစ်လာမှာဖြစ်တယ်

MTWOကတော့ တိုင်းရင်းသားဘာသာစကား၊ယဥ်ကျေးမှုတွေထိန်းသိမ်း တာအပြင်စာပေဖွံ့ဖြိုးမှုအပိုင်း၊ဒါထက်မက တိုင်းရင်းတွေရဲ့ပညာရေးဖွံ့ဖြိုးကို စိတ်၀င်တစားနဲ့လုပ်ဆောင်နေတာကအားရကျေနပ်ဖွယ်ပါ၊ အတန်းလိုက်သင် ရိုးညွန်းတမ်းတွေသာမက၊ကရင်အဘိဓာန်လုပ်ငန်း၊တိုင်းရင်းသားပညာရေးလုပ်ငန်းတွေ၊ဘာသာစကားနဲ့စာပေပညာရှင်မွေးထုတ်မှုတွေမှာ အားသွန် ခွန် စိုက်ကြိုးစားလုပ်ဆောင်နေတာတွေ့ရတော့ (စည်းရုံ့းရေး၊အသိအမြင်ဖွင့်ရေး၊ ချိတ်ဆက်လုပ်ဆောင်ခြင်း၊ငွေကြေးရှာဖွေထောက်ပံ့ခြင်း စတဲ့) အနာဂတ်ကရင် တိုင်းရင်း သားတွေအတွက် ပီတိဖြစ်စရာပါ၊ယခုလုပ် ဆောင်နေတာအပြင်ဆက်လက်ပြီးလုပ်ဆောင်နေမှာကိုလည်းယုံကြည်တဲ့အ တွက် ကရင်တိုင်းရင်းသားတွေ အားကိုးလောက်တဲ့ကရင်ခေါင်းဆောင် တစ်ဉီးဆက်လက်ပေါ်ထွန်းဖို့တို့ အား လုံးမှာတာ၀န်ရှိပါတယ်။

ဒါကြောင့် -----------------ကြပါစို့။ (Complete the sentence!)

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Yangon