လူတိုင်းအမှားနဲ့မကင်းပါဘူး
မှားပါရဲရဲမှားပါ
ပြီးရင်အဲ့အမှားကိုလက်ခံပါ
အမှားများမှသာ အမှန်ဆီနီးကပ်လာတယ်ဆိုတာကို
ယုံကြည်နေဖို့ပဲလိုတာပါ
Love venus
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Love venus, Library, Yangon.
ကျွန်မကိုဘယ်သူဘာပဲမြင်မြင်
ဘယ်လိုပဲပြောပြော
သူများရဲ့ထင်မြင်မှုကြောင့်တော့
သူများသာယာမှုအတွက်တော့
ကျွန်မကိုယ်ကျွန်မ ပြောင်းလဲဖို့အစီအစဉ်မရှိပါဘူး
ကျွန်မဘယ်သူ့ရဲ့ထင်မြင်ချက်ကိုမှ
ဂရုမစိုက်တက်ပါဘူး
ရိုင်းတယ်ပဲပြောပြော
မိန်းကလေးမဆန်ဘူးပဲပြောပြော
ကျွန်မတန်ဖိုးထားနဲ့ရိုးသားမှုနဲ့ပွင့်လင်းမှုကိုတော့
ပြောင်းလဲမှာမဟုတ်ပါဘူး
ငါ့မှာ ဗိုက်ခဏခဏ ဆာတတ်တဲ့ ရောဂါရှိလို့
အဲ့ရောဂါအတွက် အချိန်မှီကုပေးနိုင်မှ ငါ့ဘဝထဲ
ဝင်ခဲ့ပါ 😝😝
အလဲ့
Phyo
ကောင်မလေး : ငါ့ကိုလမ်းခွဲပေးပါ
ကောင်လေး : ဟာ....... နင်ဘာပြောလိုက်တာလဲ
ကောင်မလေး သူ့ကို အဲ့လိုလမ်းခွဲစကားရုတ်တရက်ကြီး
ပြောလာလိမ့်မယ်လို့ ကောင်လေး လုံးဝထင်မထားပါ
သူအခုတလော ကောင်မလေးကို ပစ်ထားတာတွေများခဲ့သည်။ သူနောင်တရချင်သလိုလိုဖြစ်လာသည်။
ကောင်လေးဆက်မေးသည်
ကောင်လေး : နင်ဘာကြောင့်ငါ့ကိုဖြတ်ချင်တာလဲ
အကြောင်းပြချက်လေးတော့ ပြောပေးပါ
ကောင်မလေးတစ်ယောက် ရင်ထဲက တုန်ရီနေသောအသံ
နှလုံးသာထဲက နာကျင်ခြင်းတွေနှင့် ပြည့်လျှံနေသော စကားလုံးတွေ တဖြည်းဖြည်းချင်းပြောဖို့ သူမ နှုတ်ခမ်းလေးကို စဖွင့်ဟလိုက်တယ်
ကောင်မလေး : နင်သိလား ငါနင်နဲ့ စတွေ့တုန်းကလေ
ငါ့စိတ်ထဲ နင်ကငါ့ကိုအရမ်းချစ်ပြီး အရမ်းဂရုစိုက်မှာလို့
ထင်ခဲ့တယ် ပြီးတော့ ငါမျက်နှာတစ်ချက်အငြိုးမခံရအောင်
နင်ကဂရုစိုက်ပေးမယ် သူငယ်ချင်းတွေကြားထဲမှာလဲ
နင်ကငါ့ကို သူများအမြင်ကတ်လောက်အောင်ဂရုစိုက်
ပေးမယ် ထင်ခဲ့တာ ဒါပေမယ့် ငါအတွေးတွေမှားသွားခဲ့
်တယ် ဟာ ငါရွေးချယ်မှုမှားသွားပြီ
ကောင်လေး ပါးစပ်အဟောင်းသားဖြစ်သွားသည်။
သူကောင်မလေးကို ပစ်ထားခဲ့မိပြီး အဆက်အသွယ်
မလုပ်တာ ၂ ပတ်တာ ကာလလေးပါ အမှန်သူပစ်ထားတာ
မဟုတ်ပါ သူတကယ် စာမေးပွဲ ကိစ္စတွေနဲ့ အလုပ်ရှုပ်နေခြင်း ဖြစ်သည်။ ဒါကို သူမလဲသိသည်။ အခုလဲ စာမေးပွဲ ပြီးပြီးချင်း သူ့ကိုတွေ့ချင်လွန်းလို့ ကောင်မလေးကို ချိန်းလိုက်ခြင်းဖြစ်သည်။ ကောင်လေးဒေါသထွက်သွားသည်။
ဖြေရှင်းချင်စိတ် မရှိတော့။ သူကောင်မလေးကို
ပြောလိုက်တဲ့စကားက သူတို့၂ ယောက်အတွက် လုံးဝ အချေအတင်ဖြစ်စရာအနေအထားဖြစ်သွားသည်။
ကောင်လေး : ဘာ မင်းတို့မိန်းကလေးတွေက အဲ့လိုဂရုစိုက်မှု စိတ်ထဲမပါလဲ နုနုရွရွ ပြောနေတဲ့ လိမ်တက်တဲ့စကားတွေ
ကို မက်မောတာပေါ့ ဟုတ်လား.. ......
ကောင်မလေး မျက်ရည်စက်လေးများဖြင့် ရင်ထဲနာကျင်စွာ
ပြန်ပြောလိုက်သည်။
ကောင်မလေး : အဲ့လိုဂရုစိုက်မှု တွေ အဲ့လိုစိတ်ထဲမပါပဲ
ပြောတဲ့ လိမ်စဉ်တွေကို စွဲလမ်းသွားအောင် ဘယ်သူတွေက
စလုပ်ခဲ့တာလဲ အဲ့မိန်းကလေးတွေရဲ့ အဖြေကိုရဖို့
ဟန်ဆောင်ဂရုစိုက်မှု အပေါ်ယံ ပျားရည်လောင်းထားတဲ့
စကားတွေကို မက်မောသွားအောင် ဘယ်သူကအရင်သင်ပေးခဲ့တာလဲ ရှင် သေချာ မှတ်ထားပါ
မိန်းကလေးတွေ သူတို့ချစ်သူဆီက အလိုချင်ဆုံးအရာက
ဂုဏ်တွေ ငွေတွေ ပကာသနတွေ အပေါ်ယံဟန်ဆောင်မှုတွေကို လိုချင်တာမဟုတ်ဘူး သူတို့အရမ်းချစ်ရတဲ့သူတို့
ချစ်သူဆီက အလိုချင်ဆုံးအရာက ရိုးသားဖြူစင်ခြင်းနဲ့
ဟန်ဆောင်မှုတွေ မပါတဲ့ ဂရုစိုက်ခြင်းတွေပဲ
ကောင်မလေး မျက်ရည်များ တသွင်သွင်စီးကျလာရင်း
ပြောလိုက်ခြင်းဖြစ်သည်။
ကောင်လေးတွေဝေသွားသည်။ သူ့ကိုပဲကောင်မလေး
အပြစ်ပုံချနေသလို ဖြစ်နေသည်။ ကောင်လေး ပြန်ပြော
လိုက်သည်။
ကောင်လေး : ငါနင့်ကို ဂရုစိုက်ပေးခြင်းစိတ်တွေပျောက်
သွားအောင် နင်ပဲလုပ်တာလေ
ကောင်မလေး : အံ့အားသင့်စွာနှင့်
ဘာ ငါဘာလုပ်လို့လဲ
ကောင်လေး : ငါဖုန်းဆက်တိုင်း နင်ကိုင်ဘူးလား။
သုံးခါဆက်မှ တစ်ခါလောက် နင်ဖုန်းကိုင်တယ်။
ငါနင့်ကို တွေ့ချင်လို့ ချိန်းလိုက်တိုင်း နင် တစ်လနှစ်ခါတောင်
ငါ့ကို တွေ့ခွင့်ပေးလို့လား
ကောင်မလေး : အဲ့ဒါ က ငါ အိမ်မပိုင်တာနင်သိတယ်လေ။
ကောင်လေး : နင်ကအိမ်မပိုင်လို့ ငါ့ကိုဒီအချိန်တွေဖုန်းဆက်လို့ရတယ် ဒီအချိန်မှာလာတွေ့လို့ရတယ်လို့
နင်ငါ့ကိုပြောဖူးလား။ နင်ကငါ ဘာ လုပ်လုက်ပေါ့ပြက်ပြက်
ပဲတွေးတယ် နင်လိုတဲ့ချိန်ခေါ်တယ် ငါကနင့်အတွက်
လိုသုံး လား နင့်ချစ်သူလား
၂ ယောက်သားခေါင်းငိုက်စိုက်ကျ စဉ်းစားနေကျသည်။
၂ ယောက်လုံး မမှန် မှားနေသည်လေ။
ကောင်လေး : ငါတောင်းပန်ပါတယ် ငါ့ကိုမထားခဲ့ပါနဲ့။
ကောင်မလေး : ငါလဲနင့်ကိုဘယ်တော့မှ ပေါ့ပြက်ပြက်
မဆက်ဆံဘဲ အလေးထားပါ့မယ် ။ နင်လဲငါ့ကို
ဘယ်လောက်အလုပ်ရှုပ်ရှုပ်ဂရုစိုက်မှာလား။
ကောင်လေး: ဂရုစိုက်မှာပေါ့ နင်လဲငါ့ကိုနားလည်ပေးနော်
တကယ့်ကျွန်မသူငယ်ချင်းစုံတွဲတစ်တွဲရဲ့ အဖြစ်အပျက်ပါ
အချစ်မှာ ၂ ယောက်လုံးနားလည်မှုရှိဖို့လိုတယ်။
တစ်ယောက်နဲ့တစ်ယောက်လေးစားဖို့လိုတယ်။
ယုံကြည်ဖို့လိုတယ်။
ရန်ဖြစ်လိုက်ပြန်ချစ်လိုက်က ပြန်စဉ်းစားတော့သာ
ပျင်းစရာမကောင်းဘူး ကြည်နူးရတယ်ဆိုပေမယ့်
တခါရန်ဖြစ်တိုင်း တကယ်ချစ်တဲ့သူအဖို့ အရမ်းနာကျင်
လွန်းတယ်။ ဒီတခါတကယ်ပြတ်ပါပြီဟာ ဆိုတဲ့
အတွေးနဲ့ ဝမ်းနည်းနေတက်တယ်။
တကယ်တော့ မိန်းကလေးတွေက သူတို့အရမ်းချစ်တဲ့ချစ်သူဆီက သူတို့စိတ်ဆိုးနေချိန် စာလေးတစ်ကြောင်း
လောက်ပို့ပြီး ချော့ရင်တောင် ကျေနပ်နေတက်တယ်။
သူတို့မချစ်တဲ့သူဆို ဘယ်လောက်ပဲသူတို့ကိုဂရုစိုက်နေပါ
စေ ပြန်ချေဖို့ပြတ်သားကျပါတယ်။
ယောက်ျားလေးတွေလဲသူတို့တကယ်ချစ်တဲ့မိန်းကလေး
အတွက်ဆို မျက်ရည်ကျဖို့ဝန်မလေးသလို ချော့ဖို့လဲ
စိတ်ရှည်တက်ကြပါတယ်။
ကျွန်မတစ်ယောက်တည်းရဲ့အမြင်ပါ လွတ်လပ်စွာ
သဘောထားကွဲလွဲနိုင်ပါတယ်။ ✌✌✌✌✌✌
ငါအချစ်ဆုံးလူတွေက
ငါ့အမုန်းဆုံးလူတွေဖြစ်သွားမှာ အကြောက်ဆုံးပဲ 😔😔
ငါနင့်ကိုမေ့ဖို့ကြိုးစားတာပဲ ဒါပေမယ့်
မိုးလင်းလို့ မျက်လုံးနှစ်လုံးပွင့်တာနဲ့
နင့်ကိုပဲသတိရတာတော့ဘယ်တက်နိင်မလဲ
ငါပြတ်ပြတ်သားသားငြင်းနိုင်တဲ့သူက
ငါလုံးဝမချစ်တဲ့သူဖြစ်ပြီး
ငါစဉ်းစားပေးမယ်လို့ပြောလိုက်တဲ့သူကလည်း
ငါချစ်တဲ့သူပဲဖြစ်ရမယ်
ဘာတွေဘယ်လောက်ပြောင်းပြောင်းမပြောင်းလဲတဲ့
ငါ့စိတ်ပဲ
Love fool
ငါအချစ်ကိုစဉ်းစားရင် ရင့်ကျက်လာတဲ့နောက်ပိုင်း
ဦးနှောက်နဲ့ပဲစဉ်းစားတော့မယ်
နှလုံးသားနဲ့စဉ်းစားရင်
နှလုံးရောဂါရနေမှာစိုးလို့
ငါလား
ဘယ်သူ့ကိုမှ လိုတာထက်ပိုပြီး
တန်ဖိုးမထား မဆက်ဆံပေးတော့ဘူးလေ
ဘာလို့ဆို တန်ဖိုးတာဂရုစိုက်တာနဲ့မတန်အောင်
အချေခံရလွန်းလို့😏😏😏
ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်အချင်းချင်းက
ကိုယ်လုပ်ရမယ့် ကိုယ့်ရည်မှန်းချက်နဲ့ ကိုယ့်ကို
နှိမ်ချပြီး ကဲ့ရဲ့နေတဲ့အဖြစ်မျိုးကြုံတဲ့အခါ
ဘာလုပ်မလဲ ???
သူတို့နာအောင်ပြန်ချေပမလား
ဒါမှမဟုတ် ဘာမှန်ပြန်မပြောပဲစိတ်ထဲမှာပဲ ကသိကအောက် အဖြစ်ခံပြီးနေမလား
ကျွန်မအဖြေကို သေချာပြန်စဉ်းစားကြည့်တယ်
နှစ်မျိုးလုံးကျွန်မမလုပ်နိုင်ဘူး
လူငယ်ပီပီ ပြန်ချေပချင်မယ် ပြီးတော့ခွန်းတုံ့မခံလည်းရန်ပြန်တွေ့ချင်မှာပဲ
ဒါပေမယ့် အဲ့လိုရန်မတွေ့ချင်တဲ့အတွက်
စဉ်းစားလိုက်တယ်
ခင်မင်မှုလည်းမပျက်အောင်
လူကြီးဆန်ရာလည်းရောက်အောင်
ကိုယ့်ကိုကိုလည်း စိတ်ချမ်းသာအောင်
သူပြောချင်တာပြော
ကိုယ့်စိတ်ထဲမှာသူ့ကို အရူးတစ်ယောက်လို့သာ
မှတ်ထားလိုက်ပါ
သူပြောပြသမျှငြိမ်ပြီးနားထောင်ပေးလိုက်ပါ
အဲ့ဒိနည်းကအကောင်းဆုံးပါပဲ
24/11/2016
03/11/2016
1. သင်သိပါသလား?
ယောကျာ်းလေးတွေရဲ့ အရမ်းချစ်တယ် အရမ်းလွမ်းတယ်
ဆိုတဲ့ စကားက သင့်တစ်ယောက် တည်းကိုပဲ ပြောဖူးတာ
မဟုတ်ဘူးဆိုတာ
2. သင်သိပါသလား?
သင်ဆီက အဖြေရရပြီးချင်း တစ်လနှစ်လလောက်ပဲဂရုစိုက်ပြ
ပြီး ပြီးရင်ဂရုမစိုက်တော့ဘူးဆိုတာ
3. သင်သိပါသလား?
ရည်းစားစကားတခါမှမပြောဖူးပါဘူးဆိုပြီး
သူတို့သုံးနှုန်းလိုက်တဲ့ အပြောတွေကြောင့် သင်ဖျားသွားနိုင်
လောက်တယ်ဆိုတာ
မှတ်ချက် မိန်းကလေးတွေက အယုံလွယ်တယ် အညှာလွယ်တယ်
လို့ ခေါင်းစဉ်တပ်ခံရခြင်း။
4. သင်သိပါသလား?
သင့်အပေါ်အမြဲသဝန်တိုပြီးစိတ်ထဲမပါပဲ စိုးရိမ်ပြနေတယ်
ဆိုတာ သင့်ကိုချစ်လို့မဟုတ်ဘဲ သူတို့ရဲ့နောက်ကွယ်က
အရှုပ်တွေကို ဖုံးထားချင်လို့ဆိုတာ
5. သင်သိပါသလား?
သင့်ရှေ့ မှာ သေလောက်အောင်လွမ်းပြတက်ပြီး နောက်ကွယ်
မှာ သင်မသိတဲ့ acc တစ်ခုနဲ့ အီချင်တိုင်းအီနေတယ်ဆိုတာ
6. သင်သိပါသလား?
ဘယ်လောက်ရိုးသားတဲ့ ယောကျာ်းဖြစ်နေပါစေ
သင့်ကို လိမ်ဖို့ ဝန်မလေးတက်ဘူးဆိုတာ
7. သင်သိပါသလား?
သူနဲ့ အီ နေတဲ့ ကောင်မလေးက သင့်ထက်အစစအရာရာ
သာနေရင် သူ့နောက်ကောက်ကောက်ပါအောင် လိုက်သွား
တက်တယ်ဆိုတာ
8. သင်သိပါသလား?
ယောကျာ်းတွေက ကိုယ့်ချစ်သူဘယ်လောက်သစ္စာရှိရှိ
သူမချစ်တော့ရင် ပြတ်ဆဲကျဖို့စကား လွယ်လွယ်ပြောထွက်
တက်တယ်ဆိုတာ
9. သင်သိပါသလား?
ယောကျာ်းတစ်ယောက်ရဲ့ အသည်းကွဲပြီးခံစားတဲ့အချိန်က
အလွန်ဆုံး သင်တစ်ရက်အသည်းကွဲတဲ့ အချိန်ကာလကိုတောင်
မမှီဘူးဆိုတာ
မိန်းကလေးတွေကိုရေးထားခြင်းအားမကျေနပ်သောကြောင့်😏😏
Click here to claim your Sponsored Listing.
Location
Category
Telephone
Website
Address
Yangon
