06/06/2026
မိုးရာသီရောက်ပြီဆိုတာနဲ့ မိုးသက်မုန်တိုင်းတွေနဲ့အတူ မိုးကြိုးပစ်မယ့်အန္တရာယ်ကလည်း သတိထားရမယ့်အချက် ဖြစ်လာပါတယ်။
မိုးကြိုးအန္တရာယ်ကနေ ကင်းဝေးစေဖို့အတွက် လိုက်နာရမယ့် ဆောင်ရန်၊ ရှောင်ရန်တွေကို အလွယ်ကူဆုံး သတိပြုနိုင်အောင် စုစည်းဖော်ပြပေးလိုက်ပါတယ်။
⚡️ မိုးကြိုးပစ်ခြင်းအန္တရာယ်မှ ကာကွယ်နည်းများ (ဆောင်ရန်/ရှောင်ရန်များ)
⚡️ အိမ်အပြင်မှာ ရောက်နေပါက ရှောင်ရန်များ -
မိုးကြိုးသည် မြင့်မားသောအရာများကို အရင်ဆုံးပစ်ခတ်လေ့ရှိသဖြင့် သစ်ပင်ကြီးများ၊ ဓာတ်တိုင်များအနီးတွင် မတ်တတ်မရပ်ပါနှင့်။
⚡️ လယ်ကွင်း၊ ဘောလုံးကွင်း သို့မဟုတ် ကွင်းပြင်ကျယ်ကြီးများထဲတွင် ရှိနေပါက သင်သည် အမြင့်ဆုံးအမှတ် ဖြစ်သွားနိုင်သဖြင့် အန္တရာယ်ရှိနိုင်ပါသည်။
⚡️ ရေသည် လျှပ်ကူးပစ္စည်းဖြစ်သောကြောင့် မိုးခြိမ်းသံကြားသည်နှင့် ရေကူးကန်၊ မြစ်၊ ချောင်းများထဲမှ ချက်ချင်း မြေပြင်ပေါ်သို့ တက်ပါ။
⚡️ စက်ဘီး၊ ဆိုင်ကယ် သို့မဟုတ် သံသတ္တုများအနီးတွင် မနေပါနှင့်။
🏡 အိမ်တွင်း/အဆောက်အအုံတွင်း ရှိနေစဉ် ဆောင်ရန်များ -
မိုးခြိမ်းသံ ကြားရပြီဆိုတာနဲ့ ခိုင်ခံ့တဲ့ အဆောက်အအုံ ဒါမှမဟုတ် အမိုးအကာရှိတဲ့ နေရာထဲကို ချက်ချင်းဝင်ရောက် ခိုလှုံပါ။
⚡️ တီဗီ၊ ရေခဲသေတ္တာ၊ ကွန်ပျူတာ၊ အဲကွန်းနဲ့ ဖုန်းအားသွင်းကြိုးတွေကို ပလပ်ပေါက်ကနေ ကြိုတင်ဖြုတ်ထားပါ။ (မိုးကြိုးလျှပ်စီးကြောင့် လျှပ်စစ်ပစ္စည်းများ ပျက်စီးခြင်းနှင့် ရေရှည်ဝါယာရှော့ဖြစ်ခြင်းမှ ကာကွယ်နိုင်ပါတယ်။)
⚡️ လေပြင်းဒဏ်နဲ့ မိုးကြိုးလျှပ်စစ်စက်ကွင်းဒဏ်မှ ကာကွယ်နိုင်ရန် မှန်တံခါး၊ သစ်သားတံခါးများကို လုံခြုံအောင် ပိတ်ထားပါ။
⚡️ ပြတင်းပေါက်အနီး သို့မဟုတ် ဝရန်တာများတွင် ထွက်မတ်တတ်ရပ်ခြင်းမျိုး မလုပ်ပါနှင့်။
💡 အရေးပေါ်အခြေအနေ ကြုံလာရလျှင် -
🌳 အပင်ကြီးတွေနဲ့ ဝေးရာတွင် နေပြီး ခြေထောက်နှစ်ဖက်ကို စုထားကာ ဆောင့်ကြောင့်ထိုင်ချပါ၊ ခေါင်းကို ငုံ့ထားပြီး လက်နှစ်ဖက်နဲ့ နားကို ပိတ်ထားပါ။
🛡 ရေရှည်အတွက် ကြိုတင်ကာကွယ်ရန်အချက်များကတော့ >>>
🏡 မိမိတို့အိမ်နှင့် လုပ်ငန်းခွင်များတွင် မိုးကြိုးအန္တရာယ်မှ စိတ်ချရစေရန်အတွက် မိုးကြိုးလွှဲစနစ် များကို စနစ်တကျ တပ်ဆင်ထားခြင်းက အကောင်းဆုံးနဲ့ အန္တရာယ်အကင်းဆုံး နည်းလမ်းဖြစ်ပါတယ်။
📻 အပြင်မထွက်ခင် လျှပ်စီးလက်ခြင်း၊ မိုးခြိမ်းခြင်း ရှိမရှိ မိုးလေဝသ သတင်းများကို အမြဲဂရုပြု နားထောင်ပါ။
အန္တရာယ်ဆိုတာ ကြိုတင်ကာကွယ်နိုင်ရင် အကောင်းဆုံးမို့ အခုပဲ ဒီ Post လေးကို Like & Share ပြီး မိသားစုနဲ့ သူငယ်ချင်းတွေကို သတိပေးလိုက်ရအောင်နော် 😉
01/06/2026
မိုးရာသီအတွက် မိုးကြိုးဒဏ်ကနေ လုပ်ငန်းခွင်ကို ကြိုတင်ကာကွယ်ပါ 🛡💁♀️
"မိုးမရွာခင် ရေခံ" ဆိုတဲ့စကားလိုပဲ မိုးရာသီကာလ ရောက်လာပြီဆိုတာနဲ့ လုပ်ငန်းရှင်ကြီးတွေ အဓိက စိတ်ပူရတာက မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းတို့ကြောင့် အဖိုးတန် စက်ပစ္စည်းတွေနဲ့ အဆောက်အဦးတွေ ဖြစ်ပါတယ်ဗျာ။
ဒါကြောင့် လုပ်ငန်းရှင်ကြီးများနှင့် မိတ်ဆွေတို့ကတော့ မိုးရာသီ မပြင်းထန်ခင်ကတည်းက ONAY ESE မိုးကြိုးလွှဲစနစ်တွေကို ကြိုတင်အပ်နှံတပ်ဆင်ထားကြလို့ မိုးကျချိန်မှာ စိတ်အေးလက်အေးနဲ့ လုပ်ငန်းများကို စဉ်ဆက်မပြတ် လည်ပတ်နေကြပြီ ဖြစ်ပါတယ်ခင်ဗျာ 🥰
MTKK Engineering Team မှ မကွေးမြို့ရှိ Power Plant စက်ရုံကြီးတွင် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းဖို့အတွက် ESE Lightning Protection System & Earthing System တို့ကို Materials + Installation ဖြင့်စနစ်တကျ အပြီးအစီး တာဝန်ယူတပ်ဆင်ပေးခဲ့တဲ့ Project Records ဖြစ်ပါတယ်။
မိုးအရမ်းမကျခင်ကာလလေးမှာ Turnkey Project အပ်နှံချင်လို့ပဲဖြစ်ဖြစ် ကိုယ်တိုင်တပ်ဆင်ချင်လို့ပဲဖြစ်ဖြစ် ONAY ESE မိုးကြိုးလွှဲရဲ့ page Messenger (သို့မဟုတ်) 09 251 414 244 သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
ONAY ESE မိုးကြိုးလွှဲ
“အကောင်းဆုံးသော ကာကွယ်စောင့်ရှောက်မှု”
09 251 414 244
30/05/2026
မိုးဥတုချိန်ခါမှာ မိုးကြိုးအန္တရာယ်ကနေ ကာကွယ်နိုင်ဖို့ ONAY ESE မိုးကြိုးလွှဲ မိုးကြိုးလွှဲတပ်ဆင်ထားပြီးပြီလား ⛈🏢
မိမိတို့ရဲ့ အဖိုးတန်အဆောက်အဦးတွေ၊ စက်ရုံအလုပ်ရုံတွေနဲ့ အိမ်ဂေဟာတွေကို မိုးကြိုးဘေးအန္တရာယ်ကနေ ရေရှည်စိတ်ချရတဲ့ လုံခြုံမှုအပြည့်ပေးနိုင်ဖို့အတွက် ONAY ESE မိုးကြိုးလွှဲစနစ် တွေကို ရွေးချယ်တပ်ဆင်ဖို့ အကြံပြုပါရစေ 🥰
အဆောက်အဦးအမျိုးအစားနှင့် ကျယ်ဝန်းမှုဧရိယာအလိုက် စနစ်တကျ ကာကွယ်ပေးနိုင်မယ့် ONAY ESE မိုးကြိုးလွှဲများကို -
• OLP 130
• OLP 214
• OLP 175
• OLP 80
• OLP 50 ဆိုပြီး Model 5 မျိုးရှိတဲ့အပြင်ကိုမှ In-stock အနေဖြင့် OLP175၊ OLP214 တို့ကို ပစ္စည်းအဆင်သင့်ဝယ်ယူရရှိနိုင်ပါပြီ 💁♀️
အသေးစိတ်စုံစမ်းလိုပါက Page Chat Box (သို့မဟုတ်) အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။ 📩
📍 Showroom လိပ်စာ : အမှတ် (၁၉၅-၂၀၃)၊ မြေညီထပ်၊ Sakura Business Tower၊ ကမ်းနားလမ်း၊ သစ်တောရပ်ကွက်၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။
📞 ဆက်သွယ်ရန်ဖုန်း : 09 251 414 244
28/05/2026
မြန်မာနိုင်ငံရှိ အစ္စလမ်ဘာသာဝင်များအတွက် ငြိမ်းချမ်းသော အီးဒ်ပွဲတော်နေ့ဖြစ်ပါစေကြောင်း MTKK Engineering & Trading Co;Ltd မှဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
20/05/2026
မဖြစ်နိုင်တဲ့ Superheroes တွေကို မျှော်နေမယ့်အစား မိုးကြိုးဒဏ်ကို ONAY ESE မိုးကြိုးလွှဲနဲ့ ကာကွယ်လိုက်ပါ ⛈🏠
🌧 မိုးရာသီရောက်ပြီဆိုတာနဲ့ မုန်တိုင်းထန်တာ၊ လျှပ်စီးလက်တာတွေနဲ့အတူ ကြောက်မက်ဖွယ်ရာ မိုးကြိုးဘေးအန္တရာယ်က အချိန်မရွေး ကျရောက်လာနိုင်ပါတယ်။
ရုပ်ရှင်ထဲကလို ဘေးအန္တရာယ်ကနေ လာရောက်ကယ်တင်ပေးမယ့် Superheroes တွေကို လက်တွေ့ဘဝမှာ မျှော်လင့်လို့မရနိုင်ပါဘူး 🫢
ဒါပေမဲ့ ONAY ESE မိုးကြိုးလွှဲကတော့ သင့်ရဲ့ အဖိုးတန်အိမ်၊ စက်ရုံ၊ အလုပ်ရုံ၊ Hotel အဆောက်အဦးတွေကို မိုးကြိုးဘေးကနေ အပြည့်အဝ ကာကွယ်ပေးနိုင်ပါတယ်ခင်ဗျာ။
⚡️ ONAY ESE မိုးကြိုးလွှဲကို ဘာကြောင့် ရွေးချယ်သင့်လဲ ?
• လျင်မြန်တိကျတဲ့ မိုးကြိုးဖမ်းယူနိုင်စွမ်းရှိခြင်း။
• နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်ထားခြင်း။
• ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိခြင်း။
• အဆောက်အဦးအကျယ်အဝန်းအလိုက် ရွေးချယ်နိုင်သော Model မျိုးစုံရှိခြင်း။
________________________________________
📦 Stock ရရှိနိုင်သော Model များကတော့ -
📍OLP 175
📍OLP 214 တို့ကို ဝယ်ယူရရှိနိုင်ပါပြီ
သင့်အဆောက်အဦးရဲ့ လုံခြုံရေးအတွက် မိုးမရွာခင် ပြင်ဆင်တဲ့အနေနဲ့ ONAY ESE မိုးကြိုးလွှဲစနစ်ကို အခုပဲ တပ်ဆင်လိုက်ပါ။
MTKK Engineering & Trading Co., Ltd. မှ မြန်မာနိုင်ငံ၏ တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် တင်သွင်းရောင်းချပေးလျှက်ရှိသော ONAY မိုးကြိုးလွှဲများကို မှာယူလိုပါက -
ONAY ESE မိုးကြိုးလွှဲ -
Building No: (195-203), Sakura Business Tower (Ground Floor), Strand Street, Thit Taw Ward, Ahlone Township, Yangon, Myanmar.
Contact Us : 0925 1414 244
18/05/2026
မိတ်ဆွေတို့ရေ ... မိုးရာသီဆို မိုးကြိုးလွှဲတပ်ဖို့ သတိရကြပြီလားနော် ?? 🙄
ONAY ESE မိုးကြိုးလွှဲကို သိပြီးသား လုပ်ငန်းရှင်များနဲ့ မိတ်ဆွေကြီးတို့ကတော့ မိုးရာသီမရောက်ခင်ကတည်းက ESE Lightning Protection System တွေကို Turnkey Project တွေ ကြိုတင်အပ်နှံထားတော့ မိုးအရောက်မှာ တပ်ဆင်အပြီးဖြစ်လို့ စိတ်အေးဆေးစွာဖြင့် လုပ်ငန်းများဆက်လက်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်နော်။
🌩️ အရှေ့ဒဂုံရှိ Platinum City တွင် တပ်ဆင်ပေးခဲ့ပြီးသော မိုးကြိုးလွှဲ Project Records တချို့ဖြစ်ပါတယ်။
🤩 မိုးအရမ်းမကျခင်ကာလလေးမှာ Turnkey Project အပ်နှံချင်လို့ပဲဖြစ်ဖြစ် ကိုယ်တိုင်တပ်ဆင်ချင်လို့ပဲဖြစ်ဖြစ် ONAY ESE မိုးကြိုးလွှဲရဲ့ page Messenger (သို့မဟုတ်) 09 251 414 244 သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်
ONAY ESE မိုးကြိုးလွှဲ
“အကောင်းဆုံးသော ကာကွယ်စောင့်ရှောက်မှု”
09 251 414 244
ိုးကြိုးလွှဲ
10/05/2026
Happy International Mother's Day 💙
HAPPY INTERNATIONAL MOTHER’S DAY 🤱💚
မွေးကျေးဇူးရှင်မိခင်တို့အား ကျေးဇူးတင်လေးစားချစ်ခင်သောအားဖြင့် 🙇
ယနေ့ကျရောက်ပါသော အမေများနေ့တွင် မွေးမိခင် မေမေများအားလုံး နေ့ရက်တိုင်း ကျန်းမာ၊ ပျော်ရွှင်ပြီး ချစ်ရတဲ့ မိသားစုများနှင့်အတူ ပျော်ရွှင်စရာကောင်းသော မိသားစုအချိန်များကို ဖြတ်သန်းပိုင်ဆိုင်နိုင်ပါစေကြောင်း MTKK Engineering and Trading Company Limited မှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
#အမေများနေ့ ’s_day
02/05/2026
မိုးရာသီရောက်တော့မယ်ဆိုရင် မိုးရွာသွန်းမှုနဲ့အတူ မိုးကြိုးပစ်တဲ့အန္တရာယ်ကိုလည်း သတိထားနေရပါသလား ???
လူနေအိမ်တွေ၊ အဆောက်အဦးတွေနဲ့ တန်ဖိုးကြီးလျှပ်စစ်ပစ္စည်းတွေ ပျက်စီးဆုံးရှုံးမှုမရှိစေဖို့အတွက်ဆို ONAY ESE မိုးကြိုးလွှဲရှိဖို့ လိုအပ်ပါတယ်နော်။ 🏠🛡️
တူရကီနိုင်ငံထုတ်ဖြစ်တဲ့ ONAY ESE က လူကြီးမင်းတို့ရဲ့ အဆောက်အဦးတွေကို မိုးကြိုးဘေးအန္တရာယ်ကနေ ခိုင်မာတဲ့အကာအကွယ်အနေဖြင့် ကာကွယ်မှုပေးနိုင်မှာပါ။
✅ ONAY ESE ကို ဘာကြောင့် ရွေးချယ်သင့်လဲ?
• လျင်မြန်တိကျတဲ့ မိုးကြိုးဖမ်းယူနိုင်စွမ်းရှိခြင်း။
• နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်ထားခြင်း။
• ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိခြင်း။
• အဆောက်အဦးအကျယ်အဝန်းအလိုက် ရွေးချယ်နိုင်သော Model မျိုးစုံရှိခြင်း။
________________________________________
📦 Stock ရရှိနိုင်သော Model များကတော့ -
🔹 OLP 130
🔹 OLP 175
🔹 OLP 214 တို့ကို ဝယ်ယူရရှိနိုင်ပါပြီ
MTKK Engineering & Trading Co., Ltd. မှ မြန်မာနိုင်ငံ၏ တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် တင်သွင်းရောင်းချပေးလျှက်ရှိသော ONAY မိုးကြိုးလွှဲများကို မှာယူလိုပါက -
ONAY ESE မိုးကြိုးလွှဲ
Building No: (195-203), Sakura Business Tower (Ground Floor), Strand Street, Thit Taw Ward, Ahlone Township, Yangon, Myanmar.
Contact Us : 0925 1414 244
#မိုးကြိုးလွှဲ #မိုးကြိုးဘေးအန္တရာယ်ကာကွယ်ရေး
01/05/2026
Happy International Labour Day ✨⚒️
မေလ (၁) ရက်နေ့ “အလုပ်သမားနေ့” တွင် ကမ္ဘာ့နေရာအရပ်ရပ်ရှိ ကာယ၊ ဥာဏ အလုပ်သမားများအားလုံး အား လေးစားဂုဏ်ပြုသောအားဖြင့် မိမိတို့၏လုပ်ငန်းနယ်ပယ်အသီးသီးတွင် အောင်မြင်ခြင်းများကို ဆွတ်ခူးနိုင်ပြီး လုပ်ငန်းဆောင်တာများလည်း အဆင်ပြေချောမွေ့ကြပါစေကြောင်း MTKK Engineering & Trading Co.,Ltd. မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။
30/04/2026
ကဆုန်လပြည့်နေ့ (ညောင်ရေသွန်းပွဲတော်နေ့) 🍀✨
မင်္ဂလာအပေါင်း နှင့် ပြည့်စုံသော နေ့ထူးနေ့မြတ်မှာ မြန်မာပြည်သူပြည်သားများအားလုံး 💚 အေးချမ်းသာယာ၍ ကိုယ်စိတ်နှလုံး အေးချမ်းကြပါစေကြောင်း MTKK Engineering & Trading Co., Ltd. မှ ဆုတောင်းပေးလိုက်ပါသည်။
#ကဆုန်လပြည့်နေ့