ရတနာ

ရတနာ

Share

တနေ့တာအချိန်ကုန်တာချင်းတူတူ တန်ဖိုးရှိတာတွေလုပ်ပြီးတော့ပဲအချိန်ကုန်ဖြတ်သန်းပါ။

16/05/2024

ကိုယ့်ကိုယ်ကိုယ် စိတ်ဝင်စားဖို့ကောင်းအောင်
နေထိုင်ခြင်း..

နေထိုင်ရာ အိမ်ခန်းနေရာလေးကို
ကိုယ်နှစ်သက်တဲ့ အရာတွေနဲ့ဝန်းရံစေတာ
ဥပမာ စာအုပ်တွေ ပန်းတွေ
ချစ်သူခင်သူတွေ ပေးခဲ့ဖူးပါသော
Postcards လေးတွေ..

နေ့စဥ်နဲ့အမျှ ရှင်သန်ရာနေ့ရက်တွေတိုင်းမှာ
အလုပ်ထက်ပိုတဲ့ Routine တွေရှိတာ
ဥပမာ ညနေဘက် အိမ်နားပတ်ဝန်းကျင်
လမ်းပတ်လျှောက်တာ
ပန်းပင်တွေရေလောင်းတာ
ဂစ်တာလေးဘာလေးထိုင်တီးတာ..

နွေ/မိုး/ဆောင်း ရာသီအလိုက်
အိမ်ရဲ့ပုံစံအသွင်အပြင်ကို ပြုပြင်ပြောင်းလဲတာ
ဖက်ရှင်ကိုစိတ်ကူးပြောင်းဝတ်စားတာ
ဥပမာ အိပ်ယာခင်း/လိုက်ကာ
စတာတွေကို နွေဆိုနွေနဲ့လိုက်ဖက်တဲ့
အရောင်ပြောင်းလဲတာ

အိမ်တွင်းဂရိဘောဂတွေကို
Layout နေရာရွှေ့ထားထားပေးတာ
ဖက်ရှင်ဆိုလည်း ဝတ်နေစားနေကျ
ပုံစံတွေကနေ ပြောင်းလဲဝတ်ဆင်တာ
တခါမှမထားဖူးတဲ့ ဆံပင်ပုံစံမျိုးညှပ်ကြည့်တာ

Community based Events and activities တွေကို
လိုက် Join တာ Volunteer လုပ်တာ
ဥပမာ သံရုံးအသီးသီးက စီစဥ်တဲ့
Cultural ဖလှယ်ရာပွဲတွေ
ကိုယ်တိုင်ဝင်ပါဝင်လို့ရတဲ့ Charity event တွေကို Weekend မှာသွားပြုလည်ပတ်တာမျိုးလေး

ကိုယ့်မှာရှိတဲ့ Knowledge တွေ Resource တွေ
Network တွေကို ကပ်စေးမနည်း မတွန့်တိုပဲ
ကိုယ့်ပတ်ဝန်းကျင်ကို ပြန်လည်ဝေမျှတာ

ဥပမာ ကိုယ်ဖတ်ထားတဲ့ စာအုပ်အကြောင်း
ကိုယ်သိထားတဲ့ Information အကြောင်း
ကိုယ် Join ထားတဲ့အတန်းတွေဆီက
သင်ခန်းစာတွေအကြောင်း
မိတ်ဆွေသူငယ်ချင်းတွေအား
မေတ္တာနဲ့ အပြုသဘောဆောင်
Share လုပ်ပေးတာ ထောက်ပံ့ပေးတာ စသဖြင့်ပေါ့လေ

လူ့ဘဝမှာနေထိုင်ရတဲ့နေ့ရက်တွေဟာ
အားလုံးတူတူတွေချည်းမို့
ငြီးငွေ့လာတယ်ခံစားရရင်
မိမိရဲ့ဘဝကို မိမိကိုယ်တိုင်ပြန်လည်
စိတ်ဝင်စားလာအောင်
အထက်ပါအချက်တွေကို Try ကြည့်လို့ရပါတယ်

ကိုယ့်ရဲ့ပျော်ရွှင်မှုဟာ ကိုယ့်ဆီမှာသာ တာဝန်ရှိပါတယ်ရှင်

01/02/2024

အကြည်ဓာတ် (Positive Energy)

✨ အကြည်ဓာတ်ရှိတဲ့သူနဲ့ မရှိတဲ့လူဟာ ကျွန်
တော်တို့ပတ်ဝန်းကျင်မှာ သိပ်ကိုသိသာပါတယ်။ လူတစ်ယောက်ကို ကျွန်တော်တို့ မြင်တောင်မမြင်ချင်ဘူးလို့ တွေးမိတဲ့အခိုက်အတန့်တွေပေါ့။ မျက်နှာကြီးက သုန်မှုန်ပြီး ဆူပုပ်လို့၊ ပြောသမျှစကားတိုင်းကလည်း သူများတကာကို အပြစ်တင်တဲ့စကားတွေ၊ ​ဝေဖန်ရှုံ့ချတဲ့စကားတွေနဲ့ တစ်ချိန်လုံး သူတို့ပြဿာနာတွေကို ညည်းညူပြနေတဲ့ သူတွေကို မြင်ဖူးမှာပေါ့။ သူတို့နဲ့ တွေ့ဆုံစကားပြောရတဲ့အခါ ကိုယ်ပါသူတို့ရဲ့ ဘဝကိုပြစ်တင်ညည်းညူမှုတွေကြားမှာ စိတ်ပင်ပန်းလာရတယ်၊ စိတ်ကြည်လင်မှုမရှိတော့ဘူး။ ကိုယ့်ရဲ့ energyတွေဆုတ်ယုတ်လာသလိုခံစားလာရတယ်လေ။ ဒါဟာ negative energy တွေကူးစက်ခံလိုက်ရခြင်းဖြစ်ပါတယ်။

အကြည်ဓာတ် (Positive energy) ဆိုတာ လူတိုင်းမှာမရှိဘူး။ လူတစ်ချို့မှာက နဂိုတည်းကကို အကြည်ဓာတ်ခံလေးနဲ့ ပါလာကြပြီးသားပေါ့။ ကိုယ့်မှာတော့အကြည်ဓာတ်မရှိလို့ဆိုပြီး စိတ်ပျက်နေစရာလည်းမလိုပါဘူး။ အကြည်ဓာတ်ရအောင် ကျွန်တော်တို့လေ့ကျင့်ကြိုးစားကြည့်လို့ရနိုင်ပါတယ်။ ဒါဆို ဒီနေ့ကစပြီး ကျွန်တော်နဲ့အတူတူ လေ့ကျင့်ကြည့်ရအောင်

၁ မိမိကိုယ်မိမိ Postive Self-Talk တွေများများပြောပါ။

ပထမဦးဆုံး Affirmationလို့ခေါ်တဲ့ အခိုင်အမာပြောဆိုချက်တွေနဲ့စတင်ပါ။ မိမိကိုယ်မိမိ မှန်ရှေ့မှာရပ်ပြီး ကိုယ့်ကိုယ်ကိုယ် အားပေးနှစ်သိမ့်တဲ့စကားတွေ၊ ဂုဏ်ပြုချီးကျူးတဲ့စကားတွေ ပြောပါ။ ဒီလိုပြောခြင်းက မိမိကိုယ်မိမိ အကောင်းမြင်စိတ်ဖြစ်စေသလို ယုံကြည်မှုကိုလည်းရှိစေပါတယ်။

၂ အတွေးတွေကို သတိထားပါ။

ပါးစပ်ကတော့ ကောင်းတဲ့စကားတွေကိုပြောနေပြီး
အတွေးတွေကတော့ မကောင်းတာတွေ တွေးနေမယ်ဆိုရင် အလုပ်မဖြစ်ပါဘူး။ မကောင်းတဲ့အတွေးတွေကို သတိပြုပါ။ မကောင်းတာတွေတွေးမိတော့မယ်ကြံတိုင်း ကောင်းတဲ့အရာလေးတွေကို ပြန်ပြောင်းတွေးပါ။ မကောင်းတာ တစ်ခုတွေးမိတိုင်း ကောင်းတဲ့အတွေး ၂ခုပိုတွေးပေးလိုက်ပါ။

၃ အတင်းပြောခြင်းကိုရှောင်ပါ။

သူများအကြောင်းကို အမြဲပြောနေတဲ့သူတွေဟာ သူတို့ကိုယ်တိုင်က မပြည့်ဝတဲ့ သူတွေပါ။ သူများအကြောင်း၊ သူများအတင်းကိုအမြဲပြောနေရင် ကိုယ့်ရဲ့စိတ်စွမ်းအင်ဟာ ယုတ်လျော့လာမယ်၊ ခံတွင်းအနံ့နံမယ်၊ မျက်နှာမှာလည်း အပူသည်တစ်ယောက်လို ပူလောင်နေရပါလိမ့်မယ်။ ဒါကြောင့် သူများအတင်းပြောတတ်တဲ့အကျင့်လေးကို ပြင်ဆင်နိုင်အောင်ကြိုးစားပါ။

၄ မညည်းညူပါနဲ့။

အမြဲတစေ ဘဝကို ညည်းညူနေမယ်၊ ကိုယ့်ရဲ့ ပြဿနာတွေ၊ အဆင်မပြေမှုတွေကို ထိုင်ညည်းညူနေမယ်ဆိုရင် ဘယ်လိုမှ အကြည်ဓာတ်ကရှိလာမှာမဟုတ်ပါဘူး။ ပြဿနာတွေကို ညည်းညူပြနေမယ့်အစား ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ solutionကိုရှာပါ။

၅ Toxic ဆန်တဲ့ဆက်ဆံရေးတွေနဲ့ အဆက်သွယ်ဖြတ်ပါ။

Jim Rohn​ ရဲ့ The Law of Average ဆိုတဲ့ သီအိုရီလေးတစ်ရှိပါတယ်။ "You are the average of the five people you spend the most time with" တဲ့။ ဆိုလိုတာက ကိုယ်နဲ့အနီးဆုံးပတ်ဝန်းကျင်မှာရှိတဲ့ လူငါးယောက်ရဲ့ ပျမ်းမျှအရည်အချင်းဟာ ကိုယ့်ရဲ့ အရည်အချင်းပါပဲ။ ကိုယ်ပေါင်းသင်းဆက်ဆံနေရတဲ့ လူတွေဟာဘယ်လိုလူတွေလဲ။ အကောင်းမြင်စိတ်ရှိတဲ့သူလား၊ အဆိုးမြင်တတ်၊ မနာလိုတတ်၊ အပြစ်တင်​ဝေဖန်ပြောဆိုတတ်တဲ့ လူတွေလား။
အကောင်းမြင်စိတ်ရှိတဲ့လူတွေနဲ့ပေါင်းရင် ကိုယ်လည်း အကောင်းမြင်တတ်လာမှာပါ။ ဒီလိုပဲ အရာရာကို အဆိုးမြင်နေတဲ့သူတွေနဲ့ပေါင်းရင် ကိုယ့်ဆီကိုလည်း negative energy တွေကူးစက်လာစေမှာပါပဲ။

၆ Gratitude နဲ့ နေထိုင်ပါ။

ကျေးဇူးတင်စိတ်ဆိုတဲ့အရာလေးဟာ သိပ်ကို သိမ်မွေ့ပြီး လေးနက်စေပါတယ်။ ကျွန်တော်
တို့ရဲ့ဘဝကို ပိုပြီးကျေနပ်စေတယ်၊ ရောင့်ရဲတင်းတိမ်စေတယ်၊ အတွေးတွေအမြင်တွေကို ပြောင်းလဲစေပါတယ်။ နေ့တိုင်းနေ့တိုင်းကို ကျေးဇူးတင်စိတ်လေးနဲ့နေထိုင်သွားပါ။ ကိုယ်ဒီနေ့ ဘာအတွက်ကျေးဇူးတင်သလဲ။ တစ်နေ့တာရှင်သန်ခွင့်ရတဲ့အတွက် ကျေးဇူးတင်တယ်၊ မိုးမရွာလို့ ကျေးဇူးတင်တယ်၊ အဆင်မပြေတာလေး ပြေသွားလို့ ကျေးဇူးတင်တယ်၊ စားစရာလုံလောက်တဲ့အတွက် ကျေးဇူးတင်တယ် စသဖြင့်ပေါ့ ဘယ်လိုအနေအထားမှာမဆို ကောင်းတဲ့ဘက်ကိုမြင်အောင်တွေးပြီး ကျေးဇူးတင်ကြည့်ပါ။

၇ နာကျင်စေခဲ့သမျှကို လွှတ်ချခဲ့ပါ။

လူတစ်ယောက်ဟာ Positive energy ရဖို့ လုပ်ကိုလုပ်ရမယ့်အရာတစ်ခုရှိပါတယ်။ ခွင့်လွှတ်တတ်ဖို့နဲ့ လွှတ်ချခဲ့ဖို့ပါ။ မုန်းတီးစိတ်နာနေတဲ့လူတွေ၊ နာကျင်ခဲ့ရတဲ့ အတိတ်က အဖြစ်အပျက်တွေကို အပြီးတိုင် ငြိမ်းအေးခွင့်လွှတ်လိုက်ပါ။ လွှတ်ချခဲ့ရမယ့်အရာတွေကို လွှတ်ချခဲ့လိုက်ပါတော့။ အမုန်းတွေ၊ အာဃာတတွေ၊ နာကျင်မှုတွေ၊ ဒေါသတွေဆိုတာ သိမ်းထားသ၍ ပူလောင်နေရမှာပါ။ ဒါကြောင့် ဒီနေ့ကစပြီး လွှတ်ချခဲ့လိုက်ပါတော့။

၈ များများ ပြုံးရယ်ပါ။

ပြုံးရယ်တယ်ဆိုတာ အကောင်းဆုံးဆေးတစ်ခွက်ပါ။ ပြုံးရယ်ပြတာက ပိုက်ဆံလည်းမကုန်သလို၊ ပင်ပန်းတဲ့အရာတစ်ခုလည်းမဟုတ်ပါဘူး။ ပြုံးရယ်ပါ။ မှန်ထဲကြည့်ပြီး မိမိကိုယ်မိမိလည်း ပြုံးပြပါ။ တခြားသူတွေကိုလည်း ပြုံးပြပါ။ ပြုံးရယ်ပြခြင်းကပျော်ရွှင်မှုတွေ၊ နွေးထွေးမှုတွေကို အမြန်ဆုံးကူးစက်စေနိုင်တဲ့ အရာပါပဲ။

၉ ကြင်နာတတ်ပါစေ။

လူသိရှင်ကြား အလှူအတန်းတွေ ပရဟိတတွေလုပ်ပြနေမှ မဟုတ်ပါဘူး။ သနားကြင်နာတတ်မှုဟာ လူသိရှင်ကြားဖြစ်စရာမလိုပါဘူး။ ခွေးလေးတစ်ကောင် မြောင်းထဲပြုတ်ကျနေလို့ ကူထုတ်ပေးတာ၊ လမ်းသွားရင် အဘိုးတွေအဘွားတွေကို ကူညီတာ၊ စျေးဝယ်ပြီးတိုင်း ကျေးဇူးတင်စကားပြောတာ၊ မိုးတွေသိပ်ရွာတဲ့နေ့မှာ စံပယ်ပန်းလေးမြန်မြန်ကုန်သွားအောင် အားပေးလိုက်တာ ဒီလိုဘာမဟုတ်တဲ့ အသေးအဖွဲ့ကိစ္စလေးတွေမှာကအစ မေတ္တာစိတ်၊ ကြင်နာစိတ်ထားရှိပါ။

၁၀ မိမိကိုယ်ကိုယ် ဂရုစိုက်ပါ။

မိမိကိုယ်ကိုယ် ချစ်ခင်တတ်၊ လေးစားတတ်၊ ဂရုစိုက်တတ်တဲ့လူတစ်ယောက်ဟာ ဘယ်အချိန်ကြည့်ကြည့် လန်းဆန်းလှပနေတာပါပဲ။ အသားအရေနဲ့ကျန်းမာရေးကို ဂရုစိုက်တာ၊ စိတ်ခံစားချက်တွေကို အချိန်ပေးပြီး ဂရုစိုက်ခြင်းဟာ positive energy တွေရရှိစေတဲ့ ရင်းမြစ်တစ်ခုဆိုလည်းမမှားပါဘူး။ Skin care လုပ်တာ၊ self-care လုပ်တာ၊ mental break ယူတာ၊ ရေများများသောက်တာ၊ ကောင်းကောင်းမွန်မွန်စားပြီး ကောင်းကောင်းမွန်မွန်အိပ်တာမျိုးတွေကို အချိန်တစ်ခုသီးသန့်ပေးပြီး လုပ်ဖို့ အမြဲသတိရပါ။

၁၁ လေ့ကျင့်ခန်းလည်း ပုံမှန်လုပ်ပါ။

ချွေးထွက်အောင်လေ့ကျင့်ခန်းလုပ်ပေးခြင်းက ကျွန်တော်တို့ကို ရုပ်ပိုင်းဆိုင်ရာအရရော၊ စိတ်ပိုင်းဆိုင်ရာအရပါ ကျန်းမာစေပါတယ်။ ပုံမှန်အားဖြင့် ချွေးထွက်အောင် ကိုယ်လက်လေ့ကျင့်ခန်းလုပ်လိုက်ရင် စိတ်ဖိစီးမှုတွေဟာ ပျောက်သွားတတ်ပါတယ်။ ချွေးထွက်တော့ အသားအရေလေးလည်းကြည်တယ်၊ စိတ်လေးလည်းကြည်လင်စေတာပေါ့။

အခုပြောသွားတဲ့ နည်းလမ်းလေးတွေကို ကြိုးစားကြည့်ဖို့ ဒီနေ့ကစပြီး မိမိကိုယ်မိမိ challenge လုပ်ကြည့်ပါ။ ဒီနည်းလေးတွေအတိုင်း စိတ်ရှည်ရှည်နဲ့ ကြိုးစားကြည့်ရင် သင်လည်း အကြည်ဓာတ်ကလေးနဲ့ လူတစ်ယောက်ဖြစ်လာမှာပါ။

အကြည်ဓာတ်ရှိတယ်ဆိုတာ ရုပ်လှတာ၊ ရုပ်ဆိုးတာနဲ့မဆိုင်ဘူးနော်။ ရုပ်ဘယ်လောက်ချောချော အကြည်ဓာတ်ဆိုတာ ရှိချင်မှရှိတာ။ အဓိကက အကြည်ဓာတ်ဆိုတာ ကိုယ့်ရဲ့ အတွင်းစိတ်နှလုံးသားကနေ ရောင်ပြန်ဟပ်လာတဲ့ ဓာတ်တစ်မျိုးဆိုတာကို ယုံကြည်ထားဖို့ပါပဲ🍀


31/01/2024

ဘုန်းကံ မမှိန်ပါစေနဲ့

လူမှာ ဘုန်းရှိန်၊ ကံရှိန် ဆိုတာ ရှိပါတယ်။

သူတစ်ပါးကို သွားပုပ်လေလွင့် ပြောတတ်တဲ့သူဟာ
ကိုယ်ရောင်ကိုယ်ဝါတွေ မှေးမှိန် သွားတယ်။

သူတစ်ပါးကို ဂုဏ်သတင်း မှေးမှိန်အောင်၊
သိက္ခာ ကျ သွားအောင် လုပ်ချင်တဲ့
စေတနာဇောတွေကြောင့် ကိုယ့်မှာလည်း
ဘုန်းရှိန်၊ ကံရှိန်တွေ သေးသိမ် မှေးမှိန်
သွားစေပါတယ်။

သူများမကောင်းကြောင်း ပြောလွန်းသူဟာ
ကိုယ်အရှိန်ဝါတွေ ဆုတ်ယုတ် နေပါတယ်။
သူများမကောင်းကြောင်း ပြောတတ်သူတွေရဲ့
မျက်နှာ၊ ကိုယ်အမူအရာတွေကို သတိထားပြီး
ကြည့်ကြည့်ရင် သိပ်သိသာပါတယ်။

ချမ်းသာမှန်သမျှ လိုချင်ရင်
သူများအတင်း မပြောနဲ့ တဲ့။
ဘုရားရှင်က ဒီလို ဆုံးမထားတယ် နော်။

သူများအတင်း၊ သူများအကြောင်းထက်
အကုသိုလ် ကင်းလား၊ မကင်းဘူးလား ဆိုတာ
ကိုယ့်ကိုယ်ကိုကြည့်ပြီး ကိုယ့်ကိုယ်ကိုပဲ ပြန်ပြီး
ဝေဖန်နေတာ အကောင်းဆုံးပါ ပဲ။

သူတစ်ပါးတို့ရဲ့မလျော်သော အပြစ်၊
အနာအဆာတို့ကို လိုက်ကြည့် မနေပါနဲ့။
သူက ကောင်းတာတွေ လုပ်နေတာလား၊
မကောင်းတာတွေ လုပ်နေတာလား ဆိုတာ
ကိုယ်နဲ့လည်း မသက်ဆိုင်တာမို့ လိုက်လံကြည့်ရှု
မနေပါနဲ့။

ကိုယ်ကိုယ်တိုင်က ကောင်းတာ လုပ်၊ မလုပ်ကိုပဲ
အမြဲမပြတ် စောင့်ကြည့်နေပါ၊ ကိုယ့်စိတ်ကိုသာ
အမြဲ စစ်ဆေးနေပါ တဲ့။

ပြီးရင် အတင်းပြော ဝါသနာပါသူကိုလည်း ရှောင်ပါ။
အတင်းအဖျင်း ပြောတတ်တဲ့ အသိုင်းအဝန်းမှလည်း
တတ်နိုင်သမျှ ဝေးဝေးက ရှောင်ပါ။

အတင်းအဖျင်း ပြောနေတဲ့အချိန်မှာ
ဒီ အဆင့်အတန်းနိမ့်တဲ့ စိတ်ကို ပြန်ပြီး
စမ်းစစ်ကြည့်ပါ။ အေးချမ်း၊ ကြည်လင် နေသလားလို့။

ကိုယ်အတင်းပြောတဲ့ အချိန်မှာ တစ်ဖက်လူ
ဂုဏ်တော်ပွားနေချိန်၊ မေတ္တာ ပွားနေချိန်၊
တရား နာချိန်၊ ပရိတ်ပဋ္ဌာန်း ရွတ်ဖတ် ပူဇော်နေချိန်၊
ကောင်းမှု ကုသိုလ် လုပ်နေတဲ့အချိန် တို့နဲ့
ကြုံ ကြိုက်ခဲ့တယ် ဆိုရင် ကိုယ့်မှာ ပိုပြီး
ကြောက်စရာ ကောင်းပါတယ်။


ပါချုပ်ဆရာတော်ကြီး
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

10/11/2023

စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ လုပ်စရာရှိတာလုပ်တဲ့သူတွေပဲ တိုးတက်သွားတာ...

မိုးရွာလို့ မလုပ်သေးဘူး၊ နေပူလို့မလုပ်သေးဘူးလုပ်နေသူတွေက တစ်ခုခုဆို အလုပ်ဖြစ်အောင်လုပ်ဖို့ထက် ဆင်ခြေတွေနဲ့တင် ရပ်တန့်နေတတ်ကြတယ်။

ကိုယ်လုပ်ရမယ့်အရာ၊ လုပ်မယ်လို့ ကိုယ့်ကိုယ်ကိုယ် ကတိပေးထားတဲ့အရာကို ဖြစ်အောင်လုပ်တာက Self-discipline ပဲ။

တစ်ပတ် လေးရက် လေ့ကျင့်ခန်းလုပ်မယ်ဆို လုပ်ဖြစ်အောင်လုပ်တာ၊ တစ်ရက် တစ်နာရီစာဖတ်မယ်ဆို ဖတ်ဖြစ်အောင်ဖတ်တာ Self-discipline ပဲ။

ကိုယ့်စည်းကမ်းကိုယ် လိုက်နာဖို့အရေးကြီးတယ်။ လုပ်စရာရှိတာကို ဖြစ်အောင်လုပ်တဲ့သူတွေက အမြဲတမ်းအလုပ်ပြီးမြောက်တတ်ပြီး လုပ်စရာရှိတာကို နေ့ရွှေ့ညရွှေ့ ရွှေ့တတ်တဲ့သူတွေက ဘယ်အရာမှာမှ ဖြစ်မြောက်လာမှာမဟုတ်ဘူး။

တိုးတက်သူနဲ့ သာမန်လူတွေကြား အဓိကကွာခြားသွားစေတာ Self-discipline ပဲ။ ။


30/09/2023
10/09/2023

ငွေရှင်းပြီးတဲ့အခါ စားပွဲပေါ်က ပိုနေတဲ့ဟင်းကို
''ဒါလေး ပါဆယ်ထုတ်ပေးနော်..''လို့
စားပွဲထိုးကို ခိုင်းလိုက်တဲ့အခါ အတူတူထိုင်တဲ့
သူငယ်ချင်းက ကျွန်တော့်ကို အံ့သြသလို
ကြည့်ပါတယ်။
ပြီးတော့ သူ့မျက်နှာမှာ ရှက်သွားပုံကို တွေ့ရတယ်။

ကျွန်တော် သူ့ကို ရှင်းပြပါတယ်။
စားသောက်ဆိုင် ၊ ထမင်းဆိုင်တွေမှာ
စားသောက်ပြီးရင် ပိုသမျှ ဟင်းတွေကို
ကျွန်တော် အမြဲတမ်း ပါဆယ်သယ်လေ့ရှိကြောင်း..
ပြီးရင်....လမ်းမှာ ကြုံတဲ့
မီးပွိုင့်က ပန်းသည် ကလေးတစ်ယောက်
ဒါမှမဟုတ် လမ်းဘေးကသန့်ရှင်းရေးဝန်ထမ်း
တစ်ယောက်ယောက်ကို ပေးလိုက်တဲ့အကြောင်း...
ပြီးတော့
သူငယ်ချင်းကိုလည်း ပါဆယ်သယ်တဲ့
ဒီအကျင့်လေး လုပ်စေချင်ကြောင်း ပြောလိုက်တယ်။

ဟင်းကျန် တွေကို ပါဆယ်ပြန်သယ်တဲ့အခါ
ကျွန်တော် အမျိုးအစား နှစ်မျိုးခွဲလေ့ရှိပါတယ်။
လူစားဖို့ နဲ့ ခွေးစားဖို့...
လူတစ်ယောက်စားနိုင်လောက်မယ့် ဟင်းပမာဏ
ပိုနေရင် လူကိုကျွေးဖို့ ရည်ရွယ်​လိုက်ပြီး ၊
ဟိုဟာနည်းနည်း ဒီဟာနည်းနည်း ပိုနေရင်တော့
တစ်အိတ်ထဲ အကုန်စုထည့်ပြီး လမ်းမှာတွေ့တဲ့
ခွေးတစ်ကောင်ကောင်ကို ကျွေးလိုက်တယ်။

အမျိုးတို့ သတိထားမိမလားမသိဘူး။
ကျွန်တော်တို့ ဆိုင်ထိုင်ပြီး စားသောက်တိုင်း
(အမြဲတမ်းနီးပါး) ဟင်းတွေ ကျန်ပါတယ်။
မြန်မာထမင်းဆိုင်ဆို သိပ်မသိသာပေမယ့်
ဟင်း လေးငါးမျိုး မှာရတဲ့ စားသောက်ဆိုင်လိုမျိုး
မှာစားရင် ဟင်း ကျန်ကို ကျန်တယ်။
ဆိုင်ကြီးမှာထိုင်လေလေ ဟင်းပိုပြီးကျန်လေလေပဲ။

အဲဒီအခါ ဒီတိုင်းထားခဲ့မယ့်အစား
ပါဆယ်လေးထုတ်လာရင် လမ်းဘေးက
လူတစ်ယောက် နှစ်ယောက်ဟာ ဟင်းကောင်းနဲ့
တစ်နပ်စာ စားခွင့်ရသွားတာပေါ့..
ဒါမှမဟုတ်လည်း ဆာလောင်နေတဲ့
လမ်းဘေး ခွေးတစ်ကောင်ကောင်အတွက်ပေါ့။

အကျန်တွေမို့ မကျွေးချင်ဘူး (မကျွေးသင့်ဘူး)
ဆိုရင်လည်း ကျွန်တော်ကတော့ ဟင်းပွဲတွေ
စရောက်လာထဲက ကိုယ်ကုန်နိုင် မကုန်နိုင်
အရင် တွက်ကြည့်လိုက်တယ်။
ကုန်နိုင်ရင် အကုန်ကြိတ်တာပေါ့လေ...
မကုန်နိုင်ဘူးထင်ရင်တော့ ဟင်းနှိုက်ထဲကိုက
သပ်သပ်လေး ယူပေးတယ်။
သန့်သန့်ရှင်းရှင်းလေး စားသောက်တယ်။

မြန်မာလူမျိုးတွေဟာ ဘာ​ကြောင့်မှန်းမသိဘူး။
စားသောက်ဆိုင်မှာ စားပြီး ပိုတဲ့ဟင်းကို
(အများစု) ပြန်ယူရမှာ အရမ်း ရှက်ကြတယ်။
ခိုးတာမှမဟုတ်တာကွယ်..
တန်ရာတန်ကြေး ပေးပြီးသားလေ။
မကုန်လို့ ပြန်ယူတာ ဘာမှ ရှက်စရာမလိုဘူး။

အနောက်နိုင်ငံတွေမှာဆို
စားသောက်ဆိုင်မှာ ဟင်းတွေကျန်ခဲ့တာကမှ
ရှက်စရာလို့ သတ်မှတ်ပါတယ်။
တချို့ နိုင်ငံတွေဆိုရင်
ကိုယ့်ငွေနဲ့ ကိုယ်စား​ပြီး ဟင်းကျန်တာ ဆိုပေမယ့်
ဒဏ်ငွေတောင်အရိုက်ခံရပါသေးတယ်။

လုပ်ကြည့်စေချင်ပါတယ်။
''ဒါလေးပါဆယ် ထုတ်ပေးနော်..''ဆိုတဲ့
စကားတစ်ခွန်းထဲ ကိုယ့်ဘက်က အားထုတ်ရတာ။
ငွေလည်းပိုမကုန် ၊
ဘာမှလည်း မပင်ပန်းဘူး။
ဒါပေမဲ့ လူတစ်ယောက် ၊ ခွေးတစ်ကောင်ကတော့
တစ်နပ်စာ ကောင်းကောင်းလေး စားလိုက်ရတယ်။

Credit to original uploader

09/09/2023

Best Book Ever

05/09/2023

အိမ်ကို တီဗီဝယ်လာတော့
စာအုပ်တွေ ဘယ်လိုဖတ်ရလဲ မေ့ကုန်တယ်
မော်တော်ကား ဝယ်လိုက်တော့
လမ်းဘယ်လိုလျှောက်ရလဲ မမှတ်မိတော့ဘူး

လက်ထဲမှာ မိုဘိုင်းဖုန်းကိုင်နိုင်တော့
ပေးစာ မရေးတတ်တော့ဘူး
ကွန်ပြူတာဆင်လိုက်တော့
စာလုံးပေါင်းသတ်ပုံတွေ မေ့ကုန်တယ်

အဲယာကွန်း တပ်လိုက်တော့
သစ်ပင်အောက် လေညှင်းခံဖို့မသွားဖြစ်တော့ဘူး
မြို့ထဲမှာအနေကြာတော့
ရွှံ့ရနံ့ကို မေ့သွားတယ်

ဘဏ်တွေ၊ စမတ်ကဒ်တွေသုံးနေရတော့
ငွေရဲ့တန်ဖိုးကို သတိမရဖြစ်ဘူး
ရေမွှေးနံ့တွေနဲ့ ရင်းနှီးနေတော့
ပန်းရနံ့သင်းသင်းကို မေ့နေခဲ့တယ်

အသင့်စား Fast Food စနစ်နဲ့ ယဉ်ပါးလာတော့
ကိုယ့်အစားအစာကိုတောင်ဖြောင့်အောင်
မချက်နိုင်ချင်တော့ဘူး

တချိန်လုံးပြေးလွှားရုန်းကန်နေရတော့
ခဏရပ်နားဖို့တောင် သတိမေ့နေတယ်
Whatsapp တွေ ပေါ်လာတော့
စကားပြောရတာ မေ့ကုန်ရော

သေ'တဲ့အခါ
ဘဏ်ထဲမှာ ငွေတွေကျန်နေခဲ့တယ်
ရှင်,တုန်းကတော့
လောက်လောက်ငှငှ သုံးစွဲရတယ်လို့မရှိခဲ့ဘူး
ပကတိအဖြစ်မှာတော့ သေရင်ငွေတွေအများကြီး
မသုံးဖြစ်လိုက်ပဲ ကျန်နေခဲ့တယ်

တရုတ်ပြည်က လုပ်ငန်းရှင်သူဌေးကြီးတဦး
သေဆုံးတော့မုဆိုးမ ဇနီးသည်က ၁.၉ ဘီလျံ
အမွေရခဲ့ပြီးအိမ်က ဒရိုင်ဘာကို
ကောက်ယူလိုက်တယ်

အဲဒီဒရိုင်ဘာက ပြောတယ်
"တသက်လုံး သူဌေးဖို့
အလုပ်လုပ်ပေးလာတယ် ထင်ခဲ့တာ။
သူဌေးက ကျနော့်အတွက်
အလုပ်လုပ်ပေးနေမှန်း
ခုမှ သိရတော့တယ်" တဲ့ 😏🤔

ရက်စက်တဲ့ အမှန်တရားကတော့
ချမ်းသာဖို့ထက် အသက်ရှည်ကျန်းမာဖို့က
ပိုအရေးကြီးတယ်
ကျန်းမာသန်စွမ်းတဲ့ ကိုယ်ခန္ဓာ ထိန်းသိမ်းထားဖို့ အားထုတ်ရမယ်
ဘယ်သူက ဘယ်သူ့အတွက်
အလုပ်လုပ်ပေးနေတယ် ဆိုတာ
သိပ်အရေးမကြီးဘူး

နောက်ဆုံးပေါ် မိုဘိုင်းဖုန်းတလုံးရဲ့
၇၀ ရာခိုင်နှုန်းသော
Function တွေကို ကျနော်တို့ မလိုအပ်ဘူး

မော်တော်ကားအပျံစားရဲ့
အမြန်နှုန်း ၇၀ ရာခိုင်နှုန်းနဲ့
အဆင်တန်ဆာတွေကို ဘယ်တော့မှမသုံးဖြစ်ဘူး

နန်းတော်ကြီးတမျှ ကြီးကျယ်ခမ်းနားတဲ့
စံအိမ်ကြီးရဲ့၇၀ရာခိုင်နှုန်းမှာ
ဘယ်သူမှမနေဖြစ်ဘူး

ဘီရိုထဲက အဝတ်အစား ၇၀ ရာခိုင်နှုန်းကိုလည်း
ဘယ်တော့မှ ထုတ်မဝတ်ဖြစ်ဘူး

တသက်လုံး အလုပ်လုပ်ပြီး
ရှာဖွေစုဆောင်းလာတာရဲ့
၇၀ ရာခိုင်နှုန်းကိုလည်း သူများတွေအတွက်ပဲ
သုံးစွဲပစ်လိုက်ရတာ များတယ်

ဒီတော့ ကျန်တဲ့ ၃၀ ရာခိုင်နှုန်းလေးကို
ထိထိရောက်ရောက် သုံးစွဲရမယ်

မဖျားမနာပဲ ရှိရင်တောင် ဆေးမှန်မှန် သွားစစ်ပါ
ရေမဆာလည်း ရေသောက်ပါ
ပြသနာတွေ သေရေးရှင်ရေးဖြစ်နေစေဦးတော့
မေ့ပျောက် စွန့်လွှတ်တတ်ပါစေ။
ကိုယ်မှန်နေစေဦးတော့၊
အလျှော့ပေးဖို့ နောက်မတွန့်ပါနဲ့
အရမ်းချမ်းသာပြီး သြဇာရှိနေရင်တောင် နှိမ်ချပါ
မချမ်းသာတဲ့အခါလည်း ရောင့်ရဲတတ်ပါစေ
ဘယ်လောက်အလုပ်များများ စိတ်နဲ့
ကိုယ်ကို လေ့ကျင့်ခန်း လုပ်ပါ
ကိုယ် ဂရုစိုက်အလေးထားသူတွေအတွက်
အချိန်ပေးပါ။

လေးစားလျက်
မေတ္တာဖြင့်.....
#ဝင်းသီဟကျော်

05/09/2023

ဟန်ဂေရီ နိုင်ငံရဲ့မြို့တော် ဘူဒါပက်စ် မြို့မှာ ဇွန်လအတွင်းကျင်းပခဲ့တဲ့ ကမ္ဘာ့ ချန်ပီယံ ရေကူးပြိုင်ပွဲမှာ အမေရိကန် နိုင်ငံက ပြိုင်ပွဲဝင် အန်နီတာ တယောက် ရေကူးကန်ကြမ်းပြင်ရောက်သည်အထိ နှစ်မြုပ်သွားခဲ့တဲ့အဖြစ်အပျက် ဖြစ်ပေါ်ခဲ့ပါတယ်။

တဖက် ကန်ဘောင်ကို လှမ်းမျှော်ကြည့်ရင်း ပေါ်မလာပဲ ကြာနေတာကို သတိပြုမိတဲ့ သူမရဲ့နည်းပြဖြစ်သူအန်ဒရီယာက ဝတ်စုံအမြန် ဝတ် ရေထဲဒိုင်ဗင်ထိုးဆင်းရင်း အန်နီတာကို ဘေးကင်းအောင် ကယ်ဆယ်နိုင်ခဲ့ပါတယ်။

အန်နီတာက သတိလစ်မေ့မျောသွားခဲ့ပြီး သူမဘာသာ သူမ ဘေးကင်းအောင် ဘယ်လိုမှကူးခပ်နိုင်စွမ်းမရှိတော့ပဲ နှစ်မြုပ်သွားခဲ့ရတာ ဖြစ်ပါတယ်။

အကယ်၍ သူမရဲ့နည်းပြ အန်ဒရီယာသာ သတိမပြုမိခဲ့ရင်သူမ နှစ်မြုပ်ပြီး အသက်ဆုံးရှုံးသွားနိုင်ပါတယ်။

ဒါပေမယ့် နည်းပြက အန်နီတာ့အကြောင်း ကောင်းကောင်းသိတဲ့အတွက် သူမ ရောက်သင့်တဲ့အချိန်ထက်ပိုကြာလာတဲ့အခါ ချက်ချင်း သတိပြုမိပြီး ကြာရှည်စဉ်းစားမနေပဲ ရေထဲ ဒိုင်ဗင်ထိုးဆင်းကာ သူမကိုကယ်တင်ခဲ့ခြင်းဖြစ်ပါတယ်။

ဒီဖြစ်ရပ်ကနေ ကျွန်တော်တို့အာရုံမှာ လာရိုက်ခတ်စေတဲ့အချက် ရှိပါတယ်။

လောကဓံလှိုင်းတပိုးအောက် မင်းအကြာကြီး နှစ်မြုပ်သွားတဲ့အခါ မင်းပြန်လည်ရုန်းထပြန်ပေါ်လာဖို့ ဘယ်သူတွေက သတိတရမျှော်လင့်နေသလဲ၊ ဘယ်သူတွေက မင်းနစ်မြုပ်သွားတာကို တကူးတက သတိပြုမိကြသလဲ၊ မင်းကိုယ်တိုင် ရုန်းကန် မကူးခတ်နိုင်တော့တဲ့အခါဘယ်သူတွေက မင်းပြန်ပေါ်လာပြီး ရှင်သန်နိုင်ဖို့ ဆင်းကယ်ကြ၊ ပံ့ပိုးကြမှာလဲ။

အဲ့လို အားကိုးနိုင်တဲ့ ၊မင်းကို တကယ် သတိပြုဂရုစိုက်တဲ့သူတယောက်ယောက်၊ကူညီ ကယ်ဆယ်ပေးမယ့်သူတယောက်ယောက်ရော မင်းဘဝမှာရှိရဲ့လား။

အကယ်၍ မင်းမိတ်ဆွေတွေထဲမှာရော သူတို့ ဒီလို လောကဓံတိုက်ပွဲမှာ ရှုံးနှိမ့် နစ်မြုပ်တဲ့အခါ မင်းက သူတို့ကို သတိတရ မျော်လင့် ၊ သတိပြု၊ ကယ်ဆယ်ပေးနိုင်တဲ့သူ၊ ပြန်ပြီး ဘဝလမ်းခရီးလျှောက်နိုင်အောင် ပံ့ပိုးကယ်ဆယ်ပေးနိုင်တဲ့ သူဖြစ်တယ်လို့ရော မင်းကို
သတ်မှတ်ကြပါရဲ့လား။

23/07/2023

အရည်အချင်းဆိုတာ

တစ်ခါက နာမည်ကြီးတက္ကသိုလ်မှ ဆရာတစ်ဦးသည်ချောင်ကျသောရွာတစ်ရွာသို့ သွားရောက်လည်ပတ်ခဲ့သည်။

ရွာသို့ရောက်သော်လှေတစီးငှားပြီး မြစ်တစ်လျှောက်လည်ပတ်ခဲ့သည်။
လှေစတင်ထွက်သောအခါ ဆရာက လှေသမားအား
"ခင်ဗျား သင်္ချာဗေဒတတ်သလား။"
"ကျွန်တော် မတတ်ပါဘူး"
"ရူပဗေဒ တတ်သလား"
"ဒါလဲ မတတ်ပါဘူး"
"ဒါဆိုရင် ခင်ဗျား ကွန်ပျူတာ သုံးတတ်သလား"
"စိတ်မကောင်းပါဘူး ဒါလဲကျွန်တော်မတတ်ပါဘူး"
ဆရာမှာခေါင်းခါပြီး "သင်္ချာမတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၂ပုံကို ခင်ဗျားဆုံးရှုံးမယ်
ရူပဗေဒမတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၁ပုံကို ဆုံးရှုံးမယ်
ကွန်ပျူတာမတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၁ပုံကို ဆုံးရှုံးမယ်..
ခင်ဗျားရဲ့ ဘ၀ ၆ပုံ၄ပုံဟာ ဆုံးရှုံးသွားပြီပဲ"

ထိုခဏအတွင်း ရာသီဥတု ပြောင်းပြီး ကောင်းကင်တွင် တိမ်ညိုများ တက်လာသည်။ မကြာမီ မိုးသက်လေပြင်း ကျရောက်တော့မည်။
ထိုအခါ လှေသမားက ဆရာအား "ခင်ဗျား ရေကူးတတ်သလား" ဟုမေးလိုက်သည်။
ဆရာက ခဏမျှဆွံ့အပြီး "ကျွန်တော် မကူးတတ်ဘူး။တစ်ခါမှ မသင်ဖူးဘူး" ဟုပြန်ဖြေလေသည်။

လှေသမားမှာ ခေါင်းကိုသွင်သွင် ရမ်းပြီး "ဒါဆိုရင် ခင်ဗျားရဲ့ဘ၀၆ပုံစလုံးဟာဆုံးရှုံးရတော့မယ်" ဟုပြန်ဖြေခဲ့သည်။

လူတယောက်ဟာ ကိုယ့်ရဲ့အဆင့်အတန်း၊ ကိုယ့်ရဲ့ စံချိန်နဲ့ အခြားလူတစ်ယောက်ကိုသွားတိုင်းတာလို့ မရပါဘူး။
တစ်ပါးသူကိုအထင်မသေးပါနဲ့။
ငါဆိုတဲ့ ကိုယ့်စံနှုန်းနဲ့ အမှားအမှန်ကို မခွဲခြားပါနဲ့။

ဟိုလူ့မှာ ထိုးထွင်းဥာဏ်မရှိဘူး ဒါပေမယ့် သူဟာရိုးသားတယ်။
မကောင်းတာကို မကြံစည်တတ်ဘူး။
ဒီလူဟာအပြောအဆို မတတ်ဘူး။ ဒါပေမယ့် သူဟာ အလုပ်ကို ကြိုးစားတယ်။ ဖြောင့်မတ်တယ်။
မခိုမကပ်ဘူး။

ငါရဲ့အရည်အချင်း သူ့မှာမရှိသလို သူ့ရဲ့အရည်အချင်းလည်း ငါ့မှာ မရှိဘူး ဆိုတာကို ဘယ်တော့မှမမေ့ပါနဲ့။

Credit: ထိန်လင်း

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Category

Address


Yangon