Black and White

Directions

Black and White (Thoughts, Quotes & Creative Writing)

05/08/2026

အချစ်စစ်နဲ့မိတ်ဆွေ🩵

04/08/2026

လူတွေ။

04/08/2026

ခြေလှမ်း💙

02/08/2026

Damage💥

A Letter to the 2000s Born၂၀၀၀ ခုနှစ်ဝန်းကျင် မွေးဖွားသူများသို့ ပေးစာ၂၀၀၀ ခုနှစ်ဝန်းကျင် မွေးဖွားသူတွေ အခုဆို ၂၅/၂၆နှစ်...
05/07/2026

A Letter to the 2000s Born
၂၀၀၀ ခုနှစ်ဝန်းကျင် မွေးဖွားသူများသို့ ပေးစာ

၂၀၀၀ ခုနှစ်ဝန်းကျင် မွေးဖွားသူတွေ အခုဆို ၂၅/၂၆နှစ် ဝန်းကျင်အရွယ်တွေ ရောက်လာကြပြီဆိုတော့ လူ့သက်တမ်း ၇၅ နှစ်လို့ ပျမ်းမျှထားတွက်ရင် ဘဝရဲ့ သုံးပုံတစ်ပုံကို ဖြတ်သန်းပြီးသွားပြီပဲ။ ကျွန်တော်ကိုယ်တိုင်လည်း နောက်လဆို ၂၅ ပြည့်တော့မှာပါ။

သာမန်နိုင်ငံတစ်ခုမှာဆို ၂၅ နှစ်ဆိုတာ ဘဝကို သစ်လွင်တက်ကြွစွာ စတင်ရမယ့် အရွယ်ပေါ့။ ဒါပေမယ့် ကိုယ်တွေ ဖြတ်သန်းနေရတဲ့ ဒီနိုင်ငံရဲ့ အခြေအနေတွေ၊ မသေချာ မရေရာမှုတွေ၊ နေ့စဉ်ကြုံတွေ့နေရတဲ့ အခက်အခဲတွေက မနည်းမနောဆိုတော့ ကိုယ့် Mental Age ကို ၃၅နှစ်လောက် ရောက်နေပြီလို့တောင် ခံစားမိတယ်။

အရင်ကဆို မနက်ဖြန် ဘာလုပ်ရမလဲဆိုတာလောက်ပဲ တွေးခဲ့ကြတာလေ၊ အခုဆို ညရောက်တာနဲ့ အလုပ်အကိုင်တွေ၊ အနာဂတ်တွေ၊ ဘဝရည်မှန်းချက်တွေနဲ့ ခေါင်းထဲမှာ ရှုပ်ယှက်ခတ်ပြီး တော်ရုံနဲ့ အိပ်မရတဲ့ညတွေက အများသား။

အိပ်မပျော်တဲ့ညတွေဆို ကမ္ဘာကြီးနဲ့ အဆက်အသွယ်မပြတ်ချင်လို့ပဲလား၊ စိတ်ပြေလက်ပျောက်ပဲလား မသိဘူး၊ သတင်းတွေ ထိုင်ကြည့်ဖြစ်တာ အကျင့်တစ်ခုလိုတောင် ဖြစ်နေပြီ။ စိတ်ပြေလက်ပျောက်မဖြစ်တဲ့အပြင် သတင်းတွေဖတ်ရင်း မနက်ဖြန် ဘာတွေများ ထပ်ဆိုးလာဦးမလဲဆိုတဲ့ စိုးရိမ်က ပိုလို့တောင် ကြီးလာပါသေးတယ်။

အရင်လို ပေါ့ပေါ့ပါးပါး နေချင်၊ တွေးချင်ပေမယ့် တာဝန်ဆိုတဲ့ စကားလုံးနဲ့ လူကြီးဖြစ်ခြင်း Adulthood က ပခုံးပေါ်ရောက်လာတော့ အတွေးတွေက အလိုလို လေးနက်လာတာဖြစ်မယ်ထင်ပါတယ်။

တစ်ခါတလေကျရင်လည်း "ငါ တကယ် ဘာဖြစ်ချင်တာလဲ" လို့ ကိုယ့်ကိုယ်ကိုယ် အမြဲပြန်ရှာဖွေနေမိတုန်းပဲ။ အဲ့ဒီမေးခွန်းက အခုချိန်မှာ "ငါတို့ ဘယ်လို ရှေ့ဆက်ကြမလဲ" ဆိုတဲ့ အသက်ရှင်သန်ရေး မေးခွန်းအောက်မှာ ပျောက်ဆုံးလုနီးပါးပဲ။ အိပ်မက်တွေက တစ်ခု၊ လက်တွေ့ရုန်းကန်ရတာက တစ်ခြားစီပဲမလား?

ကိုယ့်လမ်းကြောင်းကိုယ် ဖောက်ဖို့၊ တစ်နေရာရာမှာ အခြေတကျလေး ဖြစ်ဖို့အရေး အသည်းအသန် ရုန်းကန်နေရတာ ကိုယ်ရော စိတ်ရော တော်တော်လေး ပင်ပန်းတယ်။ အဖက်ဖက်က ဖိစီးမှုတွေနဲ့ လုံးပန်းနေရတော့ တချို့ရက်တွေဆို ကိုယ်ရောစိတ်ပါ အတော်လေး ဖတ်ဖတ်မောနေပြီ။

အဲဒီအလုပ်ပန်းတာတွေထက် ရင်ထဲမှာ ပိုလေးလံရတာက ကိုယ့်ရှေ့မှာတင် အသက်တွေကြီးလာတဲ့ မိဘလူကြီးတွေကို ထိုင်ကြည့်နေရတာပဲ။ အရင်လို မသန်မာတော့တာ၊ အားအင်မပြည့်ဝတော့တာ၊ ကျန်းမာရေးတွေ ခဏခဏ ဖောက်လာတာကို မြင်ရတဲ့အခါ... ကိုယ်က ဘေးကနေ အဝေးကနေ စောင့်ကြည့်ပေးရုံကလွဲလို့ ဝင်ပြီး မနာပေးနိုင်ဘူးဆိုတဲ့ ခံစားချက်က တော်တော်လေးကို ဆို့နင့်စရာကောင်းတယ်။

ကိုယ်တွေ အရွယ်ရောက်လာတာနဲ့အမျှ သူတို့တွေ တဖြည်းဖြည်း အိုမင်းလာတာကို လက်ခံဖို့ ခက်နေတုန်းပဲ။

ဒါပေမယ့်လေ... သေချာပြန်တွေးကြည့်တော့ ဒါတွေ အားလုံးက ရှောင်လွှဲလို့မရတဲ့ "သဘာဝတရား" တွေပါပဲ။

ဘုရားဟောထားတဲ့ "သင်္ခါရ" သဘောတရားပေါ့။ အရာရာက သူ့သဘောသူဆောင်ပြီး ပြောင်းလဲနေမှာပဲ၊ အိုမင်းခြင်း၊ ဖျားနာခြင်းနဲ့ ဘဝမှာ ရုန်းကန်ရခြင်းဆိုတာ ဘယ်သူမှ ရှောင်လွှဲလို့မရတဲ့ လောကဓမ္မတာတွေလေ။ မတည်မြဲခြင်းတွေပဲ တည်မြဲတာမလား?

ဒီအပြောင်းအလဲတွေကိုအတင်း ငြင်းဆန်ပြီး ပူလောင်နေမယ့်အစား၊ "သြော်... ဒါဟာ သဘာဝပဲ" ဆိုတာကို မြင်အောင်ကြည့်၊ နားလည်လက်ခံနိုင်အောင် ကြိုးစားမှပဲ စိတ်တွေ နည်းနည်း ပေါ့ပါးသွားမှာ။

တကယ်ပြန်တွေးကြည့်ရင် ၂၅ နှစ်ဆိုတာ လူကြီးဘဝကို အခုမှ တကယ်စပြီး ခြေလှမ်းရတဲ့ အရွယ်လေးပဲ ရှိပါသေးတယ်။ ဖြစ်လာတဲ့ လောကဓံကို သတိထားပြီး လက်ခံရင်း၊ လက်ရှိ ပစ္စုပ္ပန်မှာ ကိုယ်လုပ်နိုင်တာလေးတွေကို အကောင်းဆုံး ဆက်လုပ်သွားဖို့ပဲ လိုတော့တယ်။

ရွယ်တူ 2000s born တွေ အားလုံး... ပင်ပန်းနေရင် ခဏနားလိုက်ပါ။ ငါတို့ တော်တော်လေး ခရီးရောက်နေပါပြီ။







Situationship ဆိုတာ အလွယ်ဆုံးပြောရရင် "သူငယ်ချင်းထက်တော့ ပိုတယ်၊ ဒါပေမဲ့ ရည်းစားတော့ မဟုတ်သေးတဲ့ ဆက်ဆံရေး" မျိုးကို ပြော...
01/07/2026

Situationship ဆိုတာ အလွယ်ဆုံးပြောရရင် "သူငယ်ချင်းထက်တော့ ပိုတယ်၊ ဒါပေမဲ့ ရည်းစားတော့ မဟုတ်သေးတဲ့ ဆက်ဆံရေး" မျိုးကို ပြောတာပါ။
​ရိုးရိုးသူငယ်ချင်းတွေလိုပဲ တွဲသွားတွဲလာလုပ်တယ်၊ ရည်းစားတွေလိုမျိုးလည်း တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်တယ်၊ ဖုန်းတွေအကြာကြီးပြောတယ်၊ ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာအရ နီးစပ်မှု (Physical Intimacy) ရှိကြတယ်။ ဒါပေမဲ့ "ငါတို့က ရည်းစားတွေပါ" လို့ တရားဝင် အမည်မတပ်ထားတဲ့ (Label မရှိတဲ့) အခြေအနေမျိုး ဖြစ်ပါတယ်။
​ဒီလိုဆက်ဆံရေးမျိုးရဲ့ သိသာတဲ့ လက္ခဏာရပ်တွေကို အောက်မှာ ခွဲခြားကြည့်နိုင်ပါတယ် -
​၁။ အမည်နာမ မရှိခြင်း (No Labels)
​"ငါတို့က ဘာတွေလဲ" လို့ မေးရင် တိတိကျကျ အဖြေမရှိပါဘူး။ သူငယ်ချင်းတွေရှေ့မှာဖြစ်ဖြစ်၊ လူမှုကွန်ရက်ပေါ်မှာဖြစ်ဖြစ် တစ်ယောက်ကိုတစ်ယောက် "ဒါ ငါ့ရည်းစား" လို့ မိတ်ဆက်ပေးလေ့ မရှိကြပါဘူး။
​၂။ ကတိကဝတ်မရှိခြင်း (No Commitment)
​ရည်းစားတွေလို တစ်ယောက်အပေါ်တစ်ယောက် သစ္စာရှိရမယ်ဆိုတဲ့ ကတိမျိုး (Exclusive ဖြစ်ဖို့) သေချာမပြောထားကြပါဘူး။ ဒါကြောင့် တစ်ဖက်လူက တခြားသူတွေနဲ့ Dating လုပ်နေရင်တောင် ကိုယ့်မှာ သဝန်တိုပိုင်ခွင့် သိပ်မရှိသလို ခံစားရတတ်ပါတယ်။
​၃။ မရေရာမှုနှင့် စိုးရိမ်စိတ် (Uncertainty)
​အနာဂတ်အတွက် အစီအစဉ် (Future Plans) တွေ အတူတူမချကြပါဘူး။ "နောက် ၅ နှစ်နေရင် ငါတို့ ဘာဖြစ်မလဲ" ဆိုတာမျိုး ဆွေးနွေးဖို့ အမြဲတမ်း လက်ရှောင်လေ့ရှိကြပြီး "လက်ရှိအခြေအနေအတိုင်းပဲ ပျော်အောင်နေမယ်" ဆိုတဲ့ ပုံစံမျိုးပါ။
​၄။ လိုအပ်မှ လိုသလိုရှိနေခြင်း (Convenience)
​နှစ်ယောက်လုံး အားတဲ့အချိန်၊ အထီးကျန်တဲ့အချိန် ဒါမှမဟုတ် တစ်ခုခုလိုအပ်တဲ့ အချိန်မျိုးမှာပဲ အတူရှိကြပြီး၊ တကယ့် ရည်းစား အစစ်အမှန်တွေလို တစ်ယောက်ရဲ့ ဘဝပြဿနာတွေ၊ မိသားစုကိစ္စတွေကို အလေးအနက် ဝင်ပါဝင်ပတ်သက်လေ့ မရှိကြပါဘူး။
​ကောင်းကွက်နဲ့ ဆိုးကွက်က ဘာလဲ။
​ကောင်းကွက်: ရည်းစားဘဝရဲ့ တာဝန်ဝတ္တရားတွေ၊ ဖိအားတွေကို မလိုချင်ဘဲ လွတ်လပ်ခွင့်လည်းရ၊ အထီးကျန်မှုကိုလည်း ဖြေဖျောက်ချင်တဲ့သူတွေအတွက်တော့ အဆင်ပြေပါတယ်။
​ဆိုးကွက်: အချိန်ကြာလာတာနဲ့အမျှ တစ်ဖက်ဖက်က သံယောဇဉ် ပိုတွယ်လာပြီး တကယ့်ရည်းစား ဖြစ်ချင်လာတဲ့အခါ၊ နောက်တစ်ဖက်က ငြင်းပယ်ရင် ရင်ကွဲရတတ်ပါတယ်။ ရည်းစားမဟုတ်တဲ့အတွက် ဝမ်းနည်းခွင့်တောင် မရှိသလို ခံစားရတတ်ပါတယ်။
and White

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Black and White posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share