주미얀마대사관 Embassy of the Republic of Korea in Myanmar

주미얀마대사관 Embassy of the Republic of Korea in Myanmar

Share

주미얀마대한민국대사관은 공공외교 정책 하에 페이스북을 활용하여 대한민국의 역사, 전통, 예술, 가치, 정책 그리고 비전을 미얀마 국민들과 나누고자 합니다.

26/05/2026

🥋 [မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံး X Taekwondo Promotion Foundation] မြန်မာလူငယ်များအတွက် အခမဲ့ တိုက်ကွမ်ဒိုသင်တန်း ဖွင့်လှစ်ခြင်း။ 🥋

မြန်မာလူငယ်များအတွက် ကိုရီးယားနိုင်ငံရဲ့ ရိုးရာသိုင်းပညာတစ်ခုဖြစ်တဲ့ 'တိုက်ကွမ်ဒို' ကို အခမဲ့သင်ယူနိုင်မယ့် ထူးခြားတဲ့အခွင့်အရေးကြီး ရောက်ရှိလို့လာပါပြီ။

သင်တန်းကို Taekwondo Promotion Foundation နဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံးရဲ့ ပြည်သူ့သံတမန်ရေးရာအဖွဲ့တို့ ပူးပေါင်းစီစဉ်ထားပြီး သင်တန်းကနေတစ်ဆင့် ကိုယ်ခန္ဓာကြံ့ခိုင်မှုကို မြှင့်တင်ကာ ကိုရီးယားနိုင်ငံရဲ့ တက်ကြွတဲ့ စွမ်းအင်တွေကိုပါ အတူတူ ခံစားနိုင်မယ့် အခွင့်အရေး ဖြစ်ပါတယ် 💪✨

📅 ရက်စွဲ - 13.6.2026 (စနေနေ့) တွင် သင်တန်းစတင်ပါမည် / အပတ်စဉ် စနေနေ့ တိုင်း မွန်းလွဲ ၂:၀၀ နာရီ (တစ်ပတ်လျှင် ၁ ကြိမ်)

📍 နေရာ - ရန်ကုန် ဘူယောင်း တိုက်ကွမ်ဒိုလေ့ကျင့်ရေးစင်တာ (Booyoung Taekwondo Training Center)

💰 သင်တန်းကြေး - အခမဲ့

👥 လျှောက်ထားနိုင်သူ - တိုက်ကွမ်ဒိုပညာရပ်ကို စိတ်ပါဝင်စားသည့် မြန်မာလူငယ် မည်သူမဆို။

📌 လျှောက်ထားသူဦးရေ ကန့်သတ်ထားပြီး အရင်ဆုံး လျှောက်ထားသူများကို ဦးစားပေး လက်ခံမှာမို့ အခုပဲ အောက်ကလင့်ခ်ကနေတစ်ဆင့် အမြန်
ဆုံး စာရင်းပေးသွင်းဖို့ တိုက်တွန်းလိုက်ပါတယ်👇

https://docs.google.com/forms/d/e/1FAIpQLSd8ptlN6XehZFJ3rP72c4MR_w1ynOqD_vQZG3OJfWjvQona1g/viewform?usp=publish-editor

📠ဆက်သွယ်ရန် : [email protected]

🥋 [주미얀마 대사관 X 태권도진흥재단] 미얀마 청년들을 위한 무료 태권도 교실 오픈! 🥋

미얀마 청년 여러분, 대한민국 전통 무예인 '태권도'를 무료로 배울 수 있는 특별한 기회가 찾아왔습니다!

태권도진흥재단과 주미얀마 대사관 공공외교팀이 함께 준비한 이번 강좌를 통해 체력도 기르고, 한국의 활기찬 에너지도 함께 느껴보세요! 💪✨

📅 일시: 2026년 6월 13일 (토) 시작 / 매주 토요일 오후 2시 (주 1회)

📍 장소: 양곤 부영 태권도 체육관 (Booyoung Taekwondo Training Center)

💰 참가비: 전액 무료 (Free)

👥 대상: 태권도에 관심이 있는 미얀마 청년 누구나!

선착순으로 모집이 마감될 수 있으니 지금 바로 아래 링크를 통해 신청하세요!👇👇

https://docs.google.com/forms/d/e/1FAIpQLSd8ptlN6XehZFJ3rP72c4MR_w1ynOqD_vQZG3OJfWjvQona1g/viewform?usp=publish-editor

25/05/2026

📢 2026 Quiz on Korea မြန်မာနိုင်ငံကိုယ်စားပြု ရွေးချယ်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် လျှောက်လွှာခေါ်ယူခြင်း

မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံးမှ ကိုရီးယားနိုင်ငံတွင် ကျင်းပမည့် Quiz On Korea Final ပြိုင်ပွဲကြီးတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်မည့်သူကို ရှာဖွေရန်အတွက် '2026 Quiz on Korea' မြန်မာကိုယ်စားပြု ရွေးချယ်ပွဲကို ကျင်းပသွားမည်ဖြစ်ရာ မြန်မာနိုင်ငံမှ ကိုရီးယားယဉ်ကျေးမှုကို ချစ်မြတ်နိုးပြီး ကိုရီးယား ယဉ်ကျေးမှု၊ သမိုင်းကြောင်းနှင့် ကိုရီးယား စကားလုံး စသည့် ကဏ္ဍစုံကို ကောင်းမွန်စွာသိရှိနားလည်ထားကြသော သူများအားလုံးကို ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။👑

📅 ပြိုင်ပွဲ အကြောင်းအရာ

ပြိုင်ပွဲအမည် : 2026 Quiz on Korea မြန်မာ ကိုယ်စားပြု ရွေးချယ်ပွဲ

နေ့ရက်: 2026.6.27 (Sat)
နေရာ: မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံး

🙋‍♂️ ပါဝင် ယှဉ်ပြိုင်နိုင်ရန် သတ်မှတ်ချက်
(အောက်ပါ အချက်များအားလုံးနှင့် ကိုက်ညီရမည်)

✅မိမိကိုယ်တိုင်နှင့် မိဘ၊ဘိုးဘွားများသည် လက်ရှိ ကိုရီးယားနိုင်ငံသား (သို့) ကိုရီးယားနိုင်ငံသား ဖြစ်ခဲ့ဖူးခြင်း မရှိရပါ။

✅အသက် (၁၈) နှစ်ပြည့်ပြီးသူဖြစ်၍ ကိုရီးယားဘာသာစကားဖြင့် ကောင်းမွန်စွာ ပြောဆိုဆက်သွယ်နိုင်သူဖြစ်ရမည်။

✅ယခင်က 'Quiz on Korea' ကိုရီးယားနိုင်ငံ Final ပွဲတွင် သွားရောက်ယှဉ်ပြိုင်ခဲ့ဖူးသူ မဖြစ်ရပါ။

✅Final ပြိုင်ပွဲ ကျင်းပမည့်ကာလ (စက်တင်ဘာ ၇ ရက် မှ ၁၃ ရက်) အတွင်း ကိုရီးယားနိုင်ငံသို့ သွားရောက်ရန်နှင့် နေထိုင်ရန် ပြဿနာမရှိသူဖြစ်ရမည်။

✅ကိုရီးယားနိုင်ငံနှင့်ပတ်သက်၍ ဗဟုသုတ လုံလောက်စွာရှိပြီး စိတ်ဝင်စားသူ ဖြစ်ရမည်။

📝 လျှောက်ထားရန် နည်းလမ်း

လျှောက်ထားရမည့်ရက် : 2026.5.25 (Mon) ~ 6.7 (Sun) အထိ

လျှောက်ထားရန် နည်းလမ်း : အောက်ပါ Google Form လင့်ခ်သို့ ဝင်ရောက်၍ လျှောက်လွှာပုံစံကို ဖြည့်စွက်ကာ ပေးပို့ရမည်။

👉
https://docs.google.com/forms/d/e/1FAIpQLSexCBC_IzaeAbdR_vTIvbr88jgucA1A9JjOs0jaqRxC9ClsDg/viewform?usp=publish-editor

🎯 ပြိုင်ပွဲ ပုံစံ

ကျင်းပပုံ : မေးမြန်းသော မေးခွန်းများကို အများဆုံးဖြေဆိုနိုင်သူအား နောက်ဆုံးအဆင့် အနိုင်ရရှိသူအဖြစ် ရွေးချယ်မည်။

မေးခွန်းကဏ္ဍများ: ကိုရီးယားယဉ်ကျေးမှု, သမိုင်း, အစားအစာနှင့် ကိုရီးယားစာ အစရှိသည့် နယ်ပယ်စုံ

မေးခွန်းပုံစံ: (မှား/မှန်)၊ အဖြေ (၄) ခုအနက်မှ ရွေးချယ်ရသောမေးခွန်း နှင့် မေးခွန်းတို ဖြေဆိုမှုများ ရောနှောပါဝင်မည်။

💡 လျှောက်ထားသူ ဦးရေအပေါ်မူတည်၍ အကြို လူရွေးပွဲ ရှိ/မရှိကို ထပ်မံအကြောင်းကြားပေးသွားမည် ဖြစ်ပါသည်။

🎁 ပြိုင်ပွဲဝင်များအတွက် အထူးအခွင့်အရေး

အနိုင်ရရှိသူ : လာမည့် စက်တင်ဘာလတွင် ဆိုးလ်မြို့၌ ကျင်းပမည့် '2026 Quiz on Korea' ဗိုလ်လုပွဲ တက်ရောက်ခွင့် (လေယာဉ်လက်မှတ်နှင့် တည်းခိုစရိတ်အပြည့်အစုံ) နှင့် ဆုလက်ဆောင်များ✈️

အခြားဆုရရှိသူများ: ရရှိသည့် အဆင့်အလိုက် အမျိုးမျိုးသော ဆုလက်ဆောင်များကို ချီးမြှင့်သွားမည်။

📺 ပြိုင်ပွဲအတွက် ပြင်ဆင်ရန် အကြံပြုချက်! (လေ့လာရန် အကိုးအကား)

ပြိုင်ပွဲ ကျင်းပပုံကို သိရှိလိုပါက 'KBS WORLD TV' YouTube Channel တွင် ယခင်နှစ်များက ကျင်းပခဲ့သော ပြိုင်ပွဲဗီဒီယိုများကို ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။

YouTube တွင် 'Quiz on Korea' ဟု ရှာဖွေနိုင်ပြီး
ကြည့်ရှုနိုင်သည်။

ကိုရီးယား အပေါ်ထားရှိသော သင်၏ စိတ်အားထက်သန်မှုကို ပြသနိုင်မည့် အကောင်းဆုံးအခွင့်အရေးမို့ အခုပဲ စာရင်းပေးသွင်းပြီး ပါဝင်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ပါတယ် 🇲🇲🤝🇰🇷

📢 2026 퀴즈 온 코리아 (Quiz on Korea) 미얀마 지역 예선 개최 및 참가 신청 안내

한국을 사랑하고 한국에 대해 잘 아는 미얀마 여러분을 초대합니다!
주미얀마대한민국대사관은 한국 본선 행사에 미얀마 대표로 참가할 주인공을 찾기 위해 '2026 퀴즈 온 코리아' 미얀마 예선전을 아래와 같이 개최합니다.

한국의 문화, 역사, 한글 등 다양한 분야에 자신 있는 분들의 많은 도전 바랍니다! 👑

📅 대회 개요

행사명: 2026 퀴즈 온 코리아 (Quiz on Korea) 미얀마 예선전

일시: 2026년 6월 27일 (토요일)

장소: 주미얀마대사관 별관 강당

🙋‍♂️ 참가 자격 (아래 조건을 모두 충족해야 함)

- 본인 및 직계존속이 한국 국적을 보유하거나 보유했던 적이 없는 자

- 만 18세 이상으로 한국어 구사가 가능한 자

- 과거 '퀴즈 온 코리아' 한국 결승전에 참가한 적이 없는 자

- 결승전 기간(9월 7일 ~ 9월 13일) 동안 방한 및 한국 체류에 문제가 없는 자

- 한국에 관한 지식이 충분하고, 한국에 대한 관심이 높은 자

📝 신청 방법 및 기한

신청 기한: 2026년 5월 25일(월) ~ 6월 7일(일)까지

신청 방법: 아래 구글 폼 링크에 접속하여 참가신청서 작성 후 제출

👉
https://docs.google.com/forms/d/e/1FAIpQLSexCBC_IzaeAbdR_vTIvbr88jgucA1A9JjOs0jaqRxC9ClsDg/viewform?usp=publish-editor

🎯 대회 방식

진행: 사회자가 출제하는 문제를 가장 많이 맞힌 참가자를 최종 우승자로 선발

출제 분야: 한국 문화, 역사, 한글, 한식 등 다양한 분야

문제 유형: OX 퀴즈, 4지 선다형, 단답식 혼합

💡 참가 신청자 인원에 따라 별도의 사전 예선전 개최 여부를 추후 공지할 예정입니다.

🎁 참가 특전

최종 우승자: 오는 9월 서울에서 개최되는 '2026 퀴즈 온 코리아' 본선 진출권 및 상품 수여 ✈️

기타 순위자: 성적에 따라 다양한 상품 수여 예정

📺 대회 준비 꿀팁! (사전 참고 자료)

대회가 어떻게 진행되는지 궁금하다면? 'KBS WORLD TV' 유튜브 채널을 통해 지난 대회 영상들을 참고해 보세요!

유튜브 검색창에 'Quiz on Korea'를 검색하세요.

한국을 향한 여러분의 열정을 보여줄 최고의 기회! 지금 바로 신청하세요! 🇲🇲🤝🇰🇷

#주미얀마대사관 #퀴즈온코리아 #한국어 #미얀마

𝗖𝘂𝗹𝘁𝘂𝗿𝗮𝗹 𝗖𝗼𝗻𝗻𝗲𝗰𝘁𝗶𝗼𝗻𝘀: Video Submission & Lucky Draw Event 25/05/2026

မင်္ဂလာပါ 😊
မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံးမှ ကြီးမှူးကျင်းပသည့် “Cultural Connections” ပွဲကို လာရောက်ပေးကြသူအားလုံးကို ထပ်မံ၍ အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောလိုပါသည်။ 🇰🇷🇲🇲✨

ပွဲတွင် ကိုယ်တိုင်ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်များရှိပါက အောက်ပါ Google Form လင့်ခ်မှတစ်ဆင့် ပေးပို့ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 🎥

ပေးပို့လာသော ဗီဒီယိုများထဲမှ အကောင်းဆုံးဗီဒီယိုများကို ရွေးချယ်ပြီး ပြန်လည် ပြသပေးသွားမည်ဖြစ်ပြီး ရွေးချယ်ခံရသော ဗီဒီယို ပိုင်ရှင်များကိုလည်း အမှတ်တရလက်ဆောင်များ ပေးအပ်သွားရန် ရှိပါသည်။🎁

အားလုံးရဲ့ စိတ်ဝင်တစား ပါဝင်ပေးကြဖို့ မျှော်လင့်ပါတယ်။ ကျေးဇူးတင်ပါတယ်~

안녕하세요, 여러분 😊
주미얀마 대한민국 대사관 “Cultural Connections” 행사에 방문해주신 모든 분들께 다시 한 번 진심으로 감사드립니다! 🇰🇷🇲🇲✨

행사에서 직접 촬영하신 영상이 있으시다면, 아래 구글 설문 링크를 통해 업로드 링크를 보내주세요 🎥

보내주신 영상 중 멋진 영상을 선정하여 소개해드리고, 추첨을 통해 소정의 선물도 드릴 예정입니다 🎁

여러분의 많은 관심과 참여 부탁드립니다

𝗖𝘂𝗹𝘁𝘂𝗿𝗮𝗹 𝗖𝗼𝗻𝗻𝗲𝗰𝘁𝗶𝗼𝗻𝘀: Video Submission & Lucky Draw Event Thank you for attending the Culture Connections event! 🌟 Please share the amazing video you captured during the event with us. [How to Participate] Upload your video to your personal cloud storage (such as Google Drive, OneDrive, Dropbox, etc.). Set the link sharing permission to "Anyone with the...

Photos from 주미얀마대사관 Embassy of the Republic of Korea in Myanmar's post 21/05/2026

🎉မနက်ဖြန် မေလ (၂၂) ရက်နေ့၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံးမှာ ကျင်းပပြုလုပ်မယ့် Cultural Connection ပွဲတော်မှာ အတူတူ ပျော်ရွှင်ဆင်နွှဲဖို့ အဆင်သင့် ဖြစ်နေကြပြီထင်ပါတယ်
🥰🙌

ဒီပွဲလေးမှာ ကိုရီးယားဝတ်စုံနဲ့ ဓာတ်ပုံ ရိုက်ပြီး အမှတ်တရတွေ တူတူဖန်တီးနိုင်ဖို့ Say_Cheese Myanmar Corner လေးလည်း ပြင်ဆင်ထားတာမို့ မနက်ဖြန် အားလုံးနဲ့ အတူပျော်ဖို့ စောင့်မျှော်နေပါ့မယ်
🤝🇰🇷🇲🇲❤️

#한국문화 #막걸리체험

20/05/2026

🎬🌏 2026 MOFA KOREAZ Global Campaign & Content Contest ✨ (YouthFULL Tomorrow) ✨

20/05/2026

လာမယ့် မေလ (၂၂) ရက်နေ့၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံးမှာ ကျင်းပပြုလုပ်မယ့် Cultural Connection ပွဲတော်ကို ပါဝင်တက်ရောက်ခွင့်ရရှိသူ အားလုံးထံသို့ Invitation များကို အီးမေးလ်မှတစ်ဆင့် ပေးပို့ထားပြီး ဖြစ်ပါတယ်။ 📧✨

ဒါကြောင့် ပါဝင်ခွင့်ရရှိထားတဲ့သူတွေအနေနဲ့ မိမိတို့ရဲ့ သက်ဆိုင်ရာ အီးမေးလ်ကို အမြန်ဆုံး စစ်ဆေးကြည့်ရှုပြီး ပွဲတော်မှာ အတူတူ ပျော်ရွှင်ဆင်နွှဲဖို့ အဆင်သင့် ပြင်ဆင်ထားလိုက်တော့နော်။ 🥳🎈

ဒီပွဲလေးမှာ အမှတ်တရတွေ အများကြီး အတူတူဖန်တီးကြဖို့ သောကြာနေ့မှာ အားလုံးနဲ့ ဆုံတွေ့ကြရအောင်။ 🤝🇰🇷🇲🇲❤️

#한국문화 #막걸리체험

20/05/2026

집에서 빚는 전통 막걸리의 매력!
영상을 통해 먼저 만나보세요. 그리고 이번 주 금요일, 영상 속 막걸리를 직접 체험할 수 있는 특별한 기회가 찾아옵니다!

Did you enjoy our Makgeolli(Korean rice wine) making video? Now it's time to experience it in person! Come and join us to taste and experience Korean traditional culture.

📅 Date: 2026. 5. 22 (Friday)
📍 Venue: Embassy of the Republic of Korea in Yangon

이번 주 금요일, 대사관에서 만나요!

See you at the Embassy this Friday! 🎉

19/05/2026

✨ ယဉ်ကျေးမှုနဲ့ ချိတ်ဆက်ကြမယ့် ထူးခြားတဲ့နေ့လေးမှာ အတူတူ ဆင်နွှဲဖို့ ရောက်ရှိလာမယ့် အထူးဧည့်သည်တော်ကို မိတ်ဆက်ပေးလိုက်ပါတယ် 🎉🇰🇷🇲🇲

မေလ (၂၂) ရက်နေ့ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံးမှာ ကျင်းပပြုလုပ်မယ့် “Cultural Connections” ယဉ်ကျေးမှုပွဲတော်မှာ 💫 Special Guest အနေနဲ့ တေးသံရှင် Yu Wai Phyo 🎤✨ ကလည်း လာရောက်ပြီး KPOP သီချင်းတွေကို ဖျော်ဖြေပေးသွားဦးမှာ ဖြစ်ပါတယ် 🎶🔥

သံရုံးမှ ကြီးမှူးကျင်းပတဲ့ KPOP Cover Song ပြိုင်ပွဲမှာလည်း ဆုရရှိခဲ့ဖူးသူ 🏆 ဖြစ်ပြီး အသံချိုချိုနဲ့ KPOP Cover Song တွေကို အမြဲသီဆိုတတ်တဲ့အပြင် 🎧💕 ကိုယ်ပိုင်သီချင်းတွေနဲ့ပါ အောင်မြင်နေတဲ့ တေးသံရှင် Yu Wai Phyo 🌟 နဲ့အတူ ပျော်ရွှင်စရာ တစ်နေ့တာကို ကုန်ဆုံးဖို့အားလုံးကို စောင့်မျှော်နေပါတယ် 🥰🎊

#한국문화 #막걸리체험

Photos from 주미얀마대사관 Embassy of the Republic of Korea in Myanmar's post 15/05/2026

🌍✨ ယဉ်ကျေးမှုချင်း ချိတ်ဆက်ပေးမယ့် ထူးခြားတဲ့နေ့လေးကို အတူကုန်ဆုံးဖို့ အားလုံးကို စောင့်ကြိုနေပါတယ်။

မေလ (၂၂) ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် “Cultural Connections” ယဉ်ကျေးမှုပွဲတော်မှာ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံးက အထူးတလည် ပြင်ဆင်ထားတဲ့ စိတ်လှုပ်ရှားဖွယ် ကိုရီးယားယဉ်ကျေးမှု အစီအစဉ်အမျိုးမျိုးကို ကြည့်ရှုခံစားနိုင်ဖို့ အခုပဲ စာရင်းပေးလိုက်ပါ။

🗓 နေ့ရက် : 2026 May 22 (Friday)
🕘 အချိန် : မနက် 10:30 ~ 11:00 / နေ့လည် 14:00 ~ 15:00 / 15:30 ~ 16:30 (၃ ချိန်ခွဲ၍ ကျင်းပပါမည်)
📍 နေရာ : မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယား သံရုံး

🎯 ပါဝင်မည့် အစီအစဉ်များ
🍶ကိုရီးယားဆန်အရက် ပြုလုပ်ခြင်း
🥘ရိုးရာ အစားအစာ မြည်းစမ်းခြင်း
🎓Korea Government Scholarship (GKS)Booth
📸ကိုရီးယား ရိုးရာ ဝတ်စုံဝတ်ပြီး ဓာတ်ပုံ လှလှ ရိုက်ကြမယ်
🥋Taekwondo နှင့် Samulnori သရုပ်ပြသမှု
🎤K-POP Cover Live

✅ ပွဲမှာ ပါဝင်ချင်ရင် ဘယ်လိုလျှောက်ရမလဲ???

ပွဲမှာ ပါဝင်ချင်တဲ့သူတွေအနေနဲ့ အောက်မှာ ပေးထားတဲ့ Link မှတစ်ဆင့် လျှောက်ထားရမှာဖြစ်ပြီး တက်ရောက်ခွင့် ရရှိသူကို ဦးရာလူစနစ်ဖြင့် ရွေးချယ်ကာ email မှတစ်ဆင့် ဖိတ်စာ ပေးပို့မှာ ဖြစ်ပါတယ်

ပွဲ အစီအစဉ်များကို စနစ်တကျ ကျင်းပနိုင်ရန်အတွက် ဦးရာလူစနစ်နဲ့ လက်ခံပေးသွားမှာမို့ May 18 ရက် နောက်ဆုံးထားပြီး အမြန်ဆုံး လျှောက်ထားပေးကြဖို့ မေတ္တာရပ်ခံပါတယ်

🔗လျှောက်ထားရန် Link:
https://docs.google.com/forms/d/e/1FAIpQLSecZplZXZOcQUZVnHjUxkuF9bIeofxXzoH7Y1xzHXMIdTjEmA/viewform?usp=dialog

🎁ဒါ့အပြင် “Cultural Connections” ပွဲတော်မှာ ပါဝင်ကြတဲ့ အခြားသံရုံးတွေနဲ့ ယဉ်ကျေးမှုဌာနတွေဆီကို သွားရောက်လည်ပတ်ရင်း Event Passport ထဲမှာ တံဆိပ် (Stamp) များ စုဆောင်းရမယ့် ပျော်ရွှင်စရာ အစီအစဉ်လည်း ရှိတာမို့ လုံးဝ လက်လွတ်မခံပါနဲ့နော်!

ယဉ်ကျေးမှုနဲ့ ချိတ်ဆက်ကြမယ့် ထူးခြားတဲ့ တစ်နေ့တာကို အတူ ကုန်ဆုံးဖို့ အားလုံးကို စောင့်မျှော်နေပါတယ် ! 🎉

🌍✨ 문화로 연결되는 특별한 하루, 여러분을 초대합니다!

오는 5월 22일에 개최되는 “Cultural Connections” 문화축제에서 주미얀마대한민국대사관이 정성껏 준비한 다채로운 한국 문화 프로그램을 만나보세요. 지금 바로 신청하시고 특별한 여정을 함께하세요! 🇰🇷🤝

🗓 행사 일시: 2026년 5월 22일 (금요일)

🕘 운영 시간 (3회차 운영):

• 1회차: 10:30 ~ 11:00
• 2회차: 14:00 ~ 15:00
• 3회차: 15:30 ~ 16:30

📍 장소: 주미얀마대한민국대사관 (Embassy of the Republic of Korea)

🎯 주요 프로그램 안내

• 🍶 막걸리 만들기 체험
• 🥘 K-Food 시식
• 🎓 대한민국 정부 초청 장학금(GKS) 홍보 부스
• 📸 한복 체험: 아름다운 한복을 입고 인생샷을 남겨보세요
• 🥋 태권도 및 사물놀이 시범
• 🎤 K-POP Cover Live

✅ 참가 신청 방법

행사에 참여하고 싶으신 분들은 아래 링크를 통해 신청해 주세요. 선착순으로 접수가 진행되며, 선정된 분들께는 이메일을 통해 개별 초청장을 보내드립니다.

📩 원활한 행사 준비를 위해 5월 18일까지 서둘러 신청해 주시기 바랍니다!

🔗 신청 링크:
https://docs.google.com/forms/d/e/1FAIpQLSecZplZXZOcQUZVnHjUxkuF9bIeofxXzoH7Y1xzHXMIdTjEmA/viewform?usp=dialog

🎁 특별 이벤트:

"Cultural Connections"에 참여하는 여러 대사관과 문화기관을 방문하여 이벤트 패스포트에 스탬프를 모으는 재미도 절대 놓치지 마세요! 🎫📍

#한국문화 #막걸리체험

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address


No. 97 University Avenue Bahan Tsp
Yangon

Opening Hours

Monday 08:30 - 17:00
Tuesday 08:30 - 17:00
Wednesday 08:30 - 17:00
Thursday 08:30 - 17:00
Friday 08:30 - 17:00